← Chapters

ချေဖျက်ရခက်သော အမုန်း

Vol. 45 Ch. 613

ချေဖျက်ရခက်သော အမုန်း

Vol. 45 Ch. 613

တန်ခိုးရှင်လမ်းစဉ်

လူတချို့သည် သက်တူရွယ်တူများနှင့် အကြီးအကဲများတွင်ပင် မရှိသော ယုံကြည်မှုများနှင့် အတွေးအမြင်များအား ဆုပ်ကိုင်ထားတတ်၏။ ပြင်းထန်သော ခံစားချက်များ၊ အားကောင်းသည့် တိုက်ခိုက်လိုစိတ်များကိုလည်း ပိုင်ဆိုင်ထားတတ်သည်။ အခြားသူများ မပြောနိုင်သော စကားများကို ပြောဆိုနိုင်ကြသလို၊ အခြားသူများ မလုပ်နိုင်သော အရာများကို လုပ်ဆောင်နိုင်၏။

သက်တူရွယ်တူများ၊ အကြီးအကဲများသာမက မျိုးဆက်သစ်များ၏ အမြင်တွင်မူ... ထိုကဲ့သို့လူများမှာ ယုံကြည်ချက်မှုတစ်ခုအတွက် အသက်ကိုပင် ပေးဆပ်ရလောက်အောင် တုံးအ,လွန်းသူများ ဖြစ်ကောင်းဖြစ်နေလိမ့်မည်။

မယိမ်းယိုင်သော ယုံကြည်မှုများ၊ အတွေးအမြင်များဖြင့် တိုင်းပြည်တိုးတက်အောင် တွန်းပို့ပေးနေသော ဤလူတို့သည် အများ၏အမြင်တွင် ရယ်စရာဖြစ်နေလောက်သည်။

ယဇ်ပလ္လင်အပေါ်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် တန်ခိုးရှင်သစ်ခုတ်သမား၏ တပည့် ဖြစ်လာခဲ့ချေပြီ။ တန်ခိုးရှင်သစ်ခုတ်သမားက သူ၏တံတောင်ဆစ်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဆွဲထူပေးရင်း အပြုံးတစ်ခုဖြင့် ပြော၏။ “နောင်တစ်ချိန်မှာ မင်းရဲ့ အောင်မြင်မှုက ငါ့ထက်တောင် ကြီးမားလိမ့်မယ်.... နောင်တစ်ချိန်မှာ မင်းက လက်ရှိငါရဲ့ ဆရာ ဖြစ်လာလိမ့်မယ်”

ချင်မူ ယဇ်ပလ္လင်အ‌ပေါ် တက်သွားသည့်အခါ ဧကရာဇ်အတိုင်ပင်ခံ တပည့်ဝတ်ရွတ်နေသည်ကို မြင်လိုက်ရ၍ တန်ခိုးရှင်သစ်ခုတ်သမားဘေးသို့ သွားရပ်လိုက်သည်။ သူက ပြုံးလျက် ပြောလိုက်၏။ “ဆရာ၊ ဆရာတူညီလေး... ကျွန်တော် နောက်ကျသွားတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်နေရာမှ ပြုံးလိုက်၏။ “ဒုတိယဆရာတူအစ်ကိုကြီး”

ချင်မူ့မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားသည်။ “ကောင်းကင်နတ်မင်းအနေနဲ့ ကျွန်တော့်ကို ဂိုဏ်းသခင်ချင်လို့ပဲ ခေါ်သင့်တယ်ထင်တယ်... ဒုတိယဆရာတူအစ်ကိုကြီးဆိုတာက ကြားရတာ တစ်မျိုးကြီးပဲ”

ဧကရာဇ်အတိုင်ပင်ခံ ကျယ်လောင်စွာ ရယ်လိုက်မိသည်။

ချင်မူမှာ မှင်သက်သွားပြီးနောက် လှစ်ခနဲ ပြုံးလိုက်လေသည်။

သူ ဧကရာဇ်အတိုင်ပင်ခံနှင့် သိသည်မှာ မကြာသေးပေ။ နန်းတွင်းကောလိပ်သို့ ဝင်ရောက်ပြီးနောက်မှသာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဆုံတွေ့ပြီး စကားစပြောကြခြင်း ဖြစ်သည်။

