အခန်း (၆၇၆)
Vol. 46 Ch. 676
“ ကြွယ်ယန် မြို့”
နေရာကူးပြောင်းအစီအရင်ပလ္လင်ထက်မှ ရှစ်ဖုန့်ဆင်းလာပြီး နေရာကူးပြောင်းအစီအရင်ဧရိယာထွက်လာပြီးသည့်နောက်တွင် သူ့ရှေ့၌ရှိနေသောမြို့ကြီးက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက သူရောက်ရှိခဲ့သည့်တစ်ခုနှင့်လုံးဝခြားနား
နေသည်။
သို့သော် ဤအချိန်တွင် သူ၏အောက်ရှိမြေပြင်က မြေငလျှင်တစ်ခုလှုပ်ခတ်သကဲ့သို့ ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါသွားသည်ကို ရှစ်ဖုန့်ခံစားလိုက်ရသည်။
“ထပ်ပြီးစလာပြီ..ထပ်ပြီးစလာပြီ.. အဲ့တာကသေခြင်းမဲ့တောင်တန်းကနေ
ထပ်ပြီးဖြစ်လာပြန်ပြီ ..လက်တလောငါကြားထားတာတော့ သေခြင်းမဲ့တောင်တန်းရဲ့လှုပ်ရှားမှုတွေက ပိုပိုပြီး ပြင်းထန်လာနေတယ်တဲ့. အခု အဲ့တာကငါတို့ကြွယ်ယန်မြို့
အထိကိုရောက်ရှိလာပြီ”
ဝရုန်းသုန်းကားအခြေအနေကြားထဲတွင် လမ်းမထက်ရှိလူများမှာရုတ်တရပ်
သွားလာနေခြင်းကိုရပ်လိုက်ကြ၏။ များစွာသောလူများက အော်ဟစ်ပြောဆိုနေကြပြီး အချို့ကတော့ ပြင်းထန်သောတုန်ခါမှုအားရှောင်ရှားရန် ဟင်းလင်းပြင်ထဲသို့ပျံသန်းသွားကြသည်။
ရှစ်ဖုန့်ကလည်း ရွှေ့လျားလိုက်ပြီး ဟင်းလင်းပြင်အတွင်းချိုးဖျက်ဝင်ရောက်လိုက်သည်။ထို့နောက် သူ့အနားမှကျင့်ကြံသူများ၏ ဆွေးနွေးပြောဆိုသံများကိုကြားရပြီး သူ၏တိတ်မှတ်ဉာဏ်များတည်ရှိရာ သေခြင်းမဲ့တောင်တန်းရှိသည့်ဘက်ခြင်း
သို့ကြည့်လိုက်သည်။
“သေခြင်းမဲ့တောင်တန်းကတကယ်ကို အထွတ်အထိပ်နတ်ဆိုးတစ်ကောင်ကို ဖိနှိပ်ထားတဲ့ပုံပဲ……လောလောဆယ်မှာ သေခြင်းမဲ့တောင်တန်းကပိုပိုပြီး ဂနာမငြိမ်ဖြစ်လာတယ်.. ပိုင်ယုမြို့ကနေဖြစ်နိုင်သမျှအမြန်ဆုံးထွက်သွားတာကငါတို့အတွက်ပိုကောင်းတယ်. မဟုတ်ရင် အထွတ်အထိတ်နတ်ဆိုးပေါ်လာတဲ့အခါ ကြွယ်ယန်မြို့ထဲကလူတွေ ကံဆိုးမိုးမှောင်ကျမှုနဲ့ ဒုက္ခတွေကြားထဲကို ထိုးကျသွားလိမ့်မယ်”
“လောမိသားစုက လောချွင်းချန်က ငါတို့ထျန်းဟန်တိုက်ကြီးပြိုင်ဘက်ကင်းကျွမ်းကျင်သူ ဧကရာဇ်ကျိုးယိုရဲ့တပည့်တစ်ဦးပဲဟာ.. အခုလောချွင်းချန်ကလည်းဧကရာဇ်
နယ်ပယ်ကျွမ်းကျင်သူတစ်ဦးဖြစ်နေပြီ.. ဧကရာဇ်နယ်ပယ်တစ်ဦးရဲ့ စွမ်းအားနဲ့ဆိုရင်.. သေခြင်းမဲ့တောင်တန်းထဲကနေ နတ်ဆိုးထွက်လာရင်တောင် အဲ့တာကထပ်ပြီးဖိနှိပ်ထိန်းချုပ်ခံရမှာပဲ”
