အနီရောင်သူတော်စင်အမျိုးသမီး
Vol. 70 Ch. 966
"ဖွင့်စမ်း......"
လီဖူချန်းက သူ့ရဲ့ဓားနဲ့ခုတ်ပိုင်းလိုက်တယ်၊ ဟင်းလင်းပြင်ကို စက္ကူအလွှာတွေပမာ ပိုင်းဖြတ်သွားတယ်။
ဒါပေမယ့် တစ်လွှာပြီးနောက် နောက်တစ်လွှာဖြစ်ပေါ်လာတယ်။ အလွှာတွေ ဘယ်လောက်တောင် ရှိသလဲကို မသိနိုင်ဘူးဖြစ်နေတယ်။
"ဒီလိုအံ့မခန်းငရဲရှင်ဘုရင်နေရာလပ်ဇုန်" လီဖူချန်းရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတော့တယ်။
ရန်သူက နေရာလပ်ဇုန်ကို အသုံးပြုရာမှာ အကြွင်းမဲ့ကျွမ်းကျင်သူတစ်ယောက်မှန်း သိသာတယ်၊ ဟင်းလင်းပြင်ကို အလွှာများစွာ ခွဲဖြတ်နိုင်တယ်။
"ဓားချီမူလပြန်သွားခြင်း" လီဖူချန်းက သူ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်တယ်။
ဝှီ ဝှီ ဝှီ......
ဓားအလင်းတောက်ပမှုတစ်ခုဖြစ်လာတယ်၊ ဟင်းလင်းပြင်အလွှာရာကျော်ကို ထိုးဖောက်သွားပြီး လမ်းကြောင်းတစ်ခုဖြစ်လာတယ်။
"မင်း အရင်သွားလိုက်" တွန်းလိုက်ရာ လီဖူချန်းက ရန်ချင်းဟူကို ငရဲရှင်ဘုရင်နေရာလပ်ဇုန်မှ ထွက်သွားစေလိုက်တယ်။
လီဖူချန်းက မျှော်လင့်ထားတာတက် ပိုသန်မာတာကို မြင်ပြီး နဝမငရဲရှင်ဘုရင်က နှာခေါင်းရှုံ့ကာ သူ့ရဲ့လက်ဝါးနဲ့ ခုတ်ချလိုက်တယ်။
လက်ဝါးခုတ်ချက်က မဖျက်ဆီးနိုင်တဲ့စွမ်းအားတစ်ခုရှိတယ်။ လက်ဝါးနဲ့ ရင်ဆိုင်ရတဲ့အခါ အာကာသ-အချိန်ကို ထိန်းချုပ်သွားခဲ့တယ်။ သေချာတဲ့အတိုင်းအတာတစ်ခုအထိ ဒီလက်ဝါးကို ရှောင်တိမ်းဖို့က မဖြစ်နိုင်ဘူး။ အရာရာတိုင်းကို ဒီလက်ဝါးရဲ့အကွာအဝေးအတွင်းမှာ လှောင်ပိတ်ထားတယ်။
ဒါပေမယ့် လီဖူချန်းက အလွယ်တကူအနိုင်ယူလို့ရတဲ့သူတစ်ယောက်မဟုတ်ဘူး။ မျက်နှာချင်းဆိုင်တိုက်ခိုက်ရရင် လီဖူချန်းက နဝမငရဲရှင်ဘုရင်အတွက် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ဘူး။ ဒါပေမယ့် အသားဂိတ်ကိုဖြတ်ကာ တိုက်ခိုက်ရတာကြောင့် နဝမငရဲရှင်ဘုရင်က သူ့ခွန်အားရဲ့တစ်ရာခိုင်နှုန်းကိုသာ အသုံးချနိုင်တယ်။
ပင်လယ်နဲ့တူတဲ့ဓားအလင်းတစ်ခုနဲ့အတူ လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းကာ ဓားအလင်းကို ကြီးမားစေလိုက်တယ်။
အုန်း......
