ဂုဏ်သတင်းကျော်ကြားခြင်း
Vol. 70 Ch. 978
နက်ပြာပလိန်းသို့ ပြန်လာပြီး အချိန်တစ်ခုအထိ နေပြီးနောက် လီဖူချန်းက အံ့ဖွယ်သစ်ရွက်မြို့သို့ ပြန်သွားတော့တယ်။
အံ့ဖွယ်သစ်ရွက်မြို့ကို သွေးပုဆိန်အင်ပါယာအရှင်က အုပ်ချုပ်နေလျက်ပါပဲ။
"မူလအဆုံးစွန်းကောင်းကင်ဘုံအရှင်၊ မင်းလား"
ဓားသမားအစည်းအရုံးထဲမှာ သက်တံဖြူကောင်းကင်ဘုံအရှင်က လီဖူချန်းကို မြင်တဲ့အခါ သူက ဘာတစ်ခုမှ မခံစားရပါဘူး။ ဒါပေမယ့် သူက ဒုတိယအကြိမ်ကကြည့်လိုက်အခါမှာတော့ သူက အလိုအလျောက် မှင်တက်သွားမိတယ်။
"မင်း ကြယ်ပိုင်နက်အဆင့်ကို ရောက်သွားပြီးလား" သူက သရဲတစ်ကောင်ကို မြင်လိုက်ရသလို သက်တံဖြူကောင်းကင်ဘုံအရှင်ရဲ့မျက်လုံးတွေက ကြီးမားလာတယ်။
ဘယ်လိုတောင်မှလဲ။ နှစ်အနည်းငယ်ပဲ ရှိသေးတယ်။ လီဖူချန်းက အဆင့်၁ကောင်းကင်ဘုံအရှင်မှကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်သို့ ဘယ်လိုရောက်ရှိသွားတာပါလိမ့်။
"ဟုတ်တယ်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ သူက သူ့ခွန်အားကို ဖုံးကွယ်ဖို့ အစီအစဉ်မရှိပါဘူး။
မကြာမီမှာ ဓားလေကောင်းကင်ဘုံအရှင်လည်း ရောက်ရှိလာတယ်။ လီဖူချန်းက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်တာကို မြင်တွေ့လိုက်ချိန်မှာတော့ ဓားလေကောင်းကင်ဘုံအရှင်ရဲ့တုံ့ပြန်မှုက သက်တံဖြူကောင်းကင်ဘုံအရှင်နဲ့ နှိုင်းယှဉ်နိုင်ပေတယ်။
"အခုကစပြီး ငါ မင်းကို မူလအဆုံးစွန်းအရှင်လို့ ခေါ်ရတော့မှာပေါ့"
စကြာဝဠာထဲမှာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေကို ပုံမှန်အားဖြင့် အရှင်နဲ့အရှင်မလို့ ခေါ်ကြတယ်။ အလွန်အမင်းရှေးကျတဲ့ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေကိုသာ ဘိုးဘေးလို့ ခေါ်ကြတယ်။ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ရှေးကျပြီးအားကောင်းတဲ့ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေထဲကတစ်ယောက်ဖြစ်တယ်။
ရှားပါးတဲ့အနည်းငယ်ကသာ လီဖူချန်းက ကြယ်ပိုင်နက်အဆင့်ကောင်းကင်အရှင်တစ်ယောက်မှန်း သိကြတယ်။ သက်တံဖြူကောင်းကင်ဘုံအရှင်နဲ့ဓားလေကောင်းကင်ဘုံအရှင်တို့က ဒီသတင်းကို မထွက်ပေါ်စေခဲ့ပါဘူး။
အချိန်ကုန်ဆုံးလာတယ်.......
