← Chapters

ချမ်းသာသူများ၏ ထူးဆန်းသည့် အတွေးအခေါ်

Vol. 39 Ch. 585

ချမ်းသာသူများ၏ ထူးဆန်းသည့် အတွေးအခေါ်

Vol. 39 Ch. 585

ဟော်ယွမ်ယွမ်၏ အမူအရာကို မြင်တော့ တန်း၀န်လင်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။

လင်းရီ၏ ဥထမင်းကြော်မှာ သူ၏ လက်ရာကို မကျော်လွန်နိုင်လျှင်တောင်မှ သာမန်စားဖိုမှူးများထက်တော့ စားကောင်းလိမ့်မည်မှာ အမှန်ပင်။

အဲ့ဒါဆို ဘာလို့ အဲ့လောက်ထိ ချဲ့ကားတဲ့ အမူအရာကြီး လုပ်ပြနေတာ...

စောန မြည်းစမ်းတုန်းက စိတ်လှုပ်ရှားပြီး အရသာတွေ ရောထွေးသွားတာများလား...

အင်း.. အဲ့လိုဖြစ်ဖို့များတယ်..

ဟော်ယွမ်ယွမ် ကျီချင်းရန်၏ လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆွဲရမ်းလိုက်ပြီး "အစ်မကျီ အစ်မကျီ မြန်မြန်စားကြည့်..ဘော့စ်ရဲ့ ဥထမင်းကြော်က စပယ်ရှယ်ကို အရသာရှိတာ .. စောနက ဟင်းပွဲထက်ကို ပိုပြီးတော့ကောင်းတယ်.. လုံး၀ ပြိုင်ဘက်ကင်းပဲ... "

ကျီချင်းရန် ဟော်ယွမ်ယွမ်ကို ကြည့်ရင်း မည်သို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့၏။

သူမ တကယ်ကြီး အရသာရှိလို့ ခုလိုပုံစံ ဖြစ်နေတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလားဆိုတာကို မပြောတတ်တော့ချေ။

မည်သို့ပင်ဆိုစေ ဆရာတန်းမှာ နိုင်ငံတော်အဆင့် နာမည်ကြီး စားဖိုမှူးတစ်ယောက်ဖြစ်သောကြောင့် ယုတ္တိရှိရှိ ပြောရလျှင် လင်းရီ၏ လက်ရာထက် သာလွန်သင့်လေသည်။

ဒါဆို ယွမ်ယွမ်က ဘာလို့ ဒီလိုပုံစံတွေ လုပ်နေတာ...

သူမတို့ ဥထမင်းကြော်ကို မျှမျှတတ အကဲဖြတ်ပေးမယ်လို့ သဘောတူပြီးသား မဟုတ်ဘူးလား...

"အိုက်ယား.. အဲ့လိုကြီး ငိုင်မနေနဲ့လေ.. မြန်မြန်စားကြည့်ကြည့် .. အရမ်း အရသာရှိပါတယ်ဆိုနေ... ညီမတော့ဖြင့် ဒီလောက် အရသာရှိတဲ့ ဥထမင်းကြော်မျိုး တစ်ခါမှ မစားဖူးဘူး..."

"ဆရာတန်းရဲ့ လက်ရာထက်ကို ကောင်းတာလား..."

"ဆရာတန်းရဲ့ လက်ရာကကလည်း ကောင်းပါတယ်.. ဒါပေမယ့် ဘော့စ်ရဲ့ လက်ရာက ပိုကောင်းတယ်.. စားကြည့်ကြည့်.. တကယ်ကြီးပြောနေတာ... လိမ်နေတာ မဟုတ်ဘူး..."

ကျီချင်းရန်လည်း တစ်ဇွန်းအပြည့်ထည့်၍ အရသာခံကြည့်လိုက်၏။ သူမ၏ အမူအရာမှာ ဟော်ယွမ်ယွမ်ကဲ့သို့ ချဲ့ကားမနေသော်လည်း မျက်နှာထက်တွင် အံ့အားသင့်နေမှုကိုတော့ အထင်းသား မြင်တွေ့နိုင်လေသညိ။

တကယ်ကြီး ဆရာတန်းရဲ့ လက်ရာထက် ကောင်းနေတာပဲ...

