ခွန်အားနဲ့ဖိနှိပ်ခြင်း
Vol. 69 Ch. 959
"သတ်"
မျက်လုံးမှာ တိုက်ခိုက်ရေးဆန္ဒတွေအပြည့်နဲ့ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ထံ ပြေးဝင်လာတယ်။
ဝုန်း......
ကြောက်စရာကောင်းတဲ့ချီလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်တို့နှစ်ယောက်လုံးက အသီးသီး နောက်ဆုတ်လိုက်ရတယ်။
ဒါပေမယ့် ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က မီတာရာအနည်းငယ်သာ နောက်ဆုတ်သွားပေမယ့် လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က မိုင်ဒါဇင်အနည်းငယ်အထိ နောက်ဆုတ်လိုက်ရတယ်။
"နောက်တစ်ကြိမ်....."
လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က အနက်ရောင်လှံတစ်ခုကို ဆွဲထုတ်လိုက်တယ်၊ အဲဒါက အလယ်ဆင့်အန္တိမအဆင့်လက်နက်ဖြစ်တဲ့လောဘဝံပုလွေလှံပါပဲ။
ဝူး.......
ပြင်းထန်တဲ့အူသံတစ်ခု ထွက်ပေါ်လာတယ်၊ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က လှံနဲ့ထိုးသွင်းလိုက်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ဝံပုလွေတစ်ကောင်က ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ထံ တိုက်ခိုက်လာတယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က နှာခေါင်းရှုံ့လိုက်တယ်၊ သူ့ရဲ့ညာလက်ကို ဆန့်ထုတ်ကာ ရက်စက်ကြမ်းကြုတ်တဲ့ဝံပုလွေတိုက်ခိုက်မှုကို တားဆီးလိုက်တယ်။
"ထွက်သွားစမ်း"
ညာလက်မှ အားတစ်ခုကို ထုတ်လွှတ်ကာ ဝံပုလွေကို ဖောက်ခွဲဖျက်ဆီးလိုက်တယ်။ ပြင်းထန်တဲ့ချီအားက လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ကို လွင့်ထွက်ကာ သွေးအန်သွားစေတယ်။
အဆုံးမှာတော့ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ထက် အနည်းငယ်နိမ့်ကျတယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ကို အလွယ်တကူထွက်သွားခွင့်မပြုမှန်း အလွန်သိသာတယ်။ သူ့ရဲ့ညာလက်သီးကို ကျစ်ကျစ်ဆုပ်လျက် ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ကို ထိုးနှက်လိုက်တယ်။
ဒီလက်သီးက သာမန်ဆန်ပုံပေါက်ပေမယ့် ကမ္ဘာလို ခံစားရတယ်။
ဒီလက်သီးနဲ့ရင်ဆိုင်ရတဲ့ဘယ်သူမဆို သူတို့က စကြာဝဠာကို ရင်ဆိုင်နေရသလို ခံစားမိလိမ့်မယ်။
လက်သီးချက်မရောက်လာခင် လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က အသက်တောင် မရှုနိုင်တော့ဘူး။ သူက ကြီးမားပြင်းထန်တဲ့ဖိအားကို ခံစားနေရတယ်။
"ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်၊ ငါ ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်က မင်းကို စမ်းသပ်ချင်တယ်"
ထိုအချိန်မှာ ဓားမော့အလင်းတစ်ခုက မိုးကုတ်စက်ဝိုင်းမှ လင်းလက်လာတယ်။
အုံး........
