ထာဝရကြယ်
Vol. 69 Ch. 956
"နည်းနည်းလိုနေသေးတာပဲလား"
နှစ်အနည်းငယ်သီးခြားကျင့်ကြံပြီးနောက် လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေမှအမျှင်တန်းတစ်ခုစာလောက် ကင်းမဲ့နေသေးတယ်။
သူက ဒီအမျှင်တန်းကို မကျော်ဖြတ်နိုင်ဘူး။ သူက ကံကြမ္မာအခွင့်အလမ်းတွေ ကင်းမဲ့နေတာကြောင့်ဖြစ်မယ်လို့ လီဖူချန်းက ခံစားမိတယ်။
ကံကြမ္မာအခွင့်အလမ်းရှိလာတာနဲ့ သူက ချက်ချင်းချိုးဖြတ်နိုင်လိမ့်မယ်။
လီဖူချန်း သီးခြားကျင့်ကြံရာမှ ထွက်လာတာနဲ့ မျက်လုံးသုံးလုံးလူနဲ့အခြားသူတွေက သူ့ကို လာရှာကြတယ်။
"ထာဝရကလေးအမွေဆက်ခံခြင်း" လီဖူချန်းက မျက်လုံးသုံးလုံးလူကို ကြည့်လိုက်တယ်။
မျက်လုံးသုံးလုံးလူက ပြောလိုက်တယ်"ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ထာဝရကလေးဖြစ်လာတာနဲ့ သူမမှာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခွန်အား ချက်ချင်း ရှိလာလိမ့်မယ်။ တစ်ချိန်တည်းမှာ သူမက သူမရဲ့ကိုင်ပိုင်တပ်ရင်းကို ဖန်တီးခွင့်ရလာလိမ့်မယ်။ သင်က သူမကို ကူညီရင် အနာဂတ်မှာ သူမကလည်း သင့်ကို ပြန်ကူညီပေးလိမ့်မယ်။ ပြီးတော့ သူမက သင့်ကို ထာဝရကျောက်တုံးအပိုင်းအစတစ်ခုထောက်ပံ့ပေးလိမ့်မယ်"
"ထာဝရကျောက်တုံးက ဘာလဲ*
အရိုးသားဆုံးပြောရရင် အနေအထားက အလွန်ဆွဲဆောင်မှုရှိတယ်။
အခြားသူတွေသာဆိုရင် သူတို့က သဘောတူလောက်ပါပြီ။
တကယ်တော့ ထာရစစ်တပ်ရဲ့အနာဂတ်တပ်မှူးတစ်ယောက်နဲ့ဆက်ဆံရေးကောင်းတစ်ခုရှိတာက လူတိုင်းလိုချင်ကြတဲ့အရာပါပဲ။
သွေးပုဆိန်အင်ပါယာအရှင်နဲ့တပ်ရင်း၁၉က ဥပမာကောင်းတစ်ခုဖြစ်တယ်။ သွေးမုန်တိုင်းတစ်ခုက သူတို့သွားတဲ့နေရာတိုင်းမှာ မွေနှောက်ခဲ့တယ်။ ကန့်လန့်ဖြတ်မြစ်ကြယ်ဘိုးဘေးကတောင် သူတို့ကို မရင်ဆိုင်ချင်ဘူး။
ပုံမှန်အားဖြင့်ပြောရရင် သွေးပုဆိန်အင်ပါယာအရှင်က အကြိုနတ်ဘုရားတစ်ယောက်ယောက်ကို ရန်မစသရွေ့ သူ့အနေနဲ့ စကြာဝဠာရဲ့ဘယ်နေရာကိုမဆို လွှမ်းမိုးချုပ်ကိုင်ဖို့က ပြဿနာရှိလိမ့်မှာမဟုတ်ဘူး။
