← Chapters

ငါတို့ မျက်နှာပြလို့ မရဘူး

Vol. 39 Ch. 582

ငါတို့ မျက်နှာပြလို့ မရဘူး

Vol. 39 Ch. 582

[လက်ဆောင်ပေးတာလေ စနစ်ရှင်.. သိပ်ပြီးတော့ ဂျေးမများပါနဲ့...]

"လက်ဆောင်ဆိုတာနဲ့ပဲ လူ့အခွင့်အရေးတွေကို လေးစားစရာ မလိုတော့ဘူးတဲ့လား...မင်း အတည်ကြီးလားကွ..."

စောဒကတက်သံများကို ကြားပြီးနောက် စနစ်မှာ တိတ်ဆိတ်သွားခဲ့လေသည်။ လင်းရီလည်း ဆက်လက်ငြင်းခုန်နေဖို့ရာ ပျင်းရိနေသောကြောင့် လျစ်လျူရှုထားလိုက်တော့၏။

" သူဌေး အမှန်အတိုင်းပြောရရင် ကျွန်တော် ဆိုင်းဘုတ်တွေ လုပ်လာတာ နှစ်ပေါင်း မနည်းတော့ဘူး.. ဒါပေမယ့် ဒီလိုမျိုး ထူးခြားတဲ့ ဆိုင်းဘုတ်မျိုး မြင်ဖူးတာတော့ ပထမဆုံး အကြိမ်ပဲ .. တစ်ချက်ကြည့်လိုက်တာနဲ့ သူဌေးက ပါရမီရှိတဲ့သူဆိုတာ တပ်အပ်ပြောနိုင်တယ်... "ထရပ်ကား ဒရိုင်ဘာမှ ပြောလိုက်၏။

၀မ်ထျန်လုံကတော့ မနေနိုင်ပဲ တဟားဟား ရယ်မောလိုက်ပြီး"ကားဆရာ ကျုပ် ခင်များကို ယွမ် ၅၀၀ အပိုပေးမယ်ဗျာ.. ဒီရဲ့ သေအောင် ဆိုတဲ့ စာလုံးကြီး ဖျက်ပေးပါလား..."

အဆိုပါ စားလုံးကို ဖျက်ပြီးနောက် 'စားကောင်းတယ် ' ဟုသာ ကျန်ရှိပေတော့မည်။

ယင်းက အဆင်ပြေသေး၏။ ဘော့စ်၏ တမူထူးခြားသည့် ပုံစံနှင့်လည်း ကိုက်ညီမှု ရှိလေသည်။

"ဒီရဲ့စာလုံးကို ဖျက်ချင်တာ သေချာပြီလား..."

၀မ်ထျန်းလုံ "......."

"မလိုဘူး ထားထားလိုက်.."

"‌အဲ့တာဆို မဖျက်နဲ့တော့...."

"မရဘူး... ငါတို့ ဖျက်ကို ဖျက်ရမှာ..."

"စောနတုန်းက ပြောတော့ မဖျက်နဲ့ဆို ဘော့စ်.."

"ငါပြောတာ က စားကောင်းတယ် ကို မဖျက်နဲ့ .. သေအောင် ဆိုတဲ့ စကားလုံးကို ဖျက်ရမှာ... "

"အိုကေ .. နားလည်ပြီ..."

လင်းရီ နဖူးကို နာကျင်စွာဖြင့် ဖိနှိပ်လိုက်၏။

မင်းတို့ကောင်တွေ ငါ့ကို ဟာသ လာလုပ်နေကြတာလား..