အတိတ်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် စနောက်တတ်သော လူတစ်ယောက် မဟုတ်ပေ။ လိုချင်သည့်အရာ ရရန် မည်သည့်အရာမဆို လုပ်ဝံ့သော ယုံကြည်မှုနှင့် တာအိုနှလုံးသားအား ပိုင်ဆိုင်ထားသူ ဖြစ်၏။ သူ၏အတွေးများက ပင်လယ်သမုဒ္ဒရာလောက် နက်ရှိုင်းပြီး မျက်နှာက ရေတွင်းအိုကြီးသဖွယ် တည်ငြိမ်သည်။ သူ့မျက်နှာအပေါ်တွင် မည်သည့်အမူအရာကိုမှ မမြင်ရတတ်ပေ။

သူက လူသားဆန်မှုနှင့် ခံစားချက်မရှိသော နတ်ဘုရားတစ်ပါးနှင့် တူခဲ့သည်။

သို့သော် သူနှင့် ရင်းနှီးလာပြီးနောက်တွင် ဧကရာဇ်အတိုင်ပင်ခံ၏ လူသားဆန်မှုနှင့် ခံစားချက်များအား ချင်မူ တဖြည်းဖြည်း တွေ့ရှိလာခဲ့သည်။ ဧကရာဇ်အတိုင်ပင်ခံသည်လည်း နတ်ဘုရားအဖြစ်မှ လူသားအဖြစ်သို့ တစတစ ပြောင်းလဲလာခဲ့၏။

ထို့အပြင် ဧကရာဇ်အတိုင်ပင်ခံ ကျယ်လောင်စွာ ရယ်နေသည့်အချိန်တွင် သူ၏တာအိုနှလုံးသားက သူ နားမလည်နိုင်သော အဆင့်တစ်ဆင့်သို့ ရောက်ရှိသွားသည်ကို ချင်မူ ခံစားလိုက်ရ၏။ ထိုအဆင့်က နတ်ဘုရားဖြစ်သည့်တိုင် နတ်ဘုရားမဟုတ်သော၊ လူသားဖြစ်သည့်တိုင် လူသားမဟုတ်သော အဆင့်တစ်ဆင့် ဖြစ်သည်။

ဧကရာဇ်အတိုင်ပင်ခံသည် ခံစားမှုဝေဒနာ ခုနစ်မျိုးနှင့် တပ်မက်မှုတဏှာ ခြောက်မျိုးဆိုသည့် စည်းဝိုင်းအတွင်း၌ ရှိနေသော်လည်း တစ်ချိန်တည်းမှာပင် အပြင်ရောက်နေသယောင်လည်း ထင်ရသည်။ နတ်ဘုရားတစ်ပါး၏ ခက်ထန်မာကြောမှုမျိုး ရှိသော်လည်း တစ်ချိန်တည်းမှာပင် ထိုသို့မထင်ရပြန်ပေ။

ထိုကဲ့သို့ လူတစ်ယောက်အား ချင်မူ နားမလည်နိုင်ပေ။

“ဧကရာဇ်အတိုင်ပင်ခံရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက ကျွန်တော့်ထက် အမှန်တကယ် မြင့်မားပါပေတယ်... တန်ခိုးရှင်သစ်ခုတ်သမားနဲ့ ခဏပဲ တွေ့ရသေးတယ်၊ စိတ်အခြေအနေက ကြောက်ခမန်းလိလိ တိုးတက်သွားပြီပဲ... နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင် ပီသပါပေတယ်”

ချင်မူ သူ့ကိုယ်သူ နှစ်သိမ့်ဟန်ဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ ကံကောင်းလို့ ကျွန်တော်ကလည်း လောကသခင်ခန္ဓာ ဖြစ်နေတယ်... ကျွန်တော် ကြိုးစားရင် လောကသခင်ခန္ဓာရဲ့ အရည်အချင်းအားလုံးကို အသက်သွင်းပြီး ခင်ဗျားထက် သာနိုင်ပါတယ်”

တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ “ချင်မူ၊ မင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ပြန်လို့ရပြီ... ငါ မင်းရဲ့ ဆရာတူညီလေးနဲ့ အကြာကြီး ဆွေးနွေးစရာ ရှိသေးတယ်”

