← Chapters

ဆရာ၀န်ကုတ်ကို ၀တ်ဆင်ဖို့ ရှင့်ထက်သင့်တော်တဲ့သူ မရှိတော့ဘူး

Vol. 39 Ch. 571

ဆရာ၀န်ကုတ်ကို ၀တ်ဆင်ဖို့ ရှင့်ထက်သင့်တော်တဲ့သူ မရှိတော့ဘူး

Vol. 39 Ch. 571

"ဒါပေမယ့် ညီမမှ အစ်ကိုရီနဲ့ မခွဲချင်တာ...."

"ဘာ လွမ်းစရာရှိလို့... ငါ့ကိုလွမ်းတယ်ဆိုရင်လည်း ဖုန်းဆက်လိုက်လေ... တစ်ယောက်နဲ့ တစ်ယောက်က ထပ်မတွေ့နိုင်တော့တာမျိုးလည်း မဟုတ်... ငါက ကျိုးဟိုင်မှာပဲ ဆက်ရှိနေဦးမှာ... တစ်သက်လုံး ခွဲရမယ့် သူတွေလိုမျိုး လုပ်မနေစမ်းနဲ့..."

လင်းရီ နှုတ်ထွက်တော့မည် ဆိုသည့် သတင်းက နှလုံးအထူးကု ဌာနတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။

နာ့စ်များအားလုံးမှာ လင်းရီနား ဝိုင်းအုံနေကြပြီး ၀မ်းနည်းနေကြ၏။ မည်သူကမျှ လင်းရီ ထွက်သွားမည်ကို အလိုမရှိကြပေ။

လင်းရီနှင့် ရှိနေစဉ်အတောအတွင်း သူမတို့ အမှတ်တရများစွာ ရှိထားခဲ့ကြသည်။

လင်းရီမှာ တမူထူးခြားသည့် အဆင့်အတန်းရှိနေပါသော်လည်း သူမတို့ကဲ့သို့ သာမန်နာ့စ်များကို မိတ်ဆွေသဖွယ် ဆက်ဆံပေးခဲ့သည်။ သူမတို့အားလုံး လင်းရီနှင့် အတူရှိနေရသည်ကို သက်တောင့်သက်သာ ဖြစ်နေကြ၏။

ယခုလို ရုတ်တရက် နှုတ်ထွက်တော့မည်ဟု သတင်းကြားတော့ မည်သူကမျှ ၎င်းတို့၏ မျက်ရည်ကို ချုပ်ထိန်းလို့ မရနိုင်ခဲ့ပေ။

နာ့စ်များအပြင် လူနာခန်းထဲရှိ လူနာများလည်း အပြင်သို့ ထွက်လာခဲ့ကြလေသည်။

ထိုသူများအားလုံးမှာ လင်းရီ၏ ခွဲစိတ်ကုသပေးမှုကို ခံထားရသူများဖြစ်ပြီး လင်းရီမှာ ၎င်းတို့၏ ကျေးဇူးရှင် တစ်စိတ်တစ်ပိုင်း ဖြစ်နေသည်ဟု ဆိုလျှင်လည်း မမှားပေ။ယင်းကလည်း ၎င်းတို့၏ ဝေဒနာမှာ ပြင်းထန်လွန်းလှပြီး အခြားဆေးရုံသို့ သွားမည်ဆိုလျှင်တောင် လက်မခံဝံ့သည့် အခြေအနေပင်။ အ‌ကယ်၍ လင်းရီနှင့်သာ တွေ့ဆုံခဲ့ခြင်း မရှိပဲ ခွဲစိတ်ကုသမှ မခံယူလိုက်နိုင်ပါက ယခုအချိန်ဆိုလျှင် ခြောက်ပေမြေကွက်ထဲတွင် အနားယူနေရလောက်ပြီးဖြစ်၏။

"ဒါရိုက်တာလင်း. ရှင် နှုတ်ထွက်တော့မယ်ဆို... အဲ့လိုဆို ကျွန်မတို့က ဆေးပြချင်ရင် ဘယ်သူ့ကို သွားရှာရတော့မှာ......"

