← Chapters

စစ်ပွဲ(အပိုင်း၂)

Vol. 70 Ch. 969

စစ်ပွဲ(အပိုင်း၂)

Vol. 70 Ch. 969

"ငါ မင်းတို့နှစ်ယောက်ကို ဘာကူညီပေးရမလဲ" လီဖူချန်းက ထိုနှစ်‌ယောက်ကို ကြည့်လိုက်တယ်။

"သတ်"

ကျူးကွမ်းမင်က လီဖူချန်းနဲ့ စကားတွေအချိန်မဖြုန်းလိုပါဘူး။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပတဲ့မီးလျှံခုတ်ပိုင်းချက်တစ်ခုက လီဖူချန်းကို တိုက်ခိုက်လာတယ်။

အခြားကောင်းကင်ဘုံတွေသာဆိုရင် သူတို့က ဒီတောက်ပမီးလျှံခုတ်ပိုင်းချက်ကို မတုံ့ပြန်နိုင်ပါဘူး။ ဒီတောက်ပမီးလျှံခုတ်ပိုင်းချက်ရဲ့မြန်နှုန်းက အလင်းမြန်နှုန်းထက် အဆတစ်သောင်းပိုတယ်။

"အတော်လေးမြန်သားပဲ" လီဖူချန်းက မေးငေါ့ကာ ဓားချီအလွှာတစ်ခုကို ထုတ်ဖော်လိုက်တယ်။

အုန်.......

ဟင်းလင်းပြင်က ပျက်စီးပြီး အာကာသ-အချိန်က ယိုယွင်းသွားတယ်။ လီဖူချန်းပတ်လည်ရှိအရာအားလုံးက တောက်ပတဲ့အာကာသတွင်းနက်တစ်ခုထဲသို့ နစ်မြုပ်သွားတယ်။

"ကြာပန်းနက်ငရဲမီး....." ကြာပန်းနက်ကောင်းကင်ဘုံအရှင်က လက်နှစ်ဖက်နဲ့ ချိတ်ပိတ်တစ်ခုကို ဖြစ်စေလိုက်တယ်၊ ကြာပန်းနက်တစ်ပွင့်က အာကာသတွင်းနက်ကို ရစ်ပတ်သွားတယ်။ ပြီးနောက် အနက်ရောင်မီးလျှံတွေ ချက်ချင်း ဖြစ်ပေါ်လာတယ်။

"အဲလောက်ထိ ကြမ်းတမ်းစရာမလိုပါဘူး" အနက်ရောင်မီးလျှံတွေကို မြင်ပြီး ကျူးကွမ်းမင်က ခေါင်းခါယမ်းလိုက်တယ်။

"တကယ်ကို ဒီလောက်မကြမ်းတမ်းသင့်ဘူး" လီဖူချန်းက အနက်ရောင်မီးလျှံတွေမှ ထွက်လာတယ်။

"မဖြစ်နိုင်ဘူး" ကြာပန်းနက်ကောင်းကင်ဘုံအရှင်ရဲ့အသံက မယုံကြည်နိုင်ဟန်ဖြစ်နေတယ်။

သူ့ရဲ့အနက်ရောင်မီးလျှံတွေက အရာအားလုံးကို ပြာအဖြစ်နိုင်လောင်ကျွမ်းနိုင်တယ်။

အကျိုးသင့်‌အကြောင်းသင့်ပြောရရင် လီဖူချန်းက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ရင်တောင် သူ့အနေနဲ့ ထိခိုက်အနာတရမရှိဖို့က မဖြစ်နိုင်ဘူး။

"ကြည့်ရတာ ငါတို့ မင်းကို လျော့တွက်ခဲ့မိတာပဲ" သူက လီဖူချန်းကို လျော့တွက်ခဲ့မိမှန်း ကျူးကွမ်းမင်က ဝန်ခံလိုက်တယ်။ သူက သူ့စွမ်းအားကို အထွတ်အထိပ်သို့ တိတ်တဆိတ်စုစည်းလိုက်တယ်။

