← Chapters

သေမျိုးများ၏ မြင့်တက်လာမှု

Vol. 67 Ch. 935

သေမျိုးများ၏ မြင့်တက်လာမှု

Vol. 67 Ch. 935

“ကိစ္စမရှိပါဘူး” ဝမ်ချန်က ပြောလိုက်သည်။ သူက နေမင်း၉စင်း ဧကရာဇ်ကို အနိုင်ယူနိုင်သရွေ့ သူ့တာအိုနှလုံးသားရှိ နောက်ဆုံးပြစ်ချက်ကို ပြင်ဆင်နိုင်လိမ့်မည်။ ထိုအခါ သူက ပြန်လည်ဝင်စားနိုင်ပြီး သူ့သားနှင့် မြေးလိုမျိုး ပြိုင်ဘက်ကင်း ပါရမီမျိုး ရှိဖို့ရာ မျှော်လင့်နိုင်သည်။ သူ့မြေးလောက် မဖြစ်နိုင်သော်လည်း သူ့သားလောက် ပါရမီရှိလျှင်မူ ကျေနပ်နေပြီ ဖြစ်၏။

ထို့နောက် သူက ပလ္လင်ပေါ် ထိုင်ကာ ကောင်းကင်ဧကရာဇ်ဖြစ်လာပြီး အသင်္ချေကမ္ဘာနှင့် မျိုးနွယ်အားလုံးကို ငုံ့ကြည့်ကာ တာအိုအခွင့်အလမ်းဂိုဏ်းထံ ဂုဏ်ကျက်သရေနှင့် ကံကောင်းမှုကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်။

ထိုအခါ အရာအားလုံးသာ အဆင်ပြေချောမွေ့နေပါက သူ့ဇနီးကို ပြန်လည်မြင်တွေ့နိုင်၏။ ထိုအခွင့်အရေးက သေးငယ်လွန်းလှသော်လည်း ဘာမှမရှိသည်ထက်ပို၍ ကောင်းပေသည်။

“ဒါနဲ့ နေမင်း၉စင်းကို ရှာဖို့ နည်းလမ်းရှိပြီလား” ဝမ်ချန်က မေးလိုက်သည်။

“ရှိပြီ။ သူ့သားဖြစ်သူက အကာအကွယ်ပေးခံရဖို့ ကျွန်တော်နဲ့ အပေးအယူ လာလုပ်သွားတယ်လေ။ အပြန်အလှန်အနေနဲ့ သူက သူ့အဖေရဲ့ သတင်းအချက်အလက်တွေကို ရောင်းစားခဲ့တယ်။ သူတို့ရဲ့ သွေးမျိုးဆက်ကနေ သူ့ကို ဒိုင်မေးရှင်းအမြင့်မှာ ရှာဖို့ ကူညီပေးနိုင်တယ်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်၏။

“နေမင်း၉စင်း ဧကရာဇ်က အဲဒီကပ်ပါးတွေနဲ့ တစ်ဖက်တည်းဆိုရင်တောင် အံ့ဩမိမယ်မထင်ဘူး” ဝမ်ထျန်းက ပြောလိုက်သည်။

ဝမ်ဝေ့က သူ့အဖေ၏ စကားကို သဘောမတူပေ။ နေမင်း၉စင်း၏ အခြေအနေအတိအကျကို မသိရသေးပေ။ သူက အတင်းအကြပ် ဖိအားပေးခံရ၍ သူတို့ဘက်ကို ရောက်ရှိသွားကာ သူတို့အပေါ် တိတ်တဆိတ် ကြံစည်နေခဲ့သည်လား သို့မဟုတ် သူ့အသက်အတွက် အစစ်အမှန် ဗီလိန်တစ်ယောက် ဖြစ်သွားခဲ့သည်လား မသိရပေ။

