ဘိုးဘေး၏ သတိပေးမှု
Vol. 67 Ch. 929
စင်မြင့်အလယ်တွင် မီးခိုးရောင်ဆံပင်နှင့် အသက်ကြီးကြီး အမျိုးသားတစ်ဦး ပေါ်ထွက်လာခဲ့သည်။ သူက ထွားကြိုင်းပြီး အနက်ရောင် လျော့တိလျော့ရဲ ဝတ်ရုံကို ဝတ်ဆင်ထားရင်း ကြွက်သားများကို ထုတ်ပြနေလေသည်။ သူ့ခန္ဓာကိုယ်မှ ဉာဏ်ပညာ သို့မဟုတ် အသက်ရှည်မှုကို ပြသဖို့အတွက် မသေမျိုးနှင့် တူသည့် လေထုမျိုး ထုတ်လွှတ်နေခြင်း မရှိပေ။ ပြောရလျှင် သူ့ခန္ဓာကိုယ်မှ နတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာနှင့် ဗုဒ္ဓများ၏ သွေးမျိုးဆက်ဖြင့် လွှမ်းခြုံထားသည့် ရှေးဟောင်းသက်ရှိ တစ်ပါးလိုမျိုး ကမ္ဘာဦးဆန်သည့် အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသည်။
အခန်းအတွင်းရှိ ရှေးဟောင်းမျိုးနွယ်ဝင်တိုင်းက ထိုသူကို ချက်ချင်းသိလိုက်ကြသည်။ ထိုသူက ကမ္ဘာနှင့် သူတို့မျိုးနွယ်၏ တာအိုဖခင် ဖြစ်သော ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ် ဖြစ်ပေသည်။
ထိုစွမ်းအားကြီးဧကရာဇ်က ဘေးပတ်လည်ကို ကြည့်ရင်း ခေတ္တမျှ စိတ်ရှုပ်ထွေးသွားဟန်ပေါ်သည်။
“အဲဒါဆိုတော့ အလုပ်ဖြစ်သွားတာလား”
သူက ဒိုင်မေးရှင်းအနိမ့်ဆီ ရောက်ရှိဖို့ ကြိုးစားမှုသည် အောင်မြင်သွားကြောင်း သိလိုက်သည်။ စောစောလေးတုန်းက သူသည် သေခြင်းနှင့် ရှင်ခြင်းကြားတွင် ရှိနေစဉ် ဒိုင်မေးရှင်းအနိမ့်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်ကို အာရုံခံမိခဲ့၏။ ထို့ကြောင့် သူက ဤနေရာကို ရောက်ဖို့အတွက် အားစိုက်ထုတ်မှုမြောက်များစွာ အသုံးပြုခဲ့ရသည်။
ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က ဘေးပတ်လည်ကို ကြည့်ပြီး ရှေးဟောင်းမျိုးနွယ်ဝင်များ၏ ငေးမောနေသည့် အမူအရာကို ကြည့်လိုက်သည်။ သူ့စွမ်းအားဖြင့် ထိုလူများ ဖုံးကွယ်ဖို့ ကြိုးစားနေသည့် အပြစ်ရှိစိတ်နှင့် အကြောက်တရားကို အာရုံခံစားလိုက်မိ၏။ သူက အကြောင်းအရင်းကို သိသော်လည်း အာရုံမစိုက်ပေ။
ချီယွမ်ကဲ့သို့ သူ့ဘက်မှ ဝမ်မျိုးနွယ်၏ အဖွဲ့ခွဲက မြင့်တက်လာသည့် ပါရမီရှင်များနှင့် စွမ်းဆောင်ရည်ရှိသည့်သူများကို ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိသည်။ သူ့အဖွဲ့ခွဲမှ လူများက ဒိုင်မေးရှင်းအနိမ့်တွင် ရာထူး၊ အာဏာနှင့် စွမ်းအားကို မထိန်းသိမ်းနိုင်သည့်အတွက် သူတို့၏ ချို့ယွင်းမှုကို ပြသနေလေသည်။
