← Chapters

အခန်း (၆၈၁)

Vol. 46 Ch. 681

အခန်း (၆၈၁)

Vol. 46 Ch. 681

နတ်ဆိုးဧကရာဇ်မိုယန်၏ မိစ္ဆာသိုင်းပညာရပ်နှင့် ကောင်းကင်ဘုံမိစ္ဆာမြွေများက လောမိသားမှ ကျင့်ကြံသူများအား ထိန်းချုပ်၍မရနိုင်စေဘဲ တုန်ယင်စေ၏။

အကယ် ထောင်ပေါင်းများစွာသော

အနက်ရောင်မြွေများကသာသူတို့အားဝါးမျိုးသွားခဲ့လျှင် သူတို့အနေဖြင့်သေချာပေါက် ပြာပုံဘဝသို့သက်ဆင်းရလိမ့်မည်သာဖြစ်သည်။

“ဒီသောက်မိစ္ဆာကောင်. ကတကယ်ပဲ အရမ်းစွမ်းအားကြီးတာပဲ”

အစောပိုင်းကမှ ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်ခဲ့သော လောမိသားစု၏ ဒုတိယအကြီးအကဲလောချင်းမင်ပင် ကောင်းကင်ဘုံမိစ္ဆာမြွေများအား တွေ့ရသောအခါတွင် တုန်လှုပ်အံ့အားသင့်စွာပြောမိ၏။

နတ်ဆိုးဧကရာဇ်မိုယန်၏ တိုက်ခိုက်မှုအားတားဆီးရန်အတွက် လောမိသားစုမှကျင့်ကြံသူများမှာ သေခြင်းမဲ့တောင်တန်းမှာ ကန့်သတ်ချက်စွမ်းအားအားငှား

ယူအသုံးပြုရန်ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ယင်အလောင်းကောင်များကြားထဲ၌ ဝင့်ကြွားစွာရပ်နေသာ ရှစ်ဖုန့်တစ်ဦးတည်းသာ တည်ငြိမ်မြဲတည်ငြိမ်လျှက်ရှိသည်။ သူကခေါင်းမော့လိုက်ပြီး ဆင်းသက်လာသည့် ထောင်ပေါင်းများစွာသောအနက်ရောင်မြွေများကိုကြည့်လိုက်သည်။ သူက အေးအေးလူလူပင်ပြောလိုက်၏။

“မင်းလို နှံကောင်လေးတစ်ကောင်က ဒီသခင်လေးနားမှာ ဘယ်လိုတောင်လာခုန်ဆွခုန်ဆွလုပ်ရဲတာလဲ. ဒီသခင်လေးအတွက်သေလိုက်စမ်း”

တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်ကသူ၏ ညာလက်အားလက်ဖဝါးအသွင်ပြောင်းလိုက်ပြီး အပေါ်သို့ရိုက်ထုတ်လိုက်သည်။ သူကအောပြောလိုက်၏။

“ဖျက်ဆီးစမ်း”

ရှစ်ဖုန့်၏ စကားမဆုံးခင် ကောင်းကင်ထဲမှဆင်းသက်လာသည့် ပြွတ်သိပ်များပြားလှသော အနက်ရောင်မြွေများမှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရပြီး အနက်ရောင်မိစ္ဆာအခိုးအငွေ့

အမျှင်တန်းများအဖြစ်ပြောင်းလဲသွားသည်။

ထို့နောက်တွင် ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားသွား၏။

“ဂါး”

ယင်အလောင်းကောင်အုပ်ထဲမှ ခက်ထန်သောအော်သံတစ်ခုထွက်ပေါ်လာသည်။ ရုတ်ခြည်းပိန်းပေါက်အောင်

