← Chapters

ရှေးဟောင်းမျိုးနွယ်၏ တုံ့ပြန်မှု

Vol. 67 Ch. 930

ရှေးဟောင်းမျိုးနွယ်၏ တုံ့ပြန်မှု

Vol. 67 Ch. 930

“ငါတို့ ဘာလုပ်သင့်လဲ” အကြီးအကဲတစ်ဦးက မေးလိုက်စဉ် ဟို့ဖုန်းဟွမ်က မည်သို့ပြန်ဖြေရမှန်း မသိတော့ပေ။ သွေးမျိုးဆက်က ရှေးဟောင်းမျိုးနွယ်အတွက် အလွန်အရေးကြီးသော်လည်း ဝမ်မျိုးနွယ်က အမြင့်မားဆုံး သွေးမျိုးဆက်ဖြစ်သည့် မကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ကို ရရှိထားကြောင်း ကြားလိုက်ရသည်။

သူတို့နှင့် ချီယွမ်၏ အဖွဲ့ခွဲကြားရှိ ဆက်ဆံရေးက နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် ပြေပျောက်သွားသည့်အတွက် သူတို့၏ အဓိက စိတ်ပူစရာတော့ မဟုတ်ပေ။ ရှေးဟောင်းမျိုးနွယ်အနေနှင့် သူတို့မျိုးနွယ်ရှိ ဝမ်မျိုးနွယ်သည် ဤပုံစံအတိုင်း လုပ်ကာ သူတို့မျိုးဆက် ဆင့်ကဲပြောင်းလဲသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်၏။

“သူတို့က သွေးမျိုးဆက်ကို ဘယ်လိုပြောင်းလဲခဲ့တာလဲ။ ငါတို့လိုက်ပြီး အတုခိုးနိုင်မဲ့ နည်းလမ်းများ ရှိမလား”

“ငါ့ကို မမေးနဲ့။ ငါက ဘယ်သူ့မေးရမှာလဲ”

သူတို့က သွေးမျိုးဆက်နှင့် ပတ်သက်လာသည့်အခါ နတ်ဆိုးမျိုးနွယ်ထက်ပင် ကျော်လွန်ပြီး ဗဟုသုတအကြွယ်ဝဆုံး အင်အားစု ဖြစ်ပေသည်။ သို့သော်လည်း သူတို့က လူသားသွေးမျိုးဆက်သည် မကောင်းဆိုးဝါး နတ်ဘုရားနှင့် ယှဉ်နိုင်လောက်သည့်အနေအထား ရောက်သွားသည်ဟု တစ်ခါမှ မကြားဖူးခဲ့ပေ။

“သူတို့ရဲ့ သွေးမျိုးဆက်ကို ခိုးရင်ရော ဘယ်လိုလဲ”

“ရူးနေလား။ ဘိုးဘေးရဲ့ စကားတွေကို မကြားလိုက်ဘူးလား။ ကောင်းကင်ဧကရာဇ်ရဲ့ စွမ်းအားနဲ့ဆိုရင် ဒီစကားတွေကို ဘယ်လိုပြောရဲတာလဲ”

“ငတုံး ငါက အတင်းအကြပ် အားသုံးတဲ့ဟာကို ပြောတာ မဟုတ်ဘူး။ လက်ထပ်ပွဲကနေ ပြောတာ”

“အင်း အဲဒါက သိပ်မဆိုးဘူးပဲ”

“ပိုပြီး ကောင်းတာက ငါတို့ခေါင်းဆောင်နဲ့ ကောင်းကင်ဧကရာဇ်ကြားက လက်ထပ်ပွဲဆိုရင်ရော”

“အကြံကောင်းပဲ။ ကောင်းကင်ဧကရာဇ်ရဲ့ တာအိုလက်တွဲဖော်က ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားခဲ့တာဆိုတော့ ငါတို့တွေ အခွင့်အရေး ရှိတယ်”

“အဲ့လိုတော့လည်း မဟုတ်သေးဘူး။ သူက ကျောင်းတော်ရဲ့ ဧကရာဇ်နဲ့ လျှို့ဝှက်ဆက်ဆံရေးတစ်ခုရှိတယ်လို့ ကောလဟာလတွေ ထွက်နေတယ်”

“ရှုရှစ်နဲ့လား”

“လေးလေးစားစားပြော”