သူ့အဆင့်ရှိ လူများအတွက် ဒိုင်မေးရှင်းအနိမ့်က သူတို့ထံ စွမ်းရည်အနည်းငယ်သာ ပေးအပ်နိုင်လေသည်။ သို့သော်လည်း သူတို့၏ မွေးဖွားရာဇစ်မြစ်အနေဖြင့် စံပြအများစုက သူတို့၏ မွေးရပ်မြေအတွက် ထူးကဲသည့် အနေအထားတစ်ခု ရှိကြသည်။ ထို့ကြောင့် သူတို့သာ ဖျက်ဆီးမခံရသရွေ့ ဒိုင်မေးရှင်းအမြင့်ရှိလူများက သူတို့နောက်တွင် ချန်ထားခဲ့သည့် အင်အားစု၏ စည်ပင်ကြွယ်ဝမှုကို ဂရုမစိုက်ကြပေ။
ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က မေးလိုက်၏။
“မင်းတို့တွေက ငါ့ကို ဘာလို့ ဆင့်ခေါ်လိုက်တာလဲ”
မည်သူကမှ ပြန်မဖြေခင် ဟို့ဖုန်းဟွမ်က ရှေ့တစ်လှမ်း တိုးလာကာ ဦးညွှတ်လိုက်ပြီး “ဘိုးဘေးကို ဂါရဝပြုပါတယ်”
“ဒိုင်မေးရှင်းအနိမ့်မှာ ယွမ်ထီတဲ့လား။ ရှားလိုက်တာ” ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က မှတ်ချက်ပေးလိုက်သည်။
“ဒါပေမဲ့ မင်းလို ပါရမီအတွက် ယွမ်ထီတစ်ယောက်ဖြစ်လာဖို့က နှမြောစရာပဲ”
ဟို့ဖုန်းဟွမ်က မလုံမလဲပြုံးပြီးသည့်နောက်တွင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှ ကောင်းကင်ခုံရုံးကိစ္စနှင့် ဝမ်မျိုးနွယ် သွေးမျိုးဆက်၏ လက်ရှိအပြောင်းအလဲများအထိ ရှင်းပြလိုက်သည်။
“ချီယွမ်ဘက်က ဒီလိုပါရမီရှင်တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့တာလား” ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က သူ သေချာစွာ ဖြီးသင်ထားသည့် မုတ်ဆိတ်ကို သပ်ရင်း ရေရွတ်လိုက်သည်။ သူက သူ့စိတ်ထဲ အမှန်တရားများစွာ ပေါ်ထွက်လာသည့်အတွက် အကြည့်များ တောက်ပလာသည်။
“သေမျိုးဧကရာဇ်၊ ဒဿမသာလွန်အုတ်မြစ်နဲ့ အတိုင်းအတာမဲ့ ဧကရာဇ်တဲ့လား။ ဒီကောင်လေးက ကြောက်ဖို့ကောင်းသားပဲ။ မဟုတ်သေးဘူး။ ပြောရရင် ဒီမျိုးဆက်တစ်ခုလုံးက ထူးကဲတယ်”
သူက အဝေးတစ်နေရာကို လှမ်းကြည့်ကာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။
“ဟမ် သူက ဝမ်မျိုးနွယ်ရဲ့ လူသားသွေးမျိုးဆက်ကို မကောင်းဆိုးဝါးနတ်ဘုရားအဆင့်အထိ တိုးမြှင့်ခဲ့တာလား” ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က အံ့အားသင့်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ဟုတ်တယ် ဟုတ်တယ်။ ဒါက ငါ လိုက်ရှာနေတဲ့ အဖြေပဲ”
ကောင်းကင်ဖွင့်လှစ်ခြင်း၏ အသံက ကျယ်သည့်အတွက် ဘိုးဘေးခန်းမတစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။ ထူးဆန်းသည်က အသံက ထိုအခန်းအပြင်ဘက်သို့ ထွက်ပေါ်လာခြင်း မရှိပေ။
