← Chapters

လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က စမ်းသပ်ခြင်း

Vol. 69 Ch. 957

လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က စမ်းသပ်ခြင်း

Vol. 69 Ch. 957

"မင်း ကြားပြီးပြီလား။ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မ ပြန်ရောက်လာပြီ"

"သူ ပြန်ရောက်လာတော့ရော ဘာဖြစ်လဲ။ သူမက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်တို့ကို မယှဉ်ပြိုင်နိုင်သေးဘူး"

"နောက်ဆုံးအခိုက်အတန့်မှာ ဘာဖြစ်လာမလဲကို ဘယ်သူက သိမှာလဲ။ ပြီးတော့ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်တို့နဲ့နှိုင်းယှဉ်ရင် ပိုမြင့်မားတဲ့ပါရမီတစ်ခုရှိတယ်"

ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မရဲ့ပြန်ရောက်လာမှုက ထာဝရကြယ်မှာ အုတ်အုတ်ကျက်ကျက်ဖြစ်စေခဲ့တယ်။

***

လောဘဝံပုလွေနတ်ဆိုးနန်းတော်။

"ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မ ပြန်ရောက်လာပြီလို့ ငါ ကြားတယ်။ သူမနဲ့ပတ်သက်ပြီး ငါ့နားလည်မှုအရဆိုရင် သူမက မပိုင်ဘဲနဲ့ ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး။ သွေးစီးဆင်းသူတော်စင်အရှင်၊ သွားပြီးစမ်းသပ်ကြည့်လိုက်" လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က ဝံပုလွေဦးခေါင်းနဲ့လူသားခန္ဓာကိုယ်ပါရှိတဲ့ကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုဖြစ်တယ်။ သူက အနက်ရောင်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားပြီး ခေါင်းလှည့်ကာ သွေးရောင်ချပ်ဝတ်တစ်ခုကိုဝတ်ဆင်ထားတဲ့လူရွယ်တစ်ယောက်ကို ပြောလိုက်တယ်။

"နားလည်ပါပြီ" သွေးချပ်ဝတ်လူက ထွက်သွားလိုက်တယ်။

ကြက်သွေးရောင်နှင်းသူတော်စင်နန်းတော်က နှင်းတွေ အမြဲမပြတ်ကျဆင်းနေတဲ့နေရာတစ်ခုဖြစ်တယ်။

"ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မ၊ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ရဲ့နောက်လိုက်သွေးစီးဆင်းသူတော်စင်အရှင် ရောက်လာတယ်" ကြေးနီရောင်လူက သတင်းပို့လာတယ်။

လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က ပြောလိုက်တယ်"သွေးစီးဆင်းသူတော်စင်အရှင်က လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်လက်အောက်ရှိအဓိကတိုက်ခိုက်ရေးသမားသုံးယောက်ထဲကတစ်ယောက်ပဲ။ သူက ငါ့ထက် နိမ့်ကျပေမယ့် ခြားနားချက်က ကြီးကြီးမား‌မားရှိတာတော့မဟုတ်ဘူး။ သူ့ရဲ့ရည်ရွယ်ချက်က ငါတို့ရဲ့ခွန်အားကို စမ်းသပ်ဖို့ပဲ"

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်က အခု သီးခြားကျင့်ကြံနေတယ်။ ဒီလိုအရေးကြီးတဲ့အခြေအနေမှာ မူလအဆုံးစွန်းဓားသူတော်စင်အရှင်ရဲ့ခွန်အားကို ထုတ်ပြတာ မသင့်တော်ဘူး။  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်၊ မင်း ဒါကို ဂရုစိုက်လိုက်ပါ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက တစ်ချက်စဉ်းစားကာ ပြောလိုက်တယ်။

"ကောင်းပြီ"  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က ခေါင်းညိတ်ကာ နန်း‌‌တော်မှ ထွက်လာတယ်။

" လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်၊ ငါ ဒီနေရာကို မင်းနဲ့လေ့ကျင့်ဖို့ လာတာမဟုတ်ဘူး။ ငါနဲ့တိုက်ခိုက်ဖို့ အခြားတစ်ယောက်ယောက်ကို လွှတ်လိုက်ပါ"

