← Chapters

ထာဝရတိုကင်အတွက် ယှဉ်ပြိုင်ခြင်း

Vol. 69 Ch. 958

ထာဝရတိုကင်အတွက် ယှဉ်ပြိုင်ခြင်း

Vol. 69 Ch. 958

"သန်မာလွန်းတယ်၊ ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က သူနဲ့အဆင့်တူတောင် ရှိမနေဘူး" သွေးစီးဆင်းသူတော်စင်အရှင်က အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားတယ်။

အစကတော့ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က သူတို့ကို စမ်းသပ်ဖို့ သူ့ကို ဒီနေရာကို စေလွှတ်တဲ့အခါ သူက အများကြီးမတွေးမိဘူး။ သူ့အမြင်အရ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မမှာ ကျွမ်းကျင်သူတစ်ယောက်ရှိရင်တောင် သူက ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်နဲ့တူညီတဲ့အဆင့်မှာပဲ ရှိလောက်မယ်ပေါ့။ ကျွမ်းကျင်သူက ပိုသန်မာတော့ရော ဘာဖြစ်လဲ။ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ကိုယ်တိုင်က မဟာကျွမ်းကျင်သူတစ်‌ယောက်ဖြစ်ပြီး ထာဝရစစ်တပ်ရဲ့သူတော်စင်အရှင်တွေအကြားမှာ အဆင့်၂ဖြစ်တယ်။ သူက အဆင့်၁ဖြစ်တဲ့ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ထက်သာ နိမ့်ကျတယ်။

လီဖူချန်းရဲ့ခွန်အားကို မြင်တွေ့ပြီးနောက် သွေးစီးဆင်းသူတော်စင်အရှင်က သေရေးရှင်ရေးအာရုံတစ်ခု ဖြစ်ပေါ်လာတယ်။ လီဖူချန်းက ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ထက် အများကြီးပိုမြင့်ပြီး လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်နဲ့ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်တို့နဲ့ နီးကပ်လောက်တယ်ဒါမှမဟုတ်တူညီတဲ့အဆင့်မှာရှိလောက်တယ်။

"ကြယ်ပျံကြွေက တကယ်မယုံနိုင်စရာကောင်းတဲ့ဓားကွက်တစ်ခုပဲ၊ ငါ ရှုံးတယ်" ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က အရှုံးကို လုံးဝလက်ခံလိုက်တယ်။

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မကို လှည့်ကြည့်ကာ ပြောလိုက်တယ်"သူ့အကူအညီနဲ့ဆိုရင် မင်းတို့က ငါတို့ရဲ့နတ်ဆိုးရှင်ဘုရင်နဲ့ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ကို ယှဉ်ပြိုင်နိုင်တယ်။ ဒါပေမယ့် မျှော်လင့်ချက်တော့ အများကြီးမထားပါနဲ့၊ ငါတို့ရဲ့နတ်ဆိုးဘုရင်က မင်းထင်ထားတက် ပိုသန်မာတယ်"

ပြောပြီးနောက် ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်နဲ့သွေးစီးဆင်းသူတော်စင်အရှင်တို့က ထွက်ခွာသွားတော့တယ်။

ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက လီဖူချန်းကို ပြောလိုက်တယ်"လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်နဲ့ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်တို့ရဲ့ခွန်အားက တကယ်မတိုင်းတာနိုင်ဘူး။ တစ်ယောက်မှ သူတို့ရဲ့အစစ်အမှန်ခွန်အားကို မသိဘူး"

လီဖူချန်းက ပြောလိုက်တယ်"မစိုးရိမ်နဲ့၊ ယုံကြည်ချက်မရှိဘဲနဲ့ ငါက မင်းတို့နဲ့ပူးပေါင်းဖို့ သဘောတူလိမ့်မှာမဟုတ်ဘူး"

စောစောက ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်နဲ့ ဖလှယ်မှုအတွင်း လီဖူချန်းက သူ့ခွန်အားရဲ့၁ရာခိုင်နှုန်းကိုတောင် အသုံးမပြုခဲ့ဘူး။ လက်ရှိအချိန်မှာ အဆင့်၄ဒါမှမဟုတ်အဆင့်၃ကောင်းကင်ဘုံအရှင်တွေကသာ သူ့အတွက် ပြိုင်ဘက်တွေပဲ။

