← Chapters

တိုက်ပွဲသားရဲတိုကင်

Vol. 69 Ch. 963

တိုက်ပွဲသားရဲတိုကင်

Vol. 69 Ch. 963

ကြယ်တစ်ထောင်အရိပ်ရွာ၊ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့အန္တရယ်နယ်မြေငါးခုထဲကတစ်ခု။

ဒီအန္တရာယ်နယ်မြေက သဘာဝကြောင့် ဒါမှမဟုတ် လူတွေကြောင့် ဖြစ်တည်လာသလားကိုတော့ မသိဘူး။ အထဲမှာ မရေမတွက်နိုင်တဲ့စကြာဝဠာလျှိုမြောင်တွေ ရှိတယ်။ ကောင်းကင်ဘုံအရှင်တစ်‌ယောက်က အထဲမှာ ပိတ်မိသွားရင် သူတို့က လုံးဝအသက်ဆုံးရှုံးသွားရလိမ့်မယ်။

လျှိုမြောင်ထဲမှာ ကြယ်တွေရှိတယ်။ ဒီကြယ်တွေက အရိပ်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ထင်ရပေမယ့် သူတို့မှာ အစစ်အမှန်ခန္ဓာကိုယ်ရှိတယ်။

ထိုအခိုက်မှာ တိုက်ခိုက်‌ရေးသင်္ဘောတစ်စင်းက ကြယ်တစ်ထောင်အရိပ်ရွာကို ရောက်ရှိလာတယ်။

တိုက်ခိုက်ရေးသင်္ဘောမှာ ကောင်းကင်ဘုံအရှင်အနည်းငယ်ရှိတယ်၊ လီဖူချန်း၊ ယင်လက်ကောင်းကင်ဘုံအရှင်၊  ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်နဲ့ သံအရှင်မတို့ပါပဲ။

ယင်လက်ကောင်းကင်ဘုံအရှင်နဲ့ပတ်သက်ပြီးတော့ ပြောဖို့မလိုပါဘူး။

ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်က နတ်ဆိုးသားရဲကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ ကျားအင်းကွက်တွေရှိတယ်။ (မြန်မာဘာသာပြန်သူရဲ့မှတ်စု: အရင်အပိုင်းတွေမှာ ကောင်းကင်ဘုံအရှင်အဆင့်နတ်ဆိုးသားရဲတွေကို ငရဲအာဏာရှင်လို့ ဖော်ပြခဲ့ပါတယ်။ အခု နတ်ဆိုးသားရဲကောင်းကင်ဘုံအရှင်လို့ ပြန်ပြောင်းထားပါတယ်၊ မူရင်းတရုတ်စာရေးသူက ပြန်ပြောင်းထားတာလို့ အင်္ဂလိပ်ဘာသာပြန်သူက ပြောပါတယ်)

သံအရှင်မက အရပ်မြင့်ပြီးအနက်ရောင်ဝတ်ရုံနဲ့အမျိုးသမီးကောင်းကင်ဘုံအရှင်တစ်ယောက်ပါပဲ။ သူမရဲ့မျက်နှာအသွင်အပြင်ကို ကြည့်ရတာ သူတို့ကို သေချာထွင်းထုထားသလို ခံစားရတယ်၊ သူမမှာ နူးညံပြီးချို့ယွင်းချက်မရှိတဲ့အသားအရေရှိတယ်။

စုဝေးပွဲအတွင်း လီဖူချန်းက သူတို့သုံးယောက်နဲ့ သိကျွမ်းခဲ့တယ်။ ဒီတစ်ကြိမ်တော့ သူတို့က ဒိီနေရာကို နက္ခက်တာရာဧရာမသားရဲဖြစ်တဲ့ယင်အရိပ်ကျောက်တုံးမျောက်ကို ဖမ်းဆီးဖို့ ယင်လက်ကောင်းကင်ဘုံအရှင်ကို ကူညီဖို့အတွက်ပါပဲ။