ကြေးနီရောင်အသားအရေနဲ့လူက ပြောလိုက်တယ်"ထာဝရကျောက်တုံးက စကြာဝဠာရဲ့အဆန်းကြယ်ဆုံးကျောက်တုံးတွေထဲကတစ်ခုပဲ။ အဲဒါက ပိုင်ရှင်ကို ထာဝရရှင်သန်ခြင်းကို ပေးအပ်တယ်၊ ပိုင်ရှင်က အသတ်မခံရသရွေ့ သူက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အဖြစ် အသက်ရှင်သန်နိုင်လိမ့်မယ်။ ဒါ့အပြင် ထာဝရကျောက်တုံးနဲ့ပေါင်းစပ်ပြီးနောက် တစ်ယောက်မှ ပိုင်ရှင်ကို မသတ်နိုင်ဘူး။ သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်က ထာဝရကျောက်တုံးနဲ့ပေါင်းစပ်ထားရင် သူတို့ကို မြို့အရှင်ကောင်းကင်ဘုံအရှင်တစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ သူတို့ကို သတ်ဖို့က အလွန်ခက်ခဲပြီး အကောင်းဆုံးက သူတို့ကို ချိတ်ပိတ်တာပဲ"
"ဒါ အတော်လေးအံ့အားသင့်စရာပဲ" လီဖူချန်းကို အတော်လေးဆွဲဆောင်ခဲ့တယ်။ ထာဝရကျောက်တုံးက စကြာဝဠာရဲ့ရတနာတစ်ခုဆိုတာ သိသာတယ်။ သူက အဲဒါကို လွဲချော်မိရင် ဝမ်းနည်းစရာတစ်ခုဖြစ်လာလိမ့်မယ်။
ဒါပေမယ့် အလွယ်တကူသဘောတူခြင်းက လီဖူချန်းရဲ့ပုံစံမဟုတ်ဘူး။ ထာဝရစစ်တပ်ရဲ့ဠာနချုပ်ကို သွားတဲ့အခါ အန္တရာယ်တစ်ခုခုရှိမလားကို ဘယ်သူက သိမှာလဲ။
"ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက မင်းနဲ့ထာဝရစာချုပ်တစ်ခုကို ချုပ်ဆိုပေးနိုင်တယ်။ ထာဝရစာချုပ်နဲ့ဆိုရင် စာချုပ်ကိုချိုးဖောက်တဲ့ဘယ်သူမဆို သေတဲ့အထိကျိန်စာတိုက်ခံရလိမ့်မယ်။ အကြိုနတ်ဘုရားတစ်ယောက်က စာချုပ်ကို ချိုးဖောက်ရင်တောင် သူက ကြီးမားတဲ့တုံ့ပြန်မှုတစ်ခုကို လက်ခံရလိမ့်မယ်။ ဒါကြောင့် မင်း စိတ်အေးအေးထားပြီး ထာဝရစစ်တပ်ရဲ့ဌာနချုပ်ကို ဦးတည်နိုင်တယ်"
"ဒီလိုဆိုမှတော့ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မနဲ့ အရင်သွားတွေ့ကြည့်ကြတာပေါ့" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက သူမရဲ့စကားကို ပြန်ရုတ်သိမ်းသွားမှာကို လီဖူချန်းက အများဆုံးစိုးရိမ်တယ်။ ဒါပေမယ့် ထာဝရစာချုပ်ရှိတာကြောင့် အဲဒါနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုတော့ဘူးပေါ့။
