← Chapters

လေအရှင်မ

Vol. 69 Ch. 962

လေအရှင်မ

Vol. 69 Ch. 962

"အသုံးဝင်တယ်"

သူက နတ်ဆရာဘိုးဘေးအပျက်အစီးနယ်မြေမှ အောင်မြင်စွာ တည်နေရာရွှေ့ပြောင်းသွားနိုင်တဲ့အပေါ် လီဖူချန်းက အံ့အားသင့်လွန်းခြင်းမရှိပါဘူး။

သူ့ရဲ့စိတ်ဝိညာဉ်စွမ်းရည်က သူ့ရဲ့ချီတည်ရှိမှုကို အပြည့်အဝဖုံးကွယ်နိုင်တယ်။ နတ်ဆရာပညာရပ်ဖြစ်တဲ့လှောင်အိမ်ထဲကငှက်က မယုံနိုင်စရာကောင်းမယ့် စိတ်ဝိညာဉ်နဲ့ နှိုင်းယှဉ်ရင် သိသိသာသာနိမ့်ကျတယ်။

ဒါပေမယ့် လီဖူချန်းက စိတ်ဝိညာဉ်စွမ်းရည်ကို ပြန်ရုတ်သိမ်းပြီးနောက် မမြင်နိုင်တဲ့အားက ထပ်မံအသက်ဝင်လာပြီး သူ့ကို နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေထဲသို့ ပြန်ဆွဲချချင်ခဲ့တယ်။

ကံကောင်းစွာနဲ့ အံ့ဖွယ်သစ်ရွက်မြို့ကို ရောက်ရှိပြီးနောက် ကြီးမားတဲ့အကွာအဝေးကြောင့် မမြင်နိုင်တဲ့အားက သေးငယ်တဲ့သက်ရောက်မှုတစ်ခုကိုသာ ထုတ်လုပ်နိုင်ပြီး လီဖူချန်းကို ပြန်မဆွဲချနိုင်တော့ဘူး။

"ဒါကို ပျက်ပြယ်ဖို့ နည်းလမ်းတစ်ခုကို ငါ စဉ်းစားဖို့လိုမယ်"

လှောင်အိမ်ထဲကငှက်က မကောင်းတဲ့နတ်ဆရာပညာရပ်တစ်ခုလို့ လီဖူချန်းရဲ့မသိစိတ်က ပြောပြနေတယ်။ သူက အဲဒါကို မဖယ်ရှားရင် အနာဂတ်မှာ ပြဿနာကြီးတစ်ခုဖြစ်လာလိမ့်မယ်။

"မူလအဆုံးစွန်း‌ကောင်းကင်ဘုံအရှင်၊ အံ့ဖွယ်သစ်ရွက်မြို့မှာ နောက်ရက်အနည်းငယ်ကျရင် ကောင်းကင်ဘုံအရှင်စုဝေးပွဲတစ်ခု ကျင်းပမယ်။ လေအရှင်မက အိမ်ရှင်အဖြစ် ဆောင်ရွက်ပေးပြီး မင်း ပါဝင်သင့်တယ်လို့ ငါ ထင်တယ်၊ ဒီလိုမှ လူတိုင်းက မင်းကို သိနိုင်မယ်" လီဖူချန်းနဲ့ ဆုံတွေ့ပြီးနောက် သက်တံဖြူကောင်းကင်ဘုံအရှင်က ပြောလိုက်တယ်။

"ကောင်းပြီလေ" လီဖူချန်းက သဘောတူလိုက်တယ်။

လီဖူချန်းကို အခု ကောင်းကင်ဘုံအရှင်တစ်‌ ယောက်လို့ သတ်မှတ်လို့ရတယ်၊ သူက ကောင်းကင်ဘုံအရှင်တွေနဲ့ပတ်သက်ပြီး ပိုသိချင်တယ်။ စုဝေးပွဲက ကြီးမားတဲ့အခွင့်အလမ်းတစ်ခုပါပဲ။

စုဝေးပွဲတည်နေရာက ကောင်းကင်လှပအိမ်တော်ပါပဲ။ အိမ်တော်ရဲ့ပိုင်ရှင်က လေအရှင်မပါပဲ။

လူအများစုက လေအရှင်မကို သိတယ်။ သူမက စကြာဝဠာမြို့တစ်မြို့ရဲ့မြို့အရှင်မတစ်ယောက်မဟုတ်ပေမယ့် သူမက စစ်မှန်တဲ့မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်မတစ်ယောက်ဖြစ်တယ်။ သူမရဲ့လေထိန်းချုပ်ခြင်းစွမ်းရည်က တကယ်ကြောက်စရာကောင်းတယ်။ သူမက အာကာသ-အချိန်မုန်တိုင်းတစ်ခုကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပြီး လေဖျက်ဆီးခြင်းကို အလွယ်တကူထုတ်ဖော်နိုင်တယ်။