"ဒါရိုက်တာလီဆီသွားလိုက်.. သူက ကျုပ်ထက် ပိုတော်တယ်..."လင်းရီ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ထိုလူနာများ ထွက်လာနှုတ်ဆက်သည်ကို မြင်တော့ လင်းရီရင်ထဲ နွေးထွေးသွားပြီး မျက်နှာထက်တွင်လည်း ကြင်နာသည့် အပြုံးတို့ ဖြစ်ပေါ်နေလေသည်။

သူ တစ်လျှောက်လုံး ပင်ပန်းခဲ့ပြီး ပိုးထည်တံခွန်ကို မရရှိခဲ့ပါသော်လည်း ဤလူနာများ၏ သဘောထားနှင့်တင် လင်းရီ ထိုက်တန်သည်ဟု ခံစားမိသည်။

"ကောင်းပြီ.. လူတိုင်းပဲ.. စိတ်ငြိမ်ငြိမ်ထားကြ.. ကျုပ်က ဘာကောင်မှလည်း မဟုတ်ဘူး... မျက်ရည်တွေ အကုန်ခံမနေနဲ့.. အနာဂတ်ကျရင်လည်း ဒီနေရာကို ပြန်လာခဲ့ဦးမှာ... ဒီတိုင်း ယာယီပဲ နှုတ်ထွက်တာဆိုတော့ ဒီလိုမျိုး ဖြစ်နေစရာ မလိုဘူး...."

"ဒါဆို ဒီလိုလုပ်လိုက်လေ... ကျုပ် နှုတ်ထွက်စာမှာ လက်မှတ်မထိုးပေးတော့ဘူး...ရက်ရှည်ခွင့်ပေးတယ်လို့ပဲ သဘောထားလိုက်မယ်... ဒါရိုက်တာလင်း နှစ်သက်တဲ့ အချိန်ပြန်လာခဲ့... လက်ရှိ နေရာနဲ့ လစာကို ဒါရိုက်တာလင်းအတွက် ကျုပ်တို့ဘက်က ချန်ထားပေးနေမှာပါ... "

"အဲ့တာဆို...."

လင်းရီ ခေတ္တ စဉ်းစားပြီးနောက် "ကောင်းပြီလေ.. အဲ့အတိုင်းပဲ လုပ်လိုက်တာပေါ့... ဒါပေမယ့် လစာကိုတော့ မေ့ထားလိုက်... ကျုပ်က ပိုက်ဆံမလိုဘူး... အဲ့လိုမျိုး လုပ်စရာ မလိုပါဘူး..."

"ဒါဆိုလည်း ဒါရိုက်တာလင်း ပြောတဲ့ အတိုင်းပေါ့..."

လင်းရီ ပိုက်ဆံ မရှားကြောင်း သိသည့်အတွက်ကြောင့် မြောင်ကော်ဖုန်း အတင်းတိုက်တွန်းမနေတော့ချေ။

လင်းရီ ဆေးရုံမှ နှုတ်မထွက်သရွေ့ အဆင်ပြေလေသည်။

"ဒါရိုက်တာလင်း ကျွန်တော်တို့ နှစ်ယောက်လုံး ထပ်ပြီး ကျေးဇူးတင်ပါရစေ..."လျိုဇီဟောက်၏ ဖခင်မှ စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။ ထို့နောက် သူ၏ ဇနီးနှင့်အတူ ကိုယ်ကိုကိုင်းညွှတ်၍ ကျေးဇူးတင်လိုက်လေသည်။

"ရတယ် ရတယ်.. အထူးတလှယ်ကြီး လုပ်မနေနဲ့... အားလုံးပဲ ကျုပ် သွားတော့မယ်..."

