အခန်း (၆၇၇)
Vol. 46 Ch. 677
လောမိသားစု ၏ ပျက်သုဉ်းခြင်း လက်သီးအား အသုံးပြုခဲ့သည့် လူငယ် လောဟောက်က ရှစ်ဖုန့်ပြောသောစကားများအားကြား
လိုက်ရသောအခါတွင် ဒေါသအမျက်တို့ခြောင်းခြောင်းထွက်သွားသည်။ ထိုစကားလုံးများက ရိုးရှင်းစွာ ပင်သူ့အား စော်ကားနေခြင်းဖြစ်သည်။
ထို့နောက်တွင် သူ့ရှေ့မှလူငယ်ကသူ့ထံသို့လက်သီး
တစ်လုံးပစ်သွင်းလိုက်သည်ကို တွေ့ရသည်။ ထိုလက်သီးကလည်းလောမိသားစု၏ ပျက်သုဉ်းလက်သီး ပင်ဖြစ်သည်။
လောဟောက်က ရုတ်ခြည်းအော်ပြောလိုက်သည်။
“ မင်းမှာတကယ်ပဲလောမိသားစုကို ဆန့်ကျင်ဖို့ အကြံအစည်တွေရှိနေတာပဲ.. လောမိသားစုရဲ့လျှို့ဝှက်ပညာရပ်
ကိုဘယ်လိုတောင် လျှို့ဝှက်ပြီးသင်ယူရဲတာလဲ. ..ငါမင်းကိုဖမ်းပြီးတော့စစ်ကြောမေး
မြန်းဖို့အတွက် လောမိသားစုရဲ့ စည်းကမ်းထိန်းသိမ်းခန်းမဆီကိုခေါ်သွားမယ်”
လောမိသားစု စည်းကမ်းထိန်းသိမ်းခန်းမ၏ အကြီးအကဲဖြစ်သူမှာ လောက်ဟောက်ဖခင်၏ ညီဖြစ်သူဖြစ်သည်။ အကယ်၍သူသာ တကယ်ပဲဒီလူငယ်ကို အနိုင်ယူပြီး ၎င်းအားလောမိသားစုစည်းကမ်းထိန်းသိမ်းခန်းမသို့ ခေါ်သွားနိုင်ခဲ့ပါက သူသေချာပေါက် ဤလူငယ်အား မသေရင်တောင်တစ်ပိုင်းသေ
အောင်တော့ပြုလုပ်လိမ့်မည်ဖြစ်သည်။
လောဟောက်က စိတ်ထဲမှ ခါးခါးသီးသီးပြင်းပြင်းထန်ထန်တွေးလိုက်သည်။
“ဒါ..ဒါတကယ်ပဲလောမိသားစုရဲ့ ပျက်သုဉ်းခြင်းလက်သီးလား..
သူကဘယ်လိုဖြစ်ပြီးတော့
ဒါကိုလည်းသိနေရတာလဲ”
မိုးပြာရောင်နှင့်မိန်းကလေးက ရှစ်ဖုန့် လောဟောက်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်ကိုတွေ့ရသောအခါတွင် အံ့အားသင့်စွာပြောလိုက်သည်။
ထို့နောက်ချက်ချင်း ရုတ်တရက်ပေါက်ကွဲမှုတစ်ခု
လေထဲ၌ဖြစ်ပေါ်လာသည်။ပြင်းထန်သောလက်သီးနှစ်ခုကတစ်ခုနှင့်တစ်ခုထိမှန်သွား၏။
“ဝုန်း”
ထို့နောက်မကြာခင် သူမအားကျောပေးထားသော လောဟောက်၏ကိုယ်က တုန်ခါသွားပြီးထိုလူ၏မျက်နှာကတော့ တည်ငြိမ်မြဲတည်ငြိမ်နေဆဲဖြစ်
သည်ကိုတွေ့လိုက်ရသည်။
ထို့နောက်တွင် လောမိသားစုမှကောင်မလေးမှာ လောဟောက်၏ကိုယ်က ကြိုးပျက်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်ပြန်လွင့်လာသည်ကိုတွေ့ရသည်။ တောက်ပနီရဲသောသွေးတန်းတစ်ခုက ကောင်းကင်ထဲမှ ဖြန်းခနဲကျဆင်းလာသည်။
