← Chapters

မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း အပိုင်း(၂)

Vol. 67 Ch. 925

မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း အပိုင်း(၂)

Vol. 67 Ch. 925

ဟွင်သွမ်းသက်ရှိများက ပင်ကိုစည်းမျဉ်းကို ကျင့်ကြံကြသော်လည်း ပင်ကိုနတ်ဆိုးနတ်ဘုရားများထက် အဆင့်မြင့်လေသည်။ ကမ္ဘာကြီးက မူလဘူတအခြေအနေတွင် ရှိစဉ်အခါက စည်းမျဉ်းများပင် မပြည့်စုံသေးသည့်အတွက် ဟွင်သွမ်းစည်းမျဉ်းကဲ့သို့ အရာမျိုး မရှိခဲ့ပေ။

ဝမ်ဝေ့က ၄ဆင့်မြောက်မှ ၆ဆင့်မြောက်အထိ ပြဿနာမရှိသည်မှာ သူ့ရွှေရောင်ကန်တွင် ပင်ကိုသွေးမျိုးဆက်များစွာ ရှိနေ၍ ဖြစ်သည်။ သို့သော်လည်း ၇ဆင့်မြောက်မှ စ၍ သူ့သွေးမျိုးဆက်ကို ဟွင်သွမ်းသွေးမျိုးဆက်သို့ မြှင့်တင်ဖို့ရာ လိုအပ်လာ၏။

လူသားများ သို့မဟုတ် ဟော်သဲ့သက်ရှိများ၏ သွေးမျိုးဆက်က ထူးကဲလှသည်။ သူတို့က ပင်ကို၊ ဟွင်သွမ်း သို့မဟုတ် မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်များလောက် အားကောင်းနိုင်ကြသည်။ သို့သော်လည်း ထည့်သွင်းစဉ်းစားရမည့် အရာတစ်ခု ရှိ၏။ သူတို့သည် သွေးမျိုးဆက်ကို ပြောင်းလဲဖို့ရာအတွက် မဟာတာအိုအရင်းအမြစ်ကို အသုံးပြုရမည်။

မဟာဧကရာဇ်တစ်ယောက်၏ သွေးမျိုးဆက်က ပင်ကိုသွေးမျိုးဆက်လောက် မြင့်မြတ်ပြီး ထာဝရဧကရာဇ်များနှင့် ဟွင်သွမ်းသွေးမျိုးဆက်က အတူတူဖြစ်ကာ စံပြတစ်ယောက်လို သွေးမျိုးဆက်က မကောင်းဆိုးဝါးနတ်ဘုရားထက်ပင် ပိုမိုသာလွန်နိုင်သည်။ သို့သော် ဝမ်ဝေ့၏ အပြုအမူများက လူသားများသည် မိုးမြေကြားတွင် အလိုအလျောက် မွေးဖွားလာသည့်အလား သူတို့သွေးမျိုးဆက်များက မြင့်မြတ်နေသလို ဖြစ်နေသည်။

သူက သူ့သွေးမျိုးဆက် အားကောင်းလာဖို့အတွက် မဟာတာအိုအရင်းအမြစ်ကို အသုံးမပြုခဲ့ဘဲ ပင်ကိုနတ်ဆိုးနတ်ဘုရားအဖြစ် အတင်းအကြပ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

၇ဆင့်မြောက် အပြီးတွင် ဝမ်ဝေ့၏ သွေးမျိုးဆက်က အစီအစဉ်ကျမှု ဟွင်သွမ်းသက်ရှိအဆင့်သို့ ရောက်ရှိသွားခဲ့၏။ သို့သော် သူက ခုံရုံးအပြင်ဘက်တွင် သူ့ကို စောင့်ဆိုင်းနေသည့်အရာကို ခံစားမိလိုက်သော်ငြား ဂရုမစိုက်ပေ။

