အခန်း (၆၇၈)
Vol. 46 Ch. 678
လောမိသားစုမှလူငယ် လောချန်မှာ ပြင်ပမှလူတစ်ဦးက သူတို့လောမိသားစု၏ပျက်သုဉ်းခြင်း
လက်သီးမှအားနည်းချက်တို့အား ထောက်ပြသည်ကို ကြားရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားသည်။ ယင်းမှာ လောမိသားစု၏ခေါင်းဆောင်ဖြစ်သူ လောချင်းချွမ်မှသူ့အားထောက်ပြသည်နှင့် တစ်ထေရာတည်းတူသည်ဖြစ်သည်။
ထို့နောက်တွင် လောချန်ပို၍တုန်လှုပ်အံ့အား
သင့်သွားရသည်။ တစ်ဖက်မှလူကလည်း လောမိသားစု ပျက်သုဉ်းခြင်းလက်သီးအား
သူ၏အပေါ်၌ သုံးလိုက်၏။
ယင်းမှာ သူ၏ညီဖြစ်သူ လောဟောက်ကသူ့အား ဤသိုင်းပညာရပ်အားသိသည်ဟုပြောခဲ့သည့် လောမိသားစု၏ ပျက်သုဉ်းခြင်းလက်သီးပင်ဖြစ်သည်။
လောချန်တုန်လှုပ်အံ့အားအသင့်ရဆုံးက ဤလူအသုံးပြုလိုက်သော ပျက်သုဉ်းခြင်းလက်သီးတွင် လောမိသားစုပျက်သုဉ်းခြင်း
လက်သီး၏စစ်မှန်သောစွမ်းအား
ပါရှိနေခြင်းပင်ဖြစ်သည်။
သူ၏လက်သီးက ရိုးရှင်းစွာပင် ပြီးပြည့်စုံသောလောမိသားစု၏ ပျက်သုဉ်းခြင်းလက်သီးဖြစ်သည်။
“ဝုန်း”ဆိုသောအသံတစ်ခုနှင့်အတူ လက်သီးနှစ်ခုက ပြင်းထန်စွာပစ်ဆောင့်သွားသည်။
ထို့နောက်ရုတ်ခြည်း လောချန်၏မျက်လုံးတို့က ပြူးကျယ်သွားကာ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။ ပြိုက်ဘက်၏ ပြင်းထန်သောပျက်သုဉ်းခြင်းလက်သီးအောက်တွင် သူ၏ကိုယ်က နောက်သို့တစ်ဟုန်ထိုးလွင့်ပျံသွားရသည်။
“ဝေါ့”
လောချန်လက်ဆတ်သောသွေး
တစ်ပွက်အားပါးစပ်မှအန်ထုတ်လိုက်သည်။
“အကို”
“ဝမ်းကွဲအကို လောချန်”
လောချန်သာတုန်လှုပ်အံ့အားသင့်ရသည်မဟုတ်ဘဲ လောဟောက်ဟုခေါ်သောလူငယ်နှင့် လောမိသားစုမှ ကောင်မလေးတို့ကပါ တုန်လှုပ်အံ့အားသင့်သွားကြသည်။ လောချန်ကမည်သူနည်း။သူက လောမိသားစု မှလက်ရှိလူငယ်မျိုးဆက်၏
နံပါတ်တစ်ပါရမီရှင်ဖြစ်သည်။
သူကဲ့သို့သောသူပင် တစ်ဖက်လူနှင့်ထိပ်တိုက်တွေ့ချိန်၌ တစ်ဖက်လူ၏စွမ်းအားကြောင့် နောက်သို့လွင့်ပျံသွားရသည်။
ထိုထက်ပိုသည်ကား တစ်ဖက်လူအသုံးပြုခဲ့သည်မှာ လောမိသားစု၏ပျက်သုဉ်းခြင်း
လက်သီးပင်ဖြစ်သည်။
“ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ. အကို..သူက..”