"နောက်ဆုံးတော့ ငါက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၈ကို ရောက်လာပြီးပေါ့"
မူလအဆုံးစွန်းဓားနည်းလမ်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေရှိတာကြောင့် လီဖူချန်းရဲ့ကျင့်ကြံခြင်းအရှိန်က အလွန်မြန်တယ်။ ဒါပေမယ့် အရှိန်ဘယ်လောက်ပဲမြန်မြန်၊ နှစ်အနည်းငယ်အတွင်းမှာ အဆင့်တစ်ဆင့်တိုးမြှင့်ဖို့က မဖြစ်နိုင်ဘူး။ တကယ်တော့ ချီဒါမှမဟုတ်ဓားစွမ်းအင်ကို စုဆောင်းရတာ မရိုးစင်လှပါဘူး။
လီဖူချန်းက အခုကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပေမယ့် အခြေခံအရ သူက အခြားကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေထက် အများကြီးနိမ့်ကျတယ်။ သူ့မှာ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်မရှိရင် သူက အဆုံးမှာ ပျောက်ကွယ်သွားသူဖြစ်ပေလိမ့်မယ်။
ဒါကြောင့် သူ့ရဲ့ထိပ်ဆုံးဦးစားပေးကတော့ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၉ဒါမှမဟုတ်အထွတ်အထိပ်အဆင့်အထိ ရောက်အောင် ကျင့်ကြံဖို့ဖြစ်တယ်။
"အံ့ဖွယ်သစ်ရွက်ရည်အချို့အတွက် ငါ သွေးပုဆိန်အင်ပါယာအရှင်နဲ့ အရောင်းအဝယ်လုပ်နိုင်လောက်တယ်"
"မူလအဆုံးစွန်းအရှင်၊ မင်းက ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မရဲ့မိတ်ဆွေတစ်ယောက်ပဲ။ ငါ မင်းကို အံ့ဖွယ်သစ်ရွက်ရည်အချို့ ပေးရတာ ကိစ္စမရှိပါဘူး" မြို့အရှင်အိမ်တော်ထဲမှာ သွေးပုဆိန်အင်ပါယာအရှင်က လက်ကို ဝှေ့ယမ်းလိုက်တယ်၊ နေရာလပ်လက်စွပ်တစ်ကွင်းက လီဖူချန်းဆီ ပျံသန်းလာတယ်။
လီဖူချန်းက အထဲကို ကြည့်လိုက်ရာ အံ့ဖွယ်သစ်ရွက်ရည်ပမာဏက ရေကန်ငယ်တစ်ခုစာလောက်ရှိတာကို သတိပြုမိလိုက်တယ်။ သူတို့ကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနဲ့ အရောင်းအဝယ်လုပ်ရင် အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ဘီလီယံဒါမှမဟုတ်ဆယ်ဘီလီယံလောက် ရှိလိမ့်မယ်။
"ဒါ များလွန်းတယ်" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
အကူအညီတွေက ပြန်ပေးရတာ အခက်ခဲဆုံးပဲ။ သူက မျှမျှတတပဲ အရောင်းအဝယ်လုပ်ရမယ်၊ သူက အများဆုံး အကူအညီအနည်းငယ်လောက်သာ တင်ချင်တယ်။
"မူလအဆုံးစွန်းအရှင်၊ နားလည်မှုမလွဲပါနဲ့။ မင်းက အထင်ကြီးလေးစားစရာကောင်းတဲ့အရှင်တစ်ယောက်ဖြစ်ပြီး ဒီလိုကိစ္စတွေက မင်းအတွက် အသေးအဖွဲလေးတွေပဲ။ မူလအဆုံးစွန်းအရှင်က ငါ့ကို မိတ်ဆွေတစ်ယောက်အနေနဲ့ ဆန္ဒမရှိရင်ပေါ့လေ"
သွေးပုဆိန်အင်ပါယာအရှင်က လီဖူချန်းကို မျက်နှာသာပေးရတဲ့အကြောင်းရင်းနှစ်ချက်ရှိတယ်။ ပထမကတော့ လီဖူချန်းက ထာဝရကလေးတစ်ယောက်ဖြစ်တဲ့ကြက်သွေးရောင်နှင်းသူတော်စင်အရှင်မနဲ့ ထူးခြားတဲ့ဆက်ဆံရေးရှိတယ်။ ဒုတိယကတော့ လီဖူချန်းက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး ဓားသမားအစည်းအရုံးရဲ့အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တယ်လေ။
"ဒီလိုဆိုမှတော့ အညတြလီက လက်ခံလိုက်ပါ့မယ်"
လီဖူချန်းက သွေးပုဆိန်အင်ပါယာအရှင်ကို သာမန်မိတ်ဆွေတစ်ယောက်အနေနဲ့ ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အမြင်အရ သွေးပုဆိန်အင်ပါယာအရှင်က ရိုင်းရိုင်းပြီးအကြင်နာမဲ့တယ်၊ အနီးကပ်မိတ်ဆွေတစ်ယောက်ဖြစ်ဖို့ မသင့်တော်ပါဘူး။
