← Chapters

မြေခွေးလေး၏ ကံကြမ္မာ

Vol. 78 Ch. 1081

မြေခွေးလေး၏ ကံကြမ္မာ

Vol. 78 Ch. 1081

ထို စကားသံကြီး ပဲ့တင်ထပ်သွားသည်နှင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာလည်း အပြင်းအထန်တုန်ရီသွား၏။

ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ခုအား နားလည်သွားသည့်ပုံပင်။ သို့သော် သူ၏ အသိစိတ်ထဲတွင်မူ မေးခွန်းများ ထပ်၍ ပေါ်ပေါက်လာ၏။ ထို မေးခွန်းများ၊ သံသယစိတ်များနှင့် အတွေးပေါင်း မြောက်မြားစွာတို့မှာ သူ၏ နတ်ဘုရားအာရုံထဲသို့ စီးဝင်သွားကြပြီးနောက် နတ်ဘုရားစိတ်ဆန္ဒတစ်ခုအဖြစ် သွေးနီရောင် ကင်းခြေများကြီးဆီသို့ ဦးတည်သွားတော့သည်။

" ခဗျားက... ဘယ်သူလဲ "

ထို နတ်ဘုရား စိတ်ဆန္ဒထဲတွင် ဝမ်ပေါင်လဲ့၏ အတိတ်ဘဝကိုးခုထဲမှ မေးခွန်းများသာမက သူ၏ နှလုံးသားထဲရှိ သံသယစိတ်များပါ ပါဝင်နေသည်။ သူသည် လက်ရှိအခြေအနေအရ သူ့ဘက်မှ မေးခွန်းမေးလိုက်မည်ဆိုပါက ထို ကင်းခြေများကြီးမှာ သေချာပေါက် ပြန်ဖြေလိမ့်မည်ဟု ခံစားနေရ၏။

၎င်းမှာ ထူးဆန်းနေပါသော်လည်း စိတ်ထဲမှ အလိုလိုသိနေသည့် ခံစားချက်မျိုးဖြစ်ပေသည်။

သူ ထင်မှတ်ထားသည့်အတိုင်းပင်။ ဝမ်ပေါင်လဲ့ သူ၏ နတ်ဘုရားအာရုံအား ထုတ်လွှတ်လိုက်သည်နှင့် သွေးနီရောင်ကင်းခြေများကြီးကြောင့် ပေါ်ပေါက်လာသည့် မျက်နှာကြီးမှာ ဝမ်ပေါင်လဲ့အား အထူးအဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်၏။ ထို့နောက် ၎င်းမှာ သဘောကျသွားသည့် အမူအရာဖြင့် မပွင့်တပွင့်ပြုံးကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်တော့သည်။

" တခြားတစ်ယောက်ယောက်က မေးနေတာဆိုရင်တော့ ငါက ပြန်ဖြေချင်မှပြန်ဖြေမှာ။ ဒါပေမဲ့ မင်းကို ပြောပြရလို့ ငါ့အတွက် ဘာပြဿနာမှ မရှိပါဘူး။ ငါက... "

ဝမ်ပေါင်လဲ့မှာ အာရုံအပြည့်စိုက်ထား၏။ သူသည် သူ လိုအပ်နေသည့် အဖြေများအားလုံးကို သိရတော့မည်ဟုခံစားနေရသည်။ သို့သော် သွေးနီရောင် ကင်းခြေများကြီး ထိုသို့ ဆိုလိုက်သည့်အချိန်တွင်...

