← Chapters

သေမျိုးများ၏ မြင့်တက်လာမှု နောက်ဆုံးအပိုင်း

Vol. 67 Ch. 938

သေမျိုးများ၏ မြင့်တက်လာမှု နောက်ဆုံးအပိုင်း

Vol. 67 Ch. 938

နောက်ဆုံးတွင် ဝမ်ဝေ့က မြောက်ပိုင်းသို့ ရောက်ရှိလာကာ ကွဲပြားမှုကို ချက်ချင်းသတိထားမိခဲ့သည်။ သဘာဝရှိ ဝိညာဉ်စွမ်းအားက ဖြစ်သင့်သလောက် လျော့နည်းနေခြင်း မရှိပေ။ ထိုအရာက ကုန်းမြေလေးခုအနက် အားအနည်းဆုံးဖြစ်သည့် အနောက်ပိုင်းနှင့် တူညီသည့်အဆင့်သို့ မရောက်သေးသော်လည်း လေလွင့်ကျင့်ကြံသူအများစု နေထိုင်ရာ ပြန့်ကျဲနေသည့် ကျွန်းများထက် များပြားခြင်း မရှိပေ။

မြောက်ပိုင်းကုန်းမြေက ယခုအခါ ကျင့်ကြံရေးနေရာတစ်ခု ဖြစ်လာခဲ့သည်။ အောင်းရှန်ကို ကာကွယ်သူအနေဖြင့် နတ်ဆိုးမျိုးနွယ်သည် တခြားအင်အားစုများကို မောင်းထုတ်ဖို့ရာအတွက် တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် မှီခိုစရာ မလိုတော့သလို မြောက်ပိုင်း၏ အခြေအနေများမှ ကာကွယ်ပေးဖို့လည်း မလိုအပ်တော့ပေ။

နတ်ဆိုးမျိုးနွယ်က စည်ပင်ကြွယ်ဝတဲ့ ခေတ်ကာလကို ရောက်နေပြီ။ တစ်ခုတည်းသော ပြဿနာက အောင်းရှန်က သူတို့ရဲ့ ဒီလိုကြွယ်ဝမှုကို ထိန်းသိမ်းထားနိုင်ဖို့ အုတ်မြစ်ကို ချန်ထားခဲ့နိုင်မလားဆိုတာပဲ…

ဝမ်ဝေ့က မြောက်ပိုင်းကို လျှောက်မသွားခင် တွေးလိုက်မိသည်။

သူ ပထမဆုံး သတိထားမိသည်က လူသားတစ်ယောက်သည် နတ်ဆိုးတစ်ကောင်နှင့် အတူတူလျှောက်လှမ်းလာခြင်း ဖြစ်၏။ မြင်းပျံရထားလုံး၊ နဂါးတွားသွားယာဉ်နှင့် ဇာမဏီဝဲပျံယာဉ်တို့ကိုပင် လူသားနှင့် နတ်ဆိုးများ နှစ်ခုလုံး ပါဝင်အောင် ပုံဖော်ထားသည်။

စိတ်ဝင်စားစရာပဲ…

ဝမ်ဝေ့က မြောက်ပိုင်း၏ အခြေအနေကို ခန့်မှန်းမိလိုက်၏။ သူက လူသားများအတွက် စာသင်ကျောင်းကို သွားရောက်ခဲ့သည်။ ယနေ့ ဆယ်နှစ်အရွယ် ကလေးများအတွက် ထူးကဲသည့်နေ့တစ်ရက် ဖြစ်နေသည်။ အားလုံးက စိတ်လှုပ်ရှားကာ ဆရာပင် ဘာမှမပြောနိုင်လောက်အောင် တရစပ် ပြောဆိုနေကြသည်။

နေရာတိုင်းတွင် နိုးထခြင်းအခမ်းအနားအကြောင်း ပြောနေပြီး ဝမ်ဝေ့က ဝင်ရောက်မစွက်ဖက်ဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေသည်။ အချိန်ကျရောက်လာသည့်အခါ ကလေးများက စာသင်ကျောင်းရှိ အားကစားရုံအတွင်း ဦးတည်ဝင်ရောက်သွားကြသည်။