“တကယ်ပဲသူကဘယ်သူလဲ. သူကဘယ်လိုဖြစ်ပြီးတော့ငါတို့လောမိသားစုရဲ့ပျက်သုဉ်းခြင်းလက်သီးကို သိနေရတာလဲ. ဒီအဆင့်ထိရောင်အောင်သူဘယ်လိုများကျင့်ကြံခဲ့တာလဲ. “
နောက်သို့လွင့်ပျံသွားသောလောချန်မှာ မပြေမပြစ်ဖြင့်ရပ်တန့်လိုက်သည်။
ထို့နောက်တွင် လောချန်၏အကြည့်က သူ့ရှေ့ရှိ အဖြူရောင်ပုံရိပ်ပေါ်ထပ်မံရောက်ရှိသွားပြီး ပြောလိုက်သည်။
“ မင်းကဘယ်သူလဲ. လောမိသားစုကမင်းနဲ့ဘာကိစ္စရှိလို့လဲ. မင်းသေခြင်းမဲ့တောင်တန်းကိုလာရတဲ့ရည်ရွယ်ချက်က ဘာလဲ”
“ဒီသခင်လေးက လောမိသားစုက လောချင်းချွမ်နဲ့ဆက်စပ်နေတဲ့သူပဲ. ဒီသခင်လေးကို လောချင်းချွမ်ကိုတွေ့ဖို့အခုခေါ်သွားပေး”
ရှစ်ဖုန့်က လောချန်အားပြောလိုက်သည်။
“ဦးလေးလောနဲ့ဆက်စပ်နေတာလား”
ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် လောချန်အရင်ဆုံးအံ့အားသင့်သွားသည်။ ထို့နောက်တွင် တစ်စုံတစ်ခုအားသူတွေးမိပြီး ပို၍ပင်တုန်လှုပ်အံ့အားသင့်သွား၏။ သူကအံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
“ ဖြစ်နိုင်တာ.မင်းကငါတို့ဦးလေး လောရဲ့ တရားမဝင်သားလား”
“ဦးလေးလောရဲ့တရားမဝင်သား”
လောချန်၏နောက်၌ရှိနေသော လောဟောက်နှင့် လောမိသားစုမှ မိန်းကလေးတို့ပင် လောချန်၏စကားများအားကြား
ပြီးနောက်တုန်လှုပ်အံ့အားသင့်သွားကြသည်။
“အဲ့လိုပဲဖြစ်ရမယ်”
လောချန်က သူ၏စိတ်ထဲမှ ရှစ်ဖုန့်အားထပ်မံ ဆန်းစစ်ပြီးနောက်ခိုင်မာစွာပြောလိုက်သည်။
ပြင်ပလူအားအသာထားအုံးလောမိသားစု၌ ပင်လောမိသားစု၏ပျက်သုဉ်းခြင်းလက်သီးအားဤအတိုင်းအတာအထိကျင့်ကြံနိုင်သည့်သူမှာ လက်တစ်ဆုပ်စာသာရှိသည်ဖြစ်သည်။အကယ်၍သူသာ လောမိသားစု၏ ပညာရပ်အား ခိုးသင်ခဲ့သည်သာဆိုလျှင် ဤကဲ့သို့ အတိုင်းအတာအထိ သူကျင့်ကြံနိုင်ရန်မှာဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
“လီးပဲပေါ့ သူတောင်းစားရ”
ရှစ်ဖုန့် ကျိတ်၍ဆဲလိုက်သည်။ သူစကားပြောရန်လုပ်မည့်အချိန်တင် ရုတ်တရက်မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ထဲသို့မော့ကြည့်လိုက်သည်။
ထို့နောက်တွင် ကောင်းကင်ထဲ၌ အသံခပ်ဩဩတစ်ခုက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“ငါဒါကိုမမျှောင်လင့်ထားဘူး. ငါသေခြင်းမဲ့တောင်တန်းကိုလာလာခြင်းမှာပဲ လောချင်းချွမ်ရဲ့တရားမဝင်သားကိုငါတွေ့နေရတယ်.. ကြည့်ရတာဒီဧကရာဇ် သေခြင်းမဲ့တောင်တန်းကိုအလကားလာခဲ့တာမဟုတ်ဘူးပဲ”
