← Chapters

အစွန်းအလင်းမိခင်ကျောက်တုံး

Vol. 70 Ch. 972

အစွန်းအလင်းမိခင်ကျောက်တုံး

Vol. 70 Ch. 972

အစွန်းအလင်းကြယ်ပိုင်နက်၊ အစွန်းအလင်းရွာ။

ဒါက အစွန်းအလင်းကြယ်ပိုင်နက်ရဲ့နံပါတ်၁အန္တရာယ်နယ်မြေဖြစ်တယ်။ ဒီနေရာရှိအာကာသ-အချိန်က ဖရိုဖရဲဖြစ်ပြီး မရေမတွက်နိုင်တဲ့အာကာသ-အချိန်အလွှာတွေက အတူတကွ ဆင့်ပုံနေတယ်။ သူတို့က ဂရုမစိုက်ရင် မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ကတောင် အသက်ဆုံးရှုံးသွားနိုင်တယ်။

အစွန်းအလင်းရွာက အစွန်းအလင်းကျောက်တုံးကို ထုတ်လုပ်တယ်၊ အစွန်းအလင်းကျောက်တုံးတစ်တုံးစီက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ဘီလံထိုက်တန်တယ်။ တစ်‌ယောက်ယောက်က ကံကောင်းရင် အစွန်းအလင်းမိခင်ကျောက်တုံးကိုပါ ရှာတွေ့နိုင်တယ်။ အစွန်းအလင်းကျောက်တုံးတစ်တုံးစီက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ထရီလီယံထိုက်တန်တာကြောင့် ထီပေါက်တာနဲ့ အတူတူပါပဲ။

လီဖူချန်းက ဒီနေရာကို လာပြီး အစွန်းအလင်းကျောက်တုံးတွေကို ရှာဖွေနေတာ ၎င်းရဲ့တန်ဖိုးကြောင့်တင်မကဘူး၊ ၎င်းရဲ့အကျိုးသက်ရောက်မှုကြောင့်လည်းပါတယ်။

အစွန်းအလင်းကျောက်တုံးတွေမှာ အချိန်အရင်းမြစ်စွမ်းအားပါဝင်ပြီး အစွန်းအလင်းမိခင်‌ကျောက်တုံးမှာ အချိန်အရင်းမြစ်အနှစ်သာရပါဝင်တယ်။ အဲဒါကို စကြာဝဠာရတနာတစ်ခုလို့ သတ်မှတ်နိုင်တယ်။

စကြာဝဠာမှာ ပစ္စည်းအနည်းငယ်ကသာ စကြာဝဠာရတနာတွေလို့ သတ်မှတ်နိုင်တယ်။

အစွန်းအလင်းမိခင်ကျောက်တုံးကို အဆင့်အနိမ့်ဆုံးအဆင့်စကြာဝဠာရတနာလို့ သတ်မှတ်လို့ရတယ်။

ဟင်းလင်းပြင်ထဲမှာ အလင်းတန်းတွေက တစ်ခုနဲ့တစ်ခု ကန့်လန့်ဖြတ်နေပြီး သူတို့တစ်ခုစီက အချိန်အလွှာတစ်ခုကို ကိုယ်စားပြုတယ်။ အလင်းတန်းနှစ်ခုက တစ်ခုနဲ့တစ်ခု ကန့်လန့်ဖြတ်တဲ့အခါ အချိန်အနှောင့်အယှက်ကို ဖြစ်ပေါ်စေတယ်။ ရာထောင်ချီတဲ့အလင်းတန်းတွေ ကန့်လန့်ဖြတ်တဲ့အခါ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကတောင် အထဲမှာ အသက်ဆုံးရှုံးသွားရလိမ့်မယ်။