အလယ်တွင် ကြမ်းပြင်ပေါ် ရေးထွင်းထားသည့် ဧရာမအစီအရင် တစ်ခု ရှိနေလေ၏။ လူကြီးတစ်ယောက်က ပထမဆုံးကလေးငယ်ကို အစီအရင်အလယ်သို့ ခေါ်ဆောင်လိုက်သည်။ ထိုကလေးက စိတ်လှုပ်ရှားနေဟန်ပေါ်၏။ သူက အလယ်တွင် ရပ်ကာ စောင့်ဆိုင်းနေသည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် တောက်ပသည့် အလင်းတန်းက အစီအရင်ကို လွှမ်းခြုံသွားပြီး သူ့ဘေးတွင် သတ္တဝါတစ်ကောင် ပေါ်ထွက်လာ၏။ ထိုအရာက သွေးမျိုးဆက် နိုးထလာကာစဖြစ်သည့် နတ်ဆိုးသားရဲ လေဟုန်ယုန်တစ်ကောင် ဖြစ်ပေသည်။ ထိုယုန်က ဘေးပတ်လည်ကို ကြည့်နေသည်။ ထိုအရာက နတ်ဆိုးစာသင်ကျောင်းမှ ဖြစ်သည့်အတွက် လူသားများကို အလွယ်တကူ မတိုက်ခိုက်ရမှန်း သိထားသည်။

အစီအရင်က တောက်ပသည့် အလင်းတန်းများ ဆက်လက်ထုတ်လွှတ်နေ၏။ နောက်ဆုံးတွင် လေဟုန်ယုန်၏ နဖူးနှင့် ကလေး၏ ညာဖက်လက်တွင် အမှတ်အသားတစ်ခုစီ ပေါ်ထွက်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို ယုန်၏ မျက်ဝန်းအထက် စိတ်ရှုပ်ထွေးနေသည့် အမူအရာက ပျောက်ကွယ်သွားကာ ဉာဏ်ရှိသည့် အကြည့်မျိုး အစားထိုးဝင်ရောက်လာသည်။

ထိုစဉ် ကလေးက စိတ်လှုပ်ရှားစွာဖြင့် ခုန်လိုက်သည်။ သူက လေထဲ ဆယ်မီတာအမြင့်ကို အသာလေး ခုန်လိုက်နိုင်၏။

“လိန်ဖန် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်” အခမ်းအနားကို တာဝန်ယူထားသည့် ဆရာက အော်ပြောလိုက်သည်။ ထို့နောက် နောက်ကလေး တစ်ယောက် ပေါ်ထွက်လာသည်။ သူ့ရှေ့တွင် သတ္တဝါတစ်ကောင် ပေါ်ထွက်လာပြီး အပြာရောင်မျက်ဝန်း ရှိထားသည့် ကျီးတစ်ကောင် ဖြစ်၏။

အမှတ်အသားက ထိုကလေး၏ လက်အပေါ် ပေါ်ထွက်လာသည့်အခါ သူ့ခန္ဓာကိုယ်မှ ဖိအားတစ်ခု ထုတ်လွှတ်လာပြီး ပတ်ဝန်းကျင် အာကာပြင်ကိုပင် တွန့်လိမ်သွားစေသည့် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာစေသည်။

“ရှဖူ စိတ်ပိုင်းဆိုင်ရာစွမ်းရည်” ဆရာက အော်ပြောလိုက်စဉ် လူများစွာက ကလေးကို အားကျစွာ ကြည့်လိုက်ကြသည်။ သူတို့က ထိုသူသည် အဆင့်အတန်းမြင့်မားသည့် ထူးကဲသေမျိုး တစ်ယောက်ဖြစ်လာမည်မှန်း သိလိုက်ကြ၏။ ဆရာက နောက်ထပ် ကလေးငယ်ကိုခေါ်ကာ သူမသည်လည်း ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် ရှိနေသည်။