သူ၏ နောက်ရှိ ဟင်းလင်းပြင်ကြီးထဲမှ အားကောင်းသော ဆွဲငင်အားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာပြီး သူ့အား ချက်ချင်းလွှမ်းခြုံသွား၏။ ထို့ကြောင့် သူ၏ အသိစိတ်မှာလည်း ရုတ်ခြည်းဆိုသလို နောက်သို့ ဆောင့်ဆွဲခံလိုက်ရသည်။

ထို ဆွဲငင်အားမှာ ရပ်တန့်၍ရမည်မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် မည်မျှပင် ကြိုးစားရုန်းကန်နေစေကာမူ အချည်းနှီးပင်။ သူသည် သွေးနီရောင် ကင်းခြေများကြီးနှင့် တဖြည်းဖြည်း ကွာဝေးသွားနေသည့် မြင်ကွင်းကိုသာ ငေးကြည့်နေရ၏။ ၎င်း၏ စကားသံမှာလည်း အလွန်အင်မတန်မှ တိုးသွားသောကြောင့် သူသည် ၎င်းအား ရှင်းလင်းပြတ်သားစွာ ကြားနိုင်စွမ်းမရှိတော့ပေ။

" တောက်ကွာ " ဝမ်ပေါင်လဲ့တစ်ယောက် ထိုမျှလောက် အသိစိတ်ပျောက်လုမတတ် ဒေါသထွက်ဖူးသည့် အကြိမ်အရေအတွက်မှာ မရှိသလောက်နည်းပေသည်။ သူသည် အရာအားလုံးအား သိသွားတော့မည်ဟု ခံစားနေခဲ့ရပါသော်လည်း ပြင်ပစွမ်းအားတစ်မျိုး၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသဖြင့် သူ၏ အသိစိတ်မှာ ဗြောင်းဆန်သွားရ၏။

သို့သော် သူ့အား လွှမ်းခြုံထားသည့် ဆွဲငင်အားကြီးနှင့် ယှဥ်လိုက်ပါက သူ၏ ဒေါသစိတ်များမှာ လုံးဝ အသုံးမဝင်ပေ။ ထို့ကြောင့် သူသည် အဝေးသို့ ဆွဲခေါ်ခံလိုက်ရပြီး ပူစည်ဖောင်းများ သူ၏ဘေးမှ ဖြတ်သွားသည်ကိုသာ ငေးကြည့်နေရတော့သည်။ တစ်အောင့်ခန့်အကြာတွင် သူ၏ အသိစိတ်မှာ ရှုယင်လင်း၏ အိပ်မက်ကမ္ဘာထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။

ထို့နောက် ၎င်းမှာ... ရှုယင်လင်း အသွင်ပြောင်းလဲသွားခဲ့သည့် ငါးလေးထဲသို့ ဝင်ရောက်သွားတော့သည်။

ထိုအချိန်တွင် ထိုငါးလေးမှာ အသက်မရှိတော့ပေ... အဘယ်ကြောင့်ဆိုသော ၎င်းမှာ မြေခွေးတစ်ကောင်၏ တစ်စစီ ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရသဖြင့် ဇီဝိန်ချုပ်သွားရသောကြောင့်ပင်။

ထိုအချက်ကြောင့်လည်း ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ ထိုငါးလေးထဲသို့ ပြန်ရောက်လာခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ် လွင့်ပါးပျောက်ကွယ်မသွားခင် ထို ငါးလေးအား တစ်စစီ ခြေမွှဖျက်ဆီးဖြစ်ခဲ့သည့် မြေခွေးလေးအား မြင်လိုက်ရ၏။ ထို မြေခွေးလေးမှာ ထို ငါးလေး သို့မဟုတ် ပို၍ တိတိကျကျဆိုရလျှင် ထို ငါးလေးထဲသို့ ပြန်ရောက်လာခဲ့သည့် ဝမ်ပေါင်လဲ့၏ အသိစိတ်အား စိုက်ကြည့်ရင်း ကျေနပ်နေသည့် အမူအရာဖြင့် ပြုံးလိုက်၏။