အစွန်းအလင်းရွာရဲ့အနက်ပိုင်းထဲမှာ မရေမတွက်နိုင်တဲ့အလင်းတွေ ကန့်လန့်ဖြတ်တည်ရှိနေတယ်။ အဲဒါက ပင့်ကူအိမ်ထက်တောင် အဆသန်းပေါင်းများစွာ ပိုရှုပ်ထွေးတယ်။

"အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်၊ ဒီနေရာမှာ အစွန်းအလင်းမိခင်ကျောက်တုံးတစ်တုံးရှိတာ သေချာလို့လား" ရေဝဲလိုမျက်လုံးတစ်စုံရှိတဲ့အကြီးအကဲတစ်ယောက်က တုံ့ဆိုင်းစွာ မေးလိုက်တယ်။

"ရေဝဲကောင်းကင်ဘုံအရှင်၊ အလင်းတာအိုမှာငါ့ရဲ့ကျွမ်းကျင်မှုနဲ့ဆိုရင် ငါက လုံးဝသေချာတယ်။ အစွန်းအလင်းမိခင်ကျောက်တုံးရဲ့အရှိန်အဝါက ဒီနေရာမှာပဲ" အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က မျက်လုံးတွေ မှိတ်လိုက်တယ်၊ သူ့ခန္ဓာကိုယ်က အရာအားလုံးကိုထွန်းလင်းစေတဲ့မထင်မရှားအဖြူရောင်အလင်းကို ထုတ်လွှတ်နေတယ်။

"အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်၊ ငါတို့ရဲ့သဘောတူညီချက်အရ အစွန်းအလင်းမိခင်ကျောက်တုံးကို ရရှိပြီးရင် ငါနဲ့ရေဝဲကောင်းကင်ဘုံအရှင်က မိခင်ကျောက်တုံးတစ်ဝက်ကို ခွဲယူမယ်၊ ကျန်တဲ့တစ်ဝက်က နင် ယူမယ်မလား" အလှလေးတစ်ယောက်က လေးနက်တဲ့လေသံနဲ့ ပြောလိုက်တယ်။

"ပြဿနာမရှိဘူး" အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က ခေါင်းညိတ်လိုက်တယ်။

တုံ့ပြန်တဲ့အနေနဲ့ အလှလေးနဲ့ရေဝဲကောင်းကင်ဘုံအရှင်တို့က အကြည့်တွေဖလှယ်လိုက်ကြတယ်။

သူတို့နှစ်ယောက်က အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ကို မယုံကြည်ပေမယ့် အစွန်းအလင်းမိခင်ကျောက်တုံးကို လိုချင်တယ်။ အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က မူမမှန်တာတစ်ခုခုလုပ်ရဲရင် သူတို့က ပူးပေါင်းပြီး  သူ့ကို ဒဏ်ရာအပြင်းအထန်ရစေလိမ့်မယ်။

အချိန်တွေ ကုန်ဆုံးလာနေတယ်။

"အဲဒါ ထွက်ပေါ်လာပြီ" အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ရဲ့မျက်လုံးတွေက အဖြူရောင်အလင်းတွေ ပေါက်ကွဲထွက်လာတယ်။

သူ့ရဲ့အရှေ့မှာ အလင်းတန်းတစ်သောင်းကျော်က အတူတကွ ဆင့်ပုံနေပြီး တောက်ပတဲ့ကျောက်တုံးတစ်တုံးကို ရေးတေးတေးမြင်ရတယ်။

"သွားစမ်း" အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က အဖြူရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်ပြီး တောက်ပနေတဲ့ကျောက်တုံးဆီ တိုးဝင်သွားတယ်။

ရေဝဲကောင်းကင်ဘုံအရှင်နဲ့အလှလေးတို့ကလည်း လှုပ်ရှားလိုက်ကြတယ်။

သူတို့သုံးယောက်က မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေ ဖြစ်ကြပြီး မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကြားမှာ အတော်လေးပြောင်မြောက်တယ်။ သို့မဟုတ်ရင် သူတို့က မြို့တစ်မြို့ရဲ့အရှင်တွေ၊ အရှင်မတွေ ဖြစ်နေမှာမဟုတ်ဘူး။

