← Chapters

ကြောက်ရွံ့ခြင်း

Vol. 70 Ch. 967

ကြောက်ရွံ့ခြင်း

Vol. 70 Ch. 967

သင်္ဘောက အလွန်အမင်းမြန်နှုန်းနဲ့ ခရီးသွားနေတယ်၊ အဲဒါက ကောင်းကင်ဘုံအရှင်အများစုထက်တောင် ပိုမြန်တယ်။ တစ်ခါတည်‌နေရာရွှေ့ပြောင်းခြင်းက အနည်းဆုံးအလင်းနှစ်ရာအနည်းငယ်ရှိတယ်။

"ငါတို့ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကို ရောက်ပြီ"

အဆုံးမဲ့အမှောင်နဲ့ဟင်းလင်းပြင်နေရာတစ်ခုကို ဖြတ်ကျော်ပြီးနောက် လူတိုင်းက ကြယ်အလင်းစက်တွေကို မြင်လိုက်ရတယ်။ ကြယ်ပိုင်နက်ထဲမှာ မှောင်နေပေမယ့် ကြယ်အလင်းတွေက ကြယ်ပိုင်နက်ကို အလှဆင်နေတယ်။ ကြယ်ပိုင်နက်တွေကြားရှိနယ်မြေတွေကသာ အကြွင်းမဲ့အမှောင်ထုနဲ့ဟင်းလင်းပြင်တွေ ရှိလိမ့်မယ်။

အခန်းတံခါးပွင့်လာပြီး ကျူးကွမ်မင်နဲ့ကျူးစန်းချိုးက ထွက်လာတယ်။

"တောက်ပကောင်းကင်ဘုံအရှင်"

သင်္ဘောဦးပိုင်းမှာ ချောမောခန့်ညားတဲ့လူက နှုတ်ဆက်လိုက်တယ်။

ဝါစဉ်အရ ကျူးကွမ်းမင်က သူ့ရဲ့အဖိုးဖြစ်တယ်။ ဒါပေမယ့် လက်ရွေးစင်ကလန်တွေမှာ တိုက်ရိုက်ဆယ်နွယ်မှုမရှိရင် ခွန်အားကသာ ဝါစဉ်ကိုသတ်မှတ်တဲ့အချက်ဖြစ်တယ်။

"‌ကြာပန်းနက်ကောင်းကင်ဘုံအရှင်၊ အနီရောင်အရှင်မ။ ငါတို့တွေ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကို ရောက်ရှိလာပြီ။ မင်းတို့နှစ်ယောက်လုံး ဘယ်ကို အရင်သွားမလဲ အံ့ဖွယ်သစ်ရွက်မြို့ကိုလား ဒါမှမဟုတ် နက်ပြာပလိန်းကိုလား" ကျူးကွမ်းမင်က မေးလိုက်တယ်။

ကျူးဟောင်ရှုက ပြောလိုက်တယ်"နက်ပြာပလိန်းကို အရင်သွားကြတာပေါ့"

ကြာပန်းနက်ကောင်းကင်ဘုံအရှင်က ပြောလိုက်တယ်"ဒါဆိုလဲ နက်ပြာပလိန်းကို အရင်သွားကြတာပေါ့"

"ကောင်းပြီလေ" ကျူးကွမ်းမင်က ဘာမှ မပြောတော့ပါဘူး။

နောက်ထပ်ရက်အနည်းမှာ သင်္ဘောက နက်ပြာပလိန်းရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာတယ်။

"နက်ပြာပလိန်းကို ဝင်ရောက်ပြီးရင် မင်းတို့အားလုံး ကောင်းကင်ဘုံမီးသူတော်စင်အရှင်ရဲ့စကားကို နားထောင်ရမယ်" တောက်ပကောင်းကင်ဘုံအရှင်က သူ့နောက်လိုက်သူတော်စင်အဖွဲ့ကို အမိန့်ပေးလိုက်တယ်။

"နားလည်ပါပြီ" သူတော်စင်အရှင်ခေါင်းဆောင်က မျက်နှာထားတင်းတင်းနဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ပြီး သူက ခေါင်းညိတ်လိုက်တယ်။

"ဒါဆိုလဲ သွားကြတော့" တောက်ပကောင်းကင်ဘုံအရှင်က လက်ကို ဝှေ့ယမ်းလိုက်တယ်။

"သွားစို့"

အနက်ရောင်အရှင်မအပါအဝင် အုပ်စုတစ်စုက နက်ပြာပလိန်းဆီ ပျံသန်းသွားတော့တယ်။

…

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီး၊ ဓားဂိုဏ်း.....