ငရဲရှင်ဘုရင်နေရာလပ်ဇုန်က တုန်ခါသွားတယ်၊ လီဖူချန်းက နောက်သို့ လွင့်သွားပြီး သူ့ချီတည်ရှိမှုက အတော်လေးလှုပ်ခါသွားတယ်။
"အဆင့်၁ကောင်းကင်ဘုံအရှင်လား" နတ်ဆိုးပလိန်းမှာ နဝမငရဲရှင်ဘုရင်ရဲ့အမူအရာက အလွန်ဆိုးရွားနေတယ်။
မျက်နှာချင်းဆိုင်ဆိုရင်တောင် သူက အဆင့်၁ကောင်းကင်ဘုံအရှင်တစ်ယောက်ကို တိုက်ကွက်အနည်းငယ်မျှနဲ့ မသတ်ဖြတ်နိုင်ဘူး။
ဝုန်း ဝုန်း ဝုန်း.......
သူတို့နှစ်ယောက်က အဆက်မပြတ်တိုက်ခိုက်နေတယ်၊ တုန်ခါမှုလှိုင်းတွေက ငရဲရှင်ဘုရင်နေရာလပ်ဇုန်ထဲမှာ အက်ကြောင်းတွေ ဖြစ်စေခဲ့တယ်။
စိတ်မကောင်းစရာတစ်ခုကတော့ နဝမငရဲရှင်ဘုရင်က လီဖူချန်းကို ဖိနှိပ်နိုင်ရုံသာဖြစ်ပြီး လုံးဝဒဏ်ရာမရစေနိုင်ဘူး။ ဒါကြောင့် သူ့အနေနဲ့ လီဖူချန်းကို သတ်ဖြတ်ဖို့စဉ်းစားနေတာက မဖြစ်နိုင်လှဘူး။
ဖြောက်......
နောက်ထပ်အနက်ရောင်လက်ဝါးတစ်ဖက်က အသားဂိတ်မှ ထွက်ပေါ်လာတယ်။ အက်ရာတွေ အသားဂိတ်ပေါ်မှာ ပျံ့နှံ့နေတာကို လီဖူချန်းက မြင်နိုင်တယ်၊ ဂိတ်က ပျက်စီးတော့မှန်း သိသာတယ်။
အနက်ရောင်လက်ဝါးနှစ်ဖက် ပူးကပ်သွားတယ်၊ အနက်ရောင်ကျောက်စရစ်တစ်ခုက ဖြစ်ပေါ်လာတယ်။
အနက်ရောင်ကျောက်စရစ်ခဲမှာ မတွေးတောနိုင်လောက်တဲ့စွမ်းအားရှိတယ်။ အဲဒါက တစ်ကြိမ်ဖြစ်လာတာနဲ့ ငရဲရှင်ဘုရင်နေရာလပ်ဇုန်က ချက်ချင်းပျက်စီးသွားပြီး လီဖူချန်းအပါအဝင် အရာအားလုံးကို အနက်ရောင်ကျောက်စရစ်ဆီ ဆွဲသွင်းလာတယ်။
"အာကာသတွင်းနက်လား။ အဲဒါနဲ့လဲမတူပါဘူး။ အားကောင်းတဲ့နေရာလပ်ကျွမ်းကျင်မှုတစ်ခုပဲဖြစ်မယ်"
လီဖူချန်းက အနက်ရောင်ကျောက်စရစ်ကို ခုတ်ပိုင်းလိုက်တယ်။
ဖြောက်......