သူက သူ့အဘိုး၏ မျိုးဆက်အတွင်း အဖြစ်အပျက်ကြောင့် ထိုသူကို မကောင်းမြင်မည် မဟုတ်ပေ။ ဆက်တိုက်ဆိုသလို သူက သနားမှုမျိုးလည်း ရှိမည် မဟုတ်ပေ။ သူ့အဘိုးက သူ့တာအိုနှလုံးသားကို ကုစားဖို့ ထိုသူ့ကို အနိုင်ယူဖို့သာ လိုအပ်၏။ ထို့ကြောင့် နေမင်း၉စင်းက ရှုံးနိမ့်ခြင်း သို့မဟုတ် သေဆုံးခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။

“အဲ့အကြောင်းကို မပြောဘဲ နေရအောင်။” ဝမ်ချန်က ပြောလိုက်၍ အားလုံးက ခေါင်းစဉ်လွှဲကာ ပြောလိုက်ကြသည်။

“ဝေ့အာက အခု သီးသန့်ကျင့်ကြံရာကနေ ထွက်လာပြီဆိုတော့ အမေ့အတွက် မိသားစုကို ပြန်ဖို့ အချိန်ကျလာပြီလား” ယုယန်က စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

“အခုကတော့ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ အမှန်ပဲ။” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သူက ဤအလွှာရှိ သေမျိုးများ၏ ဉာဏ်ရည်ကို ဖွင့်ထားပြီးပြီဖြစ်ကာ သူ့အမေ၏ တာအိုသက်သေပြ နည်းလမ်းအတွက် အချိန်ကောင်း ဖြစ်ပေသည်။

“ဒါပေမဲ့ အလျင်လိုဖို့ မလိုပါဘူး။ လီကျွင်းနဲ့ ယန်းလီလင်း ဧကရာဇ်ဖြစ်လာတဲ့အထိ စောင့်ရအောင်” ထိုအရာက ပြီးပြည့်စုံသည့်အချိန်ဖြစ်သော်လည်း သူက သူ့မိသားစုကို မြန်မြန်ဆန်ဆန် မခွဲခွာလိုပေ။

“ဒါက အစီအစဉ်အပေါ် သက်ရောက်မှု ဖြစ်လာနိုင်လား”

“အဲဒီအကြောင်း မစိုးရိမ်ပါနဲ့” ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။

“ကျွန်တော်တို့တွေ လှည့်ဖျားရေးနည်းလမ်းနဲ့ တာအိုသက်သေပြဖို့ သုံးနိုင်တယ်”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ” ယုယန်က ခေါင်းညိတ်လိုက်၏။

ဝမ်ဝေ့က မိသားစုနှင့်အတူ တစ်ရက်တာလုံးကို ကုန်ဆုံးခဲ့၏။ နောက်တစ်ရက်တွင် သူက သူ့အချိန်စာရင်းတွင် လုပ်ရမည့် ကိစ္စနှစ်ခု ရှိနေသည်။ ပထမတစ်ခုက သူ့ဘိုးဘေး ဝမ်ဝူချန်နှင့် စကားပြောဖို့ရာ ဖြစ်သော်လည်း ထိုသူက သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေသည့်အတွက် ပြန်လည်ထွက်ပေါ်လာဖို့ နှစ်ဒါဇင်ချီ ကြာမြင့်လိမ့်မည်။ ထို့ကြောင့် ဝမ်ဝေ့က ဒုတိယကိစ္စကိုသာ အာရုံစိုက်ထားလိုက်၏။

သူက ဂိုဏ်းမှ ထွက်မသွားဘဲ ကိုယ်ပျောက် ပုံရိပ်ယောင်တစ်ခုကို အလယ်ပိုင်းကုန်းမြေဆီ စေလွှတ်လိုက်၏။ သူ့ပထမဆုံးဦးတည်ရာက ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်၏ ပိုင်နက်ဖြစ်ပြီး သူက သေမျိုးအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို စစ်ဆေးကြည့်ချင်သည်။

ဒုတိယခုံရုံးအစည်းအဝေး ပြီးကတည်းက နှစ် ၇၀၀ ကုန်ဆုံးသွားပြီဖြစ်ကာ တတိယမြောက် အစည်းအဝေး မတိုင်ခင် နှစ်၃၀၀မျှသာ ကျန်ရှိတော့သည်။ ဤသည်က သူတို့အနေဖြင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ ပုံစံအတိုင်း လိုက်ကူးယူနေသည့်အတွက် စိတ်ဝိညာဉ်သင်္ကေတ အဖွဲ့အစည်းကို တည်ထောင်ဖို့ရာအတွက် လုံလောက်သည်ထက် ပိုပေသည်။