ကောင်းကင်ဘုံအရှင်တွေက ကောင်းကင်လှပအိမ်တော်ကို စတင်ရောက်ရှိလာတယ်၊ တပ်ရင်း၁၉မှကောင်းကင်ဘုံအရှင်တွေလည်းပါတယ်။

"ဟားဟား၊ အရိုးဝံပုလွေကောင်းကင်ဘုံအရှင်၊ မတွေ့ရတာကြာပြီ"

"ခြောက်သွေ့ညှိုးနွမ်းသစ်သားဘိုးဘေး၊ ဒီလောက်နှစ်တွေကြာ‌တောင် မင်းက မပြောင်းလဲသေးဘူးနော်။ မင်းက ခြောက်သွေ့ညှိုးနွမ်းသစ်သားဘိုးဘေးဆိုတဲ့ဘွဲ့နာမည်ရတာ အံ့ဩစရာမရှိဘူး"

"ငါးမန်းပြာကောင်းင်ဘုံအရှင်၊ မင်း ရှေးကျောက်တုံးကြယ်ပိုင်နက်ကို သွားခဲ့တယ်မလား"

"အဲအကြောင်းကို မပြောပါနဲ့တော့။ အချိန်သဲကောင်းကင်ဘုံအရှင်က အရူးအမူးဖြစ်နေတယ်၊ သူက အချိန်အကျဉ်းထောင်ကို လေ့လာနေတယ်။ သူက လူတွေကို အဆက်မပြတ်ပြန်ပေးဆွဲပြီး သူတို့ကို အထဲမှာ ထည့်ထားတယ်။ ကောင်းကင်ဘုံအရှင်အချို့ကို ဖမ်းဆီးထားပြီးပြီ"

"အချိန်သဲကောင်းကင်ဘုံအရှင်က မယုံနိုင်စရာပဲ။ သူက မြို့အရှင်မဖြစ်ခင်ကတည်းက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်‌ယောက်ဖြစ်နေပြီးလို့ ကောလဟာလတွေက ပြောကြတယ်"

ကောင်းကင်လှပအိမ်တော်.....

လေထဲမှာ ပူဖောင်းတွေ လွင့်မျောနေပြီး ပူဖောင်းတွေက အရက်ကောင်းတွေ၊ အချိုပွဲတွေ၊ သစ်သီးတွေမျိုးစုံနဲ့ ပြည့်နေတယ်။ သူတို့အထဲမှာ သန်းချီကျသင့်တဲ့ဝိုင်တွေရှိတယ်။

လူတိုင်းက သူတို့ဆန္ဒရှိသလို သောက်ကြစားကြစကားပြောနေကြတယ်။ စုဝေးခြင်းအနေအထားက အတော်လေးသက်သောင့်သက်သာရှိတယ်။

"ကောင်းကင်ဘုံအရှင်အဆင့်စုဝေးပွဲတစ်ခုက တကယ်မယုံနိုင်စရာပဲ"

လီဖူချန်းက ရောင်စုံဝိုင်တစ်ခုကို ယူဖို့ လက်လှမ်းလိုက်တယ်။

ဒီဝိုင်က သာမန်ဝိုင်မဟုတ်ဘူး၊ ဒါက အံ့ဖွယ်သစ်ရွက်မြို့ရဲ့ကျော်ကြားတဲ့နဂါးသစ်ခက်ကျောက်စိမ်းအရည်ပါပဲ။ ဒါကို အံ့ဖွယ်သစ်ရွက်နှင်းစက်နဲ့အံ့ဖွယ်သစ်ရွက်ရည်နဲ့ ပြုလုပ်ထားပြီး ပုလင်းတစ်လုံးစီက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်သန်းကျသင့်တယ်။ ဒီလိုတစ်ခွက်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်သိန်းလောက် ရှိလိမ့်မယ်။

