← Chapters

မစ်ရှင် အသစ်

Vol. 39 Ch. 578

မစ်ရှင် အသစ်

Vol. 39 Ch. 578

“ ဘာကိစ်စလဲ….”

“ ခနလေးပါ ဘော့စ်.. ကျွန်တော် သွားယူလိုက်ဦးမယ်…”

ချီရှန်းကျောက် သူ၏ရုံးခန်းထဲသို့ ပြန်၍ လက်တော့ကို သယ်ဆောင်လာခဲ့ကာ အစည်းအဝေးခန်းထဲရှိ ပရိုဂျက်တာနှင့် တိုက်ရိုက် ချိတ်ဆက်လိုက်သည်။

“ မနေ့တုန်းက ငွေကြေးဝက်ဆိုဒ်တစ်ခုမှာ ကျွန်တော်တို့နဲ့ ဟွာယင်းအုပ်စုရဲ့ စတော့နည်းဗျူဟာတိုက်ပွဲအကြောင်း ရှင်းပြထားတဲ့ ဆောင်းပါးတစ်ပုဒ်တက်လာခဲ့တယ်… ဒါပေမယ့် အဲ့လိုတက်လာခဲ့ပြီး မကြာခင်မှာပဲ ဝက်ဆိုဒ်ပေါ်ကနေ ပြန်ဖြုတ်ချခံလိုက်ရတယ်… ခုဟာက ကျွန်တော် ဖမ်းယူထားခဲ့တဲ့ ဓာတ်ပုံပဲ…”

“ ဘာရေးထားလဲဆိုတာ အရင်ဆုံး ဖတ်ကြည့်ကြတာပေါ့..” လင်းရီ လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။

လင်းရီမေးစေ့ပွတ်၍ ဆောင်းပါးအား ဂရုတစိုက်ဖတ်ရှုလိုက်လေသည်။

ချီရှန်းကျောင် ပြောသကဲ့သို့ သူမူမမှန်သည့် အနံ့များကို ရရှိနေပြီး သုံးနှုန်းထားသည့် စာသားများက လင်းယွမ်နှင့် ဟွာယင်းအုပ်စုကြားရှိ စတော့နည်းဗျူဟာတိုက်ပွဲအကြောင်းကို တိတိကျကျ မီးမောင်းထိုးပြထားသည်။

ဆောင်းပါး၏ ရည်ရွယ်ချက်ကတော့ တိုက်ပွဲလှုံ့ဆော်ပေးရန်မှတစ်ပါး အခြားမဟုတ်ပေ။ တစ်ဖက်သူက လတ်တလော ဖြစ်ပွားသွားခဲ့သည့် DIDI ၏ စတော့နည်းဗျူဟာတိုက်ပွဲကို အကြောင်းပြု၍ တစ်ဖက်ရှိ ဟွာယင်းအုပ်စု၏ စတော့တန်ဖိုးများကို လျော့ကျအောင် ပြုလုပ်ချင်နေသည်။ ထိုသို့ဖြင့် နှစ်ဖက်ကြားရှိ တိုက်ပွဲမှာ တစ်စထက်တစ်စ ပြင်းထန်လာပြီး အသေအကြေ တိုက်ခိုက်ရသည့် ပြိုင်ပွဲအဖြစ်သို့ ဦးတည်သွားပေတော့မည်။ ထိုသို့ ဖြစ်လာပြီဆိုပါက ဟွာယင်းအုပ်စုကဲ့သို့ ဧရာမကုမ္ပဏီကြီး၏ ဖိအားအောက်တွင် လင်းယွမ်အုပ်စုမှာ ကောင်းကောင်းကြီး ဒုက္ခရောက်သွားနိုင်လေသည်။

ယင်းရွေ့ကွက်က အတော်လေးဉာဏ်များလှ၏။ ရှန်းရှူးရီ၏ စိုးရိမ်နေမှုများက အခြေအမြစ်ကင်းမဲ့နေခြင်း မဟုတ်ကြောင်း ယခုဆောင်းပါးက သက်သေပြသွားခဲ့သည်။

“ ဒီဆောင်းပါးကို ဘယ်သူတင်ခဲ့တာလဲ…”