"ခု ယုံသွားပြီမလား..."ဟော်ယွမ်ယွမ် မေးလိုက်ပြီး

"ဘော့စ်.. ရှင်က အရမ်း အံ့ဩဖို့ ကောင်းတာပဲကော.. ဟော့ဒီ ပန်းကန်ပြားထဲက ဥထမင်းကြော် အရသာနဲ့ အရင်တုန်းက ဥထမင်းကြော် အရသာက ကမ္ဘာကြီးလောက် ခြားနားနေတာပဲ...ကောင်းတာမှ စကားလုံးနဲ့ ဖော်ပြလို့ မရနိုင်အောင်ပဲ... "

"နေစမ်းပါဦး...."

တန်း၀န်လင်း ရပ်တန့်ခိုင်းလိုက်ပြီး "မစ်ဟော်.. ခင်များ ဆိုလိုချင်တာ မစ္စတာလင်းရဲ့ ဥထမင်းကြော်က ကျုပ်ရဲ့ လက်ရာထက် ပိုကောင်းနေတာလား..."

"အမှန်ပဲ.. သူက ကျွန်မရဲ့ ဘော့စ်ဆိုရင်တောင်မှ ကျွန်မ ဘက်လိုက်နေတာ မဟုတ်ဘူးနော်.. ဘော့စ်လင်းရဲ့ ဥထမင်းကြော်က ရှင့်လက်ရာထက် နည်းနည်းလေး ပိုကောင်းတယ်... တကယ်လို့ မယုံရင် အစ်မကျီကို မေးကြည့်လိုက် .. နော အစ်မကျီ..."

"အွန်း.. ကျွန်မလည်း ထောက်ခံတယ်..."ကျီချင်းရန် ခေါင်းညိမ့်လိုက်၏။

"မဖြစ်နိုင်တာ... မိန်းကလေးတို့ နှစ်ယောက် စောနက ပြောတော့ ကျုပ်ရဲ့ လက်ရာက မစ္စတာလင်းထက် ပိုကောင်းတယ်ဆို.. ခု ဘာလို့ စကားကို တစ်မျိုး ပြောင်းပြောနေတာ..."

တန်း၀န်လင်းမှ လက်မခံနိုင်စွာဖြင့် ပြောလိုက်သည်။

"ကျွန်မတို့ ပြောနေတာက သူ့ရဲ့ အရင်တုန်းက လက်ရာ... ဒါပေမယ့် ဒီနေ့လက်ရာကတော့ အရင်ကနဲ့ လုံး၀ တစ်ခြားစီပဲ... တကယ်လို့ ဆရာတန်းက မယုံကြည်ဘူးဆိုရင် ကိုယ့်ဘာကိုယ် လာမြည်းကြည့်လို့ရတယ်..."

တန်း၀န်လင်း ၎င်းကို မယုံကြည်နိုင်ပေ။ နိုင်ငံတော်အဆင့် စားဖိုမှူ တစ်ယောက်၏ လက်ရာက ကျပန်းစားသောက်ဆိုင်မှ ဆိုင်ရှင်ငယ်လေးထက် နိမ့်ကျနေသည်လော။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ.. ငါ လုံး၀ မယုံကြည်ဘူး...

ဇွန်းကို ကောက်ယူလိုက်ရင်း တန်းဝန်လင်း တစ်ဇွန်းအပြည့် မြည်းကြည့်လိုက်၏။

သို့သော်လည်း လျှာပေါ်သို့ ရောက်လျှင်ရောက်ချင်း သူ၏အမူအရာမှာ အေးခဲသွားပြီး မျက်နှာအမူအအရာမှာလည်း ရှုပ်ထွေးလာခဲ့၏။

စားဖိုမှူး တစ်ယောက်ဖြစ်သောကြောင့် အရသာကို ကောင်းမွန်စွာ နားလည်လေသည်။ လင်းရီ၏ အပူထိန်းချုပ်နိုင်မှု ၊ အသားများ၏ အရသာကို ပေါ်လွင်အောင် ချက်ပြုတ်နိုင်မှု ၊ နောက်တစ်ဆင့် အနေဖြင့် ထူးကဲသည့် အရသာပင်။ ၎င်း၏ အရသာကို သူ စကားလုံးများဖြင့် မဖော်ပြနိုင်ပဲ ယင်းက ခံစားကြည့်မှသာ သိနိုင်မည့် အရသာဖြစ်၏။