သုံးယောက်သားပူးပေါင်းမှုနဲ့အတူ အလင်းလွှာတွေက ပျက်ဆီးသွားပြီး တောက်ပနေတဲ့ကျောက်တုံးက ပို၍ပို၍ ရှင်းလင်းလာတယ်။

"မလုံလောက်သေးဘူး။ မင်းတို့ရဲ့အမှတ်အသားတိုက်ကွက်တွေကို သုံးလိုက်"

အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က အဖြူရောင်ဓားအလင်းတစ်ခုကို သိပ်သည်းကာ ခုတ်ပိုင်းလိုက်တယ်။ အနည်းဆုံးအလင်းလွှာထောင်ကျော်ကို ပိုင်းဖြတ်သွားခဲ့တယ်။

အနေအထားကို မြင်ပြီး ရေဝဲကောင်းကင်းဘုံအရှင်ရဲ့မျက်လုံးတွေက ရုတ်တရက်လည်သွားပြီး  သူ့ရှေ့ရှိအရာအားလုံးက စတင်ယိုယွင်းလာတယ်။

"ဖျက်ဆီးခြင်းမုန်တိုင်း....."

အလှလေးက သူမရဲ့နောက်ကျောမှာ ရွှန်းစိုတဲ့တောင်ပံတစ်စုံကို ဖြစ်ပေါ်စေလိုက်တယ်။ တောင်ပံခတ်လိုက်ရာ ကြောက်စရာကောင်းတဲ့မုန်တိုင်းတစ်ခုက ၎င်းရဲ့လမ်းကြောင်းရှိအရာအားလုံးကို ဖျက်ဆီးလိုက်တယ်။

"ရတော့မယ်၊ ရတော့မယ်" အစွန်းအလင်းမိခင်ကျောက်တုံးကို ပို၍ရှင်းရှင်းလင်းလင်းမြင်လာရပြီး အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ရဲ့မျက်လုံးတွေက အပူတပြင်းလှုပ်ရှားလာတော့တယ်။

စကြာဝဠာရတနာတစ်ခုအနေနဲ့ အစွန်းအလင်းမိခင်ကျောက်တုံးမှာ အချိန်အရင်းမြစ်အနှစ်သာရပါဝင်တယ်။ အဲဒါက လီဖူချန်းရဲ့ကျင့်ကြံခြင်းကို အကြီးအကျယ်အကျိုးရှိစေတယ်။ သူ အဲဒါကို ရရှိတာနဲ့ နှစ်ပေါင်းမရေမတွက်များစွာအားထုတ်မှုကို လျော့ချနိုင်မှာဖြစ်သလို ကြယ်ပိုင်နက်အဆင့်ကို ခြေချဖို့ ကြီးမားတဲ့အခွင့်အရေးတစ်ရပ်လည်း ဖြစ်တယ်။

လိုအပ်ချက်ကတော့ အစွန်းအလင်းမိခင်ကျောက်တုံးတစ်တုံးလုံးဖြစ်ပြီး တစ်ဝက်တောင် မရပါဘူး။

ဝှစ်.......

နောက်ဆုံးအလင်းလွှာပျက်ဆီးသွားတာနဲ့ အစွန်းအလင်းကျောက်တုံးက သူတို့သုံးယောက်ရှေ့မှာ ထွက်ပေါ်လာတယ်။

"အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်၊ ဒါနဲ့ပတ်သက်ပြီး မစဉ်းစားနဲ့"

ရေဝဲကောင်းကင်ဘုံအရှင်နဲ့အလှလေးက ဒေါသထွက်သွားတယ်။ သူတို့နှစ်ယောက်လုံးက အဖြူရောင်အလင်းကို အတူတကွတိုက်ခိုက်လာကြတယ်။