“မင်း ပြောတာမှန်တယ်။ ငါ ပြောတာ အချိန်လေဟာနယ်ဧကရီကို ပြောတာ။ သူမက ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးဆိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါတို့ခေါင်းဆောင်နဲ့ မြင့်မြတ်တဲ့ နေရာမှာတော့ မယှဉ်နိုင်သေးဘူး”

“ခေါင်းဆောင် ဒီအစီအစဉ်ကို ဘယ်လိုထင်လဲ” အကြီးအကဲများက ဟို့ဖုန်းဟွမ်ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့က မည်မျှကျန်နေစေကာမူ နောက်ဆုံးသော ရွေးချယ်မှုက သူမ လက်ထဲတွင်သာ ရှိ၏။

ဟို့ဖုန်းဟွမ်က ထိုအတွေးကို ချက်ချင်း မငြင်းပယ်ဘဲ ဖြစ်နိုင်ခြေကို စဉ်းစားကြည့်လိုက်သည်။ ကဏ္ဍအားလုံးတွင် ကောင်းကင်ဧကရာဇ်က ပြီးပြည့်စုံသည့် အမျိုးသားတစ်ဦး ဖြစ်၏။ သူက ရုပ်ချောကာ အားကြီးပြီး ချမ်းသာကြွယ်ဝသည့်အပြင် အားကောင်းသည့် ရုပ်ခန္ဓာလည်း ပိုင်ဆိုင်ထားသည်။

သို့သော် အဆုံးသတ်တွင် သူမက ခေါင်းယမ်းလိုက်၏။

“သူ့ အကျင့်စရိုက်နဲ့ဆိုရင် ဒုတိယဇနီးကို ယူမှာတော့ မဟုတ်ဘူး”

သူမက ကောင်းကင်ဧကရာဇ်ကို နီးကပ်စွာ လေ့လာခဲ့ဖူးပြီး ရှုရှစ်နှင့် ဆက်ဆံရေးများကိုပင် သေချာလေ့လာခဲ့သည်။ သူက စိတ်ဓာတ်ခိုင်မာသည့် အမျိုးသားတစ်ဦးဖြစ်ပြီး သူ ရွေးချယ်ထားသည့် လက်တွဲဖော်ကို ပစ်ပယ်မည့်သူ မဟုတ်ပေ။

ဤသို့သော အနေအထားက သူသာလျှင် မဟုတ်ဘဲ ဝမ်မျိုးနွယ်အများစုသည်လည်း တူညီသည့် စရိုက်မျိုး ရှိကြသည်။ သူတို့က တစ်ဘဝလုံး တာအိုလက်တွဲဖော် တစ်ယောက်သာ ရွေးချယ်ကြပြီး သစ္စာရှိရှိ နေထိုင်ကြသည်။

ဤသို့သော မူမမှန်မှုက ဝမ်မျိုးနွယ်သည် အရမ်းအားကောင်းနေရသည့် အကြောင်းအရင်းဖြစ်မလားဟု လူများစွာက စဉ်းစားခဲ့ဖူး၏။ မျိုးဆက်တစ်ခုချင်းစီတွင် သူတို့က တာအိုလက်တွဲဖော် တစ်ယောက်နှင့် ကလေးတစ်ယောက်သာ ရှိတတ်ကြသည်။ တချို့သူများက ဝမ်မျိုးနွယ်၏ အမွေဆက်ခံသူသည် သွေးမျိုးဆက် တစ်ခုလုံး၊ ပါရမီနှင့် မျိုးနွယ်၏ ကံကောင်းမှုတို့ကို စုစည်းထားသည့်အတွက် မျိုးဆက်တစ်ခုလျှင် ကလေးတစ်ယောက်သာရှိသည့် အကြောင်းအရင်းဟု ယုံကြည်ကြသည်။

“အဲဒါဆိုရင် နောက်ထပ် ဘာဆက်လုပ်မှာလဲ”

သူတို့၏ ရှေးဟောင်းမျိုးနွယ်က မိစ္ဆာကပ်ဘေးကို စီစဉ်ပြီး ကမ္ဘာကို ကယ်တင်ကာ ကုသိုလ်နှင့် ကံကောင်းမှုများကို စုဆောင်းဖို့ ကြံစည်ထားခဲ့သည်မှာ နှစ်များစွာ ကြာမြင့်လှပြီ ဖြစ်၏။ ကံဆိုးစွာဖြင့် ကောင်းကင်ဧကရာဇ်၏ လှုပ်ရှားမှုတစ်ခုဖြင့် အနောက်ပိုင်းကုန်းမြေတွင် သူတို့ချန်ထားခဲ့သည့် နယ်ရုပ်အားလုံးက သုတ်သင်ခံလိုက်ရသည့်အတွက် အစီအစဉ် ပျက်သုဉ်းသွားခဲ့ရသည်။