"အစ်ကိုရီ.. ညီမသတိရနေမယ်နော်... ဒါရိုက်တာလီလည်း သတိရနေမယ်တဲ့..."ချောင်ရှင်း မျက်ရည်တို့သုတ်ရင်း ပြောလိုက်၏။

"ငိုမနေနဲ့.. မင်းက ငါ့ကို စိတ်ဆိုးအောင် လုပ်နေတာပဲ...."

လင်းရီလက်ဝှေ့ယမ်းလိုက်ပြီး ဒေါက်တာများ၊ နာ့စ်များနှင့် လူနာမျာကို နှုတ်ဆက်ကာ ထွက်သွားရန် ဟန်ပြင်လိုက်လေသည်။

ထိုအခိုက်အတန့်တွင်ပဲ အပြင်ဘက် လူအုပ်ကြီးထံမှ အံ့အားတကြီးနှင့် အာမေဋိတ် အသံများကို ကြားလိုက်ရ၏။

အမျိုးသမီးတစ်ဦး သူမလက်ထဲတွင် စာရွက်စာတမ်း အထပ်လိုက်ကြီးဖြင့် ပြေးလာခဲ့လေသည်။

အသံထွက်လာသည့် သူမှာတော့ လီယွမ်ဟု ခေါ်တွင်သည့် အမျိုးသမီးပင်။ လင်းရီ သူမကို မှတ်မိသည်။ ထိုသူမှာ မြောင်ကော်ဖုန်း၏ အတွင်းရေးမှူး ဖြစ်၏။

"ဒါရိုက်တာမြောင် .. အမည်မဖော်တဲ့ တစ်စုံတစ်ယောက်က လျိုဇီဟောက် အမြန်နေကောင်းလာပါစေဆိုတဲ့ ဆုတောင်းစာနဲ့ ယွမ် ၃ မီလီယမ်တောင် လှူဒါန်းသွားခဲ့တယ်ကော.. "

"ဟမ်... တစ်စုံတစ်ယောက်က ယွမ် ၃ မီလီယမ်တောင် လှူဒါန်းသွားခဲ့တာလား..."

အဆိုပါ သတင်းကိုကြားတော့ ရောက်ရှိနေကြသည့် လူတိုင်း ရှော့ခ်ရသွားခဲ့ကြသည်။

ယင်းက သေးငယ်သည့် ပမာဏမဟုတ်ချေ။ SMA ရောဂါကိုပင် ကုသရန်အတွက် လောက်ငှလေသည်။

"ဝိုး.... တကယ်ကြီး တစ်စုံတစ်ယောက်က အဲ့လောက် ပိုက်ဆံ အများကြီး လှူဒါန်းလိုက်တယ်လား...."

လျိုဇီဟောက်၏ မိသားစု၀င်များလည်း ထိုသတင်းကို ကြားတော့ စိတ်လှုပ်ရှားလွန်း၍ စကားပင် မဆိုနိုင်တော့ချေ။

သူတို့အားလုံးမှာ အိမ်နှင့် ပိုင်ဆိုင်သည့် မြေများကို ရောင်းချရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း စေတနာရှင်တစ်ယောက်မှ ယခုလို ပိုက်ဆံအမြောက်အများ လှူဒါန်းလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

မိသားစု၀င်များအားလုံး ဒူးထောက်ကျသွားခဲ့ပြီး ခေါင်းမော့ကာ မျက်ရည်တို့ စီးကျလာခဲ့၏။

မိုးနတ်မင်းကြီး ... ကျေးဇူးကြီးမားလှပါတယ်... လှူဒါန်းပေးတဲ့သူကိုလည်း နေ့တိုင်း မေတ္တာပို့သပေးပါ့မယ်...

