← Chapters

မင်းက သေချင်နေတာပဲ

Vol. 70 Ch. 976

မင်းက သေချင်နေတာပဲ

Vol. 70 Ch. 976

"အချိန်သဲမုန်တိုင်း......."

လီဖူချန်း အချိန်တာအိုကို နားလည်နေတာကို အချိန်သဲကောင်းကင်ဘုံအရှင်က မမြင်ချင်ပါဘူး။ အချိန်တာအိုကို ချိုးဖြတ်ပြီးနောက် လီဖူချန်းက ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမှာကို သူက ခွင့်မပြုလိုပါဘူး။

အကန့်အသတ်မဲ့သဲမုန်တိုင်းတွေက နေရာတိုင်းမှာထွက်ပေါ်လာပြီး လီဖူချန်းကို ဝန်းရံသွားတယ်။

"အချိန်သဲစွမ်းအားကို သုံးပြီး ငါ့ရဲ့ခန္ဓာကိုယ်ကို ဖိနှိပ်ချင်တာလား" လီဖူချန်းက လှောင်ပြုံးပြုံးလိုက်တယ်။

အချိန်သဲကောင်းကင်ဘုံအရှင်ရဲ့အချိန်သဲအပေါ်ထိန်းချုပ်နိုင်စွမ်းက ထူးကဲတယ်။ သဲပွင့်တစ်ခုစီမှာ ကြောက်စရာကောင်းတဲ့စွမ်းအားနဲ့အချိန်တွန့်လိမ်ခြင်းပါဝင်တယ်။ တစ်‌ယောက်ယောက်က စွမ်းအားကို ခုခံနိုင်ပေမယ့် အချိန်တွန့်လိမ်ခြင်းကို‌တော့ မရင်ဆိုင်နိုင်ဘူး။

သနားစရာတစ်ခုကတော့ လီဖူချန်းက မဖျက်ဆီးနိုင်တဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ အချိန်သဲမုန်တိုင်း သူ့ကို ဝါးမျိုသွားတဲ့အချိန်မှာ သူက ယားယံဖို့မပြောနဲ့၊ ဘာတစ်ခုမှကို‌တောင် မခံစားရပါဘူး။

၃၀၀ကြောင်း၊ ၄၀၀ကြောင်း။

လီဖူချန်းရဲ့တိုးတက်မှုအရှိန်က အလွန်အမင်းမြန်ဆန်တယ်။

သူ ဒီလောက်လျင်မြန်စွာတိုးတက်လာရတဲ့အပေါ် အချက်သုံးချက်ရှိတယ်။

ပထမကတော့ လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက အလွန့်အလွန်အားကောင်းတယ်။ သူက တစ်ခုခုကို အာရုံစိုက်နားလည်‌နေသရွေ့ အဲဒါက အချိန်တစ်ခုမျှသာပါပဲ။

ဒုတိယကတော့ လီဖူချန်းရဲ့ခွန်အားက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်ကို ရောက်ရှိသွားပြီဖြစ်တယ်။ အဲဒါက ဓားတာအိုခွန်အားဖြစ်ပေမယ့် အရာအားလုံကို မတူညီတဲ့ရှုထောင့်တစ်ခုနဲ့ လီဖူချန်းကို မြင်နိုင်စေတယ်။

တတိယကတော့ အချိန်အကျဉ်းထောင်ရဲ့နဝမအလွှာက အချိန်သဲကောင်းကင်ဘုံအရှင်ရဲ့အချိန်စွမ်းရည်အနှစ်သာရရှိတဲ့နေရာဖြစ်တယ်။ အခြားတစ်ယောက်ယောက်သာဆိုရင် သူတို့က ဆန်းကြယ်မှုတွေကို ဖြတ်မြင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အရာအားလုံးက ထွက်ပေါ်လာရတယ်။

"ပျံသန်းသဲကျောက်တုံးလည်ခြင်း......"