၉ဆင့်မြောက်အပြီးတွင် ဝမ်ဝေ့က သူ့လူသားသွေးမျိုးဆက်သည် အစီအစဉ်မကျမှု ဟွင်သွမ်းသက်ရှိအဖြစ် ရောက်ရှိသွားကြောင်း ခံစားမိလိုက်သည်။ ထိုသက်ရှိများက သူတို့၏ ကိုယ်ပိုင်စိတ် မရှိကြသော်လည်း သူတို့၏ ရူးသွပ်မှုက အားကြီးပြီး အဖျက်စွမ်းအားကို ဖြစ်စေသည်။ ထို့အပြင် သူတို့၏ ခန္ဓာကိုယ်များက အစီအစဉ်ကျမှု ဟွင်သွမ်းချီအစား အစီအစဉ်မကျမှု ဟွင်သွမ်းချီကို အသုံးပြုပြီး လေ့ကျင့်ထားပြီးသည့်နောက်တွင် ပိုမို အားကောင်းလာခဲ့သည်။

၉ဆင့်မြောက်အပြီးတွင် ဝမ်ဝေ့က ပင်ကိုစည်းမျဉ်းကို မဖွဲ့စည်းခဲ့ဘဲ ၁၀ ဆင့်မြောက်ကို ဆက်လက်လုပ်ဆောင်ခဲ့၏။ သူက ပြင်းထန်သည့် ခုခံမှုမျိုးကို ခံစားမိသော်လည်း ဂရုမစိုက်ခဲ့ပေ။ ရွှေရောင်ရေကန်၏ စွမ်းအားက ပေါကြွယ်ဝလွန်းလှပြီး သူက အတုယူစရာ အစစ်အမှန် မကောင်းဆိုးဝါး နတ်ဘုရား သွေးမျိုးဆက် ရှိနေသည်။

ထိုအရာကို နမူနာထား၍ သူ ဂမ္ဘီရဖြင့် တခြားသွေးမျိုးဆက်များစွာကို အသုံးပြုကာ သင်ယူခဲ့သည်။

ဝုန်း

သူက တစ်စုံတစ်ခု ကျိုးပျက်သွားသည့် အသံကို ကြားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှ ပျော်ရွှင်နေသည့် အရိပ်အယောင် ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က ဆဲလ်တိုင်း၊ အက်တမ်တိုင်းအထိ ဆင့်ကဲပြောင်းလဲသွားသည်ကို ခံစားမိလိုက်၏။ ဗလာနတ္ထိစွမ်းအားက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အရာရာတိုင်းကို အားဖြည့်ပေးနေသည်။

“၁၀ ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းနဲ့ ဗလာအဆင့်” ဝမ်ဝေ့က ပြုံးကာ ရေရွတ်လိုက်သည်။ ထို့နောက် သူက ခုံရုံး၏ အပြင်ကို ကြည့်ကာ ကောင်းကင်အထက် ခရမ်းရွှေရောင်တိမ်တိုက်များက လျှပ်စီးများ တလက်လက် ဖြစ်နေသည်ကို မြင်လိုက်ရ၏။

“ကမ္ဘာဦးစမ်းသပ်ချက်” သူက ရေရွတ်လိုက်သည်။ ကောင်းကင်စမ်းသပ်ချက်က ဒိုင်မေးရှင်းအမြင့်ရှိ ကျင့်ကြံသူများအတွက် ရပ်တန့်သွားခြင်း မရှိပေ။ အဆင့် ၁၁ နှင့် အထက် အဆင့်တက်လှမ်းပြီးသည့်နောက်တွင် ပါရမီရှင်အများစု တွေ့ကြုံခံစားရမည့် အတားအဆီးတစ်ခု ရှိလေသည်။

သို့သော် ထိုအတားအဆီးကို ဖြတ်ကျော်ပြီးသည့်နောက်တွင်ပင် ထိုကျင့်ကြံသူများက ကောင်းကင်ဘုံအဆင့်၊ တာအိုအုပ်စိုးသူနှင့် ထာဝရဦးသျှောင်များ ဖြစ်လာဖို့အတွက် ကမ္ဘာဦးစမ်းသပ်ချက်ကို အောင်မြင်ဖို့ လိုအပ်သည်။ သူတို့က ဒိုင်မေးရှင်းအနိမ့်တွင် မနေသရွေ့ ဖြတ်ကျော်ရမည် ဖြစ်၏။