"သူက သူ့ရဲ့ကိုယ်ပိုင်ဂိုဏ်းကို တကယ် ဖန်တီးခဲ့တာပဲ။ ဒါ စိတ်မကောင်းစရာပဲ။ ဒီနေ့ကစပြီး ဓားဂိုဏ်းဆိုတာ မတည်ရှိတော့ဘူး။ နက်ပြာပလိန်းတစ်ခုလုံးမှာ တစ်သွေးတစ်သံတစ်မိန့်ပဲ ရှိရမယ်၊ အဲဒါ ကျူးကလန်ပဲ"

ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး အုပ်စုတစ်စုက ဓားဂိုဏ်းရဲ့အနီးဝန်းကျင်မှာ ထွက်ပေါ်လာတယ်။ အုပ်စုခေါင်းဆောင်က ကျူးစန်းချိုးကလွဲပြီး အခြားမဟုတ်ပါဘူး။

"ဒီအစီအရင်က မရိုးရှင်းဘူး" မျက်နှာထားတင်းတင်းနဲ့သတ်လတ်ပိုင်းလူက မျက်မှောင်ကြုတ်လိုက်တယ်။

"အဲဒါ အံ့မခန်းဖြစ်တော့ရာ ဘာဖြစ်လဲ။ ငါတို့က  သာမန်သူတော်စင်အရှင်တွေ မဟုတ်ဘူး" မျက်နှာထားတင်းတင်းနဲ့သတ်လတ်ပိုင်းလူရဲ့ဘေးနားရှိထိပ်ပြောင်အကြီးအကဲတစ်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်တယ်။

မျက်နှာထားတင်းတင်းနဲ့သတ်လတ်ပိုင်းလူက ဘာမှမပြောပါဘူး။ ဓားဂိုဏ်းရဲ့အစီအရင်က မရိုးရှင်းပေမယ့် သူတို့ကို ရပ်တန့်ဖို့တော့ မဖြစ်နိုင်ဘူးလို့ သူ ထင်တယ်။ သူဖြစ်စေ၊ ဝါးနဂါးသူတော်စင်အရှင်ဖြစ်စေ၊ သူတို့နှစ်ယောက်လုံးက ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေပဲ။ သူတို့က အစီအရင်တစ်ခုကို သေချာပေါက် ချိုးဖြတ်နိုင်ရမှာပေါ့။

"ချိုးဖြတ်စမ်း" ထိပ်ပြောင်က အနက်ရောင်ဓားမော့တစ်လက်ကို ကိုင်ဆောင်ထားကာ ခုတ်ပိုင်းချလိုက်တယ်၊ အနက်ရောင်ဓားမော့အလင်းတစ်ခု လက်လာတယ်။ အနက်ရောင်ဓားမော့အလင်းက မကြီးပေမယ့် အဲဒါမှာ စွမ်းအင်တွေအပြည့်အလျှံပါဝင်တယ်။

စွမ်းအင်အပြည့်အလျှံကို ဓားမော့အလင်းထဲသို့ ထည့်သွင်းလိုက်တဲ့အခါ အဲဒါ ဘယ်လောက်အားကောင်းသလဲကို စိတ်ကူးမယဉ်နိုင်လောက်အောင်ပဲ။

အစီအရင်ကို သေချာပေါက် ချိုးဖြတ်နိုင်မယ်လို့ ထိပ်ပြောင်က တွေးနေစဉ်မှာပဲ သူ့အပြုံးက တောင့်တင်းသွားတယ်။

အနက်ရောင်နဂါးနဲ့တူတဲ့ဓားမော့အလင်းကို မမြင်နိုင်တဲ့စွမ်းအင်အလွှာတစ်ခုက တားဆီးလိုက်တယ်။

ဓားမော့အလင်းက ရှေ့ကို တိုးသွားလေလေ၊ အဲဒါက ပိုမှိန်ဖျော့လာလေပဲ။

ဝုန်း.....