သူက  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ရဲ့ပြိုင်ဘက်တစ်ယောက်မဟုတ်တာကို သွေးစီးဆင်းသူတော်စင်အရှင်က သိတယ်၊ ဒါကြောင့် သူက သူ့ရဲ့ရည်ရွယ်ချက်ကို ချက်ချင်း ထုတ်ဖော်လိုက်တယ်။

လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က ပြောလိုက်တယ်"မင်းက ငါတို့ကြက်သွေးရောင်နှင်းသူတော်စင်နန်းတော်ကို ဘာထင်နေတာလဲ။ သွေးစီးဆင်းသူတော်စင်အရှင်၊ မင်းကိုယ်မင်း အရှက်မရစေချင်ရင် မြန်မြန်ထွက်သွားတော့"

" လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်၊ မင်း ငါ့ကို အနိုင်ယူနိုင်တော့ရော ဘာဖြစ်လဲ။ ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရောက်လာတာနဲ့ မင်း ‌ဒူးထောက်နေရလိမ့်မယ်" သွေးစီးဆင်းသူတော်စင်အရှင်က လှောင်လိုက်တယ်။

ထိုစကားကို ကြားပြီး  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က အနည်းငယ်မျက်မှောက်ကြုတ်လိုက်တယ်။

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ရဲ့ထိပ်သီးတိုက်ခိုက်ရေးသမားသုံးယောက်ရဲ့ခေါင်းဆောင်ဖြစ်တယ်။ သူက ထာဝရစစ်တပ်ရဲ့သူတော်စင်အရှင်‌သတ်မှတ်ချက်ဇယားမှာ အဆင့်၇ရှိပြီး  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ထက် ပိုမြင့်တယ်။

"သွေးစီးဆင်းသူတော်စင်အရှင်၊ မင်း အခုထွက်သွားတာ ပိုကောင်းမယ်၊ သို့မဟုတ်ရင် ငါ့ကို ကြမ်းတမ်းတဲ့အတွက် အပြစ်မတင်နဲ့"  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မကို ကိုယ်စားပြုနေမှတော့  သူက စွမ်းပကားအရ ရှုံးနိမ့်လို့မရပါဘူး။

"စကားကြီးစကားကျယ်တွေ၊ လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်၊ ငါ့ရဲ့ချွန်းကို လက်ခံစမ်း"

သွေးစီးဆင်းသူတော်စင်အရှင်က ဒီလိုမျိုးနဲ့ ထွက်သွားမှာမဟုတ်ဘူး။ သူတို့နောက်ဆုံးအကြိမ်တိုက်ခိုက်ခဲ့တာက နှစ်များစွာကြာပြီ။ သူက  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ထက် နိမ့်ကျနေအုံးမယ်လို့တော့ သူ မယုံကြည်ပါဘူး။

သူ့လက်ထဲမှာ အလင်းတစ်ခုလက်သွားပြီး ရှည်လျားတဲ့ငွေရောင်ချွန်းတစ်ခုက ထွက်ပေါ်လာတယ်။ ချွန်းရဲ့ထိပ်က သွေးတွေ စီးဆင်းနေပြီး ရပ်နားခြင်းမရှိဘူး။

"သွေးစိုရွှဲခြင်း" သွေးစီးဆင်းသူတော်စင်အရှင်က သူ့ရဲ့သတ်ဖြတ်ကွက်ကို ချက်ချင်းထုတ်ဖော်လိုက်တယ်၊ မရေမတွက်နိုင်လောက်တဲ့သွေးချွန်းပုံရိပ်တွေက လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ထံ ကျရောက်လာတယ်။

"လွှမ်းမိုးခြင်းဝိညာဉ်လှံ......"  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က သူ့ရဲ့နက်ရွှေရောင်လှံနဲ့ ထိုးသွင်းလိုက်တယ်။

အား.....

