← Chapters

မူလပြန်သွားဓားပြောင်းလဲခြင်း

Vol. 70 Ch. 974

မူလပြန်သွားဓားပြောင်းလဲခြင်း

Vol. 70 Ch. 974

"ဒါ အန္တိမအဆင့်သွေးမျိုးဆက်လား"

ထည်ဝါဓားတာအိုအရင်းမြစ်စွမ်းအားရဲ့ကြီးမားတဲ့ပမာဏနဲ့ထည်ဝါဓားတာအိုအရင်းမြစ်အဆီအနှစ်ရဲ့သေးငယ်တဲ့ပမာဏတစ်ခုက ထည်ဝါဓားတာအိုသွေးမျိုးဆက်ထဲသို့ ပေါင်းစပ်လာတာကြောင့် သူ့ရဲ့ဓားတာအိုချီတည်ရှိမှုက အဆထောင်အနည်းငယ်ကြီးမားကျယ်ပြန့်လာမှန်း လီဖူချန်းက ခံစားမိတယ်။ သူ့ခန္ဓာကိုယ်ထဲရှိထည်ဝါဓားတာအိုသွေးမျိုးဆက်က သိမ်မွေ့စွာလူးလွန့်နေတဲ့ တောက်ပနဂါးတစ်ကောင်နဲ့တူတယ်။ အဲဒါက အံ့အားသင့်စရာအသက်စွမ်းအားတစ်ခုကို ထုတ်လွှတ်နေတယ်။

အန္တိမအဆင့်သွေးမျိုးဆက်တစ်ခုက သေးငယ်တဲ့အရင်းမြစ်တစ်ခုနဲ့ ညီမျှတယ်။

သေးငယ်တဲ့အရင်းမြစ်တစ်ခုက ကြီးမားတဲ့ခြားနားချက်တစ်ခုကို ဆုပ်ကိုင်ထားတယ်။ စွမ်းအင်အထွက်ပမာဏက သေးငယ်တဲ့အရင်းမြစ်ရဲ့စွမ်းအင်ထက် မပိုသရွေ့ လီဖူချန်းက အကန့်အသတ်မဲ့စွမ်းအင်ရှိလိမ့်မယ်။ သူ့အနေနဲ့ နှစ်ပေါင်းတစ်‌သောင်းဒါမှမဟုတ်တစ်သိန်းကြာအဆက်မပြတ်တိုက်ပွဲဝင်ဖို့က ပြဿနာတစ်ခုမဟုတ်ပါဘူး။

ဒါပေမယ့် ဒါက သီအိုရီသာဖြစ်တယ်။ တစ်‌ယောက်ယောက်က နှစ်ပေါင်းတစ်သောင်းဒါမှမဟုတ်တစ်သိန်းကြာအဆက်မပြတ်တိုက်ပွဲဝင်နေရင် သူတို့ရဲ့သွေးမျိုးဆက် ပြိုလဲသွားမလားကို ပြောဖို့ခက်တယ်။ သူတို့ရဲ့သွေးမျိုးဆက် မပြိုလဲရင်တောင် သူတို့ရဲ့စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်ကလည်း ‌ပြိုလဲသွားလိမ့်မယ်။

"ငါ့ရဲ့လက်ရှိဓားတာအိုခွန်အားက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကြားမှာ သာလွန်မြင့်မားပေလိမ့်မယ်"

သူ့ရဲ့ဓားတာအိုခွန်အားက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားကို ကျော်ဖြတ်သွားပြီးလို့ လီဖူချန်းက ခံစားနိုင်တယ်။ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားက လုံးဝအားမနည်းပါဘူး။ သို့မဟုတ်ရင် သူက အလင်းဖြာထွက်ကောင်းကင်ဘုံအရှင်မှ အစွန်းအလင်းမိခင်‌ကျောက်တုံးကို ခိုးယူနိုင်လိမ့်မှာမဟုတ်ဘူးလေ။

လီဖူချန်းက မျက်လုံးတွေမှိတ်ကာ အန္တိမအဆင့်သွေးမျိုးဆက်ကြောင့် ပြောင်းလဲမှုတွေကို ဂရုတစိုက်အာရုံခံနေတယ်။

ပထမကတော့ သူ့ရဲ့အသက်စွမ်းအားက အဆအနည်းငယ်ပိုတက်ကြွလာတာကို လီဖူချန်းက ခံစားမိတယ်။ သူ့အသားတစ်လက်မတိုင်းက အသက်စွမ်းအားတွေ ပြည့်လျှံနေတယ်။

