← Chapters

ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မ

Vol. 69 Ch. 954

ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မ

Vol. 69 Ch. 954

ကျက်သရေဝံပုလွေသူတော်စင်အရှင်က တပ်ရင်း၁၉ရဲ့အဆင့်၁၄သူ‌‌တော်စင်အရှင်ဖြစ်တယ်။ သူက ရွှေရောင်သမန်းဝံပုလွေသွေးမျိုးဆက်ကို အဆုံးစွန်းအထိ ကျင့်ကြံထားခဲ့တယ်။ သူ့သွေးမျိုးဆက်ရဲ့အနက်ပိုင်းထဲမှာ သူက အမှောင်သမန်းဝံပုလွေသွေးမျိူးဆက်အရိပ်အယောင်တစ်ခုကို တွေ့ရှိခဲ့တယ်။ ဒီလိုနဲ့ သူ့ခွန်အားက ရပ်တန့်မယ့်လက္ခဏာတစ်ခုမှမရှိဘဲ လျင်မြန်စွာ တိုးတက်လာတော့တယ်။

ကျက်သရေဝံပုလွေသူတော်စင်အရှင်က လီဖူချန်းကို အကဲဖြတ်နေရင်း သူ့ရဲ့တိုက်ခိုက်ရေးဆန္ဒက ထိုးတက်လာတယ်။

"မင်းက ငါ့အတွက် ပြိုင်ဘက်တစ်‌ယောက်မဟုတ်ဘူး၊ မင်းရဲ့အချိန်ကို မဖြုန်းတာ ပိုကောင်းတယ်"

ကျက်သရေဝံပုလွေသူတော်စင်အရှင်က အလွန်အားကောင်းပေမယ့် သူက သူတော်စင်အရှင်သာ ဖြစ်တယ်။ သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ဆိုရင် လီဖူချန်းက အနည်းငယ်အလေးထားမိမှာပါ။

"အိုး။ မင်းက ဒီလောက်တောင် ယုံကြည်ချက်ရှိနေတာလား" ကျက်သရေဝံပုလွေသူတော်စင်အရှင်ရဲ့အမူအရာက ဆိုးရွားလာတယ်၊ သူက အရင်တုန်းက အခုလို သိမ်ငယ်ခြင်း ဘယ်တော့မှမရှိခဲ့ဘူး၊ ဒါက ပထမဆုံးအကြိမ်ပဲ။

"ဒါ ယုံကြည်ချက်မဟုတ်ဘူး၊ ဒါက လေ့လာပြိီးနောက် တိကျတဲ့အချက်အလက်ပဲ"

အခြားသူတွေက တိတိကျကျမဆုံးဖြတ်နိုင်ပေမယ့် အားကောင်းတဲ့စိတ်ဝိညာဉ်တစ်ခုနဲ့ဆိုရင် လီဖူချန်းက မှားယွင်းစွာ ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး။ ရန်သူက ‌ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဆိုရင်တောင် လီဖူချန်းက မှားယွင်းစွာ ဆုံးဖြတ်မိလိမ့်မှာမဟုတ်ဘူး။

"ကြွားလုံးတွေ......." ကျက်သရေဝံပုလွေသူတော်စင်အရှင်က ဟိန်းလိုက်တယ်၊ ရွှေရောင်သမန်းဝံပုလွေတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားတော့တယ်။

သမန်းဝံပုလွေလီဖူချန်းနဲ့ဝံပုလွေအရှင်တို့နဲ့မတူတာကတော့ ကျက်သရေဝံပုလွေသူတော်စင်အရှင်က ရွှေရောင်သမန်းဝံပုလွေတစ်ကောင်အနေနဲ့ ပိုပြီးတော့ဝင်းလက်တောက်ပတယ်။ သူ့ရဲ့အမွေးတွေက ရွှေရောင်မသန်းဘူး၊ သူတို့ကို ရွှေရောင်အလင်းတွေနဲ့ ပြုလုပ်ထားတယ်လို့တောင် ဆိုနိုင်တယ်။ ဒါပေမယ့် သူတို့ကို ကြည့်ရတာ ပုံရိပ်ယောင်မဟုတ်ဘူး၊ ရင်ဆိုင်ဖို့ ပိုခက်ခဲပြီး ပိုသန်မာလာတယ်လို့ ခံစားမိစေတယ်။

"ကျက်သရေလက်သည်း"

