ပြောင်းလဲမှု
Vol. 69 Ch. 952
လူအများစုမျှော်လင့်ထားသလိုပဲ၊ အံ့ဖွယ်သစ်ရွက်မြို့က ပိုင်ရှင်ပြောင်းသွားတာနဲ့ အရင်ကထက် ပိုပြီးဖရိုဖရဲဖြစ်လာတယ်။
တပ်ရင်း၁၉က သူတို့ရဲ့အဆင့်အတန်းကို အသုံးချကာ လုယက်ဖမ်းဆီးသောင်းကျန်းနေတော့တယ်။
ဂိုဏ်းတွေ၊ ကလန်တွေ၊ အဖွဲ့တွေများစွာကို တပ်ရင်း၁၉နဲ့ ပူးပေါင်းဖို့ ဖိအားပေးနေတော့တယ်။
လမ်းတွေကတော့ အရင်ကလိုပဲ ပျာပန်းခပ်လှုပ်ရှားနေတယ်။
"ဟူး၊ အခု အံ့ဖွယ်သစ်ရွက်မြို့က ရှုပ်ထွေးလွန်းတယ်။ ဘယ်အချိန်ကျမှ ဒါတွေ ပြီးဆုံးမှာလဲ"
"ဟုတ်တယ်၊ တပ်ရင်း၁၉က တကယ်ကို လူမဆန်တာပဲ။ ငါတို့တွေ အံ့ဖွယ်သစ်ရွက်မြို့မှ ထွက်သွားဖို့စဉ်းစားသင့်တယ်လို့ ငါ ထင်တယ်"
"ထွက်သွားဖို့က ဘယ်လိုလုပ်ပြီး လွယ်ကူနိုင်မှာလဲ။ လက်ရှိအချိန်မှာ မြို့က ထွက်ခွာဖို့ဆိုရင် လူတန်းမစီခင် ထွက်ခွာခွင့်ကတ်ပြား၊ တည်နေရာရွှေ့ပြောင်းရေးကတ်ပြားတွေအတွက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးကြီးမားတဲ့ပမာဏတစ်ခုကို လိုအပ်တယ်။ ပုံမှန်အနေအထားမှာ မင်းရဲ့အလှည့်ရောက်ဖို့က သေချာပေါက်ကြာလိမ့်မယ်။ မင်း လူအိုကြီးချင်ကို သိလား။ သူ လွန်ခဲ့တဲ့နှစ်ကတည်းက ထိုကတ်ပြားအားလုံးအတွက် လျှောက်ခဲ့ပြီး အခုထိ သူ့အလှည့်မရောက်သေးဘူး။ နောက်ထပ်ရှစ်နှစ်ဆိုရင်တောင် သူက အံ့ဖွယ်သစ်ရွက်မြို့မှ မထွက်သွားရလောက်သေးဘူးလို့ ငါ ထင်တယ်"
"ငါတို့တွေ ကိုယ့်ဟာကိုယ် ခရီးသွားနိုင်တယ်။ အဲဒါဆိုရင် တည်နေရာရွှေ့ပြောင်းရေးအစီအရင်အတွက် တန်းစီဖို့ မလိုတော့ဘူး......"
