စစ်ပွဲ(အပိုင်း၁)
Vol. 70 Ch. 968
"ကျူးစန်းချိုး" လီဖူချန်းရဲ့ပုံရိပ်က အပေါ်မှ ဆင်းသက်လာပြီး သူက ကျူးစန်းချိုးကို တည့်တည့်မတ်မတ် ကြည့်လိုက်တယ်။
လီဖူချန်း ကျူးကလန်ကို ရှင်းပစ်ချင်နေတာ အချိန်အတော်ကြာပြီ။ ဒါပေမယ့် ကျုးကလန်ရဲ့အခြေခံအုတ်မြစ်က သူထင်ထားတာထက် ပိုနက်ရှိုင်းတယ်။ သူတော်စင်အဆင့်အစီအရင်အမျိုးမျိုးအပြင် ကျူးကလန်ရဲ့ပင်မနေရာကို အန္တိမအဆင့်အစီအရင်တွေနဲ့ ကွယ်ဝှက်ထားတယ်။ သူတစ်ယောက်တည်းမဆိုနဲ့၊ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဆိုရင်တောင် အစီအရင်အားလုံးကို ဖျက်ဆီးဖို့ ခက်ခဲတဲ့အချိန်တစ်ခု ရှိပေလိမ့်မယ်။
အစကတော့ သူက ကျူးကလန်နဲ့ စစ်ပွဲတစ်ခုမစချင်ပေမယ့် ကျူးစန်းချိုးက သူ့လူတွေကို ခေါ်လာပြီး ဓားဂိုဏ်းကို တိုက်ခိုက်ရဲမှတော့ စစ်ပွဲတစ်ခုမစဖို့က မဖြစ်နိုင်တော့ဘူး။
"မင်း......ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ" ကျူးစန်းချိုးရဲ့မျက်လုံးတွေက လီဖူချန်းကို စူးရှိုက်စွာ ကြည့်နေပြီး ဒါက ရယ်ဖွယ်ရာပဲလို့ ခံစားမိတယ်။ သူ့မျက်လုံးတွေကတော့ မယုံကြည်နိုင်မှုထက် ကြောက်ရွံ့မှုက ပိုတယ်။
"မကောင်းတော့ဘူး......ဒါ ကောင်းကင်ဘုံအရှင်တစ်ယောက်ပဲ" မျက်နှာထားခပ်တင်းတင်းနဲ့လူနဲ့ထိပ်ပြောင်တို့က လီဖူချန်းက ကောင်းကင်ဘုံအရှင်တစ်ယောက်မှန်း လုံးဝသေချာတယ်။
ကောင်းကင်ဘုံအရှင်တစ်ယောက်ကသာ သူတို့အားလုံးကို ဒီလိုအလွယ်တကူဖိနှိပ်နိုင်မှာလေ။
အရင်ဆုံး မျက်နှာထားခပ်တင်းတင်းနဲ့လူက သူ့ရဲ့ဆက်သွယ်ရေးတိုကင်ကို အသက်သွင်းလိုက်တယ်။
နက်ပြာပလိန်းရဲ့အပြင်ဘက်မှာ ကျူးကွမ်းမင်နဲ့ကြာပန်းနက်ကောင်းကင်ဘုံအရှင်တို့က ဥက္ကာခဲတစ်ခုအပေါ်မှာ လက်ဖက်ရည်သောက်ရင်း စစ်တုရင်ကစားနေကြတယ်။
ဝီဝီဝီ.......