ကျက်သရေဝံပုလွေသူတော်စင်အရှင်က သန့်စင်ပြီးဝင်းလက်တောက်ပတဲ့လက်အလင်းတစ်ခုကို ထုတ်ဖော်ကာ လီဖူချန်းကို ပြင်းထန်စွာ ကုတ်ခြစ်လိုက်တယ်။

ဒီကျက်‌သရေလက်သည်းက သူကိုယ်တိုင်ဖန်တီးထားတဲ့သတ်ဖြတ်ကွက်တစ်ခုဖြစ်တယ်။ အဲဒါက သွေးလလက်သည်းထက် အများကြီးပိုသန်မာတယ်။

အာကာသ-အချိန်က ဆုတ်ပြဲသွားပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ဆုတ်ဖြဲခါနီးမှာ မရှင်းလင်းမပြတ်သားတဲ့ဓားချီအလွှာတစ်ခုက လက်သည်းအလင်းကို တားဆီးလိုက်တယ်။

ဒီဓားချီအလွှာကို လီဖူချန်းရဲ့ခန္ဓာကိုယ်မှ အလိုအလျောက် ထုတ်လွှတ်လိုက်တာပဲ။

ဒါက ချီတည်ရှိမှုနဲ့တူတယ်။

ဒီဓားချီနဲ့ရင်ဆိုင်ရတဲ့အခါ ဝင်းလက်တောက်ပတဲ့လက်သည်းအလင်းက ချက်ချင်း ပျက်စီးသွားပြီး လီဖူချန်းအပေါ်  ခြိမ်းခြောက်မှုတစ်ခုမှ မဖန်တီးနိုင်ခဲ့ဘူး။

"မဖြစ်နိုင်ဘူး" ကျက်သရေဝံပုလွေသူတော်စင်အရှင်က အလန့်တကြား ဆိုတယ်။

"မဖြစ်နိုင်တာမရှိဘူး"

လက်ကို ဝှေ့ယမ်းကာ လီဖူချန်းက ဓားချီတစ်ခုကို ထုတ်လွှတ်ပြီး ကျက်သရေဝံပုလွေသူတော်စင်အရှင်ကို လွင့်ထွက်သွားစေလိုက်တယ်။

လီဖူချန်းက ကောင်းကင်ဘုံဆက်ဓားကို ကိုင်ဆောင်ထားရင် ဒါမှမဟုတ် ပိုပြီးအ‌လေးအနက်ထားရင် ကျက်သရေဝံပုလွေသူတော်စင်အရှင်က သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို ဆုံးရှုံးသွားပါလိမ့်မယ်။ ဒါပေမယ့် သာမန်ကာလျှံကာဓားချီတစ်ခုက ကျက်သရေဝံပုလွေသူတော်စင်အရှင်ရဲ့တိုက်ခိုက်လိုစိတ်ကို ဖယ်ရှားဖို့ မလုံလောက်ပါဘူး။ အရှက်တကွဲဖြစ်ပြီးနောက် ကျက်သရေဝံပုလွေသူတော်စင်အရှင်က ပြန်တိုက်ဖို့စဉ်းစားနေတယ်။

ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း......

လီဖူချန်းက သူ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်တယ်၊ ဓားချီတွေက ကျက်သရေဝံပုလွေသူတော်စင်အရှင်အပေါ် ကျရောက်လာပြီး သူ့ကို သွေးရောင်ပုံရိပ်တစ်ခုဖြစ်စေခဲ့တယ်။ လီဖူချန်းက မသက်ညှာရင် အသက်ဆယ်သက်‌ကတောင် လုံလောက်လိမ့်မှာမဟုတ်ဘူး။

အဆက်မပြတ်နောက်ဆုတ်နေရတယ်၊ ကျက်သရေဝံပုလွေသူတော်စင်အရှင်က ပင်မဂိတ်ပေါက်အထိ ‌ လျင်မြန်စွာ နောက်ဆုတ်ခဲ့တယ်။ လုံးဝရှက်စရာပဲ၊ သူက လှည့်ကာ တာလုကလန်မှ ထွက်ပြေးသွား‌တော့တယ်။

"မင်းတို့အားလုံး ဒီမှာပဲ နေခဲ့ချင်လို့လား" လီဖူချန်းက ပင်လယ်နက်သူတော်စင်၊ ရွှယ်လုံပါ့ဟူနဲ့အခြားသူတွေကို ကြည့်လိုက်တယ်။

