← Chapters

ဘိုးဘေးပိုင် ယဇ်စင်မြင့်

Vol. 67 Ch. 928

ဘိုးဘေးပိုင် ယဇ်စင်မြင့်

Vol. 67 Ch. 928

ဝမ်ဝေ့ နောက်ထပ်လုပ်ဖို့ လိုသည့်အရာက မျိုးနွယ်အတွက် သွေးမျိုးဆက် နိုးထရေး အခမ်းအနားကို ဖန်တီးဖို့ ဖြစ်၏။ သူ့ပုံကြမ်းအရ ဝမ်၊ ယန်းနှင့် လီ အနာဂတ် မျိုးနွယ်ဝင်အားလုံးသည် သွေးမျိုးဆက် စည်းပိတ်ထားလျှက် မွေးဖွားလာကြလိမ့်မည်။ တခြားနည်းဖြင့်ပြောရလျှင် သူတို့က သွေးမျိုးဆက်၏ ပထမကဏ္ဍဖြင့် မွေးဖွားလာကြမည်ဖြစ်ကာ ခန္ဓာကိုယ် လေ့ကျင့်ရေးတွင် ပါရမီထူးကဲသည့် သာမန်လူများအဖြစ် မွေးဖွားလာကြလိမ့်မည်။

သူတို့က ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းပြီးသည့်နောက်တွင် သူတို့ခန္ဓာကိုယ်ထဲ သွေးမျိုးဆက် နိုးထလာမှုကို တွေ့ကြုံခံစားရမည် ဖြစ်၏။ တချို့လူများက သွေးမျိုးဆက်လမ်းကြောင်းကို လျှောက်လှမ်းလိုကြမည် မဟုတ်သောကြောင့် သူတို့၏ သွေးမျိုးဆက်ကို မနိုးထဘဲ နေဖို့ရာ ရွေးချယ်နိုင်သည်။ ထို့ကြောင့် သူတို့သည် တစ်ဘဝလုံး ပထမကဏ္ဍတွင်သာ ရှိနေလိမ့်မည်။

တခြားသောသူများက တစ်စိတ်တစ်ပိုင်း နိုးထခြင်းကို ရွေးချယ်နိုင်ကြပြီး သူတို့၏ သွေးမျိုးဆက်ကို ပထမနှင့် တတိယ ဆင့်ကဲပြောင်းလဲမှုကြား နိုးထနိုင်ကြသည်။ ထိုသူများက သူတို့၏ သွေးမျိုးဆက်ကို သူတို့အလိုရှိရာ ဆင့်ကဲပြောင်းလဲနိုင်ခွင့်ပြုထားသည့် သွေးမျိုးဆက်မျိုးစေ့ကို အမွေဆက်ခံရရှိလိမ့်မည်။

သူတို့ကျင့်ကြံလိုသည့် စည်းမျဉ်း သို့မဟုတ် တာအိုကို ရွေးချယ်ပြီးသည့်နောက်တွင် သွေးမျိုးဆက် မျိုးစေ့ဖြင့် ပေါင်းစပ်ကာ ထူးကဲသည့် လူသားမကောင်းဆိုးဝါး နတ်ဘုရား သွေးမျိုးဆက်ကို ဖန်တီးနိုင်သည်။ သူတို့က ကြောက်မက်ဖွယ်ကောင်းသည့် ကမ္ဘာဦးစမ်းသပ်ချက်ကို ကျော်ဖြတ်စရာ မလိုဘဲ ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအထိ တိုးမြင့်နိုင်လိမ့်မည်။ အကြောင်းမှာ သူတို့က ဝမ်ဝေ့၏ မူလဇစ်မြစ် ဗလာသွေးမျိုးဆက်ကို အဆင့်မြှင့်တင်ရုံမျှ ဖြစ်၏။