သူ့ရဲ့နေရာလပ်လက်စွပ်မှတုန်ခါမှုကို မြင်ပြီး ကျူးကွမ်းမင်က ဆက်သွယ်ရေးတုန်ကင်ကို ယူထုတ်လိုက်တယ်။
ကြာပန်းနက်ကောင်းကင်ဘုံအရှင်က ကျူးကွမ်းမင်ကို ကြည့်ကာ မေးလိုက်တယ်"တစ်ခုခုဖြစ်ပျက်ခဲ့လို့လား"
"ငါ မသေချာဘူး" ကျူးကွမ်းမင်က ခေါင်းခါလိုက်ပြီး စိတ်ထဲမှာ ပဟေဠိဖြစ်နေတော့တယ်။ သူက ပြိုင်ဘက်ကင်းသူတော်စင်အရှင်နှစ်ယောက်နဲ့အထွတ်အထိပ်သူတော်စင်အရှင်တွေပါရှိတဲ့အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားတာလေ။ အကျိုးသင့်အကြောင်းသင့်ပြောရရင် အဲဒါက ကောင်းကင်ဘုံအရှင်တစ်ယောက်မရှိရင် ပလိန်းတစ်ခုလုံးကို ဖယ်ရှားဖို့ လုံလောက်ပါတယ်။
"တစ်ချက်ကြည့်ရတာပေါ့" ကျူးကွမ်းမင်က စွမ်းအင်အရိပ်အယောင်တစ်ခုကို ဆက်သွယ်ရေးတိုကင်တစ်ခုအထဲ ထည့်သွင်းလိုက်တယ်။
ပြီးနောက် ချက်ချင်းပဲ ဖန်သားပြင်တစ်ခုက သူတို့နှစ်ယောက်အရှေ့မှာ ထွက်ပေါ်လာပြီး အဲဒါက ဓားဂိုဏ်းရဲ့မြင်ကွင်းပါပဲ။
"ကောင်းကင်ဘုံအရှင်လား" ကြာပန်းနက်ကောင်းကင်ဘုံအရှင်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတော့တယ်၊ ဒီကောင်းကင်ဘုံအရှင်က သူ့ထက် ပိုငယ်တာပဲ။
"ဒါ တကယ်ကို ကောင်းကင်ဘုံအရှင်ပဲ။ ဒါက ပြဿနာပဲ" ကျူးကွမ်းမင်ရဲ့အမူအရာက မကောင်းတော့ဘူး။
ပလိန်းအတွင်းမှာ ကောင်းကင်ဘုံအရှင်တစ်ယောက်ရှိရင် လုံးဝကို ခြားနားတဲ့အနေအထားနှစ်ရပ်ပါပဲ။
အပြင်သူတွေက ကောင်းကင်ဘုံအရှင်တစ်ယောက်ရှိတဲ့ပလိန်းတစ်ခုကို သိမ်းပိုက်ဖို့ အစီအစဉ်တွေ တစ်ခုမှ ရှိလိမ့်မှာမဟုတ်ဘူး။
တကယ်တော့ ပြင်ပကောင်းကင်ဘုံအရှင်တွေက အခြားပလိန်းတစ်ခုကို မဝင်ရောက်နိုင်ဘူးလေ။
"သူက မျက်နှာသာအချို့ပေးမလား ကြည့်ရအောင်" အသက်တစ်ချက်ရှုပြီးနောက် ကျူးကွမ်းမင်က ဆက်သွယ်ရေးတိုကင်ထဲကို စွမ်းအင်တွေ ပိုထည့်သွင်းလိုက်တယ်။
တစ်ချိန်တည်းမှာပဲ ဖန်သားပြင်က ကျူးကွမ်းမင်ရဲ့ပုံရိပ်နဲ့အတူ ထွက်ပေါ်လာတယ်။
"ဒီက ကောင်းကင်ဘုံအရှင်၊ ငါ မင်းကို ဘယ်လို ခေါ်ရမလဲ" ကျူးကွမ်းမင်က လီဖူချန်းကို ဂရုတစိုက် လေ့လာလိုက်တယ်၊ သူက အန္တိမအရှိန်အဝါတစ်ခုကိုသာ အာရုံခံနိုင်တယ်။ သူ့နှလုံးသားထဲမှာတော့ သူက လီဖူချန်းကို အထင်သေးနေတယ်။
"ကောင်းကင်ဘုံအရှင်လား....ဟမ့်" ဒါက ကျူးစန်းချိုးဖိတ်ခေါ်လာခဲ့တဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်မှန်း လီဖူချန်းက နားလည်လိုက်တယ်။
"ဒါဆို မင်းက ဘယ်သူလဲ" လီဖူချန်းက ပြန်မေးလိုက်တယ်။