"မြန်မြန်သွားကြတော့"

သူတို့အားလုံးက တာလုကလန်မှ သုတ်သီးသုတ်ပျာပြေးထွက်သွားကြတော့တယ်။

"တောက်၊ ဘာလို့ အခုလိုဖြစ်ရတာလဲ" ရွှယ်လုံပါ့ဟူက ကြောက်ရွံ့မှုတွေ ပြည့်နေတယ်။

သူ့ဦးခေါင်းက မူးနောက်နေသလို ခံစားရတယ်။

လီဖူချန်းက သူ အလွယ်တကူရင်ဆိုင်လို့ရတဲ့ပစ်မှတ်တစ်ခုမဟုတ်မှန်း သိသာတယ်။ အချက်အလက်အရ တပ်ရင်း၁၉ကတောင် သူ့ကို အလွယ်တကူမရင်ဆိုင်နိုင်လောက်ဘူး။

လီဖူချန်းရဲ့ခွန်အားအရ သူက ဓားသမားအစည်းအရုံးရဲ့အထက်အကြီးအကဲတွေရဲ့မျက်လုံးထဲမှာ ရှိနေလောက်ပြီ။ ဒီလိုလူတစ်ယောက်ကို အလွယ်တကူပြဿနာသွားရှာလို့မရဘူး။

…

"မင်း ကြားပြီးပြီလား။ ကျက်သရေဝံပုလွေသူတော်စင်အရှင်ကို ဓားသမားအစည်းရုံးရဲ့မူလအဆုံးစွန်းဓားသူတော်စင်အရှင်က အနိုင်ယူခဲ့တယ်"

"ငါ မူလအဆုံးစွန်းဓားသူတော်စင်အရှင်နဲ့ပတ်သက်ပြီး သိတယ်။ သူက ရိုးရှင်းတဲ့လူတစ်ယောက်မဟုတ်ဘူး"

"နတ်ဆိုးဓားသူတော်စင်အရှင်၊ မင်းလည်း ဓားသမားတစ်ယောက်ပဲ။ ဒါ့အပြင် မင်းက ငါတို့တပ်ရင်း၁၉ရဲ့ကောင်းကင်ဘုံအရှင်တွေအောက်မှာ နံပါတ်တစ်ဓားသမားပဲ။ တပ်ရင်း၁၉ရဲ့ဂုဏ်သတင်းက အခု မင်းလက်ထဲမှာရှိတယ်"

သူတို့ပြောနေတဲ့နတ်ဆိုးဓားသူတော်စင်အရှင်က တပ်ရင်း၁၉ရဲ့ထိပ်ဆုံးသူတော်စင်အ‌ယောက်နှစ်ဆယ်ထဲမှာ နံပါတ်၅ဖြစ်တယ်။ သူ့ခွန်အားက အဆင့်သတ်မှတ်ချက်မဲ့ကောင်းကင်ဘုံအရှင်တွေနဲ့ ယှဉ်ပြိုင်ဖို့လုံလောက်တယ်။

"မင်းတို့ ငါ့ကို လှုံ့ဆော်ဖို့ မလိုဘူး။ ငါက ဒီမူလအဆုံးစွန်းဓားသူတော်စင်အရှင်ကို အနိုင်ယူမှာပါ"

နတ်ဆိုးဓားသူတော်စင်အရှင်က ထက်ရှတဲ့နတ်ဆိုးချီတစ်ခုကို ထုတ်လွှတ်နေတယ်။ နတ်ဆိုးချီကို မျက်စိနဲ့မမြင်နိုင်ပေမယ့် လိပ်ပြာအသိစိတ်အာရုံနဲ့ လေ့လာနိုင်တယ်။ လိပ်ပြာအသိစိတ်အာရုံကို အသုံးပြုတဲ့အခါ တစ်စုံတစ်ယောက်က အနက်ရောင်နတ်ဆိုးချီတွေဖုံးလွှမ်းနေတဲ့နတ်ဆိုးဓားသူတော်စင်အရှင်ကို မြင်နိုင်လိမ့်မယ်။

…

"နတ်ဆိုးဓားအချုပ်အချယ်မဲ့"

အံ့ဖွယ်သစ်ရွက်မြို့.......

