ပြင်းထန်တဲ့တိုက်ပွဲ
Vol. 70 Ch. 977
နှစ်ယောက်ကြားတိုက်ပွဲက ကြီးမားတဲ့ရုတ်ရုတ်သဲသဲဖြစ်ရပ်တစ်ခုကို ဖြစ်စေခဲ့တယ်။ သူတော်စင်နဲ့သူတော်စင်အရှင်တွေရဲ့ကြီးမားတဲ့အရေအတွက်ကို တိုက်ပွဲရဲ့တုန်ခါမှုလှိုင်းတွေက သတ်ဖြတ်ခဲ့တယ်။
""ခွဲဖြတ်စမ်း" အခွင့်အရေးတစ်ခုကို အသုံးပြုလျက် လီဖူချန်းက အချိန်သဲကောင်းကင်ဘုံအရှင်ကို ခုတ်ပိုင်းကာ နှစ်ခြမ်းခွဲလိုက်တယ်။
ဒါပေမယ့် အနာက သွေးတွေ မထွက်လာဘူး၊သဲသာ ထွက်လာတယ်။
ပန်းထွက်လာတဲ့သဲတွေက လီဖူချန်းရဲ့မျက်လုံးဆီ ပစ်ဝင်လာတယ်။
လီဖူချန်းက ဒဏ်ရာရမှာကို မစိုးရိမ်ပေမယ့် သူက ထိမှန်ခံမယ်လို့လည်း မဆိုလိုပါဘူး။ သူ့မျက်လုံးတွေမှ အကြည့်တစ်ချက်နဲ့အတူ ဓားအလင်းနှစ်ခုက ပျံသန်းထွက်လာပြီး သဲတွေကို ဟင်းလင်းပြင်ထဲသို့ လှည့်ပေးလိုက်တယ်။
"ဘီလီယံချီလူဝင်စား....."
အဆုံးမဲ့အချိန်သဲကောင်းကင်ဘုံအရှင်တွေက လီဖူချန်းကို ဦးတည်ဘက်တိုင်းမှ တိုက်ခိုက်လာတယ်။
ဒီအကွက်က မရှောင်တိမ်းနိုင်သလို ပုန်းကွယ်ဖို့လည်း မဖြစ်နိုင်ပါဘူး။
မရေမတွက်နိုင်တဲ့အချိန်သဲကောင်းကင်ဘုံအရှင်တွေက မတူညီတဲ့အချိန်အလွှာတွေမှ လာတယ်၊ ဒါကြောင့် အချိန်သဲကောင်းကင်ဘုံအရှင်အားလုံးကို တိုက်ခိုက်ဖို့က မဖြစ်နိုင်ပါဘူး။ မယုံနိုင်စရာကောင်းတဲ့ခုခံမှုအသုံးအဆောင်ပစ္စည်းတစ်ခုရှိရင်တောင် ခုခံမှုအသုံးအဆောင်ပစ္စည်းက မသက်ရောက်နိုင်တဲ့အချိန်အလွှာတစ်ခု သေချာပေါက် ရှိပေလိမ့်မယ်။
"စိတ်ဝင်စားစရာပဲ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒါက ငါ့အပေါ်မှာတော့ အထိရောက်နိုင်ဘူး" လီဖူချန်းက လှောင်ပြုံးပြုံးလိုက်တယ်။
ဒီအကွက်က လီဖူချန်းအပေါ် မထိရောက်မှန်း အချိန်သဲကောင်းကင်ဘုံအရှင်လည်း သဘောပေါက်ခဲ့တယ်။ အချိန်သဲကောင်းကင်ဘုံအရှင်ရဲ့လူဝင်စားတစ်ဘီလီယံက လီဖူချန်းနဲ့ ထိတွေ့လိုက်တဲ့အခါ သူတို့အားလုံးက တစ်ခုတည်းအဖြစ် ပြန်ပေါင်းစပ်သွားတော့တယ်။
အချိန်သဲကောင်းကင်ဘုံအရှင်တစ်ယောက်တည်းကို ရင်ဆိုင်ရတာ ပိုလွယ်ပါတယ်။ လီဖူချန်းက အချိန်သဲကောင်းကင်ဘုံအရှင်ကို ဓားတစ်ချက်တည်းနဲ့ လွှင့်ထွက်သွားစေလိုက်တယ်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက အချိန်ကို ခံနိုင်ရည်ရှိတာပဲ" အချိန်သဲကောင်းကင်ဘုံအရှင်ရဲ့အမူအရာက စိုးရိမ်တကြီးဖြစ်သွားတယ်။
ဒီအကွက်မှာ သူက လီဖူချန်းကို အချိန်အလွှာသုံးခုဖြစ်တဲ့အတိတ်၊ လက်ရှိ၊ အနာဂတ်မှ တိုက်ခိုက်နေတယ်။ ပြီးနောက် အချိန်အလွှာတစ်ခုစီက မရေမတွက်နိုင်လောက်တဲ့အလွှာခွဲတွေအဖြစ် ခွဲထွက်သွားတယ်။
ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာပြီးနောက် တစ်ယောက်ယောက်က ရှေးဦးမူလအခြေအနေတစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားတယ်ဆိုပေမယ့် အဆုံးမှာတော့ အပြည့်အဝမထိန်းချုပ်နိုင်ပါဘူး။ တစ်ယောက်ယောက်က ရှေးဦးမူလအခြေအနေကို အပြည့်အဝမထိန်းချုပ်သရွေ့ အချိန်အပေါ် ခံနိုင်ရည်ရှိဖို့က မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် လီဖူချန်းက ခံနိုင်ရည်ရှိနေခဲ့တယ်။
လီဖူချန်းက ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမှန်း အချိန်သဲကောင်းကင်ဘုံအရှင်က ဘယ်လိုလုပ်ပြီး သိမှာလဲ။ လက်ရွေးစင်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဒါမှမဟုတ်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်ထက်သာလွန်မြင့်မားသူတစ်ယောက်မဟုတ်ရင် ဘယ်လိုတိုက်ခိုက်မှုကမှ သူ့အပေါ် မထိရောက်နိုင်ပါဘူး။
"မူလပြန်သွားဓားပြောင်းလဲခြင်း......" လီဖူချန်းက သူ့ရဲ့ဓားကွက်ကို သုံးလိုက်တယ်။
ဝှစ်.......
ဓားပြောင်းလဲခြင်းမျိုးစုံက အချိန်သဲကောင်းကင်ဘုံအရှင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူတို့ထဲမှတစ်ခုကတော့ သေးငယ်တဲ့သွေးပေါက်တစ်ခုကို ဖြစ်စေခဲ့တယ်။
အချိန်သဲကောင်းကင်ဘုံအရှင်က ဒဏ်ရာရသွားမှန်း လီဖူချန်းက သိတယ်။ ဒါပေမယ့် ဒီလိုဒဏ်ရာတွေက အသေးအဖွဲ့မျှသာပါပဲ။
နှစ်ယောက်သား နေ့တစ်ဝက်ကြာတဲ့အထိ တိုက်ခိုက်လာကြတယ်၊ တစ်ယောက်ကိုတစ်ယောက်တော့ အနိုင်မယူနိုင်သေးပါဘူး။
သူတို့နှစ်ယောက်က မကြာသေးမီကမှ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေ ဖြစ်လာကြတာကြောင့် ခွန်အားအရ ကွာဟချက်ကြီးကြီးမားမားမရှိပါဘူး။ ဘယ်သူပိုသန်မာသလဲကို ဆုံးဖြတ်ဖို့ တကယ်ခက်ခဲ့တယ်။
"ငါ မင်းနဲ့ ရန်ငြိုးတွေ မရှိပါဘူး။ မင်းက မင်းရဲ့မိတ်ဆွေကို ကယ်သွားရင်တောင် အဆင်ပြေပါတယ် ဒါပေမယ့် ဘာလို့ မင်းက ငါ့ကို ပြဿနာရှာနေရတာလဲ" အချိန်သဲကောင်းကင်ဘုံအရှင်က တိုက်ခိုက်ခြင်းကို ရပ်ကာ လီဖူချန်းက စိုက်ကြည့်လိုက်တယ်။
လီဖူချန်းက တုံ့ပြန်လိုက်တယ်" ဒီနေရာရှိ လူအများစုကရော မင်းနဲ့ရန်ငြိုးတွေ ရှိလို့လား"
"အမ်။ ကြည့်ရတာ မင်းက တရားမျှတမှုအတွက် ရပ်တည်ပေးတဲ့သူရဲကောင်းကြီးတစ်ယောက်ပေါ့လေ။ မင်း သိလား.....မင်းလိုလူမျိုးတွေက အသေစောတာကိုလေ" အချိန်သဲကောင်းကင်ဘုံအရှင်က မျက်မှောင်ကြုတ်လိုက်တယ်။