ဒုတိယကဏ္ဍရှိ လူများကမူ ရွေးချယ်စရာ သုံးခုကြား အကြိုက်အများဆုံး ဖြစ်လာနိုင်သည်။ ပြောရလျှင် ထိုကဏ္ဍရှိလူများက ကောင်းကင်အလိုဆန္ဒအတွက် ယှဉ်ပြိုင်နိုင်သလို သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်သည့် အားကောင်းသော သွေးမျိုးဆက်ကိုလည်း ရယူနိုင်သည်။ ထိုသူများက ဟို့ဖုန်းဟွမ်နှင့် တူညီပြီး ပင်ကိုစည်းမျဉ်းနှင့် အားကောင်းသည့် ခန္ဓာကိုယ် ရှိထားသည့် ကောင်းကင်ရွေးချယ်ခံ ဖြစ်လာနိုင်သည်။

သူတို့က နောက်ဆုံးတိုက်ပွဲတွင် ကျရှုံးခဲ့ပါက ပင်ကိုစည်းမျဉ်းကို အသုံးပြုကာ ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီး ယွမ်ထီ ဖြစ်လာနိုင်သလို သူတို့၏ သွေးမျိုးဆက်ကို ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအထိ မြှင့်တင်ပြီး အင်မော်တယ် လူသားမကောင်းဆိုးဝါး နတ်ဘုရားဖြစ်လာပြီး ကမ္ဘာဦးစည်းမျဉ်းကို လျှောက်လှမ်းနိုင်ကြလိမ့်မည်။

သို့သော်လည်း ထိုအရာက သူတို့အတွက် ကမ္ဘာဦးစည်းမျဉ်းကို လျှောက်လှမ်းဖို့ရာ လွယ်ကူမည် မဟုတ်ပေ။ သူတို့၏ ခန္ဓာကိုယ်ကို သူတို့၏ ကိုယ်ပိုင်တာအိုဖြင့် သင့်တော်အောင် ပြုပြင်ပြောင်းလဲပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ဗလာသွေးမျိုးဆက်က ပြောင်းလဲသွားမည် ဖြစ်သည့်အတွက် သူတို့အနေဖြင့် သူတို့၏ ကိုယ်ပိုင်ကို ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအထိ ကျင့်ကြံဖို့ရာ လိုအပ်လာသည်။

တတိယကဏ္ဍအတွက်မူ အပြည့်အဝ နိုးထလာပြီး ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်း သွေးမျိုးဆက်တစ်ခုလုံးကို အမွေဆက်ခံရရှိလိမ့်မည်။ အခမ်းအနားအပြီးတွင် ထိုသူများက အင်မော်တယ် လူသားမကောင်းဆိုးဝါး နတ်ဘုရား ချက်ချင်း ဖြစ်လာကြလိမ့်မည်။ လုံလောက်သည့် အရင်းအမြစ်များဖြင့် သူတို့၏ ခန္ဓာကိုယ်က ထာဝရဧကရာဇ်များဖြင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်။

သို့သော်လည်း သူတို့က ဒိုင်မေးရှင်းအနိမ့်တွင် တာအိုကို သက်သေပြနိုင်မည် မဟုတ်ဘဲ ထိုသို့လုပ်ဆောင်ဖို့ရာအတွက် အထက်ဘုံ တက်လှမ်းရမည်။ အထက်ဘုံ တက်လှမ်းရခြင်းက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်တွင် ကမ္ဘာဦးနဂါးနယ်ပယ်အဆင့်သို့ ရောက်ရှိဖို့ရာ အနည်းဆုံး လိုအပ်ချက် ရှိလိမ့်မည်။

တတိယကဏ္ဍရှိ လူများအတွက် အခမ်းအနားကမူ ဘေးကင်းမည် မဟုတ်ပေ။ ပြောရလျှင် အားလုံးက သူ့သွေးမျိုးဆက်ကို အပြည့်အဝ နိုးထလာနိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် ဂိုဏ်း၏ အနေဖြင့် ကျရှုံးသွားသည့်သူများကို ကယ်တင်ဖို့ရာအတွက် ပြင်ဆင်ထားရမည်။

