အာကာသ-အချိန်အေးခဲခြင်း
Vol. 69 Ch. 960
"ဒါနဲ့ပတ်သက်ပြီး စဉ်းတောင်မစဉ်းစားနဲ့"
ကောင်းကင်ဘုံဓားမော့သူတော်စင်အရှင်၊ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်နဲ့ ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်တို့က လီဖူချန်းကို အတူတကွတိုက်ခိုက်လာတယ်။
"ဓားမော့တာအိုစက်ဝိုင်း......"
"လောဘဝံပုလွေကွယ်ပျောက်ခြင်း....."
"တိုင်တန်လက်သီး......"
သူတို့တစ်ယောက်မှ လီဖူချန်းတစ်ယောက်တည်းအတွက် ပြိုင်ဘက်မဟုတ်ဘူး။ ဒါပေမယ့် သူတို့အတူတကွပူးပေါင်းရင် ဘယ်သူတော်စင်အရှင်ကမဆို အနိုင်ယူဖို့ သူတို့က ယုံကြည်ချက်ရှိတယ်။
စူးရှတောက်ပတဲ့ဓားမော့အလင်းတစ်ခုက နေရာတစ်ခုလုံးကို ပျံ့နှံ့လာပြီး ယင်နဲ့ယန်ကို ပြောင်းပြန်ဖြစ်သွားစေတယ်။ ဓားမော့အလင်းစီးဆင်းလာတာကြောင့် အာကာသ-အချိန်က ပြောင်းပြန်ဖြစ်သွားသလို ခံစားရတယ်။ ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုက အဆက်မပြတ်စုစည်းလာတယ်။
ဓားမော့အလင်းရောက်ရှိလာသလို ရက်စက်ကြမ်းကြုတ်တဲ့ဝံပုလွေတစ်ကောင်လည်း ထွက်ပေါ်လာတယ်။ ရက်စက်ကြမ်းကြုတ်ဝံပုလွေမှာ အကန့်အသတ်မဲ့ရက်စက်ကြမ်းကြုတ်ခြင်းတွေ ရှိပြီး ၎င်းရဲ့လက်ဝါးမြေပြင်အပေါ်ကို ကျရောက်လာတဲ့အချိန်တိုင်း ဟင်းလင်းပြင်ကို ဖျက်ဆီးပေလိမ့်မယ်။
ဓားမော့အလင်းနဲ့ရက်စက်ကြမ်းကြုတ်ဝံပုလွေအထက်မှာ ဧရာမလက်သီးတစ်ခုဖြစ်တည်လာတယ်။ လက်သီးပုံရိပ်က စတုရန်းပုံမကျတကျရှိပြီး မတွေးတတ်လောက်အောင် သိပ်သည်းတယ်။
တိုက်ခိုက်မှုတွေရဲ့စွမ်းပကားတွေကို ခံစားရတာကြောင့် ကြည့်ရှုသူတွေက သူတို့ရဲ့ခန္ဓာကိုယ်ထုံထိုင်ပြီး မလှုပ်ရှားနိုင်သလို ခံစားရတယ်။
လီဖူချန်း ဘယ်လောက်တောင် ဖိအားခံစားနေရသလဲကို စိတ်ကူးယဉ်ဖို့ သူတို့အတွက် ခက်ခဲတယ်။
"အကွက်တွေက အတော်လေးကောင်းတယ်"
ဒီဖိအားပမာဏက လီဖူချန်းအတွက် လေပြေလေညင်းတစ်ခုလိုတောင် မသတ်မှတ်နိုင်ဘူး၊ အဲဒါက သူ့ရဲ့စိတ်ကို မွေနှောက်ဖို့ မလုံလောက်ဘူး။ ဒါပေမယ့် လီဖူချန်းက သူ့ခွန်အားအများကြီးကို ထုတ်ပြဖို့ မလိုအပ်ပါဘူး။ သူက သူ့ဓားကို ဝှေ့ယမ်းကာ ပိုသန်မာတဲ့ဓားကွက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။ ဓားကွက်မှာ သူထည့်ထားတဲ့ခွန်အားပမာဏကိုတော့ တစ်ယောက်မှ မသိပါဘူး။
အကန့်အသတ်မဲ့ဓားပင်လယ်တစ်ခုက သူတို့သုံးယောက်ရဲ့သတ်ဖြတ်ကွက်တွေကို လွှမ်းခြုံသွားတယ်။ တစ်ချိန်တည်းမှာ သူတို့သုံးယောက်ကိုလည်း လွှမ်းခြုံသွားတယ်။