ချင်မူမှာ ချီတုံချတုံ ဖြစ်သွားပြီး မေးလိုက်၏။ “အစ်ကိုကြီးကျားနဲ့ ဘွားဘွားရော... ယွီလော့ရှ၊ မုတုလော်တို့နဲ့ တိုက်ပွဲရဲ့ ရလဒ် ဘယ်လိုဖြစ်သွားလဲ”

တန်ခိုးရှင်သစ်ခုတ်သမား ဖြေလိုက်သည်။ “မုတုလော်က အဲဒီအမျိုးသမီးရဲ့ အဝတ်နဲ့ စွပ်ခံလိုက်ရပြီး ကျားနက်ရဲ့ သေအောင် ရိုက်သတ်တာ ခံလိုက်ရတယ်... ယွီလော့ရှကိုတော့ ဖုရွေ့လော် လာကယ်သွားတယ်... အဲဒီအမျိုးသမီးနဲ့ ကျားနက်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ပြန်သွားပြီ”

“ထင်ထားတဲ့အတိုင်းပဲ” ချင်မူ ပြုံးလိုက်သည်။

တန်ခိုးရှင်သစ်ခုတ်သမားက ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ သွားရန် အက်ကွဲကြောင်းတစ်ကြောင်း ဖွင့်ပေး၏။ ချင်မူက အမြီးမြှောက်လိုက် အီးပေါက်လိုက်ဖြင့် ဝေ့လည်ကြောင်ပတ် လုပ်ရင်း အထဲမဝင်ပေ။ “ဆရာ၊ ကျွန်တော် ဘေးကပဲ နား‌ထောင်မယ်လေ... ဝင်မပြောပါဘူး... အစ်ကိုကြီးတစ်ယောက်အနေနဲ့ ညီလေး တစ်ခုခု မသိတာရှိရင် တစ်ခုခု ဝင်ထောက်ပြပေးလို့ ရတာပေါ့... ဟုတ်တယ်မလား၊ ညီလေး...”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို ဂုတ်မှ ဆွဲပြီး အက်ကွဲကြောင်းထဲသို့ ပစ်ထည့်လိုက်သည်။ ချင်မူ ပြန်လှည့်ရန် ပြင်လိုက်သော်လည်း အက်ကွဲကြောင်းမှာ ပိတ်သွားချေပြီ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အပြုံးတစ်ခုဖြင့် မေးလိုက်မိ၏။ “ဆရာ၊ ဘာလို့ အစ်ကိုကြီးချင်မူကို နားထောင်ခွင့်မပေးတာလဲ”

“သူက မသင့်တော်လို့”

တန်ခိုးရှင်သစ်ခုတ်သမား ဆက်ပြောလိုက်သည်။ “သူ့စိတ်က ငါတို့လမ်းစဉ်အတွက် တကယ် မသင့်တော်ဘူး... မင်းရဲ့ ဒုတိယအစ်ကိုကြီးက ဘယ်လိုလူစားမျိုးလို့ ထင်လဲ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တခဏ စဉ်းစားကာ ပြော၏။ “စနောက်တတ်တယ်.. တက်ကြွတယ်... ငြိမ်ငြိမ်မထိုင်နိုင်ဘူး... အမြဲသွေးပူပူနဲ့ လုပ်တတ်တယ်... ဒါပေမဲ့ ကောက်ကျစ်ဉာဏ်များသလို ရက်စက်တတ်တယ်... သိပ်လည်း တော်တယ်၊ အခြားသူတွေ မတွေးနိုင်တာတွေ တွေးနိုင်တယ်... သိပ်အမြင်ကျယ်တယ်... ယုံကြည်ချက်လည်း ရှိတယ်... ယုံကြည်ချက်ရှိလွန်းလို့ အမြင်ကပ်စရာတောင် ကောင်းတယ်... သူ့ရင်ထဲမှာတော့ သူ့ကိုယ်သူ တစ်လောကလုံးမှာ နံပါတ်တစ်လို့ သတ်မှတ်ထားပေမယ့် ... နံပါတ်နှစ်လို့ပဲ ထုတ်ပြောတယ်... ဒါပေမဲ့ ယုံကြည်ချက်အရဆို ... တစ်လောကလုံးမှာ အမှန်တကယ် နံပါတ်တစ်ပဲ”

“အမှန်ပဲ”