"တပ်ရင်း၁၉က ငါတို့ကို အလွယ်တကူထွက်သွားခွင့်ပြုမယ်လို့ မင်း ထင်နေတာလား။ အံ့ဖွယ်သစ်ရွက်မြို့ရဲ့အနီးဝန်းကျင်မှာ စကြာဝဠာဓားပြတွေ နေရာတိုင်းမှာ ရှိတယ်။ တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကြယ်မရှိရင် ငါတို့တွေ အသက်တောင် ရှင်နိုင်မှာမဟုတ်လောက်ဘူး"
"စကြာဝဠာဓားပြတွေကို တပ်ရင်း၁၉က ငှားထားတယ်ဆိုတာ ဟုတ်လား"
"ရှုး......တိတ်တိတ်နေ"
သူတို့နှစ်ယောက်က ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားတယ်။ သူတို့ရဲ့အထက်မှာ တပ်ရင်း၁၉ရဲ့စစ်သားတစ်ယောက်က ရုတ်တရက် ဆင်းသက်လာတယ်။
တပ်ရင်း၁၉ရဲ့စစ်သားတစ်ယောက်ဖြစ်ဖို့ဆိုရင် တစ်စုံတစ်ယောက်က အနည်းဆုံးအထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ဖြစ်ရမယ်။
ဒါပေမယ့် အထွတ်အထိပ်အဆင့်သူတော်စင်ဖြစ်ရုံနဲ့ မလုံလောက်ဘူး၊ ထာဝရတံဆိပ်ကိုလည်း ပိုင်ဆိုင်ထားရမယ်။
ဒါပေမယ့် ထာဝရစစ်တပ်ရဲ့တပ်စုတစ်ုမှာ ထာဝရတံဆိပ်တွေများစွာရှိတယ်လို့ ပြောကြတယ်။ သင်က လုံလုံလောက်လောက်အားကောင်းရင် ထာဝရစစ်တပ်ရဲ့စစ်သားတစ်ယောက် ဖြစ်နိုင်တယ်။ ဒီနှစ်မှာ အံ့ဖွယ်သစ်ရွက်မြို့ရဲ့အထွတ်အထိပ်အဆင့်သူတော်စင်တွေနဲ့သူတော်စင်အရှင်တွေက ထာဝရစစ်တပ်ရဲ့စစ်သားတွေ ဖြစ်လာဖို့ ရွေးချယ်ခဲ့တယ်။
"တပ်ရင်း၁၉ကို အပုတ်ချနေတယ်ပေါ့၊ မင်းတို့တွေ အပြစ်ပေးခံရမယ်"
စစ်သားက လက်ကို ဝှေ့ယမ်းလိုက်တယ်၊ တပ်ရင်း၁၉နဲ့ပတ်သက်ပြီးဆွေးနွေးနေတဲ့သူတော်စင်နှစ်ယောက်က ပြာဖြစ်သွားတယ်။
ဒီမြင်ကွင်းကို မြင်တဲ့သူတိုင်းက ကြောက်ရွံ့တုန်လှုပ်သွားကြတော့တယ်။
စစ်သားက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တယ်၊ အားလုံးက ခေါင်းငုံနေတာကို မြင်လိုက်ရတယ်။ သူက အလွန်ကျေနပ်တဲ့အမူအရာနဲ့ သွားလိုက်တော့တယ်။
ထဝရစစ်တပ်ရဲ့တပ်သားတစ်ယောက်ဖြစ်လာပြီးနောက် အချိန်အများစုက အထီးကျန်ပြီး လွတ်လပ်မှုမရှိဘူး။ တစ်ခါတစ်ရံမှာ သူတို့က ထောင်ချောက်တွေဆီ ပြေးပြီး အသက်ကို စွန့်လွှတ်ရတယ်။ ဒါပေမယ့် စကြာဝဠာမြို့ထဲမှာတော့ တစ်ယောက်မှ သူတို့ကို မဆန့်ကျင်ရဲတာကြောင့် အတော်လေးစိတ်သက်သောင့်သက်သာဖြစ်နေတယ်။
စကြာဝဠာမြို့တစ်မြို့ကို သိမ်းပိုက်ပြီးနောက် ကိစ္စတွေက ပိုတောင် စိတ်ကျေနပ်စရာကောင်းလာတယ်။ မရေမတွက်နိုင်လောက်တဲ့လူတွေက သူတို့ကို လာဖားကြတယ်၊ အလှလေးတွေက သူတို့ကိုယ်တိုင် ပြေးဝင်လာကြတယ်။