ဝမ်ဝေ့က အနက်ရောင်စင်းကျားမြို့ဟု ခေါ်သည့်နေရာသို့ ရောက်ရှိလာသည့်အခါ ထူးဆန်းသည့် မလိုက်ဖက်မှုတစ်ခုကို ခံစားမိလိုက်သည်။ သူက ကား၊ လေယာဉ်ပျံ၊ ရထားနှင့် အများသုံးယာဉ်ကဲ့သို့ ယာဉ်များစွာနှင့် ခေတ်ဆန်သည့် သဘောတရားများစွာကို မြင်တွေ့လိုက်ရသည်။ သူက ရထားလုံးပျံများ ရှိနေသည့်လူများကိုပင် မြင်တွေ့လိုက်ရ၏။

သို့သော်လည်း သူ့ခေတ်သစ်ကမ္ဘာမြေအမြင်အရ အားလုံးသည် ဆံပင်ရှည်ရှည်နှင့် ရှေးဟောင်းဝတ်စုံများကို ဝတ်ဆင်ထားပြီး ရှေးလူများကဲ့သို့ ပြောဆိုနေကြသည်။

ရှေးလူတွေက ခေတ်ဆန်လွန်းတဲ့ နည်းပညာကို ရုတ်တရက် ဖွံ့ဖြိုးတိုးတက်သွားပေမဲ့ ဒီနည်းပညာတွေက ရှေးကျနေသလိုမျိုးပဲ…

ဝမ်ဝေ့က ခေါင်းခါကာ တွေးလိုက်သည်။

ဝမ်ဝေ့က အားလုံးတွင် တူညီနေသည့် အချက်တစ်ချက်ကို သတိထားမိလိုက်၏။ သူတို့၏ လက်ကောက်ဝတ်အထက်တွင် လက်ကောက်တစ်ကွင်းစီ ရှိနေကြ၏။ လမ်းကို ဖြတ်ကူးသွားသည့် လူငယ်လေးတစ်ဦးက သူ့လက်ကောက်ကို ထိလိုက်သည့်အချိန် သူ့ရှေ့တွင် သုံးဖက်မြင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သူက တစ်စုံတစ်ခုကို ဖတ်လိုက်ဟန်ဖြင့် သူ့မျက်နှာအထက် အပြုံးတစ်ခု ပေါ်ထွက်လာလေ၏။ ထို့နောက် သူက ထိုသုံးဖက်မြင်ပိတ်ကားချပ်ကို ထိတွေ့ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။

ဝမ်ဝေ့က ထိုပိတ်ကားချပ်ကို ကြည့်ကာ ပြောဆိုနေသူတစ်ဦးကိုလည်း ‌မြင်လိုက်ရသည်။ ထူးဆန်းစွာဖြင့် သူတို့၏ပါးစပ်မှ ဘာအသံမှ ထွက်မလာပေ။ အနားတွင် ရပ်နေသည့်သူကပင် သူတို့ပြောနေသည့်အရာကို ကြားရဟန်မပေါ်ပေ။

သူတို့က အဆောင်ဆက်သွယ်ရေးကို ဒီလောက်ထိ တိုးမြှင့်နိုင်ခဲ့တာလား။ မဆိုးဘူးပဲ…

ဝမ်ဝေ့က မှတ်ချက် ပေးပြီးသည့်နောက်တွင် အဝေးသို့ လျှောက်လှမ်းသွားလိုက်သည်။ သူက မြို့တော်အတွင်း သွားကြည့်ကာ စာကြည့်တိုက်များစွာကို သတိထားမိခဲ့၏။