တန်ခိုးရှင်သစ်ခုတ်သမား လက်ဝါးနှစ်ဖက်ပွတ်၍ ချီးကျူးလိုက်သည်။ “မင်းက ငါ့ထက် သူ့အကြောင်း သိတာပဲ... ငါလည်း အဲဒီအတိုင်း ခံစားရတယ်... သူတော်စင်တန်ခိုးရှင်တစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူး”

ဧကရာဇ်အတိုင်ပင်ခံက ခေါင်းညိတ်လိုက်၏။ “ဒုတိယအစ်ကိုကြီးက အမှန်တကယ် မသင့်တော်ဘူး... ပထမအစ်ကိုကြီးကရော ဘယ်လိုလဲ”

“မင်းရဲ့ ပထမအစ်ကိုကြီးကလည်း လူတစ်မျိုးကွ”

တန်ခိုးရှင်သစ်ခုတ်သမား ဆက်ပြောသည်။ “သူက စိတ်အားထက်သန်ပြီး လေးနက်တည်ကြည်တဲ့ လူတစ်ယောက်ပဲ... သူ စိတ်ပိုင်းဖြတ်ပြီးရင် ဘယ်သူ့မှ သူ့ကို ဆွဲမထားနိုင်ဘူး ... အဲ့ဒါကြောင့်ပဲ တန်ခိုးရှင်လမ်းစဉ်နဲ့ ပတ်သက်ပြီး အတွေးအခေါ် လွဲသွားတာ... တန်ခိုးရှင်လမ်းစဉ်မှာ မင်းရဲ့အစ်ကိုနှစ်ယောက်လုံးက မင်းအောက် နိမ့်ကျတယ်... ငါနဲ့ နှစ်အနည်းငယ်လောက် အတူကျင့်ကြံလိုက်... ငါ သိထားသမျှ အကုန်လုံး မင်းကို သင်ပေးမယ်”

သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “တကယ်တော့ ငါ့ရဲ့ စိတ်အခြေအနေက နိမ့်ကျနေသေးတယ်... ငါ့ရင်ထဲက ချောက်နက်ကြီးကို မကျော်နိုင်ခဲ့ဘူး...  ခိုင်ဧကရာဇ်ခေတ်ရဲ့ အမှတ်တရတွေ ပြည့်နေတဲ့ အဲဒီချောက်နက်ကြီးထဲကို အမြဲကျနေခဲ့တယ်... ခိုင်ဧကရာဇ် ထွက်ပြေးသွားတဲ့ ကိစ္စနဲ့မပတ်သက်ပြီး မတင်မကျ ဖြစ်နေတဲ့ အထုံးတစ်ခုလည်း ရှိနေတယ်... မင်းကတော့ မတူဘူး... ငါ သိထားသမျှ အကုန်လုံးကို သင်ယူပြီး ဒီချောက်ကို ဖြတ်ကျော်နိုင်လိမ့်မယ်.. အဲဒီအချိန်မှာ မင်းက စစ်မှန်တဲ့ တန်ခိုးရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်”

သူ၏မျက်လုံးများသည် တောက်ပလာပြီး သူက ပြုံးရယ်လျက် ပြောလေသည်။ “နှစ်အနည်းငယ်လောက် တွေးတောဆင်ခြင်တဲ့နေရာမှာပဲ အာရုံစိုက်လိုက်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အကြောင်းတွေ မတွေးနဲ့... ငါ မဖြတ်ကျော်နိုင်ခဲ့တဲ့ ချောက်ကို ဖြတ်ကျော်ဖို့ပဲ အာရုံစိုက်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ခေါင်းညိတ်လိုက်သည်။

ယဇ်ပလ္လင်ထက်တွင် နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၊ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ဂူမြို့

ဂူမြို့သည် မူလက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားမြို့ ၆၄ မြို့ထဲမှ တစ်မြို့ဖြစ်ခဲ့၏။ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ လက်ထဲ ရောက်ပြီးနောက်ပိုင်းတွင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ မ‌ရေမတွက်နိုင်သော မိစ္ဆာနတ်ဆိုးများ ဤနေရာတွင် နေထိုင်ပြီး မိစ္ဆာနတ်ဘုရားရုပ်တုများ၊ မိစ္ဆာနတ်ဆိုးနန်းဆောင်များ ဆောက်လုပ်ထားကြသည်။