ချွန်းပုံရိပ်တွေကို ထိုးဖောက်သွားတယ်၊ သွေးစီးဆင်းသူတော်စင်အရှင်က ညည်းတွားကာ လွင့်ထွက်သွားတယ်။

"အရမ်းကောင်းတယ်" သွေးစီးဆင်းသူတော်စင်အရှင်က သူ့ရဲ့ဒေါသကို ဖိနှိပ်ကာ ထွက်ခွာသွားတယ်။

လောဘဝံပုလွေနတ်ဆိုးနန်းတော်......

"သူတို့က မင်းကို ရှင်းထုတ်ဖို့  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ကို လွှတ်လိုက်တယ်ဆိုရင် ဖြစ်နိုင်ခြေနှစ်ခုပဲ ရှိတယ်။ သူတို့က သန်မာသလိုဟန်ဆောင်နေပေမယ့် သူတို့မှာ ပြောင်မြောက်တဲ့ကျွမ်းကျင်သူတွေ တစ်ယောက်မှ မရှိဘူး၊ ဒါပေမယ့် သူတို့က မင်းကြောင့် အရှက်မရချင်ဘူး။ ဒါမှမဟုတ် သူတို့က ကျွမ်းကျင်သူတစ်ယောက်ကို ဖိတ်ခေါ်ထားပေမယ့် ထိုကျွမ်းကျင်သူကို မထုတ်ပြချင်သေးလို့ပဲ" လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ရဲ့မျက်လုံးတွေကို ကြည့်ရတာ သူတို့က လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို မြင်နေရသလိုပဲ။

"နတ်ဆိုးရှင်ဘုရင်ပြောတာ ဖြစ်နိုင်တယ်" သွေးစီးဆင်းသူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်။

လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က ဆက်ပြောလိုက်တယ်"ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်၊ ကြက်သွေးရောင်နှင်းသူတော်စင်နန်းတော်ကို သွေးစီးဆင်းသူတော်စင်အရှင်နဲ့ နောက်တစ်ခေါက်ထပ်သွားလိုက်။ ဘယ်လိုဝှက်ဖဲတွေ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မမှာ ရှိသလဲကို ငါ မြင်ချင်တယ်"

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က လူသားဓားမော့ကိုင်ဆောင်သူတစ်‌ယောက်ဖြစ်တယ်။

…

ကြက်သွေးရောင်နှင်းသူတော်စင်နန်းတော်ရဲ့ကွက်လပ်အပြင်ဘက်မှာ အဖွဲ့နှစ်ဖွဲ့က မျက်နှာချင်းဆိုင်နေတယ်။

တစ်ဖက်က သွေးစီးဆင်းသူတော်စင်အရှင်နဲ့ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်တို့ဖြစ်ပြီး အခြားတစ်ဖက်ကတော့ လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်တို့လေးယောက်အဖွဲ့ဖြစ်တယ်။

သူက သွေးစီးဆင်းသူတော်စင်အရှင်နဲ့ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်တို့ကို တစ်ယောက်တည်းမယှဉ်နိုင်မှန်း လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က သိတယ် ဒါပေမယ့် သူတို့လေးယောက်နဲ့ဆိုရင် သူတို့မှာ အခွင့်အရေးကောင်းတွေ ပိုရှိလာမှာပါ။

" လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်၊ မင်း ငါ့ကို မတားဆီးနိုင်ဘူး" ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်တယ်၊ ထက်ရှတဲ့ဓားမော့ချီတစ်ခုက ယင်နဲ့ယန်ကို ပိုင်းဖြတ်သွားတယ်။

"မကြိုးစားဘဲနဲ့ ဘယ်လိုလုပ်သိနိုင်မှာလဲ"  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်တယ်၊ ဆန့်ကျင်ဘက်ဓားမော့ချီကို လွှမ်းမိုးခြင်းချီနဲ့ ရင်ဆိုင်လိုက်တယ်။

"ဆုတ်ဖြဲစမ်း"

ကြီးမားတဲ့အဟတစ်ခုကို ကွက်လပ်မှာ ဆုတ်ဖြဲလိုက်တယ်။

"မင်း ငါ့ရဲ့ဓား‌မော့သုံးကွက်ကို လက်ခံနိုင်ရင် ငါ ချက်ချင်းပြန်လှည့်သွားမယ်"