“ပြောဖို့ခက်တယ်”
တစ်စုံတစ်ယောက်က သူ၏ခေါင်းအားခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“သေခြင်းမဲ့တောင်တန်းမှာ ဝရုန်းသုန်းကားဖြစ်နေခဲ့တာ လပေါင်းများစွာရှိနေပြီး အဲ့တာက မတည်ငြိမ်သေးဘူး.လောမိသားစုက
လည်းတောင်ကိုဆီးလ်ခတ်ထားတုံးပဲ. အကယ်၍လောမိသားစုကသာ နတ်ဆိုးကိုဖိနှိပ်နိုင်တဲ့ စွမ်းအားမျိုးရှိနေခဲ့ရင် အဲ့နတ်ဆိုး ဖိနှိပ်ခံရာ အချိန်ကြာနေရောပေါ့. အခုဆို ထပ်ပြီး ဘာလှုပ်ရှားမှုမှာရှိတော့မှာမဟုတ်ဘူး”
“ဟူး. စိတ်မကောင်းစရာပဲ. အကယ်၍ဧကရာဇ်ကျိုးယိုသာ
အသက်ရှင်နေသေးရင် . အဲ့နတ်ဆိုးကြီးမြတ်တဲ့ဧကရာဇ်
ရဲ့ဖိနှိပ်မှုကိုခံရမှာ.. “
ထိုသို့ပြောပြီးနောက် တစ်စုံတစ်ယောက် သက်ပြင်းချသံကိုဆက်လက်ကြားရသည်။
“ဟုတ်တယ်. ..ဧကရာဇ်ကျိုးယိုသာအသက်ရှင်နေသေးရင် လောချွင်းချွမ်က ကြီးမြတ်တဲ့ဧကရာဇ်ရဲ့တပည့်ဖြစ်တာ
ကြောင့်မလို့ သေခြင်းမဲ့တောင်တန်းကိုနတ်ဆိုးကိုဖိနှိပ်ပေးဖို့လာမှာပဲ. . အဲ့နတ်ဆိုး အရမ်းသောင်းကျန်းရဲမှာမဟုတ်ဘူး”
“ကြီးမြတ်တဲ့ဧကရာဇ်က နတ်ဆိုးတွေကိုသတ်ဖြတ်နေကြဖြစ်ပြီး စွမ်းအားကြီး မိစ္ဆာတွေကိုသတ်ဖြတ်တဲ့ ဒဏ္ဍာရီအများကြီးကိုလည်းချန်ရစ်ထားခဲ့တာ.. ဟူး. ကြီးမြတ်တဲ့ဧကရာဇ်ဘာလို့ ကျဆုံးသွားရလဲဆိုတာကိုငါလည်းမသိဘူး…ဒါကငါတို့လူသားမျိုးနွယ်အတွက်ကြီးမားတဲ့ဆုံးရှံးမှုကြီးတစ်ခုပဲ”
ထျန်းဟန်တိုက်ကြီးပေါ်၌ ဧကရာဇ်ကျိုးယိုမရှိတော့သည်မှာ ဆယ့်ခြောက်နှစ်ရှိပြီဖြစ်သော်လည်း လူများကြားထဲ၌ ဒဏ္ဍရီများစွာက စီးမြောနေဆဲဖြစ်သည်။ အထွတ်အထိပ်စွမ်းအားကြီးသူ ဧကရာဇ်ကျိုးယိုအကြောင်းအား ပြောကြသောအခါတွင် များစွာသောမှတ်ချက်များနှင့်သက်ပြင်းချသံများထွက်ပေါ်လာသည်။
သူတို့ပြောသည့် အထိတ်အထိတ်ကြီးမြတ်သောဧကရာဇ်ဆိုသူက သူတို့လူအုပ်ကြားထဲ၌ရှိနေသည်ကိုသူတို့မည်ကဲ့သို့သိနိုင်ပါမည်နည်း။ သူတို့၏ ဧကရာဇ်ကျိုးယို ကဤကမ္ဘာပေါ်သို့ပြန်လည်
ရောက်ရှိနေခဲ့ပြီဖြစ်၏။
ရှစ်ဖုန့်ကလူအုပ်ကြားထဲ၌ရှိနေသည်။ သူ့ဘေးဝန်းကျင်မှစကားများအားကြားရပြီး သေခြင်းမဲ့တောင်တန်းအားလောမိသားစုက ဆီးလ်ခတ်ထားဆဲဖြစ်သည်
ဟုကြားရသောအခါတွင် စိတ်သက်သာရာရစွာဖြင့်