သို့သော်လည်း သူတို့နှစ်ယောက်လုံးမှာ တူညီသည့် အမယ်များကိုသာ အသုံးပြုထားပြီး ဟင်းခေတ်အမွှေးအကြိုင်တို့လောက်သာ ကွာခြားသွားပေမည်။ ထိုသို့ဆိုလျှင်တောင် အဘယ်ကြောင့် ဟင်းနှစ်ပွဲ၏ အရသာမှာ ဤမျှ ကွာဟနေပါသနည်း။

ပြိုင်စံရှားလို့ တင်စားလိုက်တာက လုံး၀ ချဲ့ကားရာမကျဘူး...

တန်း၀န်လင်း ဘာမျှမဆိုပေ။ ထိုအစား သေချာဂရုတစိုက်နှင့် ဝါးနေလေသည်။ နောက်ဆုံးတွင် ကျေညက်အောင် ဝါးပြီးနောက် မျိုချလိုက်တော့၏။ အရသာမှာ စားပြီးရင်း စားချင်လာပြီး လျှာပေါ်ရှိ အရသာဖုလေးများမှ နောက်တစ်ကြိမ် ထပ်စားဖို့ရာ အတင်း ဆန္ဒပြနေကြတော့သည်။

တန်း၀န်လင်း ခါးသီးစွာ ပြုံးလိုက်ပြီး လင်းရီကို လက်မထောင်ပြလိုက်၏။

"မစ္စတာလင်း.. ခင်များရဲ့ ဥထမင်းကြော်က တကယ်ကို စားကောင်းတယ်..ကျုပ်ဘက်က ရှုံးနိမ့်ကြောင်း ၀န်ခံတယ်.. ပြီးတော့ အမှန်အတိုင်း၀န်ခံရရင် ဒီ ဥထမင်းကြော်ရဲ့ ဈေးနှုန်းက ၁၈၉ ယွမ် ဆိုတာ နည်းနည်းတောင် နိမ့်နေသလိုပဲ... နှမြောဖို့ကောင်းတာ မစ္စတာလင်းက ဒီလိုနေရာမျိုးမှာ ဆိုင်လာဖွင့်ထားဝာာကိုး... ဒီနားတစ်ဝိုက်က ကျောင်းသားတွေဆို ဈေးမြင်တာနဲ့ မစားခင် နှစ်ခါ စဉ်းစားယူရလောက်တယ်..."

တန်၀န်လင်းကဲ့သို့ အရှုံးကို ၀န်ခံရဲသည့် သတ္တိရှိသူများကို လင်းရီ အမှန်တကယ် လေးစားမိလေသည်။

"ငွေက ပဓာန မဟုတ်ပါဘူး..ပြီးတော့ ပစ္စည်းကောင်းက ဘယ်တော့မှ ရောင်းမထွက်မှာ စိတ်ပူစရာ မလိုဘူး...ကျုပ်ကလည်း အပျော်တမ်း ဆိုင်ဖွင့်နေတာပဲလေ..."

"မစ္စတာလင်းကတောင် ပြောနေပြီဆိုမှတော့ ကျုပ်လည်း ဘာမှ မပြောလိုတော့ပါဘူး... ကျုပ် နောင်ကျ ချက်ပြုတ်တဲ့ နည်းလမ်းတွေ နည်းနာဖို့ မစ္စတာလင်းဆီ လာခဲ့ပါဦးမယ်... ဒီညီလေးက အလုပ်လာရှုပ်နေတယ်ဆိုပြီး မတွေးဖို့တော့ မျှော်လင့်ပါတယ်... "

"ဒါက...."

လင်းရီ မည်သို့ ပြန်ဖြေရမှန်းမသိ ဖြစ်သွားခဲ့၏။

သူက မီနူးပေါ် ဟင်းပွဲတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာ မရှိပေမယ့် တခြားဟင်းပွဲတွေဆိုရင်တော့ ဆရာကျဖို့ လိုနေသေးတုန်းပဲလေ..

သို့သော်လည်း ယခုအခြေအထိ ရောက်ရှိလာပြီးမှတော့ လင်းရီ ဆက်လက် ဟန်ဆောင်ရုံသာ တတ်နိုင်လေသည်။

"ပြဿနာ မရှိဘူး... အခွင့်အရေးရရင် စကား ပြောကြတာပေါ့..."