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က သူ့ရဲ့နောက်ကျောမှ ဓားမော့ရှည်ကို ဆွဲထုတ်လိုက်တယ်။ အဲဒါက ငွေ‌နီရောင်ဓားမော့တစ်လက်ဖြစ်ပြီး မဖျက်ဆီးနိုင်တဲ့သတ်ဖြတ်သူချီနဲ့ဓားမော့ချီတို့ လှည့်ပတ်နေတယ်။ သာမန်လူတွေအဖို့ သတ်ဖြတ်သူချီနဲ့ဓားမော့ချီတို့နဲ့တင် သူတို့ရဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်အားလုံးကို ဖျက်ဆီးပြီး တိုက်ခိုက်ရေးစွမ်းအားမှာ အကြီးအကျယ် လျော့ကျလာစေတယ်။

"ငါက ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရဲ့အဆင့်မြင့်ဓားမော့ကွက်တွေကို အမြဲတမ်း မြင်တွေ့ချင်နေတာနဲ့ အတော်ပဲ"  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က မကြောက်ပါဘူး၊ သူ့ရဲ့တိုက်ခိုက်ရေးဆန္ဒက နိုးကြွားလာတယ်။

"ကြယ်ပျက်သုန်းခြင်း"

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က သူ့ရဲ့ဓားမော့ကွက်ကို ထုတ်ဖော်ပြီး သူ့ရဲ့ဓားမော့နဲ့ ခုတ်ပိုင်းလိုက်တဲ့အခါ ဟင်းလင်းပြင်မှာ ကြယ်အပျက်အစီးပုံရိပ်တွေ ရှိလာတယ်။

"လွှမ်းမိုးခြင်းဝိညာဉ်လှံ....."  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က နေရာမှာတင် ရပ်ကာ သူ့ရဲ့လှံနဲ့ တိုက်ခိုက်လိုက်တယ်။

ဝုန်း.......

ကွက်လပ်တစ်ခုလုံးက ကြေမွသွားတယ်၊ ကြောက်စရာ‌ကောင်းတဲ့ချီအားတွေကြောင့် မရေမတွက်နိုင်တဲ့ကျောက်အစအနတွေက လွင့်မျောကာ ပြာဖြစ်သွားချေတယ်။

ဖူး......

လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က လွင့်ထွက်ကာ သွေးတွေ အန်ထွက်သွားရတယ်။

ဓားမော့ကွက်က လှံကွက်လောက် အလွန်မမြင့်မားပေမယ့် ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရဲ့စွမ်းအားက ကြီးမားလွန်းတယ်။ အဲဒါက ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့သူတော်စင်တစ်ယောက်အကြားနဲ့ အတူတူပဲ။ နှစ်ယောက်လုံးက တူညီတဲ့သိုင်းပညာကျွမ်းကျင်မှုအဆင့်မှာ ရှိနေရင်း ကောင်းကင်ဘုံအရှင်က သူတော်စင်အရှင်ကို လုံးဝရိုက်နှက်နိုင်လိမ့်မယ်၊ အကြောင်းကတော့ ကောင်းကင်ဘုံအရှင်ရဲ့စွမ်းအားက အဆမရေမတွက်များစွာပိုသန်မာလို့ပဲ။

လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က သူ့ရဲ့ခန္ဓာကိုယ်လွင့်ထွက်သွားနေရာမှ ဖိအားပေးကာ ရပ်လိုက်တယ်။ သူက ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်တယ်။

"ကောင်းတယ်၊ မင်း ငါ့ရဲ့ပထမဓား‌မော့ကွက်ကို လက်ခံနိုင်သားပဲ။ နောက်ထပ်ဒုတိယဓားမော့ကွက်၊ ကြယ်စုပျက်သုန်းခြင်း"

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ကို အသက်ရှုဖို့အခွင့်အရေးတစ်ခုတောင် ပေးလိမ့်မှာမဟုတ်ဘူး။ ဒုတိယမြောက်ဓားမော့ကွက်က နောက်မှ ကပ်လိုက်လာတယ်။

