အကြွေးဟောင်း
Vol. 67 Ch. 932
ဝမ်ဝေ့က ဆက်လက် ကျင့်ကြံလိုက်သည်။ တစ်စက္ကန့်ချင်းစီနှင့်အမျှ သူက ကံကြမ္မာ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ဆန်းကြယ်မှုများနှင့် အရှုပ်အထွေးများကို နားလည်လာခဲ့သည်။ ထိုဖြစ်စဉ်က ကုသိုလ်အကူအညီဖြင့် ပိုမိုမြန်ဆန်လာခဲ့၏။
ဝမ်ဝေ့က ဧကရာဇ်အဆင့်ကို ကျင့်ကြံဖို့ ခက်ခဲနှုန်းကို နားလည်ဖို့အတွက် သူ့နားလည်နိုင်စွမ်းအပေါ် တားဆီးထားသည့် စမ်းသပ်ချက်တချို့ကို ပြုလုပ်ခဲ့၏။ သူက ကုသိုလ် အသုံးပြုခြင်းနှင့် အသုံးမပြုခြင်း၏ ကွာဟချက်ကို နှိုင်းယှဉ်ကြည့်ခဲ့သည်။
သူ့တွက်ဆထားမှုအရ ကုသိုလ်သည် အချိန်ထောင်ချီ ကြီးမားသည့် မြှင့်တင်မှုတစ်ခုကို ပေးအပ်နိုင်သည်။ ထိုမြှင့်တင်မှုက သူ့နားလည်နိုင်စွမ်းအဆင့် ရှိသည့်သူများအတွက်ပင် ဟွင်သွမ်းစကြဝဠာ၏ အကန့်အသတ်ကို ရောက်ရှိသွားစေနိုင်၏။
ကွာဟချက်က ဝမ်ဝေ့သည် ကုသိုလ်ကို အသုံးပြုသည့် အချိန်ကို ရာနှုန်းပြည့် ကျင့်ကြံချင်မိသည်။ ကံဆိုးစွာဖြင့် ထိုအရာက မဖြစ်နိုင်ပေ။
သူ ကုသိုလ်အသုံးပြုပြီးသည့်နောက်တွင် အောင်မြင်မှုတချို့ ရရှိခဲ့၏။ ပထမဦးစွာ သူ့အခြေခံကျင့်ကြံရေးက မဟာတာအိုအရင်းအမြစ် ၃၂ရာခိုင်နှုန်းအထိ ရောက်ရှိသွားပြီး ယခင် ခန့်မှန်းထားသည့် ၃၀ရာခိုင်နှုန်းထက် ၂ရာခိုင်နှုန်း ပိုမိုများနေခဲ့သည်။ ထိုကွာဟချက်၏ အကြောင်းအရင်းက သူသည် ရှုရှစ်နှင့် တခြားသူများနှင့် ထိုတာအိုဆွေးနွေးမှု၊ ဘိုးဘေးနှင့် တွေ့ဆုံပြီးနောက် အတွေ့အကြုံမှ ဉာဏ်အလင်းပွင့်လာမှုများကြောင့် ဖြစ်သည်။
ဝမ်ဝေ့၏ ဒုတိယအောင်မြင်မှုကမူ အစွမ်းထိန်းချုပ်ရေးပညာရပ်တွင် ကောင်းကင်ထိန်းချုပ်ရေးအဆင့်ကို ပြီးမြောက်သွားခြင်း ဖြစ်၏။ ကောင်းကင်တာအိုက စည်းမျဉ်း သို့မဟုတ် တာအိုများကို ကိုင်စွဲရာတွင် အလိုလို ရင်းနှီးကျွမ်းဝင်မှုရှိပြီး စည်းမျဉ်းများကို ခြေလက်များကဲ့သို့ လှုပ်ရှားနိုင်သည်။
ထိုသို့ရင်းနှီးကျွမ်းဝင်မှုမျိုးက ကောင်းကင်တာအိုအတွက် မိုးမြေကြားရှိ စည်းမျဉ်းများဖြင့် ထူးကဲသည့်အရာများကို ပြုလုပ်ဖို့ရာ ပိုမိုလွယ်ကူလာစေသည်။
ဝမ်ဝေ့က ထိုအခွင့်အရေးကို အသုံးချကာ လူအိုကြီးထျန်းကျိနှင့် ဤကမ္ဘာ၏ ကောင်းကင်တာအိုကို လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ယခင် အုတ်မြစ်နှင့် လော့ချန်၏ ပင်ကိုစွမ်းရည်အပေါ် နားလည်နိုင်စွမ်းအရ သူက ထိုအဆင့်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဒီနည်းစနစ်က ပိုပြီး အလားအလာ ကောင်းတယ်…