"မင်း ကျူးကလန်ကို မဆန့်ကျင်ခဲ့သင့်ဘူး" ကြာပန်းနက်ကောင်းကင်ဘုံအရှင်ရဲ့လက်က ကြာပန်းနက်တစ်ပွင့်နဲ့အတူ ထွက်ပေါ်လာတယ်။ အနက်ရောင်မီးလျှံနဲ့တူတဲ့စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲကို တိုးဝင်လာပြီး သူ့ရဲ့ချီတည်ရှိမှုကို တိုးမြင့်စေတယ်။

"ဒါဆိုလဲ တိုက်ကြတာပေါ့" လီဖူချန်းက ကောင်းကင်ဘုံဆက်ဓားကို ဆွဲထုတ်လိုက်တယ်။

"သတ်"

သုံးယောက်သား သွေးရူးသွေးတန်း တိုက်ခိုက်လာကြတော့တယ်။

ကြောက်စရာကောင်းတဲ့လှိုင်းတွေက ပျံ့နှံ့သွားတယ်၊ တိုက်ပွဲအနီးနားရှိ ကြယ်အသီးသီးက ကြေမွသွားတယ်။

"နေအလင်းထွန်းညှိခြင်း....." ကျူးကွမ်းမင်ရဲ့ခန္ဓာကိုယ်က တောက်ပမှုနဲ့ချစ်ချစ်တောက်ပူတဲ့အလင်းကို ထုတ်လွှတ်နေတယ်။ အဲဒါက အာကာသ-အချိန်ရဲ့အနက်ပိုင်းတွေအထိ ဖြာထွက်သွားပြီး လီဖူချန်းကို ဝန်းရံလာတယ်။

"ကြာပန်းနက်ကွယ်ပျောက်ခြင်း......."

ကြာပန်းနက်ကောင်းကင်ဘုံအရှင်က ကြာပန်းနက်တွေကို ထပ်ခါတလဲလဲ ထုတ်လွှတ်နေတယ်၊ သူတို့က ကမ္ဘာကို ဖျက်ဆီးဖို့ စွမ်းအားရှိတယ်။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း" လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ မရေမတွက်နိုင်တဲ့ဓားပုံရိပ်တွေက ပေါက်ကွဲထွက်လာပြီး မိုးကုတ်စက်ဝိုင်းတစ်ခုမရှိတဲ့ဓားပင်လယ်တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။

ဓားပင်လယ်က ကမ္ဘာတစ်ခုကို ဖြစ်စေတယ်၊ ဓားတာအိုဥပဒေသကို သုံးပြီး ယင်နဲ့ယန်၊ ဒြပ်စင်ငါးမျိုး၊ ခံစားချက်ခုနှစ်ခုနဲ့ လိုအင်ဆန္ဒခြောက်ခုကို ပေါ်လာစေတယ်။

"မကောင်းတော့ဘူး"

သူထုတ်လွှတ်လိုက်တဲ့ဖြာထွက်မှုက လီဖူချန်းကို မထိတွေ့နိုင်မှန်း ကျူးကွမ်းမင်က သိလိုက်တယ်။ အဲအစား အဲဒါကို ဓားပင်လယ်က အဆက်မပြတ် ဝါးမျိုသွားတယ်။ ဓားပင်လယ်က သူ့ကို ဝါးမျိုခါနီးမှာ ကျူးကွမ်းမင်က စွမ်းအင်တွေ ပေါက်ကွဲထွက်စေပြီး သူ့ခန္ဓာကိုယ်အပြင်ဘက်မှာ အလင်းစက်လုံးတစ်ခု ဖြစ်ပေါ်လာစေတယ်။

ကျူးကွမ်းမင်နဲ့ နှိုင်းယှဉ်ရင် ကြာပန်းနက်ကောင်းကင်ဘုံအရှင်က သိသိသာသာပိုအားနည်းတယ်။ ဒါပေမယ့် တားမြစ်ကြာပန်းနက်ရဲ့စွမ်းအင်ကို အသုံးပြုခြင်းဖြင့် သူက ဓားပင်လယ်ကို တားဆီးနိုင်ခဲ့တယ်။ သူ့ခြေထောက်အောက်မှာ ဧရာမကြာပန်းနက်တစ်ပွင့်က ဖြစ်ပေါ်လာတယ်။

