← Chapters

မကောင်းဆိုးဝါး ဆင့်ကဲပြောင်းလဲခြင်း (၁၂)မျိုး နောက်ဆုံးအပိုင်း

Vol. 67 Ch. 926

မကောင်းဆိုးဝါး ဆင့်ကဲပြောင်းလဲခြင်း (၁၂)မျိုး နောက်ဆုံးအပိုင်း

Vol. 67 Ch. 926

“နောက်တစ်ခုက မျိုးနွယ်သုံးခုနဲ့ ဂိုဏ်းပဲ” ဝမ်ဝေ့က အလုပ်ဆက်မလုပ်ခင် ရေရွတ်လိုက်သည်။ သူ့သွေးမျိုးဆက်ထဲတွင် လီ၊ ယန်း၊ ယုမျိုးနွယ်နှင့် ဝမ်မျိုးနွယ်မှ လက်ထပ်ထားသည့် တခြားသော မိသားစုဝင်များ၏ သွေးမျိုးဆက်များလည်း ပါဝင်နေခဲ့သည်။ ဝမ်ဝေ့က တိမျိုးနွယ်နှင့် အံ့ဖွယ်တာအိုမျိုးနွယ်မှ သွေးမျိုးဆက်များကိုပင် ရှာဖွေတွေ့ရှိခဲ့၏။

ထို့ကြောင့် ဝမ်ဝေ့က လီ၊ ယန်းနှင့် ယု မျိုးနွယ်တို့၏ သွေးမျိုးဆက်ဇစ်မြစ် အရိပ်အမြွက်ကို ရှာဖို့ အချိန်ယူလိုက်ရသည်။

ငါက ယန်းလီလင်းနဲ့ လီကျွင်းတို့ ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအထိ ကျင့်ကြံပြီး လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ကို ရယူပြီး ဇစ်မြစ်ကို အပြည့်အဝ ဆင့်ကဲမပြောင်းလဲပစ်ခင် လီနဲ့ ယန်း မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို နည်းနည်း ဆင့်ကဲပြောင်းလဲပေးဖို့ပဲ လိုတယ် …

ငါ မတက်လှမ်းခင် သူတို့ အဲ့လိုလုပ်နိုင်ဖို့ မျှော်လင့်တယ်။ အဲ့ဒါမှ ငါ သူတို့ကို စမ်းသပ်ချက်ကနေ ကာကွယ်ပေးလို့ရမှာ…

ဝမ်မျိုးနွယ်က သူတို့၏ သွေးမျိုးဆက်က ထိုအဆင့်ထိ ရောက်ရှိနေပြီဖြစ်သည့်အတွက် ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းကို ကျင့်ကြံဖို့ရာအတွက် ပြဿနာရှိမည် မဟုတ်ပေ။ သို့သော်လည်း လီနှင့် ယန်းမျိုးနွယ်အတွက်မူ ကွဲပြားပေသည်။

သိပ်မကြာခင် ဝမ်ဝေ့က လီမျိုးနွယ်၏ သွေးမျိုးဆက် ဇစ်မြစ် ဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးခဲ့ပြီး ယန်းမျိုးနွယ်ကို ဆက်လက် လုပ်ဆောင်လိုက်သည်။ သူက သူတို့၏ သွေးမျိုးဆက်သည် သဘာဝအားဖြင့် အမျိုးသားများထက် အမျိုးသမီးများကို ဦးစားပေးထားကြောင်း တွေ့လိုက်ရသည်။

အခု သူတို့ရဲ့ ထာဝရဧကရာဇ်နှစ်ယောက်လုံးက အမျိုးသမီးတွေ ဖြစ်နေတာ အဓိပ္ပာယ်ရှိသွားပြီ…

ဝမ်ဝေ့က ဆက်လုပ်ကာ မှတ်ချက် ပေးလိုက်သည်။

“ကောင်လေး … ဘာတွေလုပ်နေတာလဲ” ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။