အနက်ရောင်ကျောက်စရစ်က အသားဂိတ်နဲ့အတူ ပျောက်ကွယ်သွားတယ်။
"အဆင့်အမြင့်အန္တိမအဆင့်လက်နက်လား" အသံတစ်ခုက အာကာသ-အချိန်လှိုင်းထဲမှာ နစ်မြုပ်သွားတယ်။
"မြို့အရှင်အဆင့်ငရဲရှင်ဘုရင်တစ်ယောက်က တကယ်မယုံနိုင်စရာပဲ။ အသားဂိတ်ကို ဖြတ်ပြီးတိုက်ခိုက်ရတာတောင် သူက အဆင့်၁ကောင်းကင်ဘုံအရှင်ကိုကျော်လွန်တဲ့ခွန်အားကို ထုတ်ဖော်နိုင်တာပဲ"
သူ့မှာ ကောင်းကင်ဘုံဆက်ဓားမရှိရင် သူ့ခွန်အားက နှစ်ဆပိုသန်မာရင်တောင် အနက်ရောင်ကျောက်စရစ်ကို ဖျက်ဆီးဖို့ မဖြစ်နိုင်မှန်း လီဖူချန်းက သိတယ်။
တစ်နေ့တည်းနဲ့ လီဖူချန်းက အသားဂိတ်အားလုံးကို ဖျက်ဆီးခဲ့တယ်။
အကြွင်းမဲ့ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အခါ အရာအားလုံးက လွင့်မျောနေတဲ့တိမ်တစ်ခုမျှသာပဲ။
…
မျက်စိတစ်မှိတ်အတွင်း နတ်ဆိုးကျူးကျော်မှုပြီးကတည်းက နှစ်ဝက်ကျော်လာပါပြီ။
ဒီခြောက်လအတွင်း လီဖူချန်းရဲ့ဓားပညာက အန္တိမအဆင့်ကို မရောက်ရှိသေးပါဘူး။
ဒါပေမယ့် ဓားပညာစွမ်းအားအရ မူလအဆုံးစွန်းဓားပညာဒါမှမဟုတ်ထည်ဝါဓားပညာဖြစ်စေ၊ သူတို့က သာမန်အန္တိမအဆင့်ဓားပညာတွေထက် အများကြီးပိုမြင့်တယ်။ သူတို့က မြို့အရှင်အဆင့်အန္တိမအဆင့်ဓားပညာတွေနဲ့တောင် ယှဉ်နိုင်တယ်။
…
မီးနတ်ဘုရားကြယ်ပိုင်နက်။
မီးလျှံကြယ်တစ်လုံးက လွင့်မျောနေတယ်၊ အဲဒါက စကြာဝဠာမြို့တစ်မြို့ထက် အဆသောင်းအနည်းငယ်ပိုကြီးတယ်။
မီးလျှံကြယ်မှအလွန်ကြီးမားပြင်းထန်တဲ့အလင်းတောက်ပမှုက အလင်းနှစ်အနည်းငယ်အတွင်းရှိအရာအားလုံးကို အလင်းပေးနေတယ်။
မီးလျှံကြယ်မှ အလင်းနှစ်တစ်ခုအကွာမှာ စကြာဝဠာမြို့တစ်မြို့ရှိတယ်။
ဒီခမ်းနားထည်ဝါတဲ့စကြာဝဠာမြို့ရဲ့အလယ်မှာ ရုပ်တုတစ်ခုရှိတယ်။
ရုပ်တုရဲ့ပတ်ပတ်လည်မှာ ကြယ်များစွာက လည်ပတ်နေတယ်။ ရုပ်တုနဲ့ နှိုင်းယှဉ်ရင် ကြယ်တွေက ဖုန်မှုန့်ပမာ သေးငယ်တယ်။ ရုပ်တုရဲ့ကြီးမားပုံကို စိတ်ကူးတောင် မယဉ်နိုင်ပါဘူး။
ဒီစကြာဝဠာမြို့ကို ကျုးမြို့လို့ ခေါ်တယ်။ ဒါက ကျုးကလန်ရဲ့အခြေစိုက်မြို့ဖြစ်တယ်။
