အချိန်အဆတစ်သောင်း
Vol. 70 Ch. 973
"သွားစမ်း"
သုံးယောက်သား လီဖူချန်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြတယ်။
"ဒီလိုဆိုတော့ ငါ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို စစ်ဆေးနိုင်တာပေါ့လေ" လီဖူချန်းက မရွေ့လျားဘဲ တိုက်ခိုက်မှုအားလုံးကို ခံဆောင်လိုက်တယ်။
ပထမကတော့ အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ရဲ့အလင်းဓားချီပဲ၊ အဲဒါက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ပွတ်တိုက်သွားပြီး သေးငယ်တဲ့မီးပွားတစ်ခုကိုသာ ကျန်ရစ်စေခဲ့တယ်။
ဒုတိယကတော့ ရေဝဲကောင်းကင်ဘုံအရှင်ရဲ့ရေဝဲတွန့်လိမ်စွမ်းအားပါပဲ။
တတိယကတော့ စိတ်ဝိညာဉ်ငှက်မွေးကောင်းကင်ဘုံအရှင်မရဲ့ဖျက်ဆီးခြင်းမုန်တိုင်းပါပဲ။
ကံမကောင်းတာကတော့ အနောက်နှစ်ယောက်ရဲ့တိုက်ခိုက်မှုက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ထိတွေ့ပြီးနောက် ချက်ချင်းပျောက်ကွယ်သွားတယ်။ သူတို့က ခြိမ်းခြောက်မှုတစ်ခုတောင် မဖြစ်လာပါဘူး။
"ဘာလဲဟ......"
အနေအထားကို မြင်ပြီး သူတို့သုံးယောက်က လေအေးလေးတွေ ရှုသွင်းမိသွားတယ်။
ခန္ဓာကိုယ်ကို သုံးပြီး သူတို့ရဲ့စုပြုံတိုက်ခိုက်မှုကို လက်ခံခြင်း။ ခန္ဓာကိုယ်အပြင်အားမှာ ကျွမ်းကျင်တဲ့ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ကတောင် ဒီလိုမလုပ်နိုင်ဘူး......
"မင်းက အတိအကျ ဘယ်သူလဲ" အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က အော်လိုက်တယ်။
"ဒါ အရေးကြီးတယ်လို့တော့ ငါ မထင်ဘူး"
ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေရဲ့တိုက်ခိုက်မှုတွေကို လစ်လျူရှုနိုင်တာကို သိပြီးနောက် လီဖူချန်းက အေးဆေးသွားတော့တယ်။
"မင်း ငါ့ကို ဖိအားပေးလိုက်တာပဲ.....အလင်းဖန်တီးခြင်း......."
အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်ရဲ့ခန္ဓာကိုယ်မှအလင်းက အလွန်ကြီးမားပြင်းထန်လာတယ်၊ ကမ္ဘာဖန်တီးတဲ့မြင်ကွင်းကို မြင်နေရတယ်။
"သေစမ်း......"
သူ့လက်ထဲရှိအလင်းဓားက အဆတစ်ထောင်အရှိန်မြင့်လာပြီး လီဖူချန်းကို ခုတ်ပိုင်းလိုက်တယ်။
"သူ့ရဲ့သွေးမျိုးဆက်ကို လောင်ကျွမ်းလိုက်တာလား"
ရေဝဲကောင်းကင်ဘုံအရှင်နဲ့စိတ်ဝိညာဉ်အမွေးကောင်းကင်ဘုံအရှင်မတို့က ထိတ်လန့်သွားတယ်။ သွေးမျိုးဆက်လောင်ကျွမ်းခြင်းက ပြန်မကောင်းနိုင်တဲ့ထိခိုက်မှုတစ်ခုဖြစ်ပြီး သေရေးရှင်ရေးအခြေအနေတစ်ခုမဟုတ်ရင် တစ်ယောက်မှ ဒီလိုလုပ်ဖို့ရွေးချယ်မှာ မဟုတ်ဘူး။
သွေးမျိုးဆက်လောင်ကျွမ်းခြင်းက ကောင်းကင်ဘုံအရှင်ရဲ့ခွန်အားကို ဆယ်ဆပိုအားကောင်းလာစေတယ်။
ချွမ်း........