အနက်ရောင်ဓားမော့အလင်းက အစီအရင်ရဲ့အတားအဆီးနဲ့ နောက်ဆုံး ထိတွေ့တဲ့အခါ အဲဒါက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင်ထဲမှာ အပေါက်တစ်ခုကိုတောင် ‌ဖြစ်‌စေခဲ့တယ်။

"အာ" မျက်နှာထားခပ်တင်းတင်းနဲ့လူရဲ့သူငယ်အိမ်တွေက ကျဉ်းမြောင်းသွားတယ်။

"ငါ ဒါကို မယုံကြည်နိုင်ဘူး" ထိပ်ပြောင်ရဲ့အမူအရာက ဆိုးရွားလာတယ်။ သူက သူ့ရဲ့စွမ်းအင်အားလုံးကို စုစည်းကာ နောက်တစ်ကြိမ်ခုတ်ပိုင်းလိုက်တယ်။

ကံမကောင်းတာကတော့ ထိပ်ပြောင်ရဲ့ခွန်အားအပြည့်နဲ့တောင် ဓားဂိုဏ်းရဲ့အစီအရင်ကို မချိုးဖြတ်နိုင်ခဲ့ဘူးပဲ။

"စိတ်ပျက်စရာပဲ....." မျက်နှာထားခပ်တင်းတင်းနဲ့လူက လှုပ်ရှားလိုက်တယ်။

သူ့လက်နက်က လှံရှည်တစ်လက်ဖြစ်ပြီး အဲဒါမှာ အနီ၊အဝါနဲ့အပြာရောင်ကျောက်တုံးသုံးတုံးကို မြုပ်ထားတယ်။

ကျောက်တုံးတွေ တောက်ပလာတာနဲ့ မျက်နှာထားခပ်တင်းတင်းနဲ့လူက ဓားဂိုဏ်းရဲ့အစီအရင်ကို ထိုးဖောက်လိုက်တယ်။

ရှဲ......

ကြောက်စရာကောင်းတဲ့မီးပွားတစ်ခု ထွက်လာတယ်။

မမြင်နိုင်တဲ့စွမ်းအင်တစ်ခုက မျက်နှာထားခပ်တင်းတင်းနဲ့လူရဲ့လှံကို တားဆီးလိုက်တယ်။ စွမ်းအင်အားနှစ်ခုက ပြင်းထန်တဲ့လှုပ်ရှားမှုတစ်ခုကို ဖြစ်စေခဲ့တယ်။

ဓားဂိုဏ်းထဲမှာ လူတိုင်းက အထိတ်တလန့်ဖြစ်နေတယ်။ တိုက်ခိုက်သူတွေမှာ မယုံကြည်နိုင်စရာကောင်းတဲ့ခွန်အားတွေရှိတာကို သူတို့က မြင်နိုင်တယ်။ သူတို့ရဲ့ဂိုဏ်းခေါင်း‌ဆောင်ကလွဲပြီး တစ်‌ယောက်မှ ရန်သူတွေကို မယှဉ်ပြိုင်နိုင်ပါဘူး။

"ငါတို့ဘာလုပ်ကြမလဲ။ ဂိုဏ်းခေါင်းဆောင်က ပြန်‌မရောက်သေးဘူး။ အစီအရင်ကရော ခံနိုင်ပါအုံးမလား"

"အဲဒါက ခံနိုင်လောက်မှာပါ...."

"သေချာပေါက် ခံနိုင်မှာပါ။ ဂိုဏ်းခေါင်းဆောင်က ပြောခဲ့တယ်၊ ကောင်းကင်ဘုံအရှင်တွေကလွဲပြီး တစ်ယောက်မှ ဓားဂိုဏ်းရဲ့အစီအရင်ကို အချိန်တိုအတွင်း မချိုးဖြတ်နိုင်ဘူး"

ဓားဂိုဏ်းရဲ့အဖွဲ့ဝင်တွေက အစီအရင်ကို စိုက်ကြည့်နေကြတယ်၊ အချိန်အတော်ကြာတဲ့အထိ မချိုးဖြတ်နိုင်တာကို မြင်ပြီး သူတို့က စိတ်သက်သာရာရစွာ အသက်ကို ရှုထုတ်လိုက်တော့တယ်။

"အတူတူတိုက်ခိုက်ကြစို့"

တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာတောင်မှ အစီအရင်ကို မချိုးဖြတ်နိုင်သေးတာကို မြင်ပြီး မျက်နှာထားခပ်တင်းတင်းနဲ့လူက လူတိုင်းကို အတူတူတိုက်ခိုက်ဖို့ ပြောလိုက်တယ်။

သူ့အမြင်အရ အဲဒါက အန္တိမအဆင့်အစီအရင်တစ်ခုမဟုတ်သရွေ့ အချိန်တစ်ခုကြာပြီး‌နောက် ချိုးဖြတ်နိုင်လောက်မှာပါ။

"တောက်၊ ဘာဖြစ်နေတာလဲ" ကျူးစန်းချိုးလည်း အစီအရင်ကို တိုက်ခိုက်နေပေမယ့် သူ့နှလုံးသားက မရေမတွက်နိုင်တဲ့မေးခွန်းတွေနဲ့ ပြည့်နေတယ်။