တစ်အောင့်ခန့်အကြာတွင် ကံကြမ္မာပေါ်ဂြိုဟ်ပေါ်ရှိ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ရှုယင်လင်း၏ ရှေ့တွင် တင်ပျဥ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာသည်။ သူ၏ မျက်ဝန်းများထဲတွင် ဒေါသစိတ်များ ပြည့်နှက်နေပြီး အနီရောင် သွေးကြောကြီးများကိုပင် မြင်နိုင်ပေသည်။ သူ၏ မျက်နှာအမူအရာမှာလည်း ရက်စက်ကြမ်းကြုတ်လွန်းနေသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာတော့မည့်အလား ဖြစ်နေတော့သည်။

ထိုအချိန်တွင် မကြာသေးမီတုန်းက ပြန်လည်နိုးထလာခဲ့သည့် ရှုယင်လင်းမှာ သူ၏ အကြည့်နှင့် မျက်နှာအမူအရာအား မြင်လိုက်ရသည်။ သူမသည် ယခုမှ နိုးထလာသည်ဖြစ်၍ ရီဝေဝေဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့၏ အကြည့်နှင့် မျက်နှာအမူအရာအား မြင်လိုက်ရသည်နှင့် ရေခဲလိုဏ်ဂူကြီးတစ်လုံးထဲသို့ ရောက်သွားသည့်အလား ခံစားလိုက်ရ၏။ ထို့ကြောင့် သူမသည် တစ်ကိုယ်လုံး တုန်ရီသွားပြီး ကြောက်ရွံ့ထိတ်လန့်သွားရသည်။ သူမသည် မသိစိတ်မှနေ၍ ထွက်ပြေးချင်စိတ်များ ပေါ်ပေါက်လာပါသော်လည်း တစ်အောင်ခန့်အကြာတွင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။

သူမသည် ခန္ဓာကိုယ်တစ်ခုလုံး ချုပ်နှောင်ခံထားရသည်ဖြစ်ကြောင်း ရိပ်မိသွားခြင်းဖြစ်၏။ သူမသည် မတ်တတ်ပင် မထနိုင်တော့သလို သူမ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ချုပ်တည်းခံထားရပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၏ နှလုံးသားထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်သွားရသည်။ သူမသည် သူမ၏ လျှို့ဝှက်ပညာရပ်ကို အသုံးပြုကာ သူမ ထိန်းချုပ်ထားသည့် ကျင့်ကြံသူများအား ပြန်လည်ဆင့်ခေါ်ရန် ကြိုးစားကြည့်လိုက်ပါသော်လည်း ထို ပညာရပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော နေရာကြီးမှာ လူသူကင်းမဲ့နေသည်ကို မြင်လိုက်ရ၏။

သူမ တပ်ဆင်ထားခဲ့သည့် ထောင်ချောက်များအားလုံးမှာလည်း သူမ၏ ဆင့်ခေါ်မှုအား ပြန်လည် တုံ့ပြန်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် သူမသည် ပို၍ပင် စိတ်ပျက်သွားရသလို တစ်ချိန်တည်းမှာပင် သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားသွားရတော့သည်။

သူမသည် ဝမ်ပေါင်လဲ့ သူမအား မည်သို့မည်ဖုံ ရှာတွေ့သွားခဲ့မှန်း မသိပါသော်လည်း သူမ ရောက်နေသည့် လက်ရှိအခြေအနေမှာ သူမ၏ သက်တမ်းတစ်လျှောက်လုံး၌ လုံးဝမကြုံဖူးသည့် သေရေးရှင်ရေး အခြေအနေတစ်ခုဖြစ်ကြောင်း နားလည်ထားသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ တာအိုဂြိုဟ်ပင်လျှင် အနည်းငယ်မျှ တုံ့ပြန်မှုမရှိတော့သည်ကို အာရုံခံမိလိုက်သောကြောင့်ပင်။ ထို့အပြင် အခြား တာအိုဂြိုဟ်ဆီမှ ထွက်ပေါ်လာနေသည့် ဖိအားများကြောင့် သူမသည် ၎င်းအား လုံးဝ ခုခံတွန်းလှန်နိုင်မည်မဟုတ်ကြောင်း ခံစားနေရ၏။