ဒီဓားကွက်က လီဖူချန်းရဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းနဲ့ ဆင်တူတယ်။ အဲဒါက နက်နဲသိမ်မွေ့မှုအားဖြင့် အကြီးအကျယ်ကင်းမဲ့တယ်၊ ဒါပေမယ့်  ကြောက်စရာကောင်းမှုကတော့ ပိုမြင့်တယ်။ မရေမတွက်နိုင်တဲ့ဓားမော့ပုံရိပ်တွေက လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်ကို ဝါးမျိုသွားတယ်။

တစ်ခဏအကြာမှာတော့ ဓားမော့ပုံရိပ်တွေက ပြန့်ကျဲသွားပြီး လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က နောက်တစ်ကြိမ်လွင့်ထွက်သွားတယ်။

ဒီတစ်ခါမှာတော့ သူ့ရဲ့ခန္ဓာကိုယ်လွင့်ထွက်နေရာမှ သူက မရပ်တန့်နိုင်ဘူး။ သူက သနားစရာကောင်းလှစွာ မြေပြင်ပေါ်သို့ ကျသွားတယ်။

တစ်ခဏတာဆိုပေမယ့် ဓားမော့ကွက်အတွင်းအချိန်စီးဆင်းမှုက အလွန်နှေးကွေးတယ်။ အထဲမှာတော့ နေ့ရက်ပေါင်းများစွာ ကုန်ဆုံးသွားသလို  လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က ခံစားမိတယ်။

"မင်းက ငါ့ရဲ့တတိယကွက်ကို ထုတ်သုံးဖို့ ဖိအားမပေးနိုင်ဘူးပဲ"

လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က ခေါင်းခါကာ အေးစက်စက်အမျိုးသမီးနဲ့အခြားသူတွေကို ကြည့်လိုက်တယ်"မင်းတို့အားလုံးက ငါ့ပြိုင်ဘက်မဟုတ်ဘူး။ မင်းတို့ရဲ့အသစ်ဖိတ်ခေါ်ထားတဲ့ကျွမ်းကျင်သူကို ထွက်လာခိုင်းတာ ပိုကောင်းမယ်"

"ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်၊ ဒါ ဘာအဓိပ္ပါယ်လဲ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ကြက်သွေးရောင်နှင်းသူတော်စင်နန်းတော်မှ ပျံသန်းထွက်လာတယ်။

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က တုံ့ပြန်လိုက်တယ်"ဘာမှမဟုတ်ပါဘူး၊ ငါက ကြက်သွေးရောင်နှင်းသူတော်စင်နန်းတော်ရဲ့ခွန်အားကို မြင်ချင်ရုံလေးပါပဲ"

"မင်းမြင်ပြီးပြီးပဲ၊ ငါ့ရဲ့ကြက်သွေးရောင်နှင်းသူတော်စင်နန်းတော်က အလွန်အားနည်းတယ်" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက အံ့ကြိတ်ကာ ပြောလိုက်တယ်။

ကြက်သွေးရောင်နှင်းသူတော်စင်နန်း‌တော်ထဲမှာ သန်မာသူတစ်ယောက်ရှိတယ်လို့ သူ့ရဲ့မသိစိတ်က ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ကို ပြောပြနေခဲ့တယ်။ သူက သူတို့ရဲ့မျက်လုံးတွေမှ သဲလွန်စအချို့ကို မြင်နိုင်တယ်။

"မင်းတို့သုံးယောက်လုံး အတူတူလာတိုက်ကြ"

ကျွမ်းကျင်သူမထွက်လာမှတော့ ကျွမ်းကျင်သူထွက်လာတဲ့အထိ ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က သူတို့ကို ရိုက်နှက်ရမှာပေါ့။ ဆန့်ကျင်ဘက်က ဒီလိုအရှက်ခွဲမှုကို ခံနိုင်ရည်ရ်ှိမယ်လို့တော့ သူ မထင်ဘူး။