အံ့ဖွယ်သစ်ရွက်ရည်လုံလုံလောက်လောက်နဲ့အတူတူ လီဖူချန်းရဲ့ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးလာနေတယ်။ နောက်နှစ်ဝက်ခန့်ကြာပြီးနောက် သူက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၉ကို ရောက်ရှိလာတယ်။ နောက်သုံးနှစ်ကြာပြီးနောက် သူက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အထွတ်အထိပ်အဆင့်ကို ရောက်ရှိလာတယ်။
အခုဆိုရင် လီဖူချန်းက အရာအားလုံးရဲ့အထွတ်အထိပ်ကို ရောက်ရှိနေပါပြီ။
သူက နောက်ထပ်တိုးတက်ချင်ရင် အခက်အခဲက ဆယ်ဆဒါမှမဟုတ်အဆတစ်ထောင် တိုးလာလိမ့်မယ်။ အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ဖို့ဆိုရင် သူက ကြမ်းတမ်းရက်စက်တဲ့အခြေအနေများစွာကို ပြီးပြည့်စုံစေဖို့ လိုပါလိမ့်မယ်။
"အခုက စွန့်စားထွက်ဖို့အချိန်ပဲ" အသက်တစ်ချက်ရှုသွင်းပြီးနောက် လီဖူချန်းက ပြုံးလိုက်တယ်။
စကြာဝဠာက ကြီးမားကျယ်ပြန့်ပြီး အကြိုနတ်ဘုရားတစ်ယောက်ကတောင် အပြည့်အဝမရှာဖွေနိုင်ဘူး။ တစ်ယောက်မှမသွားရသေးတဲ့ လျှို့ဝှက်နယ်မြေအချို့ ရှိနိုင်တယ်။ အထဲမှာ ကောင်းကင်ဆန့်ကျင်အခွင့်အလမ်းတွေ ရှိနိုင်တယ် ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့အန္တရာယ်တွေ ရှိနိုင်တယ်။
အရင်ကတော့ လီဖူချန်းက ခွန်အားလုံလုံလောက်လောက်မရှိခဲ့ဘူး။
အခု သူက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာပြီး သေခြင်းကို မရှာဖွေသရွေ့ သူ့အနေနဲ့ ပျောက်ကွယ်သွားဖို့က မဖြစ်နိုင်ပါဘူး။
…
စိတ်ဝိညာဉ်တစ်သောင်းဧည့်ခံပွဲက စိတ်ဝိညာဉ်တစ်သောင်းမြို့အရှင်ဖြစ်တဲ့စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်ဘုံအရှင်က ဦးစီးကျင်းပတဲ့ပွဲတော်တစ်ခုဖြစ်တယ်။
လီဖူချန်းက ဘာမှလုပ်စရာမရှိဘူးဆိုတော့ သူက ဒီကောင်းကင်ဘုံအရှင်ပွဲတော်ကို လက်လွတ်မခံပါဘူးလေ။
"မိုးကြိုးနတ်ဘုရားနွားရဲ့အသားက တကယ်ကို မယုံနိုင်စရာပဲ"
ကြီးမားတဲ့ခန်းမမှာ စားပွဲခုံဒါဇင်ကျော်ရှိပြီး စားပွဲခုံတစ်ခုစီမှာ ကောင်းကင်ဘုံအရှင်တစ်ယောက်စီ ထိုင်နေကြတယ်။ လီဖူချန်းက ဓားလေကောင်းကင်ဘုံအရှင်နဲ့သက်တံဖြူကောင်းကင်ဘုံအရှင်တို့ရဲ့ဘေးနားမှာ ထိုင်နေတယ်။ အရွယ်အစားအားဖြင့် မီတာအနည်းငယ်ရှိတဲ့စက်ဝိုင်းပုံသတ္တုပြားတစ်ခုရှိတယ်၊ သတ္တုပြားတစ်ဝက်က အသားဟင်းတွေနဲ့ ပြည့်နေပြီး အခြားတစ်ဝက်က အရည်ကောင်းတွေနဲ့ ပြည့်နေတယ်။
လီဖူချန်းက အမဲသားတစ်တုံးကို ယူကာ တစ်ကိုက်ကိုက်လိုက်တယ်။ မဖော်ပြနိုင်လောက်တဲ့အသားအရသားတစ်ခုရှိတယ်၊ သူက ဓာတ်လိုက်သွားသလိုတောင် ခံစားရတယ်။
ပြီးနောက် သူက ကြယ်ဝိုင်ကို တစ်ငုံသောက်လိုက်တယ်၊ သူက ငြိမ်းချမ်းတဲ့စကြာဝဠာထဲမှာ ရောက်ရှိနေသလို ခံစားရတယ်။
အမဲသားတစ်တုံးကို စားပြီးနောက် သက်တံဖြူကောင်းကင်ဘုံအရှင်က ပြောလိုက်တယ်"ဒီခရီးကို လာရတာ တကယ်ထိုက်တန်တယ်၊ တကယ်ကို ထိုက်တန်တယ်"
မိုးကြိုးနတ်ဘုရားနွားက အလွန်အမင်းရှားပါးတယ်။ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်တစ်ခုလုံးနဲ့ပတ်ဝန်းကျင်ကြယ်ပိုင်နက်တွေထဲမှာ စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်ဘုံအရှင်ကသာ မိုးကြိုးနတ်ဘုရားနွားအနည်းငယ်ကို မွေးမြူထားတယ်။