အထက်ဘံကို မတက်လှမ်းကြသည့် ထာဝရဦးသျှောင်များက ကမ္ဘာဦးစမ်းသပ်ချက်ကို ဖြတ်ကျော်စရာ မလိုပေ။ ထို့ကြောင့် သူတို့သည် အားနည်းပြီး ဒိုင်မေးရှင်းအနိမ့်တွင် ကန့်သတ်ခံထားရသည့် အကြောင်းအရင်း တစ်ချက်လည်း ဖြစ်၏။ သူတို့အများစုက မတက်လှမ်းကြသည်မှာ ကမ္ဘာဦးစမ်းသပ်ချက်ကို ကြောက်ရွံ့ကြ၍ ဖြစ်သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ ကမ္ဘာဦးလျှပ်စီးနှင့် မိုးကြိုးများက ကျင့်ကြံသူများအတွက် စမ်းသပ်ချက်အနေဖြင့် တည်ရှိရုံသာမက ဒိုင်မေးရှင်းအနိမ့်၏ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးနှင့် တူညီစွာ အပြစ်ဒဏ် သဘောမျိုးအနေနှင့်လည်း ရှိနေသည်။

ဒိုင်မေးရှင်းအနိမ့်နှင့် မတူညီဘဲ အစစ်အမှန် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအမြင့်အပေါ် လျော့တိလျော့ရဲ ထိန်းချုပ်ထားသည့်အတွက် ထိုစွမ်းအားကြီး ကျင့်ကြံသူများကို သူတို့စိတ်တိုင်းကျ လုပ်ဆောင်ခွင့်ပြုထားသည်။

သို့သော်လည်း သူတို့က အတိုင်းအဆ ကျော်လွန်သွားသည်နှင့် ကမ္ဘာဦးအပြစ်ဒဏ်မိုးကြိုးက သူတို့အပေါ် ကျရောက်လာလိမ့်မည်။ ထိုအပြစ်ဒဏ်၏ အားအကောင်းဆုံးက အကောင်းဆုံး အဆုံးစွန်မဲ့ စံပြကိုပင် သုတ်သင်ပစ်ဖို့ လုံလောက်လေသည်။

ဝမ်ဝေ့က ကမ္ဘာဦးစမ်းသပ်ချက်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။ သူက အစစ်အမှန် ကောင်းကင်တာအိုမှ ဒိုင်မေးရှင်းအနိမ့်အများစုကို ပျက်စီးသွားခြင်းမှ ကာကွယ်ဖို့ရာအတွက် သီးသန့်ဖန်တီးထားသည့် နေရာလွတ်တစ်ခုအတွင်း ရောက်ရှိနေသည်ကို ခံစားမိလိုက်သည်။

“ထည့်စဉ်းစားတတ်လိုက်တာ” သူက ရေရွတ်ပြီးသည့်နောက်တွင် လှုပ်ရှားလိုက်သည်။ သူက အသစ်ဖွဲ့စည်းထားသည့် သွေးမျိုးဆက်ကို လေ့ကျင့်ပေးဖို့အတွက် သူ့ဇနီး သူ့ခန္ဓာကိုယ်အတွင်း စည်းပိတ်ပေးထားခဲ့သော နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို အသုံးပြုလိုက်သည်။ သူက ထိုအရာကို တတ်နိုင်သမျှ သန့်စင်စွာ အသုံးပြုချင်သည်။

ထို့နောက် သူက ကမ္ဘာဦးစမ်းသပ်ချက်ကို သူ့အပေါ် ကျဆင်းခွင့်ပြုလိုက်၏။ ဝမ်ဝေ့က သူ့ကိုယ်ပိုင်ခွန်အားကြောင့်သာ မဟုတ်လျှင် သူ့ခန္ဓာကိုယ်က ထိုစမ်းသပ်ချက်ကို သူ့ဘာသာသူ ရှင်သန်နိုင်မည်မဟုတ်ကြောင်း ဝန်ခံရပေမည်။

