← Chapters

အခန်း (၆၇၉)

Vol. 46 Ch. 679

အခန်း (၆၇၉)

Vol. 46 Ch. 679

လောကလန်၏ ဒုတိယအကြီးအကဲက လေထဲမှလျှေက်လှမ်းလာပြီး

လောကလန်မှ ကျွမ်းကျင်သူများ၏ရှေ့၌ရပ်လိုက်သည်။ သူထုတ်လွှတ်သောအော်ရာက ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ဦး

ထုတ်လွှတ်သော အော်ရာဖြစ်သည်။

လေထဲတွင် နတ်ဆိုးဧကရာဇ်မိုယန်က ငုံ့ကြည့်လိုက်သည်။ လောကလန်မှ ဒုတိယအကြီးအကဲအားတွေ့လိုက်ရသောအခါတွင် သူ၏ မျက်နှာက ပြောင်းလဲမှုအနည်းငယ်ဖြစ်သွားသည်။ သူကရုတ်ခြည်းဆိုးယုတ်သောအပြုံးတစ်ခုကို ပြုံးလိုက်ပြီးပြောလိုက်၏။

“လောချင်းမင် ခွေးအိုကြီး ခင်ဗျားတောင် ဧကရာဇ်နယ်ပယ်ကိုရောက်သွားပြီပဲ . ဒါက တကယ်ပဲ ဂုဏ်ပြုဖို့ထိုက်တန်ပါတယ်.. ဒါပေမဲ့ ခင်ဗျားလိုမျိုး ခွေးအိုကြီးက ဒီဧကရာဇ်ကို တားနိုင်မယ်လို့ထင်နေတာလား. . လောချင်းချွမ်ကို မြန်မြန်ထွက်လာဖို့ပြောလိုက်စမ်း”

“မင်းကိုကိုင်တွယ်ဖို့ ငါတစ်ယောက်တည်းနဲ့တင်လုံလောက်တယ်. လောမိသားစုရဲ့ခေါင်းဆောင်ကိုယ်တိုင်

ထွက်လာဖို့မလိုအပ်ဘူး.. “

ဒုတိယအကြီးအကဲ လောချင်းမင်က အော်ပြောလိုက်သည်။ ထို့နောက်ရုတ်ခြည်း မိုယန်ထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်၏။ သူကလောမိသားစု၏ သိုင်းပညာရပ်ဖြစ်သော ပျက်သုဉ်းခြင်းလက်သီးအား

အသုံးပြုလိုက်ခြင်းဖြစ်သည်။

ပျက်သုဉ်းခြင်းစွမ်းအားတို့က တစ်ဟုန်ထိုးထွက်ပေါ်လာပြီး ပျက်သုဉ်းခြင်းစွမ်းအင်အတက်အကျတို့ကြောင့် လေထုအားလှုပ်ခတ်စေကာ လေထဲရှိ နတ်ဆိုးဧကရာဇ် ထံသို့တစ်ဟုန်ထိုးဦးတည်သွား၏။

“ဟမ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတဲ့ခွေးအိုကြီး. ခင်ဗျားက အရှက်ခွဲခံရဖို့တောင်းဆိုနေတာပဲ”

လောချင်းမင်၏တိုက်ခိုက်မှုအားကြည့်၍ မိုယန်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။ သူ၏ညာလက်အားလက်သည်းအဖြစ်ဖွဲ့စည်းပြီး သူ၏လက်သည်းအလယ်ဗဟို၌ မိစ္ဆာစွမ်းအင်တို့ကို လှည့်ပတ်လိုက်သည်။

ထို့နောက်ချက်ချင်း မိုယန်၏ညာလက်သည်းကအောက်သို့ရုတ်ခြည်းကုတ်ချလိုက်၏။ မိစ္ဆာစွမ်းအင်တို့ပြည့်နှက်နေသော မိုယန်၏လက်သည်းအောက်တွင် လောချင်းမင်၏ တိုက်ခိုက်မှုမှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရသည်။ ထို့နောက်တွင်မိုယန်က သူ၏လက်မှ ဓားလက်ချောင်းအသွင်ကူးပြောင်းပြီး လောချင်းမင်ထံသို့ထိုးညွှန်လိုက်၏။