"ထွက်သွားစမ်း" အေးစက်စက်အမျိုးသမီးက အခြားနှစ်ယောက်နဲ့အတူ ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ကို တိုက်ခိုက်လိုက်တယ်။

ဒါပေမယ့် ခွန်အားခြားနားချက်က အလွန်သိသာတယ်။ အကွက်အနည်းငယ်အတွင်း သုံးယောက်စလုံး ဒဏ်ရာရသွားလေတယ်။

"လုံလောက်ပြီ၊ ငါ လုပ်လိုက်မယ်" ထိုအချိန်မှာတော့ ရှင်းလင်းပြတ်သားတဲ့အသံတစ်ခုက ထွက်ပေါ်လာတယ်။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်...." ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက လီဖူချန်းကို ကြည့်လိုက်တယ်။

အပွင့်လင်းဆုံးပြောရရင် သူမက လီဖူချန်းရဲ့တည်ရှိမှုကို ထုတ်မပြချင်သေးပါဘူး။

"အခြားသူတွေက ငါတို့ရဲ့တံခါးဝမှာ ရောက်နေမှတော့ ဆက်ပြီးသည်းခံဖို့ မလိုပါဘူး။ သူတို့ ငါ့ရဲ့ခွန်အားကို သိတော့ရော ဘာအရေးလဲ။ သူတို့က ငါ့ကို ဘယ်လိုမှ မရင်ဆိုင်နိုင်ဘူး" လီဖူချန်းက ထူးမခြားနားပြုံးလိုက်တယ်၊ သူ့အမူအရာက တည်ငြိမ်နေလျက်ရှိတယ်။

"ဓားသမားလား" ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က မေးငေါ့လိုက်တယ်။

သူက ထာဝရစစ်တပ်ရဲ့အဖွဲ့ဝင်ဖြစ်သလို ဓားမော့မဟာမိတ်ရဲ့အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တယ်။ ဓားမော့မဟာမိတ်နဲ့ဓားသမားအစည်းအရုံးက အမြဲတမ်းပြိုင်ဘက်တွေပဲ။

သူ ထင်တာ မမှားရင် လီဖူချန်းက ဓားသမားအစည်းအရုံးကပဲ။

ဓားသမားအစည်းအရုံးရဲ့ဓားသမားတွေကို အထင်သေးလို့မရပါဘူး။

"မင်း လှုပ်ရှားလို့ရပြီ" လီဖူချန်းက ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ကို တစ်ချက်ကြည့်လိုက်တယ်။

"စိတ်ဝင်စားစရာပဲ" ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရဲ့မျက်လုံးတွေက ရုတ်တရက် စူးရှသွားတယ်။ ကြောက်စရာကောင်းတဲ့ဓားမော့ချီလှိုင်းတစ်ခုက လီဖူချန်းဆီ ဝင်လာတယ်။

တစ်ချိန်တည်းမှာ ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က သူ့ရဲ့ပထမဓားကွက်ဖြစ်တြဲကြယ်ပျက်သုန်းခြင်းကို ထုတ်ဖော်လိုက်တယ်။

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရဲ့အဖျက်အဆီးဓားကွက်ကို ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက သူ့ရဲ့ဓားလက်ချောင်းနဲ့ ညွှန်ပြလိုက်တယ်။

ဝှစ်.....

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရဲ့ဓားမော့ကွက်က ရာဘာဘောလုံးအပေါက်တစ်ခုပမာ လုံးဝခြိမ်းခြောက်မှုတစ်ခုမဟုတ်ခဲ့ပါဘူး။

"ဘာလက်နက်တစ်ခုမှ မသုံးဘဲ ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရဲ့ဓား‌မော့ကွက်ကို ပျက်ပြယ်စေနိုင်တာလား" သွေးစီးဆင်းသူတော်စင်အရှင်က ထိတ်လန့်တုန်လှုပ်သွားတယ်။

"ကြယ်စုပျက်သုန်းခြင်း......"