…

"မင်းတောင် ရှုံးသွားတာလား" ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ကို ကြက်သွေးရောင်နှင်းသူတော်စင်နန်းတော်ရဲ့ကျွမ်းကျင်သူက အနိုင်ယူခဲ့တာကို သိရှိပြီးနောက် လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က အတော်လေးအံအားသင့်သွားတယ်။

ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က သက်ပြင်းတစ်ချက်ချလိုက်တယ်"သူက သူ့ရဲ့ဓားကိုတောင် မထုတ်ဘဲ တစ်ကွက်တည်းနဲ့ ငါ့ကို အနိုင်ယူခဲ့တယ်"

ထိုစကားကို ကြားပြီး လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။  သူ့ခွန်အားက ဒီအဆင့်ကိုသာ ရောက်ရှိနေပြီး အများကြီးပိုမသန်မာပါဘူး။ ဆိုလိုတာကတော့ ထိုကျွမ်းကျင်သူက သူနဲ့အဆင့်တူမှာ ရှိတယ်ပေါ့။

ဒါပေမယ့် ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မမှာ ကျွမ်းကျင်သူတွေနည်းလွန်းပြီး တစ်ယောက်တည်းကိုပဲ မှီခိုရုံနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး။

"ငါတို့က ကြက်သွေးရောင်နှင်းသူတော်စင်နန်းတော်ရဲ့ခွန်အားကို သိပြီးပြီးဆိုတော့ သူတို့ကို ထပ်စမ်းသပ်ဖို့မလိုတော့ဘူး။ ငါတို့ရဲ့ပြိုင်ဘက်က နောက်ဆုံးတော့ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ပဲ ဖြစ်လာမှာပဲ"

ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့ပတ်သက်ပြီးပြောတဲ့အခါ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ရဲ့မျက်လုံးတွေက အထင်ကြီးလေးစားမှုတွေ၊ တိုက်ခိုက်လိုစိတ်တွေနဲ့ ပြည့်သွားတယ်။ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ရဲ့ခွန်အားက အကန့်အသတ်မဲ့ဖြစ်ပြီး လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က လက်ရွေးစင်ကျွမ်းကျင်သူတစ်ယောက်ကို ကွယ်ဝှက်ထားရင်‌တောင် အနိုင်ရဖို့ ယုံကြည်ချက်မရှိသေးပါဘူး။

…

ဝီ.....ဝီ.....ဝီ.....

ထာဝရကြယ်က ရွေ့လျားနေတာကို လူတိုင်းက ခံစားမိတယ်။

"ဒါက"

ထာဝရစွမ်းအား အရူးအမူးတိုးဝင်လာတာကို ခံစားမိတဲ့အခါ ထာဝရကလေးအမွေဆက်ခံခြင်းအခမ်းအနားက စတင်တော့မှာကို လူတိုင်းက နားလည်လိုက်တယ်။

ယခု ထာဝရအံ့ဖွယ်နန်းတော်က အလွန်အမင်းတောက်ပနေတယ်၊ အဆုံးမဲ့ထာဝရစွမ်းအားက နန်းတော်ထဲသို့ တိုးဝင်လာနေပြီး ၎င်းကို အဆက်မပြတ် ပြောင်းလဲပေးနေတယ်။

ထာဝရနတ်နန်းတော်ရဲ့အရှေ့ကွက်လပ်ပေါ်မှာ ထာဝရစွမ်းအားနဲ့ဖွဲ့တည်ထားတဲ့ဂိတ်ပေါက်တစ်ခုရှိတယ်။ တစ်ယောက်ယောက်က ဂိတ်ပေါက်ကို ဖြတ်ပြီး အခြားကမ္ဘာတစ်ခုကို ရေးတေးတေးမြင်နိုင်တယ်။