ကားထဲတွင် လိုအပ်သည်များ ရှိသောကြောင့် နာရီ၀က်ကြာပြီးနောက် စာလုံးဖယ်ရှားသည့် လုပ်ငန်းစဉ်မှာ ပြီးမြောက်သွားလေသည်။ ယခုမှသာ ဆိုင်းဘုတ်က စားသောက်ဆိုင်နှင့် လိုက်ဖက်ညီမှု ရှိသွားခဲ့တော့၏။

မကြာမီ နံနက်ပိုင်းမှာ ကုန်လွန်သွားခဲ့ပြီး ဆိုင်ထဲရှိ အလှဆင်သည့် ကိစ္စများမှာလည်း ပြီးဆုံးသွားခဲ့ချေပြီ။

ပြင်ဆင်၍ ရသည့် နေရာအမြောက်အများ ကျန်နေသေးသော်လည်း လင်းရီ လက်လျော့လိုက်တော့၏။ အဘယ်ကြောင့်ဆိုသော် အချိန်က အကန့်အသတ်ရှိသောကြောင့်ပင်။

[မစ်ရှင် ပြီးမြောက်သွားပါပြီ ]

[ဆုလဒ် : အတွေ့အကြုံမှတ်တစ်သိန်း ]

[ အလုပ်ပြီးမြောက်နှုန်း : ၁၀ % ]

[ ဆုလဒ် : ဆရာအဆင့် စားဖိုမှူး ]

"ဆရာအဆင့် စားဖိုမှူး "

[ မီနူးထဲမှာ ရှိတဲ့ ဟင်းပွဲတိုင်းရဲ့ ကျွမ်းကျင်မှုကို ဆရာအဆင့်သို့ တိုးမြင့်လိုက်ပါပြီ...]

အလုပ်အကိုင် လေးခုကို အတွေ့အကြုံ ရှိထားသောကြောင့် လင်းရီ ဆရာအဆင့်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို နားလည်လေသည်။

သိူ့သော်လည်း စနစ်တွင် ကန့်သတ်မှုလည်း ရှိ၏။ မီးနူးထဲရှိ ဟင်းပွဲများကိုသာ ဆရာအဆင့်သို့ မြင့်တင်ထားခြင်းဖြစ်ပြီး မီးနူးထဲတွင် မရှိသည့် ဟင်းလျာများမှာတော့ အလယ်အလတ်အဆင့်မျှသာ ကျန်ရှိနေဦးမည်။ ယင်းက ပန်နီဆူလာ ဟိုတယ်ရှိ မီချယ်လင်း ကြယ်ပွင့်ရှင် စားဖိုမှူးတို့နှင့် မယှဉ်ပြိုင်နိုင်သော်လည်း သာမန် ကတ်စတန်မာများကို ၀န်ဆောင်မှုပေးရန်တော့ ပြဿနာ မရှိချေ။

ထို့ကြောင့် ဆုလဒ်မှာ အတော်လေး ကောင်းနေသေး၏။

မီနူးပေါ်ရှိ ဟင်းပွဲများနှင့် ပတ်သက်လာလျှင်တော့ လင်းရီ သူ့ထက် ကျော်လွန်အောင် ချက်ပြုတ်နိုင်သည့် သူမျိုး မရှိဟု တပ်အပ် ယုံကြည်လေသည်။

လင်းရီ မတ်တပ်ရပ်လိုက်ပြီး ပျင်းရိစွာ အညောင်းဆန့်၍ အလုပ်စရန် ဟန်ပြင်လိုက်၏။

ဧည့်သည်များ မရှိသေးသော်လည်း ဆိုင်မှာတော့ တရား၀င် ဖွင့်လှစ်လေပြီ။

လင်းရီ မီးဖိုချောင်ဘက်သို့ သွား၍ တစ်ချက် လှည့်ပတ်ကြည့်ရှုလိုက်သည်။ ၀မ်ထျန်းလုံမှ လိုအပ်သည်များကို အားလုံး ပြင်ဆင်ပေးထား၏။

အရည်အသွေး အကောင်းဆုံးဆန်၊ ခြံထွက် ကြက်ဥ ၊ တုံးပေမှ အကောင်းဆုံး ဂျုံမှုန့် အစရှိသဖြင့် ဟင်းအမယ်တိုင်းမှာ ထိပ်တန်းအဆင့် အရည်အသွေးရှိလေသည်။