"ဒီကောင်းကင်ဘုံအရှင်စုဝေးပွဲက ပုံမှန်ကျင်းပလေ့ရှိတာမဟုတ်ဘူး။ တစ်ခါတစ်ရံမှာ သေးငယ်တဲ့ကောင်းကင်ဘုံအရှင်စုဝေးပွဲတစ်ခုကို နှစ်ထောင်အနည်းငယ်မှာတောင် မကျင်းပဘူး။ နာမည်အကြီးဆုံးစုဝေးပွဲတွေက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးရဲ့ကန့်လန့်ဖြတ်မြစ်ဧည့်ခံပွဲနဲ့ အသင်္ချေပန်းအမျိုးသမီးရဲ့အသင်္ချေပန်းစု‌ဝေးပွဲပဲ" ဓားလေကောင်းကင်ဘုံအရှင်က ခန့်ညားတဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့နဖူးပေါ်မှာ  ဓားအမာရွတ်တစ်ခုရှိတယ်။ လီဖူချန်းကို ရှင်းပြပြီးနောက် သူက အရက်တစ်ငုံသောက်လိုက်တယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ အသင်္ချေပန်းစု‌ဝေးပွဲနဲ့ပတ်သက်ပြီးကြားတာ ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူး။

"လာ၊ မူလအဆုံးစွန်း‌ကောင်းကင်ဘုံအရှင်၊ မင်းကို ယင်လက်ကောင်းကင်ဘုံအရှင်နဲ့ မိတ်ဆက်ပေးပါရစေ။ သူ့ရဲ့လက်ဝါးပညာက အတော်လေးပြောင်မြောက်တယ်။ အဲဒါက မမြင်ဘဲနဲ့ လူတွေကို ဒဏ်ရာရစေနိုင်တယ်၊ မမြင်ဘဲနဲ့ လူတွေကို ကယ်ဆယ်နိုင်တယ်"

ဓားလေကောင်းကင်ဘုံအရှင်နဲ့သက်တံဖြူကောင်းကင်ဘုံအရှင်တို့က လီဖူချန်းကို ပိန်သွယ်ပြီးပုံမှန်မဟုတ်တဲ့ချီတည်ရှိမှုတစ်ခုရှိတဲ့ကောင်းငင်ဘုံအရှင်တစ်ယောက်ထံ ဆွဲခေါ်လာတယ်။

"ယင်လက်ကောင်းကင်ဘုံအရှင်၊ ဒါက ငါတို့ဓားသမားအစည်းအရုံးရဲ့အသစ်ဖြစ်လာတဲ့ကောင်းကင်ဘုံအရှင်ဖြစ်တဲ့မူလအဆုံးစွန်း‌ကောင်းကင်ဘုံအရှင်ပဲ။ ဒါပေမယ့် သူ့ကို အထင်မသေးနဲ့၊ သူ့ခွန်အားက ငါ့ထက်တောင် မြင့်နိုင်တယ်" သက်တံဖြူကောင်းကင်ဘုံအရှင်က ယင်လက်ကောင်းကင်ဘုံအရှင်ကို ပြောလိုက်တယ်။

ယင်လက်ကောင်းကင်ဘုံအရှင်က အစကတော့ လီဖူချန်းနဲ့ပတ်သက်ပြီးစိတ်မဝင်စားပေမယ့် သက်တံဖြူကောင်းကင်ဘုံအရှင်ရဲ့မိတ်ဆက်စကားကို ကြားပြီးနောက် သူက အတော်လေးအံ့အားသင့်သွားတယ်။ သက်တံဖြူကောင်းကင်ဘုံအရှင်က သိပ်မပြောင်မြောက်ပေမယ့် သူက အဆင့်၃ကောင်းကင်ဘုံအရှင်ဖြစ်ပါသေးတယ်။ အသစ်ဖြစ်လာတဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်က အဆင့်၃ကောင်းကင်ဘုံအရှင်တစ်‌ယောက်ရဲ့ခွန်အားရှိတာကတော့ ဘယ်နေရာမှာမဆို မျက်စိဖမ်းစားစရာဖြစ်ပေလိမ့်မယ်။

မူလအဆုံးစွန်း‌ကောင်းကင်ဘုံအရှင်၊ ဒါက ငါတို့ရဲ့ပထမဆုံးအကြိမ်တွေ့‌ဆုံမှုလို့ ငါ ထင်တယ်။ တွေ့ရတာ ဝမ်းသာပါတယ်" ယင်လက်ကောင်းကင်ဘုံအရှင်က လက်ကို ဆန့်ထုတ်ကာ လီဖူချန်းနဲ့ လက်တွဲနှုတ်ဆက်ချင်ခဲ့တယ်။

