← Chapters

အခန်း (၆၈၂)

Vol. 46 Ch. 682

အခန်း (၆၈၂)

Vol. 46 Ch. 682

ဒုတိယအကြီးအကဲ လောချင်းမင်၏

စိတ်ထဲ၌ နတ်ဆိုးတစ်ပါးကဲ့သို့ပုံရိပ်တစ်ခုအား ဖြည်းဖြည်းချင်းအမှတ်ရလာသည်။ ဤလူငယ်၏လေးသံက အခြေခံအားဖြင့် ထိုပုဂ္ဂိုလ်နှင့် တူညီသည်ဖြစ်သည်။

သို့သော် ဤသည်ကားမည်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း။

လောချင်းမင်က သူ၏ခေါင်းအားခါယမ်းလိုက်ပြီး သူ၏အိုမင်းသောမျက်နှာထက်၌ အေးဆေးတည်ငြိမ်မှုအားပြန်လည်ရရှိလာသည်။ ထို့နောက်သူက သူ့ရှေ့ရှိလူငယ်အား နူးညံ့ပျော့ပျောင်းသောလေသံဖြင့်မေးလိုက်၏။

“မိတ်ဆွေလေး. မင်းကျုပ်ကိုအရင်ကများမြင်တွေ့ဖူးလို့လား. “

လောချင်းမင်မှာ ဤလူငယ်က အရှင့်၏ တပည့်ဖြစ်သည်ဟု သံသယမရှိ ခံစားရသည်။ သူယခင်က၎င်းအားတကယ်မြင်တွေ့ခဲ့ဖူးခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက အသက်ကြီးလာ၍ မေ့လျော့သွားခြင်းကြောင့်လည်း

ဖြစ်ကောင်းဖြစ်နိုင်၏။

ရှစ်ဖုန့်ကလောချင်းမင်အား ပြန်လည်အဖြေပေးခြင်းမရှိသေးပေ။ ထိုအစား သူက ပြောင်းလဲမှုမရှိပြောလိုက်သည်။

“မင်းလျှောက်ချင်တဲ့လမ်းက ခွန်အားကိုအသုံးပြုပြီး သန်မာမှုကိုချိုးဖျက်ရမှာ. မင်းရဲ့ခွန်အားကိုတိုးပွားအောင်လုပ်တာတစ်ခုတည်းကသာ မင်းအနေနဲ့ ဖျက်ဆီးခြင်းစွမ်းအားကိုရရှိနိုင်မှာ. ဒါကြောင့် အနာဂတ်မှာ သိုင်းပညာလမ်းစဉ်ကိုမင်းကျင့်ကြံရင် မင်းရဲ့ခွန်အားကိုအရင်ဆုံးကျင့်ကြံရမယ်”

ရှစ်ဖုန့်၏အသံက လောချင်းမင်၏စိတ်ထဲ၌ ရုတ်တရက် နတ်ဆိုးတစ်ပါးအသံကဲ့သို့ ထွက်ပေါ်လာသည်။

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် လောချင်းမင်၏ကိုယ်က ရုတ်ခြည်းတုန်ယင်သွားသည်။သူ၏အိုမင်းသောမျက်နှာထက်၌ လွန်စွာတုန်လှုပ်အံ့အားသင့်မှု

တို့ဖြစ်ပေါ်နေသည်။

“ဒီစကား. ဒီစကားက. အရှင်ငါ့ကို သိုင်းပညာလမ်းစဉ်နဲ့ပက်သက်ပြီးလမ်းညွှန်ပြသတုံးက ပြောခဲ့တာနဲ့ တစ်ထေရာတည်းတူညီနေတယ်”

ဤလမ်းညွှန်ပြသခဲ့သောစကားအနည်းငယ်အတိုင်းသူကျင့်ကြံခဲ့ခြင်းကြောင့်သာလျှင် ယနေ့အောင်မြင်မှုဖြစ်သော ဧကရာဇ်နယ်ပယ်တစ်ပါးဖြစ်လာသည့်

အောင်မြင်မှုဦးတည်ရာကို သူ ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။

လောချင်းမင်၏ အိုမင်းသောမျက်နှာထက်တွင် စိတ်လှုပ်ရှားမှု ကျေးဇူး တင်မှုတို့ဖြင့်ပြည့်နှက်နေပြီး ရှစ်ဖုန့်အားကြည့်လိုက်၏။ သူကပြောလိုက်သည်။

“အရှင်.. အရှင်ပဲ..ဒါကအတကယ်အရှင်ပဲ. အရှင်…….”