ဒါပေမယ့် ကပ်ဘေးလက်ကို အောင်မြင်စွာ ကျင့်ကြံပြီးနောက် အသက်စွမ်းအားက အဓိပ္ပါယ်မရှိတော့ပါဘူး။ ကပ်ဘေးစွမ်းအားနဲ့ဆိုရင် လီဖူချန်းရဲ့အသက်စွမ်းအားက ဘယ်တော့မှ ကုန်ဆုံးမှာ မဟုတ်ဘူးလေ။ သူက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်လို ထာဝရအသက်ရှင်သန်နိုင်လိမ့်မယ်။

ဒုတိယကတော့ အန္တိမအဆင့်သွေးမျိုးဆက်က အရှိန်အဝါတစ်ခုကို အဆက်မပြတ်ထုတ်လွှတ်ဖို့ လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ခွင့်ပြုတယ်။ အရှိန်အဝါက သာလွန်ကြီးစိုးပြီးမြင့်မြတ်တယ်၊ လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းရည်ကို သုံးပြီး မဖုန်းကွယ်ရင် အဲဒါက ပျောက်ကွယ်သွားလိမ့်မှာမဟုတ်ဘူး။

အရင်ကတော့ သူက ကောင်းကင်ဘုံအရှင်တစ်ယောက်လို့ လူတွေက သံသယရှိလိမ့်မယ်၊ ဒါပေမယ့် အခု သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ဆိုတာကို တစ်ယောက်မှ သံသယရှိလိမ့်မှာမဟုတ်ဘူး။ သူ့ရဲ့အရှိန်အဝါက ပြင်းထန်လွန်းတာကြောင့် သူက မြို့အရှင်ကောင်းကင်ဘုံအရှင်တစ်ယောက်လားကိုသာ သူတို့က သံသယဖြစ်ပေလိမ့်မယ်။

နောက်ဆုံးမှာတော့ လီဖူချန်းက အန္တိမအဆင့်သွေးမျိုးဆက်ရဲ့အနက်ပိုင်းထဲမှာ အပေါက်တစ်ခုကို တွေ့ရှိခဲ့တယ်။ ထည်ဝါဓားတာအိုအရင်းမြစ်စွမ်းအားက အပေါက်မှ အဆက်မပြတ်တိုးထွက်လာနေတယ်။

"ဒါက ကောင်းကင်ဘုံအရှင်တွေမှာ စွမ်းအင်တွေအကန့်အသတ်မဲ့ရှိရတဲ့အကြောင်းပြချက်ပဲဖြစ်မယ်"

ထည်ဝါဓားတာအိုသွေးမျိုးဆက်က အပြင်ကမ္ဘာမှထည်ဝါဓားတာအိုအရင်းမြစ်နဲ့ ချိတ်ဆက်ထားတာကို လီဖူချန်းက ရှင်းလင်းစွာသိတယ်၊ ဒါကြောင့် အဲဒါက အမြဲတမ်း ပြန်ဖြည့်နေပေလိမ့်မယ်။

ဒါက ထိပ်တန်းအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုနဲ့ အတော်လေးတူတယ်။ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိသွားတဲ့အခါ အဲဒါကလည်း ဓားတာအိုအရင်းမြစ်နဲ့ချိတ်ဆက်ထားခဲ့တယ်။

ခြားနားချက်ကတော့ ထည်ဝါဓားတာအိုသွေးမျိုးဆက်မှာ ကြီးမားတဲ့အပေါက်တစ်ခုရှိပြီး ပြန်ဖြည့်တင်းခြင်းအရှိန်က ပိုမြန်တယ်။

ဒါပေမယ့် အန္တိမအဆင့်‌သွေးမျိုးဆက်ကို ဒီလိုနာမည်ပေးထားတာက ၎င်းက အပြင်ကမ္ဘာရဲ့အရင်းမြစ်နဲ့ ချိတ်ဆက်ထားတာကြောင့် မဟုတ်ဘူး။ သွေးမျိုးဆက်ကိုယ်တိုင်က စွမ်းအင်ကို ပြန်ဖြည့်နိုင်တယ်၊ ဒါပေမယ့် စွမ်းအင်က အရင်းမြစ်စွမ်းအင်မဟုတ်ဘူး၊ အဲဒါက ကျင့်ကြံသူရဲ့စွမ်းအင်ဖြစ်တယ်။