ထို့ကြောင့် သူက မဟာတာအို အားဖြည့်မှုအားလုံးကို အသက်သွင်းပြီး ထိုစမ်းသပ်ချက်ကို ရင်ဆိုင်တွေ့ကာ သူ့အားစိုက်ထုတ်မှုများကို ဖျက်ဆီးပစ်မည့်အစား သူ့သွေးမျိုးဆက်ကို လေ့ကျင့်ပေးဖို့ အသုံးပြုခဲ့သည်။ သူ့ကို အံ့အားသင့်သွားစေသည်က ထိုစမ်းသပ်ချက်၏ အင်အားသည် မဟာတာအိုအရင်းအမြစ်၏ ၆၅ ရာခိုင်နှုန်းလောက် ရှိနေ၏။

ထိုစမ်းသပ်ချက်အတွင်း အသက်ရှင်ရင်း ဝမ်ဝေ့က ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို တည်ငြိမ်အောင် လုပ်ဆောင်ခဲ့သည်။ သူ့စွမ်းအားက မဟာတာအိုအရင်းအမြစ် ၆၉ ရာခိုင်နှုန်းသို့ ရောက်ရှိသွားလေ၏။

“နောက်ဆုံးတော့ အောင်မြင်သွားပြီ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး သူ့လူသားသွေးမျိုးဆက်ကို မိုးမြေကိုပင် တော်လှန်နိုင်စွမ်းရှိသည့် မကောင်းဆိုးဝါး နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားစေသည့် သူ့အပြုအမူက စမ်းသပ်ချက်ကို ပိုမိုခက်ခဲစေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ကမ္ဘာတစ်ခုလုံးကို အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ စမ်းသပ်ချက်၏ စွမ်းအားက လူများစွာကို ထိတ်လန့်သွားစေ၍ လူများစွာက ခုံရုံးကို ကြောက်လန့်တကြားဖြင့် လေ့လာစောင့်ကြည့်နေကြ၏။

အဓိကပြဿနာက ထိုသူများသည် သူ ဤစမ်းသပ်ချက်အတွင်း အသက်မရှင်နိုင်ကြောင်း တွေးထားကြကာ စိတ်အေးလက်အေး ဖြစ်နေကြလေ၏။ ထို့ကြောင့် သူက ကမ္ဘာတစ်ခုလုံးကို ခြုံလွှမ်းသွားစေသည့် ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ကာ ထိုမျောက်များအား သူ ရှိနေဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။

ထို့နောက် ကမ္ဘာကြီးက ပြန်လည်တည်ငြိမ်သွားပြီး လူများက ကောင်းကင်ဧကရာဇ်ကို ပိုမိုလေးစားလာကြသည်။ သူတို့က သူသည် ဤသို့ကြောက်မက်ဖွယ် ကောင်းသည့် စမ်းသပ်ချက်ကို ကျော်ဖြတ်ရအောင် မည်သည့်ကိစ္စလုပ်ခဲ့တာလဲဟု သိချင်နေကြ၏။

ဝမ်ဝေ့က သူ့ကိုယ်သူသာ အာရုံစိုက်ထားလေသည်။ သူက သူ့စွမ်းအားကို စစ်ဆေးကြည့်လိုက်သည့်အခါ မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၇၄ ခွန်အားသို့ ရောက်ရှိနေပြီဖြစ်၏။ ယခု သူက သူ့ခန္ဓာကိုယ်သက်သက်ဖြင့် ထာဝရဧကရာဇ်တစ်ယောက်နှင့် တိုက်ခိုက်နိုင်စွမ်း ရှိလာလေပြီ။

