← Chapters

အခန်း (၆၈၀)

Vol. 46 Ch. 680

အခန်း (၆၈၀)

Vol. 46 Ch. 680

သေခြင်းမဲ့တောင်တန်း၌ ယင်အလောင်းကောင်များ

ထွက်ပေါ်လာသည်။

အောက်ဘက်ရှိ လှုပ်ရှားနေသော ယင်အလောင်းကောင်များအားတွေ့

လိုက်ရသောအခါတွင် နတ်ဆိုးဧကရာဇ်မိုယန်က လောချင်းချွမ်၏ သရုပ်မှန်နှင့် ထျန်းဟန်တိုက်ကြီးပေါ်မှ နမည်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးကို သတိရသွားသည်။သူ၏ကလီစာများပေါက်ကွဲထွက်လာသလိုမျိုး အရမ်းကြောက်လန့်မှုကိုသူခံစားလိုက်ရသည်။ သူ၌ဆုတ်ခွာထွက်ပြေးရန်အားကောင်းသော စိတ်ဆန္ဒတို့ဖြစ်ပေါ်လာသည်။

သူဤနေရာ၌ထပ်မံကြာရှည်စွာ

နေရဲခြင်းမရှိပေ။

သို့သော်ဤအချိန်တွင် နတ်ဆိုးဧကရာဇ်ပျံတက်လိုက်သောအခါ၌ မမြင်နိုင်သောစွမ်းအားတစ်ခုက

သူ၏လမ်းကြောင်းအား ပိတ်ဆို့ထားသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။

မမြင်နိုင်သောစွမ်းအားထံသို့ သူ၏လက်ဝါးဖြင့်ရိုက်လိုက်သောအခါတွင် မမြင်နိုင်သော စွမ်းအင်အတက်အကျတို့ဖြစ်ပေါ်သွားပြီး သူ၏လက်ဝါးရိုက်ချက်ထိမှန်သွားသောနေရာ၌ အနက်ရောင်သေခြင်းချီတို့က အနက်ရောင်မီးခိုးငွေ့တို့ကဲ့သို့ ထွက်ပေါ်လာသည်။

“သေခြင်းချီ. သေခြင်းချီ…ဒါကတကယ်ပဲ သေခြင်းဧကရာဇ်ပဲ”

မိုယန်မှာ လေထဲမှ အနက်ရောင်သေခြင်းချီအားတွေ့လိုက်ရသောအခါတွင် သူ၏တစ်ကိုယ်လုံး၌ ကြောက်ရွံ့မှုတို့ဖြင့်ပြည့်နှက်နေသည်။

အနက်ရောင်သေခြင်းချီက သေခြင်းဧကရာဇ််ရောက်ရှိလာခြင်းဟုဆိုလိုခြင်းပင်ဖြစ်သည်။ ထိုထက်ပိုသည်ကား သေခြင်းဧကရာဇ်က ဤနေရာအားပိတ်ဆို့ရန် သူ၏စွမ်းအားကိုအသုံးပြုထားသည်။

“ဟင့်အင်း.မဟုတ်ဘူး. ငါပြေးမှရမယ်. မဟုတ်ရင်.အားလုံး အဆုံးသတ်သွားလိမ့်မယ်”

မိုယန်တစ်ယောက် ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့်ပြည့်နှက်နေသည်။ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက သူ၏စိတ်ထဲ၌ပေါ်လာ၏။ သူလေထဲသို့ အလျှင်အမြန်ထပ်ကာထပ်ကာထိုးလိုက်ပြီး

ထွက်ပြေးနိုင်သောလမ်းကြောင်း

တစ်ခုပွင့်လာရန်မျှော်လင့်နေသည်။

“ဝုန်း.ဝုန်း..ဝုန်း.ဝုန်း.ဝုန်း..”