ဟင်းလင်းပြင်က ပေါက်ကွဲထွက်သွားပြီး ကြောက်စရာကောင်းတဲ့အနက်ရောင်အပေါက်တစ်ခုက မွေးဖွားလာတယ်။
သတိပေါ့လျော့မိတာကြောင့် ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က နောက်သို့ လွင့်ထွက်သွားတယ်။
"ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်...." ကြည့်ရှုနေသူတွေက မှင်တက်သွားရတယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ကို ထာဝရစစ်တပ်တစ်ခုလုံးက သိသလို ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ကိုလည်း ဓားမော့မဟာမိတ်တစ်ခုလုံးက သိတယ်။
ဓားမော့မဟာမိတ်ရဲ့နံပါတ်၂သူတော်စင်အရှင်အနေနဲ့ ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ရဲ့ဂုဏ်သတင်းက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ထက် ပိုမြင့်တယ်။ အလုံးစုံခွန်အားအရ ဓားမော့မဟာမိတ်က ထာဝရစစ်တပ်ထက် သိသိသာသာပိုသန်မာတယ်။
"လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ကို တကယ်ဖိတ်ခေါ်ထားတာပဲ။ သူ ဒီလောက်ယုံကြည်ချက်ရှိနေတာ အံ့ဩစရာမရှိဘူးပဲ"
"ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က ပြီးဆုံးသွားလောက်ပြီ။ သူ့နောက်လိုက်တစ်ယောက်ကမှ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ကို မကိုင်တွယ်နိင်ဘူး"
"ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်မှာ ဘယ်သူအသာစီးရမလဲကို ကြည့်ပြီးတော့ ရလဒ်ကို ဆုံးဖြတ်နိုင်ပြီ"
လူတိုင်းက အပူတပြင်းဆွေးနွေးနေကြတယ်။
ဝုန်း ဝုန်း ဝုန်း......
နှစ်ယောက်ကြားတိုက်ပွဲက အလုံးစုံဖျက်ဆီးခြင်းလို့ ခေါ်ဆိုနိုင်တယ်။ ချီအားပျံ့နှံ့သွားတာနဲ့ ထာဝရစိတ်ဝိညာဉ်တွေ အသာထား၊ အဖြူရောင်မြူတွေကတောင် ပျောက်ကွယ်သွားရတယ်။
"သွားစမ်း"
လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ဦးဆောင်လာတဲ့နောက်လိုက်တွေက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ဦးဆောင်လာတဲ့ကျွမ်းကျင်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေကြတယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ရဲ့နောက်လိုက်တွေကို ဖယ်ရှားနိုင်သရွေ့ သူ့မှာ အလွန့်အလွန်ထူးကဲတဲ့ခွန်အားရှိရင်တောင် သူတို့က ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ကို ဖျက်ဆီးနိုင်လိမ့်မယ်။
ကြည့်ရှုသူအရေအတွက်က တိုးလာပြီး ကျွမ်းကျင်သူတွေကလည်း များပြားလာတယ်။ ဒါပေမယ့် တစ်ယောက်မှ ပြေးဝင်သွားလောက်တဲ့အထိ မမိုက်မဲပါဘူး။
ဆ
သူတို့အားလုံးက နှစ်ဖက်လုံးသေကြေပျက်ဆီးတဲ့အထိ စောင့်နေကြတယ်။
"သူ ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ကို တကယ်ဖိတ်ခေါ်ခဲ့တာလား"
မကြာမီမှာတော့ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မတို့အဖွဲ့လည်း ရောက်ရှိလာကြတယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က ဓားမော့မဟာမိတ်ရဲ့နံပါတ်၂သူတော်စင်အရှင်နဲ့ တိုက်ပွဲဝင်နေတာကို မြင်ပြီးနောက် ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက မျက်မှောင်ကြုတ်လိုက်မိတယ်။
သူမက လီဖူချန်းရဲ့ခွန်အားအတိအကျကို မသိဘူး၊ သူက သန်မာရင်တောင် သူက ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်နဲ့ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်တို့နဲ့ ယှဉ်နိုင်ရုံလောက်ပဲ။ သူက ပိုတောင်အားနည်းနိုင်တယ်။
"နှစ်ဖက်စလုံးဒဏ်ရာရပြီးမှာ ငါတို့ လှုပ်ရှားကြတာပေါ့" အေးစက်စက်အမျိုးသမီးက အကြံပြုလိုက်တယ်။
လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်၊ လက်ရှိအချိန်မှာ ပြေးဝင်သွားဖို့ တကယ်ဆန္ဒမရှိဘူး။
"အရှုံးပေးစမ်း"
လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က သူ့ရဲ့ပြိုင်ဘက်တွေကို အပြည့်အဝဖိနှိပ်နေတယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်တို့ကလွဲပြီး တစ်ယောက်မှ သူ့အတွက် ပြိုင်ဘက်တွေ မဟုတ်ဘူးလေ။
သူ့ပြိုင်ဘက်က ထာဝရစစ်တပ်ရဲ့သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၆မှာရှိရင်တောင် လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က အကွက်ရာအနည်းငယ်အတွင်း အပြင်းအထန်ဒဏ်ရာရသွားစေခဲ့တယ်။
"ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်၊ မင်းမှာ အခွင့်အရေးမရှိတော့ဘူး။ ထာဝရတိုကင်ကို မြန်မြန်လွှဲပေးလိုက်တော့" လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က ဂုဏ်ယူစွာ ရယ်မောလိုက်တယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ရဲ့အမူအရာက အုံ့မှိုင်းသွားတယ်၊ သူနောက်လိုက်တွေအကုန်လုံးဒဏ်ရာရနေပြီး ချီတည်ရှိမှုတွေအားနည်းနေတာကို သူက မြင်လိုက်ရတယ်။
ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်က ဒီနေရာမှာမရှိရင် သူတစ်ယောက်တည်းဆိုရင်တောင် ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ကို ကြောက်စရာမလိုပါဘူး။
ဒါပေမယ့် ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ရှိလာတာကြောင့် နောက်လိုက်တွေရဲ့အရေးပါမှုက အကြီးအကျယ်တိုးမြင့်လာတယ်။
"လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်၊ငါ မင်းကို လျှော့တွက်ခဲ့တာ ဝန်ခံတယ် ဒါပေမယ့် မင်းအနေနဲ့ ငါ့ဆီကနေ ထာဝရတိုကင်ကို ရဖို့တော့ မဖြစ်နိုင်ဘူး"
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ရဲ့ဓားမော့ခုတ်ချက်တစ်ချက်ကို လက်ခံလိုက်တယ်၊ ပြီးနောက် သူက လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်နဲ့သူ့နောက်လိုက်တွေထံ လက်သီးတစ်လုံးပစ်သွင်းလိုက်တယ်။
ဖူး.......
လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ကလွဲပြီး ကျန်သူတွေအားလုံးက သွေးအန်ထွက်သွားကြတယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က အားကောင်းလွန်းတယ်၊ ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ရဲ့ဖိနှိပ်မှုနဲ့ဆိုရင်တောင် သူတို့က လက်သီးတစ်ချက်ကိုတောင် မရင်ဆိုင်နိင်သေဘူးပဲ။
"မင်းက ခေါင်းမာမှတော့ အရေအတွက်ကို အသုံးပြုတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့" လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ဆီ ပြေးဝင်တိုက်ခိုက်လာတယ်။
အနေအထားကို မြင်ပြီး ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်က မပျော်မရွှင်ဖြစ်သွားရတယ်။
ဖြစ်နိုင်မယ်ဆိုရင် သူက ဘယ်သူ့ကိုမှ ကူညီခွင့်ပြုမှာမဟုတ်ဘူး။
ဒါပေမယ့် လက်ရှိအချိန်မှာ သူက ထာဝရကလေးအမွေအနှစ်ဆက်ခံခြင်းအတွက် လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ကို ကူညီနေရတာလေ။
အရေးကြီးဆုံးအချက်ကတော့ သူတစ်ယောက်တည်းနဲ့ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ကို မရင်ဆိုင်နိုင်မှန်း ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်က ရှင်းလင်းစွာသိတယ်။ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က အားကောင်းရုံတင်မကဘူး၊ သူ့ရဲ့ခံစစ်ကလည်း အလွန်ခိုင်မာတယ်။ သူ့ရဲ့ဓားမော့တစ်ချက်ထိမှန်သွားတောင် ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်အတွက် အပေါ်ယံဒဏ်ရာတစ်ခုမျှသာပဲ။
