← Chapters

ကပ်ဘေးလက်

Vol. 70 Ch. 970

ကပ်ဘေးလက်

Vol. 70 Ch. 970

အဆက်မပြတ်ရွေ့လျားနေတဲ့‌သင်္ဘောတစ်စင်းပေါ်မှာ.......

"ငါတို့ သူ့ကို အထင်သေးခဲ့မိတာပဲ"

သင်္ဘောဦးပိုင်းပေါ်မှာ ကျူးကွမ်းမင်နဲ့ကြာပန်းနက်ကောင်းကင်ဘုံအရှင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်‌လိုက်ကြတယ်။

အစကတော့ လီဖူချန်းက အဆင့်၅ကောင်းကင်ဘုံအရှင်ဒါမှမဟုတ်အဆင့်သတ်မှတ်ချက်မဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်လို့ပဲ ကျူးကွမ်းမင်က တွေးထားခဲ့တာ။

လီဖူချန်းက အဆင့်၁ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး အဆင့်၁ကောင်းကင်ဘုံအရှင်တွေကြားမှာတောင် သာလွန်မြင့်မားလိမ့်မယ်လို့ သူတို့က မမျှော်လင့်ထားခဲ့ဘူး။

"ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့တွေ အကူအညီအတွက် ကလန်အကြီးအကဲတစ်ယောက်ကို ဖိတ်ခေါ်လို့မရနိုင်ဘူးလား" ကြာပန်းနက်ကောင်းကင်ဘုံအရှင်က ကျုးကွမ်းမင်ကို ကြည့်လိုက်တယ်။

ကျူးကလန်အကြီးအကဲတွေအားလုံးက အနည်းဆုံးမြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေပါပဲ။

"ကလန်အကြီးအကဲတစ်ယောက်ရဲ့အကူအညီကို ယူမယ်ဆိုရင် ငါတို့တွေ အကျိုးအမြတ်နည်းနည်းလေးပဲ ရနိုင်လိမ့်မယ်" ကျူးကွမ်းမင်က တုံ့ဆိုင်းနေမိတယ်။

"ဒါက ဘာမှမရတာထက် ပိုကောင်းပါတယ်" ကြာပန်းနက်ကောင်းကင်ဘုံအရှင်က ဆိုလိုက်တယ်။

"ကောင်းပြီလေ၊ ဒါပေမယ့် ငါတို့တွေ ဘယ်အကြီးအကဲကို ဖိတ်ခေါ်ကြမလဲ"

ကျူးကလန်အကြီးအကဲတွေကြားမှာ အချို့က လောဘကြီးတယ်၊ အချို့က ဖိနှိပ်ညှင်းပန်းတတ်တယ်၊ အချို့က သာမန်မျှသာပဲ၊ ဒါကြောင့် သူတို့က သင့်တော်တဲ့အကြီးအကဲတစ်ယောက်ကို ရွေးချယ်ရမယ်။

ကြာပန်းနက်ကောင်းကင်ဘုံအရှင်က ပြောလိုက်တယ်"ခရမ်းမီးလျှံအကြီးအကဲက ငါ့ရဲ့မျိုးနွယ်နဲ့ အတော်လေးနီးကပ်တယ်။ သူက အခြားသူတွေရဲ့ထင်မြင်ချက်ကို လက်မခံပေမယ့် သူက အတော်လေးသမာသမတ်ကျတယ်။ အရေးကြီးဆုံးကတော့ သူ့ရဲ့ခရမ်းမီးလျှံမဟာနည်းလမ်းက အလွန်အားကောင်းတယ်။ သာမန်မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေက အဲဒါကို ခုခံနိုင်လိမ့်မှာမဟုတ်ဘူး"

"ခရမ်းမီးလျှံအကြီးအကဲလား" ကျူးကွမ်းမင်က ခေါင်းညိတ်လိုက်တယ်။

ခရမ်းမီးလျှံအကြီးအကဲက တကယ်ကို ပြောင်မြောက်တယ်။ ခရမ်းမီးလျှံလက်တစ်ဖက်က အရာအားလုံးကို ပြာချနိုင်တယ်။ အဲဒါက ကြာပန်းနက်ကောင်းကင်ဘုံအရှင်ရဲ့ကြာပန်းနက်မီးလျှံတွေထက် ပိုသန်မာတယ်။