နောက်ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက လုံးဝဒဏ်ရာမရတာကို သတိပြုမိပြီး အချိန်သဲကောင်းကင်ဘုံအရှင်က သူ့ရဲ့သတ်ဖြတ်ကွက်ကို ချက်ချင်း အသုံးပြုလိုက်တယ်။

ချက်ချင်းပဲ အချိန်မုန်တိုင်းက ဆယ်ဆပိုပြင်းထန်လာတယ်။ ကျောက်တုံးကြီးတော်တော်များများက ပျံသန်းကာ လီဖူချန်းဆီ ဝင်လာတယ်။

ကျောက်တုံးတွေက သာမန်ကျောက်တုံးတွေ မဟုတ်ဘူး၊ သူတို့က မည်သူကိုမဆို ဖျက်ဆီးပစ်နိုင်တဲ့အချိန်သဲကျောက်တုံးတွေ ဖြစ်တယ်။

ဝုန်း.......

ကျောက်တုံးတစ်တုံးက  လီဖူချန်းအပေါ် ကျရောက်လာတဲ့အခါ ၎င်းက ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားတော့တယ်။

ချက်ချင်းပဲ ဒုတိယမြောက်ကျောက်တုံး၊ တတိယမြောက်ကျောက်တုံးတွေ လိုက်ပါလာတယ်........

မရေမတွက်နိုင်လောက်တဲ့ကျောက်တုံးတွေ လီဖူချန်းအပေါ် ထပ်ခါတလဲလဲ ကျရောက်လာတယ်။

"ငါ မင်းသေတာကို ကြည့်မယ်" အချိန်သဲကောင်းကင်ဘုံအရှင်က သူ့စွမ်းရည်အပေါ် အလွန်ယုံကြည်ချက်ရှိတယ်။

မကြာသေးမီကနှစ်တွေအတွင်း သူက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အဖြစ် ချိုးဖြတ်သွားခဲ့တယ်။ ယုတ္တိဗေဒအရ သူက အတော်လေးအားနည်းတဲ့ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်သယ ဖြစ်နေသေးပေမယ့် သူ့ရဲ့စွမ်းရည်မှာ အချိန်ပါဝင်တယ်။ အချိန်တာအိုက စကြာဝဠာရဲ့အသန်မာဆုံးတာအိုတွေထဲကတစ်ခုလို့ လူသိများတယ်။

၅၀၀ကြောင်း၊ ၅၅၀ကြောင်း၊ ၅၆၀ကြောင်း......

အချိန်တာအိုအရင်းမြစ်စွမ်းအားက ၅၈၀ကြောင်းကို ရောက်ရှိလာတဲ့အခါ လီဖူချန်းက အချိန်တာအိုအရင်းမြစ်စွမ်းအားကြောင်းတွေ ထပ်မချိတ်ဆက်နိုင်တော့ပါဘူး။

ဒါက သူ့ရဲ့အကန့်အသတ်မှန်း လီဖူချန်းက သိတယ်။ အချိန်တာအိုအပေါ် သူ့ရဲ့အခြေခံက ဓားတာအိုကျင့်ကြံခြင်းနဲ့မတူဘဲ တိမ်လွန်းတယ်။ ဒါကြောင့် အရင်းမြစ်စွမ်းအားကြောင်း၉၀၀ဒါမှမဟုတ်၁၀၀၀ထိချိတ်ဆက်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီလိုအချိန်တိုလေးအတွင်းမှာ အချိန်တာအိုအရင်းမြစ်စွမ်းအားကြောင်း၅၈၀ချိတ်ဆက်နိုင်တာက အလွန်ချီးကျုးထိုက်နေပါပြီ။

အချိန်တာအိုခွန်အားအရ လက်ရှိလီဖူချန်းက အဆင့်၅ဒါမှမဟုတ်အဆင့်၄ကောင်းကင်ဘုံအရှင်တစ်ယောက်ထက် ပိုအားမနည်းပါဘူး။ အချိန်တာအိုက အန္တိမအဆင့်ကို ချိုးဖြတ်တာနဲ့ တစ်စုံတစ်ယောက်ရဲ့ခွန်အားက လက်ရွေးစင်အဆင့်၁ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်။

