ထာဝရကလေး
Vol. 69 Ch. 955
"တောင်းပန်ပါတယ်၊ စိတ်မဝင်စားဘူး"
လီဖူချန်းက ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မရဲ့ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့တယ်။
သူက တပ်ရင်း၁၉နဲ့ ဆယ်ဆံရေးတစ်ခုခု မရှိချင်ဘူး။
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ ပြန်စဉ်းစားစေချင်တယ်။ သင်က ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မရဲ့အဆင့်အတန်းကို မသိလို့ပဲ။ သူမရဲ့အဖေက ထာဝရစစ်တပ်ရဲ့အထက်အကြီးအကဲတွေထဲကတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့အဆင့်အတန်းက သွေးပုဆိန်အင်ပါယာအရှင်ထက်တောင် ပိုမြင့်တယ်"
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက လီဖူချန်းကို ဖိတ်ခေါ်ဖို့ အမျိုးသမီးလက်အောက်ငယ်သားတစ်ယောက်ကို လွှတ်လိုက်တယ်။ သူမက သူတော်စင်အရှင်တစ်ယောက်ဖြစ်ရုံတင်မကဘူး၊ သူမက အကြွင်းမဲ့လှပသလို သာမန်ထက်ထူးခြားတဲ့အရှိန်အဝါတစ်ခုရှိတယ်။
"စိတ်မဝင်စားဘူးလို့ ငါ ပြောပြီးပြီပဲ။ ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့" လီဖူချန်းကို လက်ဝှေ့ယမ်းပြလိုက်တယ်။
"ရှင်......"
ဆိုဖီယာက အတော်လေးဒေါသထွက်သွားတယ်။ အရှင်မကြက်သွေးရောင်နှင်းကသာ ယဉ်ကျေးဖို့အထူးမညွှန်ကြားထားရင် သူမက လီဖူချန်းကို ဒေါသတကြီးပြောပစ်လိုက်ပြီ။
"သူက ဓားသမားအစည်းအရုံးရဲ့ဓားသမားတစ်ယောက်ဖြစ်ရုံနဲ့ ဘယ်သူကိုမဆို လစ်လျူရှုနိုင်တယ်လို့ ထင်နေတာလား။ တပ်ရင်း၁၉ရဲ့တပ်မှူးဖြစ်တဲ့သွေးပုဆိန်အင်ပါယာအရှင်ကတောင် အရှင်မကို အလေးထားရတယ်" ဆိုဖီယာက စိတ်ထဲမှာ တွေးလိုက်တယ်။
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ သင် ပြန်စဉ်းစားဖို့ ငါမျှော်လင့်တယ်။ အရှင်မရဲ့ဖိတ်ခေါ်မှုက အခြားသူတွေ တောင်းခံလို့ရတဲ့အရာမျိုးမဟုတ်ဘူး"
"ငါ မင်းကို ထပ်မမြင်ချင်တော့ဘူး" လီဖူချန်းက သတိပေးနှင်ထုတ်လိုက်တယ်။
တစ်ခဏရပ်နေပြီးနောက် ဆိုဖီယာက ခြေဆောင့်ကာ ထွက်သွားလိုက်တော့တယ်။
…
"အရှင်မ၊ ဒီမူလအဆုံးစွန်းဓားသူတော်စင်အရှင်က ရိုင်းပြလွန်းတယ်။ ကျွန်မတို့တွေ ခေါင်းဆောင်အနည်းငယ်ကို ခေါ်ပြီး သူ့ကို ဆုံးမခိုင်းလိုက်ရမလား" ဆိုဖီယာပြောတဲ့ခေါင်းဆောင်တွေက ကောင်းကင်ဘုံအရှင်တွေဖြစ်တယ်။
တပ်ရင်း၁၉မှာ ကောင်းကင်ဘုံအရှင်တစ်ရာကျော်ရှိပြီး အံ့ဖွယ်သစ်ရွက်မြို့တစ်ခုလုံးမှာ အရေအတွက်အနည်းငယ်သာ ရှိတယ်။ ဓားသမားအစည်းအရုံးမှာတော့ ကောင်းကင်ဘုံအရှင်နှစ်ယောက်သာ ရှိတယ်။
"အဲလိုလုပ်တာ အဓိပ္ပါယ်မရှိဘူး" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ခေါင်းခါလိုက်တယ်။
