← Chapters

ကံကောင်းပါစေ သားမက်လေးရေ

Vol. 39 Ch. 573

ကံကောင်းပါစေ သားမက်လေးရေ

Vol. 39 Ch. 573

လင်းရီကို အကြံဉာဏ်ပေးပြီးနောက် ရှန်းရှူးရီ သူမ၏ အလုပ်များကို စတင်လုပ်ဆောင်လေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ဒုဥက္ကဌ၀မ်လိမှာ သူမလက်ထဲတွင် I pad တစ်ခုနှင့်အတူ ရုံးခန်းထဲသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

"ဘာလဲ ဖြစ်နေတာ..."ရှန်းရှူးရီ မေးမြန်းလိုက်၏။

"ဥက္ကဌရှန်း.. ရှင်ဒါကို ကြည့်မှဖြစ်မှာ..."

၀မ်လိ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရှန်းရှူးရီကို Ipad ကမ်းပေးလိုက်၏။

အစကတော့ ရှန်းရူးရီ သာမန်ကာလျှံကာဖြင့် ယူကြည့်လိုက်သည်။ သို့သော်လည်း ရေးသားထားကြောင့် အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ရှန်းရှူးရီ၏ မျက်နှာမှာ ဖြူလျော်သွားတော့၏။

ယင်းက ငွေကြေးနှင့်စီးပွားရေး၀က်ဆိုဒ်မှ ဆောင်းပါးတစ်ပုဒ်ပင်။

ရေးသားထားသည့် အကြောင်းအရာများမှာ ရှည်လျားခြင်း မရှိသော်လည်း ကျောက်မို၏ စတော့နည်းဗျူဟာ ကစားပွဲကို ကျစ်ကျစ်လျစ်လျစ်ဖြင့် ဖော်ပြသွားခဲ့လေသည်။ နောက်ကွယ်တွင် ဟွာယင်း အုပ်စုနှင့် မိသားစုကြီး လေးခု ရှိနေကြောင်းကိုလည်း အတိအကျ ဖော်ထုတ်သွားခဲ့၏။

မူလကတော့ လက်တစ်ဆုပ်စာ လူပမာဏကသာလျှင် စတော့နည်းဗျူဟာတိုက်ပွဲ၏ နောက်ကွယ်တွင် ရန်ကျင်း၏ သခင်လေးလေးယောက် ရှိနေကြောင်းကို သိထားကြပြီး သာမန်လူများကတော့ လင်းယွမ်အုပ်စုနှင့် Didi ကို ဒုက္ခပေးနေသည့် လက်သည်ဘယ်သူလဲ ဆိုတာကို မသိရှိကြချေ။

ယခုတော့ နောက်ကွယ်ရှိ ကိစ္စရပ်များအားလုံးကို ဖော်ထုတ်ခံလိုက်ရပြီး ဖြစ်သောကြောင့် မကြာမီ အကျိုးဆက်များ ပေါက်ကွဲထွက်လာတော့မည်မှာ မလွဲမသွေပင်။

"ဒီဆောင်းပါးကို ဘယ်သူတင်လိုက်တာ..."

"တင်တဲ့သူက သူ့ရဲ့ စီးပွားရေးအကောင့်နဲ့ဆိုတော့ ခြေရာခံလို့ရမယ့် သတင်းအချက်မလက်ကို ရှာမတွေ့ဘူး.. ဒါပေမယ့် စောနတုန်းက ကျွန်မ ငွေကြေးနဲ့စီးပွားရေး၀က်ဆိုဒ်ရဲ့ တာ၀န်ခံ အယ်ဒီတာကို ဖုန်းခေါ်ပြီး စစ်ဆေးကြည့်ခိုင်းလိုက်တော့ IP လိပ်စာက ထိုင်၀မ်းကျွန်းဘက်က ဖြစ်နေတယ်...."

"ထိုင်၀မ်း..."ရှန်းရှူးရီ၏ လှပသော မျက်၀န်းများထဲတွင် သင်္ကာမကင်းမှုများ ထွက်ပေါ်လာလေသည်။

"အမှန်ပဲ.. IP လိပ်စာက တကယ်ကြီး ထိုင်၀မ်းက..."