မိုးချုန်းသံကဲ့သို့သောပေါက်ကွဲသံတို့က ဟင်းလင်းပြင်ထဲ၌ အဆက်မပြတ်ထွက်ပေါ်လာ၏။

သို့သော် မိုယန်ထိုးလိုက်သည့်အချိန်တိုင်းတွင် ဟင်းလင်းပြင်၏စွမ်းအင်အတက်အကျနှင့် အနက်ရောင်သေခြင်းချီတို့ကထွက်ပေါ်လာသည်။ သို့သော် မိုယန်ဘယ်လိုပဲထိုးနှက်ပါစေ သူ၏လမ်းအားပိတ်ဆို့ထားသည့်မမြင်နိုင်သောစွမ်းအားအား မချိုးဖျက်နိုင်ဖြစ်နေသည်။

“ဒီဆိုးယုတ်တဲ့ကောင်. သူဘာလုပ်နေတာလဲ”

အောက်ဘက်ရှိ လောမိသားစုမှကျင့်ကြံသူများမှာ အထက်မှအခြေအနေများအားကြားရသောအခါတွင် သူတို့၏အကြည့်အား လှုပ်ရှားနေသော ယင်အလောင်းကောင်များထံမှ အပေါ်သို့ ပြောင်းရွှေ့ကြည့်လိုက်သည်။ လောမိသားစုမှကောင်မလေးမှာ

မိုယန်ဟင်းလင်းပြင်ထဲအားထိုး

နေသည်ကိုတွေ့ရပြီး သူ၏မျက်နှာထက်၌ အံ့အားသင့်မှုတို့ဖြစ်ပေါ်နေသည်။

လောမိသားစု၏ဒုတိယအကြီး

အကဲလောချင်မင်မှာ ယင်အလောင်းကောင်အုပ်အားကြည့်လိုက်ပြီး ကောင်းကင်နှင့်မြေပြင်အတွင်းမှပြောင်းလဲမှုများအားအာရုံခံမိလိုက်သည်။ ထို့နောက်ကောင်းကင်ထဲရှိမိုယန်

တိုက်ခိုက်နေသော ဟင်းလင်းပြင်သို့ကြည့်လိုက်ပြီး ဖြစ်ပေါ်လာသောဟင်းလင်းပြင်စွမ်းအင်အတက်အကျနှင့် ထုတ်လွှတ်နေသော အနက်ရောင်သေခြင်းအော်ရာ တို့ကိုတွေ့ရသည်။ ရုတ်တရက်တစ်စုံတစ်ခုအား

တွေးမိသွားပြီးအံ့အားသင့်စွာ

အော်ပြောလိုက်သည်။

“အလောင်းတစ်သောင်းအစီအရင်. ငါတို့ရှိနေတဲ့ ကောင်းကင်နဲ့မြေကြီးထဲမှာ သေခြင်းဧကရာဇ်ရဲ့ အလောင်းတစ်သောင်းအစီအရင်ကို ဖွဲ့စည်းထားတယ်.. ဟုတ်တယ် . ငါဒါကိုကံကောင်းလို့ငါ့မျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်ဖူးတယ်. ဒါက အလောင်းတစ်သောင်းအစီအရင်ပဲ”

“ဘာ”

လောချင်းမင်၏စကားများအားကြားရသောအခါတွင်လောမိသားစုဝင်များမှာ တုန်လှုပ်အံ့အားသင့်သွားကြသည်။ လောမိသားစုဝင်များဖြစ်သည်နှင့်အညီ သူတို့၏မိသားစုခေါင်းဆောင် လောချင်းချွမ်၏စီနီယာအကိုကြီးလင်ယဲ့ဖုန်းက ထျန်းဟန်တိုက်ကြီးတစ်ခွင်ကျော်ကြားသည်ကိုသိကြသည်ဖြစ်သည်။ ယင်းက သေခြင်းဧကရာဇ်၏ အန္တိမပညာရပ်ဖြစ်သော အလောင်းတစ်သောင်းအစီအရင်ဖြစ်၏။

ထို့နောက်ချက်ချင်း လောကလန်မှလူများ၏အကြည့်တို့က သူတို့နှင့်သိပ်မဝေးသောနေရာ၌ရှိနေသည့်အဖြူရောင်နှင့်လူငယ်အားကြည့်လိုက်သည်။ ဤအချိန်တွင် ယင်အလောင်းကောင်များက သူ၏ဝန်းကျင်၌ပျံသန်းနေသည်ဖြစ်သည်။