ချီရှန်းကျောက် သူ၏ ခေါင်းကို ခါရမ်းလိုက်ပြီး “ ဒီရဲ့ ဆောင်းပါးက အဲ့လောက်မြန်မြန်ကြီး ဖျက်ချခံလိုက်ရလိမ့်မယ်လို့ ကျွန်တော်လည်း ထင်မထားဘူး.. သေချာ စစ်ဆေးကြည့်မယ်ဆိုပြီး နောက်တစ်ကြိမ် ပြန်သွားကြည့်တော့ ရှာမရတော့ဘူး…”

“ ငွေကြေးဝက်ဆိုဒ်က နိုင်ငံထဲမှာ ထိပ်တန်းဝက်ဆိုဒ်တွေထဲက တစ်ခုပဲ… လွတ်လပ်စွာ ပြောပိုင်ခွင့်ဆိုတဲ့ မူဝါဒကြောင့်လည်း ထင်ရှားတယ်.. ခု အဲ့လိုမျိုး ဖြုတ်ချခံလိုက်ရတယ်ဆိုတော့ နောက်ကွယ်က ဒိတ်ဒိတ်ကျဲတစ်ယောက် လှုပ်ရှားလိုက်တယ်ဆိုတာ သိသာတယ်…” ဟော်ယွမ်ယွမ်မှ ပြောလိုက်သည်။

“ ယွမ်ယွမ်ပြောတာကို ထောက်ခံတယ်… ဒီရဲ့ဆောင်းပါးက သာမန် စီးပွားရေးလေ့လာ သုံးသပ်သူတွေ တင်လိုက်တာတော့ မဖြစ်နိုင်ဘူး.. ဘာလို့လဲဆိုတော့ သူတို့တွေက စတော့နည်းဗျူဟာတိုက်ပွဲကို ထဲထဲဝင်ဝင် နားလည်နေတာမဟုတ်ဘူးလေ..”

“ အဲ့တာကတော့ သေချာတယ်… လုံရှင်းက intel နဲ့ ရင်ဘောင်တန်းနိုင်တဲ့ ချစ်ပ် 2.0 နည်းပညာ ကို တီထွင်ထားတာဆိုတော့ မရေမတွက်နိုင်တဲ့ လူတွေက လုံရှင်းကို အာရုံစိုက်နေကြတာ.. တစ်ယောက်ယောက်က ငါတို့ကို ဒုက္ခပေးဖို့ ကြံလာတယ် ဆိုတာကတော့ မဆန်းပါဘူး…” လင်းရီ ပြောလိုက်သည်။

“ ဒါဆို Intel ကများလား…” ထျန်းရန် မေးမြန်းလိုက်၏။

“ ဖြစ်နိုင်ပါတယ်…. ဒါပေမယ့် မဖြစ်နိုင်ဖို့က များတယ်…” လင်းရီ ပြောလိုက်ပြီး “ Intel လို ယူနီကွန်းကြီးနဲ့ယှဉ်ရင် လုံရှင်းက ကလေးသာသာပဲ ရှိတာ… ပြီးတော့ ချစ်ပ် 1.0နဲ့ 2.0 ကြား အခြေခံကွာခြားချက်ကလည်း ရှိသေးတယ်.. လက်ရှိ ငါတို့ ပြည်တွင်းက အခြေအနေတွေအရဆိုရင် ချစ်ပ် 2.0 နည်းပညာနဲ့ ကိုက်ညီတဲ့ ချစ်ပ်ကို မထုတ်လုပ်နိုင်သေးဘူး… ဒါကြောင့်မို့ Intel ဘက်က ငါတို့ကို ခေါင်းထဲထည့်သေးဦးမှာ မဟုတ်ဘူး… ဒီဆောင်းပါးရဲ့ နောက်ကွယ်မှာရှိတဲ့ လူက ပြည်တွင်း ကုမ္ပဏီတစ်ခု ဖြစ်ဖို့များတယ်.. ဒါပေမယ့် သေတော့ မသေချာသေးဘူး… မင်းတို့ကောင်တွေက ဒီကိစ္စကို ဂရုတစိုက်နဲ့ စောင့်ကြည့်ထားကြ… တကယ်လို့ Cisco လဲပြိုသွားတာနဲ့ နောက်ထပ် ကုမ္ပဏီတစ်ခုက သူ့နေရာမှာ အစားထိုးဝင်လာမှာပဲ… semiconductor နယ်ပယ်ရဲ့ ပြိုင်ဆိုင်မှုတွေက တစထက်တစ ပိုပိုပြီးတော့ ပြင်းထန်လာပြီ….”