မိစ္ဆာချီတို့ပြည့်နှက်နေသည့် အနက်ရောင်ဓားချီတစ်ခုက မိုယန်၏ဓားလက်ချောင်းထံမှ ပစ်လွှတ်သလိုထွက်လာသည်။ ၎င်းက အနက်ရောင်ဥက္ကာပျံတစ်ခုကဲ့သို့ လောချင်းမင်ထံသို့ကျဆင်းဦးတည်သွား၏။

ဧကရာဇ်နယ်ပယ်စွမ်းအားနှင့်အနက်ရောင်မိစ္ဆာဓားအောက်တွင် အောက်၌ရှိနေသာလောကလန်အဖွဲ့ဝင်များ၏မျက်နှာကသိသိသာသာကိုပြောင်းလဲသွားသည်။

“ဟာဟား”

နတ်ဆိုးဧကရာဇ်မိုယန်က အောက်မှ လောကလန်အဖွဲ့ဝင်များအား ငုံ့ကြည့်လိုက်၏။ ဤပုရွက်ဆိတ်များကသူ၏စွမ်းအားအောက်၌ ရုန်းကန်နေရသည်ကိုတွေ့ရသောအခါတွင်နောက်တစ်ကြိမ်ဆိုးယုတ်ပြီး အထင်သေးမှုတို့ပါဝင်သော ရယ်မောသံတစ်ခုကထွက်ပေါ်လာသည်။

“ဒီမိစ္ဆာနတ်ဆိုးကတော့. .ဟူး”

ဒုတိယအကြီးအကဲ လောချင်းချွမ်မှာ မိုယန်၏တိုက်ခိုက်မှုအားကြည့်၍ စိတ်ထဲမှသက်ပြင်းချလိုက်သည်။

သူက ဧကရာဇ်နယ်ပယ်သို့ရောက်ရှိရုံသာဖြစ်ပြီး မိုယန်အားမယှဉ်နိုင်သည်ကိုသိသည်ဖြစ်သည်။သို့သော် လက်ရှိလောကလန်၏အခြေအနေကိုသူကောင်းစွာသိရှိပြီး သူ့၌ရွေးချယ်စရာမရှိဘဲ ဤတာဝန်အားယူရမည်ဖြစ်သည်။ အကယ်၍သူဆုတ်ခွာလိုက်လျှင် လောကလန်၏ စွမ်းအားကြီးရန်သူအားအခြားမည်သူက

တိုက်ခိုက်ပါမည်နည်း။

“လောကလန်. ပျက်ဆီးခြင်းဓား”

လောချင်းမင်၏ညာလက်ကလည်း ဓားလက်ချောင်းတစ်ခုအဖြစ်ဖွဲ့စည်းသွားသည်။ သူက အော်ပြောလိုက်ပြီး အပေါ်သို့ထိုးညွှန်လိုက်၏။ လောချင်းမင်၏လက်ချောင်းထိပ်၌မမြင်နိုင်သော ဓားတစ်ခုပေါ်လာပြီး ရှေ့သို့ ထိုးသွင်းလိုက်သည်။ ၎င်းဖြတ်သန်းသွားသောနေရာတိုင်းတွင် ဟင်းလင်းပြင်ကလှုပ်ခတ်သွားပြီး အနက်ရောင်အာကာသအက်ကွဲကြောင်း

တစ်ခုပေါ်လာသည်။

ထို့နောက်ချက်ချင်း မိုယန်၏ အနက်ရောင်မိစ္ဆာချီဓားစွမ်းအင်ဖြင့် လောချင်းမင်၏ မမြင်နိုင်သောဓားစွမ်းအင်တို့က ပစ်ဆောင့်သွားသည်။ ဤအချိန်တွင် သူ၏ ပျက်စီးခြင်းဓားစွမ်းအင်က အနက်ရောင်မိစ္ဆာဓားစွမ်းအင်ကြောင့် ဖျက်ဆီးခံလိုက်ရသည်ကို လောချင်းမင် ရုတ်ခြည်းခံစားလိုက်ရ၏။

“ပြီးသွားပြီ. ငါ့ရဲ့လောကလန်ဘာလုပ်သင့်လဲ”

