ချစ်ဖို့ကောင်းတာက ဆက်ဆီဆန်တာနဲ့ယှဉ်ရင် အလကားပဲ
Vol. 39 Ch. 577
"မင်း ဟွာချင်းရေကန်ကို ပိတ်ချလိုက်တဲ့ ကိစ္စတောင် စကားမပြောရသေးဘူးနော်... ခု စည်ပင်ကို လွှတ်ပြီး ဖမ်းခိုင်းဦးမယ်ဆိုတော့ မင်းဘာတွေ လုပ်ဖို့ ကြံစည်နေတာ...."
"ဟွန့်.... ငါနဲ့ လာပြီး ကျိူးကြောင်းသင့်ဖို့ မစဉ်းစားနဲ့... နင် အဲ့လိုမျိုး ထူးဆန်းတဲ့ ဒီဇိုင်းတွေ ထပ်ထည့်တာနဲ့.. တစ်ခါတည်း ဖမ်းခိုင်းလိုက်မှာ...."လျန်ရူရွှယ် ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်လေသည်။
"အေးပါ အေးပါ... မင်းက မြို့တော်၀န်ဆိုတော့ သောက်ရမ်းအံ့ဩဖို့ကောင်းပါတယ်..."
ညသန်းခေါင်ယံအချိန်တွင် လင်းရီ နှင့် လျန်ရူရွှယ်တို့ အနီးတစ်ဝိုက်သို့ ပတ်မောင်းပြီး အိမ်သို့ ပြန်လာခဲ့ကြသည်။
"နင် ဆိုင်ဖွင့်ချင်တယ်လို့ ပြောတယ်နော်.. အဲ့တာက ဘယ်မှာဖွင့်မှာ... ပြီးတော့ ဘာတွေလဲရောင်းမှာ...."
"၈၉ ကျိန်းရန်လမ်းမှာလေ.. ဆိုင်သေးသေးလေးပါကွာ.. ငါက ပိုက်ဆံတွေ အများကြီး ရှာချင်တာ မဟုတ်ဘူး.. စားပွဲပေါ် ထမင်းရိုရုံလောက်ဆို လုံလောက်ပြီ....အဲ့ဆိုင်လေးမှာပဲ အေးအေးချမ်းချမ်းနဲ့ တစ်သက်လုံး နေသွားချင်တော့တယ်..."
"ဖူး... နင်ကတော့ ငါ့ကို အရူးလုပ်ဖို့ အင်တာနက်က ၀တ္ထုတွေနဲ့ လှည့်စားနေပြန်ပြီ..."
ထို့နောက် လျန်ရူရွှယ် လင်းရီကို လျစ်လျူရှုလိုက်ပြီး သူမ၏ ညအိပ်အ၀တ်အစားများကို ပြန်လဲကာ အနားယူရန်ဟန်ပြင်လိုက်သည်။
လင်းရီလည်း နောက်တစ်နေ့တွင် အလုပ်ရှိသောကြောင့် သူ၏ အိပ်ခန်းသို့ ပြန်ကာ အနားယူလိုက်လေသည်။
နောက်တစ်နေ့နံနက်တွင်တော့ နှစ်ယောက်သား မနေ့ညမှ ကျန်သည့် ထမင်းများကို ပြန်ကြော်ပြီး စားလိုက်ကြ၏။
ဟင်းအများအပြား ကျန်သေးသော်လည်း လျန်ရူရွှယ်မှာ တင်းတိမ်နိုင်ခြင်းမရှိ စတူးကို အရည်ပါမချန် အကုန် သောက်ပစ်လိုက်သည်။
"မင်း ပန်းကန်ပါ လျှာနဲ့လျက်လိမ့်မယ်လို့ ပြောသားပဲ.. ယုံမှမယုံတာ..."