လီဖူချန်းက ပထမဓားကွက်ကို ဖယ်ရှားနိုင်တာကို မြင်ပြီး ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က ပထမထိတ်လန့်သွားတယ်။ ပြီးနောက် ကြောက်စရာကောင်းတဲ့တိုက်ခိုက်ရေးဆန္ဒတစ်ခုနဲ့ချီစွမ်းပကားက ကောင်းကင်သို့ ထိုးတက်သွားတယ်။ မရေမတွက်နိုင်တဲ့ဓား‌မော့ပုံရိပ်တွေကို ထုတ်လွှတ်ပြီး လီဖူချန်းကို ဝန်းရံလာတယ်။

"အလွန်သန်မာတယ်၊ ဒါပေမယ့် အားနည်းချက်တွေကလည်း အလွန်သိသာတယ်"

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က ကြယ်စုပျက်သုန်းခြင်းရဲ့ကြောက်မက်ဖွယ်ရာကို သိတယ်။ ဒီဓားကွက်က သူ့ရဲ့ကိုယ်ပိုင်အာကာသ-အချိန်ကို ဖန်တီးထားပြီး မြန်ဆန်စွာရွေ့လျားနေတဲ့အာကာသ-အချိန်တစ်ခုဖြစ်တယ်။ အတွင်းရှိအချိန်စီးဆင်းမှုနဲ့အကွက်ရဲ့အပြင်ဘက်က အနည်းဆုံးအဆတစ်‌ထောင်ကွာခြားမှုတစ်ခု ရှိတယ်။

ဆိုလိုတာကတော့ အပြင်ဘက်မှာ ဓားမော့ခုတ်ချက်တစ်ချက်အတွက်အချိန်က အတွင်းထဲမှာ ဓားမော့ခုတ်ချက်တစ်ရာနဲ့ ညီမျှတယ်။

တစ်စုံတစ်ယောက်က ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ထက် သိသိသာသာပိုသန်မာရင်တောင် သူတို့ကို ကြယ်စုပျက်သုန်းခြင်းက ဝါးမျိုခဲ့ရင် သူတို့က ဒဏ်ရာအနာတရမရှိဘဲ ထွက်လာနိုင်လိမ့်မှာမဟုတ်ဘူး။

ဓားမော့ပုံရိပ်တွေ ပျောက်ကွယ်သွားတာနဲ့ ပုံရိပ်တစ်ခုက တဖြေးဖြေးထွက်ပေါ်လာတယ်။

"ဒီအကွက်က မဆိုးပေမယ့် နက်နဲသိမ်မွေ့မှုကင်းမဲ့နေတယ်" လီဖူချန်းက ခေါင်းမော့ကာ ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ကို ပြုံးပြလိုက်တယ်။

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က ကြက်သေသေသွားတယ်၊ လီဖူချန်းရဲ့ဒီအကွက်ကို ဒဏ်ရာလုံးမရဘဲ ခုခံနိုင်ခဲ့တာပဲ။

"ကြယ်စုပျက်သုန်းခြင်းကိုတောင် ပျယ်ပြယ်စေခဲ့တာလား" သွေးစီးဆင်းသူတော်စင်အရှင်က အသက်ရှုမဝဖြစ်နေတယ်။

"ဒီအကွက်ရဲ့ဓားမော့ဆန္ဒက အကန့်အသတ်မှာ ရှိမနေဘူး။ ပိုသန်မာတဲ့ဓားမော့ကွက် ရှိသေးတယ်မလား" လီဖူချန်းက မေးလိုက်တယ်။

အသက်ကို ပြင်းပြင်းရှုကာ ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရဲ့အမူအရာက မကြုံစဖူးလေးနက်သွားတယ်။" နောက်အကွက်မှာ ငါ့တစ်ဘဝလုံးရဲ့ဓားမော့တာအိုအနှစ်သာရပါဝင်တယ်။ မင်းက အဲဒါကို မတားဆီးနိုင်ရင် အပြင်းအထန်ဒဏ်ရာရသွားလိမ့်မယ်"