"ကြည့်ရတာတော့ တစ်စုံတစ်ယောက်က လင်းယွမ်အုပ်စုကို ဒုက္ခပေးချင်နေတယ်နဲ့တူတယ်..."ရှန်းရှူးရီ ပြောလိုက်သည်။

"မိသားစုကြီး လေးခုရဲ့ ပြိုင်ဘက် ကုမ္ပဏီတွေက ထိပ်တန်းအဆင့်တွေဆိုတော့ ဒီလိုမျိုး အသေးအမွှား ရွေ့ကွက်လေးတွေ ထုတ်သုံးလာမှာ မဟုတ်ဘူး.. ဆိုတော့ တစ်ဖက်သူက လင်းယွမ်အုပ်စုကို ပစ်မှတ်ထားနေတယ်ဆိုတာ သေချာတယ်... "

"ဖြစ်နိုင်လောက်တယ်.. တစ်ဖက်သူက ဒီရဲ့ ကစားပွဲတစ်ခုလုံးကို သေချာလေး နားလည်ထားပြီးတော့မှ လင်းယွမ်အုပ်စုကို အငှားလက်နဲ့ လူသတ်နိုင်အောင် အဓိက မိသားစုကြီးလေးခု ရှေ့ထွက်လာအောင် ကြံစည်နေတာ...ဒီပုံစံအတိုင်းဆို လင်းယွမ်အုပ်စုက ဒိတ်ဒိတ်ကျဲကြီး‌တွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ကျိန်းသေတယ်.... ဒီအကွက်က တော်တော်လေး လှတယ်လို့တောင် ပြောရမယ် "ရှန်းရှူးရီ ပြောလိုက်သည်။

၀မ်လိ ခေတ္တ တွေးတောလိုက်ပြီး "ခု Didi က လမ်းပန်းဆက်သွယ်ရေး နယ်ပယ်တစ်ခုလုံးကို လက်ဝါးကြီး အုပ်ထားပြီးတော့ ဝီချက်တို့ ထောင်းပေါင်တို့နဲ့ ယှဉ်နိုင်တဲ့ နိုင်ငံထဲက နောက်ထပ် နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်လာနေပြီလေ... ဆိုတော့ လူတော်တော်များက မနာလို ဖြစ်နေကြမှာ သဘာ၀ပဲမလား..."

"အဲ့လိုလည်း မဖြစ်နိုင်ဘူး... "ရှန်းရှူးရီ သူမ အတွေးများကို ထုတ်ဖော်လိုက်ပြီး "ဟွာရှ တစ်ပြည်လုံးရဲ့ ခရီးသွားနယ်ပယ်တစ်ခုလုံးမှာ ဘယ်သူတွေကမှ Didiရဲ့ နေရာကို စိန်မခေါ်နိုင်ဘူး... ဒီလို ပုံစံမျိုးနဲ့ Didi ကို တိုက်ခိုက်လာတာက ပိန်းလွန်းရာကျတယ်... ဒါကြောင့်မို့ တစ်ဖက်သူရဲ့ ရည်ရွယ်ချက်က ခရီးသွားတဲ့ နယ်ပယ်မဟုတ်တာတော့ သေချာတယ်... "

"ဒါပေမယ့် လင်းယွမ်နဲ့ ဆက်စပ်နေတာဆိုလို့ Didi ပဲ ရှိတာ မဟုတ်ဘူးလား..."

"နင် တစ်ခု ကျော်သွားခဲ့ပြီ..."ရှန်းရှူးရီ ပြုံးလိုက်ပြီး "လုံရှင်းကလည်း လင်းယွမ်အုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်နေသေးတယ်ဆိုတာ မမေ့နဲ့ဦးလေ.. ခုဆို သူတို့က Intel နဲ့ ယှဉ်နိုင်တဲ့ ချစ်ပ် ၂.၀ ကို တီထွင်ထားတာဆိုတော့ အဲ့တာကမှ တကယ် အဖိုးတန်တာ.... "

"အဲ့လိုဆို ဘယ်ကုမ္ပဏီတွေက လုံရှင်းနဲ့ ယှဉ်ပြိုင်နေလဲဆိုတာ မှန်းကြည့်ရင် လွယ်ကူသွားပြီ..."