ဤအချိန်တွင် လောမိသားစုမှ မိန်းကလေးမှာ လောဟောက် ရှုံးနိမ့်သွားပြီဖြစ်သည်ကို သိလိုက်သည်။ဤလူကတကယ်ပဲ လောဟောက်ထက်ပိုမိုသန်မာနေ၏။
ရှစ်ဖုန့်ကလောဟောက်အားလက်သီး
တစ်ချက်ဖြင့် လွင့်ထွက်သွားအောင်လုပ်ပြီးနောက် သူ၏ညာလက်သီးအားရုတ်သိမ်းလိုက်ပြီး နောက်ပြန်လွင့်သွားသော လောဟောက်ထံသို့ကြည့်လိုက်ပြီး
ပြောလိုက်သည်။
“မင်းကအရမ်းငယ်သေးပေမဲ့ …အခုအထိမှန်မှန်ကန်ကန်ကျကျနနမကျင့်ကြံဘူး..အဲ့အစား လောမိသားစုအားကိုးနဲ့ အရမ်းမောက်မာအာဏာရှင်ဆန်ပြီး အမှားအမှန်မခွဲခြားဘဲ လူတွေကိုထွက်ထွက်ကိုက်နေတယ်…….အကယ်မင်းကသာ လောမိသားစုဝင်တစ်ဦးဟုတ်မနေခဲ့ရင် အဲ့လက်သီးကမင်းရဲ့အသက်ကိုယူသွားဖို့အတွက်လုံလောက်တယ်”
“မင်းကငယ်တယ်တဲ့လား”
လောမိသားစုမှမိန်းကလေးမှာ ဤစကားအားကြားပြီးနောက်တွင် လူငယ်ထံသို့ကြည့်လိုက်သည်။ သူမ၌ ဖော်ပြ၍မရနိုင်သောခံစားချက်
တစ်ခုဖြစ်ပေါ်လာသည်။ သူက သူမ၏အသက်နှင့် အတူတူသာရှိသေးသည်ဖြစ်၏။
လောဟောက်က သူနှင့်သူမတို့ထက် ပို၍ အသက်ကြီးသည်မှာသိသာသည်။ သူကတကယ်ပဲ လောဟောက်အားသင်ခန်းစာပေးနေပြီး လောဟောက်ကိုငယ်သည်ဟုပင်ပြောနေ၏။
“ဒီသခင်လေးကို လောချင်းချွမ်နဲ့တွေ့ဖို့ခေါ်သွားပေး”
ရှစ်ဖုန့်က လောကလန်မှ အမျိုးသမီးထံသို့ကြည့်၍ ပြောလိုက်သည်။
“ရှင်…..”
“မင်း”
မိန်းကလေးကရှစ်ဖုန့်အား “ရှင်”ဟုပြောနေချိန်တွင် နောက်ပြန်လွင့်သွားသော လောဟောက်ကမှာရပ်တန့်သွားသည်။ သူက သူ၏နှုတ်ခမ်းထောင့်မှသွေးတို့အား
ဘယ်လက်ဖြင့်သုတ်လိုက်ပြီး “မင်း”ဟုရှစ်ဖုန့်ကိုပြောလိုက်သည်။
ကောင်မလေးကချက်ခင်းပဲ နောက်သို့ လှည့်၍ လောဟောက်ကိုကြည့်လိုက်သည်။ သူမကငယ်သေးပြီး ဆုံးဖြတ်ချအားချနိုင်ခြင်းမရှိပေ။
ထို့နောက် လောဟောက်က ယခင်နေရာသို့ပြန်ရောက်လာပြီး
မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။
“မင်းက လောမိသားစုရဲ့ သိုင်းပညာရပ်ကို တိတ်တဆိတ်သင်ကြားပြီး ငါတို့လောမိသားစုကိုလည်းစော်ကားခဲ့တယ်.. မင်းရဲ့အပြုအမူတွေအတွင်မင်းကိုသေချာပေါက်ပေးဆပ်ရအောင်ငါလုပ်ပြမယ်”
“လောမိသားစု ပျက်စီးခြင်းဓား”
လောဟောက်ကအော်ပြောရင်း သူ၏ညာလက်အားဓားလက်ချောင်း