ဝမ်ဝေ့က နောက်ဆုံးရလဒ်ကို ကြည့်ရင်း တွေးလိုက်မိသည်။
အဲဒါဆိုတော့ နောက်ထပ် ဘာလဲ။ ကောင်းကင်ဘုံအဆင့် ထိန်းချုပ်မှုနဲ့ စံပြအဆင့် ထိန်းချုပ်မှုလား…
ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့်များသည် မဟာတာအို၏ အရင်းအမြစ်အပေါ် ပိုမိုနက်ရှိုင်းသည့် နားလည်မှုမျိုးရှိကာ အားကောင်းသည့်သူမျိုး ဖြစ်ကြသည်။ သူတို့က ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ပြောရလျှင် တချို့သော ကဏ္ဍများ၌ ကောင်းကင်တာအိုက မဟာတာအိုအရင်းအမြစ်မှ မွေးဖွားလာခြင်း သို့မဟုတ် ဖန်တီးခံရခြင်း ဖြစ်၏။
အဲဒါဆိုတော့ ဒီနည်းစနစ်ရဲ့ နောက်ထပ်အဆင့်က အစစ်အမှန်ကောင်းကင်တာအို ထိန်းချုပ်ရေးနဲ့ မဟာတာအိုထိန်းချုပ်ရေး ဖြစ်သင့်တယ်။ ငါက ဒီအဆင့်တွေကို ပြန်ခွဲကြဖို့ လိုတာက ကွာဟချက် ကြီးမားမှုကြောင့်ပဲ။ ဒါပေမဲ့ ဒါက အပေါ်ယံလောက်ပဲ ရှိသေးတယ်…
ဝမ်ဝေ့က ထိုအရင်းအမြစ် ကျင့်စဉ်ကို မည်သို့ပြီးမြောက်အောင် လုပ်ရမည်ကို မည်သို့ ပြီးမြောက်အောင် လုပ်ရမည့်အပေါ် ကောက်ကြောင်းတစ်ခု ရှိလာမိသည်။
နောက်ထပ် ဆင့်ကဲပြောင်းလဲမှုက ဒါကို အဆင့်၂ အဖြစ် ပြောင်းလဲဖို့ပဲ…
အရင်းအမြစ်နည်းစနစ်က အဆင့် ၃ ခု ခွဲခြားထားပြီး ပထမအဆင့်က ဧကရာဇ်အဆင့် ဖြစ်ပေသည်။ တတိယအဆင့်ကမူ စံပြအဆင့် ဖြစ်၏။ တခြားနည်းဖြင့် ပြောရလျှင် ဒုတိယအဆင့်က ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများကို သူတို့၏ ရာခိုင်နှုန်းအထက်လူများနှင့် တိုက်ခိုက်ဖို့ ခွင့်ပြုပေးထားပြီး တတိယအဆင့်ကမူ စံပြများအတွက် အတူတူသာ ဖြစ်သည်။
ဝမ်ဝေ့က လက်ထဲတွင် စာအုပ်ကို ကိုင်ထားရင်း လက်ရှိစွမ်းအားကို စစ်ဆေးကြည့်လိုက်၏။
၆၉ ရာခိုင်နှုန်းပဲ။ ငါ အသေးစိတ် လိုက်ကြည့်မယ်ဆိုရင်တော့ ၆၉.၅ ရာခိုင်နှုန်းလောက် ဖြစ်နေလောက်ပြီ။ ဒါပေမဲ့ ငါက ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို တကယ် ရောက်ရှိသွားခဲ့ပြီ…
သူ့တိုက်ခိုက်ရေးနယ်ပယ်အဆင့်ကို သတိထားမိသည့်လူများက အတိုင်းအတာမဲ့ ဧကရာဇ်အနေဖြင့် သူ့အဆင့်အတန်းမှ အပို ၅ရာခိုင်နှုန်းကို ထည့်တွက်ထားလိမ့်မည်။