"အရင်တုန်းက SMIC လည်း ထိုင်၀မ်းက တီဗွီကုမ္ပဏီတစ်ခုရဲ့ ရိုက်ချခြင်းကို ခံလိုက်ရတယ်... ချဉ်းကပ်တဲ့ အကြောင်းအရာတွေက ခြားနားတယ်ဆိုရင်တောင် နည်းလမ်းကတော့ အတူတူပဲ... "ရှန်းရှူးရီ လေးနက်စွာ ပြောလိုက်ပြီး "ကျန်းကျုံးမော့ကတော့ ထုံးစံအတိုင်း အမြင်တွေ စူးရှနေဆဲပါလား..."

"ဥက္ကဌရှန်း.. ကျွန်မတို့ တစ်ခုခု လုပ်သင့်လား..."၀မ်လိ ပြောလိုက်ပြီး "ကျွန်မဘက်ကတော့ တာ၀န်ခံ အယ်ဒီတာကို အဲ့ဒီဆောင်းပါးဖျက်ချခိုင်းထားတယ်..."

ရှန်းရှူးရီ ခေါင်းညိမ့်လိုက်ပြီး "PR ဌာနကို CITIC အုပ်စုရဲ့ နာမည် အသုံးပြုပြီးတော့ ဒီရဲ့ စတော့ နည်းဗျူဟာတိုက်ပွဲအကြောင်း ရှင်းပြလိုက်... ကျောက်မိုနဲ့ ဟွာယင်းအုပ်စု ပတ်သက်နေတာကိုတော့ ဖုံးကွယ်ထား... အဲ့တာဆို ကျန်းကျုံးမော့က ငါဘာကို ဆိုလိုချင်လဲဆိုတာ သဘောပေါက်မှာပါ..."

"တကယ်လို့ သူက ခေါင်းမာနေမယ်ဆိုရင်ကော..."

"အဲ့လိုဖြစ်မှာ မဟုတ်ဘူး..."ရှန်းရှူးရီ ပြောလိုက်ပြီး "အရင်တုန်းက SMIC က ဘာစွမ်းအား ဘာလွှမ်းမိုးမှုမှ မရှိလို့ သူတို့တွေ အကြောက်အလန့် ကင်းနေကြတာ... ဒါပေမယ့် CITIC အုပ်စုကိုတော့ မျက်နှာချင်းဆိုင်ရဲမှာ မဟုတ်ဘူး... ငါပြောတဲ့ အတိုင်းသာ လုပ်လိုက်..."

"နားလည်ပါပြီ.. ခုပဲ သွားစီစဉ်ထားလိုက်ပါ့မယ်..."

၀မ်လိထွက်ခွာ သွားပြီးနောက် ရုံးခန်းမှာလည်း တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

ရှန်းရှူးရီ စားပွဲခုံပေါ်တွင် လက်ပိုက်ထားပြီး သူမ၏ သွယ်လျသည့် လက်ချောင်းများကတော့ ပျိုမြစ်သည့် မျက်နှာကို ထိတွေ့နေသည်။

Cisco က ကျရှုံးသွားသည်နှင့် ထိုင်၀မ်း တီဗွီကုမ္ပဏီက ရေမျက်နှာပြင်ပေါ် ထွက်လာခဲ့လေပြီ။

ယနေ့ခေတ်၏ ပြင်းထန်သည့် ပြိုင်ဆိုင်မှုများကြောင့် တစ်ပိုင်းလျှပ်ကူးနယ်ပယ်မှာ မီးဟုန်းဟုန်းတောက်လောင်နေပြီး အဆိုပါ တစ်ပိုင်းလျှပ်ကူးနယ်ပယ်ကြောင့်ပင် တတိယကမ္ဘာစစ်မီး ပေါ်ပေါက်လာနိုင်သည်ဟု ပြောစမှတ်ပြုလာကြ၏။

ကြည့်ရသလောက်ကတော့ ထိုသို့ ဖြစ်နိုင်ချေက များပြားလေသည်။

လင်းရီမှာ ဆေးဝါးနယ်ပယ်တွင် အဓိက ကျသည့် ကစားပွဲထိန်းချုပ်သူတစ်ဦး ဖြစ်လာပြီး အကယ်၍ တစ်ပိုင်းလျှပ်ကူးနယ်ပယ်တွင်ပါ ထိုသို့ စွမ်းဆောင်နိုင်မည်ဆိုပါက ပိုကောင်းလေသည်။

ယခုချိန် ဟွာရှ အလိုအပ်နေဆုံးကလည်း ထိုကဲ့သို့သော လူမျိုးပင်။

ကဲ.. ကံကောင်းပါစေ သားမက်လေးရေ။

......