…

ကြယ်အပျက်အစီးတွေကို လေ့လာခြင်းက ကပ်ဘေးလက်ကို လေ့လာဖို့ လီဖူချန်းအတွက် တိုက်ရိုက်နည်းလမ်းတစ်ခုပဲ။

ဒါပေမယ့် အခြေအနေကတော့ ကြယ်တွေက သဘာဝအတိုင်း ပျက်စီးရမယ်၊ ပြင်ပအားကြောင့် မဖြစ်စေရဘူး။

ဒါကြောင့် ဒီအချိန်အတောအတွင်း လီဖူချန်းက စကြာဝဠာထဲမှာ သဘာဝအလျောက် ပျက်စီးနေတဲ့ ကြယ်တွေကို ရှာဖွေနေတယ်။

သဘာဝအလျောက်ပျက်စီးနေတဲ့ကြယ်တစ်လုံးလုံးက အလွန်ရှားတယ်။ နောက်ဆုံးမှာတော့ လီဖူချန်းက ဒုတိယမြောက်ကြယ်အပျက်အဆီးတစ်လုံးကို ရှာတွေ့ခဲ့တယ်။

"မကြာမီပေါ့လေ" သူ့ရဲ့စိတ်ဝိညာဉ်ရဲ့အနက်ပိုင်းထဲမှာ ထွင်းထုထားတဲ့ ကပ်ဘေးအမှန်တရားအရိပ်အယောင်တစ်ခုကို လီဖူချန်းက ခံစားနိုင်တယ်။

သူက စိတ်ဝိညာဉ်ကပ်ဘေးကို မကြောက်ရွံ့ပါဘူး။

သူ့ရဲ့အားကောင်းတဲ့စိတ်ဝိညာဉ်က သူ့ကို ကြောက်ရွံ့ခြင်းမရှိဘဲ ကပ်ဘေးအမှန်တရားကို နားလည်စေတယ်။

…

ကျူးမြို့၊ ခရမ်းမီးလျှံဂူ‌အိမ်တော်။

ခရမ်းမီးလျှံတွေက ကောင်းကင်မှာ လွင့်မျောနေတယ်။

ခရမ်းမီးလျှံတွေက သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာကို ဖွဲ့စည်းထားတယ်။ ကျူးကွမ်းမင်က ခရမ်းမီးလျှံတွေအတွင်းရှိ သက်ရှိတွေကို မြင်ရတယ်။

"မယုံနိုင်စရာပဲ" ဒီနေရာရှိခရမ်းမီးလျှံတစ်ခုခုက  သူ့ကို ဒဏ်ရာအပြင်းအထန်ရစေနိုင်မှန်း ကျူးကွမ်းမင်က ကြိုတင်သိတယ်။

"မင်းတို့နှစ်ယောက် ဘာတောင်းဆိုချင်တာလဲ"

ကြီးမားတဲ့ပမာဏရှိတဲ့ခရမ်းမီးလျှံတွေက ပုံရိပ်တစ်ခုအဖြစ် စုဝေးလာတယ်။

…

ကပ်ဘေးအမှန်တရားကို နားလည်ပြီးနောက် လီဖူချန်းရဲ့စိတ်ဝိညာဉ်က ကပ်ဘေးအမှတ်အသားတစ်ခုရှိလာတယ်။

"ငါ နောက်ဆုံးတော့ ကပ်ဘေးလက်အခြေအနေကို နားလည်ခဲ့ပြီ။ နောက်တစ်ခုကတော့ ငါ့ရဲ့ခန္ဓာကိုယ်အပြင်အားကို ကပ်ဘေးလက်ကို ရောက်ရှိအောင် ကျင့်ကြံဖို့ပဲ"

အနက်ရောင်စကြာဝဠာထဲမှာ ထိုင်လျက် လီဖူချန်းက အသက်ကို ရှုသွင်းကာ သူ့လက်တွေကို ဖြန့်လိုက်တယ်။