သွေးမျိုးဆက်က မွေးရာပါဖြစ်ပြီး ကံကောင်းမှုလည်း လိုအပ်ပေသည်။ ထို့ကြောင့် အခမ်းအနားမတိုင်ခင် အဆင့်တစ်ခုထိ ရောက်အောင် ဆုံးဖြတ်ဖို့ ဖြစ်နိုင်သည်။ ထို့ကြောင့် တချို့သူများအား တတိယကဏ္ဍကို မရွေးချယ်ခင် ကြိုတင်စဉ်းစားဖို့ သတိပေးထားနိုင်သည်။

“ငါ့ရဲ့ သွေးမျိုးဆက်ကို နိုးထတာကနေ ကျရှုံးသွားတဲ့သူတွေအတွက်လည်း စမ်းသပ်ချက်တစ်ခု ချန်ထားပေးခဲ့ရမယ်။ သူတို့က လုံလောက်တဲ့ စမ်းသပ်ချက်နဲ့ စိတ်စွမ်းအား ခိုင်မာချက်သာ ရှိမယ်ဆိုရင် သူတို့ရဲ့ ပင်ကိုသွေးမျိုးဆက်ကို ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအထိ ရောက်အောင် ကူညီသန့်စင်ပေးနိုင်တယ်” ဝမ်ဝေ့က အတွေးနက်လျက် ရေရွတ်လိုက်သည်။

“ပြီးတော့ ငါ့အနေနဲ့ ဂိုဏ်းက အံ့ဖွယ်တာအို မျိုးနွယ်လိုမျိုး သူတို့ရဲ့ သွေးမျိုးဆက်ကိုပဲ မှီခိုဖို့ပဲ သိတဲ့ လူမျိုးမဖြစ်အောင် ကာကွယ်ဖို့ တင်းတင်းကြပ်ကြပ် စည်းမျဉ်းတွေ ချမှတ်ခဲ့ရမယ်”

သွေးမျိုးဆက် အခမ်းအနားက သဘာဝလွန်အဆင့်အပြီးတွင် ကျင်းပရမည်။ ထိုသို့ဆိုလျှင် မျိုးဆက်က ခေတ္တမျှ ကျင့်ကြံထားပြီး အတွေ့အကြုံတချို့ရှိကာ သူတို့၏ တာအိုနှလုံးသားကိုလည်း လေ့ကျင့်ထားပြီး သူတို့လျှောက်လှမ်းချင်သည့် လမ်းစဉ်ကိုလည်း အရိပ်အမြွက် ရှိထားပြီဖြစ်သည့်အတွက် ထိုနည်းလမ်းမျိုးက သူတို့သွေးမျိုးဆက်အပေါ်ရှိ မှီခိုမှုကို သိသိသာသာ လျှော့ချနိုင်လိမ့်မည်။

ဝမ်ဝေ့က လက်မြှောက်လိုက်ပြီးသည့်နောက်တွင် နိုးထခြင်းအခမ်းအနားအတွက် သီးသန့်ဒိုင်မေးရှင်းတစ်ခုကို ဖန်တီးလိုက်၏။ သူက မတော်တဆ ဖြစ်ရပ်များကို ကာကွယ်ဖို့အတွက် အကာအရံများစွာ ထားရှိခဲ့ပြီး လှည့်ဖြားရေး တာအိုအစီအရင်ကို အသုံးပြုကာ အစစ်အမှန် ကောင်းကင်တာအို၏ မြင်ကွင်းမှ ဖုံးကွယ်ခဲ့သည်။