ထပ်ပေါင်းအနေဖြင့် ၀မ်ထျန်းလုံမှ ဂုံးခရုများနှင့် ငှက်သိုက် အမြောက်အများကိုလည်း ပြင်ဆင်ပေးထား၏။ ထိုအရာများအားလုံးကို ပန်နီဆူလာဟိုတယ်မှ နေ့ချင်းညချင်း သယ်လာခဲ့ခြင်းပင်။

မီးဖိုချောင်ထဲရှိ ပစ္စည်းများကိုကြည့်ရင်း ကျိန်းရန်လမ်းရှိ မည်သည့် စားသောက်ကမျှ သူနှင့် မယှဉ်နိုင်ဟု လင်းရီ ခံစားနေရ၏။

ထိုအကြောင်း တွေးတောရင်း လင်းရီ ဆန်ကိုရေဆေး၍ ဦးစွာ ချက်ပြုတ်လိုက်လေသည်။ ယင်းက ကြိုတင်ပြင်ဆင်ထားရမည့် အမယ်တစ်ခုပင်။အကယ်၍ လင်းရီ စားသောက်ဆိုင်သို့ သွားပြီး တစ်ခုခု မှာစားတော့မည့် အချိန်မှ သူဌေးမှာ ထမင်းမချက်ရသေး၍ ခဏစောင့်ပါဟု ပြောလာခဲ့လျှင် သူ သေချာပေါက် စားပွဲလှန်၍ ထိုနေရာမှ ထွက်လာခဲ့လိုက်ပေမည်။

"ဘော့စ်..."

ထမင်း ပြင်ဆင်ပြီးပြီးချင်းပဲ သူ ဟော်ယွမ်ယွမ်၏ အသံကို ကြားလိုက်ရ၏။

စဉ်းစားရန်မလိုပဲ ကျီချင်းရန်မှ ထိုအမွေစိန်လေးကို ခေါ်ဆောင်လာခဲ့ခြင်းပင်။

"ဘာလို့ အစောကြီး လာခဲ့ကြတာ..."

"ကျွန်မလည်း မလာတော့ဘူး လုပ်နေတာပဲ.. အစ်မကျီက ဒီကို ဇွတ်တရွတ် ဆွဲခေါ်လာလို့လေ..."ဟော်ယွမ်ယွမ်မှ မကျေမချမ်း ပြောလိုက်ပြီး "သူများတကာက အဆင့်မြင့်တဲ့ ဒုဥက္ကဌ ရာထူးတာ၀န်တွေကို ထမ်းဆောင်နေတဲ့အချိန်မှာ ဘာလို့ ကျွန်မကျမှ ပန်းကန်ပြား လာသယ်နေရတာ..."

"ဘာလို့ ပန်းကန်ပြားသယ်ရတယ်လို့ ပြောနေတာတုန်း.. ဒါက နင့်ရဲ့ အထက်အရာရှိတဲ့ အတူလက်တွဲ လုပ်ရမယ့် အခွင့်အရေးလေ..."ကျီချင်းရန်မှ ပြောလိုက်သည်။

"အစ်မကျီ .. နင် ဒီညီမလေးကို အရူးလာမလုပ်နဲ့.. နင်တို့ နှစ်ယောက်က လက်မထပ်ရသေးတာကို ဘာလို့ ဒီလိုတွေ လိုက်လုပ်ပေးနေတာ. အိုက်ယိုး... ငါ့ဘ၀လေးက အရမ်း သနားစရာ ကောင်းတာပဲ..."

"ဘာလို့လဲဆိုတော့ မင်းမရှိရင် မဖြစ်လို့လေ..."လင်းရီ ပြောလိုက်၏။

"အိုး.. နောက်ဆုံးတော့ ရှင်က ကျွန်မ ဘယ်လောက် အရေးပါလဲဆိုတာကို နားလည်သွားပြီပေါ့.. ခု ကျွန်မ မပါဘဲနဲ့ ပိုက်ဆံကိုင်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ နားလည်ပြီမလား..."