အစွန်းအလင်း‌မိခင်ကျောက်တုံးကို တစ်ယောက်တည်း မထိတွေ့ရဘူးလို့ စီစဉ်ထားခဲ့ပေမယ့် အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က ကျမ်းကျိန်ချက်ကို ချိုးဖောက်ခဲ့တာပဲ။

အဖြူရောင်အလင်းသို့ ပြောင်းလဲသွားပြီးနောက် အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က မြန်လွန်းတယ်။ သူတို့နှစ်ယောက်လှုပ်ရှားတဲ့အချိန်မှာ နောက်ကျသွားပြီ။ အစွန်းအလင်းကျောက်တုံးက အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ရဲ့လက်ထဲကို ကျရောက်လာတယ်။

"မင်းတို့နှစ်ယောက် ဒီနေရာမှာပဲ လိမ်လိမ်မာမာနဲ့ နေရစ်ခဲ့‌တော့"

အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က အစွန်းအလင်းမိခင်ကျောက်တုံးကို မြှောက်လိုက်တယ်၊ အဆုံးမဲ့အလင်းတန်းတွေက ရေဝဲကောင်းကင်ဘုံအရှင်နဲ့အလှလေးတို့ကို ဝန်းရံသွားတော့တယ်။

အစွန်းအလင်းမိခင်ကျောက်တုံးမှာ အစွန်းအလင်းရွာရှိအလင်းတွေကို ထိန်းချုပ်ဖို့ မွေးရာပါစွမ်းရည်ရှိတယ်။

"မကောင်းတော့ဘူး"

သူတို့နှစ်ယောက်ရဲ့အမူအရာက အကြီးအကျယ်ပြောင်းလဲသွားတယ်။ သူတို့က ဒီအလင်းတန်းတွေကြားမှာ ပိတ်မိနေခဲ့ရင် သူတို့က အဆုံးမဲ့အာကာသ-အချိန်ထဲမှာ သေချာပေါက်အသက်ဆုံးရှုံးသွားရလိမ့်မယ်။

လက်ကို ဝှေ့ယမ်းလိုက်ရာ ရေဝဲကောင်းကင်ဘုံအရှင်က သူ့အရှေ့မှာ မှန်တစ်ချပ်ကို ထုတ်ထားလိုက်တယ်။ မှန်က ကြီးလာပြီး ကြီးမားတဲ့အလင်းပမာဏတစ်ခုကို အလင်းပြန်သွားစေတယ်။

အလှလေးက အတော်လေးဆန်းကြယ်တဲ့ရောင်စုံပုလဲတစ်လုံးကို ယူထုတ်လိုက်တယ်။ အဲဒါက သူမနဲ‌ရေဝဲကောင်းကင်ဘုံအရှင်တို့ကို ကာကွယ်‌ပေးမယ့် ရောင်စုံအလင်းစက်ဝိုင်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။

ဒါပေမယ့် အလင်းတန်းတွေ သူတို့ကို ပိုပြီးဝန်းရံလာတာနဲ့အမျှ သူတို့နှစ်ယောက်က ဖိအားတွေ ပိုခံစားလာရတယ်။ ရေဝဲကောင်းကင်ဘုံအရှင်အရှေ့ရှိမှန်က သေးငယ်တဲ့အက်ကွဲရာတစ်ခုဖြစ်လာတယ်။

"အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်၊ မင်းရဲ့ကျမ်းကျိန်ချက်ကို ချိုးဖောက်တဲ့အတွက် ကောင်းကင်ဘုံတာအိုရဲ့အပြစ်ပေးမှုကို မင်း ခံရမှာ မကြောက်ဘူးလား" အလှလေးက အော်လိုက်တယ်။

အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က ရယ်ကာ ပြောလိုက်တယ်။ "စိတ်ဝိညာဉ်ငှက်မွေးကောင်းကင်ဘုံအရှင်မ၊ ငါတို့က ငါတို့ရဲ့အထွတ်အထိပ်ကို ရောက်နေပြီဆိုတာ မင်းရောငါရော သိပါတယ်။ နောက်ထပ်တိုးတက်ဖို့က မဖြစ်နိုင်လုနီးပါးပဲ။ ဒါကြောင့် ငါရဲ့တာအိုနှလုံးသား ထိခိုက်သွားရင်တောင် ငါ ဒီအခွင့်အရေးကို အရှုံးပေးမှာမဟုတ်ဘူး။ ငါနဲ့ ဘယ်တော့မှ မရင်ဆိုင်ဖို့ မင်းတို့နှစ်ယောက်က ကျမ်းကျိန်ချက်တစ်ခုပြုလုပ်မယ်ဆိုရင် ငါ မင်းတို့ရဲ့အသက်ကို ချမ်းသာပေးနိုင်တယ်"

"အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်၊ ငါတို့ မင်းကို ထပ်ယုံအုံးမယ်လို့ ထင်နေတာလား"

အနာဂတ်လက်စားချေခြင်းကို ကာကွယ်ဖို့အတွက် အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က သူတို့ကို ကျမ်းကျိန်ခိုင်းမှန်း ရေဝဲကောင်းကင်ဘုံအရှင်က ဘယ်လိုလုပ်ပြီးမသိဘဲနေမှာလဲ။ တကယ်တော့ အဆုံးမဲ့အာကာသ-အချိန်မှ လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုရှိပါသေးတယ်။

"မင်းတို့က ငါရဲ့ညှာတာမှုကို လက်မခံမှတော့.....ဒါဆိုလဲ......ဘယ်သူလဲ"

အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က ထက်မြက်တဲ့အာရုံခံစားမှုနဲ့ထူးခြားတဲ့တုံ့ပြန်မှုရှိတယ်ဆိုပေမဲ့ သူ့လက်မောင်းပြတ်သွားပြီး အစွန်းအလင်းမိခင်ကျောက်တုံးအခိုးခံရတာကိုသာ ဒီအတိုင်း ကြည့်နေလိုက်ရတယ်။

အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ရဲ့အရှေ့မနီးမဝေးမှာတော့ ပုံရိပ်တစ်ခုက ရှိနေတယ်။

ဒါက အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်သိတဲ့ပုံရိပ်တစ်ခုပါပဲ။ သူက အစွန်းအလင်းကျောက်တုံးအတွက် ရွှေခြင်္သေ့ကောင်းကင်ဘုံအရှင်နဲ့တိုက်ခိုက်ခဲ့တဲ့ ထိုဆန်းကြယ်တဲ့ကောင်းကင်ဘုံအရှင်ပဲလေ။

ဒါပေမယ့် အရင်တစ်ခေါက်နဲ့နှိုင်းယှဉ်ရင် ဆန်းကြယ်တဲ့ကောင်းကင်ဘုံအရှင်က အဆတစ်ရာကျော်ပိုသန်မာလာတယ်။

ဒဏ်ရာရသွားတဲ့လက်မောင်း ပြန်မပေါက်လာတာကြောင့် အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ရဲ့မျက်နှာအမူအရာက ပူလောင်လာတယ်"အမှိုက်၊ အစွန်းအလင်းမိခင်ကျောက်တုံးကို ပြန်ပေးစမ်း။ မဟုတ်ရင် ငါ မင်းကို ဒီကမ္ဘာမှာမွေးဖွားမိတာကိုနောင်တရအောင် လုပ်ပြမယ်"

"အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်၊ မင်းမှာ အဲလိုလုပ်ဖို့ အရည်အချင်းရှိလို့လား" လီဖူချန်းက ရယ်လိုက်တယ်။