ဝမ်ဝေ့၏ အကြည့်များ တောက်ပလာလေ၏။

လူသားနှင့်နတ်ဆိုးကြားက သဟဇာတဖြစ်တဲ့ ဆက်ဆံရေးတစ်ခုပဲ။ လူသားတွေက နတ်ဆိုးတွေဆီကနေ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်စွမ်းအားကို ရယူနိုင်ကြပြီးတော့ နတ်ဆိုးတွေကလည်း သူတို့ရဲ့ ဉာဏ်ရည်ကို မြှင့်တင်နိုင်ကြတယ်။ တကယ်ကို ကောင်းမွန်တဲ့ အဖွဲ့အစည်းပဲ…

ဝမ်ဝေ့က ထိုအဖွဲ့အစည်း၏ ဆိုးကျိုး၊ ကောင်းကျိုးများကို မြင်နိုင်သည်။ မြောက်ပိုင်းရှိ လူသားများက တခြားကုန်းမြေရှိ တခြားလူသားများထက် ပိုမိုအားကောင်းလာမည် ဖြစ်သည်။ အထူးသဖြင့် သိုင်းပညာကဏ္ဍတွင် ဖြစ်၏။ သူတို့က သက်တမ်းရှည်လျားမည် ဖြစ်ကာ သာမန်လူများက နှစ်၂၀၀အထိ နေထိုင်နိုင်စဉ် ထူးကဲသေမျိုးများက နှစ် ၃၅၀ထိ နေထိုင်နိုင်လိမ့်မည်။

သို့သော်လည်း သိသာသည့် ဆိုးကျိုးတစ်ခု ရှိနေလေသည်။ အကယ်၍ နတ်ဆိုးသာ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ပါက လူသားသည် ဆိုးဆိုးရွားရွား တန်ပြန်သက်ရောက်မှုကို ခံစားမည်ဖြစ်ကာ သေဆုံးနိုင်ချေ ၉၅ ရာခိုင်နှုန်း ရှိသည်။ အခြေအနေက နတ်ဆိုးများအတွက် ဆန့်ကျင်ဘက်ဖြစ်ကာ လူသားများက သက်တမ်းကြီး၍ မသေဆုံးမချင်း ဖြစ်၏။

အောင်းရှန်၏ နည်းလမ်းက တကယ်ကို ဖန်တီးဉာဏ်ကောင်းတာပဲ…

နတ်ဆိုးသားရဲ သို့မဟုတ် သန့်စင်သည့် သွေးမျိုးဆက်ရှိသည့် နတ်ဆိုးများက သေမျိုးများထံ မပိုင်ဆိုင်ကြပေ။ နတ်ဆိုးများ၏ သေမျိုးပုံစံက သူတို့၏ ဉာဏ်ပညာနှင့် သွေးမျိုးဆက်တို့ နိုးထလာခြင်းမရှိသည့် ပုံမှန်တိရစ္ဆာန်မျှသာ ဖြစ်၏။ ထို့ကြောင့် နတ်ဆိုးသားရဲများက သူတို့၏ သွေးမျိုးဆက်နှင့် ကျင့်ကြံသူဖြစ်သည့်အတွက် လူသားများအတွက် ရှည်လျားသည့် သက်တမ်းကို ပိုင်ဆိုင်ထားကြသည်။

ထို့ကြောင့် သူတို့၏ လူသားများနှင့် ဆက်နွယ်မှုထားရှိသည့် နတ်ဆိုးအများစုက သူတို့၏ တွဲဖက်ထက် အသက်ရှည်ရှည်နေနိုင်ကြလိမ့်မည်။ စာချုပ်ဖြင့် သူတို့၏ ဉာဏ်ရည်က တိုးမြင့်လာမည်ဖြစ်ကာ အစောပိုင်းအဆင့် ကျင့်ကြံရေးများတွင် ပိုမိုလွယ်ကူလာလိမ့်မည်။ ထို့အပြင် သူတို့က လူသားမျိုးနွယ်၏ ချီကံကောင်းမှုကို နတ်ဆိုးမျိုးနွယ် စည်ပင်ကြွယ်ဝမှုအတွက် အသုံးပြုနိုင်သည်။