ဘေးတွင် ရပ်နေသည့် ‌လီချူးဟန်ကတော့ တစ်ခွန်းမျှမဆိုပဲ လင်းရီကို တိတ်တခိုး ကြည့်လိုက်သည်။

လင်းရီကလွဲ၍ ထိုမျှ ငွေပမာဏ အမြောက်အများ လှူဒါန်းပေးလာရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ယင်းကလည်း လျိုဇီဟောက်၏ ဝေဒနာမှာ ပြင်းထန်လွန်းလှပြီး ခွဲစိတ်ကုသပြီးလျှင်တောင် SMA မှာ ‌သေကြေပျက်စီးနိုင်သည့် ရောဂါဝေဒနာတစ်ခု ဖြစ်နေသေး၏။ လုံလောက်သည့် ဆေးဝါးပံ့ပိူမှု အကူအညီတို့ မပါဘဲနဲ့တော့ ပြန်လည် သက်သာရန် အခွင့်အလမ်းမရှိပဲ ခွဲစိတ်ကုသမှုမှာလည်း အချည်းနှီး ဖြစ်သွားပေမည်။

ထိုအကြောင်းကို သိသည့် အတွက်ကြောင့် လင်းရီမှ ယခုလို လှူဒါန်းလာခဲ့ခြင်း ဖြစ်လောက်၏။

"ပိုက်ဆံက ရောက်လာတာ အချိန်ကိုက်ပဲ... ခု ခွဲစိတ်မှုကလည်း ပြီးသွားပြီဆိုတော့ လေးငါးရက်နေရင် SMA ကို စကုလို့ရပြီ..."လင်းရီ ပြုံးလိုက်၏။

လျိုမိသားစု၀င်များအားလုံး ပျော်ရွှင်သွားခဲ့ကြပြီး ၎င်းတို့၏ မျက်လုံးများက မည်မျှ ပျော်ရွှင်နေကြောင်း ပြောပြနေလေသည်။ ချို့တဲ့သည့် မိသားစု ဖြစ်သည့် အတွက်ကြောင့် ကလေး၏ အသက်ကို ကယ်တင်ပေးချင်ပါသော်လည်း မစွမ်းသာခဲ့ရာ အလှူခံရာမှ စေတနာရှင်တစ်ဦး၏ မြောက်မြားလှသော လှူဒါန်းငွေက ၎င်းတို့ကို အများကြီး အထောက်အကူ ဖြစ်သွားစေခဲ့သည်။ ယခုဆိုလျှင် ခွဲစိတ်မှုမှာ အောင်မြင်ရုံသာမက ဈေးအရမ်းမြင့်သည့် SMA ကုသဆေးကိုပင် ၀ယ်ယူရန် စိတ်ပူစရာ မလိုတော့ပေ။

လင်မယား နှစ်ယောက်လုံးမှာ တစ်ယောက်ကို တစ်ယောက်ဖက်ရင်း ၀မ်းသာ မျက်ရည်တို့ ပြည့်လျှံလာခဲ့တော့၏။

"ယောက်ျား... လောကကြီးမှာ ကြင်နာတတ်တဲ့သူတွေ အများကြီး ရှိနေသေးတယ်နော်..သူတို့သာ မရှိရင် ကျွန်မတို့ကလေးက ခုချိန် အဆုံးသတ်နေလောက်ပြီ..."လျိုဇီဟောက်၏ မိခင်မှ ပြောလိုက်သည်။

"ဒါရိုက်တာလင်းကို အရင် ကျေးဇူးတင်ရအောင်... သူသာ ကိုယ်တို့နှစ်ယောက်ကို အဲ့ဒီနေ့က မကူညီပေးခဲ့ဘူးဆိုရင် ခုချိန် ဘယ်ဆီနေမှန်းတောင် သိမှာ မဟုတ်ဘူး..."