အလင်းဓားက လီဖူချန်းရဲ့ဦးခေါင်းကို ရက်ရက်စက်စက်ခုတ်ချလိုက်ပြီး ကြီးမားတဲ့မီးပွားတွေ ထွက်လာစေတယ်။
"ဒါတောင် ဒဏ်ရာမရဘူးလား"
ရေဝဲကောင်းကင်ဘုံအရှင်က သူ့ရဲ့လျှာကို ကိုက်လုနီးပါးဖြစ်ခဲ့ရတယ်၊ စိတ်ဝိညာဉ်ငှက်မွေးကောင်းကင်ဘုံအရှင်မရဲ့မျက်လုံးတွေက ပြူးကျယ်ကာ လုံးဝန်းသွားတော့တယ်။
"ကောင်းပြီ၊ ငါ မင်းတို့နဲ့ ကစားဖို့ အချိန်မရှိဘူး၊ ငါ ထွက်သွားတော့မယ်"
လီဖူချန်းက သုံးယောက်ပေါင်းတိုက်ခိုက်မှုကို မကြောက်ပေမယ့် သူကလည်း သူတို့ကို ဘာမှမလုပ်နိုင်ဘူးလေ။ လျှပ်တစ်ပြက်အလင်းနဲ့အတူ သူက ဟင်းလင်းပြင်ကို ချိုးဖြတ်သွားတော့တယ်။
အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်က မလိုက်သွားပါဘူး၊ သူ့အလင်းဓားကိုသာ သွားခွင့်ပြုပြီးနောက် သူက ပုံလဲကျသွားတော့တယ်။
တစ်ဖက်လူရဲ့ခုခံမှုက အလွန့်အလွန်ခိုင်မာတယ်၊ သူ့က စိတ်ဓာတ်တောင် ကျမိတယ်။ သွေးမျိုးဆက်လောင်ကျွမ်းပြီးတောင်မှ ရန်သူကို ဒဏ်ရာမရစေနိုင်ခဲ့ဘူးလေ။ ဆက်ပြီးတိုက်ခိုက်နေတော့ရော ဘာအဓိပ္ပါယ်ရှိမှာလဲ။
…
"အစွန်းအလင်းမိခင်ကျောက်တုံးက နောက်ဆုံးတော့ ငါ့လက်ထဲကို ရောက်လာပြီ" သွားနေရင်း လီဖူချန်းက အစွန်းအလင်းမိခင်ကျောက်တုံးကို ယူထုတ်ကာ သိလိုစိတ်အပြည့်နဲ့ ကြည့်လိုက်တော့တယ်။
စကြာဝဠာရတနာတစ်ခုအနေနဲ့ အစွန်းအလင်းမိခင်ကျောက်တုံးရဲ့တန်ဖိုးက သာမညပါပဲ၊ ၎င်းရဲ့အကျိုးသက်ရောက်မှုတွေက ကောင်းကင်တောင်ဆန့်ကျင်နိုင်တာလေ။
အစွန်းအလင်းမိခင်ကျောက်တုံးက အချိန်ကိုတောင် ပြောင်းပြန်လှန်နိုင်ပြီး သေသွားတဲ့သူကို ပြန်ရှင်စေနိုင်တယ်။
အစီအရင်တစ်ခုကိုပါ ပေါင်းစပ်လိုက်ရင် တစ်ယောက်ယောက်က အစီအရင်အတွင်းရှိ အချိန်စီးဆင်မှုကို ထိန်းချုပ်နိုင်လိမ့်မယ်။
ဒီအစွန်းအလင်းမိခင်ကျောက်တုံးက အနာဂတ်စိုးရိမ်စရာတွေများစွာကို ဖြေရှင်းနိုင်တယ်လို့ ဆိုကြတယ်။
"ဖြစ်နိုင်တာက ငါက အာကာသ-အချိန်တာအိုကိုလဲ ကျင့်ကြံနိုင်လောက်တယ်"