“ဘိုးဘေးလား … ဘိုးဘေးက သေသွားပြီ မဟုတ်ဘူးလား”

“ရိုင်းလိုက်တာ” ဓားဧကရီက ပြောလိုက်သည်။

“အဲဒါဆိုတော့ ဘိုးဘေးက အကြွင်းမဲ့တားမြစ်ချက်မှာ ရှင်ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသူပေါ့။ ဒါပေမဲ့ ဘာလို့ အရမ်းအားနည်းနေတယ်လို့ ခံစားမိနေပါလိမ့်” ဝမ်ဝေ့က သူ့ရှေ့တွင် ထွက်ပေါ်လာသည့် အမျိုးသမီးကို ကြည့်ကာ မေးလိုက်သည်။

“ငါ ဒဏ်ရာရထားတာလေ။ အခုတော့ ဧကရာဇ်ငယ်လေး ဖြစ်နေပြီ” ဓားဧကရီက ပြန်ဖြေလေ၏။

“ဒါပေမဲ့ ငါက ဒီလိုအခြေအနေ ရှိနေတယ်ဆိုရင်တောင် ငါ အားနည်းတယ်ဆိုတာကို ပြောရဲတယ်လား”

သူမက သူ့ကို ခြုံငုံကြည့်ကာ “ဆယ်ဆတိုက်ခိုက်ရေးအဆင့်လား။”

သူမ၏ မျက်နှာအထက် အံ့အားသင့်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

“အဲဒီအမူအရာက ဘာလဲ”

“ငါ ငယ်ငယ်တုန်းက ငါက အတော်လေးကို ယှဉ်ပြိုင်လိုစိတ် ကြီးမားခဲ့တာ။ အဲဒါဆိုတော့ ဆယ်ဆတိုက်ခိုက်ရေးအဆင့် ပြီးသွားရင် ဒဏ္ဍာရီတားမြစ် တိုက်ခိုက်ရေးအဆင့်ထိ ရောက်ချင်ခဲ့တာ။ အဲဒါကြောင့်မလို့ အခြေခံအုတ်မြစ် ပြန်လည်ပြုပြင်ရေးကိုတောင် ကျော်ဖြတ်ခဲ့တယ်။

ဒါပေမဲ့ ငါက ၉ဆ တိုက်ခိုက်ရေးအဆင့်အထိပဲ ရောက်ရှိခဲ့တယ်။ မင်းဇနီးအတွက်လည်း အတူတူပဲ။ ဒါက ငါ့နောင်တတစ်ခုက ငါ ကျရှုံးခဲ့တာပဲ”

“ဘိုးဘေးက ခန္ဓာကိုယ်ကို မလေ့ကျင့်ပဲနဲ့ တိုက်ခိုက်ရေးဆင့်အထိ ရောက်ခဲ့တာလား”

“ခန္ဓာကိုယ်လေ့ကျင့်ရေးက တန်ကြေးများတယ်” ဓားဧကရီက သူမ၏ အခြေအနေကို အမှတ်ရကာ ပြောလိုက်သည်။

“အရင်းအမြစ်နည်းစနစ် တော်တော်များများက အကောင်းဆုံးခန္ဓာကိုယ် လေ့ကျင့်သူတွေနဲ့ ယှဉ်နိုင်တဲ့ ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့်ပေးနိုင်တယ်။ အဲဒါက ယာယီ တိုးမြှင့်မှုဆိုပေမဲ့ တိုက်ပွဲအတွက်တော့ လုံလောက်တယ်”

ဝမ်ဝေ့က ခေါင်းအသာညိတ်လိုက်၏။ သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသည် ကြောက်မက်ဖွယ် အနေအထားတစ်ခုသို့ ဖွံ့ဖြိုးတိုးတက်နေသည့် ကျင့်ကြံရေးအဖွဲ့အစည်းဖြစ်ကြောင်း ခန့်မှန်းမိသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထို့ကြောင့် အရာအားလုံးက နှစ်များစွာ လေ့လာမှုနှင့် နည်းစနစ်များ၊ မန္တန်များနှင့် ပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာပြီးသည့်နောက်တွင် အရာအားလုံးနီးပါးက ဖြစ်လာနိုင်လိမ့်မည်။