ထို့ကြောင့် သူမသည် ဤ အန္တရာယ်ကြီးထဲမှ လွတ်မြောက်နိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေရင်း နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီလာရတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ပို၍ပင် မျက်နှာထားတင်းမာလာ၏။ သူ၏ အကြည့်မှာ အရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေသလို သူသည်လည်း သူ၏ နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်များအား ချုပ်တည်းထားနိုင်စွမ်း မရှိတော့သည့်ပုံပင်။ သို့ဖြစ်ရာ သူသည် အချိန်မရွေး ယမ်းပုံမီးကျ ပေါက်ကွဲသွားတော့မည့်အလား ဖြစ်နေ၏။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်များကို ဖြည်းဖြည်းချင်း ချုပ်တည်းလိုက်၏။ သို့သော် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ တာအိုသစ္စာတစ်ခုအား ကျိန်ဆိုလိုက်ဆဲပင်။ ထို မြေခွေးလေးကြောင့် သူသည် အမှန်တရားအား သိရှိရမည့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ၎င်းအား သူခံစားခဲ့ရသည့် ဒေါသစိတ်များ၏ ဆယ်ဆမက အဆတစ်ရာအထိ ပြန်၍ခံစားရအောင် လုပ်မည်ဖြစ်သည်။

" မြေခွေးလေး... နင် ဘယ်သူလဲဆိုတာ ငါ သိပြီးသားပါ ကျိယွဲ့ရာ... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူသည် ငနုံငအတစ်ယောက် မဟုတ်ပေ။ အကယ်၍ သူ၏ အနေအထားနှင့် ကျိယွဲ့မှာ မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ ခန့်မှန်းနိုင်စွမ်းမရှိသေးပါက သူသည် ကျင့်ကြံခြင်း ခရီးစဉ်ပေါ်၌ လက်ရှိအဆင့်အထိ ရောက်ရှိလာနိုင်ခဲ့မည် မဟုတ်ဘဲ သေဆုံးသွားခဲ့လောက်ပြီ ဖြစ်သည်။

သို့သော် သူသည် သူ၏ သတ်ဖြတ်လိုစိတ်များကို ချုပ်တည်းထားသည့်တိုင်အောင် သူ၏ မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ် အငွေ့အသက်များမှာ အားကောင်းနေဆဲပင်။ ထို့ကြောင့် ရှုယင်လင်းမှာ ပို၍ပင် တုန်လှုပ် ချောက်ချားလာရတော့သည်။ ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့ ပြောလိုက်သည့် စကားများကြောင့် ပို၍ပင် သွေးပျက်သွားရ၏။

သူ ပြောခဲ့သည့်စကားများထဲတွင် သူမ၏ နှလုံးသားအား တုန်ရီသွားစေသည့် စကားလုံးနှစ်လုံး ရှိနေ၏။ ပထမတစ်လုံးမှာ သူမ၏ အတိတ်ဘဝထဲ၌ သူမအား သတ်ဖြတ်ခဲ့သည့် တရားခံဖြစ်သော မြေခွေးလေး ဖြစ်သည်။ ဒုတိယတစ်လုံးမှာမူ... အလွန်အင်မတန်မှ လျှို့ဝှက်ဆန်းကြယ်သည့် သူမ၏ ဆရာဖြစ်သူ ကျိယွဲ့၏ နာမည် ဖြစ်ပေသည်။

ထို စကားလုံးနှစ်လုံးကြောင့် ရှုယင်လင်းမှာ တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်လာရသည့်အထိပင်။

" အစ်... အစ်ကိုကြီးဝမ်... " သူမသည် စကားများပင် ထစ်နေပြီး ဝမ်ပေါင်လဲ့၏ အမြင်တွင် ပို၍ ဆွဲဆောင်မှုရှိကာ သနားစရာကောင်းသည့်ပုံ ပေါက်နေရန် အလို့ငှာ အတတ်နိုင်ဆုံးကြိုးစား၍ ဟန်ဆောင်ပြုံးလိုက်၏။