နက်မှောင်သော ပုံရိပ်တစ်ခုက များပြားလှသောယင်အလောင်း

ကောင်အုပ်ထဲမှ ပျံသန်းထွက်လာ၏။

ဤပုံရိပ်မှာ ဧကရာဇ်နယ်ပယ် ယင်အလောင်းကောင်တီရှာဖြစ်သည်။ ဤအခိုက်အတန့်တွင် တီရှာက နတ်ဆိုးဧကရာဇ်မိုယန်ထံသို့ ပျံသန်းသွား၏။ သူ၏ခေါင်းအားမော့လိုက်ပြီး ခက်ထန်သောအပြုံးတစ်ခုကသူ၏မျက်နှာထက်၌ပေါ်လာသည်။ သူ၏ညာလက်ထဲ၌ သိပ်သည်းသောအနက်ရောင်သေခြင်းအော်ရာကိုထုတ်လွှတ်နေသည့် ကြီးမားသည့်တံစဉ်တစ်ခုကို ကိုင်ထားသည်။

တီရှာ၏လက်ထဲမှတံစဉ်မှာ အလောင်းတစ်သောင်းအစီအရင်မှ သေခြင်းစွမ်းအားတို့ကိုအသုံးပြု၍ ရှစ်ဖုန့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းက သေခြင်းနတ်ဘုရား၏တံစဉ်

ပုံစံကဲ့သို့ဖွဲ့စည်းထားခြင်းဖြစ်သည်။

တီရှာ၏လက်ထဲမှ အနက်ရောင် တံစဉ်က အနည်းငယ်တုန်ခါနေပြီး အားကောင်းသောသေခြင်းစွမ်းအင်တစ်ခုကို ထုတ်လွှတ်နေသည်။

“အလောင်းကောင်ဧကရာဇ်”

နတ်ဆိုးဧကရာဇ်မိုယန်မှာ တီရှာသူ့ထံသို့ပျံသန်းလာသည်

အားတွေ့ရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားသည်။ သို့သော်၎င်းအားစိတ်ထဲထားခြင်းမရှိပေ။သူ၏အကြည့်က တီရှာ၏လက်ထဲရှိ အနက်ရောင်တံစဉ်ပေါ်သို့

ကျရောက်သွားချိန်တွင် အနက်ရောင်တံစဉ်အတွင်းမှ သေခြင်းစွမ်းအားကိုအာရုံခံမိပြီး သူ၏အမူအယာက သိသိသာသာပြောင်းလဲသွားသည်။

“ဒီစွမ်းအင်”

“သေလိုက်စမ်းနှံကောင်”

တီရှာကမိုယန်၏ရှေ့သို့ လျှင်မြန်စွာရောက်ရှိလာသည်။ တီရှာက ရှစ်ဖုန့်မိုယန်အားခေါ်သည်ကို ကူးချပြီး ၎င်းအားနှံကောင်ဟုခေါ်လိုက်သည်။ ဤအချိန်တွင် သူ၏လက်ထဲရှိ အနက်ရောင်တံစဉ်ထံမှစွမ်းအား

ကိုသူခံစားမိသည်ဖြစ်သည်။

ထို့နောက်တွင် တီရှာက သူ၏လက်ထဲမှ အနက်ရောင်တံစဉ်အား မြှောက်လိုက်ပြီး မိုယန်အားခုတ်ပိုင်းလိုက်သည်။

အနက်ရောင်တံစဉ်၏အောက်တွင် မိုယန်မှာရုတ်ခြည်းသူ့အား စွမ်းအားကြီး စွမ်းအင်တစ်ခုကဝါးမျိုလိုက်သည်

ကိုခံစားလိုက်ရသည်။ သူခုခံပြီးထွက်ပြေးလိုသော်လည်း ထိုစွမ်းအား၏အောက်တွင် ခုခံရန်အတွက်အနည်းငယ်သောစွမ်းအားကိုမှ ဆင့်ခေါ်နိုင်ခြင်းမရှိသလို သူတကယ်ခံစားရ၏။