ဤအသံအားကြားလိုက်ရသောအခါတွင် လောမိသားစု၏ဂျူနီယာ
သုံးယောက်လုံးတုန်လှုပ်အံ့အား
သင့်သွားကြသည်။
“ဒီအသံ. ဒါ..ဒါက.. နတ်ဆိုးဧကရာဇ် မိုယန်ပဲ”
သေခြင်းမဲ့တောင်တန်းက အကျပ်အတည်းဆိုက်နေသောအချိန်ကာလတွင် မိုယန်က ဤတစ်ကြိမ်သေခြင်းမဲ့တောင်တန်းသို့ဖုံးကွယ်ထားသောရည်ရွယ်ချက်များဖြင့်
လာခြင်းဖြစ်ရမည်ဖြစ်သည်။
“နတ်ဆိုးဧကရာဇ်မိုယန်ဟုတ်လား. သူကဘယ်သူလဲ”
လောမိသားစု၏ ဂျူနီယာများထံမှ မိုယန်၏နမည်အားကြားရသောအခါတွင် ရှစ်ဖုန့်ကလောချန်ဘက်သို့
လှည့်လိုက်ပြီးမေးလိုက်သည်။
“ဒါက. သူက ဦးလေးလောရဲ့ရန်သူတော်ကြီးပဲ”
လောချန်ကပြောလိုက်သည်။
“ဒီလူက မိစ္ဆာပညာရပ်တစ်မျိုးကို ကျင့်ကြံပြီးတော့မကြာခဏ မကောင်းတဲ့ကိစ္စတွေကိုကျူးလွန်လေ့ရှိတယ်. တစ်ခါကဆို လောမိသားစုကလူတွေကို အန္တရာယ်ပြုဖို့အတွက် မိစ္ဆာပညာရပ်တွေကို အသုံးပြုခဲ့တယ်”
“အဲ့တုံးက ဦးလေးချင်းချွမ်က သူနဲ့တိုက်ခဲ့တယ်. သူက ဦးလေးချင်းချွမ်ရဲ့ အနိုင်ယူတာကိုခံရပြီးဦးလေးသတ်တာကိုခံရလုနီးပါးဖြစ်သွားခဲ့တယ်. ဒါကြောင့်မိုယန်က ဦးလေးချင်းချွမ်အပေါ်မှာအမုန်းတရားတွေရှိတယ်. .အချိန်အတိုင်းအတာတစ်ခုအထိ သူက မကြာခဏသေခြင်းမဲ့တောင်တန်း
ကိုလာပြီးတော့ ဦးလေးချင်းချွမ်ကိုစော်ကာပြီး စစ်ကိုကြေညာတယ်”
“ဒါပေမဲ့ သူလာတိုင်း ဦးလေးကသူ့ကိုအနိုင်ယူလိုက်တာကြီးပဲ. ဒါပေမဲ့အခုတော့. ..ဦးလေးချင်းချွမ်က…….”
ဤအချိန်တွင် လောချန်က ရုတ်တရက်တစ်စုံတစ်ခုအားသဘောပေါက်လိုက်ပြီးသူ၏ပါးစပ်ကိုလျှင်မြန်စွာပိတ်လိုက်သည်။
သို့သော်ရှစ်ဖုန့်မှာ လောချန်၏နောက်ဆုံးစကားမှာ
တစ်စုံတစ်ခုကိုကြားလိုက်ရပြီး မေးလိုက်သည်။
“လောချင်းချွမ်ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ဘူး”
လောချန်ကပြန်ဖြေလိုက်သည်။
သို့သော် ဤအချိန်တွင်သူက လွန်စွာစိုးရိမ်တကြီးဖြစ်နေသည်။ ယခုနတ်ဆိုးဧကရာဇ် မိုယန်ရောက်ရှိလာခြင်းကြောင့်လောမိသားစုအနေဖြင့် ၎င်းအားမည်ကဲ့သိုကိုင်တွယ်ရပါမည်နည်း။
ဟင်းလင်းပြင်ထဲရှိ တလိပ်လိပ်ထနေသောအနက်ရောင် တိမ်တိုက်များကြားထဲမှ အနက်ရောင်ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းဆင်းသက်လာသည်။ ဤလူကအနက်ရောင်ဝတ်စုံအား
ဝတ်ဆင်ထားပြီး သူ၏မျက်နှာထက်၌မိတ်ကပ်ထူထူတို့ရှိသည်။ သူ၏ရှည်လျားသောဆံပင်အနက်တို့က လေထဲ၌တဖျပ်ဖျပ်လွင့်နေပြီး သူ၏ပုံစံကလွန်စွာနတ်ဆိုးဆန်နေ၏။
