← Chapters

ခရမ်းဝင်ရိုးစွန်းအရှင်

Vol. 70 Ch. 981

ခရမ်းဝင်ရိုးစွန်းအရှင်

Vol. 70 Ch. 981

"မူလအဆုံးစွန်းအရှင်၊ ဒါက တောင်ရှင်းလင်းကြယ်ပိုင်နက်ရဲ့သစ်သီးတစ်သောင်းဝိုင်ပဲ၊ အရာသာ ခံကြည့်ကြည့်ပါ"

မြို့အရှင်အိမ်တော်မှာ နဂါးရေကန်ကောင်းကင်ဘုံအရှင်က သူ့ရဲ့စုဆောင်းမှုအားလုံးကို လီဖူချန်းအတွက် ယူထုတ်လာတယ်။

"ဝိုင်ကောင်းပဲ"

သစ်သီးတစ်သောင်းဝိုင်က ၎င်းရဲ့နာမည်အတိုင်းပါပဲ။ ဝိုင်က သူ့ရဲ့ပါးစပ်ထဲ ဝင်လာတဲ့အခါ သစ်သီးတစ်သောင်းရဲ့ရနံ့တွေက ပေါက်ကွဲထွက်လာတယ်။ ကောင်းကင်ဘုံအရှင်တွေကသာ ဒီလောက်များတဲ့သစ်သီးတွေရဲ့အနံ့အရသာကို ချက်ချင်းအရသာခံနိုင်တယ်။ ‌ကောင်းကင်ဘုံအရှင်အောက်သူတွေက အနံ့အရသာတစ်ရာလောက်ကို ခွဲခြားနိုင်ရုံနဲ့တင် ချီးကျူးဖို့ထိုက်တန်နေပါပြီ။ အားနည်းတဲ့ကျင့်ကြံခြင်းရှိသူတွေကတော့ ရောထွေးပြီးထူးဆန်းတဲ့အနံ့အရသာကိုသာ အရသာခံနိုင်တယ်။

သူတို့နှစ်ယောက်က ဝိုင်သောက်ရင်း စကားပြောနေကြတယ်။

"မူလအဆုံးစွန်းအရှင်၊ ခရမ်းဝင်ရိုးစွန်းအရှင် ဒီကို ရောက်လာတယ်။ သူက နဂါးရေကန်မြို့ပြင်မှာ ရှိတယ်" ရုတ်တရက် နဂါးရေကန်ကောင်းကင်ဘုံအရှင်ရဲ့အမူအရာက ပြောင်းသွားကာ သူက ပြောလိုက်တယ်။

လီဖူချန်းက ဂရုမစိုက်ပါဘူး"ကိစ္စမရှိဘူး၊ ဆက်သောက်ကြရအောင်"

မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်က နာရီအချို့အကြာ ဆက်သောက်နေတော့တယ်။

နဂါးရေကန်မြို့အပြင်မှာ ခရမ်းဝင်ရိုးစွန်းအရှင်ရဲ့အမူအရာက မပြောင်းလဲသေးပါဘူး၊ သူက စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေလေတယ်။

ဒါပေမယ့် ဘေးကရပ်နေတဲ့ကောင်းကင်လှိုင်းသူတော်စင်အရှင်က မခံမရပ်နိုင်ဖြစ်သွားတယ်"အဖိုး၊ ဒီလူက မောက်မာလွန်းတယ်။ သူက သင့်ကို ဒီလောက်ထိ စောင့်ခိုင်းနေတာပဲ"

ဒါပေမယ့် သူက ဒါတွေကို ဒီနေရာမှာပဲ ပြောရဲတယ်၊ လီဖူချန်းအရှေ့မှာတော့ မဟုတ်ဘူး။

ဖတ်......