လောချင်းမင်စိတ်ထဲ၌ ကြေကွဲဝမ်းနည်းနေသည်။

အနက်ရောင်မိစ္ဆာဓားချီက ပျက်စီးခြင်းဓားချီအား ဖျက်ဆီးပြီးသည့်နောက် ၎င်းက ဒုတိယအကြီးအကဲလောချင်းမင်ထံဆက်လက် ထိုးသွင်းဦးတည်လာသည်။ လောချင်းမင်းရုတ်ခြည်း ကူကယ်ရာမဲ့မှုအသိအာရုံကိုခံစားလိုက်ရသည်။

“ခွေးအိုကြီး . ခင်ဗျားကအခုလေးမှ ဧကရာဇ်နယ်ပယ်ကိုတက်ခဲ့ပြီး ခင်ဗျားကိုခင်ဗျားအရမ်းမောက်မာနိုင်ပြီလို့ထင်နေခဲ့တာပဲ. .ဒီဧကရာဇ်ရဲ့ရှေ့မှာ ဝင့်ကြွားပြဖို့ကြိုးစားခဲ့တာလား. အခုဒီဧကရာဇ်ကခင်ဗျားဘယ်လိုမျိုး အံ့ဖွယ်ကောင်းတာလုပ်ပြနိုင်မလဲဆိုတာကိုကြည့်ချင်သေးတယ်.ဟားဟား.ဟားဟားဟား”

ကောင်းကင်ထဲတွင် နတ်ဆိုးဧကရာဇ်၏ယုတ်မာသောရယ်သံကထပ်မံထွက်ပေါ်လာသည်။

“ဒုတိယအကြီးအကဲကိုကာကွယ်ကြ . သေခြင်းမဲ့တောင်တန်းရဲ့ခုခံမှု စွမ်းအားကိုအတူတကွအသက်သွင်းကြ”

ဤအချိန်တွင် လောချင်းမင်၏နောက်မှ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က

အော်ပြောလိုက်သည်။ဤလူ၏အော်သံ

ထွက်လာပြီးပြီးချင်း လောကလန်အဖွဲသားများက အလျှင်အမြန်လက်သင်္ကေတဆီးလ်များ

ကိုပြုလုပ်လိုက်ကြသည်။ သူတို့၏ လက်သင်္ကေတဆီးလ်များက သူတို့၏ ခေါင်းထက်သို့လွင့်မျောထွက်လာပြီး လေထုကတလိပ်လိပ်ထနေသောလှိုင်းလုံးများကဲ့သို့ဖြစ်လာသည်။မျက်စိတစ်မှိတ်အတွင်း ဧရာမဝဲကြီးတစ်ခုကသူတို့၏ဦးခေါင်းများထက် နှင့် မိစ္ဆာဓားချီဦးတည်ထိုးဆင်းလာသော

နေရာ၌ ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်း အနက်ရောင်မိစ္ဆာဓားချီက ဧရာမဝဲကြီးအားရုတ်ခြည်း

ပစ်ဆောင့်သွားသည်။

“ဝုန်း”

ဤကမ္ဘာအတွင်း၌ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။

ပေါက်ကွဲမှုပျောက်ကွယ်သွားပြီး

သည့်နောက်တွင်……..

“ဝေါ့.ဝေါ့.ဝေါ့..ဝေါ့.ဝေါ့..”

လူများသွေးအန်သောအသံများ

ကအဆက်မပြတ်ထွက်လာသည်။

လောကလန်မှကျင့်ကြံသူများမှာ သေခြင်းမဲ့တောင်တန်း၏ ခုခံခြင်းမှ ဝဲ၏စွမ်းအားကိုငှားယူခဲ့ခြင်းဖြစ်သည်။ သူတို့အနေဖြင့် နတ်ဆိုးဧကရာဇ် မိုယန်၏ အနက်ရောင်မိစ္ဆာဓားချီအားတားဆီးနိုင်ခဲ့သော်လည်း ဧရာမဝဲကြီးမှာ အနက်ရောင်မိစ္ဆာဓားချီ၏

ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ လောကလန်အဖွဲ့ဝင်များအားလုံး

စွမ်းအင်တန်ပြန်သက်ရောက်မှုအား

ခံစားလိုက်ကြရ၏ ။သူတို့အားလုံးပြင်းထန်စွာဒဏ်ရာရှိသွားကြပြီး သွေးအန်လိုက်ကြရသည်။

“အိုး”