တိတ်တဆိတ်သက်ပြင်းချမိသည်။
သေခြင်းမဲ့တောင်တန်းအားလောမိသားစုကဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သောကြောင့် ဖိနှိပ်ခံထားရသောနတ်ဆိုးက မွေးဖွားလာခြင်းမရှိသေးသည့်ပုံရသည်။ လက်တလောတွင်လောမိသားစုအနေဖြင့် သေရေးရှင်းရေမဖြစ်သေးပေ။
ထို့နောက်တွင်ရှစ်ဖုန့်ရွေ့လျားလိုက်ပြီး လူအပ်ကြားထဲမှပျံသန်းထွက်လိုက်ကာကြွယ်ယန်မြို့အထက်လေအားထိုးခွင်းလိုက်သည်။
ကြွယ်ယန်မြို့ထဲမှရှစ်ဖုန့် ပျံသန်းထွက်ခွာလာပြီးနောက် လေကိုထိုးခွင်းပြီးသေခြင်းမဲ့တောင်တန်းရှိရာသို့လျှင်မြန်စွာပျံသန်းလိုက်သည်။
ရှစ်ဖုန့်ပျံသန်းရင်းတစ်နာရီခန့်ကြာပြီး
သည့်နောက်တွင် မြေပြင်ရှိတုန်ခါမှုတို့က ငြိမ်ကျသွားသည်။
သို့သော်ဤအချိန်တွင်ရှစ်ဖုန့်ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ရှေ့၌ ကြီးမားသောတောင်တန်းကြီးတစ်ခုရှိနေသည်။ ထိုနေရာ၌ ထူးဆန်းကြီးမိစ္ဆာဆန်သောအသွင်ရှိသည့် အပင်များနှင့်သစ်ပင်များက ကြီးထွားရှင်သန်နေသည်။ အောက်ဘက်မှအေးစက်သော
လေတို့ကတိုက်ခတ်နေ၏။
ဤတောင်မှာ ကောလဟာလများအရ လောမိသားစု ကမျိုးဆက်အဆက်ဆက်စောင့်ကြပ်ခဲ့သည်
ဟူသည့်သေခြင်းမဲ့တောင်တန်းပင်ဖြစ်သည်။သို့သော်ဤသေခြင်းမဲ့တောင်တန်း၌ စွမ်းအားကြီးပြီးရှေးကျသောတားမြစ်စွမ်းအားတစ်ခုအား တပ်ဆင်ထားသည်ကို ရှစ်ဖုန့်အာရုံခံမိသည်။
ထိုစွမ်းအားကြီးသောကန့်သတ်
ချက်စွမ်းအားအားလောမိသားစု ၏ဘိုးဘေးများကတပ်ဆင်ခဲ့ခြင်းဖြစ်သည်ကို ရှစ်ဖုန့်သိလိုက်၏။ နောက်ဆက်တွဲအနေဖြင့်ယခုဤဆီးလ်အားအသက်သွင်းခံထားရသည်။
ရှစ်ဖုန့်ကဖြည်းဖြည်းချင်းဆင်းလိုက်ပြီး သေခြင်းမဲ့တောင်တန်းထံသို့ ဖြည်းညှင်းစွာချဉ်းကပ်လိုက်သည်။ ဤအချိန်တွင်သေခြင်းမဲ့တောင်တန်းမှ မာကြောသောအသံတစ်ခုထွက်ပေါ်လာသည်။
“သေခြင်းမဲ့တောင်တန်းကအရေးကြီးတဲ့နေရာတစ်ခုပဲ. ပြင်ပကလူတွေ အနီးအနားကိုကပ်ခွင့်မရှိဘူး. မြင်မြန်ပြန်သွာစမ်း”
အော်သံနောက်တွင်မိုးပြာရောင်ပုံရိပ်တစ်ခုက သေခြင်းမဲ့တောင်တန်းထံမှပျံသန်း
ထွက်လာသည်။သူကရှစ်ဖုန့်၏ရှေသို့လျှင်မြန်စွာရောက်ရှိလာပြီး ရှစ်ဖုန့်ရှေ့တွင်ရပ်တန့်လိုက်သည်။