ရိုက်သံတစ်ချက်မြည်သွားပြီး ကောင်းကင်လှိုင်းသူတော်စင်အရှင်က လွင့်ထွက်သွားရတယ်။

သူ့ကို ရိုက်လိုက်တဲ့သူက ခရမ်းဝင်ရိုးစွန်းအရှင်မဟုတ်ပါဘူး၊ သူ့ရဲ့အဖေကောင်းကင်လိပ်ခုံးကောင်းကင်ဘုံအရှင်ပဲဖြစ်တယ်"အမှိုက်၊ မင်းက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ကို ဝေဖန်ဖို့ အရည်အချင်းရှိတယ်‌ထင်နေတာလား။ မင်းက အသက်ရှင်ရတာ မောနေပြီးလား"

ကောင်းကင်လှိုင်းသူတော်စင်အရှင်ရဲ့မျက်နှာက ပုတ်သိုးနေတော့တယ်။ သူက ဒေါသထွက်ဖို့သာ တတ်နိုင်တယ်၊ ဘာမှတော့ မပြောရဲပါဘူး။

ခရမ်းဝင်ရိုးစွန်းအရှင်က သူ့ကို တစ်ချက်ဝေ့ကြည့်လိုက်တယ်"ဒီရိုက်ချက်လောက်က ဘာမှ မဟုတ်သေးဘူး။ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်က မင်းကို သတ်ဖို့ ဆုံးဖြတ်ထားရင် ငါက‌တောင် မင်း အသက်ရှင်နိုင်လိမ့်မယ်လို့ အာမမခံနိုင်ဘူး"

ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အနေနဲ့ အခြားကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်‌ယောက်ကို သတ်ရတာ အလွန်အမင်းခက်ခဲတယ်။ လုံးဝမလိုအပ်ရင် ခရမ်းဝင်ရိုးစွန်းအရှင်က ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ကို သေချာပေါက် ပြဿနာမရှာချင်ပါဘူး။

"အဖိုး၊ မင်းက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်သုံးယောက်ကို အနိုင်ယူနိုင်ခဲ့တာပဲမလား" ကောင်းကင်လှိုင်းသူတော်စင်အရှင်က ပြောလိုက်တယ်။

"တိတ်စမ်း"

ပြောပြီးနောက် ခရမ်းဝင်ရိုးစွန်းအရှင်က လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်တယ်။ ခရမ်းအလင်းစက်လုံးတစ်ခုက ကောင်းကင်လိပ်ခုံးကောင်းကင်ဘုံအရှင်နဲ့ကောင်းကင်လှိုင်းသူတော်စင်အရှင်တို့ကို လွှမ်းခြုံကာ သူတို့ကို လွင့်ထွက်သွားစေလိုက်တယ်။

ခရမ်းဝင်ရိုးစွန်းအရှင်က ဒါတွေအားလုံးလုပ်ပြီးတဲ့အချိန်မှာတော့ ပုံရိပ်တစ်ခုက နဂါးရေကန်မြို့မှ ထွက်လာတယ်။

လီဖူချန်းပါပဲ။

"ငါက ခရမ်းဝင်ရိုးစွန်းအရှင်ပါ" ခရမ်းဝင်ရိုးစွန်းအရှင်က သူ့နာမည်ကို မိတ်ဆက်လိုက်တယ်။

"မူလအဆုံးစွန်းအရှင်" လီဖူချန်းက ခရမ်းဝင်ရိုးစွန်းအရှင်ကို အကဲဖြတ်လိုက်တယ်။

"မူလအဆုံးစွန်းအရှင်၊ ငါ့မျိုးဆက်က မသိနားမလည်ဘဲ မင်းကို ရန်စခဲ့မိတယ်။ ငါ သူ့ရဲ့အပြုအမူအတွက် မင်းကို လာတောင်းပန်တာပါ။ မင်း သူ့ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်"

ခရမ်းဝင်ရိုးစွန်းအရှင်က  လီဖူချန်းထင်ထားတာထက် ပိုယဉ်‌ကျေးတယ်၊ ဒါပေမယ့် ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေက ငြိမ်းချမ်းရေးက်ိုသာ ရှာ‌ဖွေပြီး သေးငယ်တဲ့ကိစ္စတွေအတွက် စစ်ပွဲတစ်ခုကို စတင်လိမ့်မှာမဟုတ်ဘူး။

"ဒါ ကိစ္စသေးသေးလေးပါပဲ။ ခရမ်းဝင်ရိုးစွန်းအရှင်က ငါ့ကို ဘာလို့ လာရှာလဲ သိချင်မိတယ်"

