← Chapters

ဓားရေးကမ္ဘာ

Vol. 67 Ch. 933

ဓားရေးကမ္ဘာ

Vol. 67 Ch. 933

ဝမ်ဝေ့က ဝမ်မျိုးနွယ်၏ ခြံဝန်းအတွင်း ပေါ်ထွက်လာခဲ့သည်။ သူ ပထမဆုံးမြင်လိုက်ရသည်က သူ့အဖေ ဓားရေလေ့ကျင့်နေမှုကို ဖြစ်၏။ သူက ဓားတစ်ချောင်းကို လက်ထဲတွင် ကိုင်ထားရင်း သစ်သားအရုပ်ကို ဆက်တိုက် ပိုင်းဖြတ်နေသည်။

ထူးဆန်းသည့်အရာက သူ့ဓားချက်သည် မည်သည့်ဓားချက်မှ ချန်မထားခဲ့သလို ဖြတ်တောက်ခြင်း မရှိပေ။ သူ့ဓားက ကိုယ်ထည်မဲ့အခြေအနေအလား ခိုင်မာသည့်ပစ္စည်းကို ထိုးဖောက်သွားဟန်ပေါ်သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအရာသည် အမှန်အတိုင်းမဟုတ်ကြောင်း သိထား၏။ သူ့အဖေ၏ ဓားချက်တစ်ချက်ချင်းစီက သစ်သားရုပ်၏ အက်တမ်ခွဲ တစ်ခုချင်းစီကြားကို ထိုးဖောက်သွားပြီး ကိုယ်ထည်မဲ့လိုမျိုး ထင်ယောင်ထင်မှားဖြစ်စေခြင်း ဖြစ်၏။ ဤသို့သော ထိန်းချုပ်မှုမျိုးက သူ့အဖေ၏ ဓားရေးနယ်ပယ်အဆင့်ကို ပြသနေသည်။

“ဝေ့အာ ရောက်လာပြီပဲ” ယုယန်က သူ့ကို သတိထားမိကာ ညင်ညင်သာသာပြုံးကာ ပြောလိုက်၏။

“တစ်ခုခုစားဖို့ လုပ်ပေးရမလား”

“တော်ပါပြီ။ ကျွန်တော် အဆင်ပြေပါတယ်”

“ဘာဖြစ်လို့လဲ။ မင်း ကြည့်ရတာ အာရုံများနေတဲ့ပုံပဲ”

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး “မဟုတ်ပါဘူး။ ကျွန်တော့်မှာ လုပ်စရာတွေ အများကြီးရှိနေပြီးတော့ ဘယ်ကစရမယ်ဆိုတာကို စဉ်းစားနေလို့ပါ”

“အချိန်ယူ … ဘာမှအလျင်လိုနေစရာ မလိုဘူး” သူမက အကြံပေးလိုက်သည်။

“ကျွန်တော် ထင်ထားသလောက် အချိန်မရှိလောက်ဘူး”

“ငရဲကမ္ဘာရဲ့ ဖြစ်ရပ်ကြောင့်လား” ဝမ်ထျန်းက လေ့ကျင့်မှုကို အဆုံးသတ်ကာ မေးလိုက်သည်။

“ဟုတ်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။

“အမှောင်အင်အားစုက စတင်လှုပ်ရှားလာပြီ။ ကျွန်တော် မြန်မြန်လုပ်ဖို့ လိုလာပြီ”

ဝမ်ထျန်းက ထိုအရာကို ကြားကာ သက်ပြင်းချလိုက်ပြီး သူ့အသံက အနည်းငယ် စိတ်ပျက်နေဟန်ပေါ်သည်။

“အဖေက အကူအညီပေးချင်ပေမဲ့ အဖေ တတ်နိုင်တဲ့အရာ ဘာမှမရှိတော့ဘူးပဲ”

“စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုနဲ့တင် အဆင်ပြေပါတယ်” ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။ မိသားစု၃ယောက်က ထိုင်ကာ ယုယန်က သူ့အား သရေစာများ ထုတ်ကျွေးလာခဲ့သည်။