ဟွာယင်းအုပ်စု၊ အထွေထွေ မန်နေဂျာရုံးခန်း။

ရုံးခန်းထဲရှိ လေထုမှာ အသက်ကင်းမဲ့နေပြီး မွန်းကြပ်နေလေသည်။

"ဒါရိုက်တာကျောက် .. ခုလေးတင် အင်တာနက်ပေါ်မှာ သတင်းတစ်ပုဒ်တက်လာတယ်.. Didi ရဲ့ ရှယ်ယာတန်ဖိုးတွေ ကျအောင် လုပ်နေတဲ့သူက ဟွာယင်းအုပ်စုဆိုပြီး ပြောထားတယ်.. ခု ကျွန်တော်တို့ ရှယ်ယာတွေအားလုံး အနှုတ်လက္ခဏာ ပြကုန်ပြီ... "

"ဘယ် မျောက်မသားက လုပ်လိုက်တာလဲကွ..."

ကျောက်မို ထိုင်ခုံမှ ထ၍ ကျိန်ဆဲလိုက်သည်။

"ကျွန်တော်လည်း ရှာမတွေ့ဘူး.. ဒါပေမယ့် အဲ့ဒီဆောင်းပါးက တင်ပြီး ခဏမှာပဲ ဖျက်ချခံလိုက်ရတယ်... အဲ့ဒီနောက် ချက်ချင်းပဲ CITIC အုပ်စုကနေပြီးတော့ ဒီကိစ္စနဲ့ ဆက်စပ်တဲ့ နောက်ထပ် ကြေညာချက်တစ်စောင် ထုတ်ပြန်လာတယ်... ဒါပေမယ့် အဲ့ဒီထဲမှာ ဟွာယင်း အုပ်စုရဲ့ နာမည်တော့ ပါမလာခဲ့ဘူး..."

"အန်တီရှန်းက လှုပ်ရှားလိုက်တာနေမှာ..."စွန်းချဲ့ပြောလိုက်ပြီး "ဒီကိစ္စက မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာစိုးလို့ ငါတို့ကို ကူညီပြီးတော့ ကိုင်တွယ်ပေးလိုက်တာပဲ ဖြစ်ရမယ်... "

ကျောက်မို စိတ်သက်သာရာရစွာဖြင့် သက်ပြင်း ချလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်မှ လှုပ်ရှားလာခဲ့မည်ဆိုလျှင်တော့ သူ အတန်ငယ်စိတ်ပူမိဦးမည် ဖြစ်သော်လည်း ရှန်းရှူးရီဆိုမှတော့ ခြားနားသွားခဲ့ချေပြီ။ ရန်ကျင်းတွင် လျန်မိသားစု၏ အကြီးဆုံး ချွေးမကို ယှဉ်နိုင်သူ မရှိချေ။

"မုန်တိုင်းက အစမပျိုးခင် ငြိမ်သက်သွားပြီဆိုမှတော့ အဲ့ကိစ္စ အာရုံထားမနေနဲ့တော့.. "

"ညီကိုကျောက် ... ခု DiDi ရဲ့ ရှယ်ယာတွေက အရူးအမူးထိုးတက်နေပြီးတော့မှ‌ ဈေးကွက်ထဲမှာ ပြန့်ကျဲ့နေတဲ့ ရှယ်ယာတွေကလည်း နည်းနေပြီ.. ငါတို့တွေ ရှယ်ယာတွေ ၀ယ်ပြီး ပြန်ပေးဖို့ဆိုတာ မဖြစ်နိုင်လု နီးပါးပဲ....ပွဲစားတွေကို ခနတော့ စောင့်ခိုင်းထားရဦးမယ်...."လုရွှမ် ပြောလိုက်သည်။