ပြီးနောက် အဆုံးမရှိတဲ့ကပ်ဘေးစွမ်းအားက ဦးတည်ဘက်တိုင်းမှ စုဝေးလာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာတယ်။

လီဖူချန်းရဲ့ခန္ဓာကိုယ်က ကပ်ဘေးအမှတ်အသားတွေ ထွက်ပေါ်လာပြီး ဒီအမှတ်အသားတွေက ကြယ်တွေကို ကြေမွစေနိုင်တဲ့ချီတည်ရှိမှုကို ထုတ်လွှတ်နေတယ်။

ကပ်ဘေးစွမ်းအားတိုးလာတာကြောင့် လီဖူချန်းမှာ ကပ်ဘေးအမှတ်အသားတွေ ပိုများလာတယ်။ ကပ်ဘေးအမှတ်အသားတစ်ခုစီမှာ ကောင်းကင်ဘုံအရှင်တစ်ယောက်အတွက် ကပ်ဘေးတစ်ခုရှိလာတယ်။ အဲဒါက ကောင်းကင်ဘုံအရှင်တစ်‌ယောက်ကို ကျဆုံးစေဖို့ ‌လုံလောက်တယ်။ ကံကောင်းတာကတော့ လီဖူချန်းက ကပ်ဘေးလက်အခြေအနေကို နားလည်ထားပြီးဖြစ်ကာ လက်ရှိအချိန်မှာ သက်ရောက်မှုရှိလိမ့်မှာမဟုတ်ဘူး။

ဒါပေမယ့် ဒါက ယာယီမျှသာပဲ။ ဒီအခြေအနေက ဆက်သွားပြီး လီဖူချန်းက ကပ်ဘေးစွမ်းအားကို ချို့ယွင်းချက်မဲ့မထိန်းချုပ်ရသေးရင် ကပ်ဘေးစွမ်းအားက ပေါက်ကွဲသွားလိမ့်မယ်။ ရလဒ်တစ်ခုအနေနဲ့ သူ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်က ပြာဖြစ်သွားပြီး သူက ဒီကမ္ဘာမှ အမြဲတမ်း ပျောက်ကွယ်သွားလိမ့်မယ်။

ဖြောက်.......

လီဖူချန်းပတ်ပတ်လည်ရှိနယ်မြေက အစိတ်စိတ်အမြွှာမြွှာဖြစ်လာတယ်။ ကပ်ဘေးစွမ်းအားက စုစည်းလာပြီး ကပ်ဘေးဖြစ်စဉ်ကို ဖြစ်ပေါ်စေလိုက်တယ်။

စကြာဝဠာကလည်း ကပ်ဘေးကို ကြုံတွေ့ရလိမ့်မယ်လို့ ပြောကြတယ်။ အချိန်ရောက်လာတဲ့အခါ အရာအားလုံးက ဟင်းလင်းပြင်ထဲသို့ ပြောင်းလဲသွားလိမ့်မယ်။

"အကန့်အသတ် ရောက်လုနီးပြီ" လီဖူချန်းက စကြာဝဠာမှ ကပ်ဘေးစွမ်းအားကို ဆက်မစုပ်ယူတော့ပါဘူး။ ကပ်ဘေးလက်ရဲ့လှည့်ပတ်ခြင်းနည်းလမ်းအတိုင်း သူက သူ့ခန္ဓာကိုယ်ထဲရှိကပ်ဘေးစွမ်းအားကို လှည့်ပတ်ဖို့ကြိုးစားလိုက်တယ်။

ဝူး......

