← Chapters

ကောင်းကင်ဘုံအရှင်၊ လှောင်အိမ်ထဲကငှက်

Vol. 69 Ch. 961

ကောင်းကင်ဘုံအရှင်၊ လှောင်အိမ်ထဲကငှက်

Vol. 69 Ch. 961

မူလအဆုံးစွန်းဓားနည်းလမ်းက အဆင့်၁၀မှာ ရှိပြီး ပထမအဆင့်အထွတ်အထိပ်အခြေအနေမှာလည်း ရှိတယ်။ အဲဒါမှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုခြောက်ဆယ့်ရှစ်ခုပါဝင်တယ်။

အဆင့်၁၁အတွက်ကတော့ အနည်းဆုံး လူသားခန္ဓာကိုယ်ဆန်းကြယ်မှုရှစ်ဆယ့်ငါးခုလိုအပ်လိမ့်မယ်လို့ လီဖူချန်းက ယူဆထားတယ်။

လက်ရှိအခြေအနေမှာ လီဖူချန်းက သူ့ခန္ဓာကိုယ်ထဲရှိလူသားခန္ဓာကိုယ်ဆန်းကြယ်မှုကိုးဆယ့်ကိုးခုကို ရှာတွေ့နိုင်တယ်။

မူလအဆုံးစွန်းဓားနည်းလမ်းကို လှည့်ပတ်လိုက်ပြီး လီဖူချန်းက ကျင့်ကြံခြင်းနည်းလမ်းထဲမှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုတွေ ပိုမိုပါဝင်ဖို့ ကြိုးစားခဲ့တယ်။

၆၉၊ ၇၀၊ ၇၁......

လူသားခန္ဓာကိုယ်ဆန်းကြယ်မှုတွေ တိုးလာတိုင်း သူက ဓားတာအိုအရင်းမြစ်နဲ့ပိုနီးကပ်လာသလို လီဖူချန်းက ခံစားရတယ်။

၈၀၊ ၈၁၊ ၈၂......

သူက ဓားတာအိုပင်လယ်မှာ ရှိပြီး ဓားပုံရိပ်တွေနဲ့ ဝန်းရံထားသလို လီဖူချန်းက ခံစားမိတယ်။

၈၄၊ ၈၅.....

၈၆၊ ၈၇......

မူလအဆုံးစွန်းဓားနည်းလမ်းမှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၈၇ခုရှိလာတဲ့အခါ ၎င်းက နောက်ဆုံးတော့ လှည့်ပတ်နေရာမှ ရပ်တန့်လိုက်တယ်။

ဂရုတစိုက်လေ့လာကြည့်လိုက်ရာ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းအဆင့်၁၁က ဓားပုံကြမ်းအသစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ ဒီဓားပုံကြမ်းက အဆင့်၁၀ထက် အဆတစ်ရာပိုရှုပ်ထွေးပြီးနက်နဲသိမ်မွေ့တယ်။ ဓားပုံကြမ်းရဲ့အလယ်မှာ ဓားအပေါက်ငယ်တွေရှိတယ်။ ဓားအပေါက်ငယ်တွေက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို အားဖြည့်ဖို့ ဓားတာအိုအရင်းမြစ်စွမ်းအင်ကို အဆက်မပြတ် ထုတ်လွှတ်နေတယ်။

"နောက်ဆုံးတော့ ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်လာပြီးပေါ့"

လီဖူချန်းက သူ့မျက်လုံးတွေဖွင့်လိုက်ရာ ဓားအလင်း‌စီးကြောင်းနှစ်ခုက အာကာသ-အချိန်ကို ထိုးဖောက်ကာ အရာအားလုံးကို လင်းလက်သွားတယ်။

ကျင့်ကြံခြင်းနည်းလမ်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိလာတာနဲ့ တစ်စုံတစ်ယောက်ကို ကောင်းကင်ဘုံအရှင်တစ်ယောက်လို့ သတ်မှတ်နိုင်တယ်။