ဤမြို့သည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ လက်ထဲသို့ ဆောလျင်စွာ ကျရောက်ခဲ့သည့် မြို့တစ်မြို့လည်း ဖြစ်သောကြောင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အချက်အချာမြို့တစ်မြို့ဆိုလည်း မမှားပေ။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးများစွာ နေထိုင်ကြပြီး လူသားများကို တွေ့ရခဲ၏။

ကောင်းကင်နတ်ဆိုးများသည် ဤနေရာတွင် ‌အေးအေးချမ်းချမ်း နေထိုင်ကာ ပျော်ရွှင်စွာ အလုပ်လုပ်ကြ၏။ မြို့ကို စောင့်‌ရှောက်ပေးနေသည့် မိစ္ဆာနတ်ဘုရားများစွာလည်း ရှိပြီး ကျွန်ပြုခံလူသားများလည်း တွေ့ရသည်။

ချိရှီ ဤနေရာသို့ နေရာရွှေ့ပြောင်းလာသည့်အချိန်မှာ ဂူမြို့၏ ယဇ်ပူဇော်ပွဲတော် ကျင်းပနေသည့်အချိန် ဖြစ်၏။ မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးလူငယ်များက ဗုံ၊ စည်များ တီးနေကြပြီး ထူးဆန်းသော တေးသွားများဖြင့် ဆန်းပြားစွာ ကနေကြသည်။ မျက်နှာလေးဖက်၊ လက်လေးဖက်၊ စနေလေးခိုင်ဖြင့် ကဝေမများသဖွယ် ပျော့ပျောင်းကွေးညွတ်စွာ ကနေသော ကောင်းကင်နတ်ဆိုးမများလည်း ရှိကြ၏။

သူတို့က ယဇ်ပူဇော်ပွဲအတွက် မြို့ကို လှည့်ပတ်နေကြလေသည်။

ယဇ်ပူဇော်မည့်အုပ်စုက ပူဇော်စရာပစ္စည်းများ၊ အသားများကို မြှောက်လိုက်၊ ချလိုက်ဖြင့် ကခုန်ရင်း မြို့ကို တစ်ပတ်ပြည့်အောင် ပတ်ကြသည်။ တစ်ပတ်ပြည့်သည့်အခါ မြို့ထဲရှိ ယဇ်ပလ္လင်တစ်ခုချင်းစီတွင် ပူဇော်စရာပစ္စည်းများအား ဆက်သကြ၏။ မိစ္ဆာနတ်ဘုရားများက အဆိုပါပလ္လင်များအထက်၌ ရပ်ကာ မျိုးနွယ်ဝင်များ ကခုန်ပျော်ရွှင်နေကြသည်ကို ပြုံးလျက် ကြည့်နေကြသည်။

ဤအခိုက်အတန့်တွင် သန်မာအားကောင်းသော ကောင်းကင်နတ်ဆိုးလူငယ်များက ယဇ်ပလ္လင်အပေါ်သို့ ပူဇော်စရာပစ္စည်းများ သယ်ဆောင်လာကြပြီး မိစ္ဆာနတ်ဘုရားဆီသို့ ဆက်သကြသည်။ ပထမဆုံး ပူဇော်ရသည့်အုပ်စု ဖြစ်လျှင် အကြီးအကျယ် ဂုဏ်ယူစရာဖြစ်၏။

ထို့အပြင် အုပ်စုတစ်စုတည်းကသာ ပူဇော်နေခြင်းမဟုတ်၊ မြို့ထဲရှိ ကောင်းကင်နတ်ဆိုးမိသားစုများအကြား ပထမအကြိမ် ပူဇော်ရရေးအတွက် အပြိုင်အဆိုင်များ ရှိနေကြသဖြင့် တစ်မြို့လုံး အလွန်စည်ကားနေတော့သည်။

ထိုစဉ် အလင်းတန်းတစ်တန်းက ကောင်းကင်ထက်မှ ကျဆင်းလာပြီး ချိရှီသည် ယဇ်ပလ္လင်တစ်ခုအပေါ်တွင် ဆင်းသက်လိုက်၏။

“မြေခွေးအိုကြီး... ငါ့ကို လှည့်စားတယ်”

သူ့အသံက မိုးခြိမ်းသံကြီးသဖွယ် ပွဲတော်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ကောင်းကင်နတ်ဆိုးအားလုံး ရပ်သွားကြပြီး ချိရှီဆီသို့ လှမ်းကြည့်ကြ၏။