"စိတ်ဝင်စားစရာပဲ၊ သူက တကယ်ကို ခန္ဓာကိုယ်အပြင်အားကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ပဲ" အချိန်သဲကောင်းကင်ဘုံအရှင်က နက်နက်နဲနဲတွေးလိုက်တယ်။

ခန္ဓာကုယ်အပြင်အားတာအိုက ၎င်းရဲ့အားသာချက်နဲ့အားနည်းချက်တွေ ရှိတယ်။ခုခံမှုက အားသာချက်တွေထဲက တစ်ခုဖြစ်တယ်။ ပုံမှန်အနေအထားမှာ အဆင့်တူတူမှာ ခန္ဓာကိုယ်အပြင်အားတာအိုကျွမ်းကျင်သူတစ်ယောက်ရဲ့ခုခံမှုကို ချိုးဖြတ်ဖို့က မည်သူအတွက်မဆို ခက်ခဲတယ်။

"မင်းက နားလည်ချင်နေမှတော့ ........." အချိန်သဲကောင်းကင်ဘုံအရှင်က လီဖူချန်းကို လစ်လျူရှုကာ တိတ်တဆိတ်ထွက်ခွာသွားတော့တယ်။

အချိန်သဲကောင်းကင်ဘုံအရှင် ထွက်ခွာသွားတာကို ခံစားမိပြီးနောက် လီဖူချန်းက အစွန်းအလင်းမိခင်ကျောက်တုံးကို ယူထုတ်ကာ အတွင်းရှိအချိန်တာအိုအရင်းမြစ်အဆီအနှစ်ကို စတင်နားလည် ‌‌စေလိုက်တယ်။

အပြင်ကမ္ဘာမှာ လပေါင်းများစွာ ‌ကြာပြီးနောက်....

"ငါ နောက်ဆုံးတော့ ချိုးဖြတ်နိုင်ခဲ့ပြီပဲ"

အချိန်တာအိုအရင်းမြစ်စွမ်းအားကြီးမားတဲ့ပမာဏတစ်ခုနဲ့အတူ အချိန်တာအိုအရင်းမြစ်အဆီအနှစ်ကြောင်းအနည်းငယ်က လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ ဆင်းသက်လာတယ်။

လီဖူချန်းရဲ့အချိန်တာအိုသွေးမျိုးဆက်က လျင်မြန်စွာပြောင်းလဲလာနေတယ်။

အချိန်တာအိုသွေးမျိုးဆက်က အန္တိမအဆင့်သွေးမျိုးဆက်ကို ချိုးဖြတ်သွားတာကြောင့် လီဖူချန်းရဲ့ပုံပန်းသွင်ပြင်က အနည်းငယ်ပိုငယ်ရွယ်လာတယ်။ ဒါ့အပြင် သူ့ရဲ့ချီတည်ရှိမှုမှငယ်ရွယ်ခြင်းအရှိန်အဝါက ပျောက်လုနီးပါးဖြစ်နေတယ်။ ဆိုလိုတာကတော့ လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို မတော်တဆထုတ်လွှတ်မိတယ်ဆိုရင်တောင် တစ်ယောက်ယောက်အနေနဲ့ သူ့ရဲ့အသက်ကို တွေ့ရှိဖို့က မဖြစ်နိုင်တော့ပါဘူး။

ဒါက အခက်အခဲတော်တော်များများကို ‌ဖြေရှင်းပေးပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် လီဖူချန်းက အချိန်တာအိုကို တိုက်ပွဲထဲမှာ အသုံးပြုဖို့ မမျှော်လင့်ထားပါဘူး။ နေရာလပ်-အချိန်တာအိုကို ကျင့်ကြံခြင်းက အထောက်အပံ့နဲ့ကယ်ဆယ်‌ရေးအတွက်ပါပဲ။