ခရမ်းဝင်ရိုးစွန်းအရှင်က တုံ့ပြန်လိုက်တယ်"ငါ မူလအဆုံးစွန်းအရှင်နဲ့ လေ့ကျင့်မှုတစ်ခု ပြုလုပ်ချင်တယ်။ ငါတို့လိုအဆင့်ကို ရောက်ပြီးနောက် တိုးတက်မှုတစ်ခုခုဖြစ်လာဖို့က အလွန်ခက်ခဲတယ်။ အခြားပုံစံတွေကို ပေါင်းစပ်ခြင်းဖြင့်သာ ငါတို့က ‌နောက်တစ်ဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်။ ဒါပေမယ့် သင် ဆန္ဒမရှိရင်တော့ ငါက မူလအဆုံးစွန်းအရှင်ကို ဖိအားမပေးပါဘူး"

ခရမ်းဝင်ရိုးစွန်းအရှင်က ဒီလိုပြောနေပေမယ့် လီဖူခန်းက အားနည်းလွန်းရင် ခရမ်းဝင်ရိုးစွန်းအရှင်က သူ့ကို အဆုံးသတ်ဖို့ ပြဿနာမရှိပါဘူး။

"ခရမ်းဝင်ရိုးစွန်းအရှင်က လေ့ကျင့်ချင်နေမှတော့ ငါက ဒီကမ်းလှမ်းမှုကို လက်ခံရမှာပေါ့"

လီဖူချန်းက မငြင်းပါဘူး။ သူက ခရမ်းဝင်ရိုးစွန်းအရှင်လို လက်ရွေးစင်အရှင်တွေနဲ့ အခုထိ မတိုက်ခိုက်ရသေးပါဘူး။ အချိန်သဲအရှင်က အားကောင်းပေမယ့် သူက လက်ရွေးစင်အရှင်ဖြစ်ဖို့ ဝေးကွာလွန်းနေပါသေးတယ်။ (အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု: မူရင်းစာရေးဆရာက အချိန်သဲကောင်းကင်ဘုံအရှင်မှ အချိန်သဲအရှင်သို့ အဆင့်မြှင့်တင်ခဲ့တယ်)

ဒါပေမယ့် ကပ်ဘေးမသေမျိုးခန္ဓာကိုယ်မရှိရင် လီဖူချန်းက အခုလိုမစွန့်စားရဲပါဘူး။

"ကောင်းတယ်၊ ငါက မူလအဆုံးစွန်းအရှင်ရဲ့ယုံကြည်ချက်ကို လေးစားမိပါတယ်"

ခရမ်းဝင်ရိုးစွန်းအဆင့်က အားပါးတရရယ်လိုက်တယ်၊ သူ့ရဲ့ချီတည်ရှိမှုက ဒလဟောပေါက်ကွဲထွက်လာတယ်။ ရုတ်တရက် အလင်းနှစ်အနည်းငယ်အတွင်းရှိအရာအားလုံးက ခရမ်းရောင်ဖြစ်သွားတယ်။

"ဒီလိုအားကောင်းတဲ့ချီတည်ရှိမှု" လီဖူချန်းက အံ့အားသင့်သွားတယ်။

သူ့ရဲ့ချီတည်ရှိမှုက ခရမ်းဝင်ရိုးစွန်းအရှင်ရဲ့တစ်ရာပုံတစ်ပုံတောင် မရှိဘူးလို့ လီဖူချန်းက ယုံကြည်တယ်။

"ငါ့ရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက အန္တိမအဆင့်ကို ချိုးဖြတ်သွားရင် ငါ့ရဲ့ချီတည်ရှိမှုက ခရမ်းဝင်ရိုးစွန်းအရှင်နဲ့ နှိုင်းယှဉ်နိုင်လောက်တယ်။ လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းနဲ့ပတ်သက်ပြီး တွေးလိုက်တယ်။

ယေဘုယျပြောရရင် သိုင်းတာအိုကိုကျင့်ကြံတဲ့ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်အများစုမှာ အန္တိမအဆင့်သိုင်းပညာတွေနဲ့ကျင့်ကြံခြင်းနည်းလမ်းတွေ ရှိတယ်။ လီဖူချန်းကသာ ပုံမှန်မဟုတ်တာ၊ သူက သူ့ရဲ့မူလအဆုံးစွန်းဓားပညာကို သုံးပြီး ကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိခဲ့တာလေ။