"သွားကြစို့"
လီဖူချန်းက သူတို့သုံးယောက်နဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ သူက ဒီဓားကွက်အတွက် သူ့စွမ်းအားရဲ့သေးငယ်တဲ့အပိုင်းတစ်ခုကိုသာ အသုံးပြုခဲ့ပေမယ့် သူ့ရဲ့ဓားတာအိုနက်နဲသိမ်မွေ့မှုက ကြီးမားတယ်။ ပြင်ပအကူအညီတစ်ခုမရှိရင် သူတို့က လွတ်မြောက်ဖို့ အချိန်အကြာကြီး လိုအပ်လိမ့်မယ်။
"ကောင်းပြီ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက လီဖူချန်းနောက်မှ လိုက်လာတယ်၊ သူမက မှင်တက်နေတုန်းပါပဲ။
အခြားကြည့်ရှုသူတွေအတွက်ကတော့ တစ်ယောက်မှ သူတို့ကို မနှောင့်ယှက်ရဲဘူး။
အပြင်ကမ္ဘာမှာ ထာဝရနတ်နန်းတော်ရဲ့ကွက်လပ်အထက်မှာ မမြဲခြင်းအရှင်က အံ့အားသင့်တဲ့အလင်းတစ်ခု လက်သွားတယ်။ သူ အသက်ရှင်လာတာ နှစ်ဆယ်သန်းကျော်ပြီ၊ လီဖူချန်းလိုအားကောင်းတဲ့သူကို ဘယ်တော့မှ မမြင်ခဲ့ဖူးဘူး။ စကြာဝဠာရဲ့အထွတ်အထိပ်တည်ရှိမှုတွေကသာ သူတို့ရဲ့ငယ်ရွယ်စဉ်အချိန်မှာ ဒီလိုအားကောင်းလောက်တယ်။
ထာဝရတိုကင်နဲ့အတူ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ထာဝရကလေးရဲ့အမွေဆက်ခံသူဖြစ်လာတယ်။ ဒါပေမယ့် အခုထိ သူမက မယုံကြည်နိုင်ဖြစ်နေတုန်းပဲ။
"မင်းက ထာဝရကလေးတစ်ယောက်ဖြစ်လာနိုင်ဖို့က မင်းရဲ့ကံကြမ္မာပေါ်မူတည်တယ်။ အပျော်မလွန်နဲ့အုံး" မမြဲခြင်းအရှင်က ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မကို ပြောလိုက်တယ်။
"ငါ သိပါတယ်၊ ဒါပေမယ့် ငါ အကောင်းဆုံးကြိုးစားသွားမှာပါ" ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ခေါင်းညိတ်လိုက်တယ်။
"ဒါဆို ဝင်တော့" မမြဲခြင်းအရှင်က သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ထာဝရနတ်နန်းတော်ဂိတ်ပေါက်က ရုတ်တရက်ပွင့်လာတယ်။
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက အသက်ကို တစ်ချက်ရှုကာ ထာဝရနတ်နန်းတော်ထဲသို့ လျှောက်လာတယ်။
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မ ထာဝရနတ်နန်းတော်ကို ဝင်ရောက်လိုက်တာနဲ့ အားလုံးက လီဖူချန်းကို ကြည့်လိုက်ကြတယ်။
ဒီနှစ်ရဲ့ထာဝရကလေးပြိုင်ပွဲက အံ့ဩဖွယ်ရာပဲ။ ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက နောက်ဆုံးအနိုင်ရသူဖြစ်လာမယ်လို့ တစ်ယောက်မှ မမျှော်လင့်ထားခဲ့ဘူး။