"ယင်အရိပ်ကျောက်တုံးမျောက်က ယင်အရိပ်ကြယ်တွေပေါ်မှာ ပုံမှန်အားဖြင့်နေထိုင်တယ်၊ ဒါပေမယ့် သူတို့က အန္တရယ်ကို ရင်ဆိုင်မိတာနဲ့ အနီးဆုံးရှိစကြာဝဠာလျှိုမြောင်ထဲကို ချက်ချင်းထွက်ပြေးသွားလိမ့်မယ်။ ဒါကြောင့် ငါတို့မှာ ယင်အရိပ်ကျောက်တုံးမျောက်ကို ဖမ်းဆီးဖို့ အခွင့်အရေးတစ်ခုသာ ရှိတယ်။ ငါတို့ အဲဒါကို လွဲချော်တာနဲ့ နောက်ထပ်ယင်အရိပ်မျောက်တစ်ကောင်ကို ရှာဖွေရလိမ့်မယ်"

ယင်လက်ကောင်းကင်ဘုံအရှင်က ဒီဖမ်းဆီးမှုအတွက် တန်ဖိုးတစ်ခု ပေးချေထားတယ်။ သူက သူတို့သုံးယောက်ကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းသုံးရာ ပေးချေခဲ့ရတယ်။ ဒါက အောင်မြင်ရင် သူက နောက်ထပ်သန်းနှစ်ရာပေးချေရလိမ့်မယ်။

"ယင်လက်ကောင်းကင်ဘုံအရှင်၊ မစိုးရိမ်ပါနဲ့။ ငါ ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်က မင်းရဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ဘာမှမလုပ်ဘဲ မယူပါဘူး။ ဒီဖမ်းဆီးမှုက ကျဆုံးသွားရင် ငါ မင်းကို ဘာအခမှမယူဘဲ နောက်တစ်ခါ ထပ်ကူညီမယ်" ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်က သူ့ရင်ဘက်ကို ပုတ်ကာ ပြောလိုက်တယ်။

ယင်လက်ကောင်းကင်ဘုံအရှင်က ရယ်ကာ ပြောလိုက်တယ်"ငါ ဒီဖမ်းဆီးခြင်းအစီအစဉ်အတွက် ပြင်ဆင်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒါ အောင်မြင်ရမယ်လို့ ငါ ယုံကြည်တယ်"

မကြာမီမှာ တိုက်ခိုက်ရေးသင်္ဘောက ရင်အရိပ်ကြယ်အနီးကို ရောက်ရှိလာတယ်။

ကြယ်ပေါ်ကို တက်ပြီးနောက် သူတို့လေးဦးအဖွဲ့က ယင်အရိပ်ကျောက်တုံးမျောက်ရဲ့အရိပ်အယောင်ကို စတင်ရှာဖွေခဲ့တယ်။

ကြယ်တစ်ထောင်အရိပ်ရွာမှာ ယင်အရိပ်ကြယ်တွေများစွာရှိတယ်။ နာမည်က ကြယ်တစ်ထောင်လို့ ဆိုပေမယ့် တကယ်တော့ မရေမတွက်နိုင်လောက်အောင် ရှိတယ်။ စကြာဝဠာလျှိုမြောင်တစ်ခုစီမှာ ယင်အရိပ်ကြယ်တွေ များစွာရှိတယ်။

"ထင်ထားတဲ့အတိုင်းပဲ၊ ဒီကြယ်တစ်ထောင်အရိပ်ရွာက သဘာဝအတိုင်း ဖြစ်လာတာမဟုတ်ဘူးပဲ"

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းငါးရာအတွက်နဲ့ လီဖူချန်းက ယင်လက်ကောင်းကင်ဘုံအရှင်ကို ကူညီဖို့ သဘောတူခဲ့တာမဟုတ်ပါဘူး။ အပွင့်လင်းဆုံးပြောရရင် သူ့ကြွယ်ဝမှုက မများရင်တောင် သူက ဆန္ဒရှိရင် သူ့အနေနဲ့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းငါးရာကို ရရှိဖို့က အလွယ်လေးပါပဲ။ သူ သဘောတူရတဲ့အကြောင်းပြချက်က ကောင်းကင်ဘုံအရှင်တွေအသုံးပြုတဲ့နည်းလမ်းတွေကို နားလည်ဖို့နဲ့ ကြယ်တစ်ထောင်အရိပ်ရွာကို မြင်တွေ့ခွင့်ရဖို့ပါပဲ။