"ဘယ်မှာ လုပ်လို့လဲ.. ငါ့ပန်းကန်ထဲကဟာတွေပဲ စားတာလေ... နင် မဟုတ်တမ်းလျားတွေ လျောက်မပြောစမ်းနဲ့..."လျန်ရူရွှယ် ပြောလိုက်ပြီး "ငါက ပြည်နယ်အဆင့် စားဖိုမှူးတွေ ချက်တဲ့ ဟင်းလျာတွေကိုတောင်မှ ပန်းကန်ပြောင်အောင် မလျက်ဖူးဘူးနော်.. နင်ချက်တဲ့ဟာဆို ဝေလာဝေးပေါ့..."
"ဘယ်သူသိနိုင်မှာ.. အဲ့ဒိအချိန်တုန်းက မင်းက အရမ်းငယ်ပြီးတော့ မမှတ်မိတော့တာလည်း ဖြစ်နိုင်တာပဲလေ... ဒါပေမယ့် ခု ကြီးလာပြီဆိုတော့ အဲ့လိုမျိုး လျက်ရင် စကေးတွေကလည်း ပိုကောင်းလာလောက်ပြီ..."
"သွားစမ်း နင့်ဦးနှောက်က တစ်ချိန်လုံး ညစ်ညမ်းတဲ့ အတွေးတွေချည်းပဲ.. ငါအလုပ်သွားပြီ.. နင်နဲ့ စကားမပြောတော့ဘူး..."
"လိုက်ပို့ပေးမယ်လေ..."
"ရှာရီလား သုံးဘီးလား..."
"သုံးဘီး...."
"အဲ့တာဆို တာ့တာ..."
အောက်ထပ်သို့ ရောက်သောအခါ လျန်ရူရွှယ် သူမကားဖြင့် အလုပ်သို့ မောင်းသွားလိုက်၏။ နေကာမျက်မှန် အမည်းကြီးတပ်ပြီး လင်းရီနှင့် ခပ်ဝေးဝေးနေကာ တမင် မသိချင်ယောင်ဆောင်နေလေသည်။
လင်းရီကတော့ ရယ်မောလျက် ကျိုးဟိုင်ထောင်ထံ ဖုန်းဆက်ပြီး သုံးဘီးကို ၈၉ ကျိန်းရန်လမ်းသို့ ပို့ထားပေးရန် စေခိုင်းလိုက်သည်။
ညွှန်ကြားချက်များ ပေးပြီးနောက် လင်းရီ လင်းယွမ်အုပ်စုသို့ ဦးတည်လိုက်လေသည်။
ကျောက်မိုမှ ရှုံးနိမ့်ကြောင်း ၀န်ခံလာပြီး ဖြစ်သောကြောင့် ယခုကိစ္စမှာ အဆုံး သတ်သို့ ရောက်နေနှင့်ပြီးဖြစ်၏။
နောက် ဘာဆက်ဖြစ်နေလဲဆိုတာကိုတော့ လင်းရီ ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့၏ တင်ပြမှုကို နားထောင်ရပေမည်။
"ဘော့စ်.. ရောက်လာပြီလား..."
လင်းရီ ဟော်ယွမ်ယွမ်၏ ရုံးခန်းထဲသို့ ရောက်လာခဲ့သောအခါ အပင်အမြောက်အများနှင့် ချစ်စဖွယ် ကလေးအရုပ်များကို တွေ့လိုက်ရ၏။လင်းရီ သူ နေရာများ မှားရောက်လာလေသလားဟုတောင် သံသယ၀င်မိသွားတော့၏။
"မင်းရုံးခန်းကို ဘာလို့ ဒီလိုကြီး လုပ်ထားတာ... ဒီရဲ့ ဒီဇိုင်းက ဩဇာကြီးမားတဲ့ အမျိူးသမီးတစ်ယောက်ရဲ့ သွင်ပြင်နဲ့ ဘယ်လိုမှကို မအပ်စပ်တာ..."