လူအုပ်ထဲမှာ လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်နဲ့ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်တို့ရဲ့အမူအရာတွေက အဆိုးဆုံးပေါ့။
လီဖူချန်းသာ မရှိရင် သူတို့ထဲကတစ်ယောက်က အမွေဆက်ခံသူ ဖြစ်လာလောက်တယ်။ ဒီအခွင့်အရေးကို လွဲချော်ပြီးနောက် သူတို့က နောက်နှစ်ပေါင်းတစ်သိန်းအထိ ပြန်စောင့်ရအုံးမှာပေါ့။
သူတိူ့အတွက် နှစ်တစ်သိန်းက ရှည်လွန်းတယ်၊ သူတို့က သူတို့ကိုယ်သူတို့ ရည်ရွယ်ချက်ရှိရှိ မဖိနှိပ်ခဲ့ရင် သူတို့က ကောင်းကင်ဘုံအရှင်တွေ ဖြစ်လာတာကြာပြီ။
"မင်း ထာဝရစစ်တပ်နဲ့ပူးပေါင်းချင်လား"
လီဖူချန်းရဲ့အလားအလာက မှင်တက်စရာကောင်းလွန်းတယ်၊ မမြဲခြင်းအရှင်က စည်းရုံးလိုတဲ့ရည်ရွယ်ချက်ရှိတယ်။
ထာဝရစစ်တပ်မှာ အတွင်းပဋိပက္ခတွေရှိပြီး ထိပ်တန်းအဆင့်တပ်မှူးတွေက အဆက်မပြတ်ရုန်းကန်နေရတယ်။ လီဖူချန်းက လက်ရှိအချိန်မှာ ဘာအဆင့်အတန်းတစ်ခုမှ မရှိပေမယ့် သူက အနာဂတ်မှာ သေချာပေါက် အကြီးအကျယ်အောင်မြင်လာလိမ့်မယ်။ မမြဲခြင်းအရှင်က လီဖူချန်းကို စည်းရုံးနိုင်ရင် အနာဂတ်မှာ သူ့ရဲ့အဆင့်အတန်းက သေချာပေါက် မြင့်တက်လာလိမ့်မယ်။
လီဖူချန်းက ထာဝရစစ်တပ်နဲ့ ပူးပေါင်းဖို့ အစီအစဉ်မရှိတာ စိတ်မကောင်းစရာပဲ။ သူက တုံ့ပြန်လိုက်တယ်"ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ အရှင်၊ ဖူချန်းက ဓားသမားအစည်းအရုံးရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီ၊ နောက်ထပ်တစ်ဂိုဏ်းနဲ့ ပူးပေါင်းတော့မှာမဟုတ်ဘူး"
မမြဲခြင်းအရှင်က ဘာမှမတုံ့ပြန်ပါဘူး။
သူ့အဆင့်ရှိလူတစ်ယောက်အတွက် စကားလုံးတွေက ရွှေလိုပါပဲ။ သူ့ရဲ့အလားအလာကြောင့် လီဖူချန်းကို သူက စည်းရုံးဖို့ ကြိုးစားခဲ့တယ်။
လီဖူချန်းက လက်ခံရင်တော့ အလွန်ကောင်းတာပေါ့၊ လက်မခံရင်လည်း ကိစ္စမရှိပါဘူးလေ။
တကယ်တော့ အလားအလာနဲ့ခွန်အားက အဆုံးမှာတော့ မတူညီပါဘူးလေ။ အလားအလာကို ခွန်အားသို့ ပြောင်းလဲဖို့က အချိန်အကြာကြီးလိုပါလိမ့်မယ်။
ထာဝရနတ်နန်းတော်က ထိတ်လန့်တုန်လှုပ်စရာထာဝရစွမ်းအားတွေ စုဝေးနေတယ်။
ထာဝရနတ်နန်းတော်မှထာဝရစွမ်းအား ပေါက်ကွဲထွက်လာရင် သူကတောင် ပြာဖြစ်သွားရလိမ့်မယ်လို့ လီဖူချန်းက ခံစားချက်တစ်ခုရှိတယ်။
အချိန်တွေ တရစ်ပြီးတရစ် ကုန်ဆုံးလာတယ်၊ ကမ္ဘာရဲ့အပူချိန်က အနည်းငယ်ကျဆင်းလာသလို လူတိုင်းက ခံစားရတယ်။
အပူချိန်က ကျဆင်းလာနေတယ်၊ ဒါက ပုံရိပ်ယောင်တစ်ခု မဟုတ်တာကို လူတိုင်းက သိတယ်။
ဖြောက် ဖြောက်......