အခြားသူတွေ သူ့ကို ပြဿနာရှာမှာကိုတော့ လီဖူချန်းက မစိုးရိမ်ပါဘူး။ ထာဝရစာချုပ်မှာ သူ သေရင် ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မလည်းသေရမယ်ဆိုတဲ့အခြေအနေတစ်ခုကို ပေါင်းထည့်ရလိမ့်မယ်။ ဒီလိုဆိုရင် သူမရဲ့အသက်ကို ကာကွယ်ဖို့ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက တစ်ယောက်ယောက်သူ့ကိုသတ်တာကို ခွင့်ပြုလိမ့်မှာမဟုတ်ဘူး။ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မရဲ့အဆင့်အတန်းနဲ့ဆိုရင် သူမရဲ့အသက်ကိုကာကွယ်ဖို့ သူတို့ရဲ့အသက်ကိုစတေးပေးမယ့်သူတွေ အများကြီးရှိတယ်။
ဒါပေမယ့် ထာဝရစာချုပ်က ဘာလဲဆိုတာကိုတော့ လီဖူချန်းက ဂရုတစိုက်လေ့လာရလိမ့်မယ်။
သူ့ရဲ့အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ဆိုရင် ထာဝရစာချုပ်မှာ ကယ်ပေါက်တစ်ခုခုရှိရင် သူက မြင်နိုင်လိမ့်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။
"အလျင်လိုစရာမလိုပါဘူး၊ မင်းရဲ့ခွန်အားကို အရင် ငါတို့ကို ပြကြည့်ပေါ့။ အဲဒါက ငါတို့ရဲ့လိုအပ်ချက်နဲ့ မကိုက်ညီရင် ငါတို့ဘာမှမပြောခဲ့ဘူးလို့ မင်း သတ်မှတ်နိုင်တယ်" မျက်လုံးသုံးလုံးလူက ထက်ရှတဲ့မျက်လုံးတွေနဲ့ လီဖူချန်းကို ကြည့်လိုက်ျယ်။
လီဖူချန်းက ရယ်လိုက်တယ်"ဒီလိုဆိုမှတော့ မင်းတို့လေးယောက်လုံး အတူတကွ လှုပ်ရှားနိုင်တယ်"
ငါ အရင် မင်းကို စမ်းသပ်မယ်"
ကြေးနီရောင်လူက တံစဉ်တစ်ခုကို ကိုင်ဆောင်ထားပြီး သူက ခုန်လွှားလိုက်တာနဲ့ အဆုံးမဲ့တံစဉ်ပုံရိပ်တွေက လီဖူချန်းကို ဝန်းရံလာတယ်။
ချွင်း ချွမ်း ချွင်း ချွမ်း.......
တံစဉ်ပုံရိပ်တွေအားလုံးက လီဖူချန်းရဲ့ခြောက်ပေအကွာလောက်မှာ ကြေမွပျက်ဆီးသွားတယ်။ မမြင်နိုင်တဲ့အတားအဆီးတစ်ခုက တိုက်ခိုက်မှုအားလုံးကို ဟန့်တားခဲ့တယ်။
"ထိုးဖောက်စမ်း....."
ကြေးနီရောင်လူက သူ့ရဲ့အမှတ်အသားတိုက်ကွက်ကို ဖော်ထုတ်လိုက်တယ်။ ဧရာမတံစဉ်တစ်ခုက ထွက်ပေါ်လာပြီး အာကာသ-အချိန်ကို တွန့်လိမ်စေကာ အတားအဆီးအပေါ် ကြမ်းတမ်းစွာခုတ်ပိုင်းချလိုက်တယ်။
ဝုန်း.......