လီဖူချန်းရဲ့အမြင်အရ ဒီကြယ်တစ်ထောင်အရိပ်ရွာက ဓားမေ့ာတာအိုဒဏ္ဍာရီပုဂ္ဂိုလ်တစ်‌‌ယောက်နဲ့ အရိပ်တာအိုဒဏ္ဍာရီပုဂ္ဂိုလ်တစ်‌‌ယောက်ကြားတိုက်ပွဲတစ်ခုအတွင်း ဖြစ်ပေါ်လာတာပဲ။ ဒါပေမယ့် နှစ်ပေါင်းမရေမတွက်များစွာကြာပြီးနောက် ထက်မြက်တဲ့လူတွေကသာ သဲလွန်စတွေကို ရှာတွေ့နိုင်လိမ့်မယ်။

"ထိုဒဏ္ဍာရီပုဂ္ဂိုလ်တွေရဲ့ခွန်အားအဆင့်က ဘာလဲကို ငါ သိချင်မိတယ်" လီဖူချန်းက ရေရွတ်လိုက်မိတယ်။

ဒီကြယ်တစ်ထောင်အရိပ်ရွာက အလင်းနှစ်ထောင်ကျော် ဖြစ်သန်းလာခဲ့တာပဲ။ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေက သေချာပေါက် ဒါကို မအောင်မြင်နိုင်ဘူး၊ အကြိုနတ်ဘုရားတွေကလဲ ဒါကို မလုပ်နိုင်လောက်ဘူး။

******

နှစ်ဝက်ခန့်ကြာပြီးနောက်......

ဝီဝီဝီ........

အားနည်းတဲ့လှိုင်းဂယက်တစ်ခုဖြစ်လာတယ်။

ကြယ်တစ်ထောင်အရိပ်ရွာအထဲရှိ ယင်အရိပ်ကြယ်တစ်လုံးပေါ်မှာ ကြီးမားတဲ့အရိပ်တစ်ခုက ထွက်ပေါ်လာပြီး အနီးရှိစကြာဝဠာလျှိုမြောင်တစ်ခုဆီ ပျံသန်းသွားတော့တယ်။

"ထွက်ပြေးဖို့ မစဉ်းစားနဲ့"

ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်ရဲ့ခန္ဓာကိုယ်က ကြီးမားလာပြီး သူက အရွယ်အစားအားဖြင့် မိုင်သောင်းအနည်းငယ်ရှိတဲ့အနက်ရောင်အင်းကွက်တွေရှိတဲ့အဖြူရောင်ကျားတစ်‌ကောင်အဖြစ်သို့ ပြောင်းလဲသွားတယ်။ သူက ကျယ်လောင်စွာ မာန်ဖီလိုက်ပြီး ကြောက်စရာကောင်းတဲ့အသံလှိုင်းတစ်ခုက ကြီးမားတဲ့အရိပ်တစ်ခုဆီ တိုက်ခိုက်လာတယ်။

ကျီ ကျီ ကျီ......

ကြီးမားတဲ့အရိပ်ကို အသံလှိုင်းက ထိမှန်သွားတယ်၊ အဲဒါက တစ်ခဏရပ်တန့်ပြီး ၎င်းရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ပြလိုက်တယ်။

ဒါက အနက်ရောင်ဧရာမကျောက်တုံးမျောက်တစ်ကောင်ပါပဲ။ ကျောက်တုံးမျောက်နဲ့နှိုင်းယှဉ်ရင် ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်က သေးငယ်တဲ့ကျောက်စရစ်ခဲတစ်ခုမျှသာပဲ။

ယင်အရိပ်ကျောက်တုံးမျောက်က အားကောင်းတဲ့နက္ခတ်တာရာဧရာမသားရဲတစ်ကောင်ဖြစ်တယ်။ ယင်အရိပ်ကျောက်တုံးမျောက်တိုင်းက ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။

"ဝင်ရိုးနှစ်ဖက်အစီအရင်ချပ်ပြား"

ရုဝ်တရက် သံအရှင်မက ယင်အရိပ်မျောက်အနောက်မှာ ထွက်ပေါ်လာတယ်။ လက်နဲ့ပစ်ထုတ်လိုက်ရာ အစီအရင်ချပ်ပြားတစ်ခုက ဟင်းလင်းပြင်နဲ့ ပေါင်းစပ်သွားတယ်။

ကျီ ကျီ ကျီ.......