ကောင်းတယ်…

သူက တွေးလိုက်မိသည်။ အတိတ်တုန်းက ဆွေကြီးမျိုးကြီး သေမျိုးများက လူတန်းစားအနိမ့်ကို ထိန်းချုပ်ဖို့ နည်းလမ်းအနေဖြင့် ဗဟုသုတများကို လက်ဝါးကြီးအုပ်ကာ အသုံးပြုကြသည်။ ယခုအခါ ဗဟုသုတက လူအားလုံးထံ ရရှိနေပြီ ဖြစ်၏။

သူက ဆက်လက် လျှောက်လှမ်းလာစဉ် လူအများက စိတ်လှုပ်ရှားစွာ ပြောဆိုနေသည်ကို ကြားလိုက်ရသည်။

“မင်း ကြားပြီးသွားပြီလား”

“ဘာကိစ္စလဲ”

“ကျင့်ကြံသူတစ်ယောက်က ကျောင်းတော်မှာ စိတ်ဝိညာဉ်သင်္ကေတအကြောင်း ဟောပြောပို့ချပေးမှာတဲ့”

“မင်းက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ။ အရင်လကလည်း တစ်ယောက်ရှိခဲ့တယ်မဟုတ်ဘူးလား”

“ဒါပေါ့” ၃ယောက်အဖွဲ့၏ တတိယလူက ပြောလိုက်သည်။

“ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ပိုင်နက်နဲ့ အမှီလိုက်ဖို့ ကြိုးစားနေတာလို့ ကြားတယ်။ အဲဒါကြောင့် ကျင့်ကြံသူအများကြီးက နှစ်ရာချီအတွင်းမှာ သင်ခန်းစာတွေ လာပြီးဟောပြောပို့ချပြီးတော့ ငါတို့အဖွဲ့အစည်းကို မြှင့်တင်ဖို့ ကြိုးစားနေကြတာလေ”

“မင်းတို့ကောင်တွေက နားမလည်သေးပါဘူး” ပထမလူက ပြောလိုက်သည်။

“ငါ့ရဲ့ သတင်းအချက်အလက်အရတော့ အခု ဟောပြောပို့ချမဲ့သူက ဧကရာဇ်တစ်ပိုင်းအဆင့်ဖြစ်ပြီးတော့ အဂ္ဂိရတ်ပညာရှင်တဲ့”

ဧကရာဇ်တစ်ပိုင်းအဆင့်ဟူသော စကားကို ကြားကာ နှစ်ဦးသားက အားကျမှုနှင့် အကြောက်တရားကို ပြသလိုက်ကြသည်။ လက်ရှိ သတင်းအချက်အလက်ခေတ်ကာလတွင် အားလုံးက ကျင့်ကြံသူများ၏ တည်ရှိမှုနှင့် သူတို့ ဘယ်လောက် အားကောင်းကြောင်း သိထားကြ၏။ ထို့ကြောင့် သူတို့က ထိုပုဂ္ဂိုလ်၏ လုပ်ရည်ကိုင်ရည်ကို နားလည်ထားကြသည်။

“အဂ္ဂိရတ်ပညာရှင်တဲ့လား။ ဒီလိုကျင့်ကြံသူမျိုးက အံ့ဖွယ်သင်္ကေတတွေကို နက်နက်နဲနဲ နားလည်ထားမှာပဲ။ သူတို့ရဲ့ ရှင်းပြမှုက အတော်လေးကို နက်နဲလောက်တယ်”

သုံးယောက်သားက သူတို့၏ ဝိညာဉ်စွမ်းအားကြောင့် ထူးကဲသေမျိုးအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် သူတို့က ငယ်ငယ်ရွယ်ရွယ်ဖြင့် စာသင်ကျောင်းသို့ တက်ရောက်ကာ သူတို့၏ အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ရည်ရွယ်ချက်ဖြင့် စိတ်ဝိညာဉ်သင်္ကေတများအကြောင်း သင်ယူခဲ့ကြသည်။

“အဲဒါကြောင့် ငါ စိတ်လှုပ်ရှားနေတာပေါ့”

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ ဒီသင်ခန်းစာကို တက်ရမယ်။ အမှောင်ဈေးကွက်ကနေ လက်မှတ် ဝယ်ရတယ်ဆိုရင်တောင် တက်ရမယ်”