ကျူးကွမ်းမင်က ဖြေလိုက်တယ်"ငါ့နာမည်က ကျူးကွမ်းမင်ပါ"
"မင်းလည်း ကျူးကလန်ကပဲလား" လီဖူချန်းက စဉ်းစားနေတယ်။
ကျူးကွမ်းမင်က ရှင်းပြလိုက်တယ်"နက်ပြာပလိန်းရဲ့ကျူးကလန်က အစစ်အမှန်ကျူးကလန်ရဲ့ကလန်ခွဲတစ်ခုပဲ။ အစစ်အမှန်ကျူးကလန်က အားမနည်းပါဘူး"
"ငါ သိပြီ" လီဖူချန်းက သဘောပေါက်သွားတယ်။
အကြိုနတ်ဘုရားတစ်ယောက်ကို မွေးထုတ်နိုင်တဲ့ ကလန်တစ်ခုက သေချာပေါက် မရိုးရှင်းပါဘူး။ အကြိုနတ်ဘုရားတစ်ယောက်ချန်ထားခဲ့တဲ့သာမန်ကာလျှံကာထောင်ချောက်တစ်ခုက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေဒါမှမဟုတ်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေကိုတောင် ဖယ်ရှားနိုင်တယ်။
"အားလုံးက နားလည်မှုလွဲနေတာပဲ။ ငါနဲ့ကျူးကလန်ကို မျက်နှာသာပေးလို့ရမလား" ကျူးကွမ်းမင်က ကျူးစန်းချိုးနဲ့အခြားသူတွေကို ကြည့်နေရင်း လီဖူချန်းကို ပြောလိုက်တယ်။
"ငါ မင်းကို မျက်နှာသာပေးရင် ဘယ်သူက ငါ့ကို မျက်နှာသာပေးမှာလဲ။ ငါ အခြားသူတွေကို ခွင့်လွှတ်နိုင်ပေမယ့် ကျူးစန်းချိုးကတော့ သေရမယ်" လက်ကို ဝေ့ယမ်းလိုက်ရာ လီဖူချန်းက ကျူးစန်းချိုးကို ပြာဖြစ်သွားစေလိုက်တယ်။
"မင်း....." ကျူးကွမ်းမင်ရဲ့မျက်လုံးတွေထဲမှာ အေးစက်တဲ့အလင်းက စီးဆင်းသွားတယ်။
"မင်း လူတွေကို အခု ထွက်သွားဖို့ ပြောလိုက်....မဟုတ်ရင် ငါ သူတို့အားလုံးကို သတ်ဖို့ ပြဿနာရှိမှာမဟုတ်ဘူး" လီဖူချန်းက ကျူးစန်းချိူးကိုသာ သတ်ရုံနဲ့ ကျူးကလန်ကို မျက်နှာသာပေးထားပြီးပါပြီ။
"ပြန်ဆုတ်လာကြ" ကျူးကွမ်းမင်က လီဖူချန်းကို တစ်ချက်ကြည့်ပြိီးနောက် သူ့ပုံရိပ်က ပျောက်ကွယ်သွားတော့တယ်။
"လီဖူချန်းလား" မျက်နှာထားခပ်တင်းတင်းနဲ့လူနဲ့အခြားသူတွေက နက်ပြာပလိန်းမှ ပြန်ဆုတ်သွားစဉ်မှာ ရင်းနှီးတဲ့အသံတစ်ခုက ပဲ့တင်ထပ်လာတယ်။
"ကျူးဟောင်ရှုလား" လီဖူချန်းက ပြုံးလိုက်တယ်၊ မျက်လုံးတွေထဲမှာတော့ ခံစားချက်အနည်းငယ် ဖြစ်ပေါ်လာတယ်။
သူ အစွန်းအလင်းကြယ်ပိုင်နက်မှ အရှေ့ယူနီကွန်တိုက်ကြီးကို ပြန်လာတဲ့အချိန်မှာ ကျူးဟောင်ရှုကို သတိပြုမိခဲ့တယ်။ ဒါပေမယ့် ကိစ္စတွေက အလျင်လိုနေတာကြောင့် သူက သူငယ်ချင်းဟောင်းနဲ့ ဆုံတွေ့ဖို့ အချိန်မရှိခဲ့ဘူး။
"အဲဒါ တကယ်ပဲ နင်လို့ ငါ မထင်ထားခဲ့ဘူး" ကျူးဟောင်ရှုက အချိန်အတော်ကြာတဲ့အထိ သတိပြန်မဝင်လာသေးဘူး။