မမြင်နိုင်တဲ့အတားအဆီးက ထိခိုက်မှုမရှိတည်မြဲနေတယ်၊ တံစဉ်ကသာ အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။
"ငါ မင်းကို ကူညီပေးမယ်" ရွှေရောင်ဦးချိုလူက သူ့ရဲ့လက်သီးနဲ့ ထိုးနှက်လိုက်တယ်၊ သူက မမြင်နိုင်တဲ့အတားအဆီးကို ဖျက်ဆီးချင်ခဲ့တယ်။
ပုံမှန်အားဖြင့်ပြောရရင် ရွှေရောင်ဦးချိုလူရဲ့ခွန်အားကို အကာအကွယ်ချီလောက်နဲ့ ခုခံဖို့က ခက်ခဲတယ်။ သူတော်စင်တွေအသာထား၊ အားနည်းတဲ့ကောင်းကင်ဘုံအရှင်တွေကတောင် ခက်ခဲမှုရှိတယ်။
ကံမကောင်းတာကတော့ လီဖူချန်းက အားနည်းတဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်မဟုတ်ဘူး၊ သူက အဆင့်သတ်မှတ်ချက်မဲ့ကောင်းကင်ဘုံအရှင်တွေထက်တောင် ပိုသန်မာတယ်။
အရာအားလုံးကို ချေမွနိုင်တဲ့လက်သီးက မမြင်နိုင်တဲ့အတားအဆီးကို တွန့်လိမ်ဖို့တောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။
"ပုံသဏ္ဍာန်ပြောင်းလဲခြင်း"
အေးစက်တဲ့အမျိုးသမီးက လီဖူချန်းအနောက်မှ ရုတ်တရက် ထွက်ပေါ်လာတယ်။ သူမက အနက်ရောင်ကျောက်တုံးမြုပ်ထားတဲ့တစ်ခုအနက်ရောင်ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ထားတယ်။
ဒါက အမှောင်ကျောက်တုံးတစ်တုံးဖြစ်ပြီး ဒါနဲ့ဆိုရင် အနက်ရောင်ဓားမြှောင်ရဲ့စွမ်းအားက အလွန်အားကောင်းလာတယ်။
ချွမ်း......
"ဘယ်လိုတောင်လဲ" အေးစက်တဲ့အမျိုးသမီးရဲ့အမူအရာက ပြောင်းလဲသွားတယ်။
သူမရဲ့အမှောင်အရိပ်ဓားမြှောင်က လီဖူချန်းရဲ့ဓားချီအကာအကွယ်ကို မချိုးဖြတ်နိုင်ခဲ့ဘူးပဲ။ ဒီဓားချီအလွှာက ဘယ်လိုတောင် ခိုင်မာရတာလဲ။
"လွှမ်းမိုးခြင်းဝိညာဉ်လှံ" ထိုအခိုက်မှာ မျက်လုံးသုံးလုံးလူက လှုပ်ရှားလာတယ်။
သူရဲ့လက်နက်က လွှမ်းမိုးခြင်းအမှောင်ရွှေလှံဖြစ်တယ်။ လှံက အနည်းငယ်တုန်ခါသွားပြီး အာကာသ-အချိန်ထဲမှာ ကြီးမားတဲ့လှိုင်းတစ်ခုကို ဖြစ်စေခဲ့တယ်။ အဲဒါက အာကာသ-အချိန်အနက်ပိုင်းထဲမှာ ဖုန်းကွယ်ထားတဲဧရာမသားရဲတစ်ကောင်လိုပါပဲ။
"ချိုးဖောက်စမ်း"
အမှောင်ရွှေလှံက ရှေ့ကို ထိုးလိုက်တဲ့အခါ အာကာသ-အချိန်က အဲဒါကို အရှိန်မြင့်သွားစေတယ်။ လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ရဲ့တိုက်ခိုက်မှုမြန်နှုန်းကို မတွေးတောနိုင်တဲ့အဆင့်တစ်ခုကို ရောက်ရှိစေခဲ့တယ်။ ဒီလိုမြန်နှုန်းနဲ့ ရင်ဆိုင်ရတဲ့အခါ ခုခံမှုအားလုံးက စက္ကူပမာဖြစ်ပြီး အဓိပ္ပါယ်မဲ့သွားပါလိမ့်မယ်။
" လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က ထာဝရစစ်တပ်တစ်ခုလုံးရဲ့ထိပ်ဆုံးသူတော်စင်အရှင်ဆယ်ယောက်ထဲကတစ်ယောက်ပဲ။ သူနဲ့ဆိုရင် ထာဝရကလေးကိုယ်စားလှယ်လောင်းတွေကြားမှာ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ပျှမ်းမျှအထက်မှာ ရပ်တည်နိုင်လိမ့်မယ်။ သူမရှိရင် ငါတို့ခွန်အားက အနည်းဆုံးငါးဆယ်ရာခိုင်နှုန်းလောက် လျော့ကျသွားလိမ့်မယ်"
အေးစက်စက်အမျိုးသမီးနဲ့အခြားသုံးယောက်က လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်အပေါ် အလွန်ယုံကြည်ချက်ရှိတယ်။
ထာဝရစစ်တပ်ရဲ့သူတော်စင်အရှင်သတ်မှတ်ချက်ဇယားက တပ်ရင်း၁၉ရဲ့သူတော်စင်အရှင်သတ်မှတ်ချက်ဇယားထက် အများကြီးပိုမြင့်တယ်။ တပ်ရင်း၁၉ရဲ့နံပါတ်၁သူတော်စင်အရှင်ဖြစ်တဲ့ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မကတောင် ထာဝရစစ်တပ်ရဲ့သူတော်စင်အရှင်ဇယားမှာ ၂၀ပတ်လည်သာ ရှိလိမ့်မယ်။ အဲဒါက လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်အထက် အများကြီးနိမ့်ကျတယ်။
လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က ထာဝရကလေးကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်ပြည့်မှီရင် သူက နာမည်ကြီးကိုယ်စားလှယ်လောင်းတွေထဲကတစ်ယောက်ဖြစ်လာပေလိမ့်မယ်။
"နည်းနည်းလေစိတ်ဝင်စားဖို့ကောင်းတယ်" လီဖူချန်းက ပြုံးလိုက်တယ်။
ချွမ်း.......
လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ရဲ့အားကောင်းပြီးလွှမ်းမိုးနိုင်လှတဲ့လှံက လီဖူချန်းရဲ့ဓားချီအကာအကွယ်ပေါ်ကို ထိုးသွင်းလာတယ်။
ဒါပေမယ့် အားလုံးက အံ့အားသင့်သွားရတယ်၊ ဒီလှံက လီဖူချန်းရဲ့ဓားချီအကာအကွယ်ကိုတောင် မထိုးဖောက်နိုင်ခဲ့ဘူးပဲ။ ပြန်ကန်ထွက်လာပြီး လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က အနောက်သို့ လွင့်ထွက်သွားတော့တယ်။
"မဖြစ်နိုင်ဘူး....." လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က မယုံကြည်နိုင်ဖြစ်နေတယ်။
လီဖူချန်းရဲ့စွမ်းဆောင်ရည်က သူတို့မျှော်မှန်းထားတာရဲ့အထက်မှာ ရှိနေတာလေ။ ဒါက လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ကို ထိတ်လန့်တုန်လှုပ်သွားစေတယ်။
ထိပ်လန့်ပြီးနောက် လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ရဲ့အမူအရာက ပျော်ရွှင်သွားတယ်။
လီဖူချန်းရဲ့ခွန်အားက ထာဝရစစ်တပ်ရဲ့သူတော်စင်တွေကြားမှာ သေချာပေါက် ထိပ်ဆုံးဆယ်ယောက်ထဲဝင်တယ်၊ ထိပ်ဆုံးငါးယောက်ဒါမှမဟုတ်ထိပ်ဆုံးသုံးယောက်ထဲတောင် ဝင်နိုင်လောက်တယ်။ သူက သူတို့အဖွဲ့နဲ့ပူးပေါင်းရင် ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်တို့ကို ယှဉ်ပြိုင်နိုင်လိမ့်မယ်။