နတ်ဆိုးဧကရာဇ်မိုယန်မှာသူ၏တိုက်ခိုက်မှုကျိုးပျက်သွားသည်ကိုတွေ့ရသောအခါတွင် အနည်းငယ်အံ့အားသင့်သွားသည်။ သူကနောက်တစ်ကြိမ်နား

ကလောသောအသံဖြင့်ပြောလိုက်၏။

“လောကလန်ရဲ့ပုရွတ်ဆိတ်လေးတွေကတကယ်ပဲအချိန်တစ်ခုအထိရုန်းကန်ကြတုံးပဲကိုး. “

“ကြည့်ရတာငါရထားတဲ့ သတင်းတွေကမှန်တဲ့ပုံပဲ.. လောချင်းချွမ်ကထွက်မလာသေးဘူး. ကြည့်ရတာသူတကယ်ပဲ ကံခေမှုအချို့ကိုပက်ပင်းကြုံနေရတဲ့ပုံပဲ. ဟီးဟီး.ဟားဟား…ဟားဟားဟားဟား”

စကားပြောရင်း မိုယန်က အများနှင့်မတူတမူထူးဆန်းစွာ

ရယ်မောလိုက်သည်။ သူ၏ရယ်မောသံကနတ်ဆိုး

တစ်ကောင်ကဲ့သို့ဖြစ်၏။

ထို့နောက်တွင်မိုယန်၏အမူအယာကပြောင်းလဲသွားပြီး သူ၏ ယုတ်မာသောမျက်နှာထက်၌ ခက်ထန်မှုတစ်ခုဖြစ်ပေါ်လာသည်။ သူကအောက်ရှိလောမိသားစုဝင်များအား အေးစက်စွာအော်ပြောလိုက်သည်။

“ငါမိုယန်က အဲ့ခွေးမသား လောချင်းချွမ်ရဲ့လက်ထဲမှာ ဒုက္ခတော်တော်ခံခဲ့ရတယ်..

ဒီနေ့ငါသေခြင်းမဲ့တောင်တန်းရဲ့

သွေးနဲ့ဆေးကြောမယ်..လောကလန်ရဲ့သွေးကိုအသုံးပြုပြီးတော့ ငါခံစားခဲ့ရတဲ့အ ရှက်ကွဲမှုဒုက္ခကိုဆေးကြောပစ်မယ်.. ဒီလက်ဖဝါးနဲ့ငါမင်းတို့ပုရွတ်ဆိတ်တွေကို အရင်ဆုံးဖျက်ဆီးပစ်မယ်”

“ကြည့်ရတာလောချင်းချွမ်မှာ

တကယ်ပဲတစ်ခုခုဖြစ်ခဲ့တဲ့ပုံပဲ”

ရှစ်ဖုန့်ကသူ့ရှေ့၌ဖြစ်ပျက်နေသည့်

အရာအားလုံးအားကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

“ကြည့်ရတာ အဲ့ပုရွတ်ဆိတ်ကိုဒီသခင်လေး

ကိုင်တွယ်ရမဲ့ပုံပေါ်တယ်.. ဒါမှလောချင်းမင်ကို လောချင်းချွမ်ဘာဖြစ်ခဲ့လဲမေးနိုင်မှာ..”

ရှစ်ဖုန့်ကစကားပြောရင်းရုတ်ခြည်းသူ၏ စိတ်ကိုလှုပ်ရှားလိုက်သည်။ ရှစ်ဖုန့်၏ကိုယ်မှာ သွေးနီရောင်အလင်းများက ဆက်တိုက်လင်းလက်တောက်ပလာသည်။

“ဂါး.ဂါး.ဂါး.ဂါး..ဂါး.”