သူ့ရဲ့ကပ်ဘေးစွမ်းအားနဲ့စိတ်ဝိညာဉ်စွမ်းရည်ကြောင့် လီဖူချန်းက အစွန်းအလင်းမိခင်ကျောက်တုံးကို အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ခိုးယူနိုင်ခဲ့တယ်။

ကပ်ဘေးစွမ်းအားက သူ့ကို အစွန်းအလင်းရွာရဲ့အလင်းတွေကို လစ်လျူရှုနိုင်စေတယ်၊ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကတော့ သူ့ရဲ့ချီတည်ရှိမှုကို ချို့ယွင်းချက်မဲ့ဖုံးကွယ်နိုင်စေတယ်။ အဲဒါက သူ့ကို အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ထံ တိတ်တဆိတ်ချဉ်းကပ်နိုင်လာစေတယ်။

ဒါပေမယ့် အရေးကြီးဆုံးအချက်ကတော့ အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က ရေဝဲကောင်းကင်ဘုံအရှင်နဲ့စိတ်ဝိညာဉ်ငှက်မွေးကောင်းကင်ဘုံအရှင်မတို့ကို အများဆုံးအာရုံစိုက်နေရတာလေ။ သို့မဟုတ်ရင် အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်လက်ထဲကနေ ခိုးယူဖို့က အဲလောက်လွယ်မှာမဟုတ်ပါဘူး။

မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ကို ရင်ဆိုင်ရတာ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်ကူမှာလဲ။

အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က သူ့ရဲ့ထိန်းချုပ်မှုဆုံးရှုံးသွားတာကြောင့် ရေဝဲကောင်းကင်ဘုံအရှင်နဲ့စိတ်ဝိညာဉ်ငှက်မွေးကောင်းကင်ဘုံအရှင်မတို့ကိုဝန်းရံထားတဲ့အလင်းတွေက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားတယ်။ အနည်းဆုံး အလင်းတွေက သူတို့ကို ပစ်မှတ်မထားတော့ဘူး။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်ကြတယ်၊ သူတို့က အလွန်အမင်း သတိကြီးနေကြတယ်။

"ရေဝဲကောင်းကင်ဘုံအရှင်၊ စိတ်ဝိညာဉ်ငှက်မွေးကောင်းကင်ဘုံအရှင်၊ စောစောက ငါ မှားသွားတာပါ။ ဒါပေမယ့် ငါ နောက်ထပ်ကျမ်းကျိန်ချက်တစ်ခုကို ပြုလုပ်နိုင်တယ်။ အစွန်းအလင်းမိခင်ကျောက်တုံးကို ပြန်ရပြီးရင် ငါတို့သုံးယောက် အညီအမျှ ခွဲဝေကြမယ်။ ငါ ကျမ်းကျိန်ချက်ကို ချိုးဖောက်ရင် ကံဆိုးမိုးမှောင်ကျပြီး မရှုမလှသေ‌စေရမယ်" လီဖူချန်းက ရင်ဆိုင်ရမလွယ်မှန်း အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က သိတာကြောင့် ကျန်နှစ်ယောက်ထံ သတင်းပို့လိုက်တယ်။

နှစ်ယောက်သား တစ်ခဏစဉ်းစားပြီး အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ရဲ့အကြံပြုချက်ကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်။

သူတို့က အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ရဲ့လုပ်ရပ်တွေအပေါ် ရွံရှာစက်ဆုပ်ပေမယ့် အစွန်းအလင်းမိခင်ကျောက်တုံးကို လီဖူချန်း ယူသွားမှာကိုလည်း သူတို့က မလိုချင်ပါဘူး။

အရေးကြီးဆုံးကတော့ အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က ကျမ်းကျိန်ချက်ကို တစ်ခါ ချိုးဖောက်ပြီးပြီ၊ သူက နောက်တစ်ခါချိုးဖောက်ရင် အကျိုးဆက်တွေက အတော်လေးပြင်းထန်ပါလိမ့်မယ်။

All Chapters