နှစ်ယောက်ပေါင်းတိုက်ခိုက်မှုတွေနဲ့အတူ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က ခုခံရုံမျှသာတတ်နိုင်ပြီး သူ့အနေနဲ့ တန်ပြန်တိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူး။
ာက်က ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ကို အနိုင်ယူချင်တယ်ဆိုရင်တော့ တစ်ရက်နှစ်ရက်လောက်နဲ့ လုံလောက်မှာမဟုတ်ဘူး။ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ရဲ့ခုခံမာက ခိုင်မာလွန်းပြီး တစ်လနှစ်လလောက်နဲ့တောင် သူ့ကို သတ်ဖို့ မဖြစ်နိုင်ဘူး။
ကံကောင်းတာကတော့ ထာဝရတိုကင်ကို လုယူဖို့အတွက် ဒုက္ခမများတာပဲ။ ထာဝရတိုကင်ကို နေရာလပ်လက်စွပ်ထဲမှာ မသိမ်းဆည်းနိုင်ဘူးလေ။ အဲဒါကို ခန္ဓာကိုယ်ပေါ်မှာပဲ ထားလို့ရတာကြောင့် လုယူဖို့က ပိုလွယ်ကူလာတယ်။
"အချိန်က အသက်ပဲ၊ နောက်ထပ်စောင့်နေစရာမလိုဘူး" လီဖူချန်းကို ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်တယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်၊လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်နဲ့ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်တို့က လီဖူချန်းမြင်တွေ့ခဲ့သမျှဘယ်သူတော်စင်အရှင်ထက်မဆို ပိုအားကောင်းပေမယ့် လီဖူချန်းအတွက်တော့ သူတို့က ခြိမ်းခြောက်မှုတစ်ခုမဟုတ်သေးပါဘူး။
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ အရမ်းစိတ်လိုက်မာန်ပါမလုပ်နဲ့လေ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မနဲ့အခြားသူတွေက မင်တက်သွားတယ်။
လီဖူချန်းက တကယ်လှုပ်ရှားတော့မလို့လား။ ဒါက ပျားတူအုံတစ်ခုထဲ ပြေးဝင်သွားတာနဲ့ အတူတူပဲမဟုတ်လား။
တိုက်ပွဲမြေပြင်က ဖရိုဖရဲဖြစ်နေပေမယ့် လီဖူချန်းဝင်လာတာနဲ့ သူ့ကို လူတိုင်းက သေချာပေါက် တိုက်ခိုက်လာလိမ့်မယ်။
ကံမကောင်းတာကတော့ လီဖူချန်းက မြန်ဆန်လွန်းတာပဲ။ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မနဲ့အခြားသူတွေ ပြောမပြီးခင် သူက တိုက်ပွဲမြေပြင်ရဲ့အနီးကို ရောက်ရှိသွားပြီလေ။
"ဒါ ဘယ်သူလဲ"
"သူ သေချင်နေတာပဲ"
"ကြည့်ရတာ သူက ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မရဲ့အဖွဲ့ထဲကတစ်ယောက်ပဲ"
လီဖူချန်းထွက်ပေါ်လာမှုက အုတ်အုတ်ကျက်ကျက်ဖြစ်စေခဲ့တယ်။
"မာန်တက်လွန်းတယ်" အေးစက်စက်အမျိုးသမီးက ခေါင်းခါလိုက်တယ်။
လီဖူချန်း အလွန်အားကောင်းတယ်ဆိုတာ သူမ ဝန်ခံပေမယ့် သူ့ရန်သူက ဘယ်သူလဲအပေါ်မှာ မူတည်တယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ဒါမှမဟုတ်ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ဖြစ်စေ၊ သူတို့က စကြာဝဠာတစ်ခုလုံးရဲ့ထိပ်တန်းအဆင့်သူတော်စင်အရှင်တွေပဲ။ လီဖူချန်းက သူတို့ကို အထင်သေးလို့မရဘူး။
"ထွက်သွားစမ်း"
လက်သီး၊ လှံနဲ့ဓားမော့က လီဖူချန်းထံ ရောက်ရှိလာတယ်။
ဒါက သုံးယောက်လုံးရဲ့သာမန်ကာလျှံကာတိုက်ခိုက်မှုတွေပဲ။
ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်က လီဖူချန်းရဲ့နေရာမှာဆိုရင် အကြွင်းမဲ့ကျွမ်းကျင်သူသုံးယောက်ရဲ့တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကြေမွသွားစေလိမ့်မယ်။
"သူ သေချာပေါက် သေသွားလိမ့်မယ်" တစ်ယောက်ယောက်က လှောင်ပြုံးပြုံးလိုက်တယ်။
ဝုန်း.......