ထို့နောက် သူက ထိုဒိုင်မေးရှင်းတွင် တစ်စုံတစ်ခုဖြစ်ပျက်သွားပြီး ဂိုဏ်းက သွေးမျိုးဆက် နိုးထရေးနည်းလမ်းကို ပျောက်ဆုံးသွားခဲ့လျှင် ဆိုသည့် ဖြစ်ရပ်အတွက်ပါ လျှို့ဝှက်နောက်ခံအစီအစဉ်ကို ချန်ထားခဲ့သည်။ သူက ထိုနည်းလမ်းဖြင့် ဂိုဏ်းကို ရင်ဆိုင်ဖို့ အသုံးပြုနိုင်ပြီး သူတို့အား သွေးမျိုးဆက် နိုးထရာမှ တားဆီးလိုက်လျှင် သိသိသာသာ အားနည်းသွားစေလိမ့်မည်ကို ကြိုမြင်နေမိသည်။ ထို့ကြောင့် သူက ဖြစ်နိုင်ချေအတွက် ကြိုတင်ပြင်ဆင်ထားလို၏။

ဝမ်ဝေ့က သူတို့၏ သွေးမျိုးဆက်ကို အဆင့်မြှင့်တင်လိုသည့် ဂိုဏ်းသားများအတွက် သွေးမျိုးဆက် သန့်စင်ရေး စမ်းသပ်ချက်အတွက် ဒုတိယဒိုင်မေးရှင်းတစ်ခုကို ဖန်တီးခဲ့သည်။ ထိုစမ်းသပ်ချက်က မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုးကို ကျင့်ကြံထားသည့် ဂိုဏ်းအမှုထမ်းဘက်မှ လူများ အသုံးပြုနိုင်ပြီး မျိုးဆက်များဆီ ချန်ထားခဲ့နိုင်သည်။

သူ့အလုပ်က မပြီးဆုံးသေးပေ။ ဝမ်ဝေ့က သွေးမျိုးဆက် အရင်းအမြစ်ထဲ သူ့စွမ်းအားတချို့ကို ချန်ကာ နောင်အနာဂတ်ဧကရာဇ်များက သူတို့ကိုယ်သူတို့ အသက်ပြန်သွင်းဖို့အတွက် အမှတ်အသားချန်ခဲ့ခြင်းမှ တားဆီးဖို့ လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးတွင် သူက တစ်နေရာကို လှမ်းကြည့်ကာ အတွေးနက်နေမိ၏။

မေတ္တယျရဲ့ ကာကွယ်မှုနဲ့ဆိုရင်တောင် ဒိုင်မေးရှင်းအမြင့်က ဝမ်မျိုးနွယ်အတွက်တော့ လက်ရှိအခြေအနေမှာ အပြောင်းအလဲကြီး ဖြစ်စေတာက အကြံဉာဏ်ကောင်းတစ်ခုတော့ မဟုတ်ဘူး …

သူက ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအမြင့်ရှိ မျိုးနွယ်ဝင်များထံ ဖြစ်ပျက်လာမည့် အပြောင်းအလဲများကို ပိတ်ဆို့ထားခဲ့သည်။ သူ တက်လှမ်းပြီး သင့်တော်မည့်အချိန်ကို ရွေးချယ်ထားပြီးသည့်နောက်မှာ သွေးမျိုးဆက် ပြောင်းလဲမှုကို တွေ့ကြုံခံစားခွင့်ပြုလိမ့်မည်။

ဝမ်ဝေ့က သူ့စိတ်ဝိညာဉ် ပန်းပွင့်စွမ်းရည်တစ်ခု ဖြစ်သည့် ဝိညာဉ်ကွန်ယက်တစ်ခုကို စစ်ဆေးကြည့်လိုက်၏။ သူ့ရည်မှန်းချက်တစ်ခုက ကွန်ယက်ကို အသုံးပြုလျက် ဒိုင်မေးရှင်းအမြင့်နှင့် ဆက်သွယ်ဖို့ ဖြစ်သည်။ နှမြောစရာကောင်းလှသည်က သူ့ကို ပိတ်ဆို့ထားသည့် အတားအဆီးတစ်ခု ရှိနေသည်။

ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို တည်ငြိမ်အောင် လုပ်ပြီးသည့်နောက်တွင် ထိုအတားအဆီးက သိသိသာသာ လျော့ကျသွားကြောင်း ခံစားမိလိုက်၏။ ထို့နောက် သူက သွေးမျိုးဆက်ကို ပြောင်းလဲပြီး ဒိုင်မေးရှင်းအမြင့်နှင့် ဆက်သွယ်ဖို့ ကြိုးစားပြီးသည့်အခါ ဝမ်မျိုးနွယ်၏ အတားအဆီးက ဝေဝါးလာပြီး ကျော်ဖြတ်ဖို့ရာအတွက် အနည်းငယ် တွန်းအားမျှသာ လိုအပ်တော့သည်။

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

“ငါက ငါ့ကွန်ယက်ကနေ ဒိုင်မေးရှင်းအမြင့်ကို ဆက်သွယ်နိုင်တယ်ဆိုရင်တောင် အန္တိမသဟဇာတဆီကနေ ဖုံးကွယ်ထားဖို့ လိုအပ်တယ်။ အဆုံးသတ်မှာ မေတ္တယျ ဒါမှမဟုတ် သူ့လိုမျိုး အဆင့်ကနေ ကာကွယ်ပေးမှုကို လိုအပ်နေသေးတယ်။”

သူက ခေါင်းအသာယမ်းကာ သီးသန့်ကျင့်ကြံလိုက်သည်။ သူက မိစ္ဆာကျင့်ကြံသူများ စုဆောင်းပေးထားသည့် ကုသိုလ်အားလုံးကို အသုံးပြုလိုက်သည်။

သူက သီးသန့်ကျင့်ကြံနေစဉ်အတွင်း လူအများက ဝမ်မျိုးနွယ်၏ မူမမှန်မှုကို သတိထားမိသွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်လာကြ၏။ တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့၏ သူလျှိုများနှင့် အာရုံခံနိုင်သည့် နည်းလမ်းအားလုံးကို ဖယ်ရှားခဲ့သည့်အတွက် ဘာဖြစ်နေမှန်း မသိရပေ။

………………………

ရှေးဟောင်းမျိုးနွယ်

“ဘာတွေဖြစ်နေတာလဲ” ဟို့ဖုန်းဟွမ်က ကျန့်ရှားဆီ ရှုံးနိမ့်ပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေခဲ့သည်။

“ဝမ်မျိုးနွယ်ဝင်တွေက သူတို့သွေးထဲကနေ ခံစားချက်တစ်ခု ရလိုက်ကြတယ်တဲ့။ ဒါပေမဲ့ ငါတို့တွေ ဘာမှ အာရုံမခံမိဘူး” အကြီးအကဲတစ်ဦးက ပြောလိုက်၏။

“အဲဒါကြောင့် နောက်ဆုံး သုံးသပ်ချက်အနေနဲ့က တခြားအဖွဲ့ခွဲရဲ့ သွေးမျိုးဆက်က ပြောင်းလဲသွားတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ငါတို့တွေက အကြောင်းအရင်းကို ရှာမတွေ့သေးဘူး”

သူတို့၏ သူလျှိုများ အားလုံးကို တာအိုအခွင့်အလမ်းဂိုဏ်းက ရှင်းထားပြီးပြီဖြစ်ကာ ဂမ္ဘီရနှင့် တွက်ချက်မှုကဲ့သို့ နည်းလမ်းများကလည်း ဤမျိုးဆက်အတွင်း အသုံးမဝင်တော့ပေ။ ပြောရလျှင် ကောင်းကင်ဧကရာဇ်၏ တာအိုအရ အံ့ဩစရာတော့ မရှိပေ။

“ငါတို့ရဲ့ ချီကံကောင်းမှုတချို့ကို စတေးပြီးတော့ အမှန်တရားကို ရှာဖွေချင်လား”

“အဲဒါက ထိုက်တန်လို့လား”