"အမ်" စစ်သားက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်တယ်။
လူတိုင်းက သူတို့ကို ရှောင်တိမ်းပြီး အမြန် လမ်းလျှောက်နေကြပေမယ့် ဒီဝတ်စုံဝါနဲ့လူက ထင်ထားတာနဲ့တလွဲဖြစ်နေတယ်။ သူက စစ်သားကို မရှောင်သလို တည့်တည့်တောင် လျှောက်လာနေတယ်။
"အံ့ဩစရာမရှိဘူးပဲ" ပြီးနောက် စစ်သားက အကြောင်းပြချက်ကို ချက်ချင်း သိလိုက်တယ်။
ဝတ်စုံဝါက ဓားသမားအစည်းအရုံးရဲ့တံဆိပ်ကို တပ်ဆင်ထားပြီး ဓားသမားအစည်းအရုံးရဲ့ဓားသမားတစ်ယောက်မှန်း သိသာတယ်။
ဓားသမားတွေက သူတို့နဲ့ ပဋိပက္ခတစ်ခုမရှိရင် ဓားသမားအစည်းအရုံးကို ပြဿနာမရှာဖို့ အထက်အကြီးအကဲတွေက သူတို့ကို မှာကြားထားတယ်။ တကယ်တော့ ဓားသမားအစည်းအရုံးကလည်း ထာဝရစစ်တပ်လို စကြာဝဠာရဲ့လက်ရွေးစင်ဂိုဏ်းတွေထဲကတစ်ခုပဲလေ။
"ဟမ့်....." စစ်သားက ကောင်းကင်သို့ တစ်ဟုန်ထိုးပြေးသွားတော့တယ်။
…
"ဓားသူတော်စင်အရှင်၊ မင်း တာလုကလန်ကို ကူညီရမယ်" ခြံဝင်းထဲမှာ တာလုကလန်ခေါင်းဆောင်အပီက လီဖူချန်းကို ဦးညွှတ်ကာပြောလိုက်တယ်။
"ဘာဖြစ်တာလဲ ငါ့ကို ပြောပါ" သူက တာလုကလန်ကို စောင့်ရှောက်ပေးမယ်လို့ လီဖူချန်းက ကတိပေးထားတယ်။
"ပါ့ဟူကလန်က ငါတို့တာလုကလန်နဲ့ ဆိုးရွားတဲ့ဆက်ဆံရေးရှိခဲ့တယ်........"
အပီက အသေးစိတ်ရှင်းပြခဲ့တာကြောင့် လီဖူချန်းက အနေအထားကို အကြမ်ဖျင်းနားလည်ခဲ့တယ်။
အံ့ဖွယ်သစ်ရွက်မြို့က ပိုင်ရှင်မပြောင်းခင်ကတည်းက တာလုကလန်နဲ့ပါ့ဟူကလန်တို့က ဆိုးရွားတဲ့ဆက်ဆံရေးရှိနေခဲ့တယ်။ ဒါပေမယ့် လီဖူချန်းရှိနေတာကြောင့် ပါ့ဟူကလန်က မလှုပ်ရှားရဲခဲ့ဘူး။ အံ့ဖွယ်သစ်ရွက်မြို့က ပိုင်ရှင်ပြောင်းသွားပြီးနောက် ပါ့ဟူကလန်က တပ်ရင်း၁၉နဲ့ ပူးပေါင်းခဲ့ပြီး လီဖူချန်းကို အရေးမစိုက်တော့ဘူး။ သူတို့က တာလုကလန်ကို တမင် ဖိနှိပ်နေတယ်၊ အပီရဲ့သမီးအပါဗီယယ်ကို ပါ့ဟူကလန်မှာ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်လာစေချင်တယ်။ တာလုကလန်က သဘောမတူရင် သူတို့က တာလုကလန်ကို သုတ်သင်ဖယ်ရှားလိမ့်မယ်။
"အာဏာကို အလွဲသုံးစားလုပ်တာပဲ။ မစိုးရိမ်နဲ့။ ငါ ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
သူတို့မှာ တပ်ရင်း၁၉ရဲ့ကျောထောက်နောက်ခံရှိလာတာနဲ့ သူတို့စိတ်ရှိသလို လုပ်ဆောင်နိုင်မယ်လို့ သူတို့က ထင်နေရင် တာလုကလန်က လုံးဝမှားယွင်းသွားပေလိမ့်မယ်။ ထာဝရစစ်တပ်က စကြာဝဠာရဲ့တစ်ခုတည်းသောလက်ရွေးစင်ဂိုဏ်းတစ်ခု မဟုတ်ပါဘူး။