"နေရာတွေမှာ ဆက်ပြီး ရှာဖွေကြည့်ရအောင်"

လီဖူချန်းက အချိန်အကျဉ်းထောင်မှ ချက်ချင်း မထွက်သွားသေးပါဘူး။

"ဖွင့်စမ်း"

သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ချဲ့ထုတ်လျက် လီဖူချန်းက နဝမအလွှာရှိအားနည်းချက်ကို ချက်ချင်း ရှာတွေ့ခဲ့တယ်။ ကပ်ဘေးလက်ရဲ့ပေါက်ကွဲမှုစွမ်းအားနဲ့အတူ နဝမအလွှာရှိအချိန်စက်ဝန်းကို ချက်ချင်းချိုးဖြတ်ကာ လီဖူချန်းက နဝမအလွှာမှ ထွက်လာတော့တယ်။

အဌမအလွှာ၊ သတ္တမအလွှာ၊ ဆဠမအလွှာ.....

အလွှာပိုမြင့်လေလေ၊ အချိန်အကျဉ်းထောင်ထဲရှိအကျဉ်းထောင်ငယ်လေးတွေရဲ့အရေအတွက်က ပိုနည်းလေလေပါပဲ။ အကျဉ်းထောင်တစ်ခုစီမှာ သူတော်စင်တွေရဲ့ကြီးမားတဲ့အရေအတွက်တစ်ခုပါဝင်တယ်။

"ဒါ ဘယ်အချိန်မှ အဆုံးသတ်မလဲကို ငါ သိချင်တယ်"

ပဉ္စမအလွှာမှာ သူ့ရဲ့မှတ်ဉာဏ်တွေက ဝိုးတိုးဝါးတားဖြစ်လာနေတယ်လို့ ညနတ်ဆိုးသူတော်စင်အရှင်က ခံစားရတယ်။ ဒီနေရာရှိအချိန်က ထပ်တလဲလဲဖြစ်နေတယ်။ ယခုအချိန်ထိ နေ့ရက်ဘယ်လောက်များများထပ်တလဲလဲဖြစ်သွားသလဲကို သူ မသိဘူးဖြစ်နေတယ်။ သူ့ရဲ့စိတ်တန်ခိုးစွမ်းအားက လုံလုံလောက်လောက်မခိုင်မာရင် သူ့ရဲ့မှတ်ဉာဏ်တွေနဲ့သူကိုယ်တိုင်က ပျောက်ကွယ်သွားလောက်ပါပြီး။

"အခု အဆုံးသတ်ပြီ" ရုတ်တရက် ထူးဆန်းပြီးရင်းနှီးတဲ့အသံတစ်ခုက ညနတ်ဆိုးသူတော်စင်အရှင်ရဲ့အနောက်မှာ ပဲ့တင်ထပ်လာတယ်။

ညနတ်ဆိုးသူတော်စင်အရှင်က ပထမ ထိတ်လန့်သွားတယ်၊ ပြီးနောက် သူက ခါးသီးစွာ ပြုံးကာ ပြောလိုက်တယခ"မင်းလဲ ဒီနေရာမှာ အကျဉ်းကျနေတာလား"

"မဟုတ်ဘူး၊ ငါ့ဆန္ဒအလျောက် ငါ ဝင်လာတာ" လီဖူချန်းက ခေါင်းခါလိုက်တယ်။

"မင်း ဟာသပြောနေတာတော့ မဟုတ်ပါဘူးနော်" ညနတ်ဆိုးသူတော်စင်အရှင်က မှင်တက်သွားတယ်။

"ငါ ဟာသလုပ်မလုပ် မင်း သိမှာပါ" လီဖူချန်းက ညနတ်ဆိုးသူတော်စင်အရှင်ရဲ့လက်ကို ဆုပ်ကိုင်ထားတယ်၊ လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်မြင်ကွင်းက ပျောက်ကွယ်သွားတော့တယ်။