"မဟုတ်ဘူး.. "လင်းရီ ပြောလိုက်ပြီး "မင်းရဲ့ အစ်မကျီနဲ့ ငါ့ရဲ့ ချောမောတဲ့ ရုပ်ရည်တွေနဲ့ဆိုရင် ရူးသွပ်တဲ့ ကတ်စတန်မယတွေ အများကြီးကို ဆွဲဆောင်မိသွားမှာ.. ဒါကြောင့်မို့ ရှေ့ကောင်တာမှာ အလုပ်လုပ်ရအောင် ရုပ်ဆိုးဆိုး ၀န်ထမ်းတစ်ယောက်ကို ရှာဖွေနေတာလေ.. ငါတို့နှစ်ယောက်က မီးဖိုချောင်ထဲမှာ နေပြီးတော့ ဟင်းသီးဟင်းရွက်တွေ ဆေးကြော ချက်ပြုတ်ရမှာ..."

"ဘော့စ်.. ရှင် စကားကို အဲ့လို ပြောနေမယ်ဆိုရင် ရှင့်ရဲ့ ချစ်စရာကောင်းပြီး ထက်မြက်တဲ့ CFO လေးကို ဆုံးရှူံးတော့မှာနော်..."

"ကြည့်ကြည့် .. သူ့ကိုယ်သူတောင် ချစ်စရာကောင်းပြီး ထင်မြက်တယ်လို့ပဲ ပြောတာ.... ငါနဲ့ မင်းရဲ့ အစ်မကျီကျတော့ ကိုယ့်ကိုယ်ကို ခန့်ညားပြီး လှပတယ်လို့ပဲ ခေါ်တတ်တယ်..."

ဟော်ယွမ်ယွမ်, "......"

ငါ့‌ သေနတ် ဘယ်ရောက်သွားတုန်း...

"ကဲ ကဲ တော်ကြတော့.. ရှင်တို့ နှစ်ယောက်ကလည်း တွေ့တာနဲ့ ရန်ဖြစ်မယ် ဆိုတာကြီးပဲ.. "ကျီချင်းရန် ရယ်မောချင်စိတ်ကို ဖိသိပ်လိုက်ပြီး "ဆိုင်က ခုစဖွင့် နေပြီဆိုတော့ အလုပ်လုပ်ဖို့ အချိန်တန်ပြီ....."

သို့နှင့် သူမ ဟော်ယွမ်ယွမ်ကို ကြည့်လိုက်ပြီး"ငါနင့်ကို ရှာခိုင်းတဲ့သူက ဘယ်အချိန်လာမှာလဲတဲ့..."

ဟော်ယွမ်ယွမ် သူမ နာရီကို ကြည့်လိုက်ပြီး "ချိန်းထားတာ နှစ်နာရီလေ.. ထိုးတော့မယ်ဆိုတော့ ရောက်လာတော့မှာပါ.."

လင်းရီ အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။

ဒီနှစ်ယောက်က ဘာတွေ ပြောနေကြတာ..

သူစကားစတော့မည့် အခိုက်အတန့်တွင် စားသောက်ဆိုင်၏ တံခါးမှာ ပွင့်ဟလာခဲ့သည်။

ချလပ်...

အသက်လေးဆယ်အရွယ် သက်လတ်ပိုင်း လူကြီးတစ်ယောက် အထဲသို့ လမ်းလျှောက်လာခဲ့၏။

သို့သော်လည်း သူ အထဲသို့ ရောက်သောအခါ မနေနိုင်ပဲ မျက်မှောင်ကြုတ်၍ "ဒီမှာ မစ်ဟော်ဆိုတာ ဘယ်သူလဲ မသိဘူး.. ဟော်ယွမ်ယွမ်ဆိုတဲ့ အမျိုးသမီးလေ..."

"ကျွန်မပဲ..."