ကောင်းကင်ဘုံအရှင်တွေက အကန့်အသတ်မဲ့စွမ်းအင်ကို ပိုင်ဆိုင်တယ်။ ကျင့်ကြံခြင်းနည်းလမ်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိတာနဲ့  စွမ်းအင်ပမာဏက အဆုံးအဆမဲ့တယ်လို့ ဆိုနိုင်တယ်။

ဒါပေမယ့် ခြားနားချက်တစ်ခုရှိတယ်။ ကောင်းကင်ဘုံအရှင်တွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ သေးငယ်တဲ့အရင်းမြစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပေမယ့် ထိပ်တန်းအဆင့်ကျင့်ကြံခြင်နည်းလမ်းက စစ်မှန်တဲ့အရင်းမြစ်နဲ့ ချိတ်ဆက်ထားခဲ့တယ်။

ပေါက်ကွဲမှုခွန်အားအရ အနောက်က အရှေ့ထက် နိမ့်ကျတယ်။ ဒါပေမယ့် ခံနိုင်ရည်စွမ်းအရ အနောက်က ပိုမြင့်တယ်။

"လက်ရှိ ငါ့ရဲ့ခွန်အားအဆင့်က ဘယ်လောက်လဲကို ငါ သိချင်တယ်"

ဓားတာအိုအရင်းမြစ်စွမ်းအားရဲ့အားဖြည့်မှုနဲ့အတူ လီဖူချန်းရဲ့အသားနဲ့အရိုးတွေက ပြောင်းလဲခြင်းရဲ့အလယ်မှာရှိတယ်။ မကြာမီမှာ သူ့အရိုးတွေက ဓားအရိုးတွေဖြစ်လာပြီး သူ့ခန္ဓာကိုယ်က ဓားခန္ဓာကိုယ်တစ်ခုဖြစ်လာလိမ့်မယ်။

လီဖူချန်းက အဆက်မပြတ်သန်မာလာတဲ့ခံစားချက်ကို နှစ်သက်တယ်။ တစ်ချိန်တည်းမှာ သူက သူ့ခွန်အားနဲ့ပတ်သက်ပြီး သိလိုစိတ်ပြင်းပြနေတယ်။ သူက အဆင့်၂ကောင်းကင်ဘုံအရှင်တစ်ယောက်လားဒါမှမဟုတ်အဆင့်၁ကောင်းကင်ဘုံအရှင်တစ်ယောက်လား။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ မင်းရဲ့ကျင့်ကြံခြင်းနည်းလမ်းက ချိုးဖြတ်သွားပြီလား"

ဓားသမားအစည်းအရုံးထဲမှာ လီဖူချန်းကို မြင်တဲ့အခါ သက်တံဖြူကောင်းကင်ဘုံအရှင်က အလွန်အံ့အားသင့်သွားတယ်။လီဖူချန်းရဲ့ဓားတာအိုကျွမ်းကျင်မှုက သူတောင် မဆုံးဖြတ်နိုင်တဲ့အထိ မြင့်မားလွန်းတယ်။ ဒါပေမယ့် သူက လီဖူချန်းရဲ့ကျင့်ကြံခြင်းအဆင့်ကို မြင်နိုင်ပါသေးတယ်။

အရေးကြီးဆုံးကတော့ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက ချိုးဖြတ်နိုင်ခဲ့တာပဲ။

"ဟုတ်တယ်၊ ချိုးဖြတ်ပြီးပြီ" လီဖူချန်းက ခေါင်းညိတ်ကာ ဝန်ခံလိုက်တယ်။

"မယုံနိုင်စရာပဲ၊ တကယ်မယုံနိုင်စရာပဲ။ စကြာဝဠာထဲမှာ သိုင်းတာအိုကိုကျင့်ကြံတဲ့သူတွေမရေမတွက်နိုင်လောက်အောင်ရှိတယ်။ ဒါပေမယ့် ဘယ်သူတော်စင်အရှင်မဆို ကျင့်ကြံခြင်းနည်းလမ်းမှာ ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိဖို့က မဖြစ်နိုင်လုနီးပါးပဲ" သက်တံဖြူကောင်းကင်ဘုံအရှင်က ရေရွတ်လိုက်မိတယ်။

သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို မချိုးဖြတ်ရသေးဘူး။ အစည်းအရုံးခေါင်းဆောင်ဓားလေကောင်းကင်ဘုံအရှင်အတွက်လည်း အတူတူပဲ။

တစ်ခဏငြိမ်သက်သွားပြီးနောက် သက်တံဖြူကောင်းကင်ဘုံအရှင်က ပြောလိုက်တယ်"အခုဆိုရင် မင်းကို ကောင်းကင်ဘုံအရှင်တစ်‌ယောက်လို့ သတ်မှတ်နိုင်ပြီပေါ့"

…

နဆ်ဆရာဘိုးဘေးနယ်မြေ။

လီဖူချန်းက နတ်ဆရာရုပ်သေးနှစ်ရုပ်နဲ့ တိုက်ပွဲဝင်နေတယ်။

ဒီနတ်ဆရာရုပ်သေးနှစ်ရုပ်က ကောင်းကင်ဘုံအရှင်နတ်ဆရာရုပ်သေးတွေပါပဲ။

အတိတ်ကို ပြန်ကြည့်ရင် သမန်းဝံပုလွေလီဖူချန်းက ကောင်းကင်ဘုံအရှင်အဆင့်နတ်ဆရာရုပ်သေးနှစ်ရုပ်ကို အနိုင်ယူဖို့ နှစ်နှစ်ကြာခဲ့တယ်။

"သေစမ်း"

နတ်ဆရာရုပ်သေးတွေထဲကတစ်ရုပ်က ခုန်တက်ပြီး သူ့ရဲ့ဓားမော့ရှည်နဲ့ ခုတ်ပိုင်းလိုက်တယ်။

အခြားနတ်ဆရာရုပ်သေးရဲ့ဓားက မြွေတစ်ကောင်ပမာ လီဖူချန်းရဲ့ရင်ဘက်ကို တိုက်ခိုက်လာတယ်။

ချွင်း......ချွမ်း.......

နတ်ဆရာရုပ်သေးတွေရဲ့တိုက်ခိုက်မှုတွေကို မမြင်နိုင်တဲ့ဓားချီအလွှာတစ်ခုက တားဆီးခဲ့တယ်။ သန်မာတဲ့တန်ပြန်အားက နတ်ဆရာရုပ်သေးနှစ်ရုပ်ကို ဖယ်ရှားလိုက်တယ်။

"သူတို့ရဲ့ခွန်အားက အဆင့်၄ကောင်းကင်ဘုံအရှင်နဲ့ နှိုင်းယှဉ်နိုင်တယ်။ အဆင့်နိမ့်အန္တိမအဆင့်နတ်ဆရာချပ်ဝတ်တစ်စုံလုံးနဲ့အတူ သူတို့က အဆင့်၃ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်တယ်"

လီဖူချန်းက အားကောင်းလွန်းတယ်၊ သမန်းဝံပုလွေလီဖူချန်းထက်တောင် ပိုသန်မာတယ်။

သမန်းဝံပုလွေလီဖူချန်းက အဆင့်၃ကောင်းကင်ဘုံအရှင်တစ်ယောက်သာဖြစ်ပေမယ့် လီဖူချန်းက အနည်းဆုံးအဆင့်၂ကောင်းကင်ဘုံအရှင်တစ်‌ယောက် ဖြစ်တယ်။

"အကန့်အသတ်မဲ့အလင်းတောက်ပခြင်း"

နတ်ဆရာရုပ်သေးတွေရဲ့ခွန်အားကို စမ်းသပ်ပြီးနောက် လီဖူချန်းက သူ့ခွန်အားကို မထိမ်ချန်ထားတော့ပါဘူး။ ကောင်းကင်ဘုံဆက်ဓားကို ထုတ်ကာ သူက နေတစ်စင်းအလား သူ့ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့အလင်းတောက်ပမှုတွေ ပေါက်ကွဲထွက်လာတယ်။

ချွင်း ချွမ်း ချွင်း ချွမ်း.......