ယခု သူတို့က ဝမ်မျိုးနွယ် နှစ်ခု၏ ဖြစ်နိုင်သည့် ပေါင်းစပ်မှုအကြောင်း စိုးရိမ်နေရပြီ ဖြစ်၏။

“အခြေအနေတွေက ပြောင်းသွားပြီဆိုတော့ ကျွန်မတို့တွေ နေသားကျအောင် လုပ်ဖို့ လိုတယ်” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“ကျွန်မတို့ရဲ့ အဓိကရည်ရွယ်ချက်က မျိုးနွယ်ကို ပြန်လည်အသက်သွင်းဖို့ပဲ။ ပထမခြေလှမ်းက ကျွန်မက ထာဝရဧကရာဇ် ဖြစ်လာရမယ်။ အဓိက လိုအပ်ချက်က ကုသိုလ်” ဟို့ဖုန်းဟွမ်က သုံးသပ်လိုက်သည်။

“ကောင်းကင်ဧကရာဇ်က ရည်မှန်းချက်ကြီးတဲ့သူ။ ကျွန်မ တွက်ချက်ထားသလောက် ခုံရုံးရဲ့ လွှမ်းမိုးမှုက မကြာခင် အခြားကမ္ဘာ့အသိုက်အဝန်းတွေအထိ ပျံ့နှံ့လာလိမ့်မယ်။ ကျွန်မတို့သာ ကျွန်မတို့ရဲ့ ကဏ္ဍကို ကောင်းကောင်းမွန်မွန် ကစားနိုင်ရင် ကုသိုလ် စုဆောင်းဖို့ဆိုတာက မဖြစ်နိုင်တာ မဟုတ်ဘူး”

“ငါတို့ရဲ့ အားစိုက်ထုတ်မှုတွေကို အလွယ်တကူ စွန့်ပစ်လိုက်တော့မှာလား။ တခြားကမ္ဘာ့အသိုက်အဝန်းမှာလည်း မိစ္ဆာကျင့်ကြံသူတွေ ရှိတာပဲလေ။ ငါတို့တွေ ဆက်လုပ်လို့ ရပါသေးတယ်။ ငါတို့က ကောင်းကင်ဧကရာဇ်ရဲ့ ဂုဏ်ကျက်သရေအပေါ်မှာ မှီခိုမဲ့အစား ငါတို့ကိုယ်ငါတို့ မှီခိုတာကို ပိုသဘောကျတယ်”

“ကျွန်မတို့ရဲ့ အစီအစဉ်က တန်ပြန်သက်ရောက်မှု ရှိလာနိုင်တယ်။ ရှင်တို့လည်း သိတာပဲ” ဟို့ဖုန်းဟွမ်က ပြောလိုက်၍ အကြီးအကဲများက သဘောတူကြသည်။ သူတို့၏ အပြုအမူက ကမ္ဘာကို ကယ်တင်ခြင်း ဖြစ်သော်လည်း ထိုမိစ္ဆာကျင့်ကြံသူများကို လှုံ့ဆော်ကာ လွတ်ပေးလိုက်သည့် ကံကြွေးကမူ အပြည့်အဝ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် တန်ပြန်သက်ရောက်မှု ရှိလာမည်ဖြစ်ကာ မျိုးနွယ်၏ အစီအစဉ်က ထိုအရာကို ဖြေရှင်းဖို့ ကံကောင်းမှု အနည်းငယ်ကို အသုံးပြုဖို့ ဖြစ်၏။ ထိုအခါ မျိုးနွယ်၏ ကံကောင်းမှုသည် ထိုဆုံးရှုံးမှုက အနည်းငယ်ဟုသာ ယူဆနိုင်လောက်သည်အထိ စည်ပင်ကြွယ်ဝလာလိမ့်မည် ဖြစ်၏။

“တည်ထောင်သူက ကျွန်မတို့ကို သတင်းအချက်အလက်တွေ ပြောပြီးသွားပြီ” ဟို့ဖုန်းဟွမ်က ဆက်ပြောလိုက်သည်။

“ကောင်းကင်ဧကရာဇ်က ကျွန်မတို့ကို မကြည်တာက ကျွန်မတို့ အပြုအမူရဲ့ တန်ပြန်သက်ရောက်မှုက ကောင်းကင်ဧကရာဇ်ခေတ်ကာလအပေါ်မှာ သက်ရောက်မှု ရှိလာမှာကိုပဲ”