သို့သော်လည်း ဤသီးသန့်ကျင့်ကြံရေးအပြီးတွင် သူက ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို အမှန်တကယ် ရောက်ရှိခဲ့၏။ ဆိုလိုသည်မှာ သူ့ကျင့်ကြံရေးက မဟာတာအိုအရင်းအမြစ် ဆယ်ရာခိုင်နှုန်း ရှိနေလျှင်ပင် သူက ၆၉ ရာခိုင်နှုန်းအထိ တိုက်ခိုက်နိုင်လိမ့်မည်။
ထိုအရာအားလုံးက ထာဝရဧကရာဇ်နှင့် ယှဉ်နိုင်ပြီး အစွမ်းထိန်းချုပ်ရေးပညာရပ်ကို ပြီးမြောက်သွားပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က ဆယ်ရာခိုင်နှုန်း အားဖြည့်မှုကြောင့် ဖြစ်၏။
နောက်ထပ်အဆင့်က တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ပဲ။ အဲဒါကို ဘယ်လိုရောက်ရမလဲဆိုတာကိုတော့ အစီအစဉ်ရှိထားပေမဲ့ သတင်းအချက်အလက်တွေ ထပ်ပြီး လိုနေသေးတယ်…
ဝမ်ဝေ့က သူ့စွမ်းအားကို ဆက်လက် မစမ်းတော့ဘဲ နောက်ထပ်နည်းစနစ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျင့်စဉ်က သူ့အတွက် အဓိကအာရုံစိုက်မှုတစ်ခု ဖြစ်၏။
ငါက ငါ့ရဲ့ သေခြင်းရှင်ခြင်း စက်ဝန်း ပင်ကိုစွမ်းရည်ကို အသက်ရှည်စွမ်းရည်အဖြစ် ပြောင်းလဲချင်ခဲ့တာ…
သူ့ပင်ကိုစွမ်းရည်အများစုက အသုံးမဝင်သည့်အတွက် သူက ဆင့်ကဲပြောင်းလဲလိုသည်။ သူ ရွေးချယ်ထားသည့် ဦးတည်ချက်က ပထမအဆင့် အသက်ရှည်စွမ်းရည်ကို ရောက်ရှိဖို့ဖြစ်ကာ ဧကရာဇ်အဆင့်တွင် သူ့ကို အပိုအသက်ရရှိစေရန် ဖြစ်သည်။
ဘုန်းကြီးဝူကျစ်ရဲ့ နိဗာနနှလုံးသား ၉ပါးအကြောင်း စကားအလဲအလှယ် လုပ်ခဲ့တာ တော်သေးတယ်။ ဒါက ပိုပြီး လွယ်ကူသွားစေလိမ့်မယ်…
ဝမ်ဝေ့က ထိုဘုန်းကြီး၏ ထူးကဲသော ရုပ်ခန္ဓာကို အတုခိုးပြီး အပိုအသက် ၉သက်ကို ရယူနိုင်ပါ့မလား မသိပေ။ သို့သော်လည်း သူက ၃ခုအထက် ရှိနေလျှင်ပင် ပျော်ရွှင်နေပြီ ဖြစ်၏။
ဝမ်ဝေ့က ရုပ်ခန္ဓာ၏ သတင်းအချက်အလက်များကို ပြန်လည်ကြည့်ရှုပြီးသည့်နောက်တွင် သိမ်းဆည်းလိုက်သည်။ သူက သီးသန့်ကျင့်ကြံရေးကို အဆုံးသတ်ပြီး အခန်းအတွင်းမှ ထွက်လာလိုက်၏။ သူ ထွက်လာသည့်အခါ ခုံရုံးအထက် မျောလွင့်နေသည့် ရွှေရောင်ကြိုးမျှင် မြောက်များစွာကို မြင်တွေ့လိုက်ရသည်။
ထို့နောက် သူတို့က သူဆီ အပြေးရောက်လာကြ၏။
“ကောင်းကင်ဧကရာဇ်က လူသားတွေအတွက် ဗဟုသုတတွေကို ဆောင်ကျဉ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“အရှင်ကောင်းကင်ဧကရာဇ် ကျွန်တော်ကို အလုပ်မှာ ရာထူးတိုးအောင် ကောင်းချီးပေးပါ”