မြေပြင်ရဲ့မျက်နှာပြင်က ဆီးနှင်းခဲအလွှာတစ်ခုစတင်ဖြစ်ပေါ်လာပြီး ဆီးနှင်းပွင့်တွေက စတင်ဆင်းသက်လာတယ်။ အရိုးခိုက်မတတ်လေအေးက ထိန်းချုပ်မှုမရှိပျံ့နှံ့နေတယ်။
"အမွေဆက်ခံခြင်းအောင်မြင်သွားတာလား" မမြဲခြင်းအရှင်က ထာဝရနတ်နန်းတော်ကို ကြည့်လိုက်တယ်။
ထာရကလေးတစ်ယောက်ဖြစ်လာဖို့က မလွယ်ကူပါဘူး။ သို့မဟုတ်ရင် ထာဝရစစ်တပ်မှာ ထာဝရကလေးရှစ်ယောက်ပဲ ရှိမှာမဟုတ်ဘူး၊ ရှစ်ဆယ်ရှိနေမှာပေါ့။
ဖြောက်......
အပူချိန်က အဆုံးစွန်းထိ နိမ့်ကျလာတယ်။ အအေးကြောင့် ဟင်းလင်းပြင်က မှန်တစ်ချပ်ပမာ အက်ကွဲသွားတယ်။ အချိန်စီးဆင်းမှုက နှေးကွေးပြီးနှေးကွေးလာတယ်။
ရေခဲရုပ်တုဖြစ်လာခြင်းမှ ရှောင်တိမ်းဖို့ လူတိုင်းက အဆက်မပြတ် နောက်ဆုတ်နေရတယ်။
"ဒီဆီးနှင်းပွင့်တွေက......"
လီဖူချန်းရဲ့မျက်လုံးတွေက ကျဆင်းလာတဲ့ဆီးနှင်းပွင့်တွေကို ကြည့်နေတယ်။ ဆီးနှင်းပွင့်တွေမှာ အေးခဲနှင်းတာအိုပါဝင်ရုံတင်မကဘူး၊ ထာဝရတာအိုနဲ့ရှေးဦးမူလတာအိုတို့လည်း ပါဝင်တယ်။
ဆီးနှင်းပွင့်တစ်ခုသာဆိုပေမယ့် နက်နဲသိမ်မွေ့မှုအဆင့်က သူတော်စင်အရှင်အဆင့်ကို ကျော်လွန်နေတယ်။
နှင်းတွေက ပိုပိုများလာပြီး အပူချိန်က ပိုပိုကျဆင်းလာတယ်။ လူတိုင်းကို ကာကွယ်ဖို့ မမြဲခြင်းအရှင်က ချီအားတစ်ခုကို မဖော်ထုတ်ထားရင် တစ်ယောက်မှ ဒီနေရာမှာ နေရဲလိမ့်မှာမဟုတ်ဘူး။
"မြန်မြန်ကြည့်ကြ၊ ထာဝရနတ်နန်းတော်က အေးခဲသွားပြီ" တစ်ယောက်ယောက်က ထာဝရနတ်နန်းတော်ကို လက်ညှိုးထိုးကာ အံ့အားသင့်စွာ လိုက်တယ်။
လူတိုင်းရဲ့မြင်ကွင်းထဲမှာ ထာဝရနတ်နန်းတော်ကို ရေခဲအလွှာတစ်ခုကို လျင်မြန်စွာ ဖုံးလွှမ်းသွားတယ်။ ရေခဲက ပိုပိုထူထပ်လာနေပြီး အဆုံးမှာတော့ ရေခဲတောင်တစ်ခုဖြစ်လာတယ်။ ထာဝရနတ်နန်းတော်က ရေခဲတောင်ရဲ့အောက်ခြေမှာရှိပြီး ၎င်းက သေးငယ်တဲ့ကျောက်တုံးတစ်တုံးနဲ့ တူတယ်။
"အာကာသ-အချိန်အေးခဲခြင်းလား" လီဖူချန်းရဲ့နှလုံးသားထဲမှာ တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရတယ်။
ဒီနေရာမှာ ရေခဲတောင်က သာမန်ရေခဲတောင်တစ်ခုမဟုတ်ဘူးကို လီဖူချန်းနဲ့မမြဲခြင်းအရှင်တို့ကသာ သိတယ်။
ရေခဲတောင်အတွင်းရှိအာကာသ-အချိန်က လုံးဝကို အေးခဲနေတယ်။
အခြားစကားဖြင့်ပြောရရရင် ရေခဲတောင်ရဲ့အတွင်းပိုင်းမှာ အာကာသသ-အချိန်မရှိဘူး။
ဖြောက်......