သူမကမိုးပြာရောင်ဝတ်စုံအား ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမကရှစ်ဖုန့်နှင့်အသက်အတူတူခန့်ရှိပုံရသည်။ သူမမှာ လှပသောတောင်တန်းတစ်ခုအတွင်း၌မွေးဖွားလာကဲ့သို့ လှပကြော့ရှင်းသောမျက်နှာတစ်ခုရှိသည်။ သူမကသေခြင်းမဲ့တောင်တန်း
ကဲ့သို့အသက်မဲ့နေခြင်းမရှိချေ။
ကောင်မလေး၏ကျင့်ကြံမှုအဆင့်က ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်သည်
ကိုရှစ်ဖုန့် မြင်နိုင်သည်ဖြစ်သည်။
ရှစ်ဖုန့်က ကောင်မလေးအားကြည့်၍ပြောလိုက်သည်။
“ဒီသခင်လေးဒီကိုလာတာ လောချင်းချွမ်ကိုလာရှာတာပဲ”
“ရှင်ကဦးလေးကိုလာရှာတာလား”
ရှစ်ဖုန့်၏စကားအားကြားသောအခါတွင် ကောင်မလေးက မျက်မှောင်ကြုတ်လိုက်သည်။ သူမက ရှေ့မှလူငယ်လေးအားကြည့်လိုက်၏။
သို့သော်ကောင်မလေးမှာ လူငယ်လေးနှင့်ပက်သက်ပြီး
အကောင်းမြင်မှုမရှိပေ။ သူကတကယ်ကိုရိုင်းပြသည်ဖြစ်၏။ သူကသူမနှင့်အသက်အတူတူခန့်သာရှိသော်လည်း သူမ၏ဦးလေးဖြစ်သူအား “လောချင်းချွမ်” ဟုနမည်တပ်ပြီးတကယ်ခေါ်ရဲသည်။
“ဒီနေရာကမြန်မြန်ထွက်သွားစမ်း”
ဤအချိန်တွင် သေခြင်းမဲ့ တောင်တန်းမှအေးစက်သောအော်သံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်တွင် အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦး သေခြင်းမဲ့တောင်တန်းမှပျံသန်းထွက်လာသည်။
အနက်ရောင်ဝတ်ရုံနှင့်လူငယ်က မိန်းကလေး၏ဘေးတွင် လျှင်မြန်စွာရပ်တန့်လိုက်သည်။သူကရှေ့၌ရှိနေသောရှစ်ဖုန့်အား အေးစက်စွာကြည့်၍ အော်ပြောလိုက်သည်။
“သေခြင်းမဲ့တောင်တန်းကနေမြန်မြန်ထွက်သွားစမ်း. မဟုတ်ရင် ငါ့ကိုမယဉ်ကျေးလို့အပြစ်မတင်နဲ့”
သူမဘေးရှိလူငယ်၏အေးစက်သော
အော်သံအားကြားရသည့်အခါတွင် ကောင်မလေးက သူမ၏ခေါင်းအားလှည့်လိုက်ပြီး ပြောလိုက်သည်။
“ဝမ်းကွဲ လောဟောက်.. သူက ဒီကိုဦးလေးကိုရှာဖို့လာတာလို့ပြောတယ်”
“သူကဦးလေးကိုရှာတာလား”
လောဟောက်ဟုခေါ်သော အနက်ရောင်ဝတ်ရုံနှင့်လူငယ်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။
“ဘယ်လိုလုပ်ပြီးငါတို့ဦးလေးက သူ့လိုမျိုး ဂျူနီယာတစ်ယောက်နဲ့သိကျွမ်းမှာတဲ့လဲ.. မင်းလိုမိန်းကလေးမျိုးပဲအဲ့တာကိုယုံမှာ သူ့မှာသေခြင်းမဲ့တောင်တန်းကိုခိုးဝင်ဖို့အတွက်အခြားရည်ရွယ်ချက်ရှိမယ်ငါတော့ထင်တယ်”