“သီးသန့်ကျင့်ကြံရေးက ဘယ်လိုနေလဲ” သူမက မေးလိုက်၏။

“အတော်လေး အဆင်ပြေတယ်။ ဒါနဲ့ အဖေတို့ရော အပြောင်းအလဲအသစ်နဲ့ နေသားကျသွားပြီလား” ဝမ်ဝေ့က မေးလိုက်၏။

“အရမ်းကျေနပ်ဖို့ ကောင်းတယ်။ ငါ့ရဲ့ သွေးမျိုးဆက်ကို ဓားတာအိုနဲ့ ပေါင်းစပ်ဖို့ ဆင့်ကဲပြောင်းလဲပြီးသွားပြီ။ ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းကို ရောက်ဖို့ မစောင့်နိုင်တော့ဘူး” ဝမ်ထျန်းက အပြုံးဖြင့် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်လေ့ကျင့်ရေး တိုးတက်လာမှုကြောင့် သူ့ဓားနှင့် ဓားရေးနယ်ပယ်အဆင့်က သိသိသာသာ တိုးတက်လာခဲ့သည်။

ယခု သူက နဝမအဆုံးစွန်အုတ်မြစ်ကို ပြီးမြောက်ဖို့သာ လိုအပ်ပြီး သူ့ကံကြမ္မာကို ဆေးကြောကာ နောက်မျိုးဆက်ကို စောင့်ဆိုင်းရမည်။

“ကြားရတာ တော်ပါသေးရဲ့။ ဒါနဲ့ အမေကရော”

“အမေကလည်း ဒီခန္ဓာကိုယ်လေ့ကျင့်ရေး ဖြစ်စဉ်က အတော်လေး လွယ်ကူလို့ အဆင်ပြေတယ်။ နာကျင်တယ်ဆိုပေမဲ့ အရင်ကထက်တော့ ပိုပြီးတော့ လွယ်ကူလာတယ်”

“မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုးကို ကျင့်ကြံရင် စမ်းသပ်ချက်ရောက်လာတဲ့အခါကျရင် ကျွန်တော် ကာကွယ်ပေးမယ်။ ဒါပေမဲ့ ယုမျိုးနွယ်ဆီမှာ သွေးမျိုးဆက်တစ်ခုလုံးကို ချန်ထားခဲ့လို့တော့ မရလောက်ဘူး”

“ကိစ္စမရှိပါဘူး” ယုယန်က ပြောလိုက်၏။ သူမက မကောင်းဆိုးဝါး နတ်ဘုရားနှင့် စံပြများအကြောင်း အနည်းငယ်သာ သိထားသောကြောင့် ယုမျိုးနွယ်သည် မကောင်းဆိုးဝါးနတ်ဘုရားအဆင့် မိသားစုဖြစ်လာဖို့ ကြမ္မာ သို့မဟုတ် ကံကောင်းမှု မရှိကြောင်း နားလည်လေသည်။ တစ်ရက်ကျ သူမ စံပြ ဖြစ်လာပြီးသည့်နောက်တွင် ထိုသို့ဖြစ်လာနိုင်သော်လည်း ယခုအခါတွင် မဖြစ်နိုင်ပေ။

“တခြားလိုအပ်တဲ့ အရင်းအမြစ်တွေကရော” သူမက ထိုကျင့်စဉ်သည် မရိုးရှင်းဘဲ ထူးကဲကာ အဆင့်မြင့် အရင်းအမြစ်များစွာ လိုအပ်ကြောင်း သိထားသည်။

“မစိုးရိမ်ပါနဲ့” ဝမ်ဝေ့က ပြောလိုက်၏။ ထို့နောက် သူက သူ့ကျင့်ကြံရေးအတွက် ပြင်ဆင်ထားသည့် သွေးကန်ကို သုံးစွဲပြီးသွားပြီ ဖြစ်သော်လည်း သူ့အမေအတွက် နောက်ထပ် နည်းလမ်းတစ်ခုကို ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူက လက်ဝှေ့လိုက်ကာ အနီရောင် ကြိုးမျှင်များဖြင့် ပြုလုပ်ထားသည့် ကံမြစ်ကြောင်းကို ထုတ်ဖော်လိုက်သည်။