“သူကယင်အလောင်းကောင်တွေကိုထုတ်လွှတ်တဲ့သူပဲ. ဒါအလောင်းတစ်သောင်းအစီအရင်ကို ခင်းကျင်းတာသူဆိုတဲ့အဓိပ္ပါယ်ပေါ့. “

လောမိသားစု၏ပါရမီရှင်လူငယ် လောချန်က တုန်လှုပ်အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။

သူက လောမိသားစု၏အန္တိမပညာရပ်ဖြစ်သော

ပျက်သုဉ်းခြင်းလက်သီးကိုသိနေသည်သာမက သေခြင်းဧကရာဇ် ၏အလောင်းတစ်သောင်း

အစီအရင်ကိုပါသိနေသည်။

“သူကတကယ်ပဲဘယ်သူလဲ”

လောမိသားစု၏ဒုတိယအကြီး

အကဲလောချင်းမင် က လူငယ်ထံသို့ကြည့်လိုက်သည်။

လောမိသားစုမှလူငယ်ကျင့်ကြံသူများကသူတို့၏ခေါင်းများအားခါယမ်းလိုက်ကြပြီး သူတို့မသိကြောင်းကို အရိပ်အယောင်ပြလိုက်ကြသည်။ဤအချိန်တွင်လောချန်က လောချင်းမင်ကိုပြောလိုက်သည်။

“ဒုတိယအကြီးအကဲ သူက ဦးလေးချင်းချွမ်နဲ့ဆက်နွယ်ပြီး ဦးလေးချင်းချွမ်ကိုရှာဖို့ဒီကိုလာ

တာလို့ပြောတယ်”

“သူနဲ့ကျွန်တော်တို့ပထမဆုံး

တိုက်ခိုက်တုံးက သူက လောမိသားစုရဲ့ပျက်သုဉ်းခြင်း

လက်သီးကိုသိနေရုံတင်မကဘူး သူကကျွန်တော့်ထက်သာအောင်

တောင်ကျင့်ကြံထားသေးတယ်.. အဲ့တာကအထွတ်အထိပ်ပြီးပြည့်စုံမှု

အဆင့်ကိုရောက်နေပြီလို့တောင်

ပြောလို့ရတယ်”

“ဘာ. သူကလောမိသားစုရဲ့ပျက်သုဉ်းခြင်းလက်သီးကိုသိတာလား”

လောချန်၏စကားများအားကြား

ရသောအခါတွင် လောချင်းမင်နှင့်အခြား

လောမိသားစုမှကျင့်ကြံသူများအားလုံး တုန်လှုပ်အံ့အားသင့်သွားကြသည်။

“ဒီလူက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ သေခြင်းမဲ့တောင်တန်းကိုလာတာ. သူက လောမိသားစုရဲ့ ပျက်သုဉ်းခြင်းလက်သီးကိုခိုးပြီးသင်ခဲ့တာပဲဖြစ်ရမယ်. သူကလောမိသားစုရဲ့ပျက်သုဉ်းခြင်းလက်သီးကို ခိုးသင်ရုံတင်မကဘူး. သေခြင်းဧကရာဇ်ရဲ့ အန္တိမပညာရပ်ဖြစ်တဲ့ အလောင်းတစ်သောင်းအစီအရင်

ကိုပါခိုးသင်ထားတယ်..ဒီလိုလူမျိုးက အရမ်းစက်ဆုပ်ဖို့ကောင်းတယ်”

အစာပိုင်းက ရှစ်ဖုန့်၏ သင်ခန်းစာပေးခြင်းကိုခံခဲ့ရသော လောဟောက်မှာ သူ၏စိတ်ထဲ၌ အာဃာတတို့ကိုထားရှိဆဲဖြစ်သည်။

“လောဟောက် အဓိပ္ပါယ်မရှိတာကိုမပြောနဲ့”

လောချန်က လောဟောက်၏စကားတို့အားကြားရသောအခါတွင်အလျှင်အမြန် အော်ပြောလိုက်သည်။

သူ၏ညီဖြစ်သူကစိတ်သဘောထား

သေးသိမ်သည်ကို လောချန်ကောင်းစွာသိသည်ဖြစ်သည်။

ဘယ်လိုလုပ်ပြီးဤလူက သူသုံးနေကျဖြစ်သောပျက်သုဉ်းခြင်း

လက်သီးအားခိုးသင်ထားခြင်း

ဖြစ်နိုင်ပါမည်နည်း။

“ဒါပေမဲ့..အကိုကြီး..”

