← Chapters

ကျက်သရေဝံပုလွေသူ‌တော်စင်အရှင်

Vol. 69 Ch. 953

ကျက်သရေဝံပုလွေသူ‌တော်စင်အရှင်

Vol. 69 Ch. 953

ပါ့ဟူကလန်။

"ရွှယ်လုံ၊ ငါ တာလုကလန်ကို အမြစ်ပြတ်သုတ်သင်ချင်တယ်။ နည်းလမ်းတစ်ခုကို စဉ်းစားပါ" ပင်မခန်းမထဲမှာ ဟေးရှန်ပါ့ဟူက ရွှယ်လုံပါ့ဟူကို ပြောနေတယ်။

လွန်ခဲ့တဲ့နှစ်တွေက သူက တာလုကလန်နဲ့ ကြီးမားတဲ့မကျေပွဲတစ်ခု ဖြစ်ခဲ့တယ်။ အတိတ်မှာ သူက သူ့ဒေါသကို အမြဲမျိုချခဲ့ရတယ်။

ရွှယ်လုံပါ့ဟူက ပြောလိုက်တယ်" ငါ့အဆင့်အတန်းလောက်နဲ့ မူလအဆုံးစွန်းဓားသူတော်စင်အရှင်ကို ဟန့်တားဖို့ မလုံလောက်ဘူး။ ဓားသမားအစည်းအရုံးက စကြာဝဠာရဲ့ဂိုဏ်းကြီးတစ်ခုဆိုတာ မင်းလည်း သိတယ်။ သူတို့က သာမန်ဂိုဏ်းတစ်ခုမဟုတ်ဘူး၊ ထာဝရစစ်တပ်ကတောင် သူတို့ကို အလေးထားရတယ်"

"ဒါဆို ငါတို့က တာလုကလန်ကို ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ ကြည့်နေရမှာလား" ဟေးရှန်ပါ့ဟူက ဒါကို လက်မခံနိုင်ပါဘူး။

ရွှယ်လုံပါ့ဟူက နှာခေါင်းရှုံ့ကာ ပြောလိုက်တယ်" ဒါက ကိစ္စတစ်ခုမဟုတ်ဘူး။ ဓားသမားအစည်းအရုံးက အားကောင်းပေမယ့် ဒီမြို့ကို တပ်ရင်း၁၉က အုပ်ချုပ်နေတာပဲ။ ပဋိပက္ခအသေး‌စားတစ်ခု ဖြစ်လာနိုင်ပါသေးတယ်"

…

"အကိုပင်လယ်နက်၊ သင်က ကျက်သရေဝံပုလွေသူတော်စင်အရှင်နဲ့ မိတ်ဆွေတွေလို့ သင်‌ ပြောခဲ့တယ်မလား။ သင် ငါ့ကို သူနဲ့ မိတ်ဆက်ပေးနိုင်မလား"

အံ့ဖွယ်သစ်ရွက်မြို့ရှိနာမည်ကြီးစားသောက်ဆိုင်တစ်ခုရဲ့သီးသန့်ခန်းထဲမှာ ရွှယ်လုံပါ့ဟူက အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်နဲ့အတူ ထိုင်နေတယ်။

"ငါက ကျက်သရေဝံပုလွေသူတော်စင်အရှင်နဲ့ မိတ်ဆွေဖြစ်လာတာ အလွန်ကြာပြီ"

ကျက်သရေဝံပုလွေသူတော်စင်အရှင်နဲ့ပတ်သက်ပြီး ပြောတဲ့အခါ ပင်လယ်နက်သူတော်စင်က လေးစားတဲ့အမူအရာဖြစ်လာတယ်။ ကျက်သရေဝံပုလွေသူတော်စင်အရှင်က ထူးခြားတဲ့ပါရမီရှိတယ်။ သူက လွန်ခဲ့တဲ့နှစ်တစ်သိန်းက အထွတ်အထိပ်သူတော်စင်တစ်‌ယောက်သာ ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ တပ်ရင်း၁၉ရဲ့ထိပ်ဆုံးသူတော်စင်အရှင်အယောက်နှစ်ဆယ်ထဲကတစ်ယောက်ဖြစ်လာပါပြီ။