“ နားလည်ပါပြီ ဥက္ကဌလင်း… ကျွန်မတို့ ဂရုစိုက်ထားလိုက်ပါမယ်…”

“ ကောင်းပြီ… ဒီနေ့ အစည်းအဝေးကတော့ ဒီလောက်ပဲ….. ငါအရင်သွားနှင့်တော့မယ်… အကြောင်းရှိရင် ယွမ်ယွမ်ကနေတစ်ဆင့် ငါ့ဆီဆက်သွယ်လိုက်…”

ထိုသို့ ပြောပြီးနောက် လင်းရီ သူ၏ ကားထံသို့ ထွက်လာခဲ့လိုက်လေသည်။

ကားထဲတွင်တော့ လင်းရီ မေးစေ့ပွတ်လိုက်ပြီး အဆိုပါဆောင်းပါးနောက်ကွယ်တွင် ရှိနေသူက ဘယ်သူလဲဆိုတာ အလွန်အမင်း စိတ်ဝင်စားနေမိတော့၏။

ခု လက်ရှိ လုံရှင်းစင်တာက ထူးကဲသာလွန်တဲ့အောင်မြင်မှုတွေကို သိမ်းပိုက်ဖို့ဆိုတာ အလှမ်းဝေးနေသေးတယ်… ဒါဆို ဘယ်သူက ရှေ့ရေးကို ကြိုတွေးပြီးတော့ ခုလို မြန်မြန်ဆန်ဆန်နဲ့ လှုပ်ရှားလာခဲ့တာလဲ….

ကလင် ကလင် ကလင် ….

လင်းရီ အတွေးနက်နေစဉ် သူ့အိတ်ကပ်ထဲရှိ ဖုန်းသံမြည်လာခဲ့သည်။ ယင်းက မေမေဝမ်ထံမှပင်။

“ ဟဲလို အမေ.. “

“ သား… ရီလေး .. အလုပ်များနေတာလား… ခု ဆေးရုံမှာပဲလား…”

“ သားခု ဆေးရုံကနေ အလုပ် ထွက်လိုက်ပြီ… ပြီးတော့ တခြားအလုပ်ပြောင်းလုပ်နေတာ…”

“ ဒီကောင်လေးကတော့… ဘာလို့ အလုပ်ပြောင်းလိုက်တာ….. အမေ့သားက မပျော်လို့လား… ဒါမှမဟုတ် ငါ့သားကို ခက်ခဲအောင် လုပ်နေတဲ့သူတွေ ရှိလို့လား…”

“ ဘယ်သူက ကျွန်တော့်ကို အခက်တွေ့အောင် လုပ်နိုင်မှာလဲ အမေရာ…” လင်းရီ ပြုံးလိုက်ပြီး “ သိပ်မကြာခင်တုန်းက ကျွန်တော်နဲ့ ဒါရိုက်တာလီအကြောင်း ကောလဟာဟတွေ ပျံ့သွားသေးတယ်မလား… တစ်ဖက်က သူတို့ တမင်လုပ်ကြောင်း ဝန်ခံသွားပြီးပြီဆိုပေမယ့် ပိုပြီးတော့ သံသယကင်းအောင် ရှောင်သင့်တယ်လို့ ထင်တာပဲ… ဒါကြောင့်မို့ နှုတ်ထွက်လိုက်တာ….”

“ ဒါဆို ခု ဘာအလုပ်လဲ လုပ်နေတာ…”

“ ကိုယ်ပိုင်ဆိုင် အသေးစားလေး ဖွင့်ဖို့ စီစဉ်နေတာလေ… ကိုယ်ပိုင်အလုပ်ဆိုတော့ ပိုပြီးသက်တောင့်သက်သာရှိတယ်…”

“ အင်းပါ.. အဲ့တာလည်း ကောင်းတာပဲ… ဘာပဲဆိုဆို အမေ့သားမှာ ပိုက်ဆံရှားနေတာမှမဟုတ်တာ… ကိုယ်လုပ်ချင်တာသာလုပ်…. ငယ်ရွယ်မှုဆိုတာက နှစ်ခါပြန်မရနိုင်ဘူး… အရမ်းကြီးတာ မပင်ပန်းစေနဲ့…”