“အတက်ရှိရင် အကျဆိုတာ ရှိမှာပဲ။ ဒီခေတ်ကာလက စည်ပင်ကြွယ်ဝနေတယ်ဆိုပေမဲ့ တဖြည်းဖြည်းတော့ အဆုံးသတ်သွားမှာပဲ။ ကျွန်မတို့ရဲ့ အစီအစဉ်ရဲ့ တန်ပြန်သက်ရောက်မှုက ဒီခေတ်ကာလကို ဖျက်ဆီးဖို့အတွက် ဓာတ်ကူး ဖြစ်လာနိုင်တယ်”

ထိုသူများက ကောင်းကင်ဧကရာဇ်သည် နောင်အနာဂတ်တွင် ကောင်းကင်ဧကရာဇ်ခေတ်ကာလကို မျှခြေညီဖို့အတွက် သူတို့၏ အပြုအမူများကို မည်သို့ အသုံးပြုခဲ့ကြောင်း ကောက်ချက်ချလိုက်သည်။

“အတိအကျပဲ။ အဲဒါဆိုတော့ ကျွန်မတို့က ကောင်းကင်ဧကရာဇ်ရာထူးကို မယူနိုင်သရွေ့ မူလအစီအစဉ်ကို ဆက်လုပ်လို့ မရဘူး” ဟို့ဖုန်းဟွမ်က ခေါင်းညိတ်လိုက်သည်။

“အဲဒါဆိုရင် ဘာလုပ်သင့်လဲ”

“ဒီမေးခွန်းရဲ့ အဖြေက ရိုးရှင်းပါတယ်” သူမက အကြည့်များ တောက်ပလျက် ပြောလိုက်သည်။

“ကမ္ဘာရဲ့ အာဏာပိုင်းဆိုင်ရာက ဒီခေတ်ကာလမှာ ပြောင်းလဲလာလိမ့်မယ်။ အင်အားစုတိုင်းက ကောင်းကင်ဧကရာဇ်ကို ပြုစုပျိုးထောင်ဖို့ အကောင်းဆုံး ကြိုးစားကြလိမ့်မယ်။ ကျွန်မတို့တွေက မျိုးနွယ်ကို ပြန်လည်ရှင်သန်စေချင်ရင် ဖြစ်နိုင်ချေရှိတဲ့ ကောင်းကင်ဧကရာဇ်တွေကို ပြုစုပျိုးထောင်ပြီးတော့ ခုံရုံးရဲ့ ကံကောင်းမှုနဲ့ ကျွန်မတို့မျိုးနွယ်ရဲ့ ကြမ္မာကို ပြန်အားဖြည့်ပေးရမယ်”

“အဲ့လိုဆိုရင် ရှေးခေတ်အခါတုန်းကလိုမျိုး အားကောင်းလာနိုင်မလား။ ဒါမှမဟုတ် တာအိုအခွင့်အလမ်းဂိုဏ်းကိုတောင် ကျော်တက်သွားနိုင်မလား”

ဟို့ဖုန်းဟွမ်က ငြိမ်သက်နေသည်။ သူမ၏ မျိုးနွယ်က လက်ရှိကောင်းကင်ဧကရာဇ်လိုမျိုး ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို မမွေးထုတ်နိုင်သရွေ့ ထိုကိစ္စမျိုးက ဖြစ်မလာနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူမက ထိုအကြီးအကဲများကို သူတို့၏ ကျိုးပဲ့လွယ်သည့် စိတ်နှလုံးသားနှင့် အတ္တအပေါ် ထိနှက်ချက် မဖြစ်စေလိုပေ။

“ကျွန်မတို့သာ သူတို့ထက်ပိုတဲ့ ကောင်းကင်ဧကရာဇ်တွေကို ပြုစုပျိုးထောင်ပေးသရွေ့ အခွင့်အရေး ရှိပါတယ်” ဟို့ဖုန်းဟွမ်က တစ်စိတ်တစ်ပိုင်းသာ အမှန်အတိုင်း ပြောလိုက်သည်။

“တစ်ဆင့်ချင်းစီ စီစဉ်ကြတာပေါ့” ဟို့ဖုန်းဟွမ်၏ အဖေက သူ့သမီး မြင့်တက်လာပြီးသည့်နောက်တွင် ရှေးဟောင်းမျိုးနွယ်၏ အဓိကအကြီးအကဲတစ်ဦး ဖြစ်လာခဲ့သည်။