အဆင့်နိမ့်တိုက်ကြီးတစ်ခုရဲ့အဆင့်နိမ့်ဂိုဏ်းတစ်ခုမှပါရမီရှင်တစ်ယောက်က အခု ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်နေပြီပဲ။ ဒါက သေချာပေါက် အံ့ဩဖွယ်ဖြစ်ရပ်တစ်ခုပဲ။
"ကြည့်ရတာ နင်လည်း ကျူးကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်မယ်" လီဖူချန်းက ပြောလိုက်တယ်။
ကျူးဟောင်ရှုက ခေါင်းညိတ်လိုက်တယ်"ကျူးကလန်က အကြိုနတ်ဘုရားကလန်တစ်ခုပဲ၊ စကြာဝဠာတစ်ခုလုံးမှာ ကလန်ခွဲတွေ အများကြီးရှိတယ်။ ငါ့ခန္ဓာကိုယ်မှာ မီးနတ်ဘုရားသွေးမျိုးဆက်ပါရှိတယ်၊ ဒါကြောင့် ငါက ကျူကလန်ရဲ့ပင်မမျိုးနွယ်ဆီ ပြန်သွားနိုင်ခဲ့တယ်"
တစ်ခဏ ရပ်တန့်ပြီးနောက် ကျူးဟောင်ရှုက ဆက်ပြောလိုက်တယ်" နင် ကျူးစန်းချိုးကို မသတ်ခဲ့သင့်ဘူး"
"သူက ပုရွက်ဆိတ်တစ်ကောင်မျှပဲ။ သူ့အတွက်နဲ့ ကျူးကလန်က ငါနဲ့ စစ်ခင်းမလို့လား" လီဖူချန်းက ဂရုမစိုက်ပါဘူး။
ကျူးဟောင်ရှုက ခေါင်းခါလိုက်တယ်"ကျူးကွမ်းမင်က သဘောထားသေးသိမ်တဲ့လူတစ်ယောက်ပဲ။ သူ့လူကို သတ်တာ သူ့ကို ရန်စတာနဲ့ အတူတူပဲ"
"ဒီလိုလား၊ ဒါဆို ငါလဲ ကောင်းကင်ဘုံအရှင်တစ်ယောက်ပဲ" လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက နက်ပြာပလိန်းရဲ့အပြင်ဘက်ကို ချဲ့ထုတ်ထားပြီးပြီ။ သူက ကျူးကွမ်းမင်နဲ့ကျူးကလန်ရဲ့အခြားကောင်းကင်ဘုံအရှင်တစ်ယောက်ကို သတိပြုမိခဲ့တယ်။
သူတို့နှစ်ယောက်က သာမန်ကောင်းကင်ဘုံအရှင်တွေပဲ။ ကျူးကွမ်းမင်ရဲ့ချီတည်ရှိမှုအရ သူက အများဆုံးအဆင့်၁ကောင်းကင်ဘုံအရှင်တစ်ယောက်သာပဲ။
သူတို့က မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေ မဟုတ်သရွေ့ လီဖူချန်းက ကြောက်စရာအကြောင်းရင်းတစ်ခုမှ မရှိဘူး။
"ဒါဆိုလဲ ပြီးရော။ ငါ ကျူးကွမ်းမင်ကို ဖျောင်းဖျလိုက်မယ်။ ဒါပေမယ့် ဒီအချိန်အတောအတွင်း နင် နက်ပြာပလိန်းမှ မထွက်လာတာ ပိုကောင်းတယ်။ ဒါ ငါ့ရဲ့ဆက်သွယ်ရေးတိုကင်ပဲ" သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်က အခြားသာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်ကို မသတ်နိုင်မှန်း ကျူးဟောင်ရှုက သိတယ်။ လီဖူချန်းက အဆင့်သတ်မှတ်ချက်မဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်မဟုတ်ရင်ပေါ့လေ။
ဆက်သွယ်ရေးတိုကင်ကို လက်ခံပြီးနောက် လီဖူချန်းက ပြုံးလိုက်တယ်။
ရက်အနည်းငယ်ကြာပြီးနောက် ကျူးဟောင်ရှုက သူမရဲ့မိဘတွေ၊ ကလန်သားတွေနဲ့အတူ နက်ပြာပလိန်းမှ ထွက်သွားတော့တယ်။