“ သိပါတယ်ဗျ…. ဒါနဲ့ အမေက ဘာကိစ္စရှိလို့ ဖုန်းခေါ်လိုက်တာ…”

“ ဘာမှမဟုတ်ပါဘူး.. ငါ့သား ဘာတွေလုပ်နေလဲလို့ ဖုန်းဆက်ကြည့်တာ… ဒါနဲ့ ချွေးမလေးနဲ့ကော စကားပြောဖြစ်သေးလား…”

“ ကျွန်တော်လည်း ခုရက်ပိုင်း အလုပ်တွေ အရမ်းများနေတော့ သူ့ကို ဂရုမစိုက်နိုင်သေးဘူး.. ထူးဆန်းတယ်… ချင်းရန် ဘက်ကလည်း မက်ဆေ့ချ်လေးတစ်စောင်တောင် ပို့မလာဘူးကော…. သူမလည်း အလုပ်များနေလား မသိဘူး…”

အစမှအဆုံးထိတိုင်အောင် ကျီချင်းရန်မှ သူ့အပေါ် စိတ်မဆိုးတော့သည့် အသွင်မျိုးပေါက်အောင် စကားကို ဖန်တီးထားလေသည်။ အကြောင်းပြချက်ကတော့ ရိုးရှင်း၏။ ချင်းရန်မှာ မာနကြီးပြီး သိမ်မွေ့သည့် အမျိုးသမီးဖြစ်သောကြောင့် သူမဘက်မှ စတင်၍ ဆက်သွယ်လာလိမ့်မည် မဟုတ်ချေ။ ထို့ပြင် မေမေဝမ် ဖုန်းဆက်လာခဲ့သည့် ရည်ရွယ်ချက်ကလည်း ကျီချင်းရန်၏ အခြေအနေကို စုံစမ်းချင်၍ ဖြစ်၏။

လင်းရီ ယခုလို ထင်ယောင်ထင်မှား ပြောကြားလိုက်သည့်အတွက် နှစ်ယောက်ကြား၌ ကတောက်ကဆများ မရှိတော့သည့်အသွင်သို့ သက်ရောက်သွားလေသည်။

“ ဒါနဲ့ သားဆိုင်ဖွင့်ထားတယ်ဆိုတာကကော ဘယ်နေရာမှာလဲ.. ဘာတွေလဲ ရောင်းမှာ…”

“ ၈၉ ကျိန်းရန်လမ်းမှာလေ…စားသောက်ဆိုင် ဆိုင်သေးသေးလေးပါဗျာ….”

“ အင်း အင်း...ပြီးတာပဲလေ… ကျန်းမာရေးလဲ ဂရုစိုက်ဦး…. အလုပ်မပင်ပန်းစေနဲ့….”

“ ဟုတ်ကဲ့ပါ… အဲ့ဒီအတွက်တော့ အမေဘာမှ စိတ်ပူစရာ မလိုပါဘူး…”

“ အင်း… ခု အမေ ဖုန်းချလိုက်တော့မယ်နော်…”

ဖုန်းချပြီးနောက် လင်းရီ ကျိန်းရန်လမ်းသို့ ထွက်လာခဲ့လိုက်သည်။ သူဘွဲ့ယူပြီးသည့် အချိန်မှစ၍ ယခုနေရာသို့ မလာဖြစ်သည်တောင်မှ အတော်လေး ကြာနေလေပြီ။

သို့သော်လည်း ကျိန်းရန်လမ်းမှတော့ နဂိုအတိုင်း လူသူ ရှုပ်ယှက်ခက်စွာဖြင့် စည်ကားသိုက်မြိုက်နေဆဲဖြစ်၏။ တစ်သုတ်ပြီးတစ်သုတ် ဘွဲ့ယူပြီး ထွက်ခွာသွားခဲ့သည့် ကျောင်းသားများကြောင့် တိတ်ဆိတ်မသွားပဲ ပို၍ပင် အသက်ဝင် လှုပ်ရှားနေလေသည်။

အရေအတွက် တစ်သောင်းကျော်သော ကျောင်းသားဦးရေကြီးက တစ်ကီလိုမီတာ ကျယ်ဝန်းသည့် ဈေးကွက်ကို ပံ့ပို့းထားသည်။