ယင်အရိပ်ကျောက်တုံးမျောက်က အရိပ်အဖြစ် နောက်တစ်ကြိမ်ပြောင်းသွားပြီး စကြာဝဠာလျှိုမြောင်ထဲသို့ ထွက်ပြေးချင်ခဲ့တယ်။

ဝုန်း.....

ဟင်းလင်းပြင်ထဲမှာ မမြင်နိုင်တဲ့အတားအဆီးတစ်ခုက ယင်အရိပ်ကျောက်တုံးမျောက်ကို တားဆီးပြီး ၎င်းကို နောက်သို့ ပြန်ကန်ထွက်သွားစေတယ်။

အနေအထားကို မြင်ပြီး သံအရှင်မက နှာခေါင်းရှုံ့လိုက်တယ်။ ဝင်ရိုးနှစ်ဖက်အစီအရင်ချပ်ပြားက အန္တိမအဆင့်အစီအရင်ချပ်ပြားတစ်ခုဖြစ်ပြီး  သာမန်ကောင်းကင်ဘုံအရှင်တွေကို အလွယ်တကူ ထောင်ဖမ်းနိုင်တယ်။

ဝုန်း ဝုန်း ဝုန်း.....

ယင်အရိပ်ကျောက်တုံးမျောက်က ရူးနှမ်းသွားတဲ့အလား လုပ်ဆောင်ခဲ့တယ်။ ၎င်းက အစီအရင်အတားအဆီးကို သွေးရူး‌သွေးတန်းတိုက်ခိုက်ပြီး သေးငယ်တဲ့အက်ရာတွေ ဖြစ်လာတယ်။ ဒါပေမယ့် အက်ကြောင်းတွေက လျင်မြန်စွာ ပျောက်ကွယ်သွားတယ်၊ ဒါပေမယ့် သံအရှင်မရဲ့နှလုံးသားက အနည်းငယ်တင်းကြပ်သွားသေးတယ်။

"ဒိီပါအဆုံးစွန်းယင်လက်......" ယင်လက်ကောင်းကင်ဘုံအရှင်က ယင်အရိပ်ကျောက်တုံးမျောက်ရဲ့ဘေးနားကို ရောက်ရှိလာပြီး လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။

လက်ဝါးက ပုံရိပ်ယောင်တစ်ခုပမာ ယင်အရိပ်‌ကျောက်တုံးမျောက်ရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတယ်။

ယင်အရိပ်မျောက်ရဲ့မြန်နှုန်းနဲ့စွမ်းအားက ပိုအားနည်းလာတာကို ထင်ထင်ရှားရှားမြင်နိုင်ပေတယ်။

ယင်အရိပ်ကောင်းကင်ဘုံအရှင်ရဲ့ဒီပါအဆုံးစွန်းယင်လက်က သိုင်းပညာတစ်ခုမဟုတ်ဘူး။ အဲဒါက တကယ်တော့ သူ့ရဲ့မွေးရာပါစွမ်းရည်အပေါ် အခြေခံထားတဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုတစ်ခုဖြစ်တယ်။ ဒီတိုက်ခိုက်ရေးကျွမ်းကျင်မှုရဲ့အကြီးမားဆုံးသက်ရောက်မှုက ရန်သူရဲ့စွမ်းအင်ကို စုပ်ယူပြီးအားနည်းလာစေဖို့အတွက်ပဲ။ ရန်သူက အားနည်းရင် သူတို့က ချက်ချင်းဒဏ်ရာရဒါမှမဟုတ်သေသွားပါလိမ့်မယ်။

ဟိန်းသံ.....

ယင်အရိပ်ကျောက်တုံးမျောက်က ဒေါသထွက်သွားတယ်။ ၎င်းရဲ့မျက်လုံးနှစ်ဖက်လုံးက အနီရောင်ဖြစ်ပြီး ပေါက်ကွဲစွမ်းအားတစ်ခု ဖြစ်ပေါ်လာတယ်။ ၎င်းက အစီအရင်ပေါ်မှာ ချိုင့်ခွက်တစ်ခုဖြစ်စေပြီး ပျက်စီးလုနီးပါးပါပဲ။

"မကောင်းတော့ဘူး" သံအရှင်မရဲ့ခန္ဓာကိုယ်က သတ္တုအလင်းတောက်ပလာပြီး သူမက ယင်အရိပ်ကျောက်တုံးမျောက်ထံ ပြေးဝင်လာတယ်။

ချွမ်း ချွမ်း ချွမ်း......