“သူမရော ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်စဉ် ဓားဧကရီက ပြုံးလိုက်သည်။

“သူမက အဆင်ပြေပါတယ်။ ပြီးတော့ သူမက မင်းရဲ့ လက်ထပ်ပွဲကို အပြည့်အဝ ငြင်းဆန်နေတာတော့ မဟုတ်ဘူး။ မင်း သူမကို ထပ်ပြီး လိုက်ပိုးပန်းဖို့တော့ လိုတာပေါ့”

“သူမက ကျွန်တော်ကို အခွင့်အရေး ပေးမယ်ဆိုတာနဲ့တင် ကျေနပ်မိပါတယ်” ဝမ်ဝေ့က သူမသာ သူ့ကို ငြင်းဆန်ပါက တောက်လျှောက်လိုက်သည့် နည်းလမ်းကို ထုတ်သုံးဖို့ရာအထိ ပြင်ဆင်ထားသည်။ ထိုကိစ္စရပ်က မည်မျှပင် အရှက်မဲ့စေကာမူ ဂရုမစိုက်ပေ။ သို့သော် ယခုတွင် သူမက သူ့ကို သင့်တော်သည့် အခွင့်အရေးတစ်ခု ပေးလာမည်ကို ကျေနပ်နေမိ၏။

“ကောင်လေး … မင်းက ငါ့မေးခွန်းကို မဖြေရသေးဘူး။ မျိုးနွယ်ရဲ့ သွေးမျိုးဆက် ဇစ်မြစ်ကို ဘာလုပ်နေတာလဲ”

“ဒါက ဒီလိုမျိုးပါ” ဝမ်ဝေ့က အရာအားလုံးကို ရှင်းပြလိုက်သည်။

“လူသားမကောင်းဆိုးဝါး နတ်ဘုရား သွေးမျိုးဆက်တဲ့လား။ တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ အစီအစဉ်တစ်ခုပဲ”

“ချီးကျူးလွန်းနေပါပြီ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။

“မင်း နားမလည်ဘူး။ ငါတို့အဆင့်ကလူတွေက ပင်ကိုနဲ့ ဟွင်သွမ်းသွေးမျိုးဆက်တွေကို စက်ဆုပ်ကြပေမဲ့ မကောင်းဆိုးဝါး နတ်ဘုရားတော့ မပါဘူး။ ဒါပေမဲ့ ကမ္ဘာဦးနဲ့ မဟာတာအိုလမ်းစဉ်က သီးသန့်စီဖြစ်နေတာဆိုတော့ စံပြတွေအနေနဲ့ မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ဖွဲ့စည်းဖို့ ခက်ခဲတယ်။ မကောင်းဆိုးဝါးနတ်ဘုရားတွေအတွက် တာအိုကို သက်သေပြပြီး စံပြ ဖြစ်လာဖို့က ပိုတောင် ခက်ခဲသေးတယ်။ မင်းရဲ့ နည်းလမ်းက ဒီအခြေအနေအတွက် ပြီးပြည့်စုံတဲ့ ချဉ်းကပ်မှုတစ်ခုပဲ”

ဝမ်ဝေ့က ထိုအရာကို ကြားကာ မျက်မှောင်ကြုတ်လိုက်၏။

“တခြားသူတွေလည်း အရင်က ဒီလိုအတွေးမျိုးတော့ ရှိခဲ့ကြမှာပါ”

ဓားဧကရီက သက်ပြင်းချကာ “မဟာတာအိုရဲ့ မျက်မြင်ဒဿန အတားအဆီးကို ဖယ်ရှားဖို့က ရိုးရှင်းမယ်များ ထင်နေလား”