လုံလောက်သည့် အဆင့်ရှိသည့်သူများကမူ သူ ထူးကဲနေသည်မှာ သူ၏ ရုပ်ခန္ဓာဆင့်ကဲပြောင်းလဲမှုကြောင့်ဖြစ်မှန်း သိထားကြသည်။ သူက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်၏ အဆုံးသတ်သို့ ရောက်ကာ အသားဂိတ်ပေါက်ကို ဖွင့်လှစ်ရင်း ခွန်အား မဟာတာအိုအရင်းအမြစ်ကို ကျင့်ကြံနိုင်သည့် မိုးမြေကြားတွင် တစ်ဦးတည်းသောသူ ဖြစ်၏။
လူများစွာက ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်ကို အကြွင်းမဲ့ခန္ဓာကိုယ်လေ့ကျင့်သူအဖြစ် ရည်ညွှန်းကြပြီး သူသည် ကန့်သတ်ချက်ထိရောက်အောင် ကျင့်ကြံနိုင်သည့် မကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ရှိနေကြောင်း သိကြသည်။
သို့သော်လည်း ထိုသွေးမျိုးဆက်က ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်အတွက် အဓိကပြဿနာတစ်ခု ဖြစ်လာခဲ့၏။ စံပြတစ်ယောက် ဖြစ်လာပြီးသည့်နောက်တွင် သူက ထိုသွေးမျိုးဆက်နှင့် ပေါင်းစည်းဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး ကမ္ဘာဦးစမ်းသပ်ချက်အတွင်း သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။
မိုးမြေ၏ စည်းမျဉ်းများအရ မဟာတာအိုနှင့် ကမ္ဘာဦးလမ်းစဉ်တို့သည် ကွဲပြားခြားနား၏။ ထို့ကြောင့် မကောင်းဆိုးဝါးနတ်ဘုရားများအတွက် တာအိုကို သက်သေပြပြီး စံပြဖြစ်လာဖို့အတွက် အိပ်မက်ဆိုးမျှသာ ဖြစ်ကာ စံပြများအတွက်လည်း မကောင်းဆိုးဝါးနတ်ဘုရားသွေးမျိုးဆက်ကို ရယူပြီး အထွတ်အထိပ်သို့ တက်လှမ်းဖို့ရာအတွက် အတူတူသာ ဖြစ်၏။
ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က သူသည် ထိပ်သီးစံပြအဆင့်သို့ ရောက်ရှိပြီးသည့်နောက်ွင် သူ့ခန္ဓာကိုယ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားခဲ့မိသည်။ သူက ဘယ်အရာကြောင့် မှားယွင်းသွားလဲ မသိသောကြောင့် တခြားသူများနှင့် ဆွေးနွေးခဲ့စဉ် ထိုသူများက ဘာမှမမှားယွင်းကြောင်း အတည်ပြုပေးခဲ့ကြသည်။
နောက်ဆုံးတွင် သူက ခွန်အားမဟာတာအို အရင်းအမြစ်နေရာ၏ ပိုင်ရှင်ဖြစ်သူ သူ့အကြီးမားဆုံး ပြိုင်ဘက်နှင့်ပင် ဆွေးနွေးခဲ့ဖူး၏။ ထိုနှစ်ဦးသားက ထိုရာထူးအတွက် တိုက်ပွဲထောင်ချီ တိုက်ခိုက်ခဲ့ကြသည်။ အစောပိုင်းအဆင့်များတွင် ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က အားလုံးကို ရှုံးနိမ့်ခဲ့သော်လည်း နောက်ပိုင်းတွင် သူတို့က သရေကျလာကာ တစ်ယောက်နှင့်တစ်ယောက် သူတို့၏ ရာထူးကို ထိန်းသိမ်းဖို့ ခွင့်ပြုခဲ့ကြသည်။