ဤအချိန်တွင် မိုယန်၏ ရက်စက်ယုတ်မာမည့်အသံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ထပ်မံပဲ့တင်ထွက်ပေါ်လာသည်။
“သေခြင်းမဲ့တောင်တန်း
ကလက်တလောမှာအရမ်း ဂနာမငြိမ်ဖြစ်နေတယ်လို့ဒီဧကရာဇ်ကြားခဲ့တယ်.. ဒီတော့ ဒီမှာ ငါကူညီနိုင်တာတစ်ခုခုများရှိလေမလားဆိုပြီး အထူးအလေးထားအပြေးလာခဲ့တာ. လောချင်းချွမ်ဘယ်မှာလဲ. လောချင်းချွမ်ကိုထွက်ပြီးဒီဧကရာဇ်ကိုလာတွေ့ဖို့ပြောလိုက်စမ်း”
“မိုယန်.. ငါတို့ရဲ့သေခြင်းမဲ့တောင်တန်း
ကိုမင်းဘယ်လိုတောင်လာရဲတာလဲ. မင်းတကယ်ပဲ သေရမှာမကြောက်ဘူးလား”
ဤအချိန်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏ အော်ပြောသံတစ်ခုကထွက်ပေါ်လာပြီး သေခြင်းမဲ့တောင်တန်းထဲမှာ
အနက်ရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။
“အဖေ”
လောမိသားစုမှာမိန်းကလေးမှာ ဤပုံရိပ်အားမြင်တွေ့လိုက်ရသောအခါတွင် သူမက အလျှင်အမြန်အော်ပြောလိုက်သည်။
ထို့နောက်ချက်ချင်း ပုံရိပ်များစွာက သေခြင်းမဲ့တောင်တန်းထဲမှပျံသန်း
ထွက်လာသည်။ဤလူများတွင်အများစုက သက်လတ်ပိုင်းများဖြစ်ကြပြီး၎င်းတို့ ဆယ်ယောက်ကျော်ခန့်ရှိသည်။ တစ်ယောက်စီတိုင်းကလွန်စွာစွမ်းအားကြီးသော အော်ရာတစ်ခုကိုထုတ်လွှတ်နေကြ၏။
ဤလူများအားလုံးက မဟာသူတော်စင်နယ်ပယ်များဖြစ်ကြသည်။
လောမိသားစုမှ ကျွမ်းကျင်သူများရောက်ရှိလာသောအခါတွင် သူတို့က မိုယန်အားရန်သူတော်ကြီးတစ်ဦးကိုရင်ဆိုင်နေရသကဲ့သို့ကြည့်လိုက်ကြသည်။
မိုယန်မှာလောကလန်မှ လူဒါဇင်များစွာအားတွေ့လိုက်ရသောအခါတွင် သူက ဆင်းသက်နေခြင်းမှရပ်တန့်လိုက်ပြီး ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်လိုက်သည်။ သူက ငုံ့ကြည့်၍ပြောလိုက်၏။
“ဘာဖြစ်လို့လဲ. ဘာလို့ လောချင်းချွမ်က ဒီဧကရာဇ်လာတာကို လူနည်းနည်းလေးပဲ လွှတ်လိုက်တာလဲ. မင်းတို့က ဒီဧကရာဇ်ကိုသတ်ချင်လို့လား.. လောချင်းချွမ်ဘယ်မှာလဲ. မင်းတို့တွေ ဘာလို့လောချင်းချွမ်ကိုထွက်လာပြီး ဒီဧကရာဇ်ကိုတွေ့ဖို့မတောင်းဆိုတာလဲ”
“မင်းကိုသတ်ဖို့ ငါတို့ရဲ့ခေါင်းဆောင်ကိုယ်တိုင်လာ
ဖို့မလိုအပ်ဘူး”
ဤအချိန်တွင် နောက်ထပ် အိုမင်းသော အသံတစ်ခုထွက်ပေါ်လာသည်။
ဤလူအိုကြီးက တစ်ခေါင်းလုံးဆံပင်ဖြူတွေနှင့်ပြည့်နေပြီး နီမြန်းသောအသားအရည်ရှိကာ အဖြူရောင်ဝတ်ဆုံကိုဝတ်ဆင်ထားလျှက် သေခြင်းမဲ့တောင်တန်းထဲမှ ဖြည်းညှင်းစွာလျှောက်လှမ်းထွက်လာသည်။
“ဒုတိယအကြီးအကဲ.. ဒုတိယအကြီးအကဲက တံခါးပိတ်ကျင့်ကြံခြင်းကနေထွက်လာပြီ.”