ဓားလေကောင်းကင်ဘုံအရှင်နဲ့သက်တံဖြူကောင်းကင်ဘုံအရှင်တို့ရဲ့မျက်လုံးတွေက ပြောင်းလဲသွားပေမယ့် သူတို့က ဝင်မစွက်ဖက်ခဲ့ပါဘူး။

"ယင်ယန်ကောင်းကင်ဘုံအရှင်၊ တွေ့ရတာ ဝမ်းသာပါတယ်" လီဖူချန်းက တစ်ဖက်လူရဲ့လက်ကို ကြည့်လိုက်တယ်။ လက်ကိုကြည့်ရတာ အစစ်အမှန်နဲ့ဟင်းလင်းပြင်ကြား ပြောင်းလဲနေပုံပဲ။ သူက အမှတ်မဲ့လက်တွဲနှုတ်ဆက်မိရင် သူက လက်ချော်သွားပေလိမ့်မယ်။

တူံ့ဆိုင်ခြင်းမရှိဘဲ လီဖူချန်းက ယင်လက်ကောင်းကင်ဘုံအရှင်နဲ့အတူ လက်တွဲနှုတ်ဆက်လိုက်တယ်။

"အာ"

သူ့လက်ကို လီဖူချန်းက တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ဟင်းလင်းပြင်အဖြစ်သို့ မပြောင်းလဲနိုင်တော့တာကို ယင်လက်ကောင်းကင်ဘုံအရှင်က ခံစားမိတယ်။

"အံ့မခန်းပဲ" ယင်လက်ကောင်းကင်ဘုံအရှင်က ပြုံးလိုက်တယ်။

တစ်နာရီကြာပြီးနောက် လေအရှင်မက ရောက်ရှိလာတယ်။

လေအရှင်မက စိမ်းဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်၊ သူမက အရပ်မြင့်ကာ ဆွဲဆောင်မှုရှိတယ်။ သူမမှာ မဖော်ပြနိုင်တဲ့ညှို့ဓာတ်တစ်ခုရှိတယ်။ သူမက လေနဲတူတယ်၊ တစ်ခါတစ်ရံမှာ ကြမ်းတမ်းတယ်၊ တစ်ခါတစ်ရံမှာ နူးညံ့တယ်၊ အပြောင်းအလဲမျိုးစုံနဲ့ ပြည့်နှက်နေပြီး အလွန်ဖမ်းစားလှတယ်။

လေအရှင်မရောက်ရှိလာတာက စုဝေးပွဲရဲ့အနေအထားကို နိုးကြွလာစေတယ်။

"ဓားလေကောင်းကင်ဘုံအရှင်၊ သူက ဘယ်သူလဲ"

အချိန်တစ်ခုကြာပြီးနောက် လေအရှင်မက ဓားလေကောင်းကင်ဘုံအရှင်နဲ့ ရောနှောဖို့ အချိန်ရလာတယ်။

"လေအရှင်မ၊ ဒါက ငါတို့ဓားသမားအစည်းအရုံးရဲ့အသစ်ဖြစ်လာတဲ့မူလအဆုံးစွန်း‌ကောင်းကင်ဘုံအရှင်ပဲ" ဓားလေကောင်းကင်ဘုံအရှင်က မိတ်ဆက်ပေးလိုက်တယ်။

"နှုတ်ဆက်ပါတယ် လေအရှင်မ" လီဖူချန်းက လေအရှင်မကို ဂါဝရပြုလိုက်တယ်။

"အိုး။ အသစ်ဖြစ်လာတဲ့ကောင်းကင်ဘုံအရှင်လား။ သူ့ကို ကြည့်ရတာ တော်တော်လေးငယ်တာပဲ" လီဖူချန်းကို အကဲဖြတ်နေတဲ့လေအရှင်မရဲ့မျက်လုံးအတွင်းနက်ပိုင်းထဲမှာ အလင်းတစ်ခု လက်လာတယ်။

သူမက ချီတည်ရှိမှုနဲ့ပတ်သက်ပြီး အလွန်အာရုံခံနိုင်စွမ်းရှိတယ်။ လီဖူချန်းရဲ့ချီတည်ရှိမှုက ငယ်ရွယ်လွန်းပြီး ကောင်းကင်ဘုံအရှင်တွေမဆိုနဲ့၊ သူတော်စင်အရှင်တွေကြားမှာတောင် ဒီလိုငယ်ရွယ်တဲ့ချီတည်ရှိမှုတစ်ခုကို ဘယ်တော့မှ မခံစားခဲ့ရဘူး။