သူက ထိုအရာကို အသင်္ချေအင်ပါယာကမ္ဘာ၏ အချိန်မြစ်ကြောင်းနှင့် ဆက်သွယ်ကာ အတိတ်၏ ကံကို ပြောင်းလဲပြီး အနာဂတ်အပေါ် သက်ရောက်မှုရှိအောင် လုပ်ဆောင်လိုက်သည်။ ထို့နောက် ပင်ကိုနတ်ဆိုးနတ်ဘုရား သွေးများ ပါဝင်နေသည့် လျှို့ဝှက်နယ်မြေတချို့က ဗလာခေတ်ကာလအတွင်း ရှင်သန်ကာ အသင်္ချေအင်ပါယာကမ္ဘာအတွင်း ရုတ်ချည်း ထွက်ပေါ်လာသည်။

အကြောင်းအရင်းတချို့ကြောင့် သူတို့သည် ဤရှည်ကြာလှသည့် သမိုင်းကြောင်း တစ်လျှောက်အတွင်း ဘယ်သောအခါမှ မတွေ့ရှိခဲ့ပေ။ သူတို့၏ ဖန်တီးသူက ထိုအကြောင်းကို မေ့လျော့ခဲ့ခြင်း ဖြစ်နိုင်သလို ထိုအရာကို ဖန်တီးပြီးသည့်နောက်တွင် ချက်ချင်း သေဆုံးသွားခြင်းမျိုးလည်း ဖြစ်နေနိုင်သည်။

ဝမ်ဝေ့က လက်မြှောက်လိုက်ပြီးသည့်နောက်တွင် ကုဗတုံး ၆ခုက သူ့လက်ထဲ ပေါ်ထွက်လာ၏။

“ဒီလျှို့ဝှက်နယ်မြေ၆ခုက အမေ့အတွက် ၉ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအထိ ကျင့်ကြံဖို့ လုံလောက်မှာပါ။ ကျန်တာကိုတော့ တာအိုကို သက်သေပြပြီးတဲ့နောက်မှ ပေးမယ်”

ဝမ်ထျန်းက သက်ပြင်းချလိုက်ပြီး “ငါ မင်းရဲ့ စွမ်းအားကို တကယ်ကို အံ့ဩမိတယ်”

“ကောင်းကင်ဘုံသွေဖယ်နေတဲ နည်းလမ်းဆိုတော့ အသုံးပြုတဲ့နေရာမှာ ပြဿနာ မဖြစ်ဘူးလား” ယုယန်က မေးလိုက်သည်။

“စိတ်မပူပါနဲ့။ ကျွန်တော် မကြာခဏ မသုံးရင် အဆင်ပြေပါတယ်”

“ကောင်းပြီလေ” သူမက ကုဗတုံး၆ခုကို ယူကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဝမ်ဝေ့က နောက်ထပ် စက်လုံးတစ်ခုကို ထုတ်ကာ သူ့အဖေဆီ ပေးလိုက်သည်။

“ဒါက …”

“ဟုတ်တယ်။ ဒါက အဖေ့ရဲ့ ဓားရေးကမ္ဘာလေ” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။ သူက ထိုကမ္ဘာကို ဖန်တီးဖို့ များစွာ အားစိုက်ထုတ်ထားခဲ့ရသည်။ ပထမအဆင့်က ထိုကမ္ဘာကို ဗဟိုချက်အနေဖြင့် ကံကြမ္မာတာအိုကို အသုံးမပြုခင် ကာလံဒေသံတာအိုကို အသုံးပြုပြီး ဖန်တီးထားပြီး ပင်မတာအို ၃၈၀၀ လုံးကို ဆင့်ကဲပြောင်းလဲကာ ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်၏။

ထိုဖြစ်စဉ်က ဝမ်ဝေ့သည် လူအိုကြီးထျန်းကျိမှတဆင့် ကောင်းကင်တာအိုကို လေ့လာထားသည်ထက် ပိုမိုလွယ်ကူခဲ့ပြီး အသင်္ချေအင်ပါယာကမ္ဘာ၏ အနှစ်သာရကို အတုခိုးကာ ဓားရေးကမ္ဘာအတွက် ပြန်လည် ဖန်တီးနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် ထိုကမ္ဘာသည် ကောင်းကင်အလိုဆန္ဒကမ္ဘာတစ်ပိုင်း ဖြစ်၏။ လူအများက ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ရောက်ရှိနိုင်ကြလိမ့်မည်။