အဆင့်၄ကောင်းကင်ဘုံအရှင်တွေရဲ့ခွန်အားရှိတဲ့နတ်ဆရာရုပ်သေးနှစ်ရုပ်က လုံးဝမခုခံနိုင်ဘူး။ သူတို့က ခန်းမရဲ့ထောင့်ကို နောက်ဆုတ်ဖို့ ဖိအားပေးခံနေရတယ်။

နောက်ထပ်နာရီအချို့ကြာပြီးနောက် နတ်ဆရာရုပ်သေးနှစ်ရုပ်က စွမ်းအင်းတွေ ကုန်ခန်းလာပြီး နတ်ဆရာပစ္စည်းအစုအပုံတွေအဖြစ် ပြန့်ကျဲသွားတော့တယ်။

"ခွန်အားအရ နတ်ဆရာရုပ်သေးနှစ်ရုပ်က အဆင့်၄ကောင်းကင်ဘုံအရှင်တွေ ဖြစ်ပေမယ့် သူတို့ရဲ့စွမ်းအင်ပမာဏက အများကြီးနိမ့်ကျတယ်"

ဒီနတ်ဆရာရုပ်သေးနှစ်ရုပ်က သေးငယ်တဲ့အရင်းမြစ်တစ်ခုကို သိပ်သည်းထားမယ်ဆိုရင် ဆယ်ရက်ဒါမှမဟုတ်လဝက်ကြာရင်တောင် လီဖူချန်းက သူတို့ရဲ့စွမ်းအင်ကို ကုန်ခမ်းစေနိုင်လိမ့်မှာမဟုတ်ဘူး။

နောက်ပိုင်းမှာတော့ လီဖူချန်းက ကောင်းကင်ဘုံအရှင်အဆင့်နတ်ဆရာရုပ်သေးလေးရုပ်ကို အလွယ်တကူဖယ်ရှားခဲ့ပြီး အဆင့်နိမ့်အန္တိမအဆင့်နတ်ဆရာချပ်ဝတ်စုစု‌ပေါင်းခုနှစ်စုံနဲ့အဆင့်နိမ့်အန္တိမအဆင့်နတ်ဆရာလက်နက်ရှစ်ခုကို ရရှိခဲ့တယ်။

"အဆင့်၈ရှိတဲ့အန္တရာယ်အတားအဆီးထောင်ချောက်တစ်ခု...."

လီဖူချန်းက အတားအဆီးထောင်ချောက်တစ်ခုရဲ့အရှေ့မှာ တုံ့ဆိုင်းနေတယ်။

အန္တရာယ်အဆင့်၇မှာ နတ်ဆရာရုပ်သေးတွေက အဆင့်၄ကောင်းကင်ဘုံအရှင်ရဲ့ခွန်အား ရှိတယ်။ အန္တရာယ်အဆင့်၈က အနည်းဆုံးအဆင့်၂ကောင်းကင်ဘုံအရှင်ကို ဆိုလိုတယ်။ နတ်ဆရာချပ်ဝတ်နဲ့နတ်ဆရာလက်နက်က အလယ်ဆင့်အန္တိမအဆင့်ဖြစ်နိုင်တယ်။ အရိုးသားဆုံးပြောရရင် လီဖူချန်းက သူတို့ကို ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး။

ဒါ့အပြင် အန္တရာယ်အဆင့်၈ရှိတဲ့အတားအဆီးထောင်ချောက်က လီဖူချန်းအတွက် ကြီးမားတဲ့စွန့်စားမှုတစ်ခုပဲ။ သူက အဲဒါကို အန္တရာယ်ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်မလားကိုတော့ မသိဘူး။

"ဒါပေမယ့် ငါ အခုလိုထွက်သွားရင် သတ္တိနည်းရာကျလိမ့်မယ်"

လီဖူချန်းက တစ်ချက်တွေးကာ ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။

သူ့ရဲ့လက်ရှိခွန်အားအရ သူ့အနေနဲ့ သေဆုံးဖို့က အလွန်ခက်ခဲတယ်။ သူ့အသက်ကို အာမခံနိုင်တာကြောင့် သူက တစ်ချက်ကြိုးစားကြည့်ရမှာပေါ့။