သို့သော် သူ့မိတ်ဆွေများနှင့် ဆွေးနွေးပြီးသည့်နောက်တွင်ပင် အဖြေကို ရှာမတွေ့ခဲ့ပေ။ လူတချို့က ထိုပြဿနာသည် သူ့သွေးမျိုးဆက် ဖြစ်နိုင်ကြောင်း အကြံပြုခဲ့ကြသော်လည်း အဖြေက ကျယ်ပြန့်လွန်းလှသည့်အတွက် ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က သွေးမျိုးဆက်ကို အကြိမ်ရေ အနည်းငယ်ပြောင်းလဲခဲ့ပြီး အထွတ်အထိပ်ထိရောက်အောင် ပြန်လည်ကျင့်ကြံခဲ့သည်။
သို့သော် ထိုခံစားချက်က ပျောက်ကွယ်မသွားခဲ့ပေ။ ထိုပြဿနာက သူသည် အဖြေကို ရှာတွေ့ရန် မျှော်လင့်ချက်ဖြင့် အကြွင်းမဲ့တားမြစ်ချက်အတွင်း ဝင်ရောက်ဆင်နွှဲခဲ့ရသည့် အကြောင်းအရင်းထဲမှတစ်ခု ဖြစ်ပေသည်။ ယနေ့နောက်ဆုံးတွင် သူက သူ့ပြဿနာ၏ အဖြေကို သိလိုက်ရ၏။
ငါက ဘယ်လောက်ပဲ ကြိုးစားပြီးတော့ မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ကျင့်ကြံကျင့်ကြံ ဒါက ပြင်ပအရာဖြစ်နေတုန်းပဲ…
ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က သူ့သွေးမျိုးဆက်၏ ၉၉.၉၉ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်သည်ဟု အသေအချာပြောနိုင်လေသည်။ သို့သော်လည်း လိုအပ်နေသည့် ၀.၀၁ ရာခိုင်နှုန်းက တကယ့်ပြဿနာ ဖြစ်နေ၏။ ထိုပြဿနာအသေးလေးက တခြားသူများအတွက် အရေးမကြီးနိုင်သော်လည်း သူ့အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် ထိုဟာကွက် အသေးလေးက အဆုံးအဖြတ် ဖြစ်လာနိုင်သည်။
ငါလုပ်ရမဲ့ လမ်းစဉ်က လူသားသွေးမျိုးဆက်ကို မကောင်းဆိုးဝါးနတ်ဘုရားတွေနဲ့ ယှဉ်နိုင်အောင် ဖန်တီးရမှာ။ အဲဒီနည်းလမ်းကပဲ ငါက ခန္ဓာကိုယ်လေ့ကျင့်ရေးရဲ့ အထွတ်အထိပ်ကို ရောက်ရှိနိုင်ပြီးတော့ ထူးကဲသာလွန်မှုကို ရဖို့ အကြီးမားဆုံးအုတ်မြစ်ကို တည်ထောင်နိုင်မှာ…
ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က သူ့စိတ်သည် ကြည်လင်သွားကာ ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ပေါ့သွားသလို ခံစားလိုက်ရသည်။ သူ အသက်ပြန်ရှင်လာပြီးသည့်နောက်တွင် ရှေ့ဆက်ရမည့် လမ်းစဉ်ကို သိလိုက်၏။
သူက ဝမ်ဝေ့၏ မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုး ကျင့်စဉ်ကို မလိုအပ်ပေ။ အကြောင်းမှာ လူတချို့ကသာ သူ့ထက် သွေးမျိုးဆက်အကြောင်း နားလည်ထားကြသည်။ ထို့ကြောင့် ဝမ်ဝေ့၏ နည်းစနစ်ကို ဖန်တီးဖို့ရာအတွက် ပြဿနာ မဟုတ်ပေ။ ထို့အပြင် သူသာ အလိုရှိပါက တာအိုအုပ်စိုးသူ ချင်းဝူ၏ နည်းစနစ်ကို ရှာဖွေဖို့ အချိန်မြစ်ကြောင်းအတွင်း သွားလာနိုင်ပြီး သင်ယူနိုင်သည်။