တိုက်ပွဲက ညီမျှနေတယ်။

"ငါ မင်းကို ကူညီပေးမယ်" ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်က တိုက်ပွဲထဲ ပူးပေါင်းလာတယ်။

ယင်လက်ကောင်းကင်ဘုံအရှင်အတွက်ကတော့ ယင်အရိပ်ကျောက်တုံးမျောက်ကို ပိုအားနည်းစေဖို့ သူက ဒီပါအဆုံးစွန်းယင်လက်ကို အဆက်မပြတ်အသုံးပြုနေတယ်။

"မူလအဆုံးစွန်း‌ကောင်းကင်ဘုံအရှင်၊ မင်း မကူညီသေးဘူးလား"

သူတို့က ယင်အရိပ်ကျောက်တုံးမျောက်ကို ဖိနှိပ်နိုင်တယ်ဆိုပေမယ့် လီဖူချန်းက မလှုပ်ရှားတာကို မြင်တဲ့အခါ ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်က အတော်လေးမပျော်မရွှင်ဖြစ်သွားတယ်။

လီဖူချန်းက ဖြေလိုက်တယ်"တောင်းပန်ပါတယ်၊ ငါက ယင်အရိပ်ကျောက်တုံးမျောက်ရဲ့အားနည်းချက်ကို ရှာဖွေနေတာ"

ယင်အရိပ်ကျောက်တုံးမျောက်က ထာဝရနဲ့မဖျက်ဆီးနိုင်တယ်လို့ လူသိများတယ်။ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်က‌တောင် ယင်အရိပ်ကျောက်တုံးမျောက်ကို သတ်ဖို့ ခက်ခဲတဲ့အချိန်တစ်ခုရှိတယ်။ အဓိကအားဖြင့် ယင်အရိပ်ကျောက်တုံးမျောက်ရဲ့စွမ်းရည်ဖြစ်တဲ့အရိပ်ရွှေ့ပြောင်းခြင်းနဲ့ကျောက်ခဲပမာကြောင့်ပဲ။ ရှေ့က တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ပြီး နောက်က တိုက်ခိုက်မှုတွေကို ခုခံနိုင်တယ်။ စွမ်းရည်နှစ်ခုအတူတကွစုပုံလာတဲ့အခါ အဲဒါက ချို့ယွင်းချက်မဲ့ခုခံမှုတစ်ခုကို ဖန်တီးခဲ့တယ်။

ဒါပေမယ့် ဒီကမ္ဘာမှာ အားနည်းချက်တစ်ခုမှမရှိတာ မရှိဘူး။ယင်အရိပ်ကျောက်တုံးမျောက်မှာ အားနည်းချက်တစ်ခုရှိနေပါသေးတယ်။ အားနည်းချက်ကို တွေ့ပြီးတာတောင်မှ သတ်ဖို့က မဖြစ်နိုင်သေးဘူး၊ ဒါပေမယ့် ၎င်းကို မေ့မြောစေနိုင်ပါလိမ့်မယ်။

"ယင်အရိပ်ကျောက်တုံးမျောက်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အားနည်းချက်တစ်ခုရှိတယ်။ ဒါ့အပြင် အားနည်းချက်က အဆက်မပြတ်‌ရွှေ့ပြောင်းနေတယ်။ ငါ မင်းကို အချိန်မဖြုန်းဖို့ အကြံပေးချင်တယ်" သံအရှင်မက ယင်အရိပ်ကျောက်တုံးမျောက်ရဲ့တိုက်ခိုက်မှုကို လမ်းကြောင်းပြောင်းလိုက်ပြီး ခေါင်းခါကာ ပြောလိုက်တယ်။

ယင်အရိပ်ကျောက်တုံးမျောက်ရဲ့အားနည်းချက်ကို တွေ့ဖို့က ဒီလောက်လွယ်ရင် သူတို့က ဒီလိုခက်ခဲနေတော့မှာမဟုတ်ဘူးလေ။ ကံမကောင်းတာကတော့ အနည်းငယ်ကသာ ယင်အရိပ်ကျောက်တုံးမျောက်ရဲ့အားနည်းချက်ကို ရှာတွေ့နိုင်တယ်။