ကြောက်စရာကောင်းတဲ့ဝံပုလွေအူသံတစ်ခုက မရေမတွက်နိုင်တဲ့ကြယ်တွေကို ကြေမွသွားစေတယ်။

အဝေးရှိအလင်းနှစ်အနည်းငယ်အကွာမှာ ဧရာမဝံပုလွေတစ်ကောင်ကို လီဖူချန်းက သက်ရောက်ခဲ့ပြီး ၎င်းအိပ်နေရာမှ နိုးထလာတယ်။

"ဘယ်သူ ငါ့ကို နှောင့်ယှက်နေတာလဲ"

ဧရာမဝံပုလွေရဲ့မျက်လုံးတွေက ကြယ်တစ်လုံးထက် ပိုကြီးပြီး ၎င်းရဲ့အမွေးတွေက တဖျပ်ဖျပ်လှုပ်ခါနေတယ်။

"ဟိုမှာပဲ......" ဧရာမဝံပုလွေတစ်ကောင်က လီဖူချန်းဆီ စတင်ပြေးလာတယ်။

အဝေးမှာ ဧရာမဝံပုလွေက ရုတ်တရက် ရပ်တန့်လိုက်တယ်။ သူက သူ့ဦးခေါင်းအထက်ရှိ ကြောက်စရာကောင်းတဲ့စွမ်းအင်တစ်ခုကို ခံစားမိနေတယ်။

"သူ ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ အဂွဲရိုရဲ့အိပ်စက်ခြင်းကို နှောင့်ယှက်တဲ့ဘယ်သူမဆို သေဖို့ ထိုက်တန်တယ်"

ဝံပုလွေအူသံတစ်ခုနဲ့အတူ အနက်ရောင်အလင်းတိုင်တစ်ခုက လီဖူချန်းရဲ့ဦးတည်ဘက်ရှိ တိုက်ခိုက်လာတယ်။

ဝုန်း ဒုန်း......

ဘာတစ်ခုမှမရှိတဲ့နေရာလပ်ဇုန်က အနက်ရောင်ဒီရေတစ်ခုနဲ့အတူ လိမ့်တက်လာတယ်။

"ဟင်းလင်းပြင်ဝံပုလွေ....." လီဖူချန်းက ဧရာမဝံပုလွေကို ချက်ချင်း သိလိုက်တယ်။

ဧရာမဝံပုလွေက ကျော်ကြားတဲ့နက္ခတ်တာရာဧရာမသားရဲတစ်ကောင်ဖြစ်တဲ့ဟင်းလင်းပြင်ဝံပုလွေပါပဲ။ ၎င်းက ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခွန်အားကို မွေးရာပါ ပိုင်ဆိုင်ပြီး သူတို့က အသက်ကြီးလာလေလေ၊ သူတို့ရဲ့ခွန်အားက အဆက်မပြတ်တိုးလာလေလေပါပဲ။

"ပိုလျှံတဲ့ကပ်ဘေးစွမ်းအားကို ငါ အသုံးချလို့ရတာပေါ့"

လီဖူချန်းက ကပ်ဘေးစွမ်းအားများစွာကို စုပ်ယူခဲ့တယ်၊ အဲဒါက သူတို့ကို ထိန်းချုပ်ဖို့ အလွန်အမင်း ခက်ခဲတယ်။

ကပ်ဘေးစွမ်းအားက အခြားစွမ်းအားတွေလို ကြုံသလို ထုတ်လွှတ်နိုင်တာမဟုတ်ဘူး။

ပိုနည်းတဲ့ကပ်ဘေးအမှတ်အသားနဲ့အတူ လီဖူချန်းက ထရပ်ကာ အနက်ရောင်ဒီရေမှ ထွက်လာတယ်။

"လူသား၊ သေစမ်း" ဟင်းလင်းပြင်ဝံပုလွေက ၎င်းရဲ့မေးရိုးကို ဟကာ အော်လိုက်တယ်။

"ထွက်သွားစမ်း"

ကြီးမားတဲ့ခန္ဓာကိုယ်နဲ့အတူ လီဖူချန်းရဲ့လက်သီးက ဟင်းလင်းပြင်ဝံပုလွေရဲ့အောက်ဘက်မေးရိုးကို ထိမှန်သွားပြီး ဝံပုလွေကို လွင့်ထွက်သွားစေတယ်။

"ဒါ ဘာလဲ" ဟင်းလင်းပြင်ဝံပုလွေက သူ့ရဲ့အောက်မေးရိုး တစ်စစီဖြစ်သွားတာကို သိလိုက်ရတယ်၊ ဒါ တကယ်ကို မယုံနိုင်စရာပဲ။