လီဖူချန်းက ရှေ့ကို ချက်ချင်း ခြေလှမ်းလှမ်းလိုက်တယ်။

အန္တရာယ်အဆင့်၈ရှိတဲ့အတားအဆီးထောင်ချောက်က အန္တရာယ်များလွန်းလှတယ်။ လီဖူချန်းက အလွန်အမင်း သတိထားခဲ့ပေမယ့် အပ်တစ်ချောင်းထိမှန်သွားသေးတယ်။ အပ်က မယုံနိုင်စရာကောင်းပြီး အရိပ်မရှိသလို ပုံစံလည်း မရှိပါဘူး။ အဲဒါက အဆင့်နိမ့်အန္တိမအဆင့်နတ်ဆရာချပ်ဝတ်တွေကြားရှိအဟကို ဝင်ရောက်ကာ လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ထိမှန်သွားတယ်။ လီဖူချန်းရဲ့ခန္ဓာကိုယ်နဲ့ကျင့်ကြံခြင်းနည်းလမ်းက လုံလုံလောက်လောက်အားမကောင်းရင် သူက သွေးကန်တစ်ခုဖြစ်နေလောက်ပါပြီ။

"ငါ ဂရုမစိုက်လို့ မရဘူး" လီဖူချန်းက ခါးသီးစွာ ရယ်လိုက်တယ်။ သာမန်ကောင်းကင်ဘုံအရှင်တွေကသာ ဒီမမြင်နိုင်တဲ့အပ်ထိမှန်ခဲ့ရင် အနည်းငယ်ကသာ ခံနိုင်ရည်ရှိလိမ့်မယ်။

ခန်းမထဲကို ဝင်လာတဲ့အခါ လီဖူချန်းက နတ်ဆရာရုပ်သေးလေးရုပ်ကို သတိပြုမိခဲ့တယ်။

နတ်ဆရာရုပ်သေးလေးရုပ်ရဲ့ချီတည်ရှိမှုကအဆင့်၄ကောင်းကင်ဘုံအရှင်တွေထက် အများကြီးပိုမြင့်တယ်။ သူတို့က ဓားလေကောင်းကင်ဘုံအရှင်နဲ့ နှိုင်းယှဉ်နိုင်ပြီး သူက ‌အဆင့်၁ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်တယ်။

"ဒင်းတို့နဲ့ အရင်တိုက်ခိုက်ကြည့်ရတာပေါ့"

လီဖူချန်းက သူ့ရဲ့ကောင်းကင်ဘုံဆက်ဓားကို ဆွဲထုတ်ကာ အနီးဆုံးနတ်ဆရာရုပ်သေးဆီ ချဉ်းကပ်လာတယ်။

လှံက ပင်လယ်မှထွက်လာတဲ့အနက်ရောင်နဂါးတစ်ကောင်ပမာ ထိုးသွင်းလာတယ်။ မလှုပ်ရှားတဲ့အချိန်မှာ ဒီနတ်ဆရာရုပ်သေးက ထုံထိုင်းသလိုဖြစ်ပေမယ့် ၎င်း လှုပ်ရှားလာတာနဲ့ ၎င်းရဲ့ခွန်အားက အမှန်တကယ်အံ့အားသင့်စရာကောင်းနေတယ်။

ချွမ်း......

လီဖူချန်းရဲ့ဓားက လှံနဲ့ ထိပ်တိုက်တွေ့ပြီး ကြောက်စရာကောင်းတဲ့လှိုင်းဂယက်တွေကို ဖန်တီးခဲ့တယ်။ လီဖူချန်းက နောက်သို့ ခြေလှမ်းဒါဇင်ကျော် ဆုတ်လိုက်ရတယ်။ ဒါပေမယ့် နတ်ဆရာရုပ်သေးက ပိုဆိုးတယ်၊ ၎င်းက ခန်းမရဲ့နံရံနဲ့ ဝင်ဆောင့်သွားတယ်။