သက်လတ်ပိုင်းလူကြီး ရောက်လာသည်ကို မြင်တော့ ဟော်ယွမ်ယွမ်မှ သူမ၏ လက်ကို ဆန့်တန်းလိုက်ပြီး "ရှင်က တန်းဝန်လင်းပဲ ဖြစ်ရမယ်.. မစ္စတာတန်း..."

"မစ်ဟော်ပြောတဲ့ ဆိုင်က ဒီဆိုင်လား.."

"ဟုတ်တယ်..."ဟော်ယွမ်ယွမ် ခေါင်းညိမ့်လိုက်ပြီး "ကျွန်မတို့ ရှင့်ရဲ့ ဟင်းပွဲတွေ အရင်မြည်းစမ်းကြည့်ကြတာပေါ့... တကယ်လို့ ရှင်ချက်တာတွေသာ ပြဿနာ မရှိဘူးဆိုရင် ကျွန်မတို့ နောက်ဆက်တွဲကိစ္စတွေ စကားဆက်ပြောကြမယ်..."

တန်း၀န်လင်းမှာ တခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး "မစ်ဟော်.. ခင်များပြောတဲ့ဆိုင်က ဆိုင်သေးသေးလေးဆိုတာ ဘာလို့ စောစီးမပြောတာ..."

ဟော်ယွမ်ယွမ် ကိုးရို့ကားယားဖြစ်သွားပြီး "ဆိုင်က နည်းနည်း သေးတယ်ဆိုပေမယ့် ပုံပန်း သဏ္ဍာန်ကို အလေးပေးထားတယ်လေ. ပြီးတော့ ရှင့်ရဲ့ အရင် လစာထက်ကို ၅၀% ပိုပေးပြီး ကမ်းလှမ်းထားတာမလား.. ကျွန်မတို့အားလုံးက သာမန်လူတွေလေ.. ငွေတစ်မျက်နှာတည်း ကြည့်လို့ ဘယ်ဖြစ်မှာ ဟုတ်တယ် မလား... "

"ဟုတ်တော့ ဟုတ်တယ်.."တန်း၀န်လင်း ခါးသီးစွာ ပြုံးလိုက်ပြီး "ဒါပေမယ့် မစ်က ကျုပ်ချက်တဲ့ လက်ရာကို မြည်းစမ်းကြည့်ချင်သေးတာလား.. ကျုပ်က အရင်နှစ်တွေတုန်းက နိုင်ငံတော်အဆင့် ညစာစားပွဲတွေမှာတောင် ချက်ပြုတ်ပေးခဲ့ဖူးတယ်.. ပြီးတော့ ကျုပ်က ကွမ်ကျိုးနဲ့ ရှန်းတုန်း ဟင်းလျာတွေကိုလည်း ကျွမ်းကျင်တယ်.. ကျုပ်လက်ရာ စားပြီးတဲ့ ခေါင်းဆောင်တိုင်းကလည်း ချီးမွမ်းကြတယ်..ဒါကြောင့်မို့ ဒီလို ဆိုင်ငယ်လေးကို ကိုင်တွယ်ဖို့ကတော့ လုံး၀ ပြဿနာ မရှိဘူး...."

ဟော်ယွမ်ယွမ် ကျီချင်းရန်ကို ကြည့်လိုက်၏။ သူမမှာ လေဒီဘော့စ်ဖြစ်သောကြောင့် ဆုံးဖြတ်ချက်ကို သူမကသာ ချသင့်လေသည်။

"မစ္စတာတန်းက အရမ်းတွေ ယုံကြည်ချက်ရှိနေမှတော့ ဟင်းပွဲတွေ မြည်းစမ်းကြည့်မနေတော့ပါဘူး.. ခုပဲ အလုပ်စလိုက်ကြတာပေါ့..."