ညနတ်ဆိုးသူတော်စင်အရှင်က အံ့ဩလွန်း၍စကားမပြောနိုင်ဖြစ်သွားတယ်။ လီဖူချန်းက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာမှန်း သူက သေချာတယ်၊ သူက သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်တောင် မဟုတ်ဘူး။ သာမန်ကောင်းကင်ဘုံအရှင်တွေက ဒီနေရာရှိအချိန်စက်ဝန်းကို ချိုးဖြတ်နိုင်လိမ့်မှာမဟုတ်ဘူး။

"မင်းအပြင် အခြားတစ်ယောက်ယောက်ရှိသေးလား" လီဖူချန်းက မေးလိုက်တယ်။

သူက ညနတ်ဆိုးအဖွဲ့နဲ့ နက်ရှိုင်းတဲ့နှောင်ကြိုးတစ်ခုမရှိပေမယ့် သူတို့က တစ်ချိန်က အသင်းအဖွဲ့အတူတူဖြစ်ခဲ့ကြတယ်။ သူက တတ်နိုင်‌သရွေ့ ကူညီရတာ ပြဿနာရှိလိမ့်မှာမဟုတ်ဘူး။

ညနတ်ဆိုးသူတော်စင်အရှင်က ပြောလိုက်တယ်"ညနတ်ဆိုးအဖွဲ့ကို ဖျက်လိုက်တာ အ‌တော်ကြာပြီ။ ငါကလွဲပြီး အခြားသူတွေက ရှေးကျောက်တုံးမြို့မှ ထွက်သွားကုန်ပြီ"

"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ဒီနေရာက ထွက်သွားကြတာပေါ့"

လီဖူချန်းက ညနတ်ဆိုးသူတော်စင်အရှင်ကို အကျဉ်းထောင်ဂိတ်ပေါက်မှ ခေါ်ထုတ်သွားတယ်။

သဲတွေ ကခုန်သွားပြီး ပုံရိပ်တစ်ခုက ဖြစ်တည်လာတယ်။ ဒါက အချိန်သဲကောင်းကင်ဘုံအရှင်ပါပဲ။

"မကောင်းတော့ဘူး" ညနတ်ဆိုးသူတော်စင်အရှင်ရဲ့ခြေလက်တွေက ရေခဲတမျှ အေးစက်သွားတယ်။

လီဖူချန်းက အချိန်သဲကောင်းကင်ဘုံအရှင်ကို ကြည့်လိုက်တယ်"အချိန်သဲကောင်းကင်ဘုံအရှင်၊ မင်း ငါ့ကို နေခိုင်းစေချင်တာလား"

"မင်း ဘယ်လိုထွက်လာတာလဲ" အချိန်သဲကောင်းကင်ဘုံအရှင်က မေးလိုက်တယ်။

"ဒီလိုပဲပေါ့" လီဖူချန်းက တုံ့ပြန်လိုက်တယ်။

အသက်တစ်ချက်ရှုသွင်းကာ အချိန်သဲကောင်းကင်ဘုံအရှင်က ပြောလိုက်တယ်"ဒါဆိုလဲ ထွက်သွားလိုက်တော့"

"တော်တယ်" လီဖူချန်းက ညနတ်ဆိုးသူတော်စင်အရှင်နဲ့အတူ ထွက်ခွာသွားတယ်။

လမ်းတစ်လျှောက်မှာ ညနတ်ဆိုးသူတော်စင်အရှင်က သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်"ဘာလို့ သူက ငါတို့ကို ထွက်သွားခွင့်ပြုရတာလဲ"

"သူက ငါ့ကို မယှဉ်နိုင်လို့လေ"

ပြောရင်း လီဖူချန်းက သူ့ရဲ့ဓားလက်ချောင်းကို ထုတ်ဖော်လိုက်တယ်။ ဟင်းလင်းပြင်က နက်ရှ်ိုင်းတဲ့ဓားအားလမ်းကြောင်းတစ်ခုနဲ့အတူ ထွက်ပေါ်လာတယ်။