"ဟဲဟဲ၊ မင်း ငါနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး" လီဖူချန်းက ပြုံးလိုက်တယ်။
သူက လုံလုံလောက်လောက်ကျွမ်းကျင်သရွေ့ ကောင်းမွန်တဲ့အရာတွေ ပြုလုပ်ရတဲ့အပေါ် လီဖူချန်းက စိတ်မရှိပါဘူး။ သို့မဟုတ်ရင် ပိုသန်မာလာခြင်ဆိုတာက အဓိပ္ပါယ်မရှိတော့ဘူးလေ။
"ငါ မင်းကို မရင်ဆိုင်နိုင်ဘူးလို့ မင်း ထင်တာလား"
သူတို့နှစ်ယောက်က မသိလိုက်ဘဲ အချိန်သဲမြို့အထက်ကို ရောက်ရှိလာတယ်။ အချိန်သဲကောင်းကင်ဘုံအရှင်က လက်နှစ်ဖက်ကို မြှောက်လိုက်တယ်။ အချိန်သဲမြို့ကို ဝန်းရံထားတဲ့ အစီအရင်အလွှာခုနှစ်ခုက ဧရာမဂိီယာခုနှစ်ခုပမာ စတင်လှုပ်ရှားလာတယ်။(အင်္ဂလိပ်ဘာသာပြန်သူ- ရှေးကျောက်တုံးမြို့အစား အချိန်သဲမြို့လို့ ပြောင်းလဲလိုက်ပါတယ်)
"အလယ်ဆင့်အန္တိမအဆင့်အစီအရင်သုံးခုနဲ့ အဆင့်နိမ့်အန္တိမအဆင့်အစီအရင်လေးခုလား" လီဖူချန်းရဲ့နှလုံးသားက အေးစက်သွားတယ်။
ယေဘုယျပြောရရင် အလယ်ဆင့်အန္တိမအဆင့်အစီအရင်တစ်ခုက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ကို တားဆီးဖို့ မလုံလောက်ပေမယ့် အလယ်ဆင့်အန္တိမအဆင့်အစီအရင်သုံးခုက လုံလောက်တယ်။ အဆင့်နိမ့်အန္တိမအဆင့်အစီအရင်လေးခုရဲ့ဖြည့်စွက်မှုနဲ့အတူ ဘယ်လိုကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်မဆို ခက်ခဲတဲ့အချိန်တစ်ခုရှိလာပေလိမ့်မယ်။
ဒါ့အပြင် အစီအရင်အလွှာသုံးခုက ချိတ်ပိတ်အစီအရင်တွေမှန်း လီဖူချန်းက မြင်နိုင်တယ်။
"မင်း ငါ့ကို နှစ်တစ်သန်းခစားဖို့ ကျမ်းကျိန်ချက်တစ်ခု ပြုလုပ်ရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်"
အချိန်သဲကောင်းကင်ဘုံအရှင်က အချိန်သဲမြို့ရဲ့အစီအရင်နဲ့ပတ်သက်ပြီး အလွန်ယုံကြည်ချက်ရှိတယ်။ အချိန်အကျဉ်းထောင်က သူ့အတွက် အချိန်တာအိုကို လေ့လာဖို့အတွက်မျှသာဖြစ်ပြီး အချိန်သဲမြို့က သူ့ရဲ့အစ်အမှန်ဝှက်ဖဲဖြစ်တယ်။
"နှစ်တစ်သန်းလား" လီဖူချန်းက မေးငေါ့လိုက်တယ်။
အချိန်သဲကောင်းကင်ဘုံအရှင်က ပြောလိုက်တယ်"နှစ်တစ်သန်းက ကြာတယ်လို့ မဆိုနိုင်ပါဘူး။ မင်းရောငါရောက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေပဲ၊ မတော်တဆသာမဖြစ်ခဲ့ရင် ငါတို့ရဲ့သက်တမ်းက အကန့်အသတ်မဲ့ပဲ။ နှစ်တစ်သန်းက ခပ်မြန်မြန်ကုန်ဆုံးသွားမှာပါ"
"နှစ်တစ်သန်းက မကြာဘူးဆိုတာ အမှန်ပဲ၊ ဒါပေမယ့် မင်း ငါ့ကို ချိတ်ပိတ်ထားနိုင်ပါ့မလား။ ငါ့ကို ချိတ်ပိတ်မနိုင်ရင် မင်းကို ငါက ဘာလို့ ခစားရမှာလဲ" လီဖူချန်းက ပြောရင်း ကပ်ဘေးစွမ်းအားက ပျံ့နှံ့လာတယ်။
ဝုန်း ဒုန်း......