သူမရဲ့ရည်ရွယ်ချက်က လီဖူချန်းကို လေ့လာဖို့ပဲ၊ သူမက ကောင်းကင်ဘုံအရှင်တွေကို အမိန့်ပေးလိုက်ရင် လေ့လာဖို့ မဖြစ်နိုင်တော့ဘူး။
တစ်ချက်စဉ်းစားပြီးနောက် ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ပြောလိုက်တယ်" အလျင်လိုစရာမလိုဘူး။ ဒီကိစ္စကို အခု ဘေးဖယ်ထားလိုက်ကြတာပေါ့။ အနာဂတ်မှာ အခွင့်အရေးတွေ ရှိလာမှာပါ"
…
"ငါ ဓားအရိုးအပိုင်းအစဆယ်ခုလုံးကို နားလည်ထားပြီး ဈာန်ဝင်စားခြင်းများစွာကို ရရှိခဲ့တယ်။ ငါ မူလအဆုံးစွန်းဓားနည်းလမ်းကို ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို တွန်းပို့နိုင်တယ်"
ထိပ်တန်းအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုက ဘယ်အန္တိမအဆင့်သိုင်းပညာတွေထက်မဆို ပိုရှားပါးတယ်။
စကြာဝဠာမှာ ကျင့်ကြံခြင်းတာအိုကို ကျင့်ကြံခဲ့တဲ့ကောင်းကင်ဘုံအရှင်တွေအကြားမှာ တစ်ထောင်မှကိုးရာကိုးဆယ့်ကိုးယောက်က ထိပ်တန်းအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတွေကို နားမလည်ခဲ့ဘူး။ ဒါက ဓားအရိုးတွေက ဘာကြောင့် တန်ဖိုးရှိတယ်ဆိုတာ ဖြစ်တယ်။ တကယ်တော့ ဓားတာအိုကောင်းကင်ဘုံအရှင်အနည်းငယ်ကသာ ထိပ်တန်းအဆင့်ကျင့်ကြံခြင်းနည်းလမ်းတွေကို ပိုင်ဆိုင်တယ်။
ဒါပေမယ့် လီဖူချန်းအတွက်ကတော့ အနေအထားက လုံးဝဆန့်ကျင်ဘက်ပဲ။
ထည်ဝါဓားပညာနဲ့မူလအဆုံးစွန်းဓားပညာကို ချိုးဖြတ်ဖို့ထက် မူလအဆုံးစွန်းဓားနည်းလမ်းကို ချိုးဖြတ်ရတာက ပိုလွယ်ကူတယ်။
ဒါက အဓိကအားဖြင့် ထည်ဝါဓားပညာနဲ့မူလအဆုံးစွန်းဓားပညာတို့က အခြေခံအုတ်မြစ်အရချို့ယွင်းချက်မရှိလို့ပဲ။ အရှေ့တစ်ခုက အရင်းမြစ်စွမ်းအားကြောင်း၉၀၀နဲ့ ချိတ်ဆက်ထားပြီး အနောက်တစ်ခုက အရင်းမြစ်စွမ်းအားကြောင်း၁၀၈၀နဲ့ ချိတ်ဆက်ထားခဲ့တယ်။
ဒီနေ့မှာတော့ လီဖူချန်းက သီးခြားကျင့်ကြံမှုကို စတင်ခဲ့တယ်။
…
ကြယ်ပိုင်နက်တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုက အန္တိမအဆင့်အစီအရင်တွေထဲကတစ်ခုဖြစ်ပြီး အဲဒါက အတော်လေးအဆင့်မြင့်မားတယ်။
နှစ်နှစ်ကြာပြီးနောက် အကန့်အသတ်မဲ့သောလူအရင်းအမြစ်စွမ်းအားနဲ့တပ်ရင်း၁၉ရဲ့ကြယ်ဝမှုတွေနဲ့အတူ သူတို့က နောက်ဆုံးတော့ ကြယ်ပိုင်နက်တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို ဖန်တီးခဲ့တယ်။
ဒီကြယ်ပိုင်နက်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ရဲ့အကြီးမားဆုံးတည်နေရာရွှေ့ပြောင်းအကွာအဝေးက အလင်းနှစ်သန်းတစ်ရာကို ရောက်ရှိနိုင်တယ်။ အဲဒါက ကြယ်ပိုင်နက်အမျိုးမျိုးကို ဖြတ်ကျော်ဖို့ လုံလောက်တယ်။
ဝီ........ဝီ.......