ဝမ်ဝေ့က ထိုကမ္ဘာကို ဖန်တီးပြီးသည့်နောက်တွင် သက်ရှိများ မမွေးဖွားလာခင်အထိ အချိန်မြှင့်တင်ဖို့ လိုအပ်ခဲ့၏။ သူက ကမ္ဘာကို အရင်းအမြစ်ချီ နေရာလွတ်ဖြင့် ဆက်သွယ်ကာ ဝိညာဉ်ချီကို ထည့်သွင်းပြီး လူအများအား ကျင့်ကြံခွင့်ပြုထားသည်။

သူက ပုံရိပ်ယောင်ကို စေလွှတ်ကာ တာအိုအကြောင်း ဟောပြောပို့ချခဲ့ပြီး ထိုကမ္ဘာရှိလူများအား မူလနည်းစနစ်ကို မိတ်ဆက်ပေးခဲ့သည်။ သို့သော်လည်း သူ့ဟောပြောပို့ချချက်က ဓားရေးတာအိုကို အလေးထားဟောပြောခဲ့၏။ သူ လက်ဆင့်ကမ်းပေးခဲ့သည့် အမွေအနှစ်အားလုံးက ဓားရေး ပညာရပ်များ ပါဝင်နေသည်။

ထို့အပြင် ဝမ်ဝေ့က ထိုကမ္ဘာ၏ ဓားတာအိုကို ကံကြမ္မာနှင့် ကံကောင်းမှုအမြင့်ဆုံး ချီးမြှင့်ထားခဲ့သည်။ ရလဒ်အနေဖြင့် တစ်ကမ္ဘာလုံးရှိ ကျင့်ကြံသူ ၉၅ရာခိုင်နှုန်းက ဓားသမားများ ဖြစ်ကြသည်။

နောက်ဆုံးတွင် သူက နှစ်သန်း ငါးရာကျော်ရှိအောင် အရှိန်မြှင့်တင်ခဲ့ပြီး ပါရမီရှင်များကို ကြီးထွားခွင့်ပြုထားကာ ဓားတာအိုကို ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။

“အစစ်အမှန် ကောင်းကင်အလိုဆန္ဒကမ္ဘာကို မဖန်တီးနိုင်တာတော့ နှမြောစရာပဲ” ဝမ်ဝေ့က သက်ပြင်းချကာ ပြောလိုက်၏။ သူက စံပြတစ်ယောက် ဖြစ်နေလျှင်ပင် လူများအား မသေနိုင်စွမ်းကို ချီးမြှင့်ပေးနိုင်သည့် ကောင်းကင်အလိုဆန္ဒ ကမ္ဘာကို ဖန်တီးနိုင်မည် မဟုတ်ကြောင်း သိထားသည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ကောင်းကင်အလိုဆန္ဒ စနစ်ကို အတုခိုးထားခဲ့၏။ မျိုးဆက်တစ်ခုချင်းစီတွင် ကမ္ဘာရှိ ဓားသမားအားလုံးက မိုးမြေမှ အသိအမှတ်ပြုထားသည့် ဓားနတ်ဘုရားဂုဏ်ပုဒ်အတွက် ယှဉ်ပြိုင်ကြရလိမ့်မည်။

ဝမ်ဝေ့က ကမ္ဘာ၏ အမြင့်ဆုံးသက်တမ်းကို နှစ်တစ်သန်း သတ်မှတ်ပေးထားပြီး နောက်ဆုံးရရှိသူက အပို နှစ်လေးသန်းရရှိမည် ဖြစ်၏။ ထိုကမ္ဘာရှိ ကျင့်ကြံသူများက မသေမျိုးဘဝကို ဂရုမစိုက်ကြသော်လည်း သူတို့ကြာကြာနေနိုင်လေလေ သူတို့၏ ဓားရေးကို ကျင့်ကြံဖို့ အချိန်ပိုများလာလေလေ ဖြစ်၏။