ဒါက သူတို့ရရှိမဲ့ အကျိုးကျေးဇူးက ဒါတင်မကသေးဘူး။ နတ်ဆိုးမျိုးနွယ်က ဆေးလုံးဖော်စပ်ခြင်းနဲ့ အဆောင်ပြုလုပ်ခြင်းလိုမျိုး ကျွမ်းကျင်အတတ်ပညာတွေအတွက် ပါရမီနဲ့ ဖန်တီးဉာဏ်မရှိကြဘူး။ ဒါပေမဲ့ သူတို့ရဲ့ လူသားတွဲဖက်တွေနဲ့ဆိုရင် ဒီပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်…

ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ကာ နတ်ဆိုးမျိုးနွယ်၏ ကျွမ်းကျင်အတတ်ပညာသည် စတင်ဖွံ့ဖြိုးလာသည်ကို မြင်လိုက်ရသည်။ ထိုမတိုင်ခင်က နတ်ဆိုးမျိုးနွယ်သည် သတ္တုများကို ရောင်းချရေး၌သာ ပါဝင်ခဲ့၏။ သို့သော် ယခုတွင် သူတို့က အဆင့်နိမ့် ဆေးလုံးများ၊ လက်နက်များ၊ အဆောင်များနှင့် အစီအရင်များကို စတင်ရောင်းချလာကြသည်။

ခန္ဓာကိုယ်လေ့ကျင့်ရေးအဆင့်က သွေးချီကို တိုးမြင့်စေဖို့ ဆေးလုံးများ လိုအပ်ပေသည်။ ထိုအဆင့်အတွက် အကောင်းဆုံးဆေးလုံးက နတ်ဆိုးမျိုးနွယ်၏ ခန္ဓာကိုယ်နှင့် သွေးကို ပင်မပစ္စည်းအဖြစ် အသုံးပြုထားရသည်။ နတ်ဆိုးမျိုးနွယ်က သူတို့သည် ခန္ဓာကိုယ်လေ့ကျင့်ရေးအတွက် ဈေးကွက်ကို သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အရေးသာချက် ရှိလာသည်။

အံ့ဖွယ်ခန္ဓာအဆင့်တွင် ခန္ဓာကိုယ်လေ့ကျင့်ရေး ပါဝင်နေသည်။ အကယ်၍ သူတို့သာ ကောင်းမွန်စွာ ကစားနိုင်ပါက ဈေးကွက်တွင် ဝေစုကြီးကြီး ယူနိုင်လိမ့်မည်။ သို့သော်လည်း ဤဈေးကွက်အတွက် တိုက်ပွဲက အဆင့်နိမ့်လောက် ရိုးရှင်းမည် မဟုတ်ပေ။

ကမ္ဘာပေါ်တွင် ခန္ဓာကိုယ်လေ့ကျင့်ရေး ကျင့်ကြံသူများက အံ့ဖွယ်ခန္ဓာကိုယ်အဆင့် ကျင့်ကြံသူများထက် ပို၍ များပြားသည်။ သို့သော် အဆင့်တစ်ခုချင်းစီ၏ ဆေးလုံးတန်ဖိုးက ကွာခြားလှ၏။ ထို့ကြောင့် အင်အားစုအများစုက နတ်ဆိုးမျိုးနွယ်အား တိုက်ခိုက်ခြင်း မရှိဘဲ သူတို့၏ အကျိုးအမြတ်ကို ယူဆောင်ခွင့်ပြုမည် မဟုတ်ပေ။

နတ်ဆိုးမျိုးနွယ်က အံ့ဖွယ်ခန္ဓာအဆင့် ကျင့်ကြံသူများအတွက် အမှန်တကယ် ထူးကဲသည့်ဆေးလုံးကို မဖော်စပ်နိုင်သရွေ့ ထိုဈေးကွက်အတွင်း ဝင်ရောက်ဖို့ အခွင့်အရေးရမည် မဟုတ်ပေ။

ကောင်းပြီလေ။ သူတို့က အခွင့်အရေး မရှိတာမျိုးတော့ မဟုတ်ပါဘူး…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ပတ်ဝန်းကျင် ပြောင်းလဲသွားသည်နှင့် အရာအားလုံးက ပြောင်းလဲသွားမည် ဖြစ်ကာ အောင်းရှန်၏ အခွင့်အရေး ရလာနိုင်သည်။