သူ ရောက်လာသည့်အချိန်မှာ ထိုယဇ်ပလ္လင်ထက်ရှိ မိစ္ဆာနတ်ဘုရားက တဟားဟား ရယ်မောလျက် လူငယ်လေးများ ဆက်သနေသော ပစ္စည်းများအား လှမ်းယူရန် ပြင်နေသည့်အချိန် ဖြစ်သည်။ ချိရှီ ဘွားခနဲ ပေါ်လာခြင်းကြောင့် သူလည်း မှင်သက်သွားသည်။

ချိရှီ၏ခြေထောက်အောက်ရှိ နေရာရွှေ့ပြောင်းသင်္ကေတများက တစတစ မှေးမှိန်နေသည်။ သူက ခေါင်းသုံးလုံးစလုံးကို ‌မော့ကာ ဘေးဘီဝဲယာသို့ ကြည့်လိုက်၏။

“ကောင်းကင်နတ်ဆိုးမျိုးနွယ်”

ချိမင်ခေတ်၏ အာဏာပါးကွပ်သားသည် ရုတ်တရက် အမျက်တချောင်းချောင်း ထွက်သွားပြီး သူ၏ခေါင်းသုံးလုံးစလုံးမှ ကမ္ဘာမြေတုန်ဟည်းသွားစေသော အော်သံကြီး ထွက်လာ၏။ “ကောင်းကင်နတ်ဆိုးမျိုးနွယ်”

“ငါ့မျိုးနွယ်တွေခမျာ ကြယ်သန်းပေါင်းများစွာကို ဖြတ်သန်းပြီး မရေမတွက်နိုင်တဲ့ အန္တရာယ်ဇုန်တွေကို ဖြတ်ကျော်ခဲ့ရင်း ဘိုးဘေးမြေအနား ရောက်လာခဲ့တယ်... ဒါပေမဲ့...

“မင်းတို့ကောင်းကင်နတ်ဆိုးတွေက ငါတို့ ဂြိုဟ်ကို ဝင်တိုက်ခဲ့တယ်.... ငါ့မျိုးနွယ်တွေကို သတ်ဖြတ်ခဲ့တယ်”

သူ၏ခြောက်ကပ်နေသော အဝါရောင်ဆံပင်များက မြောက်တက်လာပြီး ဓားချွန်ချွန်များသဖွယ် ဖြာထွက်သွား၏။ တခဏအတွင်း ကိုက်သုံးရာဧရိယာအတွင်းရှိ ကောင်းကင်နတ်ဆိုးအားလုံး သူတို့လည်ပင်းသူတို့ ဖိကိုင်ထားလိုက်ရသည်။

တစ်ယောက်က လည်ပင်းကို ဖိထားသော လက်အား မြှောက်ကြည့်လိုက်ရာ မိစ္ဆာသွေးများအား မြင်လိုက်ရသည်။

တစ်ယောက်က ခေါင်းငုံ့ကြည့်လိုက်ပြီး သူ့ခေါင်းသည် လည်တိုင်မှ လျှောကျသွား၏။

ယဇ်ပလ္လင်၏ အရှေ့ရှိ လှပစွာ တန်ဆာဆင်ထားသော ပန်းလှည်း၏ အမိုးမှာ တအိအိ ပြိုကျလာသည်။ တိုင်လုံးများကား တိတိရိရိ ပြတ်တောက်နေ၏။ အိမ်တစ်အိမ်၏ အမိုးလည်း လျှောကျလာပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျလာသည်။

ကိုက်သုံးရာဧရိယာထဲတွင် ခေါင်းပြတ်များ ပြည့်နှက်သွားပြီး သွေးချောင်းစီးနေ၏။

ချိရှီ ဆင်းသက်လာသော ယဇ်ပလ္လင်အပေါ်ရှိ မိစ္ဆာနတ်ဘုရားမှာ သူ၏တိုက်ကွက်ကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ပတ်ဝန်းကျင်ကို ကြည့်ကာ ရူးသွပ်သွား၏။ သူက ဒေါသတကြီး အော်ဟစ်ရင်း မိစ္ဆာလက်နက်နှစ်လက် ဆွဲထုတ်ကာ ချိရှီကို တိုက်ခိုက်သည်။