အသွင်ဖွဲ့စည်းလိုက်ပြီး နောက် ဟင်းလင်းပြင်ထဲသို့ခုတ်ပိုင်းလိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့် ၏ခေါင်းထက်၌ မမြင်နိုင်သောဓားတစ်ခုက ရှစ်ဖုန့်ထံသို့ရုတ်ခြည်းကျဆင်းလာသည်။
မမြင်နိုင်သော ဓား ဖြတ်သန်းသွားရာနေရာတိုင်းတွင် လေထုက အပိုင်းပိုင်းခုတ်ပိုင်းခံရသည့်ပုံပေါ်ပြီ အနက်ရောင်မျှဉ်းတစ်ခုကဲ့သို့သေးငယ်သော အာကာသအက်ကွဲကြောင်းတစ်ခုပေါ်လာသည်။
ရှစ်ဖုန့်ကခေါင်းမော့လိုက်ပြီး မမြင်နိုင်သောဓားအား အာရုံခံမိကာ အဆက်ပြောလိုက်သည်။
“ဒီသခင်လေး မင်းအသက်ကို ချမ်းသာပေးခဲ့တယ်. ဒါပေမဲ့ မင်းက ဒီသခင်လေးရှေ့မှာ အရမ်းမောက်မာပြနေတုံးပဲ. ကြည့်ရတာ ဒီသခင်လေးကမင်းကို သင်ခန်းစာတစ်ခုမပေးဘူးဆိုရင် မင်း မှတ်မှာမဟုတ်တဲ့ပုံပဲ”
ရှစ်ဖုန့်က ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ ထို့နောက်တွင် သူ၏လက်ချောင်းအား အထက်မှခုတ်ပို်ငးကျဆင်းလာသော မမြင်နိုင်သောဓားထံသို့ တောက်ထုတ်လိုက်သည်။ ရုတ်ခြည်း ဟင်းလင်းပြင်ထဲ၌နောက်ထပ်
ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။ မမြင်နိုင်သောဓားမှာ ရှစ်ဖုန့်လက်ချောင်း၏ဖျက်ဆီး
ခြင်းအားခံလိုက်ရသည်။
“ဝေါ့”
သိပ်မဝေးသောနေရာရှိ လောမိသားစုမှလူငယ်လောဟောက်မျာ ရုတ်ခြည်း စွမ်းအားကြီးစွမ်းအင်တစ်ခုက သူ၏ရင်ဘက်အားလာမှန်မှုကိုခံလိုက်ရသည်။ သူ၏ရင်ဘက်တစ်ခုလုံးအား ဧရာမတူကြီးတစ်လက်ဖြင့်ထုနှက်လိုက်သကဲ့သို့ခံစားရ၏။ သူ၏ခန္ဓာကိုယ်က ပြင်းထန်စွာတုန်ခါသွားပြီး နောက်တစ်ကြိမ်ပါးစပ်အပြည့် လတ်ဆက်သောသွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
“လော…ဝမ်းကွဲလော”
လောမိသားစုမှကောင်မလေးမှာ လောဟောက်နောက်တစ်ကြိမ်သွေးအန်ပြီး သူ၏မျက်နှာကလွန်စွာ ဖျော့တော့သွားသည်ကို တွေ့ရသောအခါတွင် လောဟောက်ထံသို့ စိုးရိမ်စွာဖြင့်လျှင်မြန်စွာပျံသန်းသွားလိုက်၏။
“တစ်စုံတစ်ယောက်က ငါတို့လောမိသားစုရဲ့ သိုင်းပညာရပ်ကို တိတ်တဆိတ်ခိုးသင်ပြီးငါတို့မိသားစုအဖွဲ့ဝင်ကို ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တယ်.. သူက ငါတို့ရဲ့သေခြင်းမဲ့တောင်တန်းကိုတောင် ဇွတ်တိုးဝင်ချင်နေတယ်.. မြန်မြန်နင့်အဖေကိုခေါ်လိုက်..”