အစားအသောက်များ၏ အရသာမှာ မဆိုးရွားသရွေ့ ယခုနေရာတွင် စားသောက်ဆိုင်များဖွင်လှစ်ပြီး ကျိုးဟိုင်တွင် နေထိုင်စားသောက်စရိတ်များကို ကာမိနိုင်သည်။

လင်းရီ ဂရံပါ လိပ်စာအတိုင်း မောင်းလာခဲ့လိုက်၏။

စနစ်မှ ပေးထားသည့် စားသောက်ဆိုင်ကို လင်းရီတစ်ခဏအတွင်းရှာတွေ့သွားခဲ့လေသည်။ ပန်းနုရောင် သုံးဘီးမှာ စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်ရှေ့တွင် ရပ်ထားပြီး လမ်းသွားလမ်းလာလူအများ၏ အမြင်ကို ဖမ်းစားထား၏။

“ စနစ်… မင်းက တော်တော်ကပ်စေးနဲတဲ့ ကောင်ပါလားကွ.. ငါ့ကို ဆိုင်ပေးတာတော့ ဟုတ်ပါပြီ… ဆိုင်ကဗ္ဗည်းပြား(ဆိုင်းဘုတ်)လေးတောင် ထည့်မပေးထားဘူး…”

လင်းရီ ပြောလိုက်ပြီး “ ငါက လူသားဆိုရင်တောင်မှ မင်းက အဲ့လောက် ခွေးဆန်နေလို့ မရဘူးလေ…”

[ဆိုင်ကဗ္ဗည်းပြားကို ထပ်ထည့်လို့ရပါတယ်.. စနစ်ရှင်က တိကျတဲ့ တောင်းဆိုမှုတွေကို ပြုလုပ်လို့လည်းရပါတယ်]

“ မင်းဘက်က ပြောလာပြီဆိုမှတော့ ငါ့ဘက်ကလည်း တောင်းဆိုစရာတစ်ခုရှိတယ်….”လင်းရီ ပြောလိုက်ပြီး “ ငါတို့ကောင်တွေ လုံးဝကို အမိုက်စား နာမည်တစ်ခုလိုမယ်… ကတ်စတန်မာတွေက ငါတို့ရဲ့ ဆိုင်ရဲ့ ကဗ္ဗည်းပြားကို မြင်လိုက်တာနဲ့ သေအောင်စားကောင်းမယ်ဆိုပြီး အလိုလို ခံစားနိုင် နေရမယ်… အဲ့တာမှ သူတို့ မနေနိုင်ပဲ ငါ့ဆိုင်ထဲ လာစားကြမှာပေါ့… ငါတောင်းဆိုတာက လွန်တော့ မလွန်ဘူးမလား…”

[အရမ်းကြီးတော့ မလွန်ပါဘူး…]

“ အိုကေ .. ဒီလိုဆို ကဗ္ဗည်းပြားကိစ္စ မင်းနဲ့ပဲ လွှဲထားခဲ့လိုက်တော့မယ်…”

ဆိုင် ကဗ္ဗည်းပြား ပြုလုပ်သည့် ဖြစ်စဉ်မှာ အင်မတန် ကရိကထများပြီး အချိန်ပေးရလေသည်။ သာမန်စံနှုန်းများအတိုင်းဆိုပါက အနည်းဆုံး သုံးရက်မှ ငါးရက်အထိ ကြာမြင့်လေ့ရှိ၏။ထို့ကြောင့် စနစ်နှင့် ထားခဲ့ပါက သူ၏ အချိန်ကို အများအပြားသက်သာစေပြီး ဆိုင်ကို တတ်နိုင်သမျှ စောလျှင်စွာ ဖွင့်လှစ်နိုင်ပေမည်။

ဆိုင် ကဗ္ဗည်းပြား ကိစ္စ ဖြေရှင်းပြီးနောက် လင်းရီ တံခါးသော့ကို ဖွင့်၍ အထဲသို့ ၀င်ရောက် လေ့လာကြည့်လိုက်၏။

ဆိုင်မှာ မကြီးမားပေ။ တစ်ရာစတုရန်းမီတာမျှသာ ကျယ်၀န်းပြီး အထဲတွင် စားပွဲ အသေးစား ခြောက်ခု ရှိနေလေသည်။ သို့သော်လည်း အရည်အသွေးမှာ ညံ့ဖျင်းလှပြီး အပေါစားဆန်သည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။