တပ်ရင်း၁၉မှာ သူတော်စင်အရှင်သောင်းကျော်ရှိတယ်၊ ထိပ်ဆုံးနှစ်ဆယ်ထဲ ဝင်နိုင်တာက သေချာပေါက်အံ့မခန်းပဲ။ စကြာဝဠာမြို့တစ်မြို့ရဲ့ထိပ်ဆုံးဆယ်ယောက်ထဲဝင်တာထက် အများကြီးပိုမြင့်တယ်။

ဒါ့အပြင် ထာဝရတံဆိပ်ကို အသက်သွင်းပြီးနောက် သူ့မှာ ထာဝရစွမ်းအားရှိလာပြီး သူ့ရဲ့အလုံးစုံခွန်အားကို နောက်တစ်ဆင့်သို့ တိုးမြင့်စေတယ်။

စစ်မှန်တဲ့သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုမှာ တပ်ရင်း၁၉ရဲ့ထိပ်ဆုံးသူတော်စင်အရှင်အယောက်နှစ်ဆယ်က စကြာဝဠာမြို့တစ်မြို့ရဲ့ထိပ်ဆုံးသူတော်စင်အရှင်သုံးယောက်နဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ပြောတာကတော့ မလွန်ပါဘူး။

"ဒါပေမယ့် မင်းကို သူနဲ့မိတ်ဆက်ပေးဖို့ အတော်ခက်ခဲတယ်"

ပင်လယ်နက်သူတော်စင်က ခေါင်းခါလိုက်တယ်။ သူ ကျက်သရေဝံပုလွေသူတော်စင်အရှင်နဲ့ သူငယ်ချင်းဖြစ်တာ ကိစ္စတစ်ခု၊ ဟေးရှန်ပါ့ဟူကို ကျက်သရေဝံပုလွေသူတော်စင်အရှင်နဲ့မိတ်ဆက်ပေးတာက နောက်တစ်ခုဖြစ်တယ်။ တကယ်တော့ ဟေးရှန်ပါ့ဟူက ကျက်သရေဝံပုလွေသူတော်စင်အရှင်နဲ့ မိတ်ဆွေဖြစ်ဖို့ အရည်အချင်းမရှိပါဘူး။

ဟေးရှန်ပါ့ဟူက ပြောလိုက်တယ်"တကယ်တော့ ငါက ကျက်သရေဝံပုလွေသူတော်စင်အရှင်နဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ငါက အခက်အခဲအချို့ကို ‌ကြုံတွေ့နေ‌တယ်၊ ကျက်သရေဝံပုလွေသူတော်စင်အရှင်က ကူညီပေး‌ဖို့ မျှော်လင့်တယ်"

"မင်းက ဘယ်လိုအခက်အခဲတွေဖြစ်နေလို့လဲ။ ဘယ်သူက ငါတို့တပ်ရင်း၁၉ကို ဆန့်ကျင်ရဲတာလဲ" ပင်လယ်နက်သူတော်စင်က မေးငေါ့လိုက်တယ်။

ဟေးရှန်ပါ့ဟူက ပြောလိုက်တယ်"ငါတို့ပါ့ဟူကလန်က အံ့ဖွယ်သစ်ရွက်မြို့ရဲ့အခြားကလန်တစ်ခုဖြစ်တဲ့တာလုကလန်နဲ့ ဆိုးဝါးတဲ့ဆက်ဆံရေးအချို့ရှိတယ်။ တာလုကလန်က သူတို့ရဲ့အားကောင်းတဲ့နောက်ခံကို အသုံးပြုပြီး ငါတို့ပါ့ဟူကလန်ကို ဖိနှိပ်နေတယ်။ ဒီတစ်ကြိမ်မှာ ငါ့အဖေက အပေါ်စီးကို ရောက်သွားနိုင်ခဲ့ပေမယ့် ထိုနောက်ခံကြောင့် ပြန်ဆုတ်ခဲ့ရတယ်။ ဒါကြောင့် ငါတို့ကို အကူအညီပေးဖို့ ငါက ကျက်သရေဝံပုလွေသူတော်စင်အရှင်ကို ဖိတ်ခေါ်ချင်တယ်"