သိုင်းစင်မြင့်တစ်ခုမှာ ပုံရိပ်နှစ်ခုက မျက်နှာချင်းဆိုင်နေတယ်။

နတ်ဆိုးဓားသူတော်စင်အရှင်က ပုံရိပ်နှစ်ရိပ်ထဲကတစ်ရိပ်ဖြစ်ပြီး အခြားတစ်ယောက်ကတော့ လီဖူချန်းဖြစ်တယ်။

သိုင်းစင်မြင့်ရဲ့ပတ်ပတ်လည်မှာတော့ ပရိသတ်တွေရှိတယ်။ သူတို့က ဓားသမားအစည်းအရုံးနဲ့တပ်ရင်း၁၉မှ ဖြစ်တယ်။

နတ်ဆိုးဓားသူတော်စင်အရှင်က အရင်တိုက်ခိုက်ခဲ့တယ်။ အနက်ရောင်ဓားအလင်းတစ်ခုက အာကာသ-အချိန်ကို ထိုးဖောက်ပြီး အနက်ရောင်ဓားကမ္ဘာတစ်ခုအဖြစ်ပြောင်းကာ လီဖူချန်းကို ဝါးမျိုလိုက်တော့တယ်။

"စိတ်ဝင်စားစရာပဲ"

လီဖူချန်းက သာမန်ကာလျှံကာ ခုတ်ပိုင်းလိုက်တယ်၊ အနက်ရောင်ဓားကမ္ဘာက ပျက်စီးသွားတော့တယ်။

သူက တပ်ရင်း၁၉ရဲ့စိန်ခေါ်မှုကို မရှောင်တိမ်းနိုင်တာကို လီဖူချန်းက သိတယ်၊ ဒါကြောင့် သူ လက်ခံရလိမ့်မယ်။ သူ့အမြင်အရ တပ်ရင်း၁၉မှာ သူတော်စင်အရှင်တွေ ဘယ်လောက်ပဲရှိရှိ၊ သူတို့က သူ့အတွက် ပြိုင်ဘက်တွေဖြစ်လာနိုင်မှာမဟုတ်ဘူး။

"နတ်ဆိုးနဂါးနှလုံးသားဓား......"

ပထမဓားကွက်က မထိရောက်တာကြောင့် နတ်ဆိုးဓားသူတော်စင်အရှင်က အော်လိုက်တယ်၊ သူက အနက်ရောင်ဓားကို လက်နှစ်ဖက်နဲ့ ဆွဲကိုင်ကာ လီဖူချန်းကို ခုတ်ပိုင်းလိုက်တယ်။

ဟိန်းသံ......

အနက်ရောင်ဓားအလင်းက အနက်ရောင်နတ်ဆိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။ အနက်ရောင်နတ်ဆိုးနဂါးက ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပြီးညစ်ညမ်း‌စေမယ့်ပုံပေါက်နေတယ်။

အခြားသူတော်စင်အရှင်တစ်ယောက်က ဒီနေရာမှာရှိရင် သူတော်စင်အရှင်က ဓားကွက်ရဲ့တိုက်ခိုက်ရေးစွမ်းအားကို တားဆီးနိုင်ရင်တောင် ထိုသူတော်စင်အရှင်ကို ဓားကွက်ရဲ့နတ်ဆိုးဆန္ဒက ညစ်ညမ်းစေလိမ့်မယ်။ ဒီလိုညစ်ညမ်းခြင်းမျိုးက အလွန်ကြောက်စရာကောင်းတယ်။ လူတစ်ယောက်က ပိုသန်မာလေ၊ သူတို့ရဲ့စိတ်ညစ်ညမ်းခြင်းက ကြောက်စရာပိုကောင်းလေပဲ။ စိတ်က ညစ်ညမ်းသွားတာနဲ့ အတွင်းနတ်ဆိုးတွေကို ထုတ်လုပ်လိမ့်မယ်။

စကြာဝဠာအထဲမှာ အတွင်းနတ်ဆိုးတွေရှိတဲ့ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေများစွာရှိပြီး သူတို့ရဲ့ရလဒ်က မကောင်းပါဘူး။ အချို့က ရူးသွားတယ်၊ အချို့ကတော့ စိတ်ပိုင်းဆိုင်ရာချွတ်ယွင်းလာတယ်။ သူတို့အားလုံးမှာ ကြီးမားတဲ့အားနည်းချက်တွေရှိပေမယ့် အချို့ကို အတွင်းနတ်ဆိုးက အပြည့်အဝဝါးမျိုပြီး သူတို့ကိုယ်တိုင်က နတ်ဆိုးတွေဖြစ်လာကြတယ်။