ဝမ်ဝေ့၏ မြောက်ပိုင်းခရီးစဉ်က အဆုံးသတ်သွားခဲ့ပြီး အစားအသောက်ကို သွားရောက်စစ်ဆေးကြည့်ခဲ့သည်။ နတ်ဆိုးသားရဲများ၏ ဆက်ဆံရေးကြောင့် ဤနေရာရှိ သေမျိုးများသည် တိရစ္ဆာန်အသားများကို စားသုံးခြင်းကို သဘောမကျဘဲ နေလိမ့်မည်ဟု ထင်ထားခဲ့မိ၏။ သို့သော် သူက မှားယွင်းခဲ့သည်။

လူသားများဖြစ်စေ သို့မဟုတ် နတ်ဆိုးမျိုးနွယ်ဖြစ်စေ သူတို့က အသိဉာဏ် သို့မဟုတ် သွေးမျိုးဆက် မရှိသည့် တိရစ္ဆာန်များကို ကွဲပြားသည့် မျိုးစိတ်အဖြစ်သာ မြင်ကြသည်။ သူတို့၏ အဓိကဟင်းလျာက အသားဟင်းများစွာ ပါဝင်နေသည့်အတွက် ဝမ်ဝေ့က အားပါးတရ စားသုံးခဲ့သည်။

အဆုံးသတ်တွင် သူက စစ်ဆေးကြည့်ဖို့ နေရာနှစ်ခု ကျန်ရှိနေသေး၏။ သူက ပင်လယ်မျိုးနွယ်သည် ကမ္ဘာ၏ အပြောင်းအလဲများကို မည်သို့ နေသားကျအောင် လုပ်ဆောင်ခဲ့ကြောင်း သွားရောက်ကြည့်ဖို့ ရွေးချယ်ခဲ့သည်။

သိပ်မကြာခင် ဝမ်ဝေ့က မပျော်ရွှင်တော့ပေ။ သူက ပင်လယ်မျိုးနွယ်၏ ပိုင်နက်အတွင်း ဝင်ရောက်ရမည့် ဖြစ်စဉ်သည် အင်မတန် ခက်ခဲလှပြီး ရှည်လျားသည့် လုပ်ဆောင်ချက်များ လိုအပ်နေလေသည်။ ထို့ကြောင့် သူသာ ပင်လယ်အတွင်း ဝင်ရောက်လိုပါက သူ့ဂိုဏ်းမှတဆင့် သို့မဟုတ် လေလွင့်ကျင့်ကြံသူမဟာမိတ် သို့မဟုတ် ဓားရေးစံအိမ်၏ ပိုင်နက်မှတဆင့် ဝင်ရောက်ရလိမ့်မည်။

ဒီလူတွေက တကယ်ကို ခေါင်းမာလိုက်တာ။ နောက်အစည်းအဝေးကျရင် သူတို့ကို တစ်ခုခုတော့ ထုတ်ပြဖို့ လိုနေပြီ…

ဝမ်ဝေ့က သူ့စွမ်းအားကို သုံးကာ ပင်လယ်မျိုးနွယ်၏ ပိုင်နက်အတွင်း တိုက်ရိုက် ဝင်ရောက်လိုက်သည်။

ဝမ်ဝေ့က ပင်လယ်မျိုးနွယ်ရှိလူများ ဖန်တီးထားသည့် သေမျိုးအဖွဲ့အစည်းကို မြင်တွေ့လိုက်ရ၏။

သူက ရေအောက်တွင် အလွယ်တကူ အသက်ရှူနေသည့် လူသားတစ်ဦးကို မြင်လိုက်ရ၏။ သူက ရေယပ်တောင်နှင့် ပါးဟပ်များရှိထားသည့် နောက်ထပ် လူသားတစ်ဦးကိုပင် မြင်လိုက်ရသည်။ ပင်လယ်မျိုးနွယ်၏ စရိုက်လက္ခဏာများကို ပိုင်ဆိုင်ထားကြပြီး ရေအောက်တွင် နေထိုင်ခွင့်ပြုထားသည်။

အဲဒါဆိုတော့ သူတို့က ပင်လယ်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို သာမန်လူသားတွေဆီ ထိုးသွင်းပြီးတော့ သူတို့မျိုးနွယ်ထဲ ဆွဲခေါ်ဖို့ ကြိုးစားနေတာလား..