"မင်း အရင် သွားတော့။ လမ်းကြောင်းရဲ့အခြားတစ်ဖက်က အလင်းနှစ်ထောင်အနည်းငယ်အကွာအဝေးရှိတယ်။ အချိန်သဲကောင်းကင်ဘုံအရှင်က မင်းကို ရှာတွေ့တော့မှာမဟုတ်ဘူး"

"မင်းကရော" ညနတ်ဆိုးသူတော်စင်အရှင်က တစ်ခုခုကို ခန့်မှန်းလိုက်တယ်။

"ဒီအကျဉ်းထောင်က ငါ့မျက်စိနဲ့ အဆင်မပြေတော့ဘူး" လီဖူချန်းက ပြောလိုက်တယ်။

"ဒါဆိုလဲ ဂရုစိုက်" သူက ဘာအကူအညီမှ မပေးနိုင်မှန်း ညနတ်ဆိုးသူတော်စင်အရှင်က သိတယ်။ သူက ဓားအားလမ်းကြောင်းထဲသို့ ဝင်ရောက်ခဲ့တော့တယ်။

"ချိုးဖြတ်စမ်း"

ကပ်ဘေးစွမ်းအားက သူ့ရဲ့ညာလက်မှာ စုဝေးလာတယ်၊ လီဖူချန်းက သူ့ရဲ့လက်ဝါးနဲ့ ဓားသွားတစ်ခုကို ဖြစ်စေကာ အချိန်အကျဉ်းထောင်ရဲနေရာလပ်-အချိန်ကို ခုတ်ပိုင်းလိုက်တယ်။

ဖြောက်......

အချိန်အကျဉ်းထောင်က ကြီးမားတဲ့အပေါက်တစ်ခုဖြစ်လာပြီး အထဲရှိအချိန်စက်ဝန်းက ချက်ချင်း ရပ်တန့်သွားတယ်။ သူတော်စင်တွေ၊ သူတော်စင်အရှင်‌တွေ၊ ကောင်းကင်ဘုံအရှင်တွေရဲ့အရေအတွက်များစွာက ပျံသန်းထွက်လာတယ်။

"မင်း သေချင်နေတာပဲ" နေရာလပ်-အချိန်ကို တုန်ခါစေတဲ့ ဟိန်းသံတစ်ခုဖြစ်လာတယ်။

လီဖူချန်းက ဒေါသထွက်နေတဲ့အချိန်သဲကောင်းကင်ဘုံအရှင်ကို လစ်လျူရှုကာ အချိန်အကျဉ်းထောင်ကို ထပ်မံခုတ်ပိုင်းလိုက်ပြန်တယ်။

"မင်းက သူတို့ကို ကယ်ဆယ်ချင်မှတော့ ငါက သူတို့အားလုံးကို သတ်ဖြတ်ပေးရမှာပေါ့"

ကြောက်စရာကောင်းတဲ့အချိန်မုန်တိုင်းတစ်ခုက ရုတ်တရက် ကြီးမားလာတယ်။

"အဲလို လုပ်ဖို့ မင်းမှာ စွမ်းရည်ရှိမရှိ ကြည့်ရမယ်"

လီဖူချန်းက ကောင်းကင်ဘုံဆက်ဓားကို ထုတ်ကာ အချိန်သဲကောင်းကင်ဘုံအရှင်နဲ့ တိုက်ခိုက်လိုက်တယ်။ အကျဉ်းသားတွေ ထွက်ပြေးဖို့အတွက် အချိန်တွေ၊ အခွင့်အလမ်းတွေ ပိုရဖို့ သူက ကြိုးစားနေတယ်။ မထွက်ပြေးနိုင်တဲ့သူတွေနဲ့ပတ်သက်ပြီး သူက ဂရုမစိုက်ပါဘူး။ သူ လုပ်နိုင်သမျှ လုပ်ထားပေးပြီးပြီ၊ ကျန်တာက သူတို့ရဲ့ကံကြမ္မာပါပဲ။

All Chapters