ဒါပေမယ့် လီဖူချန်းရဲ့ချီတည်ရှိမှုက ဆန်းကြယ်မှုတစ်ခုကို ပိုင်ဆိုင်တယ်။

သူ့ရဲ့ချီတည်ရှိမှုကြောင့် သူအားမကောင်းဘူးလို့ယူဆသူတွေကတော့ သေချာပေါက် အံ့အားသင့်မှုတစ်ခုကို ခံစားရလိမ့်မယ်။

"မူလအဆုံးစွန်းအရှင်၊ အခုကစပြီး ဂရုစိုက်ပါ။ ခရမ်းချီအရှေ့ရောက်ရှိလာခြင်း"

လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်စီးကြောင်းတစ်ခုက ရောက်ရှိလာပြီး လီဖူချန်းကို တိုက်ခိုက်လာတယ်။

"မယုံနိုင်စရာပဲ"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ ဒီခရမ်းရောင်စီးကြောင်းက အလွန်သိပ်သည်းတယ်။ ကြယ်တစ်သောင်းရဲ့ပေါက်ကွဲမှုစွမ်းအင်ကတောင် မယှဉ်နိုင်ဘူးလို့ လီဖူချန်းက ခန့်မှန်းထားတယ်။

"မူလဘူတဓား" လီဖူချန်းက ခရမ်းရောင်စီးကြောင်းကို ခုတ်ပိုင်းလိုက်တယ်။

ဝုန်း ဒုန်း.......

နှစ်ယောက်ကြားမှာ ကြီးမားတဲ့ဖျက်ဆီးမှုတစ်ခုဖြစ်လာတယ်။ စကြာဝဠာဥပဒေသအားလုံးက ဟင်းလင်းပြင်ထဲသို့ ပြောင်းသွားတော့တယ်။

ဝုန်း.......

လီဖူချန်းက အသက်တစ်ခါရှုချိန်လောက်သာ ခုခံနိုင်ခဲ့တယ်၊ ပြီးနောက် သူက လွင့်ထွက်သွားရတယ်။ သူ့ခန္ဓာကိုယ်က နဂါးရေကန်မြို့ရဲ့အစီအရင်အတားအဆီးနဲ့ တိုက်မိသွားလေတယ်။

"အဖိုးနိုင်သွားပြီ" ကောင်းကင်လှိုင်းသူတော်စင်အရှင်က စိတ်လှုပ်ရှားနေတယ်။

"အပျော်မစောနဲ့" ကောင်းကင်လိပ်ခုံးကောင်းကင်ဘုံအရှင်က ကောင်းကင်လှိုင်းသူတော်စင်အရှင်ကို မာန်မဲလိုက်တယ်။

လီဖူချန်းက လွင့်ထွက်သွားပေမယ့် သူက ဒဏ်ရာမရခဲ့ပါဘူး။

"ထပ်လာပြီ၊ ဓားချီမူလပြန်သွားခြင်း" လီဖူချန်းက လက်ဦးမှုရယူကာ တိုက်ခိုက်လိုက်တယ်။

"ခရမ်းချီမူလပြန်သွားခြင်း....."

ခရမ်းဝင်ရိုးစွန်းအရှင်ရံအကွက်က လီဖူချန်းရဲ့ဓားကွက်နဲ့ နာမည်အလွန်တူတယ်။ ခရမ်းဝင်ရိုးစွန်းအရှင်က သူ့လက်ချောင်းကို ဆတ်ခနဲတောက်လိုက်တယ်၊ ခရမ်းအလင်းရောင်စက်လုံးတစ်ခုက လီဖူချန်းရဲ့ဓားကွက်ကို တိုက်ခိုက်လာတယ်။

ဒိန်း........

ကြောက်စရာကောင်းတဲ့တုန်ခါမှုတွေနဲ့အတူ နဂါးရေကန်မြို့က မီတာအနည်းငယ်အထိ ရွှေ့ပြောင်းသွားတော့တယ်။ နဂါးရေကန်မြို့ကို အစီအရင်လွှာဆယ်လွှာက ကာကွယ်ထားပေးလျက်ရှိတယ်။

"မူလပြန်သွားဓားပြောင်းလဲခြင်း" လီဖူချန်းက သူ့ရဲ့အသန်မာဆုံးဓားကွက်ကို ထုတ်ဖော်လိုက်တယ်။

ချွမ်း ချွမ်း ချွမ်း........