ဝမ်ဝေ့က ဓားနတ်ဘုရားများကြားတွင် မည်သူက ပိုအားကောင်းလဲသိစေဖို့ ပြိုင်ပွဲတစ်ခုကိုပင် ချန်ထားခဲ့သည်။ ဓားနတ်ဘုရားတိုင်းက သူတို့မသေဆုံးခင် ရောက်ရှိခဲ့သည့် ဓားတာအိုနှင့် သူတို့၏ စွမ်းအား အကုန်ထည့်သွင်းထားသည့် အမှတ်အသားတစ်ခုကို ဖွဲ့စည်းခဲ့ကြလိမ့်မည်။ ထို့နောက် ထိုအမှတ်အသားသည် ယခင်ဓားနတ်ဘုရားများနှင့် ယှဉ်နိုင်သည့် ပုံရိပ်ယောင်တစ်ခုကို ထုတ်လွှတ်ပြီး ဘယ်သူက အကောင်းဆုံးလဲနှင့် ဓားဧကရာဇ်ဂုဏ်ပုဒ်ကို မည်သူရရှိမလဲ ဆုံးဖြတ်ပေးနိုင်သည်။

“တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ ကမ္ဘာတစ်ခုပဲ” ဝမ်ထျန်းက အကြည့်များ တောက်ပလျက် ရေရွတ်လိုက်သည်။ ထိုကမ္ဘာက ဓားသမားအားလုံးအတွက် အိပ်မက်တစ်ခုသာ ဖြစ်၏။

“ဝေ့အာ မွေးဖွားတုန်းကတောင် ဒီလောက်ပျော်တာ မမြင်ခဲ့ဖူးဘူး” ယုယန်က အန္တရာယ်များသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဇနီးလေးက ကိုယ့်ကို အထင်မှားနေပါပြီ” ဝမ်ထျန်းက အလျင်အမြန် ပြောလိုက်ရသည်။

တစ်ခါတစ်ရံတွင် သူမအနေနှင့် သူသည် သူမထက် ဓားရေးကို ပိုမိုချစ်မြတ်နိုးသည်လားဟု စဉ်းစားမိ၏။ ထိုအကြောင်းကို တွေးမိသည့်အခါ သူ့ကို ရက်နည်းနည်း အေးစက်စက် ဆက်ဆံဖို့သာ ဆုံးဖြတ်လိုက်သည်။

“ဒီကမ္ဘာနဲ့ပတ်သက်ပြီး ကျေနပ်ရဲ့လား” ဝမ်ဝေ့က သူ့အဖေ ပြဿနာမတတ်စေရန် ခေါင်းစဉ်လွှဲကာ ပြောလိုက်၏။

“ကျေနပ်တာထက် ပိုတာပေါ့။ ဒါပေမဲ့ နှစ်သန်းငါးရာက နည်းလွန်းသလိုပဲ။ ထပ်ပြီးတော့ အချိန်ချဲ့နိုင်သေးလား” ဝမ်ထျန်းက ကမ္ဘာအား ပိုမိုဖွံ့ဖြိုးပြီး ဓားနတ်ဘုရားများစွာ ရှိဖို့ လိုချင်မိသည်။ ထို့နောက် သူက သူ့လူဝင်စားများကို စေလွှတ်သည့်အခါ ဓားဧကရာဇ်ရာထူးအတွက် ယှဉ်ပြိုင်သူများစွာ ရှိလာလိမ့်မည်။

သို့သော်လည်း ဝမ်ဝေ့က ခေါင်းခါလိုက်ပြီး “အဖေ လက်ရှိအခြေအနေအတွက် အဖေအတွက် ထူးခြားမှုတွေကို ပြင်ဆင်ပြီးသွားပြီ။ အဲဒါဆိုတော့ အခုမှပြောင်းရင် သိပ်မလွယ်ဘူး”

“ထူးခြားမှုတဲ့လား”

“အဖေ့အတွက် ထူးကဲပြီး ပါရမီထူးချွန်တဲ့ ဓားသမားတွေကို ဖန်တီးပေးထားတယ်”