ယခု သူ ပြင်ဆင်ဖို့ လိုအပ်နေသည့် တစ်ခုတည်းသော ပြဿနာက သွေးမျိုးဆက်ကို ပြောင်းလဲခြင်းအတွက် ကမ္ဘာဦးစမ်းသပ်ချက်သာ ဖြစ်၏။ ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က ထိုအရာသည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိထားသည်။
“အဲဒီသူ့ဆီမှာ ငါ ကံကြွေးတစ်ခု တင်ရှိခဲ့တဲ့ပုံပဲ” ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က ဝမ်ဝေ့ကို လေ့လာရင်း ရေရွတ်လိုက်သည်။ သူက သူ့ဝန်းကျင်ရှိ ကြမ္မာအမြောက်အများကို မြင်လိုက်ရသည်။ ထိုအထဲမှတစ်ခုသည် ကပ်ပါး ၈ယောက်နှင့် ရင်ဆိုင်ပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ရွှေရောင်ခေတ်ကာလသို့ ပြန်လည်ပြောင်းလဲမည့် ကြမ္မာ ဖြစ်နေသည်။
ချီယွမ်က ထူးကဲသာလွန်မှု တစ်ပိုင်းခေတ်ကာလကို ယူဆောင်ဖို့ တာဝန်နဲ့ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးရဲ့ ကြမ္မာတွေကို စုစည်းခဲ့တယ်။ သူ့ရဲ့ ကြိုးပမ်းမှုက ကျရှုံးခဲ့သလို အောင်လည်း အောင်မြင်ခဲ့တယ်…
ချီယွမ်၏ ကြိုးစားမှုက ထူးကဲသာလွန်မှုတစ်ပိုင်း အဆင့် မြောက်များစွာကို ဖန်တီးခဲ့သော်လည်း မလုံလောက်ခဲ့ပေ။ ထို့အပြင် အကြွင်းမဲ့တားမြစ်ချက်ဆီမှ ရရှိလာသည့် နည်းလမ်းအများစုက လူအများစု လက်မခံနိုင်သည့် ပြစ်ချက်မျိုး ရှိနေသည်။
တခြားတစ်ယောက်က သူ စတင်တာကို အဆုံးသတ်ရမှာပဲ။ ဒီကောင်လေးက နောက်လူများ ဖြစ်နေမလား…
ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က အတွေးနက်နေမိသည်။
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ဟွင်သွမ်းကမ္ဘာတွေအားလုံးကြားမှာ ကြမ္မာအမြောက်အများကို စုစည်းထားတယ်။ အဲဒါဆိုတော့ နောက်ထပ် ရွေးချယ်ခံတစ်ယောက် ထွက်လာနိုင်ခြေက အမြင့်ဆုံးပဲ။ ဒါပေမဲ့ အပြည့်အဝတော့ အာမခံချက် မရှိဘူး။
တချို့လူအိုကြီးတွေက ဒီဟာဖြစ်လာဖို့ တားဆီးပြီးတော့ နောက်ကံကြမ္မာဖန်တဲ့သူက သူတို့ကမ္ဘာက ပေါ်ထွက်လာအောင် ဘာမဆိုလုပ်ကြလိမ့်မယ်…
အဲဒီလူအိုကြီးတွေက အလုပ်ကြိုးစားနေတယ်ဆိုတော့ ချီယွမ်အနေနဲ့ တိတ်တဆိတ် အကွက်ချထားဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ သူက နောက်ထပ်ရွေးချယ်ခံကို အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာနဲ့ ဝမ်မျိုးနွယ်မှာ ပေါ်ထွက်ခဲ့အောင် လှုပ်ရှားခဲ့တာလား ဒါမှမဟုတ်ဘူးဆိုရင် ဒါက တိုက်ဆိုင်မှုသက်သက်လား
ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က သေချာသည့် သုံးသပ်ချက် မရှိပေ။ သို့သော်လည်း သူက ဟွင်သွမ်းစကြဝဠာသည် နောက်ထပ် စည်ပင်ကြွယ်ဝမှုနှင့် ဖရိုဖရဲဖြစ်မှုခေတ်ကာလကို ကြုံတွေ့ရတော့မည် ဖြစ်ကြောင်း သိနေ၏။ ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လာသည်။