"ငါ တွေ့ပြီ" လီဖူချန်းရဲ့မျက်လုံးတွေက အလင်းတောက်ပသွားတယ်။

"မဖြစ်နိုင်တာ" ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်နဲ့သံအရှင်မက မယုံဘူး။

ယင်လက်ကောင်းကင်ဘုံအရှင်က အ‌တော်လေးချီတုံချတုံဖြစ်နေတယ်။

ဓားကို ဆွဲထုတ်ကာ လီဖူချန်းက ယင်အရိပ်ကျောက်တုံးမျောက်ကို ခုတ်ချလိုက်တယ်။

ဖြောက်......

တစ်ခုခုအက်ကွဲသွားသလို ခံစားရတယ်၊ ပြီးနောက် ယင်အရိပ်ကျောက်တုံးမျောက်က မြေပြင်ပေါ်မှာ ပုံလဲသွားတော့တယ်။

"သူ တကယ် ရှာတွေ့ခဲ့တာလား"  ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်နဲ့သံအရှင်မက မှင်တက်သွားရတယ်။

"ကြည့်ရတာ ဓားလေကောင်းကင်ဘုံအရှင်နဲ့သက်တံဖြူကောင်းကင်ဘုံအရှင်တို့က ကြွားဝါနေတာမဟုတ်ဘူးပဲ။ ဒီမူလအဆုံးစွန်း‌ကောင်းကင်ဘုံအရှင်က တကယ်ကို အကြွင်းမဲ့ပါရမီရှင်ပဲ"

ယင်အရိပ်ကျောက်တုံးမျောက်က ထိုးနှက်နိုင်ရုံနဲ့ အောင်မြင်‌တဲ့ဖမ်းဆီးမှုတစ်ခုမဟုတ်ပါဘူး။ ယင်လက်ကောင်းကင်ဘုံအရှင်က သတ္တုတိုကင်တစ်ခုကို သူ့ရဲ့နေရာလပ်လက်စွပ်မှ ယူထုတ်လိုက်တယ်။

"တိုက်ပွဲသားရဲတိုကင်" သံအရှင်မရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

နက္ခတ်တာရာဧရာမသားရဲတစ်ကောင်ကို ယဉ်ပါးထိန်းချုပ်နိုင်ဖို့က အခြေခံအားဖြင့် မဖြစ်နိုင်လှဘူး။ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ယင်အရိပ်ကျောက်တုံးမျောက်ကို တစ်ခါဖမ်းမိခဲ့ပေမယ့် ၎င်းကို မယဥ်ပါးစေနိုင်ခဲ့ဘူး။ သူက ၎င်းကို ထောင်ထဲမှာပဲ ထည့်သွင်းထားနေရတယ်။

ဒါပေမယ့် လုံးဝမဖြစ်နိုင်ဘူးဆိုတာ‌တော့ မရှိဘူး။ နက္ခတ်တာရာဧရာမသားရဲကို ယဉ်ပါးစေဖို နည်းလမ်းအချို့ကတော့ သေချာပေါက်ရှိတယ်။

ဥပမာကောင်းတစ်ခုကတော့ တိုက်ပွဲသားရဲတိုကင်ပါပဲ။

ဒဏ္ဍာရီအရ တိုက်ပွဲသားရဲတိုကင်က လွန်ခဲ့တဲ့နှစ်ဘီလီယံချီက သားရဲထိန်းကျောင်းသူဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက်ဖန်တီးခဲ့တဲ့သားရဲထိန်းကျောင်းရေးအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ အသုံးအဆောင်ပစ္စည်းမှာ တိုက်ပွဲသားရဲနေရာလပ်ဇုန်ပါဝင်တယ်။ အဲဒါက အထဲမှာ နက္ခတ်တာရာဧရာမသားရဲတွေကို သိုလှောင်နိုင်ရုံတင်မက သူတို့ကို တိုက်ပွဲဝင်သားရဲတွေအဖြစ်တောင် ပြောင်းလဲနိုင်တယ်။