ကပ်ဘေးစွမ်းအားနဲ့ထိတွေ့တဲ့ဘယ်အရာမဆို ဖုန်မှုန့်တွေ ဖြစ်သွားရတယ်။
"ကောင်းပြီလေ၊ ငါ့ရဲ့စွမ်းအားကို မင်းကို မြင်တွေ့ခွင့်ပေးရတာပေါ့" လက်ကို ဝှေ့ယမ်းလိုက်ရာ အဆုံးမဲ့ချိတ်ပိတ်စွမ်းအားတစ်ခုက လီဖူချန်းဆီ တိုးဝင်လာတယ်။
ငါးရက်နီးပါးကြာပြီးနောက် လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားက ပြင်းပြင်းထန်ထန်ကုန်ခန်းလာတယ်။
သူ့ရဲ့ကပ်ဘေးလက်က မြို့အရှင်ကောင်းကင်ဘုံအရှင်နဲ့ညီမျှတဲ့ စဦးအခြေအနေမှာသာ ရှိတယ်။ ဒါကြောင့် ကပ်ဘေးလက်က ဆန်းကြယ်ပြီး အရာအားလုံးကို ပျက်ပြယ်စေဖို့ လုံလုံလောက်လောက်လွှမ်းမိုးနိုင်ရင်တောင် အဲဒါက မလုံလောက်သေးပါဘူး။
လီဖူချန်းရဲ့ကပ်ဘေးလက်က အလယ်အခြေအနေမှာ ရှိရင် သူက ချိတ်ပိတ်အစီအရင်ကို ချိုးဖြတ်နိုင်ပါလိမ့်မယ်။
"လူတိုင်းက အကန့်အသတ်တစ်ခုရှိတယ်၊ မင်းက အစီအရင်တွေနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား" အချိန်သဲကောင်းကင်ဘုံအရှင်က နှာခေါင်းရှုံ့လိုက်တယ်။
"ငါ ယှဉ်ပြိုင်နိုင်သလားဆိုတာ မင်း မြင်တွေ့ရမှာပါ"
ချိတ်ပိတ်အစီအရင်တွေက ရင်ဆိုင်ရတာ တကယ်မလွယ်ပါဘူး။ လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက သူတို့ကို ဖြတ်မြင်နိုင်ရင်တောင် အချိန်တိုအတွင်း ချိုးဖြတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ငါးရက်နီးပါးလေ့လာပြီးနောက် လီဖူချန်းက ကိုးဆယ်ရာခိုင်နှုန်းယုံကြည်ချက်ရှိလာပါပြီ။
ချွမ်း......
ကောင်းကင်ဘုံဆက်ဓားကို ဆွဲထုတ်ကာ လီဖူချန်းက မူလပြန်သွားဓားပြောင်းလဲခြင်းနဲ့အတူ ဟင်းလင်းပြင်ကို ခုတ်ပိုင်းလိုက်တယ်။
ထိုနေရာက အစီအရင်ခုနှစ်ခုရဲ့ပေါင်းစပ်မှတ်ဖြစ်ပြီး ခဏတစ်ဖြုတ်ပါပဲ။ ပေါင်းစပ်မှုတစ်ခုစိီမှာ နောက်ပေါင်းစပ်မှုက အရင်အကြိမ်ထက် ခုနှစ်ဆပိုကြာလိမ့်မယ်။ ပထမအကြိမ်က နှစ်နာရီ၊ ဒုတိယအကြိမ်က ဆယ့်လေးနာရီဖြစ်ပြီး တတိယအကြိမ်က ကိုးဆယ့်ရှစ်နာရီဖြစ်တယ်။ သူက အစီအရင်ကို ဖြတ်မမြင်နိုင်ရင် အစီအရင်ချိုးဖြတ်ဖို့အခွင့်အရေးက သေးငယ်ပါလိမ့်မယ်။ သူက လုံလုံလောက်လောက်ဂရုမစိုက်ရင် သူက ပိတ်မိသွားနိုင်တယ်။
ဖြောက်......
ဂီယာတွေကြားထဲမှာ သတ္တုအပိုင်းအစတစ်ခု ရှိပုံရတယ်။ အစီအရင်ခုနှစ်ခုက တစ်ခဏရပ်သွားပြီး ထိုခဏက လီဖူချန်းအနေနဲ့ အစီအရင်မှ ပျံသန်းထွက်ဖို့ လုံလောက်တယ်။
"ငါ မင်းရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"
သူက အချိန်သဲကောင်းကင်ဘုံအရှင်ကို လျော့တွက်ခဲ့မိမှန်း ဝန်ခံတယ်။ ခွန်အားအရဖြစ်စေ၊ အခြေခံအုတ်မြစ်အရဖြစ်စေ သူက အံ့ဖွယ်သစ်ရွက်မြို့အရှင်ထက် ပိုမြင့်တယ်။ အတိတ်ကို ပြန်ကြည့်ရင် အံ့ဖွယ်သစ်ရွက်မြို့အရှင်က သွေးပုဆိန်အင်ပါယာအရှင်ကို အချိန်တိုအတွင်းသာ ခုခံနိုင်ခဲ့တယ်။
"ဟမ့်၊ နောက်တစ်ကြိမ်ကျရင် မင်းမှာ အခွင့်အရေးတစ်ခုတောင်ရှိလိမ့်မှာ မဟုတ်ဘူး" အချိန်သဲကောင်းကင်ဘုံအရှင်က ဘာမှားနေလဲ မသိပေမယ့် သူက ဒီရန်ငြိုးကို မှတ်ထားရလိမ့်မယ်။