မျက်စိတစ်မှိတ်အတွင်း အနက်ရောင်တံစဉ်က မိုယန်၏ကိုယ်အားအထက်မှအောက်သို့ ပိုင်းဖြတ်သွားသည်။ မိုယန်၏မျက်နှာထက်၌ လွန်စွာထိတ်လန့်မှုတို့ဖြင့်ပြည့်နေဆဲဖြစ်သည်။ ထို့နောက်တွင် သူ၏ထိတ်လန့်နေသောမျက်နှာထက်၌ ပါးလွှာသောအက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာသည်။

ကြယ်တစ်ပွင့်အထွတ်အထိပ် ဧကရာဇ်နယ်ပယ် နတ်ဆိုးဧကရာဇ်မိုယန် ကျဆုံးသွားပြီဖြစ်သည်။

“ဒီစွမ်းအင်က တကယ်မဆိုးဘူး”

တီရှာက အနက်ရောင်သေခြင်းချီတို့ထုတ်လွှတ်နေသည့်သူ့လက်ထဲမှ အနက်ရောင်တံစဉ်အားကြည့်၍ ပြောလိုက်သည်။

အောက်ဘက်တွင်ရှစ်ဖုန့်၏

အမူအယာကပြောင်းလဲခြင်းမရှိဘဲ နှံကောင်နှစ်ပိုင်းဖြတ်ခံရမှုကိုကြည့်နေသည် ။ဤအလောင်းတစ်သောင်းအစီအရင်ကယင်အလောင်းကောင်နှစ်ထောင့်ခြောက်ရာဖြင့်ဖွဲ့

စည်းထားခြင်းဖြစ်သည်။ ထိုထက်ပိုသည်ကားသူတို့အားလုံး

မှာအခြေခံအားဖြင့် အင်ပါယာနယ်ပယ်ယင်အလောင်းကောင်မှ ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ် ယင်အလောင်းကောင် အထိပါရှိသောအလောင်းကောင်

အုပ်စုဖြစ်သည်။

ယင်အလောင်းကောင်များဖြင့်ဖွဲ့စည်းထားသော အလောင်းတစ်သောင်းအစီအရင်အား

ရှစ်ဖုန့်အသက်သွင်းလိုက်သောအခါတွင် သူ၏စွမ်းအားက ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့

ရောက်ရှိသွားသည်ဖြစ်သည်။ ကြယ်တစ်ပွင့်အထွတ်အထိပ်သာရှိသော မိုယန်အားသူသတ်နိုင်ခြင်းမှာ အံ့အားသင့်စရာတစ်ခုမဟုတ်ပေ။

ရုတ်ခြည်း ရှစ်ဖုန့် က မိုယန်၏သေခြင်းစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်ကိုဝါးမျိုလိုက်သည်။ ကောင်းကင်ထဲမှကျဆင်းလာသော သွေးတို့ကသူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာ၏။ မကြာခင်တွင်၎င်းတို့ရှစ်ဖုန့်၏ဝါးမျိုမှုကိုခံလိုက်ရသည်။

ထို့နောက်တွင်ရှစ်ဖုန့်က ကျဆင်းလာသောမိုယန်၏အလောင်းပိုင်းနှစ်ခုအား ဆုပ်ကိုင်လိုက်သည်။ ကောင်းကင်မီးတောက်၏ စုပ်ယူခြင်းစွမ်းအားက သွေးတို့အားစတင်စုပ်ယူလိုက်သည်။ မိုယန်၏အလောင်းပိုင်းနှစ်ခုက ရှစ်ဖုန့်၏လက်ထဲ၌လျှင်မြန်စွာရှုံ့တွသွားပြီး ခြောက်သွေ့ရှုံ့တွသောအလောင်းပိုင်းနှစ်ခုဖြစ်လာသည်။