လင်းရီ၏ ဆန်းကြယ်သည့် အသွင်သဏ္ဍာန်က တန်း၀န်လင်းကို ကြက်သေသေသွားစေခဲ့သည်။

ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် အိတ်ကပ်ထဲမှ ယွမ် နှစ်ရာထုတ်၍ "ခုနက ပြောထားတဲ့ အတိုင်းဆို ဘယ်သူပဲ နိုင်နိုင် ကျုပ်က ဥထမင်းကြော်ဖိုးရှင်းမှာ.. ဒါကြောင့်မို့ ဒီရဲ့ ဟင်းပွဲကို ကျုပ် ယူသွားလို့ ရတယ်မလား...."

"မစ္စတာတန်း.. ရှင် လိုချင်တယ်ဆိုရင် ယူသွားလိုက်... ဘာမှ ပေးစရာ မလိုပါဘူး..."ကျီချင်းရန် ပြောလိုက်၏။

"အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာ.. ဒါက ဒီလောကရဲ့ စည်းမျဉ်းပဲလေ.. ကိုယ့်ထမင်းဖိုးကို ရှင်းရမယ်... ဘယ်သူ့ကိုမှ ကျေးဇူးကြွေး တင်လို့ မရဘူး..."

တန်း၀န်လင်း ကျီချင်းရန်ကို ပြုံးပြလိုက်ပြီး "မိန်းကလေးက လေဒီဘော့စ်(သူဌေးကတော်)ထင်တယ်... ကျုပ်ဘက်က အခွင့်ရေး မယူသလို ခင်များတို့ဘက်ကလည်း အခွင့်အရေး မယူနဲ့.. ကျုပ်ကို ၁၁ ယွမ် ပြန်အမ်းပေး..."

လေဒီဘော့စ်ဟု ကြိမ်ဖန်များစွာ နာမည်တပ်ခံရဖူးသော်လည်း သူမကြားလိုက်သည့် အချိန်တိုင်း စိတ်အား တက်ကြွလာလေသည်။

သူမ၏ အိတ်ထဲမှ ၁၁ ယွမ်ကို ထုတ်၍ တန်း၀န်လင်းထံ ကမ်းပေးလိုက်၏။

ယင်းခံစားချက်က ကျီချင်းရန်အတွက်တော့ ထူးခြားလေသည်။

သူမ ရရှိလိုက်သည့် ၁၈၉ ယွမ်မှာ ၁၈.၉ မီလီယမ်ထက်ပင် အဓိပ္ပာယ် ရှိသည်ဟု ခံစားနေရတော့၏။

"ဒီလိုဆို ခွင့်ပြုပါဦး... မစ္စတာလင်းတို့ရဲ့ စီးပွားရေးကို ကျုပ် မနှောင့်ယှက်တော့ဘူး..."

"ကောင်းပါပြီ.. ဖြည်းဖြည်းသွားပါ ..."

တန်း၀န်လင်း ထွက်ခွာသွားပြီးနောက် ကျီချင်းရန် လင်းရီအနားသို့ သွား၍ ပိုက်ဆံထောင်ပြကာ

"လင်းရီ .. ကြည့် ကြည့် ငါတို့ ခုလေးတင် ၁၈၉ ယွမ် ရှာနိုင်လိုက်ပြီ... ငါတို့ ဆိုင်ဖွင့်ဖွင့်ချင်းပဲ ရှာနိုင်လိုက်တယ်ဆိုတော့ အနာဂတ်ကျရင် ဒီထက်ပိုပြီး ရောင်းကောင်းမှာ သေချာတယ်... "

"၁၈၉ ယွမ်တည်းကို အဲ့လောက်ထိ စိတ်လှုပ်ရှားဖို့ လိုလို့လားဟ.... ဟင်းအမယ်တွေကို ဘေးချိတ်ထားလိုက်ရင်တောင် ကျန်တဲ့ အမြတ်က မင်းရဲ့ နှုတ်ခမ်းနီတစ်ချောင်း ၀ယ်ဖို့တောင် မလုံလောက်ဘူး..."

"ဒါက မတူဘူးလေ..."