"ဒါက ကျွန်မရုံးခန်း... ကိုယ်ကြိုက်သလို ကိုယ်လုပ်မှာပဲ... လာပြီးတော့ ဝေဖန်မနေနဲ့.."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ပြီးတော့ Didi ရဲ့ ဘဏ္ဍာရေး အစီရင်ခံစာကိုလည်း ကျွန်မကိုင်တွယ်နေတာနော်.. စိတ်ရှုပ်လာရင် မှားယွင်းတာတွေ ဖြစ်ကုန်မယ်နော "
"မင်းသိလား... ငါတို့ရဲ့ ယွမ်ယွမ်က နည်းနည်းလေး ခက်ထန်တဲ့ပုံစံပေါက်တယ်ဆိုပေမယ့် အရမ်းချစ်စရာကောင်းတယ်.. ဒီရုံးခန်းရဲ့ ပုံစံက ယွမ်ယွမ်နဲ့ တအား လိုက်ဖက်တာ..."
ဟော်ယွမ်ယွမ် ၀င့်ကြွားစွာဖြင့် ခေါင်းတဆတ်တဆတ် ငြိမ့်လိုက်လေသည်။ သူမ လင်းရီ၏ အဖြေကို လုံး၀ ကျေနပ်ကြောင်း ပြသနေတော့၏။
ဒေါင် ဒေါက် ဒေါက်
ရုံးခန်းတံခါးခေါက်သံ ပေါ်လာခဲ့ပြီး ထျန်းရန် လက်ထဲတွင် အစီရင်ခံစာ တစ်ခုကို ကိုင်၍ ကြော့ရှင်းစွာဖြင့် ၀င်လာခဲ့လေသည်။
သူမမှာ အဖြူရောင် အမျိုးသမီး ဘလောက်စ်အင်္ကျီကို ၀တ်ဆင်ထားပြီး ဒူးလောက်ရှည်သော အနက်ရောင် စကတ်နှင့် အသားရောင် စတော်ကင်ကို ၀င်ဆင်ထား၏။
မည်သို့ပင် ကြည့်စေကာမူ မျက်စိပသာဒ ရှိလှပေသည်။
"အမ် ဘော့စ်လင်းလည်း ဒီရောက်နေတာလား..."ထန်းရန် အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။
"ဒီကို လာပြီး ကြည့်ကြည့်တာလေ..."လင်းရီ ပြောလိုက်ပြီး "ဒါနဲ့ လက်ထဲ ကိုင်ထားတာက ဘာကြီးတုန်း..."
"ဒီသုံးလပိုင်းအတွက် ဘဏ္ဍာရေး စာရင်းရှင်းတမ်းလေ.. ကျွန်မ ဒါရိုက်တာဟော် ကြည့်ရအောင်လို့ ယူလာခဲ့ပေးတာ..."
"Didi ရဲ့ ငွေကြေး စာရင်းရှင်းတမ်းလား..."
"အွန်း.. ဒီလိုကိစ္စမျိုးတွေကို ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ သပ်သပ်ရှိတယ်.. အဲ့မှာအပ်လိုက်ရင် အချိန်နဲ့ ခေါင်းစားတာတွေကို အများကြီးသက်သာ သွားစေတယ်လေ.. ခုတော့ ပြီးသွားပြီ.. ဘော့စ်တစ်ချက်လောက် ကြည့်ဦးမလား..."
လင်းရီ ပြန်မဖြေခဲ့ပေ။ ထိုအစား ဟော်ယွမ်ယွမ်ကို ကြည့်လိုက်ပြီး "မင်း ခုနတုန်းက ငွေကြေး ရှင်းတမ်းတွေကို တစ်ယောက်တည်း ကိုင်တွယ်နေတယ်လို့ ပြောလိုက်သလားလို့..."
"အာ... ဘော့စ်.. ဒါက ဒီလိုလေ.. အဲ့တာတွေ ဂရုစိုက်မနေနဲ့.. နောက်နှစ်ကျရင် ကျွန်မကိုယ်တိုင် ကိုင်တွယ်တော့မှာ... "
"ဘဏ္ဍာရေးတာ၀န်ခံ ဖြစ်ပြီးတော့ စာရင်းတွေကျ မကိုင်တွယ်ပဲနဲ့ ကိုယ့်ရုံးခန်းကျ စိတ်ကူးထဲအတိုင်း စိတ်ကြိုက် ပြင်ဆင်နေတယ်ပေါ့...."
