← Chapters

ကပ်ဘေးစွမ်းအားနဲ့ခရမ်းမီးလျှံ

Vol. 70 Ch. 971

ကပ်ဘေးစွမ်းအားနဲ့ခရမ်းမီးလျှံ

Vol. 70 Ch. 971

အသံဒါမှမဟုတ်ချီတည်ရှိမှုတစ်ခုမှ မရှိဘဲ လီဖူချန်းရဲ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်လာတယ်။ သူ့ရဲ့မြန်နှုန်းက အနည်းဆုံးအလင်းမြန်နှုန်းရဲ့အဆသန်းဒါဇင်အနည်းငယ်ရှိလာတယ်။

ဆိုလိုတာက‌တော့ အသက်နှစ်ခါရှုချိန်အတွင်း သူက အလင်းနှစ်တစ်နှစ်ဖြတ်သန်းနိုင်တယ်ဆိုတာပါပဲ။

"မြန်လွန်းတယ်" လီဖူချန်းက ခုခံမှုတစ်ခုမှ မခံစားခဲ့ရဘူး။

အားကောင်းတဲ့ကပ်ဘေးစွမ်းအားနဲ့ရင်ဆိုင်ရတဲ့အခါ အာကာသ-အချိန်ကတောင် ယိုယွင်းသွားရတယ်၊ ဒါကြောင့် ခုခံမှု မရှိပါဘူး။

နောက်ထပ်တစ်နာရီကြာပြီးနောက် လီဖူချန်းက နက်ပြာပလိန်းရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာပြီး တိတ်တဆိတ်စောင့်နေတော့တယ်။

ဝုန်း.......

ဟင်းလင်းပြင်က အရည်ပျော်သွားပြီး ခရမ်းမီးလျှံပုံရိပ်သုံးခုက လီဖူချန်းရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။

"ငါတို့ လာမယ်ဆိုတာ မင်း သိတယ်ပေါ့" ကျူးကွမ်းမင်ရဲ့အမူအရာက ပြောင်းလဲသွားတယ်။

"ဒါ မင်းတို့ဖိတ်ခေါ်လာတဲ့ အကူအညီလား" လီဖူချန်းက ထိုနှစ်ယောက်ရဲ့အလယ်ရှိ အရပ်မြင့်ပြီးမြင့်မြတ်တဲ့အကြီးအကဲတစ်ယောက်ကို ကြည့်လိုက်တယ်။

အကြီးအကဲက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြိုးကြာတစ်ကောင်နဲ့တူတယ်။ ဒါပေမယ့် ဒါက အသွင်အပြင်သာ ဖြစ်တယ်၊ အကြီးအကဲရဲ့ချီတည်ရှိမှုက အလွန်ပူပြင်းတယ်။

"ဒီအဖိုးကြီးက ခရမ်းမီးလျှံဘိုးဘေးပဲ၊ မင်းမှာ အခု အညံ့ခံဖို့ အခွင့်အရေးရှိတယ်" ခရမ်းမီးလျှံဘိုးဘေးက လီဖူချန်းကို ဘာတစ်ခုမှ မမျှော်လင့်ထားပါဘူး။

လီဖူချန်းက အဆင့်၁ကောင်းကင်ဘုံအရှင်တစ်ယောက်ပဲဆိုတာကို သူက ကျူးကွမ်းမင်နဲ့ကြာပန်းနက်ကောင်းကင်ဘုံအရှင်တို့ထံမှ သိထားပြီးပြီ။

"ငါ့ရဲ့အဘိဓာန်မှာ 'အညံ့ခံ'တယ်ဆိုတဲ့စကားလုံးမရှိဘူး" သူ ကပ်ဘေးလက်ကို နားမလည်ခင်ကတည်းက အနာတရမရှိဘဲ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ လီဖူချန်းက ယုံကြည်ပြီးသားလေ။

"မင်းရဲ့ခွန်အားက မင်းရဲ့စကားအတိုင်း ဖြစ်ပါစေလို့ ငါ မျှော််လင့်တယ်" ခရမ်းမီးလျှံဘိုးဘေးက အချိန်မဖြန်းတော့ဘူး။ သူ့ရဲ့ဘယ်ဘက်မျက်လုံးမှ အကြည့်တစ်ချက်နဲ့အတူ ခရမ်းမီးလျှံတစ်ခုကို လီဖူချန်းဆီ ပစ်လွှတ်လိုက်တယ်။

ခရမ်းမီးလျှံက အစမှာ လက်သီးတစ် လုံးအရွယ်အစားသာ ရှိပေမယ့် အဲဒါက လီဖူချန်းနဲ့ နီးကပ်လာတဲ့အခါ ဒေါသူပုန်ထနေတဲ့မီးလျှံပင်လယ်တစ်ခုအဖြစ် ပြောင်းသွားတော့တယ်။