"ဓားသူတော်စင်အရှင်၊ မကောင်းတော့ဘူး၊ ပါ့ဟူကလန်က တာလုကန်ကို ရောက်နေပြီ"
အပီက ထွက်သွားတော့မယ့်အခိုက် သူ့ရဲ့နေရာလပ်လက်စွပ်ထဲရှိဆက်သွယ်ရေးတိုကင်က ရုတ်တရက် မြည်လာတယ်။ ဆက်သွယ်လာတဲ့အကြောင်းအရာက သူ့ကို အလွန်စိုးရိမ်သွားစေတယ်။
"ငါ မင်းနဲ့အတူသွားမယ်" လီဖူချန်းနဲ့အပီက တာလုကလန်ဆီ တစ်ဟုန်ထိုးပြန်လာတယ်။
တာလုကလန်ကို ဝိုင်းရံထားတယ်၊ နှစ်ဖက်စလုံးက ပင်မခန်းမထဲမှာ ထိပ်တိုက်တွေ့နေတယ်။
"ကလန်ခေါင်းဆောင်နဲ့ဓားသူတော်စင်အရှင် ရောက်လာပြီ"
အပီနဲ့လီဖူချန်းတို့ကို မြင်ပြီး တာလုကလန်အဖွဲ့သားတွေက စိတ်အေးသွားတယ်။
ဟေးရှန်ပါ့ဟူ၊ ဒါ ဘာသဘောလဲ"
အပီက အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ပါ့ဟူကလန်ခေါင်းဆောင်ဟေးရှန်ပါ့ဟူကို တင်းမာစွာ ပြောလိုက်တယ်။
ဟေးရှန်ပါ့ဟူက အပီကို ဂရုမစိုက်ပါဘူး၊ သူက လီဖူချန်းကို ကြည့်နေတယ်"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ ဒါက ငါတို့ပါ့ဟူကလန်နဲ့တာလုကလန်အကြားကိစ္စပဲ။ မင်း ပါဝင်စရာအကြောင်းမရှိဘူး"
"တာလုကလန်နဲ့ငါက မိတ်ဆွေတွေပဲ။ ငါ မပါဝင်သင့်ဘူးလို့ မင်းထင်နေတာလား" လီဖူချန်းက လှောင်လိုက်တယ်။
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ အံ့ဖွယ်သစ်ရွက်မြို့အရှင်က အရင်ကနဲ့အတူတူပဲလို့ မင်းထင်နေတာလား။ လက်ရှိအံ့ဖွယ်သစ်ရွက်မြို့ကို တပ်ရင်း၁၉က ထိန်းချုပ်ထားတာ။ ငါတို့လူငယ်ကလန်ခေါင်းဆောင်က တပ်ရင်း၁၉ရဲ့စစ်သားတစ်ယောက်ဖြစ်သွားပြီ" တုတ်ခိုင်သန်မာတဲ့လူတစ်ယောက်က လီဖူချန်းကို လက်ညှိုးထိုးကာ အော်ပြောလိုက်တယ်။
"ဘာ။ ရွှယ်လုံက အခု တပ်ရင်း၁၉ရဲ့စစ်သားဖြစ်သွားပြီးလား"
တာလုကလန်သားတွေက ပိုတောင်ထိတ်လန့်သွားကြတယ်။
ရွှယ်လုံပါ့ဟူက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်လို့ သူတို့သိထားပေမယ့် တပ်ရင်း၁၉က စစ်သားစုဆောင်းတဲ့အခါ အလွန်တင်းကြပ်တယ်၊ ဒါကြောင့် အထွတ်အထိပ်အဆင့်သူတော်စင်တွေအားလုံးက တပ်ရင်း၁၉ရဲ့တပ်သားတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမမှီနိုင်ပါဘူး။
အခုတော့ ပါ့လုကလန်က ဘာလို့ ဒီလောက်မောက်မာနေတာကို သူတို့က နားလည်လာတယ်။
ဖြန်း......
လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ လီဖူချန်းက ထိုပါ့ဟူကလန်သားကို လေထဲမှာ လည်ထွက်သွားစေတယ်။ သွေးတွေက သွားတွေနဲ့အတူ ထွက်ကျလာတော့တယ်။
"ဒါက အံ့ဖွယ်သစ်ရွက်မြို့ဖြစ်နေလို့ မင်း ဝမ်းသာသင့်တယ်"
အပြင်ဘက်မှာဆိုရင် လီဖူချန်းက ဒီလိုလူတွေကို စကားတောင် အဖက်လုပ်ပြီး ပြောမနေဘူး၊ သူက သူတို့ကို ပြာချလိုက်ပြီ။
"မင်း တိုက်ခိုက်ရဲတယ်ပေါ့လေ"
ထိုမြင်ကွင်းကို မြင်ပြီး ဟေးရှန်ပါ့ဟူရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်၊ သူက ဘာဖြစ်နေသလဲကို မယုံကြည်နိုင်ဘူးဖြစ်နေတယ်။
ဓားသမားအစည်းအရုံးက သာမန်ဂိုဏ်းတစ်ခုမဟုတ်မှန်း သူသိပေမယ့် ဒါက တပ်ရင်း၁၉အုပ်ချုပ်တဲ့အံ့ဖွယ်သစ်ရွက်မြို့ဖြစ်တယ်။
"ထွက်သွားစမ်း"
လီဖူချန်းက ဒီလူတွေနဲ့ အချိန်မဖြုန်းချင်ဘူး။ လက်ကို ဝှေ့ယမ်းလိုက်ရာ ပါ့ဟူကလန်သားတွေက ခုခံနိုင်စွမ်းမရှိလွင့်ထွက်သွားကြတော့တယ်။
"သွားကြစို့" ဟေးရှန်ပါ့ဟူက သနားစဖွယ် ထွက်သွားလိုက်ရတော့တယ်။
"ဓားသူတော်စင်အရှင်၊ တပ်ရင်း၁၉က......." အပီက စိုးရိမ်တကြီးမေးလိုက်တယ်။
"ကိစ္စမရှိဘူး" လီဖူချန်းက ခေါင်းခါလိုက်တယ်။
တပ်ရင်း၁၉ရဲ့အထက်အကြီးအကဲတွေက ဒီလိုကိစ္စလေးတစ်ခုလောက်နဲ့ စွက်ဖက်လိမ့်မယ်လို့တော့ သူ မထင်ဘူး။
ဒါက လူကြီးတွေမပါဝင်တဲ့ကလေးတွေအကြားတိုက်ပွဲတစ်ခုပဲလေ။
အရေးကြီးဆုံးအချက်ကတော့ ဓားသမားအစည်းအရုံးက ထာဝရစစ်တပ်ကို မကြောက်ဘူးဆိုတာပဲ။ ဓားသမားအစည်းအရုံးအထဲမှာ ကြယ်ပိုင်နက်တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုရှိပါသေးတယ်။ သူတို့က ဘယ်အချိန်မဆို ဓားသမားအစည်းအရုံးရဲ့အထက်အကြီးအကဲတွေနဲ့ ဆက်သွယ်နိုင်တယ်။ တိုက်ပွဲတစ်ခုဖြစ်လာရင် တပ်ရင်း၁၉က အသာစီးရနိုင်မှာမဟုတ်ဘူး။