ကြယ်ပိုင်နက်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို တည်ဆောက်ပြီး ရက်အနည်းငယ်အကြာမှာ တစ်စုံတစ်ယောက်က တည်နေရာရွှေ့ပြောင်းလာတော့တယ်။
အလင်းတောက်ပမှုတွေ ပြန့်ကျဲသွားပြီး ပုံရိပ်လေးခုက ထွက်ပေါ်လာတယ်။
"မဆိုးဘူး၊ မဆိုးဘူးပဲ။ ငါတို့ထာဝရစစ်တပ်မှာ နောက်ထပ်စကြာဝဠာမြို့တစ်မြို့ရှိလာပြီးပေါ့" ဆံပင်ရှည်ရှည်၊ နဖူးပေါ်မှာ မျက်လုံးသုံးလုံးနဲ့လူတစ်ယောက်က ပြောလိုက်တယ်။
"ဒီမြို့က နာမည်ကြီးအံ့ဖွယ်သစ်ရွက်မြို့လား" အေးစက်ပြီးဖြူဖတ်ဖြူရော်နဲ့အမျိုးသမီးတစ်ယောက်က သိလိုစိတ်တွေနဲ့ ကြည့်လိုက်တယ်။
"လာ၊ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မကို သွားကြည့်ကြစို့"
သူတို့က ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မကို တွေ့ဖို့ ဒီနေရာကို ရောက်လာကြတာပါပဲ။
…
အေးခဲနှင်းအိမ်တော်။
"မင်းတို့ ရောက်လာပြီးပဲ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက လေးယောက်အုပ်စုကို ကြည့်လိုက်တယ်။
"ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မ၊ မင်း မစိုးရိမ်ဘူးလား။ အမွေဆက်ခံခြင်းအခမ်းအနားကျင်းပဖို့ ငါးနှစ်အောက်ပဲ လိုတော့တယ်။ ငါတို့က မင်း ထာဝရရဲ့ကိုးယောက်မြောက်ကလေးဖြစ်လာဖို့ မျှော်လင့်နေတယ်" အေးစက်တဲ့အမျိုးသမီးက ပြောလိုက်တယ်။
ထာဝရကလေးတွေက ထာဝရစစ်တပ်မှာ ထာဝရအရှင်ဘုရင်ကလွဲပြီး အမြင့်ဆုံးသောအဆင့်အတန်းကို ပိုင်ဆိုင်တယ်။
လက်ရှိအချိန်မှာ ထာဝရစစ်တပ်မှာ ထာဝရကလေးရှစ်ယောက်ရှိတယ်။
ထာဝရကလေးတစ်ယောက်ဖြစ်လာဖို့ အခြေအနေသုံးရပ်ရှိတယ်။ ပထမကတော့ ထာဝရကလေးကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်ရမယ်။ ဒုတိယကတော့ အခြားကိုယ်စားလှယ်လောင်းတွေကို အနိုင်ယူရမယ်။ တတိယကတော့ အမွေးဆက်ခံခြင်းအခမ်းအနားကို ပြီးမြောက်ရမယ်။
ထာဝရကလေးတစ်ယောက်ဖြစ်လာခြင်းက ကောင်းကင်ဘုံကို ခြေတစ်လှမ်းချခြင်းနဲ့ ညီမျှတယ်။ ကိုယ်စားလှယ်လောင်းတွေအားလုံးက သူတော်စင်အရှင်တွေပဲ ဖြစ်တယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းတစ်ယောက်က ထာဝရကလေးတစ်ယောက်ဖြစ်လာတာနဲ့ သူတို့ရဲ့ခွန်အားက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အဖြစ်သို့ အလျင်အမြန်တိုးမြင့်လာနိုင်ပြီး ထာဝရစွမ်းအားကို တဖြေးဖြေးပိုင်ဆိုင်လာလိမ့်မယ်။