ကျူးကလန်က စကြာဝဠာထဲမှာ အဓိကကလန်တစ်ခုဖြစ်တာ ကြာပါပြီ။ ဒါပေမယ့် ကျူးကလန်က မီးနတ်ဘုရားလို့ခေါ်တဲ့အကြိုနတ်ဘုရားတစ်ယောက်ကို မွေးထုတ်နိုင်လိုက်တဲ့အခါ ကျူးကလန်က စကြာဝဠာရဲ့ထိပ်တန်းကလန်တစ်ခုအဖြစ် မြင့်တက်လာခဲ့တယ်။ ဓားမော့မဟာမိတ်၊ ဓားအစည်းအရုံးနဲ့ထာဝရစစ်တပ်တို့လို လက်ရွေးစင်ဂိုဏ်းတွေကတောင် ကျူးကလန်ကို ပြဿနာမရှာချင်ပါဘူး။ သူတို့က ကြောက်လို့တော့ မဟုတ်ဘူး၊ သူတို့သုံးဂိုဏ်းမှာလည်း အကြိုနတ်ဘုရားတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့က အကြိုနတ်ဘုရားတွေကြားစစ်ပွဲတစ်ခုကို မစချင်ပါဘူး။
ဒါ့အပြင် အကြိုနတ်ဘုရားတွေကြားမှာလည်း ခွန်အားခြားနားချက်တွေ ရှိတယ်။ မီးနတ်ဘုရားက စကြာဝဠာရဲ့အသန်မာဆုံးအကြိုနတ်ဘုရားတွေထဲကတစ်ယောက်ဖြစ်တယ်။
လှပတဲ့အိမ်တော်တစ်ခုထဲမှာ လက်ဖက်ရည်သောက်နေတဲ့အုပ်စုတစ်စုရှိတယ်။ ခေါင်းဆောင်က ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး မြင့်မြတ်တဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေတယ်။ သူက သူ့ရဲ့ညာဘက်ရှိတစ်စုံတစ်ယောက်ကို ပြောနေတယ်၊ အဲဒါကတော့ ကောင်းကင်ဘုံမီးသူတော်စင်အရှင်ဖြစ်တဲ့ကျူးစန်းချိုးပါပဲ။
"ငါတို့ကျူးကလန်က ပလိန်းတစ်ခုကို အရှုံးမပေးနိုင်ဘူး။ ငါ မင်းနဲ့အတူ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကို သွားပြီး နက်ပြာပလိန်းကို ထိန်းချုပ်ရမယ်"
အုပ်စုခေါင်းဆောင်က ကျူးကွမ်းမင်ဖြစ်ပြီး ကျူးမြို့မှာ အာဏာရှိတဲ့ပုံရိပ်တစ်ခုဖြစ်တယ်။
"ကျေးဇူးအများကြီးတင်ပါတယ် အရှင်ကွမ်းမင်"
ကျူးစန်းချိုးက အလွန်ကျေနပ်ဝမ်းသာသွားတယ်။ ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ဆိုရင် နက်ပြာပလိန်းတစ်ခုလုံးကို ကျူးကလန်က ထိန်းချုပ်နိုင်ပါလိမ့်မယ်။
"ကျူးကွမ်းမင်က ထပ်ပြောလိုက်တယ်" ဟုတ်ပြီ၊ အနီရောင်အရှင်မလည်း ပြန်ချင်တယ်လို့ ပြောတယ်၊ သူမနဲ့အတူ သွားကြတာပေါ့"
"ငါတို့ပလိန်းမှာ မွေးဖွားခဲ့တဲ့ အရှင်မလား" ကျူးစန်းချိုးက မေးငေါ့လိုက်တယ်။