"ငါ့ထက် နည်းနည်းလေးပိုအားနည်းတယ်၊ ဒါပေမယ့် ခြားနားချက်က မသိသာလှဘူး" လီဖူချန်းရဲ့အမူအရာက အံ့အားသင့်ဖွယ်ဖြစ်နေတယ်။

နှစ်ယောက်ကြားတိုက်ပွဲက ကြီးမားတဲ့ရုတ်ရုတ်သဲသဲဖြစ်ရပ်တစ်ခုကို ဖြစ်စေခဲ့ပြီး ‌အခြားနတ်ဆရာရုပ်သေးသုံးရုပ်ကို လှုံ့ဆော်လိုက်တယ်၊ သူတို့က လီဖူချန်းထံ ပြေးဝင်တိုက်ခိုက်လာတယ်။

ချွမ်း ချွမ်း ချွမ်း.....

လီဖူချန်းကို နတ်ဆရာရုပ်သေးလေးရုပ်က ဝန်းရံလိုက်တဲ့အခါ သူက ချက်ချင်းအောက်စည်းရောက်လာတယ်။

အခြေအနေမကောင်းတော့တာကို မြင်ပြီး လီဖူချန်းက အခွင့်အရေးကို ဆုပ်ကိုင်ကာ အဝိုင်းခံထားရာမှ ချိုးဖြတ်ပြီး ခန်းမရဲ့အပြင်ဘက်ကို ရောက်ရှိလာတယ်။

နတ်ဆရာရုပ်သေးတွေက ခန်းမအတွင်းမှာပဲ တိုက်ခိုက်နိုင်မှန်း သိသာတယ်။ ခန်းမထဲမှာ ကျုးကျော်သူတွေမရှိတာကို ခံစားမိပြီး သူတို့က သူတို့ရဲ့မူလနေရာသို့ ပြန်ရောက်သွားကာ လှုပ်ရှားခြင်းမရှိ ရပ်နေကြတော့တယ်။

"ဒီနတ်ဆရာရုပ်သေးလေးရုပ်ကို ရင်ဆိုင်ဖို့ဆိုရင် ငါက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခွန်အားရှိဖို့လိုတယ်" လီဖူချန်းက ခေါင်းခါကာ ထွက်ခွာသွားတယ်။

လီဖူချန်းက တည်နေရာရွှေ့ပြောင်းရေးစင်မြင့်ပေါ်မှာ ရပ်လိုက်တယ်။

ဝီဝီဝီ.......

တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို အသက်သွင်းပြီး လီဖူချန်းကို သယ်ဆောင်လျက် အလင်းတန်းတစ်ခုက ကောင်းကင်သို့ တက်သွားတယ်။

ဒါပေမယ့် ထိုအချိန်မှာ မမြင်နိုင်တဲ့အားတစ်ခုက လီဖူချန်းကို ပြန်ဆွဲချခဲ့တယ်။

"ဘာဖြစ်နေတာလဲ" လီဖူချန်းက အံ့အားသင့်သွားသလို နားမလည်နိုင်ဘူးဖြစ်နေတယ်။

လီဖူချန်းက တည်နေရာရွှေ့ပြောင်းရေးစင်မြင့်ပေါ်သို့ နောက်တစ်ကြိမ် ခြေချလိုက်တယ်၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ဖို့ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်တယ်။

"စွမ်းအင်က ငါ့ခန္ဓာကိုယ်မှ ထွက်လာနေတာလား"

ဒုတိယအကြိမ်ပြန်ဆွဲချခံရပြီးနောက် လီဖူချန်းက တစ်ခုခုထူးဆန်းတာကို ခံစားမိတယ်။

သူ့အဝတ်အစားတွေကို ဆုတ်ဖြဲကာ သူ့နံရိုးပေါ်မှာ လီဖူချန်းက ကျိန်စာနဲ့တူတဲ့အမှတ်အသားတစ်ခုကို သတိပြုမိခဲ့တယ်။ အဲဒါက ငှက်တစ်ကောင်ကိုထောင်ဖမ်းထားတဲ့လှောင်အိမ်တစ်ခုနဲ့တူပြီး အ‌တော်လေးဆန်းကြယ်တယ်။

.