"သူ့ရဲ့ဓားပညာက အလွန်အမင်း သန့်စင်တယ်၊ ပြီးတော့ သာမန်ဓားပညာတစ်ခု မဟုတ်ဘူး" ကျူးကွမ်းမင်က မျက်မှောင်ကြုတ်လိုက်တယ်။

"ငါတို့ တွက်ချက်တာ မှားသွားပြီ။ သူက အဆင့်၁ကောင်းကင်ဘုံအရှင်တွေကြားမှာ ‌သေချာပေါက် ကျွမ်းကျင်သူတစ်ယောက်ပဲ" ကြာပန်းနက်ကောင်းကင်ဘုံအရှင်က အသက်ရှုထုတ်ကာ မခံမရပ်နိုင်တဲ့လေသံ‌နဲ့ ပြောလိုက်တယ်။

"မူလဘူတဓား" လီဖူချန်းက ကျူးကွမ်းမင်ကို အရင်ပစ်မှတ်ထားလိုက်တယ်။

ဖြောက်.......

ကျူးကွမ်းမင်ရဲ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိအလင်းစက်လုံးက မှန်စက်လုံးတွေပမာ ပြန့်ကျဲသွားတော့တယ်။

ဖူး.......

ကျူးကွမ်းမင်ရဲ့ခန္ဓာကိုယ်က မရေမတွက်နိုင်လောက်တဲ့သွေးပေါက်တွေ ထွက်ပေါ်လာတယ်။

"တောက်...." ကျူးကွမ်းမင်က တောက်ပမီးလျှံတစ်ခုအဖြစ် ပြောင်းကာ အရူးအမူး ထွက်ပြေးလေတော့တယ်။

"ဓားချီမူလပြန်သွားခြင်း....."

အာကာသ-အချိန်ကို လစ်လျူရှုကာ လီဖူချန်းရဲ့ဓားက ကျူးကွမ်းမင်ကို သွေးအပြည့်ဖုံးလွှမ်းသွားစေတော့တယ်။

ဒါပေမယ့် သူ့အနေနဲ့ ကျူးကွမ်းမင်ကို အလွယ်တကူမသတ်နိုင်မှန်း လီဖူချန်းက သိတယ်။ ကျူးကွမ်းမင်ရဲ့အန္တိမအဆင့်သွေးမျိုးဆက်မပျောက်ကွယ်သရွေ့ သူ့ရဲ့စွမ်းအင်က ဘယ်တော့မှ ကုန်ဆုံးမှာမဟုတ်သလို သူ့ရဲ့ဒဏ်ရာတွေက အလွန်အမင်းမြန်ဆန်တဲ့အရှိန်နဲ့ သက်သာလာလိမ့်မယ်။ လီဖူချန်းရဲ့ခွန်အားက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အဆင့်မှာ မရှိရင် လီဖူချန်းအနေနဲ့ ကျူးကွမ်းမင်ကို အချိန်တိုအတွင်းမှာ သတ်ဖြတ်ဖို့ မဖြစ်နိုင်ဘူး။ အဲဒါက ကျူးကွမ်းမင်ရဲ့အရင်းမြစ်အနည်းငယ်ကိုသာ လျော့နည်းသွားစေလိမ့်မယ်။

လီဖူချန်းက ကျူးကွမ်းမင်ကို အလွယ်တကူအနိုင်ယူခဲ့တာကို မြင်ပြီး ကြာပန်းနက်ကောင်းကင်ဘုံအရှင်က သူ့ကိုယ်သူ လျင်မြန်စွာ ဖုံးကွယ်ကာ ခြေရာလက်ရာတစ်ခုမှ မကျန်ဘဲ ပြန်ဆုတ်သွားတော့တယ်။

"ငါ ဒါကို မှတ်ထားမယ်" ကျူးကွမ်းမင်ရဲ့အသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားတယ်။

လီဖူချန်းက မလိုက်သွားပါဘူး၊ သူ့အရှိန်က ကျူးကွမ်းမင်ထက် မမြန်ပါဘူး‌။

"ငါ့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် သာမန်အဆင့်၁ကောင်းကင်ဘုံအရှင်တစ်ယောက်ကို ရင်ဆိုင်ဖြိုက မခက်ခဲဘူး။ ဒါပေမယ့် သတ်ဖို့က မဖြစ်နိုင်ဘူး။ ငါက ခွန်အားအပြည့်တိုက်ခိုက်ရင် အဆင့်၄ဒါမှမဟုတ်အဆင့်၃ကောင်းကင်ဘုံအရှင်တစ်ယောက်ကို သတ်နိုင်လောက်တယ်"