"လာ.....ငါတို့ မင်းကို ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မဆီ ခေါ်သွားမယ်" လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က သူ့ရဲ့ညာဘက်လက်နဲ့ အမူအရာပြလိုက်တယ်။
…
"ထာဝရစာချုပ်က ငါတို့ထာဝရစစ်တပ်ရဲ့တန်ဖိုးအထားရဆုံးစာချုပ်ပဲ၊ အဲဒါကို ကောင်းကင်တာအိုက ဆုံးဖြတ်တာပဲ။ ဒါကြောင့် မတရားတဲ့အခြေအနေတွေ ရှိလာမှာမဟုတ်ဘူး။ အကြောင်းအရာတွေ ထည့်ပြီးပြီးဆိုတော့ မင်းရဲ့လက်မှတ်ကို ထိုးလိုက်ပါ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ထာဝရစာချုပ်ပေါ်မှာ အရင်လက်မှတ်ထိုးလိုက်တယ်။
"ကောင်းပြီလေ"
လီဖူချန်းက ဂရုတစိုက်စစ်ဆေးခဲ့ပြီဖြစ်တယ်၊ ထာတရစာချုပ်နဲ့ပတ်သက်ပြီး ဘာပြဿနာတစ်ခုမှမရှိပါဘူး။
လီဖူချန်းက သူ့ရဲ့နာမည်ကို လက်မှတ်ထိုးပြီးတာနဲ့ ထာဝရစာချုပ်က ပုံတူနှစ်ခုအဖြစ် ပိုင်းဖြတ်သွားပြီး လီဖူချန်းနဲ့ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မတို့ရဲ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားတော့တယ်။
"နောက်ထပ် နှောင့်နှေးမနေတော့ဘဲ ထာဝရကြယ်ကို ပြန်ကြစို့......" လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က လောဆော်လိုက်တယ်။
"ကောင်းပြီလေ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ခေါင်းညိတ်လိုက်တယ်။
အမွေအနှစ်ဆက်ခံခြင်းအခမ်းအနားမတိုင်ခင် အချိန်အချို့ကျန်ရှိသေးပေမယ့် သူတို့က ထာဝရစစ်တပ်ကို စောစောပြန်ရောက်ရင် သူတို့က အခြားထာဝရကလေးကိုယ်စားလှယ်လောင်းတွေရဲ့အချက်အလက်တွေကို ရှာဖွေနိုင်လိမ့်မယ်။
…
ထာဝရကြယ်က ဧရာမကြယ်တစ်လုံးဖြစ်ပြီး အခြားကြယ်တွေက ၎င်းနဲ့နှိုင်းယှဉ်ရင် သူတို့က ဖုန်မှုန့်လို့တောင် မဆိုနိုင်ပါဘူး။
နှစ်တစ်သိန်းပြည့်တိုင်း လူသားတစ်ယောက်ရဲ့နှလုံးပမာ ထာဝရကြယ်က တုန်ခါလိမ့်မယ်။
ထိုအချိန်မှာ ထာဝရကြယ်ရဲ့ထာဝရစွမ်းအားက အလွန်အမင်းသိပ်သည်းပြီး ထာဝရနန်းတော်မှာ စုစည်းလာလိမ့်မယ်။ ကိုယ်စားလှယ်လောင်းတွေကြား နောက်ဆုံးအနိုင်သူက ဒီကြီးမားတဲ့ထာတရစွမ်းအားရဲ့အမွေဆက်ခံသူဖြစ်လာလိမ့်မယ်။
ထာဝရကြယ်က လက်ရှိမှာ မတုန်ခါသေးပေမယ့် ထာဝရကြယ်ပေါ်ရှိထာဝရစွမ်းအားက အရင်ကထကတော့ပိုသိပ်သည်းနေပါပြီ။
"ဒါက ထာဝရကြယ်လား" ဒါက ဒီလိုကြီးမားတဲ့ကြယ်တစ်လုံးကို လီဖူချန်းအနေနဲ့ ပထမဆုံးမြင်ရတဲ့အကြိမ်ဖြစ်တယ်။
ထာဝရကြယ်နဲ့နှိုင်းယှဉ်ရင် စကြာဝဠာမြို့တစ်မြို့က အစက်ကလေးတစ်ခုသာသာပါပဲ။