နက္ခတ်တာရာဧရာမသားရဲတွေအနေနဲ့ သူတို့အားလုံးက ကောင်းကင်ဆန့်ကျင်အသက်စွမ်းအားရှိပြီး မသေမျိုးဖြစ်လုနီးပါးပဲ။ သူတို့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးဖို့က အလွန်အမင်း ခက်ခဲတယ်။

တစ်စစီပျက်စီးခြင်းက သူ့ဦးနှောက်ထိ ရောက်ရှိလာတာကို မြင်ပြီး ဟင်းလင်းပြင်ဝံပုလွေက အသက်စွမ်းအားကို သူ့ဦးနှောက်ဆီသို့ အသည်းအသန် လှည့်ပတ်လိုက်တယ်။

"တစ်စစီဖြစ်စမ်း" လီဖူချန်းက ဟင်းလင်းပြင်ဝံပုလွေရဲ့ရင်ဘက်ပေါ် နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်တယ်။

ဝူး......

.

ဟင်းလင်းပြင်ဝံပုလွေရဲ့ဦးခေါင်းက အပြည့်အဝသက်သာလာပေမယ့် သူ့ရင်ဘက် တစ်စစီဖြစ်သွားတာကို မြင်တဲ့အခါ သူက ဒေါသကြောင့် အလိုအလျောက် အူလိုက်တယ်။ ကြောက်စရာကောင်းတဲ့အသံလှိုင်းတစ်ခုက လီဖူချန်းကို တိုးဝှေ့လာတယ်။

"ပြေးတော့"

တုံ့ဆိုင်းမနေဘဲ ဟင်းလင်းပြင်ဝံပုလွေက ထွက်ပြေးသွားတော့တယ်။

သူက အဆင့်နိမ့်နက္ခတ်တာရာဧရာမသားရဲတွေလို ညဏ်ရည်မနိမ့်ကျဘူးလေ။

"သူ ပြေးတာ အတော်မြန်သားပဲ" လီဖူချန်းက ရယ်လိုက်တယ်၊ သူက ကပ်ဘေးလက်ကို ဆက်လက်ကျင့်ကြံလိုက်တယ်။

နေ့တွေ ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိကပ်ဘေးအမှတ်အသားတွေက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေတယ်။

သူက ကပ်ဘေးစွမ်းအားကို တဖြည်းဖြည်း ထိန်းချုပ်နိုင်လာနေတယ်လို့ ဆိုလိုတယ်။

တစ်ချိန်တည်းမှာပဲ သူ့စိတ်ဝိညာဉ်အနက်ပိုင်းရှိကပ်ဘေးအမှတ်အသားက ပိုနက်ရှိုင်းလာပြီး မှိန်ဖျော့ဖျော့အလင်းတောက်ပမှုတစ်ခုကို‌တောင် ထုတ်လွှတ်နေတယ်။

"ကပ်ဘေးစွမ်းအား၊ တကယ်ဆန်းကြယ်တယ်"

ဒီနေ့မှာ လီဖူချန်းရဲ့မျက်လုံးတွေက ပွင့်လာတယ်၊ သူ့မျက်နှာက အပြုံးတွေနဲ့ ပြည့်နေတယ်။

ကပ်ဘေးစွမ်းအားမှာ ကံကြမ္မာပါဝင်မယ်လို့ သူ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး။ သူနဲ့ဆက်နွယ်တဲ့သူတိုင်းကို သူက အာရုံခံနိုင်တယ်။ သူက အန္တရာယ်တွေကို ကြိုတင်မှန်းဆလာနိုင်တယ်။

"နတ်ဘုရားလက်က တကယ်ကို အားကောင်းတာပဲ။ နတ်ဘုရားလက်ဖန်တီးသူက ဘာလို့ ‌သေဆုံးသွားရသလဲကို ငါ သိချင်တယ်" လီဖူချန်းက ညည်းညူလိုက်တယ်။

All Chapters