"စိတ်ကြိုက်ဆိုတာက ဘာကြီးတုန်း.. ဘော့စ်ပဲ ခုနက ကျွန်မနဲ့ အရမ်းလိုက်ဖက်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား..."
"ငါ ပြောချင်တာက ပြဿနာ ရှိနေတယ်လို့ ပြောချင်နေတာ..."
"ဘာပြဿနာလဲ..."
"ချစ်ဖို့ကောင်းတာက ဆက်ဆီဆန်တာနဲ့ယှဉ်ရင် အလကားပဲ..."
ဟော်ယွမ်ယွမ် ထျန်းရန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမကိုယ်သူမ ပြန်ကြည့်လိုက်၏။
ထျန်းရန် "???? "
ငါ ဘာများမှားလို့လဲ...
"ကောင်းပြီ.."လင်းရီ အနှီယွမ်ယွမ်ကို လျစ်လျူရှုထားလိုက်ပြီး "ချီရှန်းကျောက်နဲ့ ချိန်ရွှမ်းကို အစည်းအဝေးခေါ်လိုက်..."
"နားလည်ပါပြီ ဥက္ကဌလင်း..."
မိနစ်အနည်းငယ်ကြာပြီးနောက် လူတိုင်း အစည်းအဝေးခန်းထဲသို့ ရောက်လာခဲ့ကြသည်။ လင်းရီ လူတိုင်းကို သိမ်းကျုံးကြည့်၍ "ကျောက်မိုဘက်က အခြေအနေဘယ်လိုလဲ..."
"မျှော်လင့်ထားတဲ့အတိုင်း ဘာလှုပ်ရှားမှုမျိုးမှတော့ ထပ်မတွေ့ရပါဘူးဘော့စ်.. ကြည့်ရသလောက်တော့ သူတို့ဘက်က စတော့နည်းဗျူဟာ ကစားပွဲမှာ အရှုံးပေးလိုက်ပါပြီ..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ဟော်ယွမ်ယွမ်ကို ကြည့်ကာ "ပိုက်ဆံ ဘယ်လောက် ပြန်ရလိုက်လဲဆိုတာ တွက်ကြည့်ပြီးသွားပြီလား..."
"ဘဏ်ထဲမှာ ကျန်သေးတာနဲ့ဆိုရင် ယွမ် ၈၀ ဘီလီယမ် ကျန်သေးတယ်..."
"အဲ့လောက် နည်းသလားဟ.."
"ဘာလို့လဲဆိုတော့ ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာလေ.. ကျန်တာတွေအားလုံးက စတော့ထဲမှာ မြုပ်နှံထားတာ.. ခုတော့ ထုတ်လို့ မရသေးဘူး.. မဟုတ်ရင် စတော့ တန်ဖိုးတွေက ပြိုကွဲသွားတော့မှာ..."
"အင်း.. လက်ရှိအခြေအနေအရဆိုရင်တော့ ကျောက်မိုနဲ့ ဟွာယင်းအုပ်စုဘက်ကလည်း ဒီကိစ္စကို အဆုံးသတ်လိုက်ပြီဆိုတာ သေချာသွားပြီ..."လင်းရီ ပြောလိုက်ပြီး "သူတို့ကို ထပ်ပြီး ဂရုစိုက်နေစရာ မလိုတော့ဘူး..."
"နားလည်ပါပြီ ဘော့စ်.."လူတိုင်း သံပြိုင် နာခံလိုက်ကြသည်။
"ခု ကုမ္ပဏီ ရာထူးကိစ္စတွေ အကြောင်း ပြောကြမယ်... "
"ချီရှန်းကျောက်၊ ချိန်ရွှမ်း ၊ ထျန်းရန် မင်းတို့အားလုံးက ကော်ပရေးရှင်းရဲ့ ဒုဥက္ကဌတွေအဖြစ် တစ်ဆင့်တိုးပြီး တာ၀န်ထမ်းဆောင်ရမယ်.."