ဒါက ထာဝရလျှို့ဝှက်နယ်မြေထဲသို့ တည်နေရာရွှေ့ပြောင်းရေးဂိတ်ပေါက်ပါပဲ။

အမွေအနှစ်ဆက်ခံခြင်းပြိုင်ပွဲက ထာဝရလျှို့ဝှက်နယ်မြေထဲမှာ ကျင်းပလိမ့်မယ်။ လူတိုင်းက ထာဝရကလေးတိုကင်ကို ရရှိဖို့သာ လိုအပ်တယ်။ အဲဒါကို ရရှိပြီးမှသာ ထာဝရနတ်နန်းတော်ကို ဝင်ရောက်ပြီး အမွေအနှစ်ဆက်ခံခြင်းကို လက်ခံဖို့ လိုအပ်ချက်ပြည့်မှီလိမ့်မယ်။

ရွှမ်း....ရွှမ်း....ရွှမ်း....ရွှမ်း....

ပုံရိပ်များစွာက ထာဝရနတ်နန်း‌တော််ရဲ့အရှေ့ကွက်လပ်ပေါ်သို့ ဆင်းသက်လာကြတယ်။

ဒီပုံရိပ်တွေကို ဆယ့်သုံးဖွဲ့ခွဲထားတယ်။ အဖွဲ့တစ်ခုစီမှာ ခေါင်းဆောင်တစ်ယောက်ရှိပြီး သူတို့အားလုံးက ထာဝရကလေးနေရာအတွက် ကိုယ်စားလှယ်လောင်းတွေပါပဲ။

လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်၊ သူတို့အဖွဲ့က အရေအတွက်အနည်းဆုံးဆိုတာကို သတိပြုမိသွားတယ်။ အခြားကိုယ်စားလှယ်လောင်းတွေမှာ အနည်းဆုံးအဖွဲ့ဝင်ခြောက်ယောက်ဒါမှမဟုတ်ခုနှစ်ယောက်ရှိပြီး အကြီးဆုံးအဖွဲ့တွေက အဖွဲ့ဝင်နှစ်ဆယ်ကျော်တယ်။

ဒါပေမယ့် အရည်အသွေးအားဖြင့် လီဖူချန်းတို့အတွင်းမှာ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မကိုလည်း ထိပ်တန်းအဆင့်လို့ သတ်မှတ်နိုင်တယ်။ အချို့အသင်းတွေက အရေအတွက်သာများပြီး ခွန်အားအရ အားနည်းလွန်းတယ်။

ဒါပေမယ့် ထာဝရကလေးတိုကင်ပြိုင်ပွဲက ခွန်အားသာမကဘူး၊ ကံတရားလည်း လိုအပ်တယ်။ တစ်‌ယောက်ယောက်က တိုကင်ကို ရှာတွေ့ပြီး ဘယ်သူမှ လိုက်မမိီခင် ထာဝရလျှို့ဝှက်နယ်မြေထဲမှ ပြေးထွက်လာနိုင်ရင် ခွန်အားက ခြားနားချက်တစ်ခု ဖြစ်လာတော့မှာမဟုတ်ဘူး။

လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က မိတ်ဆက်ပေးဖို့တောင် မလိုဘူး၊ လီဖူချန်းက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်တို့ကို သိထားပြီဖြစ်တယ်။

ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က တိုင်တန်သူတော်စင်အရှင်တစ်ယောက်ဖြစ်တာ သိသားတယ်။ သူ့ရဲ့ချီတည်ရှိမှုက ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ထက် အဆဒါဇင်အနည်းငယ်ပိုသန်မာတယ်။ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က အနည်းငယ်အားနည်းပေမယ့် သူ့ရဲ့ချီတည်ရှိမှုကလည်း ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ထက် အဆဒါဇင်အနည်းငယ်ပိုသန်မာတယ်။

ဒါ့အပြင် ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်တို့အဖွဲ့မှာ ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ထက်ပိုသန်မာတဲ့နောက်ထပ်သူတော်စင်အရှင်နှစ်ယောက်ရှိတယ်။  လီဖူချန်း ထင်တာမမှားရင် ဒီနှစ်ယောက်က ထာဝရစစ်တပ်ရဲ့ထိပ်ဆုံးသူတော်စင်အရှင်ဆယ်‌ယောက်ထဲမှာ ပါဝင်လောက်တယ်။