ချိရှီ၏ လက်ခြောက်ဖက်က မုန်တိုင်းတစ်လုံးသဖွယ် လှုပ်ရှား၍ တခဏအတွင်း အချက်ပေါင်းများစွာ ရိုက်နှက်လိုက်သည်။ သူက မိစ္ဆာလက်နက်ကို ဖြိုခွင်းကာ မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ကိုလည်း ခြေမွလိုက်သည်။

ကျန်မိစ္ဆာနတ်ဘုရားများလည်း တိုက်ခိုက်ရန် ယဇ်ပလ္လင်များအပေါ်မှ ပျံထွက်လာကြသည်။ မိစ္ဆာနတ်ဘုရားတစ်ယောက်က ချိရှီကို မှတ်မိ၍ ပြင်းထန်သော အမျက်ဒေါသတို့ဖြင့် အော်ဟစ်လိုက်၏။ “သူပဲ... ဒီဂြိုဟ်ကြီးတွေကို ငါတို့ လော့ဖူကောင်းကင်ဘုံဆီ ခေါ်လာခဲ့တာ သူပဲ... ငါတို့ လော့ဖူကောင်းကင်ဘုံ ပျက်စီးခဲ့ရတာ သူ့ကြောင့်... သူက ငါတို့ရဲ့ အရင်နတ်ဆိုးဘုရင်ကို သတ်ခဲ့တာ”

“သေစမ်း”

ဂူမြို့အတွင်းမှ အော်ဟစ်သံများ ဆူညံ့နေပြီး မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးများသည် အထက်ကောင်းကင်သို့တိုင် ရိုက်ခတ်နေသည့် အမျက်ဒေါသတို့ဖြင့် ချိရှီဆီသို့ တရှိန်ထိုး ပြေးသွားကြ၏။

များစွာမကြာလိုက်ဘဲ ဂူမြို့ကား အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

ချိရှီ၏မျက်လုံးခြောက်လုံးစလုံး နီရဲနေပြီး အသက်ပြင်းပြင်း ရှူနေရသည်။ ဤအခိုက်အတန့်တွင် သူသည် ချီနှင့်သွေးအားလုံး ပြန်လည်ဖြည့်တင်းပြီးပြီဖြစ်သည့်အတွက် ထိပ်ဆုံးအခြေအနေသို့ ပြန်ရောက်နေချေပြီ။ သူသာ စိတ်ရှိလျှင် ထွက်သွားနိုင်၏။

သို့သော် သူက အစုလိုက်အပြုံလိုက် ဆက်လက်သတ်ဖြတ်နေ၍ နောက်ဆုံးတော့ နတ်ဆိုးမြို့ထဲတွင် သူ့ကို ယှဉ်နိုင်သော သက်ရှိတစ်ယောက်မှ မကျန်တော့ပေ။

“ငါ့မှာ ဘိုးဘေးမြေကို ရှာတွေ့ဖို့လေးအတွက် ငါ့မျိုးနွယ်ကို ခေါ်ပြီး အာကာသထဲမှာ နှစ်‌ပေါင်းထောင်ချီ လွင့်မျောခဲ့ရတယ်... မင်းတို့ကြောင့်... မင်းတို့ ငါ့မျိုးနွယ်ကို သတ်ခဲ့တာကြောင့် အခုတော့ ငါ တစ်ယောက်ပဲ ကျန်တယ်... ငါတစ်ယောက်ပဲ ကျန်တော့တယ်”

သူ၏လက်ခြောက်ဖက်စလုံး ဖြန့်ကားလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ မိစ္ဆာလက်နက်အကျိုးအပဲ့များက အချင်းချင်း ဝင်တိုက်ကာ အလွန်ကြီးမားသော သံလုံးကြီးတစ်လုံး ဖွဲ့တည်လိုက်၏။

ချိရှီ၏ခေါင်းသုံးလုံးက မီးများမှုတ်ထုတ်ရင်း မိစ္ဆာလက်နက်အပိုင်းအစများအား ရွှေဓားမခြောက်လက်အဖြစ် သွန်းလုပ်လိုက်သည်။

သူက ဓားမခြောက်လက်ကို လက်ခြောက်ဖက်ဖြင့် ဆုပ်ကိုင်လျက် အခြားမြို့များမှ လာနေသော မိစ္ဆာနတ်ဘုရားများဆီသို့ လှမ်းကြည့်လိုက်၏။

၎

င

၎

၎

All Chapters