ဝင်းလက်တောက်ပတဲ့ဓားအလင်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။ ဓားအလင်းနဲ့ရင်ဆိုင်ရတဲ့အခါ နတ်ဆိုးနဂါးက ပြာဖြစ်သွားတယ်။

လီဖူချန်းရဲ့ထည်ဝါဓားပညာမှာ အရာအားလုံးကိုသန့်စင်ပြီးအလင်းပေးတဲ့ဓားဆန္ဒတစ်ခုရှိတယ်။

နတ်ဆိုးဓားသူတော်စင်အရှင်ရဲ့ဓားကွက်က ချက်ချင်းသန့်စင်ခံလိုက်ရတယ်။

ဒါက ကိစ္စတစ်ခုမျှသာပဲ၊ ဝင်းလက်‌တောက်ပတဲ့ဓားအလင်းက နေအစင်းတစ်ထောင်ပမာ တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်သွားတယ်။ နတ်ဆိုးဓားသူတော်စင်အရှင်က လုံးဝမခုခံနိုင်ဘဲ လွင့်ထွက်သွားရတယ်။

"ဟားဟား၊ ငါ၊ တိုင်ယန်ကောင်းကင်သူတော်စင်အရှင်က မင်းရဲ့အရည်အချင်းကို စမ်းသပ်ကြည့်မယ်"

ဖိအားတစ်ခုက တိုက်ခိုက်လာတယ်။ လီဖူချန်းက မော့ကြည့်လိုက်တယ်၊ ကြွက်သားတုတ်တုတ်ခိုင်ခိုင်နဲ့ပုံရိပ်တစ်ခုက ကောင်းကင်မှ ဆင်းသက်လာတယ်။ သူက ငါးအကြေးခွံချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားတယ်။

သူက ဧရာမကျာက်တူတစ်ခုကို လက်နှစ်ဖက်လုံးနဲ့ ကိုင်ဆွဲထားပြီး လီဖူချန်းထံ ရိုက်ချလိုက်တယ်။

တိုင်ယန်‌ကောင်းကင်သူတော်စင်အရှင်က တပ်ရင်း၁၉ရဲ့နံပါတ်၃သူတော်စင်အရှင်ပါပဲ။

တပ်ရင်း၁၉မှာ တိုင်ယန်ကောင်းကင်သူတော်စင်အရှင်က သူ့ရဲ့စွမ်းအားအတွက် လူသိများတယ်။ သန့်စင်တဲ့စွမ်းအားအရ ကောင်းကင်ဘုံအရှင်အချို့ကတောင် သူ့အတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ဘူး။

ကျောက်တူက ရိုက်ချလာတာကြောင့် အရှေ့ရှိအရာအားလုံးက ကြေမွသွားတယ်။ ရန်သူက ထိမှန်သွားရင် စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်နှစ်ခုစလုံး ဖုန်မှုန့်‌တွေဖြစ်သွားလိမ့်မယ်ဆိုတာကို စိတ်ကူးကြည့်ဖို့ မခက်ပါဘူး။

ချွမ်း.....

ကံမကောင်းတာကတော့ ထိုစွမ်းအားက လီဖူချန်းအတွက် ဘာမှမဟုတ်ဘူး။ နတ်ဆရာဓားကို မြှောက်လျက် လီဖူချန်းက ဆတ်ခနဲလှုပ်ရှားလိုက်တယ်၊ တိုင်ယန်ကောင်းကင်သူတော်စင်အရှင်က ကောင်းကင်သို့ ပြန်ရောက်သွားတော့တယ်။

"မဖြစ်နိုင်ဘူး" တိုင်ယန်ကောင်းကင်သူတော်စင်အရှင်က ကြောက်ရွံ့သွားတယ်။

"ရှိသေးလား" လီဖူချန်းက တိုင်ယန်ကောင်းကင်သူတော်စင်အရှင်ကိုတောင် လှည့်မကြည့်တော့ဘူး၊ သူက တပ်ရင်း၁၉ရဲ့သူတော်စင်အားလုံးကို စိုက်ကြည့်နေတယ်။

"မောက်မာလွန်းတယ်"