ဝမ်ဝေ့က ခေါင်းအသာယမ်းကာ တွေးလိုက်မိသည်။

တကယ်ကို တုံးအတဲ့ နည်းလမ်းပဲ…

လူသားများက ကမ္ဘာ၏ ဇာတ်လိုက်များ ဖြစ်သည့်အတွက် ကံကောင်းမှုနှင့် ကြမ္မာက သူတို့ဘက်တွင် ရှိနေသည်။ ပင်လယ်က ပင်လယ်မျိုးနွယ်အတွက် ကောင်းကင်ဘုံ ဖြစ်သည်မှာ သာမန်လူသားများက ထိုနေရာတွင် မနေထိုင်နိုင်၍ ဖြစ်သည်။ သို့သော် ယခုတွင် သူတို့က ထိုအရာကို ဖြစ်နိုင်အောင် လုပ်ဆောင်ခဲ့၏။

သေမျိုးများ၏ မျိုးပွားနိုင်စွမ်းဖြင့် သူတို့က လူဦးရေ များပြားလာဖို့ အချိန်တစ်ခုသာ ကြာမြင့်လိမ့်မည်။ ထိုအခါ ရေအောက်လူသားများက မဟာဧကရာဇ်တချို့နှင့် ထာဝရဧကရာဇ်တချို့ကို ပြုစုပျိုးထောင်ပြီးသည့်နောက်တွင် ပင်လယ်မျိုးနွယ်၏ ပင်လယ်အပေါ် လွှမ်းမိုးမှုက အဆုံးသတ်သွားလိမ့်မည်။

ပင်လယ်မျိုးနွယ်၏ အခြေအနေက အနောက်ပိုင်းရှိ တိမျိုးနွယ်နှင့် ဆင်တူသည်။ သူတို့က တခြားသော လူသားအသစ်များကို သူတို့အင်အားစုအတွင်း ဝင်ရောက်ခွင့်မပြုဘဲ သူတို့မျိုးနွယ်က သွေးမျိုးဆက် အတူတူရှိထားသည့်သူ သို့မဟုတ် မျိုးနွယ်တူသည့်သူများကိုသာ ယုံကြည်ကြလေသည်။

ထို့ကြောင့် ထိုမျိုးနွယ်နှစ်ခု တွေ့ကြုံရမည့် ပဋိပက္ခများဖြစ်လာဖို့ အချိန်တစ်ခုသာ ကြာမြင့်လိမ့်မည်။

အဲဒီလူသားအသစ်တွေကို ကူညီပေးလိုက်ရအောင်

ဝမ်ဝေ့က တွေးလိုက်ပြီး လက်ကိုဝှေ့လိုက်သည်။ သူက လူသားအသစ်၏ ကြမ္မာကို လူသားမျိုးနွယ်၏ ချီကံကောင်းမှုနှင့် ဆက်သွယ်ပေးလိုက်ပြီး သူတို့၏ ဇစ်မြစ်ကို ပင်လယ်မျိုးနွယ်အစား လူသားအဖြစ် တရားဝင်လက်ခံပေးလိုက်သည်။ ယခုမှစ၍ ပင်လယ်မျိုးနွယ်သည် သူတို့၏ ကြမ္မာကို တိတ်တဆိတ် လှုံ့ဆော်နိုင်မည် မဟုတ်သလို သူတို့အား သူတို့၏ မျိုးနွယ်အဖြစ် ပြုလုပ်နိုင်မည်လည်း မဟုတ်ပေ။ ထိုသူများက လူသားများဖြစ်သည့်အတွက် မည်သူကမှ ထိုအချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

အခု ငါ့အနေနဲ့ ဒီလူသားတွေက နောင်အနာဂတ်မှာ ခွဲခြားမခံရအောင် လုပ်ဆောင်ပေးဖို့ပဲ လိုတော့တယ်။ သူတို့တွေက လူသားမျိုးနွယ်ရဲ့ ကံကောင်းမှုနဲ့ ကြမ္မာကို အကျိုးပြုပေးနိုင်လိမ့်မယ်…