“ပုံမှန်ဆိုရင်တော့ မထိုက်တန်ဘူး။ ဒါပေမဲ့ မျိုးနွယ်ရဲ့ သွေးမျိုးဆက်မှာ အပြောင်းအလဲရှိလာတယ်ဆိုရင်တော့ ငါတို့ လျစ်လျူရှုထားလို့ ရတဲ့အရာ မဟုတ်ဘူး”

အားလုံးက တိတ်ဆိတ်သွားကာ ထိုအကြံပြုချက်ကို သဘောတူကြောင်း ပြသလိုက်ကြသည်။ အဆုံးသတ်တွင် သူတို့က အဖြေအတွက် ဟို့ဖုန်းဟွမ်ကို ကြည့်လိုက်ကြ၏။

“ကျွန်မတို့ ဒီလိုလုပ်မယ်ဆိုရင် ကောင်းကင်ဧကရာဇ်က ကျွန်မတို့က သူ့ကိစ္စတွေကို ဝင်စွက်ဖက်နေတယ်ဆိုတာကို သိသွားလိမ့်မယ်” ဟို့ဖုန်းဟွမ်က ပြောလိုက်၍ အားလုံးက မျက်မှောင်ကြုတ်လိုက်ကြသည်။

“အဲဒါဆို ငါတို့ ဘာလုပ်သင့်လဲ”

“ရွေးချယ်စရာနှစ်ခု ရှိတယ်” သူမက ပြန်ဖြေလိုက်သည်။

“ပထမတစ်ခုက စောင့်ဆိုင်းဖို့။ ဒီလိုလျှို့ဝှက်ချက်မျိုးက ထာဝရဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အနှေးနဲ့အမြန် သတင်းက ထွက်လာလိမ့်မယ်”

ဟုတ်ပေသည်။ သွေးမျိုးဆက်ထဲ အပြောင်းအလဲ ကြီးကြီးမားမားကို ထာဝရ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

“ဒါပေမဲ့ အမှန်ကို သိဖို့ ကြာလွန်းတယ်” တစ်ယောက်က ပြောလိုက်သည်။

“ဒုတိယရွေးချယ်မှုက မပြီးပြတ်တဲ့ အခြေအနေမှာရှိနေတဲ့ ကျွန်မတို့ဘိုးဘေးကို ဆက်သွယ်ဖို့ပဲ။ သူတို့က သတင်းကို စိတ်ဝင်စားနိုင်တယ်။”

လှည့်ဖျားရေး စစ်ဆေးမှုအတွင်း ဟို့ဖုန်းဟွမ်က ဝမ်ဝေ့နှင့် ဒိုင်မေးရှင်းအမြင့်ရှိ ကောင်းကင်ရွေးချယ်ခံများ၏ တုံ့ပြန်မှုကို သုံးသပ်ခဲ့ပြီး သူတို့၏ ဘိုးဘေးများသည် ဆိုးဆိုးရွားရွား ဖြစ်ရပ်တစ်ခုအတွင်း သေဆုံးသွားခဲ့ကာ သေခြင်းနှင့် ရှင်ခြင်း၊ တည်ရှိမှုနှင့် မတည်ရှိမှုကြား ကျရောက်နေကြောင်း သိထားသည်။

“ငါတို့တွေ အရင်ကလည်း ကြိုးစားဖူးတာပဲ။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူးလေ”

ကမ္ဘာကြီးက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပြီး ရှေးဟောင်းမျိုးနွယ်များက သူတို့ဘိုးဘေး၏ အကူအညီနှင့် ဉာဏ်ပညာကို လိုချင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က ရံဖန်ရံခါ ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြ၏။ သို့သော် သူတို့၏ ကြိုးစားမှုအားလုံးက ကျရှုံးခဲ့ရသည်။