စုံတွဲမှာ ကြမ်းပြင်၌ တစ်ဖန် ဒူးထောက်ကာ ၎င်းတို့၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်ကြ၏။ သို့သော်လည်း တစ်၀က်တွင် လင်းရီ၏ ဟန့်တားခြင်းကို ခံလိုက်ရလေသည်။

"ဒီလိုတွေ လုပ်စရာမလိုပါဘူး.. ကျုပ် အဲ့လိုမျိုးတွေနဲ့ နေသားမကျသေးဘူး..."လင်းရီ ပြောလိုက်ပြီး "ခု ပြဿနာတွေ အကုန်လုံး ဖြေရှင်းပြီးသွားပြီဆိုတော့ ခင်များတို့ နှစ်ယောက် ပိုက်ဆံကို ကြိုးစားရှာ..ပြီးရင် ကလေးကို အရွယ်ရောက်တဲ့အထိ ပျိုးထောင်ပေး....အဲ့ဒါက မိဘဖြစ်တဲ့ ခင်များတို့ရဲ့ တာ၀န်ပဲ... "

"ဟုတ် ဟုတ်.. ကျွန်တော်တို့ ကြိုးစားမှာပါ.. ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်း..."

"ကောင်းပြီလေ.. ခင်များတို့လည်း ကိုယ်လုပ်စရာ ရှိတာတွေ သွားလုပ်ကြတော့... ကျုပ်လည်း သွားတော့မယ်..."လင်းရီ လက်ဝှေ့ယမ်းပြီး ထွက်လာခဲ့လိုက်တော့၏။

သို့သော်လည်း လင်းရီ လမ်းလျှောက်ပြီးနောက် မကြာမီ အလှမ်းမကွာဝေးသော နေရာရှိ လျန်ရူရွှယ်ကို တွေ့လိုက်ရလေသည်။

သူမ လက်ထဲတွင်လည်း သေတ္တာဘူး အကြီးစားတစ်ခုကို သယ်ထားပြီး ထိုအရာက ဘာလဲဆိုတာကိုတော့ လင်းရီလည်း ခန့်မှန်း၍ မရနိုင်ချေ။

"ဘာလာလုပ်တာ...."

"နင် ဒီနေ့ နှုတ်ထွက်တော့မယ်ဆိုတာ သိတယ်လေ... ဒါကြောင့် လာလည်တာပေါ့..."

"မင်းတို့ကောင်တွေက တော်တော်လေး ပျော်ရတာကြိုက်ကြတယ်နဲ့တူတယ်... နှုတ်ထွက်ပါတယ် ဆိုနေမှ ဘာကြည့်စရာရှိလို့..."

လျန်ရူရွှယ် သူမ ဆံပင်ကို နောက်သို့ လက်ဖြင့် ခါထုတ်လိုက်၏။ သူမ၏ မျက်၀န်းအကြည့်များကတော့ ညင်သာနေပြီး ကျေးဇူးတင်ခြင်းများနှင့် ပြည့်နှက်နေသည်။

"ဘာလို့လဲဆိုတော့ နင်က တခြားသူတွေနဲ့ မတူလို့လေ...."

"ဟုတ်လား...ငါက သူများတွေထက် မဆိုသလောက်လေးပဲ ပိုချောတာပါကွာ.. အဲ့လိုကြီး မြှောက်နေတော့ ငါတောင် ရှက်ချင်သလိုလို ဖြစ်လာပြီ... "လင်းရီ နှာခေါင်းပွတ်ရင်း ပြောလိုက်သည်။

"နင့်ကိုတော့လေ နည်းနည်းလေးကို ချီးမွမ်းလို့ မရတာ...ဒီလိုအချိန်မှာတောင်မှ ပေါက်တတ်ကရတွေ လျှောက်လုပ်နေသေးတယ်ပေါ့ ဟုတ်လား.. နည်းနည်းလေး လူရိုသေအောင် နေစမ်းပါ... "

ထို့နောက် လျန်ရူရွှယ် မျက်ရည်တို့ ဝဲနေသည့် လူများကို ကြည့်ပြီးနောက် လင်းရီအနားသို့ တိုးကပ်၍ ‌တီးတိုးလေသံဖြင့် "နင်ပြောတော့ ဂရုမစိုက်ပါဘူးဆို... ဘာလို့ တိတ်တိတ်လေး ပိုက်ဆံတွေ လှူလိုက်တာ..."