"ချီကြီး.. မင်းက တော့ ပုံမှန်အတိုင်း လင်းယွမ်အုပ်စု စီးပွားရေးကိစ္စတွေရဲ့ တာ၀န်ခံ ဖြစ်နေတုန်းပဲ.. အစ်ကိုချိန်ကတော့ Didi စီးပွားရေးလုပ်ငန်းတွေကို တာ၀န်ယူရမယ်... ထျန်းရန် မင်းကတော့ ရင်းနှီးမြုပ်နှံမှု ကိစ္စတွေကို တာ၀န်ယူရမယ်... ဘာမေးစရာ ကျန်သေးလဲ..."
"အမ်.. ဘော့စ်.. ကျွန်မအတွက်ကျတော့ကော..."ဟော်ယွမ်ယွမ် လက်ထောင်၍ မေးမြန်းလိုက်၏။
"မင်းက မင်းရဲ့ CFO ပဲဆက်လုပ်လေ.."
"ဘာလို့တုန်း.. ကျွန်မကကျတော့ ဘာလို့ ဒုဥက္ကဌ မဖြစ်လာရတာလဲ..."
"ဘာလို့လဲဆိုတော့ လင်းယွမ်အုပ်စုကို အများပိုင်ကုမ္ပဏီအဖြစ် ကြေညာပြီးလို့ရှိရင် ဒုဥက္ကဌတွေက ရှယ်ယာတွေဆီက အမြတ်ဝေစုကို ခံစားခွင့် ရှိတယ်လေ.. ဒီလိုလုပ်လိုက်တော့ မင်းကို ဘောနပ်စ်နည်းနည်းပဲ ပေးလို့ရတာပေါ့..."
"မလုပ်ဘူး.. ကျွန်မကိုလည်း ဒုဥက္ကဌ ရာထူးမတိုးပေးရင် ဘော့စ်ကို အခွန်ရှောင်နေပါတယ်ဆိုပြီးတော့ တိုင်တောပစ်လိုက်မယ်..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ပြီးတော့ ဘဏ္ဍာရေးဌာနရဲ့ ခွင့်ပြုမိန့်တွေက ကျွန်မဆီမှာပဲ... တကယ်လို့ ကျွန်မကို ဒုဥက္ကဌ ရာထူး မတိုးပေးဘူးဆိုရင် တစ်ပြားတစ်ချပ်လေးတောင် ထုတ်ဖို့ မစဉ်းစားနဲ့..."
"သောက်ကျိုးနည်း မင်းက ငါ့ကို အတူဆွဲချနေတာပေါ့လေ..."
"အမှန်ပဲ.. လူတိုင်းက ညီတူမျှတူ ရှိသင့်တယ်..."
"အိုကေ အိုကေ.. မင်းဘယ်လောက်တောင် သနားဖို့ကောင်းနေလဲဆိုတာကို မြင်တော့ ဒုဥက္ကဌ ရာထူးတိုးပေးလိုက်ဖို့ ဒီသူဌေးက ဆုံးဖြတ်လိုက်ပြီ..."