“လက်ရှိ ဖြစ်ရပ်နဲ့ဆိုရင် ဒီတစ်ကြိမ် အောင်မြင်နိုင်ချေများတယ်” ဟို့ဖုန်းဟွမ်က ဤတစ်ကြိမ်တွင် သူတို့အောင်မြင်လိမ့်မည် ဖြစ်ကြောင်း အလိုလိုသိစိတ် ရှိနေ၏။ အဆုံးသတ်တွင် အားလုံးက သဘောတူကာ အလယ်တွင် ယဇ်စင်မြင့် တစ်ခုရှိနေသည့် လျှို့ဝှက်ဒိုင်မေးရှင်းတစ်ခုအတွင်း ဝင်ရောက်သွားကြသည်။

လူသားများက မျိုးနွယ်စုများအဖြစ် နေထိုင်ခဲ့ကြစဉ် ရှေးဟောင်းခေတ်ကာလကတည်းက ဘိုးဘေးပိုင် ယဇ်စင်မြင့်က သူတို့အတွက် အလွန်အရေးကြီးခဲ့ပြီး မျိုးနွယ်စုတစ်ခုချင်းစီတွင် တစ်ခုစီ ရှိထားကြသည်။ မျိုးနွယ်ဝင်များ သေဆုံးသွားပြီးသည့်နောက်တွင် မျိုးနွယ်၏ ယဇ်စင်မြင့်တွင် အမြတ်တနိုး ထားခံရသည်က ဂုဏ်ယူမှုတစ်ခုဖြစ်ပြီး သူတို့မျိုးနွယ်ကို ကာကွယ်ပေးမည့် မြင့်မြတ်စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားကြလိမ့်မည်။

ခေတ်သစ်ကာလတွင် ရှေးဟောင်းမျိုးနွယ်က ချီကံကောင်းမှုကို စုစည်းဖို့ နည်းလမ်းတစ်ခုအနေဖြင့် မျိုးနွယ်စုအသီးသီးမှ ယဇ်စင်မြင့်အားလုံးကို ပေါင်းစည်းခဲ့ကြသည်။ ထို့ကြောင့် ထိုယဇ်စင်မြင့်သည် သူတို့၏ ဘိုးဘေးကို ဆက်သွယ်ဖို့ နည်းလမ်းဖြစ်ရုံသာမက ဤခေတ်ကာလတွင် သူတို့အား ကာကွယ်ပေးထားသည့် အားအကောင်းဆုံး လက်နက်တစ်ခုလည်း ဖြစ်ပေသည်။

ဟို့ဖုန်းဟွမ်နှင့် တခြားသူများက ယဇ်စင်မြင့်ကို ချက်ချင်း အသက်မသွင်းကြသေးဘဲ ၅နာရီကျော်ကြာ ကြာမြင့်သည့် လေးစားသမှု အခမ်းအနားကို ကျင်းပခဲ့ကြသည်။ ထိုဖြစ်စဉ်တစ်လျှောက်လုံးအတွင်း မည်သူကမှ အလျင်လိုနေခြင်း မရှိသလို စိတ်မရှည်သည့် အရိပ်အယောင်လည်း မပြသခဲ့ကြပေ။ သူတို့က အခမ်းအနားကို အသက်သွင်းဖို့ အချိန်တိုင်း ထိုအလေ့အကျင့်ကို လုပ်လေ့ရှိကြ၏။

ပုံမှန်အားဖြင့် သူတို့ ပြီးဆုံးသွားသည့်အခါ ဘာမှဖြစ်ပျက်မလာပေ။ သို့သော် ဤတစ်ကြိမ်တွင် ကိစ္စများက ကွဲပြားသွား၏။ တောက်ပနေသည့် ရွှေရောင်အလင်းတစ်ခု ပေါ်ထွက်လာကာ တစ္ဆေကဲ့သို့ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း အားလုံးက ပေါ်ထွက်လာသည့်သူအားလုံးကို မြင်တွေ့ပြီးသည့်နောက်တွင် အမူအရာများ ပြောင်းလဲသွားကြ၏။

All Chapters