ထိုတိုးတက်မှုက သေးငယ်ဟန်ထင်ရသော်လည်း ဝမ်ဝေ့အနေဖြင့် ထိုသွေးမျိုးဆက်၏ အစစ်အမှန် အလားအလာအကြောင်း သိထားလေသည်။ တစ်ချိန်လုံး လျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်ခုက ဆက်တိုက်ထုတ်လွှတ်ကာ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနေ၏။ ယခု မကောင်းဆိုးဝါး နတ်ဘုရားများကဲ့သို့ သူသည် သွေးမျိုးဆက် ဖွံ့ဖြိုးအောင် လုပ်ဖို့သာ လိုအပ်တော့ပြီး သူ့ခန္ဓာကိုယ်က ပိုမိုအားကောင်းလာလိမ့်မည်။

နှမြောစရာကောင်းလှသည်က သူ့တွင် မကောင်းဆိုးဝါးနတ်ဘုရားများ၏ ဆိုးကျိုးလည်း ရှိနေသည်။ ထိုအရာက သူ့သွေးမျိုးဆက်သည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိဖို့ရာအတွက် ယွမ်ခေတ်ကာလများစွာ ကြာမြင့်သွားနိုင်သည်။ ထိုစဉ်အချိန် သူက ဘာမှလုပ်စရာမလိုဘဲ မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၁၀၀ ခွန်အားသို့ ရောက်ရှိနိုင်လိမ့်မည်။

“ငါ လုပ်ဖို့လိုတာက ငါ့ရဲ့သွေးမျိုးဆက် ဖွံ့ဖြိုးတိုးတက်နှုန်းကို မြှင့်တင်ဖို့ စွမ်းအားတွေကို ဆက်လက်စုပ်ယူပြီး ကျင့်ကြံဖို့ပဲ။ အဲ့လိုဆိုရင် ငါက ၅ဆင့်မြောက် ခွန်အားအစစ်အမှန် တာအိုနယ်ပယ်ကို အလွယ်တကူ ဝင်ရောက်နိုင်လိမ့်မယ်”

ဝမ်ဝေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အစစ်အမှန်ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်တွင် မကောင်းဆိုးဝါးနတ်ဘုရားအဆင့် သွေးမျိုးဆက်မျိုးကို ခွင့်ပြုထားခြင်း မရှိပေ။ ထို့ကြောင့် သူက သူ့ဝမ်မျိုးနွယ်သည် ပျက်သုဉ်းသွားခြင်း သို့မဟုတ် ဒိုင်မေးရှင်းအမြင့်သို့ အတင်းအကြပ်နှင်ထုတ်ခံရခြင်း မဖြစ်အောင် သေချာဖို့ ကိစ္စတချို့ လုပ်ဆောင်ထားရသည်။

သူက အစီအစဉ်ကျမှု၊ မကျမှုတာအိုကို အသုံးပြုကာ သွေးမျိုးဆက်အပေါ် အတားအဆီး ထားရှိခဲ့၏။ သူက အနာဂတ်သွေးမျိုးဆက် ဆက်ခံသူများကို ကဏ္ဍသုံးခု ခွဲခြားခဲ့သည်။ ပထမကဏ္ဍက သွေးမျိုးဆက် မနိုးထခြင်း ဖြစ်၏။

ထိုသူများက ကံကြမ္မာကောင်း၊ ကံကောင်းမှု၊ ကျင့်ကြံရေးပါရမီနဲ့ နားလည်နိုင်စွမ်းအပေါ် အခြေခံထားသည့် ယခင် သွေးမျိုးဆက်မျိုးကို ရှိလိမ့်မည်။ ထိုသူများက မည်သည့် သွေးမျိုးဆက်စွမ်းရည် သို့မဟုတ် ကောင်းချီးများ ရှိမည် မဟုတ်သော်လည်း သူတို့က လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်မှ အကျိုးအမြတ် မရရှိခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။