ထို့နောက်တွင် ရှစ်ဖုန့်က၎င်းတို့အား အမှိုက်တစ်ခုကဲ့သို့ပစ်ထုတ်ပစ်လိုက်၏။

သို့သော်ရှစ်ဖုန့်၏ဒန်တန်အတွင်းမှစွမ်းအင်တို့က တိုးပွားလာခဲ့သော်လည်း မိုယန်၏သေခြင်းစွမ်းအင်နှင့် သွေးတို့အားဝါးမျိုပြီးသည့်နောက်၌ သူအနေနှင့်အဆင့်တက်နိုင်ခြင်းမရှိသေးပေ။ သူကကြယ်ရှစ်ပွင့်မဟာသူတော်စင်နယ်ပယ်တစ်ဦးသာရှိသေးသည်ဖြစ်သည်။

“မိုယန်ကသူသတ်တာကိုခံလိုက်ရတယ်”

လောမိသားစု၏ကျင့်ကြံသူများကြားထဲတွင် လောမိသားစုမှကောင်မလေးမှာအသိဝင်လာပြီး အံ့အားသင့်စွာပြောလိုက်သည်။

“သူ.သူကမိုယန်ကိုသတ်ခဲ့တယ်”

လောမိသားစုမှလူငယ်လောဟောက်မှာ

မယုံကြည်နိုင်မှုတုန်လှုပ်အံ့အားသင့်မှု

တို့ဖြစ်နေသည်။

သူကရှစ်ဖုန့်မှာ လောမိသားစု၏ ပညာရပ်အား ခိုးယူသင်ကြားခဲ့သည့်ဘာကောင်မှမဟုတ်သောသူဟုထင်ခဲ့သည်။ ရှစ်ဖုန့်ကသူ့အား စော်ကားခဲ့သည့်အတွက် မကြာခင်သို့မဟုတ်နောက်ပိုင်း၌ နောင်တရရမည်ဟုထင်ခဲ့သည်။

ယခုဤလူက တကယ်ပဲအရမ်းစွမ်းအားကြီးသည်ကို နောက်ဆုံး၌သူနားလည်သွားသည်။

အရမ်းကြောက်ဖို့ကောင်းသည်ဖြစ်၏ ။လောဟောက်မှာသူရှစ်ဖုန့်အား နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ကိုအမှတ်ရ

လိုက်သည်။ ဤအရာအားတွေးမိသော

အခါတွင်လောဟောက် တစ်ယောက်အကြောက်တရား

တို့စွဲကျန်ရစ်နေဆဲဖြစ်သည်။ အကယ်၍ ရှစ်ဖုန့်သာတကယ့်စွမ်းအားကိုသုံးခဲ့လျှင် သူအသက်ရှင်နိုင်ပါအုံးမည်လော။

လောဟောက်ကိုအသာထား. မိုယန်ပင်လျှင် ရှစ်ဖုန့်၏သတ်ခြင်းကိုခံလိုက်ရပြီး သူ၏အလောင်းကဂေါ်ဖီထုပ်ကဲ့သို့ လွှတ်ပစ်ခံလိုက်ရသည်ဖြစ်သည်။

“သူကအရမ်းကြောက်ဖို့ကောင်းတာပဲ..တကယ်အရမ်းကြောက်ဖို့ကောင်းတယ်”

လောမိသားစု၏ လူငယ်ပါရမီရှင် လောချန်ပင် တုန်လှုပ်အံ့အားသင့်စွာပင့်သက်ရှိုက်မိသည်။

လောချန်က အသက်နှစ်ဆယ့်နှစ်နှစ်

အရွယ်တွင် ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်ဖြစ်လာခဲ့သည်။သူအား လောမိသားစု၏လူငယ်မျိုးဆက်များကြားထဲ၌ နံပါတ်တစ်ပါရမီရှင်အဖြစ်သိကြသည်ဖြစ်သည်။ ရှစ်ဖုန့်ကတော့အသက်ဆယ့်ခြောက်ဆယ့်ခုနှစ်နှစ်သာ ရှိသေးပြီး ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ် နတ်ဆိုးဧကရာဇ်ကိုသတ်ပစ်ခဲ့သည်ဖြစ်၏။