ချီအားတွေက လီဖူချန်းရဲ့ပုံရိပ်ကို ဖုံးလွှမ်းသွားတယ်။
အံ့အားသင့်စရာမြင်ကွင်းတစ်ခုပဲ၊ လက်သီး၊ လှံနဲ့ ဓားမော့ကို ထည်ဝါဓားအလင်းတစ်ခုက တားဆီးခဲ့တယ်။ လီဖူချန်းက လုံးဝဒဏ်ရာမရသွားဘူး။
"မဖြစ်နိုင်ဘူး" လူတိုင်းက အံ့အားသင့်စွာ ပြောလိုက်တယ်။
"ဘာ" အေးစက်စက်အမျိုးသမီးလည်း ကြောင်အသွားတယ်၊ သူမက ပါးစပ်အဟောင်းသားဖြစ်နေတယ်။
အသက်ကို နက်ရှိုင်းစွာ ရှုသွင်းပြီးနောက် ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားနေတယ်။ သူမက လီဖူချန်းကို လျှော့တွက်ခဲ့မိမှန်း သဘောပေါက်လာတယ်။
"အာ"
သူ့ရဲ့ဓားမော့အလင်းက လီဖူချန်းကို ဘာမှမလုပ်နိုင်တာကို မြင်ပြီး ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်က စိတ်ရှုပ်ထွေးသွားတယ်။ သူက နောက်ထပ်ဓားမော့အလင်းတစ်ခုကို ဖော်ထုတ်လိုက်တယ်။
ဒီဓားမော့အလင်းက ထက်အောက်ပြောင်းပြန်လှည့်ပတ်နေတဲ့မြစ်တစ်စင်းနဲ့ တူတယ်၊ စူးရှတောက်ပနေတဲ့ကြယ်မြစ်တစ်စင်းနဲ့ တူတယ်။
ဒီဓားမော့နဲ့ရင်ဆိုင်ရတဲ့အခါ ကံကြမ္မာက ဆုံးဖြတ်ပြီးသားဖြစ်တယ်။
"အတော်လေးကောင်းတဲ့ဓားမော့ပညာတစ်ခုပဲ....."
လီဖူချန်းရဲ့မျက်လုံးတွေက အနည်းငယ်လင်းလက်သွားတယ်၊ သူက နတ်ဆရာဓားကို ဆွဲထုတ်ကာ အကန့်အသတ်မဲ့အလင်းတောက်ပခြင်းကို ထုတ်ဖော်လိုက်တယ်။
ထွန်းတောက်တဲ့ဓားအလင်းက ကံကြမ္မာမြစ်ကို လင်းထိန်သွားစေတယ်၊ ရှေးအချိန်ကို လင်းထိန်သွားစေတယ်......ဓားကွက်ထုတ်ဖော်လိုက်တဲ့အခါ နေရာတိုင်းမှာ အလင်းလမ်းကြောင်းတွေ ရှိလာတယ်။ ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ရဲ့ဓားမော့ကွက်က ချက်ချင်း ပျက်ပြယ်သွားတယ်။
ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ရဲ့အမူအရာက မကြုံစဖူးလေးနက်သွားတယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်နဲ့ရင်ဆိုင်ချိန်တုန်းကတောင် ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ရဲ့အမူအရာက ဒီလောက်အထိ အလေးအနက်မဖြစ်ဘူး။
ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်ရဲ့အမြင်အရ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က စွမ်းအင်ပေါများမှုတစ်ခုသာရှိပြီး ကျင့်ကြံခြင်းအဆင့်က သူ့ထက် နိမ့်ကျတယ်။ ဒါပေမယ့် လီဖူချန်းနဲ့နှိုင်းယှဉ်ရင် ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်က ကျင့်ကြံခြင်းအဆင့်သိသိသာသာအားနည်းတယ်။
"လောဘဝံပုလွေကြီးစိုးလွှမ်းမိုးခြင်း"
လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်က သူ့ရဲ့လှံကို ထိုးသွင်းကာ ဧရာမဝံပုလွေတစ်ကောင်က လီဖူချန်းထံ ပြေးဝင်လာတယ်။
ဝှစ် ဝှစ် ဝှစ်........