ဒီနေရာရှိ တပ်ရင်း၁၉ရဲ့သူတော်စင်အရှင်တွေက အခြေခံအားဖြင့် ထိပ်ဆုံးနှစ်ဆယ်ထဲဝင်ပြီး အခုလိုအရှက်ခွဲမှုမျိုးကို ဘယ်တုန်းကမှ မခံစားခဲ့ရဘူး။ သူတို့အားလုံးက အတော်လေးဒေါသထွက်နေတယ်။

ဒါပေမယ့် ဒေါသထွက်ရုံကလွဲပြီး သူတို့က ဘာမှမလုပ်နိုင်ပါဘူး။

သူတို့အားလုံးက နံပါတ်၂ဖြစ်တဲ့ပျောက်ကွယ်ကြယ်သူတော်စင်အရှင်ကို အလိုအလျောက် ကြည့်လိုက်တယ်။

ပျောက်ကွယ်ကြယ်သူတော်စင်အရှင်က လီဖူချန်းဆီ လျှောက်လာတယ်။

"ငါ့ကို အထင်မသေးနဲ့......" တိုင်ယန်ကောင်းကင်ဘုံအရှင်က ကောင်းကင်မှ အော်လိုက်တယ်၊ သူက သူ့ရဲ့တူနဲ့အတူ တိုက်ခိုက်လာတယ်။

"ပျောက်ကွယ်ကြယ်"

ပျောက်ကွယ်ကြယ်သူတော်စင်အရှင်က လီဖူချန်းနဲ့ မျှမျှတတတိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ သူက တိုင်ယန်ကောင်းကင်ဘုံအရှင်နဲ့အတူပူးပေါင်းကာ သူ့ရဲ့အသန်မာဆုံးတိုက်ကွက်ကို အသုံးပြုလိုက်တယ်။

ဟင်းလင်းပြင်ထဲမှာ ကကန့်လန့်ဖြတ်ကြယ်အလင်းတစ်ခုလက်သွားပြီး အဲဒါက အကန့်အသတ်မဲ့အန္တရာယ်တစ်ခုကို ပေးစွမ်းတယ်။

ဝင်းလက်တောက်ပတဲ့ဓားအလင်းတစ်ခုက လက်သွားပြီး အဲဒါက ထည်ဝါဓားပညာပါပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဓားကွက်က ပိုပြီးတော့ဝင်းလက်တောက်ပထည်ဝါတယ်။

ဖူး......ဖူး.......

တိုင်ယန်ကောင်းကင်သူတော်စင်အရှင်နဲ့ပျောက်ကွယ်ကြယ်သူတော်စင်အရှင်တို့က သွေးအန်ထွက်သွားတယ်။ သူတို့ကို ကြည့်ရတာ တစ္ဆေတစ်ကောင်ကို မြင်ခဲ့ရပုံပေါက်နေတယ်။

လီဖူချန်းက မယုံနိုင်လောက်အောင်အားကောင်းပြီး သူတို့နှစ်ယောက်ကို တစ်ဖက်သတ်လွှမ်းမိုးခဲ့တယ်။ တပ်ရင်း၁၉ရဲ့နံပါတ်၁သူတော်စင်အရှင်ကတောင် သူတို့နှစ်ယောက်ပေါင်းရဲ့တိုက်ခိုက်မှုကို မရင်ဆိုင်နိုင်ဘူး။ ဒါပေမယ့် လီဖူချန်းက တိုက်ခိုက်မှုကို အလွယ်တကူအချည်းနှီးဖြစ်စေခဲ့တယ်။ ဒီလိုခွန်အားကို သူ‌တော်စင်အရှင်တစ်ယောက်လို့ ခေါ်ဆိုနိုင်သေးရဲ့လား။

ဓားကို သိမ်းကာ လီဖူချန်းက ပြောလိုက်တယ်"မင်းတို့က တိုက်ခိုက်ချင်ရင် ငါ ဘယ်အချိန်မဆို လက်ခံမယ်။ ဒါပေမယ့် နောက်တစ်ကြိမ်ကျရင် စိန်ခေါ်သူတွေက ပိုသန်မာလာဖို့တော့ ငါ မျှော်လင့်တယ်။ ငါက အခုထိ သွေး‌တောင်မပူသေးဘူး"