ကြမ်းကြုတ်သောသားရဲများကဲ့သို့အော်သံများက ဧရိယာတစ်ဝိုက်၌ ရုတ်ခြည်းရိုက်ခတ်လာသည်။

“ဒါ..အဲ့တာတွေကဘာတွေလဲ”

လောကလန်ဘက်တွင်လောကလန်မှ

ကောင်မလေးမှာ အောက်ဘက်မှ လူသားမျက်တစ္ဆေမျက်သတ္တဝါများ

ပေါ်လာသည်ကိုရုတ်တရက်မြင်

တွေ့လိုက်ရသည်။ သူမ၏မျက်လုံးတို့လျှင်မြန်စွာပြူး

ကျယ်သွားပြီး တုန်လှုပ်စွာဖြင့်အော်ပြောလိုက်၏။

ထို့နောက်တွင် ကောင်မလေး၏ဘေး၌ရှိနေသောလောဟောက်ကလည်း အလျှင်အမြန်အံ့အားသင့်စွာပြောလိုက်သည်။

“ယင်အလောင်းကောင်တွေ. ငါအဲ့တာကို ရှေးဟောင်းစာအုပ်တွေထဲမှာမြင်ဖူးတယ်.. အဲ့တာတွေက ယင်အလောင်းကောင်တွေ”

လောဟောက်က ရှစ်ဖုန့်အားထိုးညွှန်ပြီးခါးသီးစွာ

ပြောလိုက်သ်ည။

“အဲ့လူကယင်အလောင်းကောင်တွေအားလုံးကိုထုတ်လွှတ်လိုက်တဲ့ပုံပဲ. သူ.သူဘာလုပ်နေတာလဲ. သူကမိုယန်နဲ့အတူပါလာတဲ့သူများဖြစ်နေတာလား. သူကမိုယန်သေခြင်းမဲ့တောင်တန်းကိုတိုက်ခိုက်မှာကိုကူညီဖို့အတွက် ငါတို့သေခြင်းမဲ့တောင်တန်းကိုလာတာလား. သေစမ်း”

ဤအချိန်တွင်အားလုံး၏မျက်လုံးများက ရှစ်ဖုန့်၏အပေါ်၌သို့စတင်စူးစိုက်လာသည်။

ကောင်းကင်ထဲတွင် နတ်ဆိုးဧကရာဇ် မိုယန်က သူ၏ညာလက်အားလက်ဖဝါး

အဖြစ်ပြောင်းလိုက်သည်။ ဆန်းကြယ်သောမိစ္ဆာစွမ်းအင်က မိုယန်၏လက်ဖဝါးမှ ဦးတည်ချက်ပေါင်းစုံသို့ ပြန့်နှံ့လာသည်။ အောက်ဘက်မှအခြေအနေများအား မိုယန် သတိပြုမိသောအခါတွင် သူ၏အမူအယာကအနည်း

ငယ်ပြောင်းလဲသွားပြီး အလန့်တကြားဖြင့်ပြောလိုက်သည်။

“ယင်အလောင်းကောင်တွေလား. ဘာလို့သေခြင်းမဲ့တောင်တန်းထဲမှာ ယင်အလောင်းကောင်တွေ

အများကြီးရှိနေရတာလဲ. သေခြင်းဧကရာဇ် . ဖြစ်နိုင်တာအဲ့ခွေးမသား လောချင်းချွမ်က သူ့ရဲ့စီနီယာအကို သေခြင်းဧကရာဇ်လင်ယဲ့ဖုန်းကို ခေါ်ထားတာလား”

လင်ယဲ့ဖုန်းအားတွေးမိသောအခါတွင် မိုယန်၏မျက်နှာကရုတ်ခြည်းပြောင်းလဲသွားပြီး မထိန်းနိုင်ဘဲထိတ်လန့်သော အမူအယာတစ်ခုကသူ၏မျက်နှာ

ထက်၌ဖြစ်ပေါ်လာသည်။ လောချင်းချွမ်ကစော်ကား

ရန်လွယ်ကူသော်လည်း အကယ်၍သေခြင်းဧကရာဇ်လင်ယဲ့ဖုန်းသာ

တကယ်လာခဲ့လျှင် မိုယန်ဆယ်ယောက်ရှိနေလျှင်တောင် ၎င်းအားသတ်ရန်လုံလောက်မည်မဟုတ်ပေ။ မိုယန်၏စိတ်ထဲ၌ဆုတ်ခွာထွက်ပြေးရန် အားကောင်းသောဆန္ဒတစ်ခုက မြင့်တက်လာသည်။

All Chapters