ရိုးရိုးရှင်းရှင်းဆိုရလျှင် အရင်းမြစ်စွမ်းအားက အဆင့်အမြင့်ဆုံးစွမ်းအင်ဖြစ်ပြီး ကျင့်ကြံသူရဲ့စွမ်းအင်က အရင်းမြစ်စွမ်းအားရဲ့အရောဖြစ်တယ်။

ဒါကြောင့် ထည်ဝါဓားတာအိုအရင်းမြစ်စွမ်းအားရဲ့သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုကို ထည်ဝါဓားတာအိုစွမ်းအားရဲ့ကြီးမားတဲ့ပမာဏတစ်ခုထဲသို့ ရောနှောနိုင်တယ်။

လီဖူချန်းက မျက်လုံးကို ဖွင့်ကာ အသက်ရှုထုတ်လိုက်တယ်။

အစွန်းအလင်းမိခင်ကျောက်တုံးကို ရရှိခြင်းက သူ့အတွက် ကြီးမားတဲ့ကံကြမ္မာအခွင့်အလမ်းတစ်ခုဖြစ်တယ်။ အစွန်းအလင်းမိခင်ကျောက်တုံးမရှိရင် သူ့ရဲ့ထည်ဝါဓားပညာက အန္တိမအဆင့်ကို ရောက်ရှိဖို့ အနည်းဆုံးအနှစ်နှစ်ရာလိုအပ်တယ်။ အခုတော့ သူက ဆယ်ရက်ပဲကြာခဲ့တာလေ။

အစွန်းအလင်းမိခင်ကျောက်တုံးကို အကဲဖြတ်ပြိီးနောက် လီဖူချန်းက ရုတ်တရက် မေးငေါ့လိုက်မိတယ်။

"ကြည့်ရတာ အချိန်အရင်းမြစ်အဆီအနှစ်အချို့ကို သုံးစွဲခဲ့ပုံပဲ"

လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားကသာ ဒါကို အလွယ်တကူအာရုံခံစားနိုင်တယ်။ အခြားတစ်ယောက်ယောက်သာဆိုရင် သူတို့က နောက်ထပ်အနည်းငယ်အသုံးပြီးမှသာ ဒါကို သတိပြုမိလိမ့်မယ်။

"ဒါ သဘာဝပဲလေ။ အရာအားလုံးက ဟန်ချက်ညီမှုတစ်ခုကို လိုအပ်တာပေါ့။ အစွန်းအလင်းမိခင်ကျောက်တုံးရဲ့အချိန်အရင်းမြစ်အဆီအနှစ်က အဆုံးမဲ့မဟုတ်ဘူးလေ၊ မကြာမီဒါမှမဟုတ်နောက်ကျရင် ကုန်ဆုံးသွားမှာပဲ"

လီဖူချန်းက တစ်ခဏသာ အံ့အားသင့်သွားပြီးနောက် တည်ငြိမ်သွားတော့တယ်။

"ဒီလိုဆိုမှတော့ ငါ မူလအဆုံးစွန်းဓားနည်းလမ်းကိုလဲ ချိုးဖြတ်ရမယ်"

မူလအဆုံးစွန်းဓားပညာက ထည်ဝါဓားပညာလိုမဟုတ်ဘူး။ အဲဒါက ချိုးဖြတ်နိုင်တာနဲ့ လီဖူချန်းရဲ့ခွန်အားက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်လိမ့်မယ်။

ပြီး‌နောက် စကြာဝဠာတစ်ခုလုံးက သူ့အတွက် လမ်းဖွင့်လှစ်ထားပေလိမ့်မယ်။

အကြိုနတ်ဘုရားတွေအတွက်ကတော့ သူတို့က စကြာဝဠာမှာ အနည်းငယ်သာ ရှိတာလေ။

ဒါ့အပြင် လီဖူချန်း အခြားကောင်းကင်ဘုံအရှင်တွေမှ သိထားတာအရ အကြိုနတ်ဘုရားတွေက ထွက်ပေါ်လာတာ ရှားပါတယ်။ အကြိုနတ်ဘုရားဖြစ်ပြီးနောက် ပိုကောင်းတဲ့နေရာတွေကို သွားပုံရတယ်။