လောဟောက်မှာ လောချန်၏အော်ပြောသံအားကြားလိုက်ရသောအခါတွင် ဆက်လက်ငြင်းခုန်လိုသော်လည်း လောချန်၏လျှင်မြန်စွာကြား

ဖြတ်ဟန့်တားလိုက်သည်။

“မင်းအမှားကြီးတစ်ခုလုပ်မိတာကို ဘာမှထပ်ပြီးပြောမနေနဲ့”

လောချန်မှာစကားပြောနေရင်း မမြင်နိုင်သောအေးစက်သည့်အလင်းတန်းနှစ်ခု သူ၏မျက်လုံးမှထွက်လာသည်။ လောချန်၏အေးစက်မှုအားအာရုံခံမိသောအခါတွင်လောဟောက်သူ၏ပါးစပ်အား

အလျှင်အမြန်ပိတ်လိုက်သည်။ သို့သော်အဖြူရောင်ပုံရိပ်အားထပ်မံကြည့်လိုက်သောအခါတွင် သူ၏ အကြည့်၌ မုန်းတီးမှုတို့ပြည့်နှက်နေဆဲဖြစ်သည်။

“ကောင်းပြီ အမှိုက်.. မင်းရဲ့စွမ်းအင်တွေကိုဖြုန်းမနေနဲ့ ဒီနေ့ မင်း သံသယမရှိသေရမှာ”

ဤအချိန်တွင် ငယ်ရွယ်ပြီးအေးအေးလူလူနိုင်သောအသံတစ်ခုကပျံသန်းနေသော ယင်အလောင်းကောင်များကြားထဲမှထွက်ပေါ်လာသည်။ ထို့နောက်တွင် အသံကဧရိယာတစ်ဝိုက်ရိုက်ခတ်သွားသည်။

“လူငယ်တစ်ယောက်အသံလား. ဒါကသေခြင်းဧကရာဇ်ရဲ့အသံ

လည်းမဟုတ်ဘူး. “

ကောင်းကင်ထဲ၌ အသည်းအသန်တိုက်ခိုက်နေဆဲဖြစ်သောမိုယန်မှာ ရပ်တန့်လိုက်ပြီး သူ၏ခေါင်းအားငုံ့ကြည့်လိုက်သည်။ ယင်အလောင်းကောင်များကြားထဲမှ အဖြူရောင်ဝတ်ရုံနှင့်လူငယ်တစ်ဦးအားသူတွေ့ရ၏။

“မင်းကစကားပြောလိုက်တဲ့သူလား”

မိုယန်က အဖြူရောင်ပုံရိပ်ထံသို့ကြည့်၍ စိတ်ရှုပ်ထွေးသောအမူအယာဖြင့်

မေးလိုက်သည်။

သို့သော် မိုယန်၏အကြည့်ကပတ်ဝန်းကျင်

အားစစ်ဆေးနေဆဲဖြစ်ပြီး သူ၏စိတ်ထဲမှ ကြောက်ဖို့ကောင်းသည့်ပုံရိပ်အား

ရှာဖွေနေသည်။

“ဒီသခင်လေးပဲ’

ရှစ်ဖုန့်ကပြန်ဖြေလိုက်သည်။

“မင်း.ဖြစ်နိုင်တာမင်းလား. မင်းကအလောင်းတစ်သောင်းအစီအရင်ကိုခင်းကျင်းတဲ့သူလား”

မိုယန်ကထပ်မံမေးလိုက်သည်။

“ဟုတ်တယ် .ဒီသခင်လေးပဲ”

ရှစ်ဖုန့်က ဂရုမထားဟန်ဖြင့်ပြန်ဖြေလိုက်သည်။

“မင်းကိုး..မင်းပဲကိုး”