လီဖူချန်းက မီးလျှံပင်လယ်ထဲမှာ မရေမတွက်နိုင်လောက်တဲ့မီးလျှံစိတ်ဝိညာဉ်တွေကို မြင်ရတယ်။

ခရမ်းမီးလျှံဘိုးဘေးရဲ့မီးတာအိုက ရှေးဦးမူလအခြေအနေကို ရောက်ရှိထားပြီး နောက်ထပ်ခြေတစ်လှမ်း‌တောင် ရှိနေပြီ။ အဲဒါက ရှေးဦးမူလဖရိုဖရဲကို ဖွင့်ဟထားပြီးဖြစ်တယ်။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"

လီဖူချန်းက သူ့ရဲ့ဓားတာအိုနဲ့ရန်သူရဲ့မီးတာအိုကြား ခြားနားချက်ကို မြင်ချင်ခဲ့တယ်၊ ဒါကြောင့် သူက သူ့ရဲ့ဓားကွက်နဲ့ပဲ ပြန်တိုက်ခိုက်လိုက်တယ်။

ဝုန်း ဒုန်း.......

မီးပင်လယ်က ဓားပင်လယ်နဲ့ ထိတွေ့တဲ့အခါ ဓားပင်လယ်က ချက်ချင်းအရည်ပျော်သွားတယ်။

မီးပင်လယ်က သူ့ဆီ ရောက်ရှိလာတာကို မြင်ပြီး လီဖူချန်က သူ့ခွန်အားကို နောက်ထပ် မဖုံးကွယ်တော့ဘဲ မီးပင်လယ်ထံ လက်သီးတစ်လုံးပစ်သွင်းလိုက်တယ်။

ဝှစ်.......

လီဖူချန်းရဲ့လက်သီးနဲ့ရင်ဆိုင်ရတဲ့အခါ မီးလျှံတွေက ပုံရိပ်ယောင်တစ်ခုပမာ ပျောက်ကွယ်သွားတော့တယ်။

"မဖြစ်နိုင်ဘူး"

ကျူးကွမ်းမင်နဲ့ကြာပန်းနက်ကောင်းကင်ဘုံအရှင်တို့ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်၊ သူတို့က ဘာဖြစ်ခဲ့သလဲကို မယုံကြည်နိုင်ဘူးဖြစ်နေတယ်။

ခရမ်းမီးလျှံအကြီးအကဲက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး သူက ခွန်အားပြည့်မတိုက်ခိုက်ရင်တောင် သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်အနေနဲ့ သူ့ကို ယှဉ်ပြိုင်ဖို့က မဖြစ်နိုင်ဘူး။

"သူ အရင်က သူ့ခွန်အားကို ဖုံးကွယ်ထားတာ ဖြစ်နိုင်လား။ အဲဒါဆိုရင် ဘာလို့ သူ အဲလိုလုပ်ရတာလဲ။ သူက ကျူးကလန်ရဲ့ရန်သူတစ်ယောက် မဖြစ်ချင်တာများလား"

ကျူးကွမ်းမင်က တွေး‌နေရင်း ဖြစ်နိုင်ခြေက ပိုမြင့်မားတယ်လို့ သူက ခံစားရတယ်။ သူက ချွေးတွေ ထွက်လာနေတယ်။

လီဖူချန်းက အနည်းငယ်ပိုရက်စက်ကြမ်းတမ်းရင် သူက အရင်‌တွေ့ဆုံကတည်းက ပျောက်ကွယ်သွားနေပြီပေါ့။

"တစ်ခုခုမှားနေပြီ" ခရမ်းမီးလျှံဘိုးဘေးက ကျုးကွမ်းမင်နဲ့ကြာပန်းနက်ကောင်းကင်ဘုံအရှင်တို့ကို စိုက်ကြည့်လိုက်တယ်၊ သူက အတော်လေး မပျော်မရွှင်ဖြစ်မိတယ်။ သူ့ရန်သူက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်မှန်း သိသာတယ်၊ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကြားမှာတောင် သာလွန်မြင့်မားသူဖြစ်တယ်။

"ခရမ်းမီးလျှံကောင်းကင်ယိုယွင်းခြင်း....."