"နည်းနည်းလောက် ထပ်စောင့်လိုက်ကြတာပေါ့.. စတော့တန်ဖိုးတွေက တစ်သတ်မှတ်တည်း မနေပါဘူး.. သေချာပေါက် ပြန်ကျမှာပဲ.. အချိန်ကျမှ ပို၀ယ်လိုက်လို့လည်း ရတယ်..."ကျောက်မို ပြောလိုက်သည်။

"ဒါပေမယ့် လင်းရီရဲ့ နည်းလမ်းတွေက တော်တော်လေး နားလည်ဖို့ ခက်တယ်နော... သူ ဒီအခြေအနေကို ဘယ်ချိန်ထိ ထိန်းထားနိုင်မလဲဆိုတာ ဘယ်သူမှ သေချာ မသိဘူး... ပြီးတော့ ငါတို့ ပွဲစားတွေဆီက ယူထားတဲ့ ရှယ်ယာတွေက အချိန်အကန့်အသတ်နဲ့ အတိုးနှုန်းတွေကော ပေးရဦးမှာ... တကယ်လို့ အချိန်အကြာကြီး ဆွဲနေမယ်ဆိုရင် ငါတို့ဘက်က ပိုပြီး ဆုံးရှူံနိုင်ခြေ များတယ်..."

"မပူစမ်းနဲ့.. ငါတစ်နည်းကြံလိုက်ပါဦးမယ်..."ကျောက်မို နာကျင်နေသည့် လေသံဖြင့် ပြောလိုက်သည်။

သူ့အတွက်တော့ ပိုက်ဆံ ဆုံးရှုံးသည်က အသေးအမွှားလေးပင်။ မခံမရပ်နိုင်အဖြစ်ဆုံးကတော့ သူတစ်ကြိမ်တစ်ခါမှ မတွေ့ဆုံဖူးသေးသည့် လူတစ်ယောက်ထံတွင် ရှုံးနိမ့်သွားခဲ့ခြင်းကိုပင်။အဆိုပါ ထိုးနှက်ချက်က သူ၏ ခံစားချက်များကို ပို၍ ဆိုးရွားသွားစေခဲ့သည်။

ဒေါက် ဒေါက် ဒေါက်...

ရုံးခန်းတံခါး၀ဆီမှ ခေါက်သံ ထွက်ပေါ်လာပြီး ကျောက်မို၏ အတွင်းရေးမှူး ၀င်ရောက်လာလေသည်။

"ဒါရိုက်တာကျောက်.. ဥက္ကဌ၀မ်က သူမ ရုံးခန်းထဲ လာခဲ့ဖို့ ပြောနေပါတယ်..."

"အမေက ငါ့ကို ရှာနေတာလား.."

"ဟုတ်ပါတယ်ရှင့်.."

"ကောင်းပြီလေ.. "

ကျောက်မို မတ်တပ်ရပ်ပြီး ဂူချန်းချွမ်နှင့် ကျန်သူများကို ကြည့်ကာ "ဒီမှာ စောင့်နေကြ.. ငါ တစ်ချက်သွားကြည့်ပြီး ပြန်လာခဲ့မယ်..."

"ငါ့အထင်တော့ အန်တီ၀မ်က မင်းကို စောနက ကိစ္စ စကားပြောမလို့နဲ့တူတယ်..."

"အင်း.. ဖြစ်နိုင်တယ်..."

ကျောက်မို သက်ပြင်းချလိုက်ပြီး ဥက္ကဌရုံးခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။

ရုံးခန်းမှာ ကြီးမားကျယ်၀န်းပီုး ရိုးရှင်းသည့် ဒီဇိုင်းနှင့် ခမ်းနားလှသည်။

ငွေရောင် စားပွဲခုံရှေ့တွင် လုံးတင်ရင်တို့နှင့် ပြီးပြည့်စုံသည့် အမျိုးသမီးတစ်ဦး ထိုင်နေလေသည်။

သူမမှာ ရွှေရောင် မျက်မှန်တစ်လက်ကို တပ်ဆင်ထားပြီး ကွန်ပျူတာကိုသာ အလေးအနက် စိုက်ကြည့်နေကာ ကျောက်မို ၀င်လာသည်ကို လှည့်ပင် မကြည့်ချေ။