ဝမ်ဝေ့ သူတို့ကို ပေးသည့် အကျိုးအမြတ်က ခန္ဓာကိုယ်လေ့ကျင့်ရေးအတွက် ပြိုင်ဘက်ကင်း ပါရမီ ဖြစ်၏။ ချီယွမ်က သွေးမျိုးဆက်ကို ခွဲထုတ်ပြီးသည့်နောက်တွင် တခြား‌သော ဝမ်မျိုးနွယ်က ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်၏ ခန္ဓာကိုယ်လေ့ကျင့်ရေးပါရမီကို အမွေဆက်ခံခဲ့စဉ် တာအိုအခွင့်အလမ်းဂိုဏ်းကမူ ချီယွမ်၏ ကျင့်ကြံရေးနှင့် နားလည်နိုင်စွမ်းကိုသာ အမွေဆက်ခံနိုင်ခဲ့သည်။

ထို့ကြောင့် မျိုးဆက်တစ်ခုချင်းစီတွင် ဝမ်မျိုးနွယ်၏ လူတချို့က ခန္ဓာကိုယ်လေ့ကျင့်ရေးအတွက် ပါရမီပါကြစဉ် တချို့လူများက မပါရှိကြပေ။ ယခု ဝမ်ဝေ့က သူ့မျိုးနွယ်ရှိ မျိုးဆက်များအတွက် ပါရမီကို ထောက်ပံ့ပေးခဲ့၏။

ဒုတိယကဏ္ဍအတွက်မူ တစ်စိတ်တစ်ပိုင်း နိုးထခြင်း ဖြစ်လိမ့်မည်။ ထိုကဏ္ဍတွင် လူများက ပထမ ဆင့်ကဲပြောင်းလဲခြင်းမှ တတိယ ဆင့်ကဲပြောင်းလဲခြင်းအတွင်း သွေးမျိုးဆက်ကို နိုးထနိုင်လိမ့်မည်။ ထို့နောက်တွင် သူတို့က မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုးကို ကျင့်ကြံပြီး သူတို့၏ သွေးမျိုးဆက်ကို မြှင့်တင်နိုင်လိမ့်မည်။

ထိုကဏ္ဍ၏ အရေးသာချက်က သူတို့၏ သွေးမျိုးဆက် အရင်းအမြစ်အနေဖြင့် အလိုရှိရာ တာအို သို့မဟုတ် သဘောတရားကို ရွေးချယ်နိုင်ကြပြီး ဝမ်မျိုးနွယ်၏ အရင်းအမြစ်သွေးမျိုးစေ့ဆီ အပြောင်းအလဲများ ထည့်ပေါင်းနိုင်သည်။ သူတို့က ဝမ်ဝေ့၏ ဗလာနတ္ထိစွမ်းအားကို အမွေဆက်ခံဖို့မလိုပေ။ ထိုကဏ္ဍရှိ လူများက ပင်ကိုစည်းမျဉ်းများ နိုးထကာ ယွမ်ထီ ဖြစ်လာနိုင်ကြသည်။

သူတို့ဖြစ်လာနိုင်သည့် ယွမ်ထီအဆင့်အတွက်မူ သူတို့၏ စွမ်းဆောင်ရည်နှင့် ပါရမီအပေါ် မူတည်နေလေ၏။

နောက်ဆုံးသော ကဏ္ဍကမူ အပြည့်အဝ နိုးထခြင်း ဖြစ်သည်။ ထိုကဏ္ဍတွင် သူ့သွေးမျိုးဆက်ဆီမှ အရာအားလုံးကို အမွေဆက်ခံခွင့် ပြုထားပြီး အထူးသဖြင့် မကောင်းဆိုးဝါးနတ်ဘုရား ဖြစ်လာလိမ့်မည်။ သူတို့၏ သွေးမျိုးဆက်ကို နိုးထလာပြီးသည့်နောက်တွင် သူတို့က ဗလာ ကမ္ဘာဦးစည်းမျဉ်းကို နိုးထခြင်းနှင့် မသေမျိုး ချက်ချင်း ဖြစ်လာနိုင်ကြသည်။ သို့သော် ဗလာနတ္ထိ ကမ္ဘာဦးစည်းမျဉ်းကမူ ဝမ်ဝေ့က ထိုအရာကို အခုထိ မဖွဲ့စည်းရသေးသည့်အတွက် မပါဝင်သေးပေ။