လောချန်၏ ပါရမီစွမ်းရည်က ရှစ်ဖုန့်နှင့်နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။ ရှစ်ဖုန့်က ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးဖြစ်သည်။

ဤအချိန်တွင် ဒုတိယအကြီးအကဲလောချင်းမင်က လောမိသားစုလူအုပ်ထဲမှ လျှောက်လှမ်းထွက်လာပြီး ရှစ်ဖုန့်၏ရှေ့၌ရပ်လိုက်သည်။ သူ၏လက်သီးတို့ကိုဆုပ်၍ ရှစ်ဖုန့်အားယဉ်ကျေးစွာကျေးဇူးတင်လိုက်၏။

“လောမိသားစုရဲ့ဒီလိုပြဿနာကြီးတစ်ခုကို ရှင်းထုတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.. မင်းဘာလို့ သေခြင်းမဲ့တောင်တန်းကိုလာရလဲဆိုတာ

ကိုကျုပ်သိခွင့်ရှိမလား. ကျုပ်သာမမှားဘူးဆိုရင် မင်းက လောမိသားစုခေါင်းဆောင်နဲ့ ဂိုဏ်းတစ်ခုကထဲက လာတာမလား”

ရှစ်ဖုန့်က လောချင်းမင်၏မေးခွန်းအားတိုက်ရိုက်ဖြေခြင်းမရှိပေ။ ထိုအစား သူကအဘိုးအိုကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

“သိုင်းပညာကျင့်ကြံမှုလမ်းစဉ်မှာ ခင်ဗျားရဲ့ပါရမီနဲ့ ဧကရာဇ်နယ်ပယ်ကိုရောက်အောင်လုပ်နိုင်လိမ့်မယ်လို့ ဒီသခင်လေးမမျှော်လင့်ထားခဲ့ဘူး. ကြည့်ရတာ ဒီလွန်ခဲ့တဲ့နှစ်တွေအတွင်း ကျင့်ကြံမှုမှာခင်ဗျားတော်တော်လေး

ကြိုးစားအားထုတ်ထားတဲ့ပုံပဲ”

“မင်း”

ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါတွင် လောချင်းမင်တုန်လှုပ်အံ့အားသင့်သွားသည်။ ထို့နောက်သူက ရှစ်ဖုန့်အားသေချာကြည့်လိုက်၏။ သူကဤလူငယ်နှင့်ပက်သက်၍ ဘာ သိကျွမ်းမှုမရှိသော်လည်း ၎င်းကတော့သူ့အားသိသလိုပြောနေသည်။

သို့သော် လောချင်းမင်မှာ ဤလူငယ်၏လေသံက အရမ်းရင်းနီးနေသလိုခံစားရ၏

ဖြည်းဖြည်းချင်းနတ်ဆိုးတစ်ပါးကဲ့သို့ ပုံရိပ်တစ်ခုကသူ၏စိတ်ထဲ၌ပေါ်လာပြီး စကားတစ်ခွန်းကလည်းပဲ့တင်ထပ်လာသည်။

“မင်းရဲ့ပါရမီစွမ်းရည်နဲ့ အကယ်၍ ဒီဘဝမှာ ဧကရာဇ်နယ်ပယ်ကိုဝင်ချင်တယ်ဆိုရင် ဒါက….ခက်ခဲလိမ့်မယ်.ဒါပေမဲ့ လုံးဝမဖြစ််နိုင်တာတော့မဟုတ်ဘူး. အဲ့တာကအနာဂတ်မှာ+ မင်းရဲ့စိတ်ပိုင်းဖြတ်နိုင်မှု၊စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဇွဲ၊လုံလ၊ဝီရိယတွေအပေါ်မှာ အဓိကမူတည်တယ်”

All Chapters