အခြားသော အပြင်အဆင်များကတော့ မဆိုးလှသောကြောင့် သူ့ဘက်က ဘာမျှ ထပ်ပြုပြင်နေရန် မလိုအပ်ပေ။

သို့သော်လည်း နေရာတစ်ခုလုံးကို ခြုံကြည့်လိုက်မည်ဆိုလျှင်တော့ တော်တော်လေးကို အတန်းနိမ့်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။ ထို့ကြောင့် လင်းရီဘက်မှ အနည်းငယ်စိုက်ထုတ်၍ ပြန်လည် မွမ်းမံပြင်ဆင်မှုများကို ပြုလုပ်သင့်သည်ဟု ခံစားနေရ၏။ မဟုတ်ပါက စုတ်ချာသည့် ၀န်ဆောင်မှုဖြင့် ဟင်းပွဲများကို တန်ဖိုးမြင့်တင်ထားပါက သူ့ကို ဝိုင်းရိုက်သွားကြလိမ့်မည်။

လင်းရီ အပြင်သို့ ထွက်၍ ပတ်၀န်းကျင် အခြေအနေကို တစ်ချက်စူးစမ်းကြည့်လိုက်သောအခါ အပြင်တွင် စားသောက်ဆိုင်များမှာ လမ်းတစ်လျှောက် တန်းစီနေပြီး အနည်းဆုံး အခန်းပေါင်း ငါးဆယ်ကျော်လေသည်။

ကျိုးဟိုင်၏ နေထိုင်မှု စံနှုန်းအရ ယွမ် ၃၀ ဆိုလျှင် ထမင်းတစ်နပ် ၀ယ်စားရန် ကောင်းကောင်းကြီး လုံလောက်၏။

သူ၏ ဆိုင်တွင်တော့ ဥထမင်းကြော်တစ်ပွဲကို ၁၈၉ ယွမ်ဖြင့် တံဆိပ်ကပ်ထားလေသည်။ နေ့ခင်းကြောင်တောင် ဓားမြတိုက်နေလျှင်တောင် ထိုမျှရဲဝံ့‌လိမ့်မည် မဟုတ်ချေ။

လင်းရီလည်း မသက်သာစွာဖြင့် သူ၏ အမေပေးခဲ့သည့် မျက်နှာကို ရောင်းချ၍ စီးပွားရေးလုပ်ရမည့်ကိန်း စိုက်လာခဲ့တော့၏။

[ စနစ်မစ်ရှင် : ဆိုင်ကို ၂၄ နာရီအတွင်း မွမ်းမံပြင်ဆင်ပါ]

[ဆုလဒ် : အတွေ့အကြံမှတ် တစ်သိန်း ]

စနစ်၏ အသိပေးသံကို ကြားတော့ လင်းရီ သူ၏ အမူအရာကို တည်တံ့လိုက်သည်။

မည်သို့ပင်ဆိုစေ စနစ်မစ်ရှင် ပေါ်ပေါက်လာပြီသောကြောင့် သူ ပေါ့တန်တန် သဘောမသင့်တော့ချေ။အလေးအနက်ထား၍ ဆောင်ရွက်ရပေမည်။

"စနစ်.. ဒီဆိုင် ပြုပြင်တာက သူများနား အကူအညီတောင်းလို့ရလား.. ရတာက ၂၄ နာရီတည်း တစ်ယောက်တည်းဆိုရင် ဘာပြီးမှာ ... "

[စနစ်ရှင်က အကူအညီခေါ်လို့ရပါတယ်.. ဒါပေမယ့် စနစ်ရှင်က ကြီးကြပ်သူဖြစ်ပြီးတော့ ကျန်တဲ့သူတွေက ကူညီလျှင် ရပါတယ်..]

" ပြောချင်တာက ငါ အကူအညီတောင်းလို့ရတယ်.. ဒါပေမယ့် ပြုပြင်တဲ့ ကုမ္ပဏီကိုတော့ ၀န်ဆောင်မှု အပ်လိုက်လို့ မရဘူး.. အဲ့သဘော ဟုတ်တယ်ဟုတ်... "

[ အမှန်ပါပဲ ]

"အိုကေ.. ဒါဆိုလည်း အင်္ကျီလက်ပင့်ပြီး လုပ်ငန်းစကြတာပေါ့..."