လီဖူချန်းက ရင်ဆိုင်ရခက်ခဲမှန်း ခရမ်းမီးလျှံဘိုးဘေးက သိရင်တောင် သူက ဒီခရီးကို လက်ဗလာနဲ့ မပြန်ချင်ပါဘူး။

အဆုံးမရှိမီးလျှံစက်လုံးတွေက ခရမ်းမီးလျှံဘိုးဘေးရဲ့အရှေ့မှာ စုဝေးလာတယ်။ တွန်းလိုက်ရာ ဧရာမခရမ်းမီးလျှံစက်လုံးတစ်ခုက လီဖူချန်းထံ ရောက်ရှိလာတယ်။

ခရမ်းမီးလျှံစက်လုံးက ခရမ်းမီးလျှံတွေ အပြည့်အလျှံစုစည်းထားတယ်။ အဲဒါ ထွက်ပေါ်လာတဲ့အခိုက်မှာ အာကာသ-အချိန်က ပြာကျသွားတယ်။ အဲဒါက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေနဲ့စကြာဝဠာဥပဒေသကို ဖျက်ဆီးနိုင်တယ်လို့ ခံစားရတယ်။

"အချိန်ကျပြီ" လီဖူချန်းက သူ့ရဲ့လက်တွေနဲ့အတူ ခရမ်းမီးလျှံစက်လုံးကို ခုတ်ပိုင်းလိုက်တယ်။

ဖြောက်.......

ခရမ်းမီးလျှံစက်လုံးက အက်ကွဲသွားတယ်၊ နောက်တော့ အဲဒါက ပျက်စီးသွားလေတယ်။

တစ်ချိန်တည်းမှာ လီဖူချန်းထုတ်လွှတ်လိုက်တဲ့ကပ်ဘေးစွမ်းအားက ကုန်ဆုံးသွားတယ်။

"ဒီမိတ်ဆွေလေးက တကယ်ပြောင်မြောက်တာပဲ။ ဒီလူအိုကြီးရဲ့မျက်လုံးတွေက တကယ်ကို မကောင်းတော့ဘူးပဲ" ခရမ်းမီးလျှံဘိုးဘေးက သူ့လက်တွေကို သူ့ရဲ့နောက်ကျောမှာ ထားကာ နောက်ထပ်မတိုက်ခိုက်တော့ပါဘူး။

သူတို့ရဲ့အဆင့်မှာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်က မလှုပ်ရှားရင် သူတို့ရဲ့အသက်က အန္တရာယ်တစ်စုံတစ်ရာဖြစ်လာမှာမဟုတ်ဘူး။

"စီနီယာရဲ့မီးတာအိုဥပဒေသက အညတြလီကို အထင်ကြီးစေခဲ့ပါတယ်"

ဒါက လီဖူချန်းအနေနဲ့ မြို့အရှင်ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ပထမဆုံးအကြိမ်ပါပဲ၊ ဒါက သူ့အတွက် တကယ်အကျိုးရှိစေတယ်။

"ဒီမိတ်ဆွေလေးက စိုးရိမ်စရာမလိုပါဘူး။ ငါ သင့်ကို နောက်ထပ်ဘာပြဿနာမှ မရှာတော့ဘူး။ သွားကြစို့" ခရမ်းမီးလျှံဘိုးဘေးက လက်ကို ဝှေ့ယမ်းလိုက်တယ်။ ခရမ်းရောင်မီးလျှံတစ်ခုက ကြီးမားလာပြီး ကျူးကွမ်းမင်နဲ့ကြာပန်းနက်ကောင်းကင်ဘုံအရှင်တို့ကို ဟင်းလင်းပြင်ထဲသို့ သယ်ဆောင်သွားတော့တယ်။

"ခရမ်းမီးလျှံအကြီးအကဲ၊ ဒီလူငယ်က ဒီလိုခွန်အားမျိုးပိုင်ဆိုင်တာ မယုံနိုင်စရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုတော့ ရှိရမယ်။ ဘာလို့ ငါတို့ ဒိုယန်အကြီးအကဲတစ်ယောက်ကို လှုပ်ရှားဖို့ မဖိတ်ခေါ်ရတာလဲ"

ကျူးကလန်ရဲ့ဒိုယန်အကြီးအကဲတွေအားလုံးက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေပါပဲ၊ သူတို့က ကျူးကလန်ရဲ့အထက်အကြီးကဲတွေ ဖြစ်ကြတယ်။

ခရမ်းမီးလျှံအကြီးအကဲက အပြစ်တင်လိုက်တယ်"ဒိုယန်အကြီးအကဲတစ်ယောက်က အရာရာတိုင်းမှာ ပါဝင်နေရမှာလား။ မင်းကိုယ်မင်း ကလန်ခေါင်းဆောင်လို့ ထင်နေတာလား"

"ငါ မလုပ်ရဲပါဘူး" ကျူးကွမ်းမင်ရဲ့အမူအရာက တောင့်တင်းသွားတော့တယ်။

"ဒီကိစ္စကို ဒီအတိုင်း အဆုံးသတ်လိုက်တော့။ ထိုလူငယ်က ထင်သလောက် မရိုးရှင်းဘူး၊ သူ့မှာ ကြီးမားတဲ့နောက်ခံတစ်ခုရှိရမယ်။ ကျူးကလန်က ဘယ်ဂိုဏ်းကိုမှ မကြောက်ပေမယ့် အကြောင်းပြချက်မရှိဘဲ ရန်သူတွေ ရှာဖွေနေဖို့ မလိုဘူး"