ဝမ်ဝေ့က သူ့အလုပ်နှင့် ပတ်သက်ပြီး ကျေနပ်ကာ တခြားသော ပင်လယ်ပိုင်နက်များကိုလည်း စစ်ဆေးကြည့်ခဲသည်။ တာအိုအခွင့်အလမ်းဂိုဏ်း၊ လေလွင့်ကျင့်ကြံသူ မဟာမိတ်နှင့် ဓားရေးစံအိမ်တို့မှ ထိန်းချုပ်ထားသည့် ပိုင်နက်များကလည်း သူထင်ထားသည်နှင့် ကွာဟချက် မရှိပေ။

သူတို့က ပင်လယ်အောက်တွင် သာမန်သေမျိုးများ နေထိုင်နိုင်ဖို့ နေရာတစ်ခု ဖန်တီးဖို့ အစီအရင်များ အသုံးပြုခဲ့ကြသည်။ ဝိညာဉ်သင်္ကေတကို လူမှုအဖွဲ့အစည်း၏ ပင်မအဖြစ် အသုံးပြုမည့်အစား တစ်ခုတည်းသော ကွဲပြားချက်က ရေနှင့်ယင် ဝိညာဉ်သင်္ကေတများကို မကြာခဏ အသုံးပြုလေ့ရှိသည်။ ထို့အပြင် ပင်လယ်ထဲရှိ ယင်အရင်းအမြစ်များစွာဖြင့် သေမျိုးများအတွက် စိတ်ဝိညာဉ်စွမ်းအား နိုးထဖို့ နည်းလမ်းများစွာရှိနေပြီး ထူးကဲသေမျိုးများ ဖြစ်လာမည့် အရေအတွက်ကို မြှင်တင်နိုင်သည်။

ဝမ်ဝေ့၏ နောက်ဆုံးဦးတည်ချက်က ကောင်းကင်သစ်ပင်ရွာ ဖြစ်၏။ ထိုအရာက သူ့နှလုံးသားထဲတွင် ထူးကဲသည့် နေရာကို ဆုပ်ကိုင်ထားသည်။ သူက ကိုယ်ပျောက်လျက် ရောက်ရှိလာ၏။ ထိုရွာက သူ့ပန်းချီကားရှိထားပြီး သူ့ကို ဘိုးဘေးအဖြစ် မှတ်ယူထားကြသည်။ အကယ်၍ သူသာ ပေါ်ထွက်လာပါက တစ်ရွာလုံးသည် လုပ်လက်စအလုပ်များကို လုပ်ကာ သူ ရောက်ရှိလာသည့်အတွက် ပွဲအခမ်းအနားများ ကျင်းပပေးလိမ့်မည်။

ရွာက ပြောင်းလဲသလို ယခင်အတိုင်းလည်း ကျန်ရှိနေသည်။ ထိုရွာကို အပြင်ပိုင်းနှင့် အတွင်းပိုင်းဟူ၍ ခွဲခြားထား၏။ အပြင်ပိုင်းက စိတ်ဝိညာဉ်သင်္ကေတ လူမှုအဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုစဉ် အတွင်းပိုင်းကမူ ယခင်အချိန်မှ ရွာတစ်ရွာနှင့် တူညီနေဆဲဖြစ်ကာ သေမျိုးများနှင့် ကျင့်ကြံသူများက စိတ်ဝိညာဉ်သင်္ကေတ၊ ရုပ်သေးရုပ်နှင့် ယာဉ်များကို အသုံးပြုမည့်အစား ယခင် ရှေးဆန်သည့်နည်းလမ်းများဖြင့်သာ လယ်ကို ထွန်ယက်နေကြသည်။