လက်ရှိအချိန်မှာ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မအတွက်အခက်အခဲက အခြားကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအနိုင်ယူရမလဲဆိုတာပဲ။
"လောနေတော့ရော ဘာထူးမှာလဲ။ ငါ့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် အခြားကိုယ်စားလှယ်လောင်းတွေကို အနိုင်ယူဖို့က မဖြစ်နိုင်လုနီးပါးပဲ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ဖြေလိုက်တယ်။
"ဒါတော့ ဟုတ်တယ်" မျက်လုံးသုံးလုံးလူက ခေါင်းညိတ်လိုက်တယ်"ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က လက်ရှိအချိန်မှာ အသန်မာဆုံးပဲ။ သူ့ဘေးနားကတစ်ယောက်ချင်းစီက ကျွမ်းကျင်သူတွေကြီးပဲ။ ဒုတိယကတော့ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ပဲ၊ သူ့ခွန်အားက အများကြီးမနိမ့်ကျဘူး။ သူ့ရဲ့နောက်လိုက်တွေကသာ နိမ့်ကျတယ်......."
အမွေဆက်ခံခြင်းပြိုင်ပွဲက တစ်ဦးချင်းစီရဲ့ခွန်အားသာမကဘူး။ အဖွဲ့လိုက်ခွန်အားအပေါ်မှာ လည်း မူတည်တယ်။ ကိုယ်စားလှယ်လောင်းအားလုံးက သန်မာပေမယ့် ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်တို့နဲ့နှိုင်းယှဉ်ရင် ကျန်သူတွေက အနည်းငယ်ကင်းမဲ့နေတယ်။
"ငါတို့မှာ ပြောင်မြောက်တဲ့ကျွမ်းကျင်သူတစ်ယောက်ရှိရင် သိပ်ကောင်းမယ်။ အစက ကြာပန်းနီသူတော်စင်အရှင်ရဲ့ခွန်အားက သာမန်မျှပဲ၊ ငါတို့ထက် အများကြီးနိမ့်ကျတယ်။ သူက ပြောင်မြောက်တဲ့ကျွမ်းကျင်သူတစ်ယောက်ကို ဖိတ်ခေါ်ခဲ့လိုက်တာနဲ့ အခုဆိုရင် သူက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်တို့နဲ့တောင် ယှဉ်ပြိုင်နိုင်နေပြီ" ကြေးနီရောင်လူတစ်ယောက်က ညည်းညူလိုက်တယ်။
"ပြောင်မြောက်တဲ့ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ဖို့က ဘယ်လိုလုပ်လွယ်မှာလဲ။ ကောင်းကင်ဘုံအရှင်တွေနဲ့ယှဉ်ပြိုင်နိုင်တဲ့သူတော်စင်အရှင်တွေက ပုံမှန်အားဖြင့် လက်ရွေးစင်ဂိုဏ်းတွေကပဲ။ သူတို့ကို စည်းရုံးဖို့က ခက်ခဲလွန်းတယ်" ရွှေရောင်ဦးချိုတစ်ချောင်းနဲ့သုံးမီတာရှည်တဲ့လူတစ်ယောက်က ခေါင်းခါလိုက်တယ်။
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ပြောလိုက်တယ်" တကယ်တော့ အံ့ဖွယ်သစ်ရွက်မြို့မှာ ပြောင်မြောက်တဲ့ကျွမ်းကျင်သူတစ်ယောက်ရှိတယ်"
"ဘယ်အဆင့်လဲ" လေးယောက်သား ကြည့်လိုက်ကြတယ်။