ရှစ်ဖုန့်၏စကားအားကြားရသောအခါတွင်မိုယန်က ရေရွတ်ပြောလိုက်သည်။ ထို့နောက် မိုယန်၏ကိုယ်ကပေါ့ပါးသလိုခံစားလိုက်ရပြီး သူ၏ယုတ်မာသောမျက်နှာထားထပ်မံဖြစ်ပေါ်လာသည်။ သူကကျယ်လောင်စွာရယ်မောလိုက်သည်။

“ဟားဟား. ငါက သေခြင်းဧကရာဇ်ကိုယ်တိုင်လာ

တယ်ထင်နေတာ. မင်းလိုကလေးတစ်ယောက်ဖြစ်နေမယ်

လို့မမျှော်လင့်ထားခဲ့ဘူး. မင်းကငါ့ကိုသေတဲ့အထိကြောက်အောင်တကယ်လုပ်ခဲ့တာပဲ”

မိုယန်မှာ သူ၏အသက်အားထပ်မံရှာတွေ့သလို ရုတ်တရက်ခံစားလိုက်ရသည်။

“ငါသာမမှားရင် မင်းကသေခြင်းဧကရာဇ်ရဲ့တပည့်မလား”

“ဒီသခင်လေးဘယ်သူဆိုတာမင်းသိဖို့မလိုဘူး…ဘာပဲဖြစ်ဖြစ်ဒီနေ့မင်းသေရတော့မယ်”

ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။

“အိုး”

ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် မိုယန်က “အိုး” ဟု ပြန်ဖြေလိုက်သည်။ သူ၏ဆိုးယုတ်သောမျက်နှာထက်၌ အူမြူးသောအပြုံးတစ်ခုပေါ်လာသည်။

“အကယ်၍ ဒါက သေခြင်းဧကရာဇ်ကိုယ်တိုင်ဆိုရင် ငါ့ရဲ့ဒန်တန်ကို ဖောက်ခွဲပြီး အခုပဲကငါ့ကိုယ်ငါသတ်သေလိုက်မယ်. မင်းကတော့ ကြယ်ရှစ်ပွင့်မဟာသူတော်စင်

နယ်ပယ်တစ်ယောက်လေးပဲ. မင်းရဲ့အလောင်းတစ်သောင်း

အစီအရင်ကငါ့ကိုထောင်

ချောက်ဆင်ပြီးသတ်နိုင်မလားဆိုတာကို ငါကြည့်အုံးမယ်”

မိုယန်ကစကားပြောရင်းသူ၏လက်ဖဝါး၌ မိစ္ဆာချီကိုလှည့်ပတ်လိုက်သည်။ထို့နောက် သူ၏လက်ဖဝါးအားအောက်

သို့ရိုက်ချပြီးအော်ပြောလိုက်သည်။

“ကောင်းကင်ဘုံ မိစ္ဆာမြွေ”

ရုတ်တရက် အနက်ရောင်မြွေများ မိုယန်၏အောက် ဟင်းလင်းပြင်ထဲ၌ ပေါ်လာ၏။ ယင်းမှာ ဟင်းလင်းပြင်ထဲမှ အနက်ရောင်မြွေများထွက်ပေါ်

လာသကဲ့သို့ပင်ဖြစ်သည်။ ထို့နောက်တွင် အနက်ရောင်မြွေထောင်ပေါင်းများစွာက မုန်တိုင်းတစ်ခုကဲ့သို့ထွက်ပေါ်လာသည်။

အနက်ရောင်မြွေတစ်ကောင်စီတိုင်းတွင် ဧကရာဇ်နယ်ပယ်တစ်ဦး၏စွမ်းအားတို့ပါရှိ၏။

“ဟီးဟီး. ဒီဧကရာဇ်က မင်းရဲ့ အလောင်းကောင်တွေကိုအရင်သတ်မယ်. မင်းလိုကောင်စုတ်လေးဘယ်လောက်မောက်မာနိုင်မလဲဆိုတာကိုကြည့်သေးတာပေါ့”

All Chapters