"ဘယ်အချိန်တုန်းက ငါ့မှာ ဒါ ရှိနေရတာလဲ" လီဖူချန်းရဲ့အမူအရာက ဆိုးရွားနေတယ်။

သူက အရူးတစ်ယောက်မဟုတ်ရင်တောင် သူက နတ်ဆရာပညာရပ်တစ်ခု ထိမှန်ထားပြီး အဲဒါက အလွန်အမင်းကြောက်စရာကောင်းတဲ့နတ်ဆရာပညာရပ်တစ်ခုဆိုတာ သူ သိတယ်။ ဒီနတ်ဆရာပညာရပ်က ကျိန်စာတစ်ခုနဲ့တူပြီး ကာကွယ်ဖို့ အလွန်ခက်ခဲတယ်။

လီဖူချန်းက အတားအဆီးထောင်ချောက်မှ အပ်ကို စဉ်းစားမိပေမယ့် သူက ဖြစ်နိုင်ခြေကို လျင်မြန်စွာ ဖယ်ရှားလိုက်တယ်။ အပ်မှာ နတ်ဆရာပညာရပ်တစ်ခုခုပါရှိရင် သူ သတိပြုမိမှာပေါ့။

"နတ်ဆရာဘိုးဘေးနယ်မြေထဲမှာ အကြာကြီးနေလို့များလား"

စဉ်းစားမှုတွေ ပြုပြီးနောက် တစ်ခုတည်းသောဖြစ်နိုင်ခြေက ဒီနေရာမှာစွဲကျန်နေတဲ့နတ်ဆရာပညာရပ်အရှိန်အဝါတစ်ခုကြောင့်မှန်း လီဖူချန်းက တွေးမိတယ်။ ပုံမှန်အားဖြင့် နတ်ဆရာပညာရပ်အရှိန်အဝါက လေလို အန္တရာယ်မရှိပေမယ့် ထိတွေ့မှုကြာရှည်လာတာနဲ့အတူ အဲဒါက ဒီနတ်ဆရာပညာရပ်ကို ထိခိုက်ခံစားလာစေတယ်။

"ကောင်းကင်ဘုံအရှင်တွေ ဒီနေရာကို လာတာရှားတာ အံ့ဩစရာမရှိဘူးပဲ"

လီဖူချန်းက ခါးသီးစွာပြုံးလိုက်မိတယ်။

တင်ပျဥ်ခွေထိုင်ကာ လီဖူချန်းက နတ်ဆရာပညာရပ်ဖြစ်တဲ့လှောင်အိမ်ထဲကငှက်ကို စတင်‌စစ်ဆေးခဲ့တယ်။

စစ်ဆေးပြီးနောက် နတ်ဆရာပညာရပ်လှောင်အိမ်ထဲကငှက်က တကယ်ဆန်းကြယ်မှန်း လီဖူချန်းက သိလာတယ်။ သူက အဲဒါနဲ့ လက်တွေ့ထိတွေ့တာတောင် မဟုတ်ဘူး။

ဆိုလိုတာက သူကြည့်နေတဲ့အရာက လှောင်အိမ်ထဲကငှက်ရဲ့သရုပ်သကန်တစ်ခုသာ ဖြစ်ပြီး နတ်ဆရာပညာရပ်ကိုယ်တိုင်မဟုတ်ပါဘူး။

စမ်းသပ်စရာနည်းလမ်းတစ်ခုပဲ ရှိပုံပဲ"

လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းရည်ကို လှည့်ပတ်ကာ လှောင်အိမ်ထဲကငှက်ရဲ့ချီတည်ရှိမှုနဲ့အတူ သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်လိုက်တယ်။

ပြီးနောက် သူက တည်နေရာရွှေ့ပြောင်းရေးစင်မြင့်ပေါ်သို့ ချက်ချင်းခြေချပြီး တည်နေရာရွှေ့ပြောင်းသွားတော့တယ်။

All Chapters