“အရှင်ကောင်းကင်ဧကရာဇ် ကျွန်မရဲ့ ကလေးက ဖျားနာမှုတွေ၊ ကံဆိုးမှုတွေကနေ ကင်းဝေးအောင် ဆောင်မပေးတော်မူပါ”
“အိုး အရှင်ကောင်းကင်ဧကရာဇ်၊ မိုးမြေရဲ့ အုပ်ချုပ်သူ များပြားလှတဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ လက်ထပ်မင်္ဂလာ ကံကြမ္မာကောင်းချီးများကို ကောင်းချီးပေးပါ။ ကျွန်တော်တို့ မိသားစုရဲ့ သွေးမျိုးဆက်ထဲမှာ ကလေးအများကြီး ရှိစေချင်ပါတယ်”
ကမ္ဘာ၏ အနှံ့နှံ့မှ အသံများစွာ ထွက်ပေါ်လာသည်။ ဝမ်ဝေ့က သူတို့ကို တည်တည်ငြိမ်ငြိမ်သာ နားထောင်နေ၏။
“ကံကြမ္မာစွမ်းအားလား။ ကြည့်ရတာ ဂိုဏ်းရဲ့ ဝါဒဖြန့်တာ အလုပ်ဖြစ်တဲ့ပုံပဲ”
ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်လိုက်စဉ် သူသာလျှင် ယုံကြည်မှုစွမ်းအားကို ရရှိနေသည့်သူ မဟုတ်ကြောင်း မြင်လိုက်ရသည်။ ရှုရှစ်၊ ဖုန်းဟွမ်၊ အောင်းရှန်နှင့် ဟို့ဖုန်းဟွမ်ကဲ့သို့သူများကလည်း သူတို့၏ သက်ဆိုင်ရာပိုင်နက်ရှိ သေမျိုးများဆီမှ ကိုးကွယ်မှုကို ခံနေကြရသည်။
ယုံကြည်မှုစွမ်းအားအတွက် ယှဉ်ပြိုင်နေသည့် ထိုသူများက သူတို့ပိုင်နက်ရှိ ကိုးကွယ်ယုံကြည်မှုများကို တခြားသူများ မရရှိအောင် တားဆီးခြင်းဖြင့် ယှဉ်ပြိုင်နိုင်သည်။ ဝမ်ဝေ့က ကုန်းမြေ၅ခုနှင့် ပင်လယ်၅ခုမှ ကိုးကွယ်ယုံကြည်ခံရသည့် တစ်ဦးတည်းသောသူ ဖြစ်၏။
“သူတို့ရဲ့ ဉာဏ်ပညာကို မြှင့်တင်ပေးပြီးတဲ့နောက်မှာ ဒီသေမျိုးတွေက နတ်ဘုရားကို ကိုးကွယ်ကြတုန်းလား။ ကျင့်ကြံသူတွေက ဒီလောက် အားကောင်းနေတာဆိုတော့ အဓိပ္ပာယ်တော့ ရှိပါတယ်လေ”
ဝမ်ဝေ့က ဆက်လက် ညည်းတွားမနေတော့ပေ။ ယုံကြည်မှုက မဟာတာအိုအရင်းအမြစ်အပေါ် သူ့နားလည်နိုင်စွမ်းအား မြှင့်တင်နိုင်သည့် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်၏။ သူက သူ့နောက်ထပ် သီးသန့်ကျင့်ကြံရေးအတွက် ယုံကြည်မှုစွမ်းအားများကို စုဆောင်းထားဖို့ ဆုံးဖြတ်လိုက်သည်။
ဝမ်ဝေ့က သူ့မိသားစုဆီ သွားရောက်လည်ပတ်ချင်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို စောင့်ဆိုင်းနေသည်ကို အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူက ဧည့်သည်ကို ဥယျာဉ်အတွင်း အဖန်ရည်သောက်ဖို့ရာ ဖိတ်ကြားခဲ့သည်။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က စားပွဲငယ်လေးရှေ့ တင်ပျဉ်ခွေထိုင်နေပြီး အဖန်ရည်ကျိုချက်နေသည်။