ငါတို့ဝမ်မျိုးနွယ်ကို ပေါင်းစည်းဖို့ လုပ်ဆောင်လိုက်ရမလား…
ထိုအကြောင်းကို တွေးပြီးသည့်နောက်တွင် သူက တိတ်တဆိတ်သာ သက်ပြင်းချလိုက်၏။ သူက ချီယွမ်နှင့် သဘောမတူညီချက်တွေ ရှိခဲ့ပြီး အကြိမ်ရေတချို့ တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော်လည်း သူတို့က ရန်သူများ မဟုတ်ဘဲ ရံဖန်ရံခါ အတူတကွ အလုပ်တွဲလုပ်ဖူး၏။
အကြိမ်ရေတချို့တွင် သူတို့က ဖြစ်နိုင်သည့် ပေါင်းစည်းမှုအတွက် ဆွေးနွေးခဲ့ကြသည်။ သို့သော်လည်း အနည်းဆုံးတော့ ယခုအတွက် ဖြစ်နိုင်ချေမရှိပေ။ ဝမ်မျိုးနွယ်၏ အဖွဲ့ခွဲတစ်ခုချင်းစီက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် အထွတ်အထိပ်သို့ ရောက်ရှိနေကြသော်လည်း အင်အားစုများ ကွဲပြားနေလေ၏။
သူတို့၏ အာဏာကြောင့် လူတချို့က ပေါင်းစည်းခြင်းကို မလိုလားကြပေ။ ထို့ကြောင့် သူတို့က ထိုအင်အားစုကြားမှ ပဋိပက္ခကို ပိုမိုတိုးပွားအောင် တိတ်တဆိတ် သွေးထိုးလှုံ့ဆော်နေကြ၏။ ချီယွမ်နှင့် ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က ထိုအခြေအနေကို ဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း သူတို့၏ နည်းလမ်းများက ရာနှုန်းပြည့် မအောင်မြင်ခဲ့ပေ။
အဆုံးသတ်တွင် နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် မျိုးနွယ်နှစ်ခုက ရန်ငြိုး၊ ပဋိပက္ခနှင့် အမုန်းတရားများစွာ ရှိနေခဲ့သည်။ သူတို့က မဟာမိတ်ဖြစ်သည့်အခါ သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားနိုင်ကြသော်လည်း သူတို့ကို မိသားစုကြီးတစ်ခုအဖြစ် ပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်လာသည့်အခါ အခက်အခဲက နောက်ထပ် အနေအထားတစ်ခု ဖြစ်၏။
မျှခြေညီစက်ယန္တရားကြောင့် ဒိုင်မေးရှင်းအနိမ့်မှ မျိုးနွယ်စုတွေ ပေါင်းစည်းဖို့ ဆိုတာက မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မဟာမိတ်တော့ ဖြစ်လို့ရတယ်။ ဒီဟာကို ထည့်ပြီး စဉ်းစားကြည့်ကြတာပေါ့…
ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဝမ်မျိုးနွယ်၏ သွေးမျိုးဆက်ထဲရှိ လျှို့ဝှက်အမှတ်အသား အားလုံးကို ဖယ်ရှားပစ်ခဲ့ပြီး ထိုအခြေအနေ ဖြစ်လာခြင်းမှလည်း ကာကွယ်ပေးခဲ့သည်။ ထို့နောက် သူက သူ့ကိုယ်ပိုင်ကံကောင်းမှုကို အသုံးပြုကာ မျိုးနွယ်ကို ကောင်းချီးပေးခဲ့ပြီး အနည်းဆုံး သူတို့ကိုယ်သူတို့ သက်သေပြဖို့ နောက်ဆုံး အခွင့်အရေးတစ်ခု ပေးခဲ့သည်။