သူ မရှိတဲ့အချိန်မှာ ကျူးကလန်(နက်ပြာပလိန်း)ရဲ့ဘိုးဘေးအစီရင်က အသက်ဝင်သွားတယ်လို့ သူ့ကလန်သားတွေထံမှ ကျူးစန်းချိုးက ကြားသိခဲ့တယ်။ အဲဒါက အဆင့်နိမ့်တိုက်ကြီးတစ်ခုမှ ကျူးကလန်ရဲ့ကလန်ခွဲတွေမှတစ်ယောက်ယောက်ကို ဆင့်ခေါ်ဖို့အတွက် ဖြစ်တယ်။ ကလန်ခွဲမှာ ကျူးဟောင်ရှုလို့ခေါ်တဲ့မိန်းမပျိုလေးတစ်ယောက်ရှိပြီး သူမရဲ့ခန္ဓာကိုယ်ထဲရှိ မီးနတ်ဘုရားသွေးမျိုးဆက်ရဲ့စုစည်းသိပ်သည်းမှုက အလွန်မြင့်မားတယ်။ အဲဒါက ဘိုးဘေးအစီအရင်ထဲမှာ မူမမှန်မှုဖြစ်စေခဲ့ပြီး သူမကို ကျုးကလန်(နက်ပြာပလိန်း)မှ အဝေးကို တည်နေရာရွှေ့ပြောင်းသွားတယ်။ သူမကို ကျူးမြို့ကို ပို့ဆောင်ခဲ့တယ်လို့ ယူဆခဲ့ကြတယ်။
ကျူးကွမ်းမင်က ခေါင်းညိတ်လိုက်တယ်"အနီရောင်အရှင်မက မရိုးရှင်းဘူး။ သူမရဲ့မီးနတ်ဘုရားသွေးမျိုးဆက်သိပ်သည်းမှုက သာမန်ထက်လွန်ကဲတယ်။ မီးနတ်ဘုရားသန့်စင်ခြင်းပြုလုပ်ပြီးနောက် သူမက အခုဆိုရင် အကြိုကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်နေပြီ။
"အကြိုကောင်းကင်ဘုံအရှင်လား" ကျူးစန်းချိုးက အားကျသွားတယ်။
ဂျူနီယာတစ်ယောက်က သူ့ရဲ့နှစ်မရေမတွက်များစွာအားထုတ်မှုကို နှစ်တစ်ရာအောက်မျှနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပဲ။ သူက တကယ်ကို မနာလိုဖြစ်မိပါတယ်လေ။
…
အနက်ရောင်အမှောင်ထုထဲမှာ အလင်းတန်းတစ်ခုက အဆက်မပြတ်တလက်လက်တောက်ပနေတယ်။
ဂရုတစိုက်ကြည့်ရင် ထိုအလင်းတန်းက တောက်ပနေတဲ့သင်္ဘောတစ်စင်းပါပဲ။ ဒါပေမယ့် အလွန်အမင်းမြန်ဆန်တဲ့အရှိန်ကြောင့် ၎င်းကို ကြည့်ရတာ အလင်းတန်းတစ်ခုလို့ ထင်မှတ်နေရတယ်။
သင်္ဘောဦးပိုင်းမှာ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်က ဘေးချင်းကပ်လျက်ရပ်နေတယ်။
အမျိုးသားက ချောမောခန့်ညားပြီး အနီရောင်ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားတယ်။ သူ့ခန္ဓာကိုယ်မှထုတ်လွှတ်နေတဲ့ချီတည်ရှိမှုက မြင့်မြတ်ကာ ကြီးစိုးလွှမ်းမိုးတယ်။ သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်မှန်း သိသာတယ်။
အနီရောင်ဝတ်ရုံနဲ့အမျိုးသမီးက ပိုအားနည်းတဲ့ချီတည်ရှိမှုတစ်ခုရှိတယ်။ ဒါပေမယ့် မြင့်မြတ်ပြီးပိုကြောက်စရာကောင်းတဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေတယ်။
"ဟောင်ရှု၊ မင်း ဒီအချိန် ပြန်တာ မသင့်တော်ဘူး။ ကျူးမြို့မှာ အရှင်မတစ်ယောက်ပဲ ရှိတာမဟုတ်ဘူးဆိုတာ မင်း သိသင့်တယ်" ခန့်ညားတဲ့အမျိုးသားက ကျူးဟောင်ရှိုကို ချစ်ရည်ရွှန်းလဲ့တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။