“ကျန်းပိယုက ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်” ဓာတ်ငါးပါးမျှခြေညီ ရုပ်ခန္ဓာပိုင်ရှင်က အရိုကျိုးဆုံး ပြောလိုက်သည်။
ဝမ်ဝေ့က သူ့စွမ်းအားဖြင့် သူမကို ဝပ်တွားခြင်းမှ တားဆီးလိုက်၏။
“ထိုင်ပါ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မ မလုပ်ရဲပါဘူး” ကျန်းပိယုက အလျင်အမြန် ပြောလိုက်သည်။ သူမက ကံကြွေးရှိထားခြင်းကို သိထားပြီး မဟာဧကရာဇ်များနှင့် တူညီသည့်အဆင့်တွင် ထိုင်ဖို့ရာ မရိုးရှင်းလှပေ။
နမူနာအားဖြင့် မသေမျိုးတစ်ယောက်က သေမျိုးတစ်ယောက်ကို ဦးညွှတ်ခဲ့ပါက သူတို့အပြုအမူ၏ ကံအလေးချိန်သည် သေမျိုးများအပေါ် ချက်ချင်း ကျရောက်လာလိမ့်မည်။ အကယ်၍ ထိုသူက ကျင့်ကြံသူ ဖြစ်နေပါက သူတို့၏ ကံကောင်းမှုသည် ချက်ချင်း ပျက်သုဉ်းသွားမည်ဖြစ်ကာ ကံဆိုးမှုကြောင့် သေဆုံးသွားရလိမ့်မည်။
“အဲ့လို ပြုမူနေဖို့ မလိုပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မက သင့်တော်တဲ့ လောကဝတ်အတိုင်း လိုက်နာချင်လို့ပါ”
ဝမ်ဝေ့က သူမကို ကြည့်ကာ ဆက်လက် မဖျောင်းဖျတော့ပေ။ သူက သူ့ကံအပေါ် အပြည့်အဝ ထိန်းချုပ်မှု ရှိထားသည့်အတွက် သူမက အဆင်ပြေလိမ့်မည်။
သို့သော်လည်း သူက သူမ ဆုံးဖြတ်ချက်ကို အတင်းအကြပ် ဖိအားပေး၍ မရပေ။
“မင်းရောက်နေတဲ့ အကြောင်းအရင်းကို သိတယ်။ ဒါပေမဲ့ မင်း စိတ်ပျက်သွားရလောက်တယ်”
ကျန်းပိယု၏ မျက်နှာထားက ပြောင်းလဲသွား၏။ သူမ၏ အဆိုးဆုံး အကြောက်တရားက ဖြစ်ပျက်လာခဲ့သည်။ ကောင်းကင်ဧကရာဇ်က သူ၏ကံကြွေးကို ပြန်လည် မပေးဆပ်လိုပေ။
“မင်း ထင်နေသလို မဟုတ်ဘူး” ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ငါ တာအိုကို သက်သေမပြခင် နှလုံးသားငါးခုဧကရာဇ်က အန္တရာယ်ကို ခံစားမိပြီးတော့ ဒိုင်မေးရှင်းအမြင့်ကနေ ထွက်ပြေးသွားခဲ့တယ်။”
“သူမက ထွက်သွားတာလား”
“ဟုတ်တယ်” ဝမ်ဝေ့က နောင်တတရားကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူမက သူ့လက်ထဲမှ အသုံးအဆောင်ပစ္စည်းကို အမှန်တကယ် လိုချင်မိသည်။ ထိုအရာက မျှခြေညီစက်ယန္တရားကို ဖြေရှင်းဖို့အတွက် အကျိုးရှိလာနိုင်၏။ သို့သော် ထိုလူက အလိုလိုသိစိတ်ဖြင့် အန္တရာယ်ကို ခံစားမိကာ သူ အတိုင်းအတာမဲ့ဧကရာဇ် ဖြစ်မလာခင် ထွက်ပြေးသွားခဲ့သည်။