စားသောက်ဆိုင်တွင် ခေါင်းဆောင် စားဖိုမှူးမှာ အက္ခရာဖြစ်သောကြောင့် မပျော်မရွှင် ဖြစ်အောင် မလုပ်သင့်ပေ။ လွန်လွန်ကြူးကြူး တောင်းဆိုချက်များ မရှိသရွေ့ သူမတို့ဘက်မှ တတ်နိုင်သမျှ လိုက်လျောပေးနိုင်လေသည်။

"ဒါဆိုလည်း အလုပ်စကြတာပေါ့.."တန်း၀န်လင်း အမူအရာကင်းမဲ့စွာဖြင့် ဆိုလိုက်ပြီး "ကျုပ် မီးဖိုချောင်ထဲ တစ်ချက်သွားကြည့်လိုက်ဦးမယ်.. တစ်ကယ်လို့ အမယ်တွေကို စိတ်တိုင်းမကျရင်တော့ ခင်များတို့က ပြန်လဲ ပေးရမယ်..."

"အိုကေ.. ပြဿနာ မရှိဘူး..."

"နေ နေစမ်းပါဦး.."လင်းရီ ပြောလိုက်ပြီး "မင်းတို့ ဘာတွေလည်း ပြောနေကြတာ.. သူက ဘယ်သူလဲ..."

"စားဖိုမှူးလေ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "စားသောက်ဆိုင် ဖွင့်ထားမှတော့ စားဖိုမှူး တစ်ယောက်လောက်တော့ ရှိထားသင့်တယ်လေ.."

"ဘယ်သူက စားဖိုမှူး ငှားခိုင်းထားလို့.. ဒီစားသောက်ဆိုင်မှာ တခြား စားဖိုမှူးတစ်ယောက် ထပ်ငှားဖို့မလိုဘူး.. ငါတစ်ယောက်တည်းနဲ့ ကိုင်တွယ်လို့ရတယ်..."

"ဘော့စ်.. ရှင်ချက်တာကောင်းမှန်း ကျွန်မသိပါတယ်.. ဒါပေမယ့် အဲ့တာက သာမန်စာဖိုမှူး အဆင့်လောက်ပဲ ရှိတာလေ.. ကိုယ့်လူအချင်းချင်း စားသောက်လို့ ဘာမှ မဖြစ်ပေမယ့် စားသောက်ဆိုင် ဖွင့်ဖို့ စီစဉ်နေတယ်ဆိုရင်တော့ သေချာပေါက် ကျွမ်းကျင်တဲ့ စားဖိုမှူးတစ်ယောက်ကို ခေါ်ရမှာပဲ..."

ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ နှစ်ဦးစလုံး လင်းရီ၏ အရည်အချင်းများကို အသိအမှတ်ပြုလေသည်။ အကယ်၍ လင်းရီသာ စားဖိုမှူး လုပ်ပြီး ဟင်းလျာများကို ချက်ပြတ်မည်ဆိုပါက ကတ်စတန်မာများ၏ ခံတွင်းနှင့် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။ သို့‌သော်လည်း အရည်အသွေးကို ဦးစားပေးချင်လျှင်တော့ အကောင်းဆုံး စားဖိုမှူးကို ရှာဖွေရန် လိုအပ်လိမ့်မည်။

လင်းရီမှာ ကျွမ်းကျင်စားဖိုမှူးများနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိသေးချေ။

"မေ့ထားလိုက်.. ငါ့ရဲ့ အချက်အပြုတ် စကေးက ဒီလို ဆိုင်ငယ်လေးတစ်ဆိုင် အတွက်ကတော့ အသာလေး လုံလောက်တယ်..."လင်းရီ တန်း၀န်လင်းကို ကြည့်လိုက်ပြီး "ဆရာတန်း... မီးဖိုချောင်ထဲမှာ ဝိုင်ပုလင်းတွေရှိတယ်... နည်းနည်းလောက် အိမ်ပြန် ယူသွားလိုက်... ဒီရောက်လာပြီးတော့မှ လက်ဗလာနဲ့ ပြန်ခိုင်းလို့ ဘယ်ဖြစ်မှာ…”

All Chapters