လီဖူချန်းရဲ့ပုံမှန်မဟုတ်တဲ့မြင့်တက်မှုက သူမကို တကယ်တုန်လှုပ်စေခဲ့တယ်၊ ဒါပေမယ့် ဒါက တုန်လှုပ်မှုတစ်ခုမျှပါပဲ။ သူမအနေနဲ့ ဒါတွေအားလုံးက အတိတ်ကဖြစ်ပြီး သူမရဲ့စိတ်ထဲမှာ မှိန်ဖျော့ဖျော့သာ ကျန်တော့တယ်။ သူမရဲ့ပြန်လာမှုက ကိစ္စတွေကို အဆုံးသတ်ဖို့ပဲ၊ ဒါကြောင့် အခုကစပြီး သူမမှာ စိုးရိမ်စရာတစ်ခုမှ ရှိတော့မှာမဟုတ်ဘူး။
…
"သူ မထွက်လာရင် ငါတို့ စောင့်နေလို့ ဘာမှ မထူးဘူးမလား"
နက်ပြာပလိန်းအပြင်ဘက်ရှိဥက္ကာခဲတွေထဲမှာ ဥက္ကာခဲတစ်ခုက ဟင်းလင်းပြင်ထဲမှာ ဖုန်းကွယ်လျက်ရှိနေတယ်။
ဥက္ကာခဲပေါ်မှာ ကျူးကွမ်းမင်နဲ့ကြာပန်းနက်ကောင်းကင်ဘုံအရှင်တို့က တင်ပျဉ်ခွေထိုင်နေပြီး နက်ပြာပလိန်းကို အဆက်မပြတ်စောင့်ကြည့်နေကြတယ်။
လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် ကျူးကွမ်းမင်က ပြောလိုက်တယ်"ဒါက ငါတို့တွေ နက်ပြာပလိန်းကို ထိန်းချုပ်နိုင်သလားနဲ့ ဆက်စပ်တယ်။ အဲဒါက စောင့်ဖို့ ထိုက်တန်တယ်၊ ဘယ်လောက်ကြာကြာ ကိစ္စမရှိဘူး"
သူက နက်ပြာပလိန်းရဲ့တည်ရှိမှုကို မသိချိန်တုန်းက ကျူးကွမ်းမင်က စိတ်မဝင်စားခဲ့ပါဘူး။ သူက နက်ပြာပလိန်းနဲ့ ပတ်သက်ပြီး သိလာတာကြောင့် သူက ဒီလိုအလွယ်တကူ အရှုံးပေးလိမ့်မှာမဟုတ်ဘူး။
"ကောင်းပြီလေ၊ သူက ငါတို့ကို အကြာကြီးမစောင့်ရစေဖို့ မျှော်လင့်တယ်" ကြာပန်းနက်ကောင်းကင်ဘုံအရှင်က ခေါင်းညိတ်လိုက်တယ်။
ပလိန်းတစ်ခုကို ထိန်းချုပ်နိုင်တာ တကယ်ကောင်းတယ်။ ပလိန်းတစ်ခုစီက အနှိုင်းမဲ့ပြီး ၎င်းက တစ်မူထူးတဲ့ရတနာတွေကို ထုတ်လုပ်ပေးပါလိမ့်မယ်။
"ရည်ရွယ်ချက်ရှိရှိပြန်လာတာလား" သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ဥက္ကာခဲတွေမှ ရုတ်သိမ်းလျက် လီဖူချန်းရဲ့မျက်လုံးတွေက အေးစက်သွားတယ်။
အရင်ပြဿနာပြီးကတည်းက အချိန်တစ်ခုရှိပါပြီ။ သူတို့က မီးနတ်ဘုရားကြယ်ပိုင်နက်ကို ပြန်ရောက်သွားပြီးလို့ ကျူးဟောင်ရှုက သူ့ကို သတင်းပို့ခဲ့တယ်။
ပလိန်းရဲ့ထွက်ပေါက်မှ သူ့ကို စောင့်ဖို့ ဒီကောင်းကင်ဘုံအရှင်နှစ်ယောက်က ရည်ရွယ်ချက်ရှိရှိပြန်လာမှန်း သိသာတယ်။
"ဒီလိုဆိုမှတော့ ဒင်းတို့နဲ့ တွေ့ဆုံကြတာပေါ့လေ"
ထွက်ပြေးခြင်းက ပြဿနာကို မဖယ်ရှားနိုင်ပါဘူး။ လီဖူချန်းက ရပ်ကာ နက်ပြာပလိန်းမှ ပျံသန်းထွက်သွားတော့တယ်။
"သူ ထွက်လာပြီ"
အလင်းလျှပ်တစ်ပြက်လက်သွားပြီး ကျူးကွမ်းမင်နဲ့ကြာပန်းနက်ကောင်းကင်ဘုံအရှင်တို့က လီဖူချန်းကို ဝိုင်းလိုက်ကြတယ်။