လောဟောက်က ကောင်မလေးအားပြောလိုက်သည်။ထို့နောက် သူကရှစ်ဖုန့်ထံသို့အေးစက်စွာကြည့်ပြီး ထပ်မံအော်ပြောလိုက်၏။
“ဘာလဲ. ဒီနေရာကမြန်မြန်ထွက်သွားစမ်း. မင်းဒီနေရာကထွက်မသွားရင် ငါမယဉ်ကျေးတာကိုအပြစ်လာမတင်နဲ့”
လူငယ်၏စကားများအားကြားရသောအခါတွင် ရှစ်ဖုန့်၏မျက်နှာကအေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။ သူကလောဟောက်အားအေး
စက်စွာပြောလိုက်သည်။
“ဘ. ဒါလောချင်းချွမ်သူ့ရဲ့ဂျူနီယာတွေကို
သင်ပေးထားတဲ့ပုံစံလား. သူတို့ကိုမည်းမည်းမြင်ရာကိုက်တတ်တဲ့ခွေးရူးတွေလိုမျိုးသူဘယ်လိုတွေသင်ပေးထားတာလဲ”
“ဒီနေရာကထွက်သွားစမ်း. မင်းတော့သေချင်နေတာပဲ”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် လောဟောက်ရုတ်ခြည်းဒေါသတကြီးအော်ပြောလိုက်သည်။ ထို့နောက်ရှစ်ဖုန့်ထံသို့ ရုတ်ခြည်းသူ၏ညာလက်ဖြင့်
လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
ရှစ်ဖုန့်က လောဟောက်၏လက်သီးအားစိုက်ကြည့်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
“လောမိသားစုရဲ့ပျက်သုဉ်းခြင်းလက်သီး. ဒါက အကာပဲရှိတာအနှစ်မပါဘူး. မင်းရဲ့ပျက်သုဉ်းခြင်းလက်သီးက ဘယ်နေရာမှာတုံး”
“လောမိသားစုရဲ့လက်သီးကိုသင်ကြားထားတဲ့ ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ကဒီလောက်ပဲတဲ့. လောမိသားစုရဲ့လက်ရှိမျိုးဆက်တွေက သိုင်းပညာပါရမီမှာဒီလောက်အထိ နိမ့်ကျနေတာပဲ. လောချင်းချွမ်သူတို့ကိုဘယ်လို
သင်ပေးထားတာလဲ”
“အခု ဒီသခင်လေးက လောချင်းချွမ်နေရာကိုယူပြီးတော့.မင်းတို့ဂျူနီယာတွေကို လောမိသားစုရဲ့ပျက်သုဉ်းခြင်းလက်သီးက ဒီလိုမျိုးဆိုတာကိုသင်ပေးမယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက် သူ၏ညာလက်သီးအားဆုပ်၍ လောဟောက်ထံသို့ လက်သီးတစ်လုံးကိုပစ်သွင်းလိုက်သည်။ သူကလောမိသားစု၏ပျက်သုဉ်းခြင်း
လက်သီးအားသုံးလိုက်ခြင်းဖြစ်သည်။ သူအသုံးပြုလိုက်သည့်ခွန်အားကလည်း ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်
တစ်ဦး၏ခွန်အားသာဖြစ်သည်။
ယခင်လောချင်းချွမ်အား သူ သင်ကြားပေးစဉ်က လောမိသားစု၏ လက်သီးသိုင်းပညာရပ်ကို သုံးရန်ပြောခဲ့သည်။ထိုအချိန်က လောမိသားစု၏လက်သီးပညာရပ်က နမည်သာရှိသည်ကိုသူသိခဲ့၏။