အဘိုးအို၏အသံအားကြားရ၍ အဘိုးအို၏ပုံရိပ်အားမြင်တွေ့လိုက်ရသောအခါတွင် လောကလန်မှ လူများကလျှင်မြန်စွာအော်ပြောလိုက်ကြသည်။
“ဒုတိယအကြီးအကဲရဲ့အော် ရာ. သူ..သူကဧကရာဇ်နယ်ပယ်ကိုဝင်
ရောက်သွားပြီးပြီ. . ဒါကကောင်းလိုက်တာ”
ထို့နောက်တွင် လောကလန်မှအခြားသူတစ်ဦးက
အော်ပြောလိုက်သည်။
“ဒါကတကယ်ကောင်းတာ. ဒီလိုသေရေးရှင်ရေးအခိုက်အတန့်မှာ နောက်ဆုံးတော့ဒုတိယအကြီးအကဲက သီးသန့်ကျင့်ကြံမှုကနေထွက်လာပြီး ဧကရာဇ်နယ်ပယ်ကိုအောင်မြင်စွာနဲ့ချိုးဖျက်ဝင်ရောက်သွားတယ်.. သူက လောကလန်အတွက်ကြီးမားတဲ့အကူအညီတစ်ခုဖြစ်လာပြီ”
“ဒါကတကယ်ကောင်းတာပဲ.မိုးကောင်းကင်က လောကလန်ကိုတကယ်ကူညီနေတာပဲ”
“ဒီလူအိုကြီး”
ရှစ်ဖုန့်ကလောကလန်မှ ဒုတိယအကြီးအကဲအားကြည့်၍တီးတိုးရေရွတ်လိုက်သည်။
ဤအဘိုးအိုနှင့်ပက်သက်၍ သူ့၌ ခံစားမှုအချို့ရှိသည်ဖြစ်သည်။ သူသေခြင်းမဲ့တောင်တန်းသို့လာခဲ့စဉ်တုံးကဤအဘိုးအိုအားတွေ့ဖူးသည်ဖြစ်သည်။ ထိုအချိန်က၎င်းမှာ သက်လတ်ပိုင်းအရွယ်သာရှိသေးသည်ဖြစ်၏။
ဤလူ၏ပါရမီစွမ်းရည်ကအရမ်း
ကောင်းမွန်ခဲ့ခြင်းမရှိပေ။ ထိုအချိန်က သူကရှစ်ဖုန့်အားကျင့်ကြံမှုနှင့်ပက်သက်၍ လမ်းညွှန်ပြသပေးရန်တောင်းဆိုခဲ့ပြီး ရှစ်ဖုန့်ကလည်း ထောက်ပြညွှန်ပြချက်အချို့ကို၎င်းအားပေးခဲ့၏။
မမျှော်လင့်ထားစွာဖြင့်ပင် ဤအဘိုးအိုက တကယ်ကြီးဧကရာဇ်နယ်ပယ်သို့ဝင်ရောက်သွားခဲ့သည်။ ဤအဘိုးအိုက ပါရမီစွမ်းရည်အရမ်းမကောင်းမွန်သော်လည်း ကျင့်ကြံခြင်း၌ သက်တမ်းတစ်လျှောက်လုံး ခက်ခက်ခဲခဲကြိုးစားအားထုတ်ခဲ့သည့်ပုံပေါ်၏။