စုဝေးပွဲပြီးဆုံးသွားသလို လီဖူချန်းက အများကြီးရရှိလာခဲ့တယ်။ စုဝေးပွဲအတွင်း သူက ကောင်းကင်ဘုံအရှင်တွေနဲ့ပတ်သက်ပြီး အများကြီး သိလာတယ်၊ ဆက်သွယ်ရေးတိုကင်တွေကိုတောင် ဖလှယ်လာခဲ့တယ်။

သူက လေအရှင်မနဲ့တော့ ဆက်သွယ်ရေးတိုကင်တွေ မဖလှယ်ခဲ့ပါဘူး။

မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ ဆက်‌သွယ်ရေးတိုကင်တွေ ဖလှယ်ခြင်းက ကောင်းကင်ဘုံအရှင်အများစုကို မနာလိုစေဖို့ လုံလောက်တယ်။

…

ချွမ်း......

မီးပွားတစ်ခု ပေါက်ကွဲထွက်လာပြီး ပုံရိပ်တစ်ခုက လွင့်ထွက်သွားတယ်။

" တရားလွန်တယ်။ မူလအဆုံးစွန်း‌ကောင်းကင်ဘုံအရှင်၊ မင်းက တကယ်ပဲ တရားလွန်တယ်"

လီဖူချန်ရဲ့ခွန်အားက သူနဲ့နှိုင်းယှဉ်နိုင်တာကို သိပြီးတောင်မှ ကိုယ်တိုင်တွေ့ကြုံပြီးနောက် သက်တံဖြူကောင်းကင်ဘုံအရှင်က ထိတ်လန့်တုန်လှုပ်နေရတုန်းပဲ။

မဟုတ်ဘူး၊ လီဖူချန်းရဲ့ခွန်အားက ပိုမြင့်တာ။

"သူက အဆင့်၂ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်နိုင်လား" သက်တံဖြူကောင်းကင်ဘုံအရှင်က အသက်ကို နက်ရှိုင်းစွာ ရှုထုတ်လိုက်မိတယ်။

ချိုးဖြတ်တဲ့အချိန်မှာ အဆင့်၂ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခွန်အားရှိတာက လီဖူချန်းမှာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးတွေ ရှိတယ်လို့ဆိုလိုတယ်။

"မူလအဆုံးစွန်း‌ကောင်းကင်ဘုံအရှင်၊ ငါတို့ တိုက်ခိုက်ကြည့်ကြရအောင်" ဓားလေကောင်းကင်ဘုံအရှင်ရဲ့ဓားက အနည်းငယ်တုန်ခါသွားပြီး ဓားလေတွေက လီဖူချန်းထံ ပြေးဝင်လာတယ်။

ဓားလေကောင်းကင်ဘုံအရှင်ရဲ့ဓားတာအိုက ရှေးဦးမူလလေဓားတာအိုမှန်း သိသာတယ်။ ဓားကွက်တွေက ထက်ရှရုံတင်မကဘူး၊ သူတို့က လမ်းကြောင်းလည်း မရှိဘူး။

ထည်ဝါဓားတာအိုကို အသုံးပြုခြင်းဖြင့် လီဖူချန်းက ဓားလေကောင်းကင်ဘုံအရှင်နဲ့ ညီမျှစွာ ယှဉ်ပြိုင်နိုင်တယ်။

"သူက တကယ်ကို အဆင့်၁ဓားသမားတစ်ယောက်ပဲ....." ဘေးမှ ‌သက်တံဖြူကောင်းကင်ဘုံအရှင်က သူ့ရဲ့လျှာကို ကိုက်လုမိနီးပါးပါပဲ။

သူက နှစ်ပေါင်းမရေမတွက်များစွာ ကျင့်ကြံထားပေမယ့် အဆင့်၃ကောင်းကင်ဘုံအရှင်တစ်ယောက်သာ ဖြစ်သေးတယ်။ လီဖူချန်းက ကောင်းကင်ဘုံအရှင်အဆင့်ကို ချိုးဖြတ်ရုံမျှနဲ့ အဆင့်၁ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာတယ်။ ဒါက သက်တံဖြူကောင်းကင်ဘုံအရှင်ကို လူသားတွေအကြားကြီးမားပြင်းထန်တဲ့ခြားနားချက်ကို ညည်းတွားမိစေတယ်။ အချို့သူတွေက အားလုံးရဲ့အထက်မှာ တောက်ပဖို့ ကံကြမ္မာသတ်မှတ်ထားပြီးသားပါပဲလား။

All Chapters