“ကောင်းကင်ဧကရာဇ်က ပတ်ဝန်းကျင်ကို ပင်ကိုအဖြစ် ပြောင်းလဲမယ်လို့ ကတိပေးထားတယ်။ အဲဒါက ငါတို့အတွက် အခွင့်အရေးပဲ” တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“အခု ယွမ်ထီ ဖြစ်လာဖို့ နည်းလမ်းလည်း ရှိနေပြီဆိုတော့ သိပ်မကြာခင် ဒီနည်းလမ်းက အသုံးဝင်လာလိမ့်မယ်။ အဲဒါဆိုတော့ ဒီအကြောင်းကို လူတိုင်း သိမသွားခင် မျိုးနွယ်အတွက် အခွင့်ကောင်းရအောင် ဒီအချိန်ကို အသုံးပြုပေးဖို့ လိုလိမ့်မယ်”

ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး ပင်ကိုချီက ပြန်လည်ကြွယ်ဝလာသည်နှင့် ပင်ကိုနတ်ဆိုးနတ်ဘုရားများ ပြန်လည်ပေါ်ထွက်လာမည်ဖြစ်ကာ ယွမ်ထီလမ်းစဉ်က အသင်္ချေအင်ပါယာကမ္ဘာတွင် ပြန်လည်တောက်ပလာလိမ့်မည်။ သူတို့၏ ရှေးဟောင်းမျိုးနွယ်၏ အခြေခံအုတ်မြစ်ဖြင့် သူတို့က အရေးသာချက် ရှိထား၏။

“အမှန်ပဲ။ နတ်ဆိုးမျိုးနွယ်ကတောင် ဒီခေတ်ကာလမှာ ငါတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ကောင်းကင်ဧကရာဇ်က ယွမ်ထီ နည်းစနစ်ဖြန့်ဝေမှုကို တတ်နိုင်သမျှ နှောင်းနှေးထားဖို့ ကြိုးစားလိမ့်မယ်။ တာအိုအခွင့်အလမ်းဂိုဏ်းကို အရေးသာအောင်လို့ပေါ့။ အဲဒါဆိုတော့ ကျွန်မတို့တွေက သူနဲ့ ပူးပေါင်းပြီးတော့ အကူအညီကို ထောက်ပံ့ပေးရုံပဲ” ဟို့ဖုန်းဟွမ်က ဆက်ပြောလိုက်သည်။

“အဲဒါဆိုရင် ကမ္ဘာဦးနတ်ဘုရား ကျင့်စဉ်ကရော။ အဲဒါကိုရော ဖြန့်ဝေမှာလား”

“အင်း အဲဒါက အကြံကောင်းတော့ မဟုတ်ဘူး။ ကောင်းကင်ဧကရာဇ်က မူလနည်းစနစ်ကို ပြန်လည်ပြုပြင်မယ်လို့ ပြောထားပြီးပြီ။ ပြီးတော့ ဒီကိစ္စက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ပင်မကြမ္မာတစ်ခုလုံး ပါဝင်နေတာဆိုတော့ သူက လျှောက်ပြီး လုပ်နေမှာ မဟုတ်ဘူး”

တာအိုဖခင်၏ ကြမ္မာကို ကိုင်ဆောင်ထားသည့် အင်အားစုနှစ်ခုက ရှေးဟောင်းမျိုးနွယ်နှင့် တာအိုအခွင့်အလမ်းဂိုဏ်းတို့ ဖြစ်ပေသည်။ စိတ်ဝင်စားဖို့ ကောင်းသည်က ထိုသူနှစ်ဦးလုံးက ဝမ်မျိုးနွယ်မှ ဆင်းသက်လာလေ၏။

ထို့ကြောင့် သူတို့က ကောင်းကင်ဧကရာဇ်သည် မူလနည်းစနစ်ကို အစားထိုးဖို့ တခြားသော ကျင့်စဉ်ပေါ်ထွက်လာမည်ကို ခွင့်ပြုမည် မဟုတ်ကြောင်း သိထားကြသည်။ ထိုအရာက သူ့ဂိုဏ်း၏ ကံကောင်းမှုအပေါ် သက်ရောက်မှု ဖြစ်လာနိုင်စေ၏။