ဓားခုတ်ပိုင်းချက်တစ်ချက်နဲ့အတူ မရေမတွက်နိုင်တဲ့ဓားအလင်းတွေက ဧရာမဝံပုလွေရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတယ်။
"တောက်" လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်ရဲ့အမူအရာက ဆိုးရွားလာတယ်။
ပျက်သုန်းခြင်းဓားမော့သူတော်စင်အရှင်ရဲ့အဖွဲ့ဝင်က ဒီလောက်အားကောင်းမယ်လို့ သူ ဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူး။
ပြီးနောက် ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က လီဖူချန်းထံ လက်သီးတစ်ချက် ထိုးသွင်းလိုက်တယ်။ ဒါပေမယ့် လီဖူချန်းက အဲဒါကို မခုခံခဲ့ဘူး။ သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး သူ ပြန်ထွက်ပေါ်လာတဲ့အချိန်မှာ သူက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ရဲ့အရှေ့ကို ရောက်ရှိနေပြီဖြစ်တယ်။
ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က ထိတ်လန့်သွားတယ်၊ သိပ်သည်းတဲ့အလင်းတောက်ပခြင်းအလွှာတစ်ခုက သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လာတယ်။
ဒါက တိုင်တန်မျိုးနွယ်ရဲ့မွေးရာပါစွမ်းရည်ဖြစ်တဲ့အလင်းစွမ်းရည်ပဲ။ အဲဒါက လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုတွေကလွဲပြီး တိုက်ခိုက်မှုအားလုံးကို တားဆီးနိုင်တယ်။
ဖြောက်......
ဒါပေမယ့် လီဖူချန်းရဲ့ခွန်အားက ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ရဲ့စိတ်ကူးထားတာရဲ့အလွန်မှာ ရှိတယ်။ တိုင်တန်အလင်းက အသက်တစ်ရှိက်စာတောင် ခံနိုင်ရည်မရှိခဲ့ဘူး၊ လီဖူချန်းကြောင့် ကြေမွပျက်စီးသွားတယ်။ တစ်ဆက်တည်းမှာပဲ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်ရဲ့ထာဝရတိုကင်က လီဖူချန်းရဲ့လက်ထဲကို ရောက်ရှိလာတယ်။
"မင်း သေချင်နေတာပဲ" ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က ဒေါသထွက်သွားတယ်၊ သူက လီဖူချန်းရဲ့ဦးခေါင်းထံ လက်သီးတစ်ချက်ပစ်သွင်းလိုက်တယ်။
လီဖူချန်းက နောက်မဆုတ်သလို မရှောင်ပါဘူး။ သူ့ခန္ဓာကိုယ်က အဆုံးမဲ့ထည်ဝါဓားအလင်းကို ထုတ်လွှတ်တဲ့နေတစ်စင်းနဲ့ တူတယ်။ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်က မိုင်တစ်ရာအကွာကို လွင့်ထွက်သွားပြီး ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေတော့တယ်။
"ဒါ......"
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မနဲ့သူမရဲ့အဖွဲ့အပါအဝင် အားလုံးက အလွန်အံ့ဩသွားတယ်။
"ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မ၊ ဒါ ယူထားလိုက်"
လီဖူချန်းက ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မထံ ထာဝရတိုကင်ကို ပစ်ပေးလိုက်တယ်။
သူမက ကန်စွန်းဥပူပူတစ်ခုကို ဖမ်းနေရသလို ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ကပျက်ကချော်ဖြစ်နေပြီး သူမရဲ့စိတ်က ရှုပ်ထွေးတဲ့အခြေအနေမှာ ရှိနေတယ်။
"ထာဝရတိုကင်ကို ဒီလိုနဲ့ ရလာတာလား"