ရေခဲတောင်ရဲ့အောက်ခြေမှာ ထာဝရနတ်နန်းတော်ဂိတ်ပေါက်က ပွင့်လာတယ်။ ပြီးနောက် ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက ရေခဲတောင်ကို လစ်လျူရှုကာ တစ်လှမ်းပြီးတစ်လှမ်းထွက်လာတယ်။
သူမက ရေခဲတောင်မှ ထွက်လာတာကြောင့် ရေခဲတောင်က ဘယ်တော့မှမတည်ရှိခဲ့သလို လျင်မြန်စွာ အရည်ပျော်ကျသွားတော့တယ်။
"ဒီနေ့ကစပြီး မင်းက ကြက်သွေးရောင်နှင်းအရှင်မဖြစ်လာပြီ" မမြဲခြင်းအရှင်ရဲ့မျက်လုံးတွေမှာ ရှုပ်ထွေးမှုတစ်ခုဖြစ်လာပြီး သူက ပြောလိုက်တယ်။
"မမြဲခြင်းအရှင်က ယဉ်ကျေးလွန်းနေပါပြီ"
ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မက မဟာအခွင့်အလမ်းတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အတိတ်တုန်းက သူမရဲ့ခန္ဓာကိုယ်က အေးခဲချီတည်ရှိမှုကိုသာ ထုတ်လွှတ်နေတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူမရဲ့ခန္ဓာကိုယ်က ထာဝရချီတည်ရှိမှုတစ်ခုကို ပေးစွမ်းတယ်။ လက်ရှိသူမက မကျော်လွှားနိုင်တဲ့အရှိန်အဝါတစ်ခုကို ပေးစွမ်းနေတယ်။
"နှုတ်ဆက်ပါတယ် ကြက်သွေးရောင်နှင်းအရှင်မ"
လောဘဝံပုလွေနတ်ဆိုးရှင်ဘုရင်နဲ့ကောင်းကင်ဒေါက်တိုင်သူတော်စင်အရှင်တို့ကတောင် သူတို့ရဲ့ခေါင်းကို ငုံ့ထားရတယ်။
လက်ရှိမှာ ကြက်သွေးရောင်နှင်းအရှင်မက ထာဝရကလေးတစ်ယောက်ဖြစ်တာကြောင့် သူတို့က သူမကို ဆန့်ကျင်လို့မရနိုင်တော့ဘူး။ သာမန်တပ်မှူးတစ်ယောက်ကတောင် ထာဝရကလေးတစ်ယောက်ကို ပြဿနာမရှာရဲဘူး။
ကြက်သွေးရောင်နှင်းအရှင်မက လွှမ်းမိုးခြင်းလှံသူတော်စင်အရှင်နဲ့အခြားသူတွေကို ခေါင်းညိတ်ပြလိုက်တယ်၊ ပြီးနောက် သူမက လီဖူချန်းကို ကြည့်ကာ ပြောလိုက်တယ်"ဒါတွေအားလုံးအတွက် သင့်ကို ကျေးဇူးတင်ရမှာပဲ"
သူမက သူမရဲ့နှလုံးသားထဲမှာ ကျေးဇူးတင်နေတယ်။ လီဖူချန်းက သူမရဲ့ဒီဘဝတစ်လျှောက် အကြီးမားဆုံးကျေးဇူးရှင်ပါပဲ၊ သူမရှိရင် သူမက ထာဝရကလေးတစ်ယောက် ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။
လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်" ဒါက မျှတတဲ့အရောင်းအဝယ်တစ်ခုမျှသာပဲ"
"သင့်အတွက်" ကြက်သွေးရောင်နှင်းအရှင်မက လီဖူချန်းထံ ကျောက်တုံးတစ်တုံးကို ပစ်ပေးလိုက်တယ်။
"ကျေးဇူးအများကြီးတင်ပါတယ်" လီဖူချန်းက ၎င်းကို နေရာလပ်လက်စွပ်ထဲသို့ ထည့်လိုက်တယ်။
…
မျက်စိတစ်မှိတ်အတွင်း ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မ ထာဝရကလေးတစ်ယောက်ဖြစ်လာတာ ခြောက်လရှိပါပြီ။
အံ့ဖွယ်သစ်ရွက်မြို့ထဲမှာ လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းကို ချိုးဖြတ်ဖို့အတွက် ကံကြမ္မာအခွင့်အလမ်းကို နောက်ဆုံးတော့ ဖမ်းဆုပ်နိုင်ခဲ့တယ်။