လီဖူချန်းက သူ့ခွန်အားရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုတောင် အသုံးမပြုခဲ့ဘူး၊ ဒီလိုတိုက်ပွဲက အဓိပ္ပါယ်မဲ့လှတယ်။

ထိုစကားကို ကြားပြီး တပ်ရင်း၁၉က ပြောစရာစကားမရှိဖြစ်သွားတယ်။ လီဖူချန်းကို ကောင်းကင်ဘုံအရှင်တွေကလွဲပြီး တစ်ယောက်မှ မယှဉ်နိုင်ဘူးကို သူတို့က သိတယ်။ နံပါတ်၁ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မတောင် လီဖူချန်းအတွက် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်လောက်ဘူး။

လီဖူချန်းက သူတော်စင်အရှင်အဆင့်မှာ ပြိုင်ဘက်ကင်းတယ်။ သူက အမှန်တကယ်ပြိုင်ဘက်ကင်းတယ်၊ စကြာဝဠာမြို့တစ်မြို့တင်မကဘူး။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်က သူ့ရဲ့ဂုဏ်သတင်းနဲ့ တကယ်ထိုက်တန်တယ်"

လီဖူချန်းအနောက်ရှိဓားသမားအစည်းအရုံးရဲ့အဖွဲ့ဝင်တွေအားလုံးက လေးစားတဲ့အမူအရာတွေ၊ ဂုဏ်ယူမှုတွေ ဖြစ်ပေါ်နေတယ်။ တပ်ရင်း၁၉ထွက်ပေါ်လာတဲ့အခါ သူတို့က လုံးဝကိုစက်ဆုပ်ဖွယ်ကောင်းတယ်။ လီဖူချန်းက သူတို့ကို ဖိနှိပ်နေတာကို မြင်တွေ့ ရတာ တကယ်စိတ်ကျေနပ်စရာပဲ။

…

တိုင်ယန်ကောင်းကင်သူတော်စင်အရှင်နဲ့ပျောက်ကွယ်ကြယ်သူတော်စင်အရှင်တို့ရဲ့ပူးပေါင်းမှုကတောင် မူလအဆုံးစွန်းဓားသူတော်စင်အရှင်အတွက် ပြိုင်ဘက်မဟုတ်ခဲ့ဘူး။ စိတ်ဝင်စားစရာပဲ"

အံ့ဖွယ်သစ်ရွက်မြို့ထဲမှာ နှင်းကျနေတဲ့အိမ်တော်တစ်ခုရှိပြီး အကြွင်းမဲ့အလှလေးတစ်ယောက်က နှင်းထဲမှာ ရပ်နေတယ်။

သူမမှာ ရှည်လျားတဲ့ငွေရောင်ဆံပင်နဲ့ငွေရောင်ချပ်ဝတ်ရှိတယ်။ သူမမှာ လှပသွယ်လျတဲ့ခြေတစ်စုံရှိပြီး သူမကို အကြွင်းမဲ့လှပထည်ဝါစေ‌တယ်။

"ငါ တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ချင်တယ်။ မူလအဆုံးစွန်းဓားသူတော်စင်အရှင်ကို သွားရောက်ဖိတ်ခေါ်လိုက်ပါ။ ယဉ်ကျေးဖို့ သတိရပါ" အကြွင်းမဲ့အလှရဲ့အသံက အလွန်ဆွဲဆောင်မှုရှိတယ်။

"ဟုတ်ကဲ့ပါ၊ အရှင်မကြက်သွေးရောင်နှင်း" မနီးမဝေးမှ လူသားအရိပ်တစ်ခုက ပြန်ကြားကာ ထွက်ခွာသွားတယ်။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ သင်က ငါစိတ်ကူးထားတာထက် ပိုသန်မာပါစေလို့ ငါ မျှော်လင့်တယ်"

ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက တပ်ရင်း၁၉ရဲ့နံပါတ်၁သူတော်စင်အရှင်ဖြစ်တယ်။ သွေးပုဆိန်အင်ပါယာအရှင်ကတောင် သူမကို အလေးထားရတယ်။

ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ထာဝရစစ်တပ်ရဲ့အထက်အကြီးအကဲတစ်ယောက်နဲ့ သိကျွမ်းတယ်၊ သူမက ဒီနေရာကို လေ့ကျင့်ဖို့အတွက် လာရောက်နေတာလို့ တစ်စုံတစ်ယောက်က ခန့်မှန်းခဲ့တယ်။

All Chapters