“အမှန်ပဲ” တစ်ယောက်က စိုးရိမ်နေသည့် အမူအရာမျိုးရှိနေသည်။

“အရင်တစ်လကလိုမျိုး မြောက်ဖက်ပိုင်းက လူရိုင်းတစ်ယောက်ကနေ ဒီသင်ခန်းစာအပေါ် သက်ရောက်မှု မဖြစ်ရင် ကောင်းလိမ့်မယ်”

တခြားသူများ၏ မျက်နှာထားကလည်း ပြောင်းလဲသွားကြသည်။

“ငါတို့က အများရှေ့မှာဆို အဲ့စကားတွေ မပြောနဲ့”

အဖွဲ့က တစ်ယောက်ယောက် ကြားသွားလားဟု ဘေးပတ်လည်ကို ကြည့်လိုက်ကြပြီးသည့်နောက်တွင် သူတို့၏ ဦးတည်ရာသို့ အလျင်အမြန် ပြေးသွားကြသည်။

ဝမ်ဝေ့က သူတို့အား တည်တည်ငြိမ်ငြိမ်ဖြင့်သာ ကြည့်နေလေ၏။ ထို့နောက် သူက ဆက်လက် လျှောက်သွားလိုက်သည်။

သူက မှတ်တမ်းဇာတ်ကြောင်းကို သွားကြည့်ခဲ့သည်။ သူက အချစ်ဇာတ်ကြောင်းကို ရွေးချယ်ခဲ့၏။ သူက နိမ့်ကျသည့် ပုံရိပ်ယောင်ကို ထိုးဖောက်မြင်နေသည့်အတွက် သူ့စိတ်ကို ပိတ်ဆို့လိုက်ပြီး ဇာတ်လမ်းကို ကြည့်ရှုခဲ့သည်။

သို့သော်လည်း ဝမ်ဝေ့က သူ့အပြုမူကို နောင်တရသွားခဲ့၏။ ထိုဇာတ်လမ်းက အဓိကဇာတ်ကောင်သည် သူ့ချစ်ရသူကို ဆုံးရှုံးလိုက်ရပြီး သူ့တစ်ဘဝလုံး တောအုပ်အတွင်း နေထိုင်ဖို့ ဆုံးဖြတ်လိုက်သည့် ဇာတ်ကြောင်း ဖြစ်နေသည်။ ထိုဇာတ်ကြောင်းက ဝူဟုန်ကို ပြန်လည်အမှတ်ရလာစေ၏။ သူက သူတို့နောက်ဆုံးတွေ့စဉ်အခါက ဇာတ်လမ်း သွားကြည့်ခဲ့ဖူးသည်။ ထို့ကြောင့် သူက ရုပ်ရှင်ရုံမှ ထွက်လာပြီးသည့်နောက်တွင် စိတ်ဓာတ်ကျနေမိ၏။

“ဆိုးရွားတဲ့ ရုပ်ရှင်ပဲ။ ငါ ဒါကို မှတ်ချက်ဆိုး ပေးပစ်ဦးမယ်”

သူ့စိတ်ထဲမှ ကပ်သီးကပ်ဖဲ့နိုင်မှုက အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် သူက မြို့ထဲရှိ အကောင်းဆုံး ပုံနှိပ်တိုက်ဆီ သွားကာ ထုတ်လာမည့် သတင်းစာ အသစ်ထဲတွင် ဇာတ်လမ်း၏ မှတ်ချက်ဆိုးကို ရေးသားဖို့ တည်းဖြတ်သူခေါင်းဆောင်ကို တိတ်တဆိတ် လွှမ်းမိုးခဲ့သည်။

“အခု ပိုကောင်းသွားပြီ” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သူ့စိတ်အခြေအနေက သိသိသာသာ တိုးတက်လာခဲ့သည်။ သူက စွမ်းအားကြီး ကောင်းကင်ဧကရာဇ်သည် ကပ်သီးကပ်ဖဲ့နိုင်သည်ကို မြင်တွေ့ခံရမည်ကို စိုးရိမ်ခြင်း မရှိသလို ထိုဇာတ်လမ်း၏ ဖန်တီးသူက ကောင်းကင်ဧကရာဇ်သည် သူတို့ဇာတ်လမ်းကို မကြိုက်ကြောင်း သိသွားလျှင် ဖြစ်လာမည့် အကျိုးဆက်ကိုလည်း ဂရုမစိုက်ပေ။