ထိုအမျိုးသမီး၏ နာမည်ကတော့ ၀မ်တုန်းချင် ဖြစ်ပြီး ဟွာယင်းအုပ်စု၏ ဥက္ကဌလည်းဖြစ်သည်။ ထို့ပြင် ကျောက်မို၏ မိခင်ဆိုလျှင်လည်း မမှားချေ။

"နင် ဒီတစ်ကြိမ်တော့ တော်တော်လွန်သွားပြီ... နင့်ဦးနှောက်က ဘာတွေ တွေးနေတာ..."

သူမ၏ သားနှင့် စကားပြောနေသည်ကိုတောင်မှ ၀မ်တုန်းချင်မှာ အေးစက်စမြဲပင်။

သို့သော်လည်း ယင်းက သူမ၏ သားကို ဂရုမစိုက်ဟု မဆိုလိုပဲ သူမ၏ တမူထူးခြားသည့် ဗီဇစရိုက် ဖြစ်လေသည်။

"ကျွန်တော် ရှုံးသွားတာက Muddy waters ကြောင့်ပဲ.. အဲ့ကောင်တွေသာ မလှည့်စားခဲ့ဘူးဆိုရင် ကျွန်တော် လုံး၀ ရှုံးမှာ မဟုတ်ဘူး..."

"အဓိပ္ပာယ်မရှိတာ... နင်က အတော်လေး ရိုးအလွန်းတာပဲ..."

"အမေ... သူက ကျွန်တော့်ထက်သာတယ်လို့ အမေထင်နေတာလား..."

"နင်တို့ လေးယောက်က ရှယ်ယာတွေ တစ်ရာဘီလီယမ်ကျော်သုံးပြီးတော့မှ အဆုံးသတ်ကျ တစ်ဖက်သူကို ဘာမှလည်း ဆုံးရှုံးအောင် မလုပ်နိုင်လိုက်ဘူး.. အဲ့ဒီအစား နင်တို့ဘက်ကပဲ အတင်း အိတ်စိုက်လိုက်ရတယ်...ဒါတောင် နင်က သူ့ထက် ဘယ်နေရာ သွားပြီး သာချင်နေသေးတာ... "

"ကျွန်တော် ပြောပြီးပြီလေ... အဲ့ဒီ Muddy waters က ကျွန်တော့်ကို သစ္စာဖောက်သွားလို့... မဟုတ်ရင် လင်းရီဆိုတဲ့ကောင်က ခုချိန် အဆုံးသတ်နေပြီ...."

"ငါ့သားဖြစ်တဲ့သူက ကိစ္စတွေကို အဲ့လို အပေါ်ယံလောက်ပဲ ကြည့်တတ်တာလား..."၀မ်တုန်းချင် အေးစက်စက် ဆိုလိုက်ပြီး "လင်းရီက Muddy Watersကို နင့်ဆီကနေ သစ္စာဖောက်သွားအောင် ဘာလို့ လုပ်နိုင်သွားလဲဆိုတဲ့ အကြောင်းပြချက်ကို နင်စဉ်းစားဖူးလား.."

ကျောက်မို တိတ်ဆိတ်သွားခဲ့၏။ ယင်းက မေးသင့်သည့် မေးခွန်းပင်။

Muddy waters ဘက်က သူတို့ရဲ့ ဂုဏ်သိက္ခာကိုတောင် အထိခိုက်ခံပြီး ဒီလိုလုပ်ရတဲ့ နောက်ကွယ်က အကြောင်းပြချက်က ဘာလဲ...

သူတို့က သူတို့သေတွင်းကို ကိုယ်တိုင်း တူးနေကြတာလား...

၀မ်တုန်းချင် ယခုအချိန်ထိ ကျောက်မိုကို တစ်ချက် မကြည့်သေးပေ။

"တကယ်လို့ နင်သာ သူ့နေရာမှာဆိုရင် Muddy waters ကို အဲ့လိုမျိုး စေခိုင်းနိုင်တဲ့ စွမ်းရည်ရှိပါ့မလား…”

All Chapters