ချိန်ရွှမ်းနှင့် ထျန်းရန်ကတော့ တစ်ယောက်ကို တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်ကြသည်။
အကယ်၍ သာမန်လူတစ်ယောက်ဆိုလျှင်တော့ ဥက္ကဌ၏ စကားကို ကြားသည်နှင့် ဒေါသထွက်ပြီး အလုပ်ထွက်လိုက်ပေမည်။ အဘယ်ကြောင့် ငြင်းခုံ၍ အလုပ်ရှုပ်ခံနေဦးမည်နည်း။
သို့သော်လည်း ဟော်ယွမ်ယွမ်မှာတော့ မတူညီစွာ ရှေးယခင်ကတည်းကပင် လင်းရီ၏ လက်အောက်ငယ်သားဖြစ်ပြီး နှစ်ယောက်၏ ဆက်ဆံရေးမှာလည်း အခြားသူတို့ နှိုင်းယှဉ်၍ရသည့် အရာမဟုတ်ပေ။ထို့ကြောင့်သာ ယခုလို ပြန်ရန်တွေ့ဝံ့ခြင်းဖြစ်၏။
တစ်ခြားတစ်ဖက်တွင်တော့ သူတို့ လေးယောက်လုံးမှာ ဒုဥက္ကဌအဖြစ် ရာထူးတိူးသွားသော်လည်း ချီရှန်းကျောက်ကတော့ အမြင့်ဆုံးအာဏာကို ကိုင်ဆောင်ထားသူ ဖြစ်နေဆဲပင်။
"အဲ့ဒါတွေပြီးတော့ ငါအားလုံးကို အရေးကြီးကိစ္စ ပြောစရာ ကျန်နေသေးတယ်..."လင်းရီ ပြောလိုက်ပြီး "ဒီအချိန်အတွင်းမှာ လုံရှင်းနဲ့ Sci-tech ကုမ္ပဏီနှစ်ခုကို ပူးပေါင်းရမယ်... ပြီးတာနဲ့ လုံရှင်း ဈေးကွက်ထဲ၀င်ရောက်ဖို့ အစီအစဉ်ကို အမြန်နှုန်းမြင့်ဖို့ ပြင်ထားလိုက်တော့... ထျန်းရန် .. မင်းက အဲ့ကိစ္စတွေကို ကိုင်တွယ်ရမယ်... လုံရှင်း အများပိုင်ကုမ္ပဏီလို့ ကြေညာပြီးတာနဲ့ နည်းပညာနယ်ပယ်ထဲက ကုမ္ပဏီအများစုမှာ ရင်းနှီးမြုပ်နှံထားလိုက်... ချစ်ပ်တွေက ငါတို့တစ်ယောက်တည်း ကိုင်တွယ်လို့ မရဘူး...."
"နားလည်ပါပြီ ဥက္ကဌလင်း..."
ထျန်းရန် ပြောလိုက်သည်။
"ဥက္ကဌလင်း.. လုံရှင်းနဲ့ Sci-tech ကို ပေါင်းစည်းပြီးသွားရင် ကျွန်မက တာ၀န်ခံအဖြစ် ဆက်ရှိနေဦးမှာလား..."၀မ်ရန် မေးလာခဲ့၏။
"အချိန်ကျလာရင် ငါမင်းအတွက် စီစဉ်ပေးမယ်... ခု အစောပိုင်း ပရောဂျက်တွေမှာတော့ မင်းက တာ၀န်ခံပဲ.."
"နားလည်ပါပြီ..."
လုံရှင်းကို အများပိုင်ကုမ္ပဏီအဖြစ် ကြေညာပြီးနောက် လင်းရီ အဆိုပါ ကုမ္ပဏီ၏ ကိစ္စရပ်များကို တာ၀န်ယူခွင့် ပြုထားလိုက်သည်။ ကျန်သူများနှင့် ယှဉ်လိုက်ပါက လင်းရီ ၀မ်ရန်ကို လုံး၀ ဥဿုံ ယုံကြည်လေသည်။
သူမ၏ အစွမ်းအစမှာ အနည်းငယ် လိုအပ်နေသေးသော်လည်း အချိန်ယူ၍ ထက်မြိအောင် သွေးယူ၍ ရသည်။ အနာဂတ်တွင် သူမက လင်းရီ အလုံးစုံ စိတ်ချထားနိုင်သည့် အနေအထားသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ပေမည်။
"ကောင်းပြီလေ.. နောက်ထပ် ဘာမှ ပြောစရာ မရှိတော့ဘူးဆိုရင် အစည်းအဝေးက ဒီမှာတင်ပြီးပြီ..."
"ဘော့စ်.. ကျွန်တော် တစ်ခုလောက် တင်ပြချင်လို့... အဲ့ကိစ္စ ကျွန်တော်တစ်နေ့လုံး စဉ်းစားနေတာ ကြာပြီ.. စိတ်ထဲမှာတော့ တစ်ခုခု မူမမှန်သလိုပဲ .. ဒါကြောင့်မို့ ဘော့စ်ရဲ့ သဘောထားကို မေးကြည့်ချင်လို့...."ချီရှန်းကျောက် ပြောလိုက်လေသည်။