လီဖူချန်းက ဟင်းလင်းပြင်တာအိုမှာ နက်နဲတဲ့အုတ်မြစ်တစ်ခုရှိထားပြီးသားပဲ။ အစွန်းအလင်းကျောက်တုံးနဲ့ဆိုရင် သူ့ရဲ့အာကာသ-အချိန်တာအိုက ဟင်းလင်းပြင်တာအိုကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ လိုက်မီနိုင်မယ်လို့ လီဖူချန်းက ယုံကြည်ထားတယ်။
စကြာဝဠာထဲမှာ အာကာသ-အချိန်တာအိုကို ဒုတိယကျွမ်းကျင်မှုတစ်ခုအနေနဲ့ ကျင့်ကြံဖို့ ရွေးချယ်တဲ့ကောင်းကင်ဘုံအရှင်တွေ များစွာရှိတယ်။
…
"အစွန်းအလင်းမိခင်ကျောက်တုံးက တကယ်မယုံနိုင်စရာပဲ"
နက်ပြာပလိန်းကို ပြန်ရောက်ပြီးနောက် လီဖူချန်းက အစွန်းအလင်းမိခင်ကျောက်တုံးကို ယူထုတ်ကာ အတွင်းရှိအချိန်အရင်းမြစ်စွမ်းအားကို အရင် နားလည်စေလိုက်တယ်။ တိုးတက်မှုဖြစ်စဥ်နှေးကွေးလာပြီးနောက် သူက အစွန်းအလင်းမိခင်ကျောက်တုံးကို ယူထုတ်ကာ အတွင်းရှိအချိန်အရင်းမြစ်အဆီအနှစ်ကို နားလည်စေလိုက်တယ်။
နှစ်ပတ်အတွင်း လီဖူချန်းရဲ့အချိန်တာအိုက အခြေခံအခြေအနေမှ သူ့ရဲ့ဟင်းလင်းပြင်တာအိုနဲ့ အဆင့်တူလုနီးပါးကို ရောက်ရှိလာတယ်။
"ကြီးလာစမ်း....."
လီဖူချန်းက သစ်ပင်တစ်ပင်အရှေ့မှာ သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်။ သစ်ပင်ပတ်လည်ရှိဧရိယာက အချိန်တွေ လျင်မြန်စွာ စီးဆင်းလာနေတယ်။
ဖြောက် ဖြောက် ဖြောက်......
သစ်ပင်က အံ့အားသင့်စရာအရှိန်နဲ့ ကြီးလာနေပြီး လူတစ်ဝက်အမြင့်မှ လူတစ်ယောက်အမြင့်ထိ လျင်မြန်စွာ ကြီးထွားလာတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ ပတ်ဝန်းကျင်ရှိမြေဆီလွှာနဲ့မြက်ပင်တွေက ညှိုးနွမ်းခြောက်သွေ့လာတယ်။ အဟာရအားလုံးကို သစ်ပင်က စုပ်ယူသွားသလို ခံစားရတယ်။
"နောက်ဆုတ်စမ်း"
လက်ကို ထပ်ဝှေ့ယမ်းလိုက်ရာ သစ်ပင်ပတ်လည်ရှိအချိန်က လျင်မြန်စွာ နှေးကွေးလာပြီး စတင်နောက်ဆုတ်လာတယ်။ ဒါပေမယ့် နောက်ဆုတ်တဲ့အရှိန်က ရှေ့တိုးတဲ့အရှိန်လောက် မမြန်ပါဘူး။
သစ်ပင်က ပိုသေးလာတာကို မြင်ပြီး လီဖူချန်းက အချိန်စွမ်းအားကို ရုတ်သိမ်းလိုက်တယ်။