အစွန်းအလင်းမိခင်ကျောက်တုံးကို အသက်သွင်းပြီး အချိန်ကို အဆတစ်သောင်းမြန်စေပြီးနောက် လီဖူချန်းက မူလအဆုံးစွန်းဓားပညာရဲ့စတုတ္ထကွက်ကို လီဖူချန်းက စတင်လေ့ကျင့်ခဲ့တယ်။

အတိတ်မှာတုန်းက လီဖူချန်းက ထည်ဝါဓားပညာရဲ့တတိယကွက်၊ မူလအဆုံးစွန်းဓားပညာရဲ့စတုတ္ထကွက်ကို ဖန်တီးဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ အကြောင်းကတော့ သူ မလုပ်နိုင်လို့ မဟုတ်ဘူး၊ လိုအပ်တယ်လို့ သူ မထင်လို့ပဲ။

ဓားကွက်တွေက ကျွမ်းကျင်မှုအပေါ်မှာ အလေးထားတယ်။ တစ်ခါတစ်ရံမှာ ဓားတစ်ကွက်တည်းနဲ့ ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးဖို့ လုံလောက်တယ်။

ပုံစံတူ‌နောက်ထပ်ဓားကွက်တွေကို ဖန်တီးတာက ဘာအဓိပ္ပါယ်မှ မရှိပါဘူး။

ဒါပေမယ့် ဓားပညာတစ်ခုကို အန္တိမအဆင့်သို့ တိုးမြင့်ဖို့ဆိုရင် ဓားကွက်‌တွေကို ချိတ်ဆက်၊ပေါင်းစပ်ဖို့ လီဖူချန်းက ဓားကွက်အသစ်တစ်ခုကို လိုအပ်တယ်။

ဒါကြောင့် သူက ထည်ဝါဓားပညာရဲ့တတိယဓားကွက်ဖြစ်တဲ့အန္တိမထည်ဝါခြင်းကို ဖန်တီးခဲ့တယ်။ ဓားကွက်က ကြယ်ပျံကြွေနဲ့အကန့်အသတ်မဲ့အလင်း‌တောက်ပခြင်းတို့ရဲ့အနှစ်သာရတွေကို ပေါင်းစပ်ခဲ့ရုံတင်မကဘူး၊ အဲဒါက သူတို့ကို ထပ်မံတိုးတက်စေကာ တံခါးအသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့တယ်။ လက်ရှိအချိန်မှာ မူလအဆုံးစွန်းဓားပညာက ချိုးဖြတ်ပြီးအဆင့်မြှင့်တင်နိုင်ဖို့အလို့ငှာ စတုတ္ထဓားကွက်ကို ဖန်တီးရလိမ့်မယ်။

တစ်ရက်၊ နှစ်ရက်......

မျက်စိတစ်မှိတ်အတွင်း တစ်လက အပြင်ကမ္ဘာမှာ ကုန်ဆုံးသွားပြီး အစွန်းအလင်းနေရာလပ်ဇုန်မှာ ၈၂၁နှစ်နဲ့ ညီမျှတယ်။

"မူလပြန်သွားဓားပြောင်းလဲခြင်း......."

လီဖူချန်းရဲ့လက်ညှိုးနဲ့လက်ခလယ်က ဟင်းလင်းပြင်မှာ ရေးဆွဲလိုက်တယ်၊ ရှေးကျပြီးသန့်စင်တဲ့ဓားတန်းတစ်ခုကို ဖြစ်ပေါ်စေလိုက်တယ်။ ဒီဓားတွေက အစစ်အမှန်ဓားတွေမဟုတ်ပေမယ့် သူတို့က အစစ်အမှန်ဓားထက် ပိုထင်ရှားတဲ့တည်ရှိမှုတစ်ခုကို ထိန်းသိမ်းထားတယ်။ သူတို့က ဓားတစ်လက်ရဲ့မူလပြောင်းလဲခြင်းကြောင့်၊ ဓားတာအိုရဲ့သရုပ်သကန်တစ်ခုကြောင့်ပါပဲ။

ဝုန်း......