စနစ်မှ သတ်မှတ်ထားသည့် အချိန်မှာ ၂၄ နာရီသာဖြစ်ပြီး အကယ်၍ စနစ်၏ မှတ်ကျောက်များနှင့် မကိုက်ညီပါက မစ်ရှင် မပြီးမြောက်ဟု သတ်မှတ်ခြင်း ခံရလိမ့်မည်။ ထို့ကြောင့် လင်းရီ ယခု ကိစ္စကို ကိုင်တွယ်ရာ၌ ပို၍ အလေးအနက်ထား ဆောင်ရွက်ရပေမည်။

လင်းရီ ဆိုင်ကို အ၀င်၀ကနေ ခြုံကြည့်လိုက်၏။ အနေအထားမှာ သိပ်မဆိုးရွားလှပဲ ပြုပြင်စရာလည်း များများစားစား မရှိချေ။ လက်ရှိပရိဘောဂများကို အရည်အသွေးကောင်းသည်များနှင့် အစားထိုးပြီး သေချာသန့်ရှင်းရေးလုပ်ကာ အလှဆင်လိုက်မည် ဆိုပါက ကျိန်းသေပေါက် ပြီးပြည့်စုံသွားပေမည်။ သို့သော်လည်း ၂၄ နာရီသာ ပေးထားသောကြောင့် စနစ်တကျ ပြင်ဆင်နေမည်ဆိုပါက အချိန်လောက်ငှလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သာမန်ရိုးရှင်းသည့် မွမ်းမံမှုများကိုသာ ပြုလုပ်နိုင်လေသည်။

တစ်နည်းအားဖြင့် ဆိုသော် သူ၏ စိတ်ကူးထဲကအတိုင်း ပြန်လည် ဖွဲ့စည်းနေဖို့ အချိန်မရှိပေ။

ပရိဘောဂလိုအပ်သည်များကို ၀ယ်ယူရန်နှင့် သန့်ရှင်းရေးအတွက်ကတော့ လင်းရီ ၀မ်ထျန်းလုံကို စေခိုင်းလိုက်မည်။ ထိုသို့ ဆုံးဖြတ်ချက်ချပြီးနောက် လင်းရီ ၀မ်ထျန်းလုံထံ ဖုန်းဆက်ကာ အကျိုးအကြောင်း ရှင်းပြလိုက်၏။

လင်းရီ လိုအပ်နေသည်ကို ချက်ချင်း သဘောပေါက်သွားသည့် ၀မ်ထျန်းလုံးမှာ သူ့လူများနှင့် အတူ ဆိုင်သို့ အလျင်အမြန်ရောက်ရှိလာခဲ့တော့သည်။

လင်းရီကတော့ ၀မ်ထျန်းလုံ၏ စွမ်းဆောင်မှုကို နှစ်ထောင်အားရ ဖြစ်နေတော့၏။

ဉာဏ်ကောင်းတဲ့ သူတွေနဲ့ အလုပ်လုပ်ရတာ တကယ်မပင်ပန်းဘူးပဲ...

သက်ဆိုင်ရာ တာ၀န်များကို ခွဲဝေပြီးနောက် လင်းရီ သူ၏ သုံးဘီးကို မောင်း၍ အနီးရှိ စူပါမားကတ်သို့ ဦးတည်ကာ သန့်ရှင်းရေးပြုလုပ်သည့် ပစ္စည်းကိရိယာများ စတင် ၀ယ်ယူလေသည်။

နာရီ၀က်ကြာပြီးနောက် လင်းရီ၏ ‌ဈေးတွန်းလှည်းမှာ ပြည့်လျှံသွားပြီး သုံးဘီးထံသို့ ဂရုတစိုက်နှင့် သယ်ဆောင်ကာ ဆိုင်သို့ ပြန်ရောက်လာခဲ့၏။

လင်းရီ တံခါးဖွင့်၍ ၀ယ်ယူလာသည်များကို အထဲသို့ သွင်းခါနီးတွင် အနောက်မှ တစ်စုံတစ်ယောက် လှမ်းခေါ်သံကို ကြားလိုက်ရ‌လေသည်။

"လင်းရီ ....”

All Chapters