ဓားဂိုဏ်းရဲ့အစီအရင်က ထူးကဲအဆင့်သူတော်စင်အဆင့်အစီအရင်ဆိုတာ သေချာတယ်၊ ဒါပေမယ့် လီဖူချန်းက ဒါကို ဘယ်လိုလုပ်ပြီး တပ်ဆင်နိုင်ရတာလဲ။ သူ အဝေးရောက်နေတဲ့အချိန်မှာ လီဖူချန်းက ကံကြမ္မာအခွင့်အလမ်းကောင်းအချို့ကို တွေ့ဆုံခဲ့တာများလား။

ကျူးဟောင်ရှုက ကျူးစန်းချိုးနဲ့အခြားသူတွေနဲ့ အတူတူမသွားပါဘူး။ သူမက သူမရဲ့ကလန်သားတွေကို စီစဉ်ပေးဖို့အတွက် ကျူးကလန်သို့ ခရီး‌တစ်ခေါက်ထွက်ခဲ့တယ်၊ ပြီး‌နောက် သူမက အရှေ့ယူနီကွန်တိုက်ကြီးဆီ တစ်ယောက်တည်း ထွက်လာခဲ့တယ်။

ကျူးစန်းချိုးနဲ့အခြားသူတွေက လီဖူချန်းကို ပြဿနာရှာနေမှန်း သူမ မသိပါဘူး။

ဒါပေမယ့် လီဖူချန်းက ဒီလိုအောင်မြင်မှုကို ရရှိနေမယ်လို့ သူမ ဘယ်တော့မှ မမျှော််လင့်ထားခဲ့ပါဘူး။

အရှေ့ယူနီကွန်တိုက်ကြီးဆီ နီးကပ်လာတာနဲ့အမျှ သူမရဲ့စိတ်ခံစားမှု‌တွေက ယိမ်းယိုင်နေတာကို ကျူးဟောင်ရှုက ဝန်ခံရမှာပဲ။

"ဒီလောက်နှစ်တွေ ကြာပြီးနောက် ငါသိတဲ့တစ်ယောက်ယောက်များ ရှိနေအုံးမလား"

သက်ပြင်းချပြီးနောက် ကျူးဟောင်ရှုရဲ့ပုံရိပ်က လင်းလက်သွားပြီး သူမက အရှေ့ယူနီကွန်တိုက်ကြီးဆီ ဝင်ရောက်လာတယ်။

"အဇူရာရေဂိုဏ်းက ဘယ်ရောက်သွားတာလဲ" ဖျက်ဆီးခံထားရတဲ့အဆောက်အဦးတွေကို မြင်ပြီး ကျူးဟောင်ရှုက မျက်မှောင်ကြုတ်လိုက်တယ်။

…

"ဓားဂိုဏ်းကို တစ်ယောက်ယောက် တိုက်ခိုက်နေတာလား"

အစွန်းအလင်းကြယ်ပိုင်နက်ထဲမှာ ပုံရိပ်တစ်ခုက အမှောင်စကြာဝဠာရဲ့အလယ်မှာ ရုတ်တရက် ရပ်လိုက်တယ်။

(pitch-black= completely dark၊ pitch-black universe= အမှောင်စကြာဝဠာ၊ အရင်တုန်းက အနက်ရောင်စကြာဝဠာလို့ မှားရေးခဲ့ပါတယ်၊ အခုကစပြီး ပြန်ပြောင်းလိုက်ပါ့မယ်- မြန်မာဘာသာပြန်သူ)

သူ့မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းဆန္ဒတစ်ခုလက်သွားပြီး လီဖူချန်းက ခန္ဓာကိုယ်က ဓားအလင်းတစ်ခုအဖြစ် ပြောင်းသွားကာ အာကာသ-အချိန်လမ်းကြောင်းထဲသို့ ရွေ့လျားသွားတော့တယ်။

အလွန်အမင်းမြန်ဆန်တဲ့အရှိန်ကြောင့် အာကာသ-အချိန်က‌တောင် တွန့်လိမ်ရှုံ့တသွားပြီး အာကာသ-အချိန်လှိုင်းတွေက ကြယ်များစွာကို ဖျက်ဆီးခဲ့တယ်။

ဝီဝီဝီ.......

နေ့ဝက်ခန့်ကြာပြီးနောက် လီဖူချန်းက မမြင်နိုင်လုနီးပါးဖြစ်တဲ့အာကာသ-အချိန်လမ်းကြောင်းဆီ တစ်ဟုန်ထိုးပြေးသွားခဲ့တယ်။

အရှေ့ယူနီကွန်တိုက်ကြီး.......