အဲအစား လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်တို့အဖွဲ့က လီဖူချန်းကို အံ့အားသင့်မှုတစ်ခုပေးခဲ့တယ်။

လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်နဲ့ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်တို့ရဲ့ဘေးနားမှာ မထင်မရှားဓားမော့ပညာရှင်တစ်ယောက်ရှိပြီး လီဖူချန်းကို အလွန်မျက်စိဖမ်းစားသွားတယ်။

ဓား‌မော့ကိုင်ဆွဲသူရဲ့ချီတည်ရှိမှုက လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ထက် ပိုသန်မာပြီး ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့ နှိုင်းယှဉ်နိုင်တယ်။

ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်တို့အဖွဲ့မှာ နောက်ထက်ကျွမ်းကျင်သူတွေမရှိရင် လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်တို့အဖွဲ့က ပိုမြင့်မားပေလိမ့်မယ်။

"ငါမပါရင် ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မတို့အဖွဲ့က ထာဝရကလေးအမွေဆက်ခံခြင်းကို ရရှိဖို့က ကံကိုသာ အားကိုးရမယ်" လီဖူချန်းက သူ့ရာသူပြောလိုက်တယ်။

ထိုအချိန်မှာ ပုံရိပ်တစ်ခုက ထာဝရနတ်နန်းတော်ရဲ့လေထဲမှာ ထွက်ပေါ်လာတယ်။

ပုံရိပ်ထွက်ပေါ်လာတာနဲ့ လူတိုင်းက အသက်ရှုသံကို အလိုအလျောက် ထိန်းချုပ်လိုက်မိတယ်။

ပုံရိပ်မှစွမ်းအားက အကန့်အသတ်မဲ့ဖြစ်ပြီး သူ့ရဲ့ချီတည်ရှိမှုက ထာဝရရှင်သန်ခြင်းအာရုံတစ်ခုရှိတယ်။

ဒါက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေကသာ ဒီလိုလွှမ်းမိုးကြီးစိုးခြိမ်းခြောက်ခြင်းအရှိန်အဝါကို ပေးစွမ်းပေလိမ့်မယ်။

ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက လီဖူချန်းထံ သတင်းတစ်ခုပို့လိုက်တယ်" ဒါက ထာဝရကြယ်ကိုကြီးကြပ်အုပ်ချုပ်တဲ့မမြဲခြင်းအရှင်ပဲ။ ဒါပေမယ့် ဒါက သူ့ကိုယ်ပွားပဲ ဖြစ်မယ်"

ထာဝရစစ်တပ်မှာ တပ်မှူးတွေအပြင် ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေများစွာရှိပြီး မမြဲခြင်းအရှင်က သူတို့အထဲကတစ်ယောက်ဖြစ်တယ်။

လီဖူချန်းက ခေါင်းညိတ်ပြလိုက်တယ်။

"အမွေအနှစ်ဆက်ခံခြင်း စတင်ပြီ။ ထာဝရလျှို့ဝှက်နယ်မြေမှထာဝရကလေးတိုကင်ကို ယူလာနိုင်တဲ့ဘယ်သူမဆို အမွေအနှစ်ဆက်ခံခြင်းကို လက်ခံဖို့အရည်အချင်းပြည့်မှီတယ်။ ထာဝရလျှို့ဝှက်နယ်မြေထဲ အခုပဲ ဝင်ရောက်တော့"

"ဟုတ်ကဲ့"

လူတိုင်းက ထာဝရလျှို့ဝှက်နယ်မြေထဲ စတင်ဝင်ရောက်ခဲ့ကြတယ်။

…

ထာဝရလျှို့ဝှက်နယ်မြေထဲမှာ အဖြူရောင်မြူတွေနဲ့ ပြည့်နှက်နေတယ်။ မြူက မြူမဟုတ်ဘဲ ဥပဒေသတစ်မျိုးရဲ့သရုပ်သကန်တစ်ခု ဖြစ်တယ်။ လူတိုင်းရဲ့လိပ်ပြာအသိစိတ်အာရုံကို မြူတွေက ဟန့်တားထားပြီး ရှာဖွေခြင်းအကွာအဝေးကို ကန့်သတ်ထားတယ်။