ထိုကဏ္ဍရှိလူများက သူတို့၏ သွေးမျိုးဆက်အပေါ် မှီခိုပြီး ထာဝရဧကရာဇ်တစ်ယောက်၏ စွမ်းအားကို ရယူနိုင်ကြသည်။ သို့သော်လည်း သူတို့က ကောင်းကင်အလိုဆန္ဒတွင် ပါဝင်ဆင်နွှဲနိုင်မည် မဟုတ်ပေ။ အကယ်၍ သူတို့သာ တာအိုကို သက်သေပြလိုပါက ထိုသူများသည် ဒိုင်မေးရှင်းအမြင့်သို့ တက်လှမ်းဖို့ လိုအပ်သည်။

“ပထမအဆင့်က မျိုးနွယ်ရဲ့ မဟာဧကရာဇ် အဓိက အရင်းအမြစ် ဖြစ်လာလိမ့်မယ်။ ဒုတိယအဆင့်ကတော့ ယွမ်ထီ ဒါမှမဟုတ် အင်မော်တယ်အဆင့် အင်အားစုတွေ ဖြစ်လာလိမ့်မယ်။ အဲဒီလူတွေက သွေးမျိုးဆက်ရဲ့ အပြောင်းအလဲကို အာမခံပေးနိုင်လိမ့်မယ်”

ဗလာနတ္ထိ သို့မဟုတ် ဗလာက ဟွင်သွမ်းကဲ့သို့ အရာအားလုံး ပါဝင်နေသည်။ ထို့ကြောင့် ထိုသူများက မည်သည့်တာအိုကို ရွေးချယ်စေကာမူ သွေးမျိုးဆက် အရင်းအမြစ်တစ်ခုလုံးကို အကျိုးကျေးဇူးရှိလိမ့်မည်။

“အဲဒီမှာ နောက်ဆုံးအဆင့်ကလူတွေကတော့ ဂိုဏ်းရဲ့ အစောင့်အကြပ် ဖြစ်လာပြီးတော့ ဒိုင်မေးရှင်းအနိမ့်မှာ ဂိုဏ်းအတွက် အဓိက ပါရမီအရင်းအဖြစ် ဖြစ်လာလိမ့်မယ်”

ဝမ်ဝေ့က တစ်ရက်ကျလျှင် တက်လှမ်းရမည်ဖြစ်သည့်အတွက် ဒိုင်မေးရှင်းအမြင့်တွင် သူ့အင်အားကို ဖွဲ့စည်းဖို့ရာ ပြင်ဆင်ထားသည်။

“နောက်ဆုံးအနေနဲ့ မျိုးနွယ်တွေကို ရွေးချယ်မှု လုပ်ခိုင်းရမယ်…”

ဝမ်ဝေ့က တွေးလိုက်ပြီး အနာဂတ်မျိုးဆက်များအတွက် သူ့သွေးမျိုးဆက်ထဲ စည်းတံဆိပ် ထားရှိခဲ့သည်။ တခြားနည်းဖြင့် ပြောရလျှင် အဖွဲ့ဝင်အားလုံးက ပထမအဆင့်တွင် စတင်ကြရမည်ဖြစ်ကာ သူတို့၏ သွေးမျိုးဆက်က မည်သည့်ကဏ္ဍတွင် နိုးထမည်ကို ရွေးချယ်ကြရလိမ့်မည်။

ကျရှုံးနိုင်ခြေလည်း ရှိနေ၏။ အထူးသဖြင့် အပြည့်အဝနိုးထခြင်း ကဏ္ဍတွင် ဖြစ်သည်။ လူတိုင်းလူတိုင်းက သူ့သွေးမျိုးဆက်ကို အမွေဆက်ခံရရှိနိုင်ကြမည် မဟုတ်ပေ။

All Chapters