ဓားအလင်းက မရပ်တန့်ဘူး၊ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ဦးတည်သွားနေတယ်။

"ဘာဖြစ်နေတာလဲ"

အရှေ့ယူနီကွန်တိုက်ကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ကြီးမားတဲ့ပြောင်းလဲမှုက ကျူးဟောင်ရှုကို ထိတ်လန့်တုန်လှုပ်စေခဲ့တယ်။ ထိုအချိန်မှာ အတိုင်းမသိဖြစ်တဲ့ချီတည်ရှိမှုတစ်ခုက ရုတ်တရက် ထွက်ပေါ်လာတယ်။

နောက်ပိုင်းမှာတော့ ကျူးဟောင်ရှုကလည်း လျင်မြန်စွာ ပြေးသွားလိုက်တယ်။

"ဒိီလိုမြန်နှုန်း" ကျူးဟောင်ရှုက အလိုအလျောက် ရေရွတ်လိုက်မိတယ်။

ချီတည်ရှိမှုက မြန်လွန်းပြီး အသက်တစ်ခါရှုချိန်အောက်မှာ သူမကို အ‌နောက်မှာ ချန်ထားခဲ့တော့တယ်။

သူမက အကြိုကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး အစစ်အမှန်ကောင်းကင်ဘုံအရှင်တွေကလွဲပြီး တစ်ယောက်မှ သူမထက် ဒီလောက်မမြန်နိုင်ပါဘူး။

"ဒီဦးတည်ဘက်......ဒါ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးပဲ"

ကျူးဟောင်ရှုက ဓားအလင်းရဲ့ဦးတည်ဘက်ကို ခန့်မှန်းနိုင်ခဲ့တယ်။

မကြာမီပဲ လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးထဲ ဝင်ရောက်လာခဲ့ပြီး ဓားဂိုဏ်းရဲ့အခြေအ‌နေကို အာရုံခံလိုက်မိတယ်။

ဓားဂိုဏ်းကို ဝန်းရံတိုက်ခိုက်နေတဲ့သူတော်စင်အုပ်စုတစ်စုရှိတယ်။ သူတို့ထဲကတစ်ယောက်က ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေးဖြစ်တဲ့ကောင်းကင်ဘုံမီးသူတော်စင်အရှင်ဖြစ်တဲ့ကျူးစန်းချိုးပဲ။

"သေချင်နေတာပဲ" သတ်ဖြတ်ခြင်းအရှိန်အဝါက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတယ်။

ဓားဂိုဏ်းရဲ့အစီအရင်ထဲ သူရဲ့ဓားဆန္ဒကို မထည့်သွင်းထားမိခဲ့ရင်၊ သူက တစ်ခဏ နောက်ကျသွားရင် အစီအရင်ကို ချိုးဖြတ်နိုင်နေပြီ။

အစီအရင်ကျိုးပြတ်သွားတာနဲ့ ဓားဂိုဏ်းထဲရှိလူတိုင်းက အမြစ်ပြတ်သုတ်သင်ရှင်းလင်းခံရလိမ့်မယ်။

တိုက်ကြီးတစ်ဝက်လောက်အကွာအဝေးက လီဖူချန်းအတွက် အကွာအဝေးတစ်ခုလို့တောင် မသတ်မှတ်နိုင်ပါဘူး။ သူ ဓားဂိုဏ်းရဲ့အနေအထားကို အာရုံခံမိပြီးလျှင်ချင်း နောက်အခိုက်မှာတော့ သူက ရောက်ရှိသွားပါပြီ။

သူ့ရဲ့ချီတည်ရှိမှုကို ထုတ်လွှတ်လိုက်တာနဲ့ အာကာသ-အချိန်က တံ့သွားပြီး လူတိုင်းက နေရာမှာတင် ရပ်တန့်သွားကြတယ်။

"ဘာ" မျက်နှာထားခပ်တင်းတင်းနဲ့လူရဲ့အတွေးတွေက လှုပ်ရှား‌နေသေးတယ်၊ ကြောက်ရွံ့ခြင်းခံစားချက်တစ်ခုက သူ့ရဲ့စိတ်ဝိညာဉ်မှ ပေါက်ကွဲထွက်လာတယ်။

တူညီတဲ့ကြောက်ရွံ့မှုက ကျူးစန်းချိုးနဲ့အခြားသူတွေထံမှ ပေါက်ကွဲထွက်လာတယ်။

All Chapters