လောဟောက်မှာ သူ့အား ကူညီပေးရန်လာသော ကောင်မလေးအားတွေ့လိုက်ရသော
အခါတွင်လောမိသားစုမှ ကောင်မလေးအား လျှင်မြန်စွာပြောလိုက်သည်။
“အင်း.. ကောင်းပြီ”
လောဟောက်၏ စကားများအားကြားလိုက်ရသောအခါတွင် ကောင်မလေးကတုန့်ဆိုင်းနေခြင်းမရှိပေ။ သူမက လျှင်မြန်စွာ သူမ၏သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပြားတစ်ခုကိုယူပြီး ဖျက်ဆီးလိုက်သည်။
ထိုအချိန်တွင် ငယ်ရွယ်သောအသံတစ်ခုက သေခြင်းမဲ့တောင်တန်းထဲမှထပ်မံ
ထွက်ပေါ်လာသည်။
“ဘယ်သူကငါတို့ရဲ့ သေခြင်းမဲ့တောင်တန်းကိုပြဿနာ
လာရှာနေတာလဲ.”
ထို့နောက်တွင် အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်တစ်ခုက သေခြင်းမဲ့တောင်တန်းထဲမှ ပျံသန်းထွက်လာသည်။
ကောင်မလေးမှာ ပုံရိပ်အားမြင်လိုက်ရပြီး သူ ၏စကားများအားကြားရသောအခါတွင် လျှင်မြန်စွာရေရွတ်ပြောဆိုလိုက်သ်ည။
“အဲ့တာ ဝမ်းကွဲ လောချန်ပဲ. ဝမ်းကွဲလောချန်ဒီကိုရောက်လာပြီ”
“အကို”
အသစ်ရောက်ရှိလာသောလူငယ်က လာဟောက်ထက်တစ်နှစ်နှစ်နှစ်ခန့် ပို၍ အသက်ကြီးသည်။ သူကအသက်နှစ်ဆယ့်နှစ်နှယ်ဆယ့်
သုံးလောက်ရှိပြီး သူ၏အသွင်အပြင်က
လောဟောက်နှင့်ဆင်တူသည်။
ဤလူမှာ လောဟောက်၏သွေးသား
တော်စပ်သည့်ညီအကိုဖြစ်သူ လောချန်ပင်ဖြစ်၏။ သူက လောမိသားစု၏လူငယ်မျိုး
ဆက်များကြားထဲတွင် နံပါတ်တစ်ပါရမီရှင်တစ်ဦး ဖြစ်သည်ဟု ပြော၍ရနိုင်သည်ဖြစ်သည်။
“ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်”
ရှစ်ဖုန့်မှာလောမိသားစုမှ လူငယ်အားတွေ့လိုက်ရသောအခါတွင် သူ၏ကျင့်ကြံမှုနယ်ပယ်အား
ရုတ်ခြည်းထွင်းဖောက်မြင်လိုက်သည်။ သူကငယ်ငယ်ရွယ်ရွယ်နှင့်တကယ်ပဲ ကြယ်သုံးပွင့်မဟာသူတော်စင်
နယ်ပယ်သို့ရောက်ရှိနေသည်။ ဤလူ၏ပါရမီစွမ်းရည်က ထိုလောမိသားစုမှယခင်လူငယ်ထက် များစွာသာလွန်သည်ဖြစ်သည်။
လောချန်က လောဟောက်ထက်များစွာ
တည်ငြိမ်မှုရှိပုံပေါ်၏။
လောချန်က ရှစ်ဖုန့်၏ရှေ့၌ ဝင့်ကြွားစွာရပ်လိုက်ပြီး သေချာအကဲခတ်လိုက်သည်။ ထို့နောက် သူကပြောလိုက်၏။
“မင်းကဘယ်သူလဲ .. သေခြင်းမဲ့တောင်တန်းကိုအတင်းဇွတ်ဝင်ပြီး ငါ့ရဲ့ညီကိုဒဏ်ရာရအောင်
ဘယ်လိုတောင်လုပ်ရဲတာလဲ”
လောချန်စကားပြောပြီးနောက် လောဟောက်၏ ဒေါသထွက်နေသောအသံက
နောက်မှထွက်ပေါ်လာသည်။
“အကို. ဒီလူကကျွန်တော့်ကိုဒဏ်ရာရ