ပလိန်းတစ်ခုအတွက်နဲ့ ဒီလိုကြီးမားတဲ့စွန့်စားမှုတစ်ခုကို ပြုလုပ်ဖို့ မထိုက်တန်ပါဘူး။

…

"ကြည့်ရတာ ငါ ကျူးကလန်ကို သတိထားဖို့လိုမယ်"

ကျူးကလန်က စကြာဝဠာရဲ့လက်ရွေးစင်ဂိုဏ်းတွေထဲကတစ်ခုလို့ လီဖူချန်းက ကျူးဟောင်ရှုထံမှ သိထားခဲ့တယ်။ အထက်အကြီးအကဲတွေက ဒိုယန်တွေဖြစ်ပြီး သူတို့အားလုံးက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေပဲ။ သူတို့အောက်မှာ အကြီးအကဲအုပ်စုတစ်စုရှိတယ်။ စောစောက အကြီးအကဲက ကျူးကလန်ရဲ့အကြီးအကဲတစ်ယောက်မှန်း သိဖို့ လီဖူချန်းက ခန့်မှန်းစရာတောင် မလိုပါဘူး။

ဒါပေမယ့် လီဖူချန်းက ကျူးကလန်ကို မကြောက်ပါဘူး၊ သူက အခြေအနေအရ တုံ့ပြန်ရပါလိမ့်မယ်။

ကပ်ဘေးလက်နဲ့အတူ သူက ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်က လှုပ်ရှားမှုတစ်ခုပြုရင်တောင် လက်ရွေးစင်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်မဟုတ်သ‌ရွေ့ သူ့ကို ဒဏ်ရာရစေဖို့ မဖြစ်နိုင်ပါဘူး။

ကပ်ဘေးစွမ်းအားနဲ့ဆိုရင် သူက အန္တရာယ်ကို ကြိုတင်ခံစားနိုင်ပြီး ကံကြမ္မာကိုလည်း အာရုံခံနိင်တယ်။

သူ၊ ကျုးကွမ်းမင်နဲ့ ကြာပန်းနက်ကောင်းကင်ဘုံအရှင်တို့အကြားရှိကံကြမ္မာကြောင့် သူက သူတို့ရဲ့လှုပ်ရှားမှုတွေကို ကြိုတင်မြင်နိုင်တယ်။

လီဖူချန်း ထင်တာ မမှားရင် ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က မသေမျိုးဖြစ်တာလောက် မရိုးရှင်းပါဘူး။ တကယ်တော့ မသေမျိုးဆိုတာက ဖော်ပြချက်တစ်ခုမျှသာပဲ။ သူက သူ့ထက် အဆထောင်ပေါင်းများစွာပိုသန်မာတဲ့တစ်စုံတစ်ယောက်နဲ့တွေ့ရင် သူက ပျောက်ကွယ်ရအုံးမှာပဲ။ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က ကပ်ဘေးကို ရှောင်ရှားနိုင်တဲ့စွမ်းရည်ရှိလောက်တယ်။ ဆိုလိုတာကတော့ အန္တရာယ်ကြီးကြီးမားမားတစ်ခုရှိရင် သူက ကြိုတင်အာရုံခံနိုင်ပြီး ထွက်ပြေးနိုင်လိမ့်မယ်။

ဒါပေမယ့် အကြွင်းမဲ့သေချာတာ ဘာတစ်ခုမှ မရှိဘူး။ သို့မဟုတ်ရင် နတ်ဘုရားလက်ဖန်တီးသူက ပျောက်ကွယ်သွားလိမ့်မှာဟုတ်ဘူး။

"ဒီအဆုံးမဲ့စကြာဝဠာထဲမှာ ခွန်အားကသာ အုပ်ချုပ်တယ်။ ကပ်ဘေးလက်နဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က ဝှက်ဖဲတွေထဲကတစ်ခုမျှသာပဲ။ ငါ သူတို့အပေါ် အများကြီးမှီခိုလို့မရဘူး"

"ဓားတာအိုက သူ့ရဲ့ပင်မအမြစ်မှန်း လီဖူချန်းက ရှင်းလင်းစွာ သိတယ်။

အဆုံးမှာတော့ ကပ်ဘေးလက်က အကန့်အသတ်ရှိလိမ့်မယ်၊ ဓားတာအိုကတော့ အကန့်အသတ်ရှိလာလိမ့်မှာမဟုတ်ဘူးလေ။

All Chapters