အားလုံးက အဖြူရောင်မြူထဲမှာ လူသားအရိပ်တွေကို ရေးတေးတေးမြင်နိုင်တယ်။

စူးရှတဲ့ဟိန်းသံတစ်ခုထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက မြူထဲမှ ထွက်လာကာ အနီးဆုံးသူတော်စင်အရှင်ထံ ပြေးဝင်လာတယ်။

"ထွက်သွားစမ်း"

သူတော်စင်အရှင်က လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်လိုက်တယ်၊ သူက ရန်သူကို သတ်ချင်ခဲ့တယ်။ ဒါပေမယ့် ပုံရိပ်က လက်ဝါးအားကို လစ်လျူရှုပြီး သူတော်စင်အရှင်ရဲ့ခန္ဓာကိုယ်ပေါ်သို့ တွယ်ကပ်လိုက်တယ်။

အားအား......

သနားစဖွယ်အော်သံတစ်ခု ထွက်လာပြီး သူတော်စင်အရှင်ရဲ့အမူအရာက ကြောက်ရွံ့မှုကြောင့် တွန့်လိမ်သွားတယ်။ စွမ်းအင်တစ်ခုပေါက်ကွဲထွက်လာပြီး သူက နောက်ဆုံးတော့ ပုံရိပ်ကို သူ့ခန္ဓာကိုယ်မှ မောင်းထုတ်ခဲ့တယ်။

"ဒါ ထာဝရစိတ်ဝိညာဉ်ပဲ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ပြောလိုက်တယ်။

လူတိုင်းက ထာဝရလျှို့ဝှက်နယ်မြေမှာ ထာဝရစိတ်ဝိညာဉ်ရှိတာကို သိတယ်။

အဖြူရောင်မြူတွေ လှုပ်ရှားနေပြီး နောက်ထပ်ထာဝရစိတ်ဝိညာဉ်တွေက ပြေးထွက်လာတယ်။

"သေစမ်း" ကြေးနီရောင်လူက ထာဝရစိတ်ဝိညာဉ်တစ်ကောင်နဲ့ တိုက်ခိုက်လိုက်တယ်။

စော‌စောက သူတော်စင်အရှင်နဲ့ မတူညီတာကတော့ ကြေးနီရောင်လူက ထာဝရစိတ်ဝိညာဉ်ရဲ့ခန္ဓာကိုယ်ကို တွေ့ရမှန်း သိသာတယ်။

ငါ သိပြီ" လီဖူချန်းက နားလည်သွားတယ်။

ထာဝရစိတ်ဝိညာဉ်ကို တွေ့နိုင်ပေမယ့် တစ်ယောက်ယောက်ရဲ့ကျင့်ကြံခြင်းအဆင့်က လုံ‌လုံလောက်လောက်မြင့်မားရမယ်။

ဒါပေမယ့် ဒီနေရာမှာ သေချာပေါက် အားနည်းသူတွေရှိပြီး ဒီထာဝရစိတ်ဝိညာဉ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့က အလွန်ဒုက္ခရောက်နေတော့တယ်။

လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားချီတစ်ခုက ပေါက်ကွဲထွက်လာပြီး ချဉ်းကပ်လာတဲ့ထာဝရစိတ်ဝိညာဉ်က နှိမ်နှင်းခံလိုက်ရတယ်။ အခြားသူတွေအတွက် ထာဝရစိတ်ဝိညာဉ်ကို ကိုင်တွယ်ဖို့က ခက်ခဲပေမယ့် လီဖူချန်းအတွက်ကတော့ အဲဒါကို သူ့လက်ကိုဝှေ့ယမ်းတာလောက် လွယ်ကူတယ်။