သူ့ကို ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်လို့ အမည်ပေးထားတာကတော့ သူ့ရဲ့ဓားမော့ပညာက အထူးသဖြင့် ကြမ်းတမ်းရက်စက်ပြီး အသက်တွေကို အလွယ်တကူခြွေ‌လို့ပဲ။ ဒါပေမယ့် လီဖူချန်းက သန်မာလွန်းပြီး သူ့ရဲ့ဓား‌မော့ကွက်ဘယ်လောက်ပဲအားကောင်းပါစေ၊ လီဖူချန်းကို သတ်ဖြတ်နိုင်လိမ့်မှာမဟုတ်ဘူး။

"အိုး.....ဒါဆို ငါ မြင်ကြည့်ရတာပေါ့" လီဖူချန်းက သူ့ရဲ့ဓားကို မဆွဲထုတ်ခဲ့ပါဘူး။

"အလုံးစုံပျက်သုန်းခြင်း...."

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က ငွေနီရောင်ဓား‌မော့ကို လက်နှစ်ဖက်နဲ့ ဆွဲကိုင်ကာ အပေါ်သို့ ပင့်တင်ပြီး ရုတ်တရက် ခုတ်ပိုင်းချလိုက်‌တယ်။

အုံး......

ငွေနီရောင်ဓား‌မော့အလင်းက လှိုင်းတွေနဲ့တူပြီး လှိုင်းတစ်ခုစီက အရင်လှိုင်းထက် ပိုမြင့်တယ်။ လှိုင်းတွေအောက်မှာ အရာအားလုံးက ပျက်ဆီးသွားတယ်။

ဒီအကွက်က အရာအားလုံးကို ပျက်သုန်းနိုင်တဲ့ဓားမော့ကွက်ပဲ။

"သူ ရှုံးသွားပြီးလား" သွေးစီးဆင်းသူတော်စင်အရှင်က ဗလာဟင်းလင်းပြင်ကို ကြည့်လိုက်တယ်။

အလင်းတစ်ခုရှိတယ်၊ ခမ်းနားထည်ဝါတဲ့အလင်းတစ်ခုပဲ။

အလင်းထဲမှာ လူသားပုံရိပ်တစ်ခုရှိတယ်။

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရဲ့အသန်မာဆုံးဓားမော့ကွက်က လီဖူချန်းကို ရင်ဆိုင်ဖို့မလုံလောက်မှန်း သိသာထင်ရှားတယ်။

လီဖူချန်းရဲ့ခွန်အားက မတွေးတောနိုင်လောက်အောင်ပဲ။

"စွမ်းအားက လုံလောက်ပေမယ့် ဓားမော့တာအိုနက်နဲသိမ်မွေ့မှုက အနည်းငယ်လိုနေသေးတယ်"

ခမ်းနားထည်ဝါတဲ့ဓားအလင်းက ပျောက်ကွယ်သွားပြီး လီဖူချန်းက လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေတယ်။

"ငါ့ရဲ့ဓားမော့တာအိုက တကယ်အားနည်းချက်ရှိတယ်၊ ဒါပေမယ့် မင်းက မင်းရဲ့ဓားတာအိုကို ထုတ်မပြသေးဘူးလား"

လီဖူချန်းမှာ အံ့မခန်းဓားတာအိုခုခံမှုအသုံး‌အဆောင်ပစ္စည်းတစ်ခုရှိတယ်လို့ ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က သံသယရှိတယ်။

"ငါ့ရဲ့ဓားကွက်ကို ကြယ်ပျံကြွေလို့ခေါ်တယ်။ ဂရုစိုက်"

ဓားလက်ချောင်းထိုးဖောက်မှုတစ်ခုနဲ့အတူ ကြယ်ပျံတစ်ခုက ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ထံ ပျံသန်းလာတယ်။

ကြယ်ပျံက မြန်လွန်းတာကြောင့် ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က အချိန်မီမတုံ့ပြန်နိုင်ခဲ့ဘူး။

ဖူး......

ကြယ်ပျံက ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရဲ့ခန္ဓာကိုယ်နဲ့အတူ သူ့ရဲ့ယုံကြည်မှုကိုပါ ထိုးဖောက်သွားခဲ့တယ်။

All Chapters