ဓားပြောင်းလဲခြင်းတွေ မထုတ်လွှတ်ခင် စကြာဝဠာဥပဒေသက ပျက်ဆီးသွားခဲ့တယ်။

ထည်ဝါဓားတာအိုသွေးမျိုးဆက်နဲ့အလားတူစွာပင်၊ လီဖူချန်း မူလအဆုံးစွန်းဓားပညာရဲ့စတုတ္ထကွက်ကို ဖန်တီးတဲ့အချိန်မှာ ဓားတာအိုအရင်းမြစ်စွမ်းအားနဲ့ဓားတာအိုအရင်းမြစ်အဆီအနှစ်တို့ရဲ့ကြီးမားတဲ့ပမာဏက ဆင်းသက်လာပြီး လီဖူချန်းရဲ့မူလအဆုံးစွန်းတာအိုသွေးမျိုးဆက်နဲ့ ပေါင်းစပ်သွားတော့တယ်။

ဓားတာအိုအရင်းမြစ်စွမ်းအားက ပြည့်လျှံနေပြီး ထည်ဝါဓားပညာချိုးဖြတ်ချိန်တုန်းကနဲ့နှိုင်းယှဉ်ရင် အဆတစ်ရာပိုတယ်။

အနည်ဆုံး ဓားတာအိုအရင်းမြစ်အဆီအနှစ်အဆတစ်ထောင်ပိုတယ်။

ရလဒ်တစ်ခုအနေနဲ့ မူလအဆုံးစွန်းဓားတာအိုသွေးမျိုးဆက်က ထည်ဝါဓားတာအိုသွေးမျိုးဆက်ထက် အဆများစွာပိုသန်မာလာတယ်။ သွေးမျိုးဆက်ထဲရှိအပေါက်က အဆများစွာပိုကျယ်တယ်။ ‌ရှေးဦးမူလနဲ့ရှေးကျတဲ့ဓားတာအိုအရင်းမြစ်စွမ်းအားနဲ့ဓားတာအိုအရင်းမြစ်အဆီအနှစ််တို့ က စီးထွက်လာတယ်။

"ဒါ အံ့အားသင့်စရာကောင်းလွန်းတယ်"

သူက စကြာဝဠာရဲ့အလယ်ဗဟိုမှာရှိသလို လီဖူချန်းက ခံစားရတယ်။ အသက်ရှုလိုက်တိုင်းမှာ သူက ဓားတာအိုရဲ့ကိုယ်စားပြုသူ၊ ဓားတာအိုရဲ့အာဏာရှင်ဖြစ်သလို ဓားတာအိုအရှိန်အဝါကို ထုတ်လွှတ်နေတယ်။

ဒါက ပုံရိပ်ယောင်တစ်ခုမှန်း လီဖူချန်းက အလိုအလျောက်သိတယ်။ သူ့ခန္ဓာကိုယ်မှာ ဓားတာအိုအရင်းမြစ်အဆီအနှစ်ပါဝင်မှုများပြားလွန်းပြီး လှုပ်ရှားလိုက်တိုင်း စကြာဝဠာရဲ့ဓားတာအိုအရင်းမြစ်နဲ့ စည်းချက်ညီနေတယ်။

ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့အနက်ပိုင်းထဲမှာ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ရုတ်တရက် မျက်လုံးတွေ ဖွင့်လိုက်တယ်"တစ်ယောက်ယောက်က ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်အဖြစ် ချိုးဖြတ်သွားတာလား။ ဘယ်သူများလဲ။ အသင်္ချေပန်းအမျိုးသမီးလား"

သူ့အမြင်အရ အသင်္ချေပန်းအမျိုးသမီးကသာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာဖို့ အနီးကပ်ဆုံးဖြစ်တယ်။ အခြားသူတွေက လိုအပ်နေသေးတယ်။

ဒါပေမယ့် စောစောက ဓားဆန္ဒကို ခံစားမိတာကြောင့် သူက မသေချာပါဘူး။

အသင်္ချေပန်းအမျိုးသမီးက ဓားတာအိုနဲ့ပတ်သက်တဲ့ကံကြမ္မာအချို့ကို ဆုံတွေ့ခဲ့ပြီး သူမရဲ့အဓိကခြောက်သွေ့ညှိုးနွမ်းတာအိုအစား သူမရဲ့အသင်္ချေပန်းဓားပညာကို ကြယ်ပိုင်နက်အဆင့်သို့ တွန်းပို့နိုင်ခဲ့တယ်လို့တော့ သူက ခန့်မှန်းထားတယ်။

"သူမကို ဂုဏ်ပြုရတာပေါ့......" ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ပျံသန်းကာ အသင်္ချေပန်းမြို့ဆီ တစ်ဟုန်ထိုးလာတော့တယ်။

All Chapters