တစ်ပတ်က လျင်မြန်စွာ ကုန်ဆုံးသွားတယ်။ တစ်ယောက်မှ ထာဝရကလေးတိုကင်ကို အခုထိ မတွေ့သေးပါဘူး။

ထိရောက်မှုကို တိုးမြှင့်ဖို့ ထာဝရလျှို့ဝှက်နယ်မြေကို ဝင်ရောက်ပြီး‌နောက် လီဖူချန်းနဲ့အခြားသူတွေက ခွဲထွက်လာ‌တော့တယ်။ သူတို့က သတင်းအချက်အလက်တွေကို ဖလှယ်ဖို့ ဆက်သွယ်ရေးတိုကင်တွေကို အသုံးပြုခဲ့တယ်။

ဆူနာမီကဲ့သို့ စူးရှတဲ့အသံတစ်ခု ထွက်ပေါ်လာပြီး ထာဝရစိတ်ဝိညာဉ်ထောင်ကျော်က လီဖူချန်းထံ တစ်ဟုန်ထိုးပြေးဝင်လာတော့တယ်။

လီဖူချန်းရဲ့မြန်နှုန်းက မလျော့ကျခဲ့ဘူး၊ သူက ထာဝရစိတ်ဝိညာဉ်တွေကို ကျော်ဖြတ်သွားခဲ့တယ်။

ဝှစ် ဝှစ်.......

ထာဝရစိတ်ဝိညာဉ်ထောင်ကျော်က ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။

"ထာတရတိုကင်.....ငါ ထာဝရတိုကင်ကို ရှာတွေ့ပြီ"

ထာဝရလျှို့ဝှက်နယ်မြေရဲ့အနက်ပိုင်းထဲမှာ သူတော်စင်အရှင်တစ်ယောက်က ရွှေရောင်တိုကင်တစ်ခုကို ကိုင်ထားလျက် ပီတိဖြာနေ‌တော့တယ်။

ထာဝရကလေးအမွေဆက်ခံခြင်းက ကိုယ်စားလှယ်လောင်းတွေကိုသာ အကြိီးအကျယ်အကျိုးရှိစေတာမဟုတ်ဘူး၊ အဲဒါက ကိုယ်စားလှယ်လောင်းရဲ့နောက်လိုက်တွေကိုလည်း အကျိုးရှိစေတယ်။ တစ်ယောက်ယောက်ရဲ့ခေါင်းဆောင်က ထာဝရကလေးငယ်တစ်ယောက်ဖြစ်လာရင် ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခွန်အားရှိလာပြီး တပ်ရင်းတစ်ခုကို ဖန်တီးနိုင်ရင် နောက်လိုက်တွေကရော တစ်ချိန်တည်းမှာ မြင့်တက်လာလိမ့်မယ်မဟုတ်ဘူးလား။

"ကြည်လင်အလင်းသူတော်စင်အရှင်ကို အမြန်ဆက်သွယ်ရမယ်" သူတော်စင်အရှင်က သူ့ရဲ့နေရာလပ်လက်စွပ်မှ ဆက်သွယ်ရေးတိုကင်ကို ယူထုတ်လိုက်တယ်။

သူ ထာဝရတိုကင်ကို ရရှိလိုက်တာနဲ့ သူက အားလုံးရဲ့ပစ်မှတ်ဖြစ်လာမှန်း သူ မသိခဲ့ပါဘူး။

"ထာဝရတိုကင်ကို ရှာတွေ့သွားပြီလား" ထာဝရကလေးကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ထာဝရတိုကင်ကို ဦးစွာအာရုံခံမိခဲ့တယ်။

"မြန်မြန်ငါ့ဆီလာခဲ့ကြ၊ ထာဝရတိုကင် ထွက်ပေါ်လာပြီ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ကျန်ငါးယောက်ကို သတင်းပို့လိုက်တယ်။

ရွှမ်း......