ဝမ်ဝေ့က များစွာ ရှင်းမပြခဲ့ပေ။ သူက ယခင်ဘဝမှ ဇာတ်ကောင်များကို ထိုကမ္ဘာအတွင်း ထည့်သွင်းထားခဲ့သည်။ ထို့ကြောင့် သူ့အဖေက အဖြူရောင်ဝတ်ရုံ ဝတ်ဆင်သည့် အေးစက်ကာ ရက်စက်သည့် ဓားသမား ရှီမန်ချွန်းရွှယ်နှင့် တိုက်ခိုက်ရလိမ့်မည်။

ထို့အပြင် တုကူဓား ၉စင်း ကျင့်စဉ်၏ ဖန်တီးသူ တုကူချိုးပိုင်လည်း ရှိ၏။ တုကူချိုးပိုင်က သူ့ဘဝတစ်လျှောက်လုံး အထီးကျန်ကာ ပြိုင်ဘက်ကင်းခဲ့ပြီး သူ့နာမည်က ရှုံးနိမ့်မှုကို ရှာဖွေနေခြင်းဟု အဓိပ္ပာယ်ရသည်။

ထို့အပြင် သူရဲကောင်း ဝူမင် သို့မဟုတ် အမည်မရှိလည်း ရှိသေးသည်။ ထိုသူက ဝတ္ထုနှင့် ရုပ်ပြများထဲမှ ဓားသမားတစ်ယောက် ဖြစ်၏။ ထို့အပြင် သူ၏ ကဗျာစပ်မှုနှင့် ဓားရေးကြောင့်‌ ကျော်ကြားသည့် အင်မော်တယ်ဓားသမား လီပိုင်လည်း ရှိသေးသည်။

ယေဘုယျအားဖြင့် ဝမ်ဝေ့သည် သူ့ယခင်ဘဝမှ လူများကို လိုက်၍ ဇာတ်ကောင်များစွာကို ဖန်တီးထားခဲ့ကာ သူတို့နှင့် သင့်တော်သည့် နည်းစနစ်ကို ဖန်တီးဖို့ ခွင့်ပြုပေးထားခဲ့သည်။

“ငါတော့ တော်တော်လေး သိချင်နေပြီ။ ဒါနဲ့ အဲဒီဓားသမားတချို့ကို ငါတို့ဂိုဏ်းအတွက် ခေါ်လို့ရလား” ဝမ်ထျန်းက မေးလိုက်၏။

“အဲ့လိုမဖြစ်နိုင်လောက်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒီဓားနတ်ဘုရားတွေကို ခေါ်ဖို့ ကြိုးစားကြည့်ပေမဲ့ မိုးမြေရဲ့ လျှို့ဝှက်စက်ယန္တရားတစ်ခုကို အသက်သွင်းလိုက်မိတယ်။ ကောင်းကင်ဘုံအဆင့်၊ စံပြနဲ့ တာအိုအုပ်စိုးသူတွေကပဲ အဲဒီကမ္ဘာနဲ့ အပြင်ဘက်မှာလည်း နေနိုင်တဲ့ ပြီးပြည့်စုံတဲ့ သက်ရှိကို ဖန်တီးနိုင်တာလေ”

ဝမ်ဝေ့ ဖန်တီးထားသည့် ကမ္ဘာတစ်ခုက ပြီးပြည့်စုံလွန်းပြီး မျှခြေ မညီသည့်အတွက် အစစ်အမှန်ကောင်းကင်တာအိုက သူတို့အား အပြင်ဘက်သို့ ပေါ်ထွက်လာမှုကို တားဆီးထားလိမ့်မည်။

“အဲဒါဆို ခြွင်းချက်ရော ရှိသေးလား” ယုယန်က မေးလိုက်သည်။

“ဖန်ဆင်းခြင်း တာအို။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် ကိစ္စ‌တွေက အဲ့လောက် ရိုးရှင်းမှာတော မဟုတ်ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“အဲဒါဆိုရင်တော့ အဲ့လိုတော့ ခန့်မှန်းမိပါတယ်လေ”

ဝမ်ဝေ့က တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲတွင် တစ်ခုခု အာရုံခံမိလိုက်၏။

“အဘိုး သီးသန့်ကျင့်ကြံရာက ထွက်လာပြီ” သူက ရေရွတ်ကာ တစ်နေရာကို လှမ်းကြည့်လိုက်၏။

All Chapters