"နောက်ခံက ဘယ်သူလဲ"

ပင်လယ်နက်သူတော်စင်က သရော်လိုက်တယ်။ သူက တာလုကလန်ရဲ့နောက်ခံနဲ့ တွေ့ချင်မိပါရဲ့။ အံ့ဖွယ်သစ်ရွက်မြို့မှာ ဘယ်နောက်ခံကများ တပ်ရင်း၁၉ထက် သန်မာတာလဲ။

"ဓားသမားအစည်းအရုံးရဲ့မူလအဆုံးစွန်းဓားသူတော်စင်အရှင်ပဲ"

"ဓားသမားအစည်းအရုံးလား...." ပင်လယ်နက်သူတော်စင်ရဲ့အမူအရာက အနည်းငယ်ပြောင်းလဲသွားတယ်။

ဓားသမားအစည်းအရုံးက အမှန်တကယ်အားကောင်းတဲ့နောက်ခံတစ်ခုပဲ။ စကြာဝဠာမှာ ဓားသမားအစည်းအရုံးက ထာဝရစစ်တပ်ထက် မနိမ့်ကျဘူး၊ ပိုတောင် အဆင့်မြင့်တယ်။

"ဓားသမားအစည်းအရုံးက ဘာမှမဟုတ်ဘူး။ အံ့ဖွယ်သစ်ရွက်မြို့ကို ငါတို့တပ်ရင်း၁၉ကို အုပ်ချုပ်တာပဲ" ပင်လယ်နက်သူတော်စင်က စားပွဲကို ရိုက်ကာ အေးစက်စွာ ပြောလိုက်တယ်။

"ဒါဆိုရင် ဒီကိစ္စက......" ဟေးရှန်ပါ့ဟူက ပင်လယ်နက်သူတော်စင်ကို ကြည့်လိုက်တယ်။

ပင်လယ်နက်သူတော်စင်က ပြောလိုက်တယ်"မစိုးရိမ်နဲ့၊ ငါ့အသာထားလိုက်။ ငါလည်း ငြီးငွေ့နေတာ အတော်ကြာပြီ"

…

ရှေးရဲတိုက်အိမ်တော်က အံ့ဖွယ်သစ်ရွက်မြို့မှာ အ‌တော်လေးကျော်ကြားတဲ့အိမ်တော်တစ်ခုဖြစ်တယ်။

အဲဒါကို အစက အံ့ဖွယ်သစ်ရွက်မြို့ရဲ့သူတော်စင်အရှင်တစ်ယောက်က ပိုင်ဆိုင်ခဲ့ပေမယ့် အခု  ကျက်သရေဝံပုလွေသူတော်စင်အရှင်က သိမ်းပိုက်ထားတယ်။

ရှေးရဲတိုက်အိမ်တော်ထဲမှာ ဧရာမရဲတိုက်တစ်ခုရှိတယ်။ ရဲတိုက်အပြင်ဘက်မှာ မြက်ခင်းတွေ၊ ‌ရေကန်တွေ၊ စပျစ်ခြံတွေ......

အိမ်တော်ထဲမှာ ဧည့်ခံပွဲတစ်ခုကို ကျင်းပနေပြီး တပ်ရင်း၁၉ရဲ့သူတော်စင်အရှင်တွေအားလုံးက ပါဝင်ဆင်နွှဲနေကြတယ်။

"အရှင်ပင်လယ်နက်၊ ကျေးဇူးပြုပြီး ဝင်လာပါ"

ပင်လယ်နက်သူတော်စင်ကို မြင်ပြီး ကျက်သရေဝံပုလွေသူတော်စင်အရှင်ရဲ့လက်အောက်ငယ်သားတွေက မတားဆီးခဲ့ပါဘူး။

ပင်လယ်နက်သူတော်စင်နဲ့ကျက်သရေဝံပုလွေသူတော်စင်အရှင်တို့က သွေးထက်ပိုပျစ်တဲ့ချည်နှောင်မှုတွေရှိတာကို တပ်ရင်း၁၉ရဲ့လူတိုင်းက သိတယ်။