ကျူးဟောင်ရှုက တုံ့ပြန်လိုက်တယ်"ငါ မကြာသေးမီက အတိတ်ကနဲ့ပတ်သက်ပြီး အဆက်မပြတ် အိမ်မက်မက်နေတယ်။ ငါ တစ်ခေါက်မပြန်သွားရင် အဲဒါက ငါ့ရဲ့စိတ်ကို သက်ရောက်လိမ့်မယ်"
အရင်နှစ်တွေများစွာကနဲ့ နှိုင်းယှဉ်ရင် ကျူးဟောင်ရှိရဲ့ခန္ဓာကိုယ်က လုံးဝပြောင်းလဲသွားတယ်။
အတိတ်မှာ သူမက လှပကြော့ရှင်းတယ်၊ ဒါပေမယ့် သူမရဲ့အသက်၊ သူမရဲ့ခန္ဓာကိုယ်၊ အသွင်အပြင်နဲ့ အရှိန်အဝါက အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။
အခု သူမက အကြွင်းမဲ့လှပတယ်။ သူမရဲ့ခြေလှမ်းတိုင်းက ထိတ်လန့်တုန်လှုပ်စရာတပ်မက်ဖွယ်ရာပေးစွမ်းတယ်။
"စိတ်ထဲက စိုးရိမ်မှုလား။ ဒီလိုဆိုရင် ဒီခရီးကို မဖြစ်မနေသွားဖို့လိုတယ်" ခန့်ညားတဲ့လူက ခေါင်းညိတ်လိုက်တယ်။
သိုင်းပညာရှင်တွေရဲ့ကျင့်ကြံခြင်းမှာ စိတ်က အရေးကြီးဆုံးဖြစ်တယ်။ စိုးရိမ်မှုတစ်ခုခုရှိရင် အဲဒါက ကျင့်ကြံခြင်းကို အလိုအလျောက် သက်ရောက်လိမ့်မယ်။
ကျူးဟောင်ရှုက ဘာမှထပ်မပြောတော့ဘူး၊ သူမက အဝေး တစ်နေရာကိုသာ စိုက်ကြည့်နေမိတယ်။
မျက်စိတစ်မှိတ်အတွင်း သူမ အရှေ့ယူနီကွန်တိုက်ကြီးက ထွက်လာတာ နှစ်တစ်ရာနီးပါးရှိပြီ။
မသိလိုက်မသိဘာသာနဲ့ မထင်မရှားမှုန်ဝါးဝါးပုံရိပ်တစ်ခုက ကျူးဟောင်ရှိုရဲ့စိတ်ထဲမှာ ထွက်ပေါ်လာတယ်။
သူမက ဒီလူရဲ့အသွင်အပြင်ကို မမှတ်မိနိုင်ဘူး။ ဒါပေမယ့် အဲဒါက အချိန်နဲ့အတူ မပျောက်ကွယ်သွားဘဲ ပို၍ပို၍ နက်ရှိုင်းလာတယ်။
"နင် အခု အဆင်ပြေရဲ့လား"
ကျူးဟောင်ရှုက အသက်တစ်ရှိုက် ရှုထုတ်လိုက်တယ်။ သူမရဲ့အမြင်အရ လီဖူချန်းမှာ ကြီးကျယ်တဲ့အောင်မြင်မှုရှိရင်တောင် သူက အများဆုံး ပြန်လည်မွေးဖွားခြင်းနယ်ပယ်သာ ရှိပေလိမ့်မယ်။ အရှေ့ယူနီကွန်တိုက်ကြီးက အဆင့်နိမ့်တိုက်ကြီးတစ်ခုသာ ဖြစ်ပြီး တစ်ယောက်ယောက်အနေနဲ့ ပိုမြင့်မားတဲ့နယ်ပယ်ကို ရောက်ရှိဖို့က မဖြစ်နိုင်ဘူး။
ဒါပေမယ့် ကိစ္စမရှိပါဘူးလေ။ သူမနဲ့သူက ဘယ်တော့မှ အခွင့်အရေးရှိလာတော့မှာ မဟုတ်ဘူး။
သူမရဲ့ဒီအပြန်ခရီးရဲ့ရည်ရွယ်ချက်က သူမရဲ့မိဘတွေကို ကျူးမြို့ကို ခေါ်ဆောင်ဖို့ပါပဲ။