“မဟာတာအိုက လူတွေရဲ့ စိတ်ထဲမှာ ဒီလိုအတွေးမျိုး မတွေးမိအောင် ကာကွယ်ထားတာလို့ ပြောချင်တာလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“စံပြတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားတယ်ဆိုရင် သူတို့လွှမ်းခြုံထားရမဲ့ ယဉ်ကျေးမှု၊ သူတို့ ထိတွေ့ရတဲ့လူတွေနဲ့ သူတို့နှစ်များစွာ ဖြစ်လာတဲ့ အလေ့အကျင့်တွေက သူတို့ရဲ့ စိတ်နဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးဖို့ လွယ်ကူလာလိမ့်မယ်။ အဲဒါက သူတို့ကြီးထွားပြီး ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ မမြင်ရတဲ့ အတားအဆီးလိုမျိုးပဲ။ ဒါက ကံကြမ္မာတာအိုရဲ့ ကြောက်စရာကောင်းမှုပေါ့”

ဝမ်ဝေ့က ဉာဏ်အလင်းပွင့်လာပြီး မဟာတာအိုအရင်းအမြစ် ၃၅ ရာခိုင်နှုန်းရောက်ဖို့က ပြဿနာများများစားစား မဟုတ်ဘဲ ယခင်ကထက် ကုသိုလ်နည်းနည်းသာ လိုအပ်ကြောင်း သိလိုက်သည်။

“ဘိုးဘေးက ကျွန်တော်ကို သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး” ဓားဧကရီက ပြောလိုက်သည်။ သူမ လုပ်ခဲ့သည့်အရာများက ထိုသို့ကျေးဇူးတင်ခံရလောက်အောင် ထိုက်သင့်သည်ဟု မထင်ပေ။

“တာအိုအရှင်နဲ့ နယ်ရှင်တွေက ဒီဂုဏ်ပုဒ်ကို ရှိကြတာက သူတို့ရဲ့ ဉာဏ်ရည်နဲ့ ဉာဏ်ပညာကြောင့်တင် မဟုတ်ဘူး။ သူတို့က ကမ္ဘာရဲ့ မျက်မြင်ဒဿန အတားအဆီးကို ချိုးဖောက်နိုင်လို့ပဲ။ သူတို့ရဲ့ စိတ်က သက်ရှိအားလုံးအတွက် မဟာတာအို ဖန်တီးထားတဲ့ ပြီးပြည့်စုံတဲ့ ပုံစံအတိုင်း မဟုတ်တော့ဘူး။”

“ကျွန်တော် သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ တာအိုအရှင်နှင့် နယ်ရှင်များသည် မဟာတာအိုနှင့် ထူးဆန်းသည့် ဆက်ဆံရေးမျိုး ရှိကြကြောင်း ခံစားမိလိုက်သည်။ ထိုသူက သူတို့၏ စိတ်နှင့် ဖန်တီးမှုများကို သဘောကျသော်လည်း သတ်မှတ်ထားသည်ထက် ကျော်လွန်လာသည်ကိုမူ မုန်းတီးလေသည်။

“မင်းရဲ့ နည်းစနစ်က ငါ့အတွက် တကယ်ကို အသုံးဝင်တယ်။ ငါ လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ကို ဖန်တီးပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်တာကနေ စရမယ်။ ငါ့မှာ ဖြုန်းတီးနေဖို့ အချိန် မရှိဘူး။ ကြီးထွားဖို့ အရင်းအမြစ်အများကြီး စုပ်ယူရဦးမယ်”

ဓားဧကရီ၏ အကြည့်များက တောက်ပလာကာ သူမက ထိုအတွေးကို စဉ်းစားကြည့်လေလေ ပိုမိုကောင်းမွန်လာလေလေဟု ထင်မိသည်။

“ငါက ထူးကဲတဲ့ ဓားသွေးမျိုးဆက်ကို ဖန်တီးပြီးတော့ အကြွင်းမဲ့ ဓားရေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်လိမ့်မယ်”