သာမန်ကျွမ်းကျင်သူတစ်ယောက်သာဆိုရင် အသုံးမဝင်ဘူး။ ပြောင်မြောက်တဲ့ကျွမ်းကျင်သူက လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ကို ယှဉ်ပြိုင်နိုင်ရမယ်။
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ပြောလိုက်တယ်" သူ့ခွန်အားအတိအကျကိုတော့ ငါ မသိဘူး။ တပ်ရင်း၁၉ရဲ့နံပါတ်၂နဲ့နံပါတ်၃သူတော်စင်အရှင်တို့ရဲ့ပေါင်းစပ်ခွန်အားက သူ့တစ်ကွက်ကိုတောင် မခုခံနိုင်ခဲ့တာတော့ ငါသိတယ်"
"ကြည့်ရတာ သူက ခွန်အားအချို့ရှိပုံပဲ။ ဒါပေမယ့် သေချာစေဖို့ ငါတို့က သူ့ခွန်အားကို စမ်းသပ်ဖို့လိုမယ်"
တပ်ရင်း၁၉ရဲ့နံပါတ်၂နဲ့နံပါတ်၃သူတော်စင်အရှင်နှစ်ယောက်ပေါင်းကိုအနိုင်ယူနိုင်ခြင်းက အကြွင်းမဲ့ခွန်အားကို ဆိုလိုတယ်။
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မ၊ ငါတို့ကို အချက်အလက်ပေးပါ။ ငါတို့ သူ့ကို မင်းအတွက် စမ်းသပ်ပေးမယ်" မျက်လုံးသုံးလုံးလူက ပြောလိုက်တယ်။
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ခေါင်းညိတ်လိုက်တယ်"သူက ဓားသမားအစည်းအရုံးကပဲ"
"ဓားသမားအစည်းအရုံးကလား။ ဒီဓားသမားတွေအားလုံးက မွေးရာပါမာနကြီးပြီး သူတို့ကို ဖိတ်ခေါ်ဖို့က မလွယ်ဘူး။ ငါတို့က သူ့ကို ဆွဲဆောင်ဖို့ မြင့်မားတဲ့လိုအပ်ချက်တွေကို စဉ်းစားဖို့လိုမယ်"
"ငါတို့တွေ သူ့ကို ထာဝရကျောက်တုံးအပိုင်းအစတစ်ခုနဲ့ ကမ်းလှမ်းရင်ရော"
"ထာဝရကျောက်တုံးလား။ ဒါက တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုပဲ။ တစ်ယောက်ယောက်က ထာဝရကလေးတစ်ယောက်ဖြစ်ပြီးတောင်မှ ထာဝရကျောက်တုံးအနည်းငယ်ကိုပဲ ရရှိနိုင်တယ်"
"တွန့်ဆုတ်မနေစမ်းပါနဲ့။ ပြောင်မြောက်တဲ့ကျွမ်းကျင်သူတွေရဲ့အကူအညီမရှိရင် ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မကတောင် ထာဝရကလေးတစ်ယောက်မဖြစ်နိုင်ဘူး"
လိုအပ်တဲ့အခြေအနေတွေကို စဉ်းစားပြီးနောက် ထိုလေးယောက်က လီဖူချန်းရဲ့အိမ်တော်သို့ သွားရောက်ခဲ့တယ်၊ ဒါပေမယ့် သူက သီးခြားကျင့်ကြံနေတယ်။ လေးယောက်သား စိတ်ရှည်ရှည်နဲ့သာ စောင့်ဆိုင်းနေရတော့တယ်။
တစ်နှစ်.....နှစ်နှစ်......
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မနဲ့လေးယောက်သားက အတော်လေးစိုးရိမ်နေတယ်။
အမွေဆက်ခံခြင်းအခမ်းအနားက နီးကပ်လာပြီ၊ သူတို့က အချိန်အများကြီးမကျန်တော့ပါဘူး။