လက်ရှိအချိန်ထိ လီဖူချန်းက ကောင်းကင်ဘုံအရှင်များစွာနဲ့ တိုက်ခိုက်ခဲ့ပြီးပြီ၊ သူက ကောင်းကင်ဘုံအရှင်တွေကြားရှိခွန်အားအဆင့်တွေကို ရှင်းရှင်းလင်းလင်းနားလည်ထားတယ်။

"စိတ်မကောင်းစရာပဲ။ ဘယ်အချိန်ကျမှ ငါ့ရဲ့ဓားပညာက အန္တိမအဆင့်ကို ချိုးဖြတ်နိုင်မှာလဲ" လီဖူချန်းက သူ့ခေါင်းကို ခါယမ်းလိုက်တယ်။

သူ့ရဲ့ဓားပညာက သာမန်ဓားပညာတစ်ခုမျှသာဆိုရင် အဲဒါက ချိုးဖြတ်သွားခဲ့တာ ကြာပြီ။

ဒါပေမယ့် သူ့ရဲ့ဓားပညာက အရင်းမြစ်စွမ်းအားများစွာနဲ့ ချိတ်ဆက်ထားတယ်။ အဲဒါက ချိုးဖြတ်နိုင်တာနဲ့ သိသာတဲ့ခြားနားချက်တစ်ခုကို ဖြစ်စေလိမ့်မယ်၊ ဒါကြောင့် အခက်အခဲက အလွန့်အလွန်ပဲ။ သူခန့်မှန်းထားတာအရ ထည်ဝါဓားပညာက ချိုးဖြတ်နိုင်တာနဲ့ မြို့အရှင်အဆင့်ဓားပညာတစ်ခုဖြစ်လာလိမ့်မယ်၊ ပြီးတော့ အထွတ်အထိပ်မြို့အရှင်အဆင့်ဓားပညာတွေကြားမှာ တည်ရှိပေလိမ့်မယ်။

မူလအဆုံးစွန်းဓားပညာက ချိုးဖြတ်ခဲ့ရင် အဲဒါက ကြယ်ပိုင်နက်အဆင့်ဓားပညာတစ်ခုဖြစ်လာပေလိမ့်မယ်။

"ငါ့ရဲ့ဓားပညာက လက်ရှိအချိန်မှာ မချိုးဖြတ်နိုင်ပေမယ့် ငါ့မှာ ကပ်ဘေးလက်အတွက် သဲလွန်စအချို့ရှိတယ်"

နက်ဘုရားလက်ရဲ့အဆင့်ခြောက်ကို ကပ်ဘေးလက်လို့ခေါ်တယ်။ လီဖူချန်းက ထိုအဆင့်ကို ရောက်ရှိတာနဲ့ သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်၊ သူက သာမန်ကောင်းကင်ဘုံအရှင်တောင် ဖြစ်လိမ့်မှာမဟုတ်ဘူး။ ကပ်ဘေးလက်ရဲ့စဦးအခြေအနေက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခွန်အားရှိလိမ့်မယ်။ အလယ်အခြေအနေက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေနဲ့ ညီမျှလိမ့်မယ်။ နှောင်းပိုင်းအခြေအနေက အကြိုနတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ လုံလောက်တယ်။

ဒါ့အပြင် ကပ်ဘေးလက်ကို အောင်မြင်တာနဲ့ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်လိမ့်မယ်။ အဲဒါက ကြယ်မသေမျိုးခန္ဓာကိုယ်ထက် အဆမရေမတွက်များစွာ ပိုမြင့်တယ်။ အဲဒါက အခြေခံအားဖြင့် ထာဝရရှင်သန်နိုင်ပြီး မဖျက်ဆီးနိုင်ဘူး။ အန္တိမအဆင့်သွေးမျိုးဆက်တွေနဲ့နှိုင်းယှဉ်ရင် အဲဒါက အများကြီးပိုမြင့်တယ်။