သူမက အမှန်တကယ် စိတ်လှုပ်ရှားနေမိသည်။ ထိုစဉ် ဝမ်ဝေ့က သူ့ဘိုးဘေးသည် ခန္ဓာကိုယ်လေ့ကျင့်ရေးအတွက် မနှစ်သက်မှုတချို့ရှိနေကြောင်း ခံစားမိလိုက်၍ မလုံမလဲသာ ပြုံးလိုက်မိသည်။ အကြောင်းအရင်းအများစုက ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်နှင့် အငြင်းအခုန်များကြောင့် ဖြစ်နိုင်သည်။

“ဘိုးဘေးအနေနဲ့ ယန်းမျိုးနွယ်နဲ့ လီမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို ဆင့်ကဲပြောင်းလဲပေးဖို့ ဖြစ်နိုင်လား” ဝမ်ဝေ့က သူမသာ ယန်းလီလင်းနှင့် လီကျွင်းတို့အစား သူမ လုပ်ပေးပါက စွန့်စားမှုများ မလိုအပ်တော့မည်ဖြစ်သည့်အတွက် ပိုမိုသဘောကျမိသည်။

“အင်း အဲဒါက မဆိုးဘူးပဲ” သူမက ပြန်ဖြေလိုက်သည်။ ဤနေရာတွင် တိုက်ပွဲရူး မရှိဘဲဖြင့် သူမက မျိုးနွယ်၏ သွေးမျိုးဆက် ဇစ်မြစ်ကို မြင့်မားသည့် အနေအထားရောက်အောင် ဆင့်ကဲပြောင်းလဲနိုင်သည်။ အကြောင်းအရင်းမှာ သူမက ထိုသူ၏ တည်ရှိမှုမှ လျှို့ဝှက်ချက်များကို သိရှိထားပြီး ထိုအရာကို ဆင့်ကဲပြောင်းလဲနိုင်၍ ဖြစ်သည်။ ထိုအရာက သူတို့သုံးယောက် မည်မျှနီးကပ်ကြောင်း ပြသနေလေသည်။

“ဒါနဲ့ အခြေခံအနေနဲ့ ဘယ်တာအိုကို အသုံးပြုသင့်တယ်လို့ ထင်လဲ”

“ယန်းမျိုးနွယ်က ဘိုးဘေးရဲ့ ဓား ပါရမီကို အမွေမရထားဘူး။ သူတို့အနေနဲ့က ဟွင်သွမ်းလိုမျိုး ခြုံငုံထားတဲ့ တာအိုမျိုးကို အလေးထားတာ ပိုကောင်းလိမ့်မယ်။ လီမျိုးနွယ်ကတော့ ဘိုးဘေးရဲ့ တိုက်ခိုက်စွမ်းရည်ကို ရရှိထားတဲ့ပုံပဲ။ အဲဒါကြောင့် သူတို့ ဒါကို အခြေခံအနေနဲ့ သုံးတာ ကောင်းလိမ့်မယ်”

“ဒီလိုဆိုရင် အစ်ကိုချီရှန်းရဲ့ မူလတာအိုကို ငါ့ ယန်းမျိုးနွယ်ရဲ့ အခြေခံအဖြစ် သုံးပြီးတော့ လီမျိုးနွယ်ကတော့ တိုက်ပွဲတာအိုကို အမွေဆက်ခံရလိမ့်မယ်”

“အဲ့လို အဆင်ပြေပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ ယခုမှစ၍ တာအိုအခွင့်အလမ်းဂိုဏ်း၏ မျိုးနွယ်သုံးခုသည် ထူးကဲသည့် လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက် သုံးခု ရှိလာလိမ့်မည်။ ဗလာ(အတုအယောင် ဗလာနတ္ထိ)၊ မူလနှင့် တိုက်ပွဲတို့ ဖြစ်သည်။

“အဲဒါက အချိန်ကြာမှာလား”