မြန်နှုန်းကို တင်ကာ လီဖူချန်းနဲ့အခြားသူတွေက ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မရဲ့တည်နေရာသို့ တစ်ဟုန်ထိုးပြေးလာကြတော့တယ်။

"ဟားဟား၊ ထာဝရတိုကင်က ငါ့ဟာပဲ" ကြည်လင်အလင်းသူတော်စင်အရှင်က ထာဝရတိုကင်ကို ကိုင်လျက် အားပါးတရရယ်မောလိုက်တယ်။

ကြည်လင်အလင်းသူတော်စင်အရှင်ကို အားနည်းတယ်လို့ သတ်မှတ်လို့မရပါဘူး၊ သူက ထာဝရစစ်တပ်ရဲ့သူတော်စင်အရှင်တွေကြားမှာ ထိပ်ဆုံးနှစ်ဆယ်ထဲဝင်တယ်။ တစ်ဦးချင်းစီခွန်အားအရ သူက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ထက် အများကြီးနိမ့်ကျပေမယ့် တစ်ခါတစ်ရံ‌မှာ ကံတရားက ခွန်အားထက် ပိုအရေးကြီးတယ်။

"ထာဝရလျှို့ဝှက်နယ်မြေမှ အရင်ထွက်သွားကြစို့" ကြည်လင်အလင်းသူတော်စင်အရှင်တို့အဖွဲ့က ထာဝရလျှို့ဝှက်နယ်မြေရဲ့ထွက်ပေါက်ဆီ ပျံသန်းလာ‌တော့တယ်။

"ကြည်လင်အလင်းသူတော်စင်အရှင်၊ မင်းက ထာဝရတိုကင်ကို ရဖို့ အရည်အချင်းမရှိဘူး။ မြန်မြန် ငါ့ကို လွှဲပေးလိုက်" ပုံရိပ်တစ်ခုက အလွန်အမင်းမြန်နှုန်းနဲ့ အနောက်မှ လိုက်လာတယ်။

"သူ့ကို သွားတားထားလိုက်" ကြည်လင်အလင်းသူတော်စင်အရှင်ရဲ့အမူအရာက ပြောင်းလဲသွားတယ်။

ဝုန်း ဝုန်း ဝုန်း ဝုန်း.......

ကြည်လင်အလင်းသူတော်စင်အရှင်ရဲ့နောက်လိုက်တွေက အတော်လေးအားနည်းပြီး လျင်မြန်စွာ ဖယ်ရှားခံလိုက်ရတယ်။

ကြည်လင်အလင်းသူတော်စင်အရှင်၊ ငါ့ကို ဖိအားမပေးနဲ့"

လိုက်လာသူက အလွန်အမင်းမြန်တယ်။ စောစောက အနောက်‌တော်တော်ဝေးဝေးမှာ ရှိနေပေမယ့် အခု လိုက်မီလာပြီ။

"အထွတ်အထိပ်အလင်းသူတော်စင်အရှင်၊ ငါ အဲဒါကို မရနိုင်ရင်တောင် မင်းလည်း ရဖို့ မစဉ်းစားနဲ့"

ကြည်လင်အလင်းသူတော်စင်အရှင်က လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ထာဝရတိုကင်က ရွှေရောင်အလင်းတစ်ခုအဖြစ် ပြောင်းသွားတယ်။ ပြီးနောက် တိုကင်က အဖြူရောင်မြူခိုးထဲသို့ လျင်မြန်စွာ ပြောင်းရွှေ့သွားတော့တယ်။

"မင်း......"

အထွတ်အထိပ်အလင်းသူတော်စင်အရှင်က ကြည်လင်အလင်းသူတော်စင်အရှင်ကို စိုက်ကြည့်ပြီး‌ ထာဝရတိုကင်ပျောက်ကွယ်သွားတဲ့ဦးတည်ဘက်ရှိရာသို့ ပြေးသွားလိုက်တယ်။

"တောက်" အထွတ်အထိပ်အလင်းသူတော်စင်အရှင်ရဲ့နောက်ကျော်ကို ကြည့်ရင်း ကြည်လင်အလင်းသူတော်စင်အရှင်က အံ့ကြိတ်လိုက်တယ်။