ချိုးဖြတ်ခြင်းမရှိပေမယ့် လီဖူချန်းက သူ့ရဲ့ချီစွမ်းအားကို အဆက်မပြတ်တိုးမြှင့်နေတယ်။ သူက အင်းဆက်မျိုးနွယ်ရဲ့အင်းဆက်ပုံဆောင်ခဲလို ရတနာများစွာကို သုံးစွဲခဲ့တယ်။

ဒါပေမယ့် ကပ်ဘေးလက်ကို အရင်းအမြစ်တွေကို သုံးရုံနဲ့ ရောက်ရှိဖို့က မဖြစ်နိုင်ဘူး၊ သူက ကပ်ဘေးအမှန်တရားကို နားလည်ရမယ်။

ကပ်ဘေးအမှန်တရားကို နားလည်ပြီးမှသာ သူက သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းကို မဖျက်ဆီးနိုင်တဲ့လက္ခဏာကို ပိုင်ဆိုင်ဖို့ ပြုလုပ်နိုင်လိမ့်မယ်။

"ကပ်ဘေးတွေက တစ်သမတ်တည်းဖြစ်တယ်၊ ဖျက်ဆီးခြင်းတစ်ဆယ်ရာခိုင်နှုန်းကို ကပ်ဘေးတစ်ခုလို့ သတ်မှတ်ထားတယ်"

"ကပ်ဘေးစွမ်းအားက နေရာတိုင်းမှာ တည်ရှိတယ်၊ အချိန်ကုန်ဆုံးလာတာနဲ့အမျှ ပေါက်ကွဲမှုတစ်ခု မဖြစ်ခင်အထိ ကပ်ဘေးစွမ်းအားများစွာက စုစည်းလာလိမ့်မယ်"

အပွင့်လင်းဆုံးပြောရရင် တစ်မူထူးတဲ့ထိုးထွင်းသိမြင်မှုမရှိဘဲနဲ့၊ တစ်မူထူးတဲ့စိတ်ဝိညာဉ်စွမ်းအားမရှိဘဲနဲ့ လီဖူချန်းက အရာအားလုံးအတွင်းရှိကပ်ဘေးစွမ်းအားကို ဘယ်တော့မှ ရှာတွေ့နိုင်လိမ့်မှာမဟုတ်ဘူး။ အဲဒါက ရေတာအိုကိုနားလည်မှုနဲ့ တူတယ်။ တစ်ယောက်ယောက်က ရေရဲ့လက္ခဏာကို အရင်လေ့လာရမယ်၊ ပြီးတော့ ရေကို မမြင်ရဘဲနဲ့ လက္ခဏာကို လေ့လာဖို့က မဖြစ်နိုင်ပါဘူး။

အလားတူစွာပင်၊ ကပ်ဘေးစွမ်းအားကို မလေ့လာဘဲနဲ့ ကပ်ဘေးလက်ကို နားလည်ဖို့က မဖြစ်နိုင်ပါဘူး။

"ကပ်ဘေးလက်က ခန္ဓာကိုယ်ထဲရှိကပ်ဘေးစွမ်းအားကို စုဆောင်းလိမ့်မယ်။ ကပ်ဘေးစွမ်းအားကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်နဲ့ ပေါင်းစပ်တယ်"

ကပ်ဘေးလက်က အလွန်အန္တရာယ်များတယ်။ လူတစ်ယောက်မှာ ကပ်ဘေးစွမ်းအားများလွန်းရင် အဲဒါက အကန့်အသတ်ထိ တွန်းပို့မယ်လို့ ဆိုလိုတယ်၊ နဂိုအတိုင်းပြန်ရောက်ဖို့က မဖြစ်နိုင်တော့ဘူး။

ဒါပေမယ့် ကပ်ဘေးလက်ရဲ့အန္တရာယ်က ၎င်းရဲ့ခွန်အားအတွက် တိကျတဲ့အကြောင်းပြချက်ပါပဲ။

ကပ်ဘေးလက်ရဲ့အလယ်အခြေအနေနဲ့နှောင်းပိုင်းအခြေအနေကို မဖော်ပြဘဲနဲ့တောင် စဦးအခြေအနေမျှနဲ့ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်များစွာရဲ့တိုက်ခိုက်မှုတွေကို လစ်လျူရှုဖို့လုံလောက်တယ်။

All Chapters