" ပါးစပ်ပိတ်ထားစမ်း " ဝမ်ပေါင်လဲ့မှာမူ ရှုယင်လင်း စကားမဆုံးနိုင်ခင်မှာပင် ရုတ်တရက် ခေါင်းမော့လာပြီး ရှုယင်လင်းအား အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ အော်ပြောလိုက်သည်။

ထို့ကြောင့် ရှုယင်လင်းမှာ စကားတစ်ခွန်းမှ ဆက်မပြောရဲတော့ပေ။ သူမသည် စိတ်ရောကိုယ်ပါ တဆတ်ဆတ် တုန်ရီနေရသည့်တိုင်အောင် မည်သည့်အကြောင်းကြောင့်မှန်းမသိ သူမ၏ နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှု ခံစားချက်များပေါ်ပေါက်လာသည်ကို ရုတ်တရက်ဆိုသလို အာရုံခံမိလိုက်သည်။

သို့ဖြစ်ရာ... သူမ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများ ပို၍ အန္တရာယ်ရှိလာလေလေ၊ သူမ အော်ဟစ်ဆဲဆိုခံနေရသည့် အကြိမ်အရေအတွက် ပိုများလာလေလေ၊ သူမ၏ သေရေးရှင်ရေးအား သူမကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း မရှိတော့လေလေ... သူမမှာ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည်။ ထို ခံစားချက်နှစ်မျိုးမှာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ပါသော်လည်း ယခုတွင် သူမ၏ နှလုံးသားထဲ၌ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသည်ဖြစ်ရာ သူမ၏ ခန္ဓာကိုယ်ထဲတွင်လည်း ထူးဆန်းသော ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များ ပေါ်ပေါက်လာ၏။

ထို့အပြင် သူမသည် သူမ၏ အတိတ်ဘဝထဲမှ မှတ်ဉာဏ်များကို ပြန်၍ မှတ်မိနေပြီမဟုတ်ပါလော။ ထိုစဉ်တုန်းက သူမသည် သူမအား ကယ်တင်ခဲ့သည့် ပုဂ္ဂိုလ်အား ရေထဲမှနေ၍ လှမ်းကြည့်ခဲ့သည်ဖြစ်ရာ ယခုတွင် သူမ လိုချင်နေသည့်အဖြေမှာ ရှင်းလင်းပြတ်သားသွားတော့သည်။

သူမသည် ဉာဏ်ပြေးသူတစ်ယောက် ဖြစ်ရာ ဝမ်ပေါင်လဲ့၏ အမူအရာများနှင့် သူပြောခဲ့သည့် စကားများကြောင့် ကောက်ချက်တစ်ခု ချနိုင်ခဲ့၏။ သူသည် စိတ်ကူးနှင့် မမှန်းဆနိုင်သည့် နည်းလမ်းတစ်မျိုးကို အသုံးပြုကာ သူမ၏ အတိတ်ဘဝထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ရပေမည်။ ထို့အပြင် သူသည် သူမ၏ ကံကြမ္မာကိုပင် ပြောင်းလဲပေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ထိုအဖြေကြောင့် သူမသည် ပို၍ပင် အံ့သြတုန်လှုပ်သွားရ၏။ ထို့အပြင် သူမ၏ ကြောက်စိတ်များသာမက စိတ်လှုပ်ရှားမှုများမှာလည်း ပို၍ အားကောင်းလာသည်။ သူမ၏ မျက်နှာမှာလည်း ရှက်သွေးဖြာသွားရ၏။ ဝမ်ပေါင်လဲ့မှာမူ ရှုယင်လင်းတစ်ယောက် မူမမှန် ဖြစ်နေသည်ကို ချက်ချင်း သတိထားမိသွားတော့သည်။