“ငါက ဒါကို ဆင့်ကဲမပြောင်းလဲခင် ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအထိ ကျင့်ကြံဖို့ လိုတယ်။ အဲဒီအခါကျရင် ငါက ကောင်းကင်ဘုံအဆင့်ကို ရောက်နိုင်ပြီ။ အဲဒီကောင်မလေး ငါ့ကို ဘယ်လိုအနိုင်ကျင့်မလဲဆိုတာ ကြည့်တာပေါ့”

သူမက နောက်ဆုံးစကားကို အံကြိတ်ကာ ရေရွတ်လိုက်သည်။ ဝမ်ဝေ့က ဘာမှမကြားသလိုသာ ဟန်ဆောင်နေလိုက်၏။ သူ့စွမ်းအားက ဘိုးဘေးများနှင့် ယှဉ်နိုင်သော်လည်း အပေါ်ယံမျှသာ ဖြစ်၏။

သူမက အထွတ်အထိပ်သို့ ပြန်ရောက်ဖို့ရာ မည်သည့်နည်းစနစ်မျိုး သိရှိသည်ကို မည်သူကများ သိမည်နည်း။

ထို့အပြင် သူက အကြီးအကဲများကို လေးစားသည့်သူတစ်ဦး ဖြစ်၏။

“ဘိုးဘေး ဒါနဲ့လေ ဒိုင်မေးရှင်းအမြင့်မှာ သွေးမျိုးဆက်ကို ဖွဲ့စည်းတာက ပြဿနာ မရှိဘူးမလား”

“မစိုးရိမ်နဲ့။ ငါက မေတ္တယျနဲ့ အဆင်ပြေသွားပြီ။ သူမက ငါ့ကို ကာကွယ်ပေးလိမ့်မယ်”

ဝမ်ဝေ့က တိတ်ဆိတ်သွားပြီးသည့်နောက်တွင် မေးလိုက်၏။

“သူမက ယုံကြည်ရရဲ့လား”

“မင်းတို့၊ အစ်ကိုချီရှန်းတို့၊ ဝူဟုန်တို့လိုမျိုး ဉာဏ်ကောင်းတဲ့သူတွေက အရာအားလုံးကို အများကြီး ထည့်တွေးလွန်းကြတာ ပြဿနာပဲ။ သူတို့အကြောင်း များများစားစား မသိပဲနဲ့ ယုံဖို့က အတော်လေး ခက်ခဲကြတယ်လေ။ မေတ္တယျက မှားယွင်းတဲ့ တစ်စုံတစ်ခု လုပ်ခဲ့ပေမဲ့ သူမက ပြန်တောင်းပန်ခဲ့ပြီးတော့ အရာအားလုံးကို သင့်တော်တဲ့အချိန်ကျရင် ရှင်းပြလိမ့်မယ်။ ဒါက ငါ့အတွက် လုံလောက်ပြီ”

“ကျွန်တော်လည်း အဲ့လိုမျိုး လွယ်လွယ်ကူကူ ယုံချင်မိသား” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

ဓားဧကရီက ပုခုံးကို တွန့်လိုက်၏။ သူမက ချီယွမ်နှင့် ဖြေရှင်းရသည်မှာ အသားကျနေပြီဖြစ်သော်လည်း သူ့မျိုးဆက်က ပိုမိုဆိုးရွားဟန်ပေါ်သည်။ သူမအနေဖြင့် တတ်နိုင်သည့်အရာ မရှိပေ။

“ငါ သွားတော့မယ်။ ငါ ပြီးမှပဲ မင်းကို လာပြီးတွေ့တော့မယ်။ ဒါနဲ့ မင်းအတွက် လှုံ့ဆော်မှုအနေနဲ့ ၁၁ ဆင့်နဲ့ ၁၂ ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းတွေအတွက် ချင်းဝူရဲ့ အမွေအနှစ်ကို လိုက်ရှာကြည့်ပေးမယ်”

“ကျေးဇူးတင်ပါတယ်”

“ငါ့ကို ကျေးဇူးတင်မနေနဲ့။ မင်းက ၁၂ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းကို အမြန်ဖန်တီးမှ ငါက အားစိုက်ထုတ်ဖို့ မလိုပဲနဲ့ မငြိမ်းသက်နိုင်တဲ့ စံပြတစ်ယောက် ဖြစ်လာနိုင်မှာလေ”

ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။ သူ့ဘိုးဘေးက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့်တွင် ခန္ဓာကိုယ်စမ်းသပ်ချက်ကို ဖြတ်ကျော်ရမည် ဖြစ်ကြောင်း မေ့လျော့နေဟန်ဖြင့် စိတ်ကူးယဉ် ပျော်မွေ့နေလေသည်။

“ဟုတ်ကဲ့ပါ” ဝမ်ဝေ့က သူမ၏ စိတ်လှုပ်ရှားမှုကို မဖျက်ဆီးပစ်ဖို့သာ ဆုံးဖြတ်လိုက်၏။

ဓားဧကရီက ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ယုမျိုးနွယ်ဆီ အကျိုးအမြတ် တချို့ပေးမည့် ကိစ္စကို အာရုံစိုက်လိုက်သည်။ သူတို့က သူ့အင်အားစုလောက် သိသာမည် မဟုတ်ပေ။

ထို့အပြင် ဝမ်ဝေ့က ထိုသို့လုပ်ချင်လျှင်ပင် သူတို့ကို အကျိုးအမြတ်အများကြီး ပေး၍ မရပေ။ သူတို့၏ မျိုးဆက်များက မျိုးဆက်များစွာတိုင် ရောယှက်လာသည့် တခြားသော မျိုးနွယ်နှစ်ခုနှင့် မတူဘဲ သူ့ထဲရှိ ယုမျိုးနွယ်၏ သွေးမျိုးဆက်က အတော်အတန် နည်းပါးလှသည်။

နောက်ဆုံးတွင် ယုမျိုးနွယ်၏ သွေးမျိုးဆက်က လူသားမကောင်းဆိုးဝါး နတ်ဘုရားဖြစ်ခြင်း၏ ကံအလေးချိန်ကို တောင့်ခံနိုင်မည့် ကြမ္မာမျိုး မရှိပေ။ အကယ်၍ ဝမ်ဝေ့ကသာ သူတို့ကို ထိုအဆင့်အထိ မြှင့်တင်ပေးခဲ့ပါက သူတို့သည် ကံကောင်းမှု တန်ပြန်သက်ရောက်ခြင်းကို ခံစားရပြီး ပျက်သုဉ်းမှုကို ဖြစ်စေလာလိမ့်မည်။

ဧကရာဇ်တစ်ပါးသာ ရှိထားသည့် မျိုးနွယ်တစ်ခုက မကောင်းဆိုးဝါး နတ်ဘုရားကဲ့သို့ မြင့်မြတ်သည့် သက်ရှိတစ်ယောက်၏ သွေးမျိုးဆက်ကို မည်သို့ ခံယူနိုင်မည်နည်း။

ဝမ်မျိုးနွယ်၊ လီမျိုးနွယ်နှင့် ယန်းမျိုးနွယ်တို့တွင် စံပြမြောက်များစွာ ပေါ်ထွက်လာခြင်း မရှိပါက ဝမ်ဝေ့သည်လည်း သူ့သွေးမျိုးဆက်ကို မျိုးနွယ်တစ်ခုလုံးဖြင့် ဝေမျှရဲမည် မဟုတ်ပေ။

နောက်ဆုံးတွင် ဝမ်ဝေ့က သူ့အမေ တာအိုကို သက်သေမပြခင်အထိ ယုမျိုးနွယ်၏ အကျိုးအမြတ်အများစုကို စည်းပိတ်ထားခဲ့သည်။ နောက်ဆုံးတွင် ဝမ်ဝေ့က သူ့သွေးမျိုးဆက်အသစ် အောင်မြင်မှုအရ တစ်ကမ္ဘာလုံးပေါ် ဂိုဏ်း၏ လွှမ်းမိုးမှုကို ကြည့်ဖို့ရာ အာရုံစိုက်လိုက်၏။

All Chapters