ဝမ်ဝေ့က ပြင်ပကမ္ဘာတွင် အတော်အတန် အောင်မြင်နေသည့် လက်နက်သန့်စင်သူတစ်ယောက်သည် သေမျိုးလူငယ်လေးများအား ပန်းပဲပညာရပ်ကို သင်ကြားပေးနေသည်ကို မြင်လိုက်ရ၏။ သူက သူ့တစ်ဘဝလုံး ရွာတွင် နေထိုင်ခဲ့သည့် လူအိုကြီးတစ်ယောက်နှင့်တူကာ ရွာထဲရှိ အရာအားလုံးထက်ပင် ဈေးကြီးနေသည့် ဧကရာဇ်တစ်ပိုင်းအသုံးအဆောင်ပစ္စည်းကို ဖန်တီးနိုင်သည့် ကျင့်ကြံသူနှင့်ပင် မတူပေ။

ထိုသူတစ်ဦးတည်းသာ မကပေ။ ဝမ်ဝေ့က ရွာထဲရှိ အဆင့်အသီးသီးမှ ကျင့်ကြံသူများစွာကို မြင်လိုက်ရသည်။ တချို့က အပင်စိုက်ကာ တချို့က ရေလောင်းပြီး ပေါင်းသင်ကာ အိမ်ဆောက်ခြင်းနှင့် အမဲလိုက်ခြင်းများ ပြုလုပ်နေကြသည်။

ဝမ်ဝေ့က အရာအားလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်ရင်း ကျမ်းတစ်ခုကို ထုတ်ဖော်လိုက်၏။

လောကီရေးရာ နှလုံးသားသန့်စင်ရေးကျမ်း

စိတ်ဝင်စားစရာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ရွာ၏ အဓိကကျင့်စဉ်ကို စစ်ဆေးကြည့်လိုက်၏။ ထိုအရာက ဧကရာဇ်တစ်ပိုင်းအဆင့်မျှသာ ရှိသော်လည်း ကျင့်စဉ်က ထူးကဲလှသည်။

ဝိညာဉ်အစား စည်းမျဉ်းကို ချုပ်ကိုင်ပြီး ထိန်းချုပ်နိုင်ဖို့ တာအိုနှလုံးသားကို အသုံးပြုထားတာပဲ။ တကယ်ကို အကြံကောင်းပဲ…

ဝမ်ဝေ့က တာအိုနှလုံးသားသည် စိတ်စွမ်းအားနှင့် စွဲလမ်းခြင်းကဲ့သို့ စကြဝဠာထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုများကို ဖန်တီးနိုင်သည့်အရာဟု ယုံကြည်ထားခဲ့သည်။ ကံဆိုးစွာဖြင့် သူက တာအိုနှလုံးသားအပေါ် နက်နက်နဲနဲနားလည်မှု လစ်ဟာနေသည့်အတွက် အပြည့်အဝ ထုတ်မသုံးနိုင်ပေ။

ဒါပေမဲ့ ဟာကွက်တချို့တော့ ရှိနေသေးတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

သူက ကျင့်စဉ်ကို ပြန်မထားခင် သူ မြင်ခဲ့သည့်ဟာကွက်များကို ပြန်လည်အမှန်ပြင်ပေးခဲ့သည်။ ထို့နောက် ရွာ၏ ဘိုးဘေးခန်းမအတွင်း တောက်ပသည့် အလင်းရောင်တစ်ခု ပေါ်ထွက်လာ၍ ကျင့်ကြံသူအားလုံးက အလန့်တကြား ဖြစ်သွားကြသည်။ သူတို့က ခန်းမအတွင်း ဝင်ရောက်လာသည့်အခါ ဝမ်ဝေ့၏ ဆင့်ကဲပြောင်းလဲထားသည့် ကျမ်းကို မြင်လိုက်ရ၏။

လူတချို့က သူ ရောက်ရှိလာသည်ကို ချက်ချင်းသတိထားမိသွားကာ ဘိုးဘေး ကောင်းကင်ဧကရာဇ်အား ကျေးဇူးတင်နေကြသည်။

ဝမ်ဝေ့က ပြုံးကာ ထွက်သွားတော့မည့်ဆဲဆဲတွင်

ဟမ် ကြွက်တစ်ကောင်က ခိုးဝင်ဖို့ ကြိုးစားနေတာလား…

သူ့ပုံရိပ်ယောင်က ရွာထဲမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။

All Chapters