ထို့ကြောင့် သူသည် မျက်မှောင်ကြုတ်သွားရ၏။ သူသည် နဂိုကတည်းက ဒေါသထွက်နေသည်ဖြစ်ရာ ရှုယင်လင်း၏ အမူအရာများကို မြင်လိုက်ရသောအခါ မျက်ဝန်းများထဲ၌ ရွံရှာစက်ဆုပ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူ၏ ညာဘက်လက်ကို မြှောက်ကာ သူတို့နှစ်ယောက်၏ ကြားမှ ရန်စအား အဆုံးသတ်ပေးရန် ပြင်လိုက်စဉ်မှာပင်... ရှုယင်လင်းမှာ သူမ သေတော့မည်ဖြစ်ကြောင်း အာရုံခံမိလိုက်၏။ ထို့ကြောင့် သူမသည် နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများနှင့် ကြောက်စိတ်များကို ချုပ်တည်းကာ ကတုန်ကယင်ဖြစ်နေသည့် လေသံဖြင့် ဆိုလိုက်တော့သည်။

" အစ်ကိုဝမ်။ ညီမ အစ်ကို့အတွက် ညီမရဲ့ ဆရာ ကျိယွဲ့ကို ရှာပေးနိုင်ပါတယ် "

" တကယ်လား " ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် မေးလိုက်၏။

သူ၏ စကားသံမှာ ကျယ်လောင်နေခြင်းမရှိပါသော်လည်း ရှုယင်လင်းမှာ ၎င်းအား ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး ထပ်၍ တုန်ရီသွားရပြန်သည်။ ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့အား လိမ်ပြောလိုက်မည်ဆိုပါက ချက်ချင်း ဇီဝိန်ချုပ်သွားရမည်သာဖြစ်ကြောင်း ခံစားလိုက်ရ၏။

ထိုခံစားချက်မှာ အစစ်မဟုတ်ဘဲ အတုအယောင်တစ်ခုသာ ဖြစ်ပါသော်လည်း ရှုယင်လင်းမှာ အရဲမစွန့်ရဲပေ။ ထို့ကြောင့် သူမသည် မဆိုင်းမတွ ပြန်ဖြေလိုက်၏။

" ညီမ အစ်ကိုဝမ်ကို မလိမ်ရဲပါဘူး "

ဝမ်ပေါင်လဲ့မှာ ရှုယင်လင်း၏ အဖြေအား ကြားလိုက်ရသောအခါ အေးစက်စက်မျက်ဝန်းများဖြင့် သူမအား အချိန်အတော်အတန် ကြာအောင် စိုက်ကြည့်နေလိုက်၏။ ရှုယင်လင်းတစ်ယောက် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီလာသော အခါမှသာ ဝမ်ပေါင်လဲ့မှာ သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်ပြီး မျက်လုံးများမှိတ်ကား သူမအား လျစ်လျူရှုထားလိုက်တော့သည်။

ရှုယင်လင်းမှာမူ အသက်အန္တရာယ်အား ရှောင်တိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် စိတ်အေးသွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်၏။ သူမသည် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေရပြီဖြစ်သလို အသက်ဘေးမှ ယာယီ လွတ်မြောက်သွားပြီဖြစ်ရာ သူမ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းထားနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ထို ခံစားချက်များမှာ သူ၏ နှလုံးသားထဲ၌ ချက်ချင်း ပြည့်နှက်သွားပြီး သူမ၏ မျက်ဝန်းများမှာ ရီဝေဝေ ဖြစ်လာရတော့သည်။

" သူက ရူးသွားတာလားဟ " ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ ရှုယင်လင်း၏ ဦးခေါင်းအထက်၌ ရေခဲရေပုံးတစ်ပုံး ပေါ်ပေါက်လာပြီး သူသည် ၎င်းအား အောက်သို့ လောင်းချလိုက်တော့သည်။

All Chapters