ကျန်းပိယုက ထိုရလဒ်ကို မျှော်လင့်မထားခဲ့ပေ။ သူမက ဘဝအတွက် စီစဉ်ထားပြီးသား ဖြစ်၏။ သူမဂိုဏ်း၏ အကူအညီဖြင့် သူမက ဒုတိယဝိညာဉ်ကို အောင်အောင်မြင်မြင် သန့်စင်ခဲ့ပြီး သန့်စင်စိတ်နှလုံးသား အနေအထားသို့ ပြန်လည်ရောက်ရှိသွားစေခဲ့သည်။
သူမက စွန့်စားကာ သူမသည် ဉာဏ်ပညာနှင့် တွက်ဆတတ်သည့် စိတ်ထားမျိုးရှိသည့် ဒုတိယဝိညာဉ် ရှိကြောင်း ထုတ်ဖော်ခဲ့ပြီး နန်းဆောင်ရှိ အထက်ပိုင်းများအား သူမသည် ပြီးပြည့်စုံသည့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ဖြစ်ကြောင်း ပြသခဲ့သည်။
ယခုတွင် သူမ လုပ်ဖို့ လိုအပ်သည်ကား ပလ္လင်ပေါ် မထိုင်ခင် ကံကြွေးကို ဆေးကြောပြီး ကောင်းကင်ဧကရာဇ် ဖြစ်လာဖို့ ဖြစ်၏။ သို့သော် ယခုတွင် သူမက အပြည့်အဝ လွတ်လပ်ခွင့်ကို မရရှိနိုင်ကြောင်း သိလိုက်ရသည်။
“မစိုးရိမ်ပါနဲ့။ ငါက ကံကြွေးကို ပြန်လည်ပေးဆပ်မယ်လို့ ပြောထားမှတော့ ငါ့စကားကို တည်မှာပါ”
ဝမ်ဝေ့က လက်မြှောက်လိုက်ပြီး ကျန်းပိယုနှင့် တခြားအဝေးတစ်နေရာမှ ဆက်သွယ်နေသည့် အနီရောင်ကြိုးမျှင် တစ်ခုကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက အေးအေးဆေးဆေးဖြင် ချေမွပစ်လိုက်၏။
“အခု မင်းက လွတ်လပ်သွားပြီ။ မင်းက ကိုယ်ပွားတစ်ယောက် မဟုတ်တော့ဘဲနဲ့ မင်းရဲ့ ကိုယ်တိုင် အစစ်အမှန် ဖြစ်သွားပြီ”
ကျန်းပိယုက သူ့ပုခုံးထက်မှ လေးလံသည့် ဝန်ထုပ်ကြီး ပေါ့သွားသလို ခံစားလိုက်ရသည်။ သူမနှင့် နှလုံးသား၅ခု ဧကရာဇ်ကြားမှ ဆက်နွယ်ထားသည့် ကံကြိုးမျှင်သည် ပျက်သုဉ်းသွားပြီး သူတို့၏ ကံကြမ္မာက ကွဲပြားသွားကာ ရောစပ်ထားခြင်း မရှိတော့ဘဲ သူမက အမှန်တကယ် ဝန်ထုပ်ဝန်ပိုး မရှိဘဲ လွတ်မြောက်သွားခဲ့သည်။
“အရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်” ကျန်းပိယုက ၉၀ဒီဂရီ ဦးညွှတ်၍ ပြောလိုက်သည်။
ဤတစ်ကြိမ် ဝမ်ဝေ့က သူမကို မတားဆီးဘဲ တည်တည်ငြိမ်ငြိမ်သာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ခုံရုံးမှ ထွက်ကာ အိမ်ပြန်သွားသည်။
“ဒါက ထိပ်ဆုံးမှာရှိနေရတဲ့ အထီးကျန်မှုမျိုးလား” ဝမ်ဝေ့က သူမ ထွက်သွားသည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချလိုက်၏။
ကံကောင်းတာက ဒီလမ်းစဉ် အဆုံးမသတ်ခင် ငါနဲ့ အတူလျှောက်လှမ်းမဲ့သူတွေ ရှိနေသေးတယ်…
ဝမ်ဝေ့က ခုံရုံးမှ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် အိမ်သို့ ပြန်လာခဲ့လိုက်သည်။