ထို့နောက် ဝမ်ဝေ့က ဆက်လက် သွားလာလိုက်သည်။ သူက အနီးအနားရှိ ဗိမာန်ကို သွားရောက်ခဲ့၏။ ဗိမာန်၏ အလယ်တွင် ရုပ်ထု ငါးခု ရှိနေပြီး ပင်မတစ်ခုက ရှုရှစ် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

လူများစွာက ဗိမာန်အတွင်း ဝင်ရောက်ကာ ကိုးကွယ်ယုံကြည်ကြပြီး ကောင်းချီးအတွက် တောင်းဆိုနေကြသည်။ အများစုက သူတို့၏ မျိုးဆက်သည် ထူးကဲသေမျိုးအဖြစ် မွေးဖွားလာဖို့ မျှော်လင့်နေကြ၏။

သူတို့က ငါ့အတွက် ဝေစု ချန်ထားလောက်အောင် ဉာဏ်ကောင်းတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဗိမာန်တွင် သူ့ရုပ်ထု မရှိထားသော်လည်း သူနှင့် ခုံရုံးအကြောင်း ညွှန်းဆိုထားသည့် အရာများစွာ ရှိနေသည်။ ထို့ကြောင့် သေမျိုးများစွာက ရှုရှစ်နှင့် ကျောင်းတော်မှ တခြားသော နတ်ဘုရားများအစား သူ့ထံ ဆုတောင်းကြလေသည်။

ထို့အပြင် သူက ကမ္ဘာတွင် နာမည်အကြီးဆုံး နတ်ဘုရားတစ်ပါး ဖြစ်၏။ သေမျိုးအများစုက ဘာသာရေး ကိုင်းရှိုင်းကြသည် မဟုတ်သော်လည်း နတ်ဘုရားများကို သူတို့၏ စွမ်းအားနှင့် တည်ရှိမှုကြောင့် လေးစားကြလေသည်။ ထို့ကြောင့် သူတို့က နတ်ဘုရားအကြောင်း စဉ်းစားမိသည့်အချိန်တိုင်း စိတ်ထဲတွင် ဝင်ရောက်လာသည်က အားအကောင်းဆုံးဖြစ်သည့် ကောင်းကင်ဧကရာဇ် ဖြစ်သည်။

တခြားနယ်မြေတွေကိုလည်း စစ်ဆေးကြည့်ရအောင်…

ဝမ်ဝေ့က သေမျိုးများအတွက် ကူးသန်းရေးဂိတ်ပေါက်ဆီ ဦးတည်လိုက်သည်။ သူက တခြားနယ်မြေတစ်ခုဆီ သွားလာဖို့ လက်မှတ်ကို မဝယ်ခင် အမှတ်အသားပြား တစ်ခုကို ဖန်တီးလိုက်၏။

ဈေးကြီးလိုက်တာ…

သူ့ဂိုဏ်း၏ ပိုင်နက်အတွင်း သေမျိုးများက နေရာလွတ်ခွဲကို အသုံးပြုဖို့ များများစားစား ပေးချေစရာ မလိုအပ်ပေ။ သို့သော်လည်း နားလည်လို့ ရပေသည်။ တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့၏ သေမျိုးအဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်လာသည်မှာ နှစ်သုံးသိန်းကျော် ကြာမြင့်ပြီဖြစ်သည့်အတွက် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထိုအင်အားစုများက နှစ် ၇၀၀ မျှသာ ဖွံ့ဖြိုးတိုးတက်သေးပြီး အမှီလိုက်နိုင်ဖို့ ကြိုးစားနေသည့်အတွက် သူတို့က နောက်ကောက်ကျကျန်နေရသည့် အကြောင်းအရင်းကို နားလည်ဖို့ရာ မခက်ခဲလှပေ။

All Chapters