"ငါတို့ရဲ့ အပြောနဲ့ ဉာဏစွမ်းအားကို သုံးပြီးတော့ ပိုက်ဆံတွေ အများကြီး ရှာလို့ ရမှန်း သိတယ်.. ဒါပေမယ့် ဒီရဲ့ ၁၈၉ ယွမ်ကျတော့ ငါတို့ရဲ့ ချွေးတွေနဲ့ ရင်းနှီးပြီးတော့ ကြိုးစားပမ်းစားနဲ့ ရှာဖွေထားတဲ့ ပိုက်ဆံလေ. ..."

"အမ်... အဲ့လိုကျတော့လည်း မင်းပြောတာ အဓိပ္ပာယ် ရှိသား..."

"ဒါကြောင့်မို့ ငါ့မှာ အကြံတစ်ခုရှိတယ်.."

"ဘာ အကြံလဲ..."

"ဒီရဲ့ အခွင့်အရေးကို အသုံးချပြီးတော့ သာမန်လူတွေရဲ့ ဘ၀အတွေ့အကြုံကို ခံစားကြည့်မယ် ဆိုရင်ကော ...နင် ဘယ်လိုထင်လဲ... "

"ခုကကော သာမန်မဟုတ်လို့လား..."

"နင့်လက်မှာ ပတ်ထားတဲ့နာရီက ဆယ်မီလီယမ်ကျော် တန်ကြေးရှိတဲ့ Richard Mille အထိမ်းအမှတ်နာရီ...မောင်းတဲ့ကားကလည်း သုံးဆယ်မီလီယမ်ကျော် တန်ကြေးရှိတဲ့ စူပါကားကြီးတွေ...ပြီးတော့ စီးထားတဲ့ ဖိနပ်တွေကလည်း အကန့်အသတ်နဲ့ ထုတ်ထားတဲ့ sneakersတွေ... အဲ့တာက သာမန်လူတွေ နေထိုင်တဲ့ ပုံစံလား..."

"အာ... အဲ့လိုကျတော့လည်း တကယ်ကြီး သာမန်မဟုတ်တော့ဘူးပဲ..."လင်းရီ ပြောလိုက်ပြီး "ဆိုစမ်းပါဦး.. ချင်းရန်က ဘယ်လိုမျိုး ဖြစ်ချင်နေတာ..."

"ငါတို့ ဒီရဲ့ ဆိုင်လေးက ရတဲ့ ပိုက်ဆံနဲ့ပဲ နေထိုင် စားသောက်ကြမယ်ဆိုရင်ကော .. ငါတို့ လတိုင်း ဘယ်လောက်ရှာနိုင်ပြီးတော့ ဘယ်လောက်သုံးနိုင်လဲဆိုတာ ကြည့်ကြည့်ကြမလား.."

"တကယ်လို့ ဒီဆိုင်က အရှုံးပေါ်နေတယ်ဆိုရင် ငါတို့ရဲ့ အစွမ်းအစတွေက တစ်ခုခု မှားနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲလေ..."

"အင်း.. စိတ်၀င်စားဖို့တော့ ကောင်းသားပဲ... ငါလည်း ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ စမ်းကြည့်ကြတာပေါ့..."

"ကောင်းတယ်... ခု ဆုံးဖြတ်ပြီးသွားပြီ... ခုကစပြီးတော့ ငါတို့ရဲ့ နေ့စဉ်သုံးစရိတ်ကို ဒီဆိုင်လေးကနေ ရတဲ့ငွေတွေကတစ်ဆင့် ပေးရမယ်..."

"ပြဿနာ မရှိဘူး..."

ဟော်ယွမ်ယွမ် " ????? "

ချမ်းသာတဲ့ သူတွေက ဒီလိုပဲ ထူးဆန်းတဲ့ အတွေးတွေ ရှိကြတာလား...

တကယ်လို့ ရှင်တို့ ရှာထားတဲ့ ပိုက်ဆံတွေက အရမ်းကို ပေါသောနေတယ်ဆိုရင်လည်း ကျွန်မကို ပေးလို့ရတယ်လေ..

သာမန်လူတွေရဲ့ ခက်ခဲမှုက ဘယ်လိုမျိုးလဲဆိုတာ သိအောင် ရှင်းပြပေးလိုက်မယ်...

All Chapters