သူက ထာဝရတိုကင်ကို လက်မလျှော့ရင်တောင် အသုံးမဝင်ဘူး၊ အထွတ်အထိပ်အလင်းသူတော်စင်အရှင်က ထာဝရစစ်တပ်ရဲ့သူတော်စင်အရှင်တွေအကြားမှာ အဆင့်၄ရှိပြီး မြန်နှုန်းအထူးပြုသူဖြစ်တယ်။ ကြည်လင်အလင်းသူတော်စင်အရှင်က ခွန်အားရောမြန်နှုန်းပါ နိမ့်ကျတယ်။ ဒဏ်ရာအပြင်းအထန်ရပြီးအခွင့်အရေးကို လုံးဝဆုံးရှုံးသွားရမယ့်အစား ယာယီလက်လျော့လိုက်တာ ပိုကောင်းပါတယ်လေ။

ထာဝရတိုကင်ပေါ်ထွက်လာမှုက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာစေတယ်။ အစက ထာဝရတိုကင်က ကြည်လင်အလင်းသူတော်စင်အရှင်ရဲ့လက်ထဲမှာ ရှိတယ်၊ အခု အဲဒါက အထွတ်အထိပ်အလင်းသူတော်စင်အရှင်ရဲ့လက်ထဲမှာရှိတယ်။ ပြီးနောက် ကိုယ်စားလှယ်လောင်းအနည်းငယ်က ထွက်ပေါ်လာတယ်၊ ဒါပေမယ့် တစ်ယောက်မှ အထွတ်အထိပ်အလင်းသူတော်စင်အရှင်အတွက် ပြိုင်ဘက်မဟုတ်ခဲ့ကြဘူး။

ဒါပေမယ့် အထွတ်အထိပ်အလင်းသူတော်စင်အရှင်က အသည်းအသန်ပြေးနေလျက်ပါပဲ။ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်နဲ့ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်တို့က သူ့ကို လိုက်မီသွားရင် အခွင့်အရေးလုံးမရှိ‌တော့ဘူးဆိုတာကို သူက ကောင်းစွာသိတယ်။

ထာဝရလျှို့ဝှက်နယ်မြေက အဖြူရောင်မြူတွေနဲ့ ပြည့်နေတာကြောင့် ကြည်လင်အလင်းသူတော်စင်အရှင်က ထွက်ပေါက်ကို အလွယ်တကူရှာမတွေ့နိုင်တော့ဘူး။ အဆုံးမှာတော့ သူ့ကို ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က လိုက်မိီလာခဲ့တယ်။

အဝေးမှ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်ကာ အထွတ်အထိပ်အလင်းသူတော်စင်အရှင်ကို တိုက်ခိုက်လိုက်ပြီး ဒဏ်ရာအပြင်းအထန်ရသွားစေတယ်။ ပြီးနောက် ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က စုပ်အားတစ်ခုကို ထုတ်ဖော်ကာ ထာဝရတိုကင်ကို ဆွဲယူလိုက်တယ်။

ထိုအချိန်မှာ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က အပြေးရောက်လာတယ်။ သူက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ရဲ့လက်ထဲရှိထာဝရတိုကင်ကို စူးစူးစိုက်စိုက်ကြည့်နေတယ်။

"လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်၊ မင်းက ငါ့အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူး။ မဖြစ်နိုင်တာကို အိမ်မက်မက်မနေနဲ့"

" မင်း.....စောင့်ကြည့်နေပါအုံး......"

လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က ချက်ချင်းမလှုပ်ရှားခဲ့ဘူး၊ သူက သူ့နောက်လိုက်တွေရောက်အလာကို စောင့်နေတယ်။

မကြာမီမှာပဲ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ရဲ့နောက်လိုက်တွေက ရောက်ရှိလာတယ်၊ ဒါပေမယ့် ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ရဲ့နောက်လိုက်တွေလည်း အချိန်မီရောက်ရှိလာတယ်။

အခြားအဖွဲ့တွေလည်း အနီးဝန်းကျင်မှာ ထွက်ပေါ်လာပြီး အနေအထားကို စောင့်ကြည့်နေကြတယ်။

All Chapters