အချိန်တာအိုက ကြောက်စရာကောင်းလွန်းတယ်။ သာမန်လူတစ်ယောက်ရဲ့မျက်လုံးထဲမှာ လက်ရှိလီဖူချန်းက နတ်ဘုရားတစ်ယောက်နဲ့ မခြားပါဘူး။
ဒါပေမယ့် ကွဲပြားခြားနားတဲ့ပစ်မှတ်တွေက မတူညီတဲ့အချိန်တာအိုကို တွေ့ကြုံခံစားရမယ်ဆိုတာ လီဖူချန်းက သိတယ်။
သာမန်သစ်ပင်တစ်ပင်ရဲ့ကြီးထွားမှုအရှိန်ကို ထိန်းချုပ်ဖို့က ပိုလွယ်တာပေါ့။ ဒါပေမယ့် ထိုသစ်ပင်က စွမ်းအင်တွေရှိရင် ကြီးထွားမှုကို ထိန်းချုပ်ဖို့က အတော်လေးခက်ခဲလိမ့်မယ်။
ဥပမာအားဖြင့် လက်ရှိလီဖူချန်းက သေဆုံးနေတဲ့သာမန်လူတစ်ယောက်ကို အသက်ပြန်ရှင်နိုင်အောင် လုပ်နိုင်ပေမယ့် သူ့ရဲ့ပစ်မှတ်က ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ရင် အကျိုးသက်ရောက်မှုတစ်ခုမှ ရှိမှာမဟုတ်ဘူး။ သူက သူတော်စင်အရှင်တစ်ယောက်ကို ပစ်မှတ်ထားရင် သူတို့ကို နှစ်ရာထောင်အနည်းငယ်လောက်ထိသာ အိုမင်းအောင် ပြုလုပ်နိုင်လိမ့်မယ်။ အဲဒါက သေစေနိုင်တဲ့အထိ မလုပ်ဆောင်နိုင်သေးပါဘူး။
အဓိကအကြောင်းရင်းကတော့ လီဖူချန်းရဲ့အချိန်တာအိုက အန္တိမအဆင့်ကို မရောက်ရှိသေးလို့ပါပဲ။ အဲဒါက အန္တိမအဆင့်ဖြစ်လာတာနဲ့ ကောင်းကင်ဘုံအရှင်တွေကိုတောင် အကျိုးသက်ရောက်နိုင်ပါလိမ့်မယ်။
"အချိန်သဲကောင်းကင်ဘုံအရှင်ရဲ့အချိန်စွမ်းရည်က ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲကို ငါ မြင်ချင်မိတယ်"
အချိန်သဲကောင်းကင်ဘုံအရှင်ရဲ့အချိန်စွမ်းရည်က သဲတာအိုမှ ထွက်ပေါ်လာတာပဲ။ အဲဒါက အချိန်တာအိုကို ကျွမ်းကျင်တဲ့မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေထက် ပိုအားနည်းပေမယ့် အတော်လေးတော့ ကြောက်စရာကောင်းတယ်။
"အချိန်နဲ့နေရာလပ်က အတူတူပဲ။ အချိန်တာအိုကို နောက်ထပ်တိုးတက်ဖို့ဆိုရင် ဟင်းလင်းပြင်တာအိုလဲဖြစ်တဲ့နေရာလပ်တာအိုကို ဖြည့်စွက်ရမယ်"
(အချိန်-အာကာသမှာ အာကာသအစား နေရာလပ်လို့ ပြောင်းသုံးပါ့မယ်.....မြန်မာဘာသာပြန်သူ......)
လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက ကောင်းကင်ဆန့်ကျင်တယ်၊ ဒါကြောင့် သူက အချိန်တာအိုနဲ့နေရာလပ်တာအိုကို အလွယ်တကူပေါင်းစပ်နိုင်ပြီး နေရာလပ်-အချိန်စွမ်းအားကို ဖြစ်ပေါ်စေတယ်။
နေရာလပ်-အချိန်စွမ်းအားကို အသုံးပြုခြင်းဖြင့် သစ်ပင်ကြီးထွားစေဖို့ ပိုလွယ်ကူလာမှန်း လီဖူချန်းက သိတယ်။ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုတွေကလည်း သိသိသာသာနည်းလာတယ်။
"အစွန်းအလင်းမိခင်ကျောက်တုံးရဲ့သက်ရောက်မှုတွေကို စမ်းသပ်ဖို့အချိန်ပဲ"
လီဖူချန်းက အစွန်းအလင်းမိခင်ကျောက်တုံးကို ယူထုတ်ကာ အထဲသို့ နေရာလပ်-အချိန်စွမ်းအားကို ထည့်သွင်းလိုက်တယ်။
နောက်မှာတော့ လီဖူချန်းက ရုပ်စုံမှန်ပြောင်းနဲ့တူတဲ့သီးခြားနေရာလပ်ဇုန်တစ်ခုကို ဝင်ရောက်ခဲ့တယ်။ အထဲမှာ ပုံရိပ်ယောင်အလင်းဖြာထွက်ခြင်းတစ်ခုရှိတယ်။
"အရှိန်"
အသံတိတ်ရေရွတ်လိုက်ရာ သီးခြားနေရာလပ်ဇုန်ထဲရှိအချိန်စီးဆင်းခြင်းက ၁:၁မှ ၁၀၀:၁ထိ တိုးလာတယ်။
"အရှိန်ထပ်မြင့်စမ်း"
နောက်ထပ် ၁၀၀၀:၁အထိ တိုးမြင့်လာတယ်။
ဆိုလုတာကတော့ အပြင်ဘက်မှာတစ်နှစ်က ဒီနေရာအတွင်းမှာ အနှစ်တစ်ထောင်ကို ဆိုလိုတယ်။
ဒါက သေချာပေါက် ထိတ်လန့်စရာတစ်ခုပဲ။ တကယ်တော့ လီဖူချန်းက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး သာမန်လူတစ်ယောက်မဟုတ်ပါဘူး။ အချိန်စီးဆင်းမှုက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အတွက် အဆတစ်ထောင်ပိုမြန်ရင် သာမန်လူတစ်ယောက်အတွက်ဆိုရင် အဆသန်းချီပိုမြန်ပါလိမ့်မယ်။
ဒါပေမယ့် သာမန်လူတစ်ယောက်က အသက်အကန့်အသတ်ရှိပြီး အချိန်ကို ဒီလောက်အများကြီးအရှိန်တိုးမြင့်တာက အဓိပ္ပါယ်မရှိဘူး။
လီဖူချန်းလို အသက်အကန့်အသတ်မရှိတဲ့လူတွေအတွက်သာ သိသာပါလိမ့်မယ်။
"နောက်ထပ်အရှိန်မြင့်စမ်း" လီဖူချန်းက အစွန်းအလင်းမိခင်ကျောက်တုံးကို အကန့်အသတ်ထိ တွန်းတင်ခဲ့တယ်။
ဝီဝီဝီ........
သီးခြားနေရာလပ်က တုန်ခါလာပြီး အချိန်စီးဆင်းမှုက အခု အပြင်ကမ္ဘာထက် အဆတစ်သောင်းပိုမြန်လာတယ်။
ဒါက အစွန်းအလင်းမိခင်ကျောက်တုံးရဲ့အကန့်အသတ်လို့ လီဖူချန်းက ခံစားချက်တစ်ခုရှိတယ်။
"ကျင့်ကြံခြင်းဆိုင်ရာအကျိုးသက်ရောက်မှုတွေကရော ဘာရှိမလဲ" လီဖူချန်းက ထည်ဝါဓားပညာကို စတင်လေ့ကျင့်ခဲ့တယ်။
အပြင်ဆယ်ရက်က အတွင်းထဲမှာ ၂၇၃နှစ်ဖြစ်တယ်။
"အန္တိမထည်ဝါခြင်း......"
လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တာကြောင့် အလွန်အမင်းထည်ဝါတဲ့ဓားအလင်းတစ်ခုက သီးခြားနေရာလပ်မှ ပေါက်ကွဲထွက်လာတယ်။
"ဒီခံစားချက်......"
လီဖူချန်းက ကောင်းကင်မှဆင်းသက်လာတဲ့ထည်ဝါဓားတာအိုအရင်းမြစ်စွမ်းအားရဲ့ကြီးမားတဲ့ပမာဏကို ခံစားမိတယ်။ အဲဒါက ထည်ဝါဓားတာအိုသွေးမျိုးဆက်ထဲသို့ ပေါင်းစပ်ခဲ့တယ်။
ဒါ့အပြင် အတွင်းမှာ ရောနှောနေတဲ့ထည်ဝါဓားတာအိုအရင်းမြစ်အဆီအနှစ်အနည်းငယ်လည်းရှိတယ်။