ဓားလေကောင်းကင်ဘုံအရှင်က တစ်ချက်ကြည့်ကာ ပြောလိုက်တယ်"ငါတို့တွေက မူလအဆုံးစွန်အရှင်နဲ့လိုက်လာလို့သာပဲ၊ လူတိုင်းကို ကြည့်စမ်း၊ ဘယ်သူကများ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေမဟုတ်လို့လဲ"
စိတ်ဝိညာဉ်တစ်သောင်းဧည့်ခံပွဲက အသင်္ချေပန်းစုဝေးပွဲလောက် မကျော်ကြားပေမယ့် စိတ်ဝိညာဉ်တစ်သောင်းဧည့်ခံပွဲက အတော်လေးအဆင့်မြင့်တယ်။ ဖိတ်ခေါ်ထားသူတွေအားလုံးက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေပါပဲ။ လီဖူချန်းသာမရှိရင် သက်တံဖြူကောင်းကင်ဘုံအရှင်နဲ့ဓားလေကောင်းကင်ဘုံအရှင်တို့ကို ဖိတ်ခေါ်ကြလိမ့်မှာမဟုတ်ဘူး။
ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အဖြစ် လီဖူချန်းရဲ့အဆင့်အတန်းကတော့ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်မှာ ပျံ့နှံ့နေတယ်။ ဒါက လီဖူချန်းက ရည်ရွယ်ချက်ရှိရှိဖုံးကွယ်မထားတာကြောင့်လေ။
ဂုဏ်သတင်းကျော်ကြားခြင်းက အရေးကြီးတယ်။ သူက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်မှန်း လူတိုင်းက သိစေခြင်းက ကောင်းတဲ့အရာတစ်ခုပါပဲ။ အနည်းဆုံးတော့ အဲဒါက အဟန့်အတားအချို့ကို ဖြစ်စေလိမ့်မယ်။
"မူလအဆုံးစွန်းအရှင်၊ ဒါက မိုးကြိုးနတ်ဘုရားနွားရဲ့နှလုံးသားပဲ။ ဒါက ၎င်းရဲ့ခန္ဓာကိုယ်မှတန်ဖိုးအရှိဆုံးအစိတ်အပိုင်းပဲ၊ အရသာခံကြည့်လိုက်ပါအုံး"
စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်ဘုံအရှင်က ဟင်းတစ်ပွဲကို ကိုယ်တိုင်ယူလာကာ လီဖူချန်းရဲ့စားပွဲပေါ် တင်ထားလိုက်တယ်။
"သေချာတာပေါ့" လီဖူချန်းက သူ့ရဲ့ခက်ရင်းနဲ့ဓားကို ယူကာ နွားနှလုံးသားအပိုင်းတစ်ခုကို လှီးဖြတ်လိုက်တယ်။
အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ နွားနှလုံးသားရဲ့အရသာက အသားထက် ဆယ်ဆ၊အဆတစ်ရာပိုကောင်းတယ်။ စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်ဘုံအရှင်က ကန့်လန့်ဖြတ်မြစ်ဘိုးဘေးနဲ့အသင်္ချေပန်းအမျိုးသမီးတို့ကိုသာ နွားနှလုံးသားနဲ့ ဧည့်ခံတယ်။
"မူလအဆုံးစွန်းအရှင် ကြိုက်ရင်ပြီးတာပဲ"
စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်ဘုံအရှင်က ပျော်ရွှင်သွားတယ်။ အတိတ်မှာ သူက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက် ယောက်ကို စိတ်ဝိညာဉ်တစ်သောင်းဧည့်ခံပွဲသို့ ဖိတ်ခေါ်နိုင်တာ ရှားပါတယ်၊ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကတောင် အချိန်တိုင်းမတက်ရောက်ဘူး။ လီဖူချန်းတက်ရောက်လာမှုက သူ့အတွက် အခွင့်အရေးတစ်ခုပါပဲ။
အပွင့်လင်းဆုံးပြောရရင် အံ့ဖွယ်သစ်ရွက်မြို့ ဖျက်ဆီးခံရချိန်တုန်းက စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်ဘုံအရှင်က အတော်လေးဝမ်းနည်းစိုးရိမ်သွားတယ်။ ဒါကြောင့် သူ့အနေနဲ့ လီဖူချန်းနဲ့ ဆက်ဆံရေးကောင်းတစ်ခုရှိဖို့ အရေးကြီးတယ်။ လီဖူချန်းနဲ့သွေးပုဆိန်အင်ပါယာအရှင်က အတော်လေးနီးကပ်တယ်လို့ သူ ကြားခဲ့တယ်။
အသင်္ချေပန်းအမျိုးသမီး ရောက်လာပါတယ်"
"ကန့်လန့်ဖြတ်မြစ်ဘိုးဘေး ရောက်လာပါတယ်"
သွေးပုဆိန်အင်ပါယာအရှင် ရောက်လာပါတယ်"
ဩဇာရှိပုဂ္ဂိုလ်သုံးယောက်က ရောက်ရှိလာတော့တယ်။