ကံမကောင်းတာကတော့ တိုက်ပွဲသားရဲတိုကင်အရေအတွက်က နည်းနည်းလေးပဲရှိတာပဲ။ ဒါ့အပြင် တိုက်ပွဲသားရဲတိုကင်တစ်ခုစီမှာ နက္ခတ်တာရာဧရာမသားရဲတစ်ကောင်ကိုသာ ထိန်းကျောင်းနိုင်တယ်။

ယင်လက်ကောင်းကင်ဘုံအရှင်၊ မင်း ယင်အရိပ်ကျောက်တုံးမျောက်ကို ဖမ်းချင်နေတာ အံ့ဩစရာမရှိဘူးပဲ။ မင်းမှာ တိုက်ပွဲသားရဲတိုကင်ရှိနေတာကိုး"  ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်က အလွန်အားကျသွားတယ်။

တိုက်ပွဲသားရဲတိုကင်က နက္ခတ်တာရာဧရာမသားရဲရဲ့ခွန်အားကို အကြီးအကျယ်တိုးစေနိုင်တယ်။ အခုကစပြီး ယင်လက်ကောင်းကင်ဘုံအရှင်ကို စွမ်းအားကြီးမားတဲ့ပုဂ္ဂိုလ်တစ်‌ယောက်လို့ သတ်မှတ်နိုင်တယ်။ သူက သာမန်မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေနဲ့တောင် ယှဉ်ပြိုင်နိုင်တယ်။

ယင်လက်ကောင်းကင်ဘုံအရှင်က ရယ်လိုက်တယ်၊ သူက သူ့စွမ်းအင်ကို တိုက်ပွဲသားရဲတိုကင်ထဲသို့ ထည့်သွင်းကာ ယင်အရိပ်ကျောက်တုံးမျောက်ကို စတင်ဖမ်းယူလိုက်တယ်။

မကြာမီမှာပဲ သတိမေ့နေတဲ့ယင်အရိပ်ကျောက်တုံးမျောက်ကို တိုက်ပွဲသားရဲတိုကင်ထဲမှာ သိုလှောင်လိုက်တော့တယ်။

"မင်းတို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါက ပေးဖို့ကျန်သေးတဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းနှစ်ရာပဲ"

ယင်လက်ကောင်းကင်ဘုံအရှင်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းနှစ်ရာကို သူတို့သုံးယောက်ထံ ပစ်ပေးလိုက်တယ်။

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ရရှိပြီးနောက်  ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်က မေးလိုက်တယ်"ယင်လက်ကောင်းကင်ဘုံအရှင်၊ ငါ မေးပါရစေအုံး။ မင်း ဒီတိုက်ပွဲသားရဲတိုကင်ကို ဘယ်နေရာက ရခဲ့တာလဲ"

ယင်လက်ကောင်းကင်ဘုံအရှင်က ပြောလိုက်တယ်"ငါ မင်းတို့သုံးယောက်ကို မကွယ်ဝှက်ပါဘူး။ ငါ တိုက်ပွဲသားရဲတိုကင်ကို ရှေးကျောက်တုံးကြယ်ပိုင်နက်ရဲ့တားမြစ်လိုဏ်ဂူမှ ရရှိလာတာပဲ"

"မင်း တားမြစ်လိုဏ်ဂူကို တကယ်ဝင်ရဲတယ်။ မေ့လိုက်တော့၊ ဒီနေရာက အန္တရာယ်များလွန်းတယ်။ ငါ မသွားချင်ဘူး"  ကျားအဆုံးစွန်းကောင်းကင်ဘုံအရှင်က ခေါင်းခါလိုက်တယ်။

သံအရှင်မလည်း တိုက်ပွဲသားရဲတိုကင်ကို ရယူဖို့ လက်လျော့လိုက်တယ်။

"ရှေးကျောက်တုံးကြယ်ပိုင်နက်ရဲ့တားမြစ်လိုဏ်ဂူလား" လီဖူချန်းက မေးငေါ့လိုက်တယ်။

သူ နက်ပြာပလိန်းကို ပြန်ရောက်ပြီးကတည်းက အချိန်အတော်ကြာပြီ။ သူက အရှေ့ယူနီကွန်တိုက်ကြီးရှိအာကာသ-အချိန်လမ်းကြောင်းတွေကို သုံးပြီး အခြားကြယ်ပိုင်နက်တွေဆီ သွားရောက်ရအုံးမှာပေါ့။

All Chapters