"ငါလှူတယ်လို့ ဘယ်သူပြောလဲ.. လှူတဲ့သူက ငါပါဆိုပြီးတော့ ပြောထားလို့လား..."

"နင်သူများတွေကို အရူးလုပ်လို့ ရရင် ရမယ်... ငါ့ကိုတော့ အဲ့လိုလာလုပ်လို့ မရဘူး... ဒီလိုအချိန်မျိုးမှာ နင်ကလွဲပြီး ဘယ်သူက အဲ့လောက် ပိုက်ဆံတွေ အများကြီး လှူမှာ...."

လင်းရီ မည်သို့ ပြန်ပြောရမှန်းမသိ ဖြစ်သွားခဲ့ပြီး "အဲ့တာဆို သိရင်လည်း တိတ်တိတ်နေကွာ.. သူတို့ မသိစေနဲ့... မဟုတ်ရင် ငိုခန်းဖွင့်နေတာနဲ့ ငါ ဒီနေ့ ဆေးရုံက ထွက်ရမှာ မဟုတ်တော့ဘူး...."

လျန်ရူရွှယ် ပြုံးစစ ဖြစ်သွားပြီး လင်းရီကို ညင်သာစွာကြည့်၍ "ကျေးဇူးပဲ..."

ထိုစကားလုံး သုံးလုံးက လျန်ရူရွှယ်၏ ညင်သာမှုများကို ကိုင်ဆောင်ထားပုံရပြီး လင်းရီ၏ ခန္ဓာကိုယ်ကို ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်ရှားနိုင် ဖြစ်သွားစေသည်။

"နင် ခုလို လုပ်ပေးတာတွေကို ကျန်တဲ့သူတွေ သိမှာ မဟုတ်ဘူးဆိုပေမယ့် ငါ့ရင်ဘက်ထဲမှာတော့ အစဉ်မြဲ သိမ်းထားမှာပါဟာ..."လျန်ရူရွှယ် ဆံပင်ကို နောက်သို့သပ်ရင်း သက်ပြင်းချလျက် ပြောလိုက်သည်။

"နင့်လိုတော်တဲ့ ဆရာ၀န်တစ်ယောက် အလုပ်ထွက်သွားတာက လူတိုင်း အတွက် ဆုံးရှုံးမှုကြီးပဲ... ဘယ်သူကမှ နင့်ထက်ပိုပြီး ဆရာ၀န်ကုတ်ကို ၀တ်ဆင်ဖို့ ထိုက်တန်မှာ မဟုတ်ဘူး."

"ဘာလို့ အဆံမရှိတဲ့ စကားတွေပဲ လာရွတ်ပြနေတာ.. လက်တွေ့ကျကျ ဆုချီးမြင့်တာက ပိုမကောင်းဘူးလား..."

"နင် အဲ့လိုပြောလိမ့်မယ်ဆိုတာ ကြိုသိလို့ ငါ လက်ဆောင် ယူလာခဲ့တယ်...."

လျန်ရူရွှယ် သူမလက်ထဲရှိ ဘူးကို ဖွင့်လိုက်တော့ အထဲတွင် ပိုးထည်တံခွန်တစ်ခု ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။

ထိုတံခွန်ကို ဖြန့်လိုက်သောအခါ အပေါ်တွင် စာလုံး ဆယ့်ကိုးလုံး ရေးသားထားလေသည်။

"ဖြူစင်စိတ်ထား ခြုံလွှမ်းနှင်းလွှာ တစ်မိုးအောက်၀ယ် သူ့ထက်မြတ်သူရှိ၏လော “

All Chapters