ရဲတိုက်ထဲကို ဝင်ပြီးနောက် ပင်လယ်နက်သူတော်စင်လည်း ပါဝင်ဆင်နွှဲလိုက်တယ်။ ရွှယ်လုံပါ့ဟူရဲ့ကိစ္စကိုတော့ နောက်မှပြောရမှာပေါ့။

နေ့တစ်ဝက်ရှိပြီးနောက် ဧည့်ခံပွဲက ပြီးဆုံးသွားတယ်၊ ပင်လယ်နက်သူတော်စင်အရှင်သာ ကျန်ရစ်နေတယ်။

"ပင်လယ်နက်၊ ဘာကိစ္စရှိလို့လဲ" ကျက်သရေဝံပုလွေသူတော်စင်အရှင်က မေးလိုက်တယ်။

ပင်လယ်နက်က ရွှယ်လုံပါ့ဟူရဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြောပြာလိုက်တယ်။

ကျက်သရေဝံပုလွေသူတော်စင်အရှင်က သစ်သီးကို တစ်ကိုက်ကိုက်ကာ ပြောလိုက်တယ်"ကိစ္စသေးသေးလေးပဲ။ ငါက ဓားသမားအစည်းအရုံးရဲ့သူတော်စင်အရှင်တစ်ယောက်ရဲ့အရည်အချင်းကို စမ်းသပ်ချင်နေတာနဲ့ အတော်ပဲ"

ဒီနှစ်တွေအတွင်း သူက သူတော်စင်အရှင်များစွာကို စိန်ခေါ်ခဲ့ပြီး သူတို့အားလုံးက အံ့ဖွယ်သစ်ရွက်မြို့ရဲ့ကျော်ကြားတဲ့သူတော်စင်အရှင်တွေပါပဲ။

စိတ်မကောင်းစရာတစ်ခုကတော့ ထိုသူတော်စင်အရှင်တွေတစ်ယောက်မှ သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။

ဒါပေမယ့် အံ့ဖွယ်သစ်ရွက်မြို့ရဲ့ထိပ်ဆုံးသူတော်စင်အရှင်တွေက ဓားသမားအစည်းအရုံးမှ ဒါမှမဟုတ် အပြင်မှာ နှစ်ပေါင်းများစွာလွင့်မျောနေသူတွေပဲ။ ဒါကြောင့် ပင်လယ်နက်က သူ့ကို လာမရှာရင်တောင် ကျက်သရေဝံပုလွေသူတော်စင်အရှင်က ဓားသမားအစည်းအရုံးရဲ့ပြိုင်ဘက်ကင်းသူတော်စင်အရှင်တစ်ယောက်နဲ့ မကြာမီ ယှဉ်ပြိုင်ဖို့ တွေးထားတယ်။

…

ကလန်ခေါင်းဆောင်၊ မကောင်းတော့ဘူး၊ ပါ့ဟူကလန်က ရောက်လာပြန်ပြီ"

အစောင့်ရဲ့အသံက တာလုကလန်ရဲ့ပင်မခန်းမထဲကို ရောက်ရှိလာတယ်။

"လာပြန်ပြီးလား" အပီက မျက်မှောင်ကြုတ်ကာ လီဖူချန်းကို သတင်းပို့လိုက်တယ်။

"တစ်ချက်သွားကြည့်ရအောင်" အပီက သူ့လူတွေကို ဦးဆောင်က ပင်မခန်းမထဲမှ ထွက်လာတယ်။

"ဟေးရှန်ပါ့ဟူ၊ မင်းက နောက်ထပ် နာချင်နေပြန်ပြီလား"

ပင်မခန်းမရဲ့အရှေ့ရှိကွက်လပ်မှာ ပါ့ဟူကလန်က စီတန်းလျက်ရှိနေတယ်။ ခေါင်းဆောင်က ဟေးရှန်ပါ့ဟူပါပဲ။ ရွှယ်လုံပါ့ဟူနဲ့ပင်လက်နက်တို့လည်း ဒီနေရာမှာ ‌ရှိတယ်။

"ဒါ ဘာလေသံလဲ။ ဒီရိုက်ချက်ကို လက်ခံစမ်း" ပင်လယ်နက်သူတော်စင်က အပီကို လွင့်ထွက်သွားစေတယ်။

တပ်ရင်း၁၉ရဲ့တပ်သားတစ်‌ယောက်အနေနဲ့ သူက ဆန္ဒရှိသလို ရိုက်နှက်နိုင်တယ်။ ဓားသမားအစည်းရဲ့ဓားသမားတစ်ယောက်ဆိုရင်တောင် သူက ရိုက်နှက်ရလိမ့်မယ်။ သူ မသတ်သရွေ့ အဆင်ပြေပါတယ်။

"မင်း....."