“ကျွန်မတို့ရဲ့ ကျင့်စဉ်ကို ဖြန့်ဝေပြီးတော့ ကောင်းကင်ဧကရာဇ်နဲ့ ထိပ်တိုက်တွေ့ဆုံဖို့ မလိုဘူး” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“ဒါပေမဲ့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘာမှ စိုးထိတ်နေစရာ မလိုတော့ဘူး။ လူတော်တော်များများက ကမ္ဘာဦးနတ်ဘုရားစနစ်ကို စိတ်ဝင်စားလာပြီးတော့ လေ့လာပြီး ကျင့်ကြံကြလိမ့်မယ်။ လူတချို့က ကျွန်မတို့ဆီကနေ ကျင့်စဉ်တချို့ကို ရဖို့ ကြိုးစားကြလိမ့်မယ်။ အဲဒီအခွင့်အရေးကို အမိအရယူပြီးတော့ အကျိုးအမြတ် သိမ်းပိုက်ရုံပဲ”

အားလုံးက ထိုချဉ်းကပ်မှုနှင့် ပတ်သက်ပြီး ခေါင်းညိတ်လိုက်ကြသည်။ ကောင်းကင်ဧကရာဇ်က မည်မျှပင် အားကောင်းစေကာမူ သူက လူတိုင်း၏ သိချင်စိတ်နှင့် အလိုဆန္ဒကို မထိန်းချုပ်နိုင်ပေ။ ထို့အပြင် အားလုံးက မူလနည်းစနစ်နှင့် သင့်တော်ခြင်း မဟုတ်သည့်အတွက် ပတ်ဝန်းကျင် ပြောင်းလဲသွားသည်နှင့် ကမ္ဘာဦးနတ်ဘုရား ကျင့်စဉ်ကို ကြိုးစားချင်သည့်သူများ ရှိလာလိမ့်မည်။

“အဲဒါဆိုရင် ကောင်းကင်ဧကရာဇ်နဲ့ ဆက်ဆံရေးကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို အစောပိုင်း အစီအစဉ်အတိုင်း လုပ်ကြတာပေါ့။ အခု အရှေ့ပိုင်း အင်အားစုဆီ ဆုံးရှုံးသွားရတဲ့ နတ်ဘုရားရာထူးတွေကို ဘယ်လိုပြန်ယူရမလဲဆိုတာကို ဆွေးနွေးကြရအောင်။” ဟို့ဖုန်းဟွမ်က သတ်ဖြတ်ငွေ့ဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်။ ငါတို့တွေ ဒါကို ငြိမ်ခံနေလို့ မရဘူး”

“အကောင်းဆုံးဖြေရှင်းနည်းက ခေါင်းဆောင်က ထာဝရဧကရာဇ် ဖြစ်လာဖို့ပဲ။ ဒါပေမဲ့ ဒီအစီအစဉ်က အချိန်ကြာနိုင်တယ်။ အဲဒါဆိုတော့ စည်းပိတ်ထားတဲ့ ကောင်းကင်ရွေးချယ်ခံ တချို့ကို ရွေးချယ်ပြီးတော့ ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်ကို ကျော်ဖြတ်ခိုင်းဖို့ အကြံပြုချင်တယ်။

တကယ်လို့ ကျုပ်တို့သာ ဒုတိယမြောက် ကြယ် ၆လုံး ယွမ်ထီကို ပြုစုပျိုးထောင်ပေးနိုင်သရွေ့ ဆုံးရှုံးသွားတာကို ပြန်လည်ရယူနိုင်တယ်”

အကြီးအကဲများက ထိုအစီအစဉ်ကို သဘောတူကြသော်လည်း ရှုပ်ထွေးမှုနှင့် ပတ်သက်ပြီး စိုးရိမ်နေကြသည်။ အင်အားစုတစ်ခုတွင် အာဏာရှင် နှစ်ယောက်ရှိ၍ မဖြစ်ပေ။ နောက်ထပ် ကြယ် ၆လုံး ယွမ်ထီက ပြဿနာများကို ဖြစ်လာစေနိုင်သည်။

“အဲ့လိုလုပ်လိုက်ရအောင်” ဟို့ဖုန်းဟွမ်က သူမ၏ စွမ်းအားအပေါ် ယုံကြည်ချက် အပြည့်အဝ ရှိ၏။ သူမ၏ အထွတ်အထိပ်သားရဲ ၅ကောင် သွေးမျိုးဆက်က ဟာသ မဟုတ်‌ပေ။ ထို့ကြောင့် သူမသည် သူမ၏ စွမ်းအားကို စမ်းသပ်ဖို့ ကြိုးစားသည့်သူတိုင်းကို ဖိနှိပ်ထားနိုင်လိမ့်မည်ဟု သိနေသည်။

All Chapters