အောင်လုပ်ရုံတင်မကဘူး. ကျွန်တော်တို့လန်မိသားစုရဲ့လျှို့ဝှက်သိုင်းပညာရပ်ဖြစ်တဲ့ ပျက်သုဉ်းခြင်းလက်သီးကိုလည်းတိတ်တဆိတ်သင်ယူထားသေးတယ်. အကိုသူ့ကိုလွှတ်ပေးလို့မရဘူး. သူ့ရဲ့ခြေလက်တွေကိုချိုးပစ်ပြီးတော့ ဦးလေး စစ်မေးရအောင်အတွက် အပြစ်ပေးခန်းမကို ခေါ်သွားရအောင်”
“အိုး”
လောချန်မှာ လောဟောက်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်အားမျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။သူကမေးလိုက်၏။
“မင်းကငါတို့လောမိသားစုရဲ့ သိုင်းပညာရပ်ပျက်သုဉ်းခြင်း
လက်သီးကိုသိတယ်လား”
လောချန်ကထိုသို့ပြောပြီးနောက် သူ၏ကိုယ်ကဖျက်ခနဲဖြစ်သွားပြီး ရှစ်ဖုန့်၏ရှေ့၌ပေါ်လာသည်။ ထို့နောက်သူက ရှစ်ဖုန့်ထံသို့လက်သီးတစ်လုံးကိုပစ်သွင်းလိုက်သည်။ သူက လောမိသားစု၏ ပျက်သုဉ်းခြင်းလက်သီးအား
အသုံးပြုခဲ့ခြင်းဖြစ်သည်။
လောချန်က ပျက်သုဉ်းခြင်းလက်သီးအားထိုး
လိုက်ချိန်တွင်သူ၏ ကျင့်ကြံမှုအား ကြယ်ရှစ်ပွင့် သူတော်စင်နယ်ပယ်အထိဖိနှိပ်ထားသည်။ ယင်းမှာ ရှစ်ဖုန့်က လောဟောက်အားတိုက်ခိုက်ချိန်တွင် သူ၏ကျင့်ကြံမှုကိုကြယ်ရှစ်ပွင့်
သူတော်စင်နယ်ပယ်အထိဖိနှိပ်
ထားခဲ့သောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် လောချန်၏မျက်လုံးထဲ၌ ရှစ်ဖုန့်က ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ဟုသာမြင်ရ၏။
“မင်းကဒီသခင်လေးကိုစမ်းသပ်တာလား”
လောချန်၏လက်သီးအားကြည့်၍ ရှစ်ဖုန့်က ပြောလိုက်သည်။
“ဒီလက်သီးက မင်းရဲ့ညီထက်အများကြီး ပိုသိမ်မွေ့တယ်..သူ့မှာ ပျက်သုဉ်းခြင်းစွမ်းအားပါတယ်. ဒါပေမဲ့ စစ်မှန်တဲ့ပျက်သုဉ်းခြင်းစွမ်းအား
ကိုမရောက်သေးဘူး”
“အဲ့တာကပျက်သုဉ်းခြင်းစွမ်းအား
ကိုရောက်နေပေမဲ့ စစ်မှန်တဲ့ပျက်သုဉ်းခြင်းစွမ်းအား
အဆင့်ကိုမရောက်သေးဘူး”
လောချန်မှာရှစ်ဖုန့်၏စကားအား
ကြားလိုက်ရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားသည်။
သိပ်မကြာသေးခင်က သူ ပျက်သုဉ်းခြင်းလက်သီးကိုထုတ်လွှတ်ခဲ့ချိန်တွင် တစ်စုံတစ်ယောက်က သူ့အားဤသို့ပြောခဲ့သည်။ သူ့အား ဤသို့ပြောခဲ့သည့်သူက လက်ရှိ လောမိသားစု၏ ခေါင်းဆောင်ဖြစ်သူ လေချင်းချွမ်ပင်ဖြစ်သည်။
ယခုသူက ဤအရာအားတကယ်ပဲ ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ဦးထံမှကြားနေရ၏။
အသက်ဆယ့်ငါးဆယ့်ခြောက်ခန့်သာ
ရှိသေးသော ပြင်ပလူတစ်ဦးက သူ့လက်သီး၏ ချို့ယွင်းချက်ကိုပြောနေသည်။
ဤလက်သီးပညာရပ်ကသူတို့လောမိသားစု၏ ဘိုးဘေးအဆက်ဆက် လက်ဆင့်ကမ်း အမွေပေးခဲ့သော ပညာရပ်ဖြစ်၏။