တာလုကလန်သား‌တွေက ဒေါသထွက်သွားကြပေမယ့် ပင်လယ်နက်ရဲ့ဝတ်စုံကို မြင်ပြီးနောက် သူတို့က ဘာတစ်ခုမှမပြောရဲကြတော့ဘူး။

ဝတ်စုံက တပ်ရင်း၁၉ရဲ့ဝတ်စုံမှန်း သူတို့သိတယ်လေ။

ဖြန်း.....

ဒါပေမယ့် ပင်လယ်နက်က အပီကို ရိုက်ပြီးနောက် သူလည်းပဲ ရိုက်ချက်တစ်ချက်ကြောင့် လွင့်ထွက်သွားတယ်။

"ဒါ ဘယ်သူလုပ်တာလဲ" ရွှယ်လုံပါ့ဟူက ကြောင်သွားတယ်၊ ပြီးနောက် သူက ခက်ထန်စွာမေးလိုက်တယ်။

"မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့။ မင်း သေရမယ်၊ မင်းတို့အားလုံး သေရမယ်" ပင်လယ်နက်က မြေပြင်မှ ကုတ်ထလိုက်တယ်၊ သူက ရက်ရက်စက်စက်ကြုံးဝါးလိုက်တယ်။

"ငါ မင်းကို ရိုက်တော့ရော ဘာဖြစ်လဲ" လီဖူချန်းက တာလုကလန်သားတွေရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်...." ရွှယ်လုံပါ့ဟူက လီဖူချန်းကို သိတယ်။

အံ့ဖွယ်သစ်ရွက်မြို့မှာ လီဖူချန်းက အတော်လေးကျော်ကြားတယ်။ သူ့မှာ တပ်ရင်း၁၉ရဲ့တပ်သားဆိုတဲ့အဆင့်အတန်းမရှိရင် သူက လီဖူချန်းနဲ့အတူရပ်တည်ဖို့ အရည်အချင်းရှိလိမ့်မှာမဟုတ်ဘူး။

"ဒီလိုစွမ်းပကား၊ မူလအဆုံးစွန်းဓားသူတော်စင်အရှင်က တကယ်မယုံနိုင်စရာပဲ"

ပါ့ဟူကလန်သားတွေထဲမှ အရပ်မြင့်ပြီးရွှေရောင်အမွှေးတွေနဲ့လူတစ်ယောက်က ထွက်လာတယ်။

"ကြည့်ရတာ မင်းက သူတို့ရဲ့နောက်ခံဖြစ်ပုံရတယ်။ အံ့ဩစရာမရှိဘူးပဲ"

လီဖူချန်းက ရွှေရောင်အမွှေးနဲ့လူထံမှ အလွန်အမင်းအားကောင်းတဲ့ချီတည်ရှိမှုတစ်ခုကို အာရုံခံနိုင်တယ်။ ဒါ့အပြင် သန့်စင်တဲ့ထာဝရစွမ်းအားလည်း ရှိတယ်။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်က အံ့ဖွယ်သစ်ရွက်မြို့ရဲ့နံပါတ်တစ်သူတော်စင်အရှင်လို့ ပြောကြတယ်။ ငါ၊ ကျက်သရေဝံပုလွေသူတော်စင်အရှင်က လမ်းညွှန်မှုအချို့ တောင်းခံပါတယ်"

ကျက်သရေဝံပုလွေသူတော်စင်အရှင်ရဲ့ခန္ဓာကိုယ်က နေတစ်စင်းနဲ့တူတဲ့ကြောက်မယ်ဖွယ်ရာချီတည်ရှိမှုတွေ ပေါက်ကွဲထွက်လာတယ်။

All Chapters