နောက်ဆုံးတွင် သူက ရှေးဟောင်းမျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။
“မင်းတို့ကို အကြံတချို့ ပေးလိုက်မယ်။ မင်းတို့တွေ နားထောင်တာ၊ နားမထောင်တာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်”
“ဒီမသိတတ်တဲ့ မျိုးဆက်တွေက ဘိုးဘေးရဲ့ စကားကို ဘယ်လိုလုပ် နားမထောင်ဘဲ နေရဲပါ့မလဲ” ထိုလူများက ချက်ချင်းဆိုသလို ဦးညွှတ်ကာ ပြောလိုက်ကြသည်။ သို့သော်လည်း ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က ထိုစကားများသည် အလေးအနက် ဟုတ်လား၊ မဟုတ်လား ဂရုမစိုက်ပေ။
“ကောင်းကင်ဧကရာဇ်ရဲ့ စွမ်းအားက ဧကရာဇ်နယ်ပယ်မှာ အထွတ်အထိပ်ကို ရောက်နေပြီ။ ဆိုလိုတာက သူက ကောင်းကင်ဘုံအဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”
ရှေးဟောင်းမျိုးနွယ်ဝင်များ၏ မျက်နှာထားက ချက်ချင်းဆိုသလို ပြောင်းလဲသွားကြ၏။ သူတို့က ကောင်းကင်ဧကရာဇ်သည် အလွန်အားကောင်းမှန်း သိထားကြသော်လည်း ထိုအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ပြောရလျှင် သူ တာအိုကို သက်သေပြပြီးသည်မှာ နှစ်နှစ်ထောင်မျှပင် မရှိသေးပေ။
“ကောင်းကင်ဧကရာဇ် ခေတ်ကာလက သူ့အတွက် အရမ်းကို အရေးကြီးတယ်။ အဲဒါကြောင့် မင်းတို့တွေ ဘာကိုပဲ ကြံစည်ကြံစည်နေ သူ့ရဲ့ အမွေအနှစ်အပေါ် သက်ရောက်မှု မရှိအောင် လုပ်ကြ။ မဟုတ်ရင် သူ့အနေနဲ့ ပေးဆပ်ရမဲ့ တန်ကြေးက ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့တွေကို သုတ်သင်ပစ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”
ဟို့ဖုန်းဟွမ်နှင့် အကြီးအကဲများ၏ စိတ်ထဲ လေးလံသွားကြသည်။ သူတို့၏ အကြီးမားဆုံးမှီခိုမှုက မည်သည့်အခြေအနေတွင် ဖြစ်စေကာမူ သူတို့က ချီကံကောင်းမှုကို မှီခိုကာ ပြန်လည်ရှင်သန်လာနိုင်သည်။ ယခုအခါ ထိုသို့ဖြစ်ဟန်မပေါ်ပေ။
“နောက်ဆုံးအနေနဲ့” ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က ဆက်ပြောလိုက်သည်။
“ကောင်းကင်ဧကရာဇ်က မတက်လှမ်းခင် ကုသိုလ်ရွှေခန္ဓာကို ဖွဲ့စည်းနိုင်ပြီးတော့ ဝိဇ္ဇာဂုဏ်ပုဒ်ကို ရရှိလိမ့်မယ်။ အဲဒီအခါကျရင် မျိုးနွယ်တွေကနေ ကံကောင်းမှု တန်ပြန်သက်ရောက်ခြင်းကလည်း သူ့အတွက် ဘာမှဖြစ်မှာ မဟုတ်ဘူး။ မင်းတို့ကို သတိပေးပြီးသွားပြီ”
ထိုစကားများကို ပြောပြီးသည့်နောက်တွင် သူက မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားလေ၏။