ဒီတစ်ခါမှာတော့ ခရမ်းဝင်ရိုးစွန်းအရှင်က ပြန်မတိုက်ခိုက်တော့ဘူး၊ သူက လီဖူချန်းရဲ့ဓားကို ခုခံလိုက်တယ်။

လီဖူချန်းရဲ့အသန်မာဆုံးအကွက်က သစ်ပင်တစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ပိုးပျံကောင်တစ်ကောင်နဲ့ တူတယ်။ အဲဒါက ခရမ်းဝင်ရိုးစွန်းအရှင်ရဲ့ခန္ဓာကိုယ်ကိုတောင် မလှုပ်ခါစေနိုင်ဘူးပဲ။

"လက်ရွေးစင်အရှင်က တကယ်မယုံနိုင်စရာပဲ"

လီဖူချန်းက လက်ခံလိုက်တယ်။ သူ ဝန်ခံမခံကိစ္စမရှိဘူး၊ သူနဲ့လက်ရွေးစင်အရှင်တွေအကြားမှာ ကွာဟချက်တစ်ခုတော့ ရှိနေပါသေးတယ်။ သူသိတဲ့အရှင်တွေကြားမှာ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကသာ ခရမ်းဝင်ရိုးစွန်းအရှင်ကို ဖိနှိပ်နိုင်လောက်တယ်။ သူက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးရဲ့ခွန်အားကို မမြင်တွေ့ရသေးပေမယ့် သူက သေချာတယ်။

သွေးပုဆိန်အရှင်အတွက်ကတော့ ထာဝရလှံကို အသုံးမပြုရင် သူက ခရမ်းဝင်ရိုးစွန်းအရှင်နဲ့ ညီမျှစွာ ယှဉ်ပြိုင်နိုင်လောက်တယ်။

"မူလအဆုံးစွန်းအရှင်၊ ငါ ငါ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်ဖော်တော့မယ်။ မင်းရဲ့ခွန်အားအပြည့်ကို သုံးပြီး ခုခံမှရမယ်နော်" ခရမ်းဝင်ရိုးစွန်းအရှင်ရဲ့မျက်လုံးတွေက သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခု လင်းလက်သွားတယ်။ အဲဒါက စစ်မှန်တဲ့သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုဖြစ်ပြီး ဟာသတစ်ခုမဟုတ်ပါဘူး။

သူက လီဖူချန်းကို ဒီအကွက်နဲ့ အပြင်းအထန်ဒဏ်ရာရစေနိုင်ရင် သူက သူ့ရဲ့ခွန်အားအပြည့်ကို သုံးပြီး လီဖူချန်းကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ထားတယ်။

"ဒါဆိုလဲ လာလေ" အသက်ကို တစ်ချက်ရှုသွင်းလျက် လီဖူချန်းက ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို အဆုံးစွန်းအထိ လှည့်ပတ်လိုက်တယ်။

"ရှေးဦးမူလခရမ်းရောင်ဝင်ရိုးစွန်း......."

ခရမ်းဝင်ရိုးစွန်းအရှင်က သူ့ရဲ့အကွက်ကို ထုတ်ဖော်လိုက်တယ်။ သူ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်တာနဲ့ စကြာဝဠာဥပဒေသက ပျက်ဆီးသွားတယ်။ ပျက်ဆီးပြီးနောက် ပြန်ပြုပြင်လာပြီး ခရမ်းဝင်ရိုးစွန်းအရှင်ရဲ့တိုက်ခိုက်မှုပုံစံအတွက် အသင့်တော်ဆုံးပတ်ဝန်းကျင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့တယ်။

ရှောင်တိမ်းဖို့မဖြစ်နိုင်တော့ဘဲ လီဖူချန်းရဲ့ရင်ဘက်အပေါ် လက်ဝါးရိုက်ချက်က ကျရောက်လာတော့တယ်။

All Chapters