လောချင်းမင်က ဆက်လက်ပြောတော့မည့်အချိန်တွင် ရှစ်ဖုန့်ကသူ၏လက်အားအလျှင်အမြန်မြှောက်လိုက်ပြီး ၎င်းကိုကြားဖြတ်ဟန့်တားလိုက်သည်။ သူကပြောလိုက်သည်။

“ကောင်းပြီ.တော်လောက်ပြီ. မင်းဒီသခင်လေးရဲ့ သရုပ်မှန်ကိုသိပြီဆိုရင်ပဲ လုံလောက်ပြီ.ဒီသခင်လေးကို လောချင်းချွမ်ဆီကိုခေါ်သွားပေး”

“အရှင်. မိသားစုခေါင်းဆောင်နဲ့ပက်သက်တဲ့ကိစ္စကို ကျွန်တော်လမ်းမှာပြောပြပါ့မယ်. ကျေးဇူးပြုပြီး ကျွန်တော်နဲ့အရင်ဆုံးလိုက်ခဲ့ပေးပါ”

လောချင်းမင်က ရှစ်ဖုန့်အားလေးစားစွာပြောလိုက်သည်။

“ကောင်းပြီ”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။

လောမိသားစုဝင်များမှာ ဤမြင်ကွင်းအားတွေ့လိုက်ရ

သောအခါတွင် သူတို့၏မျက်နှာများထက်၌ တုန်လှုပ်အံ့အားသင့်မှု ၊ဒွိဟဖြစ်မှုတို့ဖြင့်ပြည့်နှက်နေသည်။

ထို့နောက်တွင် ဒုတိယအကြီးအကဲက လူငယ်အားသေခြင်းမဲ့တောင်တန်းဆီသို့ ခေါ်ဆောင်သွားသည်ကိုတွေ့လိုက်ရသည်။ လောမိသားစုမှကျင့်ကြံသူများသာ လူငယ်၏သရုပ်မှန်အားခန့်မှန်းရင်းကျန်ရစ်ခဲ့၏။

“ဖြစ်နိုင်တာ.ဖြစ်နိုင်တာ သူက သေခြင်းဧကရာဇ် လင်ယဲ့ဖုန်းလား.. သေခြင်းဧကရာဇ်ကတကယ်တော့

အရမ်းငယ်သေးတာပဲ. သူ့မှာသူ့ရဲ့ငယ်ရွယ်တဲ့ပုံစံကိုထိန်းဖို့ နည်းလမ်းတစ်ခုရှိတာပဲဖြစ်ရမယ်..”

ဒုတိယအကြီးအကဲ၏ဤလူငယ်

ပေါ်ဆက်ဆံသောအပြုအမူအားသုံးသပ်၍ လောမိသားစုမှ ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။

“မဟုတ်ဘူး”

လောမိသားစုမှ တစ်စုံတစ်ယောက်က ကြားဖြတ်ပြောလိုက်သည်။

“အရင်တုံးကသေခြင်းဧကရာဇ်သေခြင်းမဲ့

တောင်တန်းကိုလာတော့ ငါကံကောင်းလို့ ကိုယ်တိုင် သူ့ကိုတစ်ကြိမ်တွေ့ဖူးတယ်..အဲ့တာသူမဟုတ်ဘူး”

“ဒါပေမဲ့ သူကဘယ်သူလဲ. အလောင်းတစ်သောင်းအစီအရင်ကိုသိနေတော့သူက မိသားစုခေါင်းဆောင်လိုမျိုး ငရဲဘုံကိုးခု အဆက်အနွယ်ကပဲဖြစ်မယ်. ဖြစ်နိုင်တာသူက ကြောင့်ကြမဲ့ဧကရာဇ် မိုရှောင်ယောင်များလား”

သေခြင်းမဲ့တောင်တန်းထဲသို့ဝင်သွားသောဒုတိယအကြီးအကဲနှင့်အဖြူရောင်ပုံရိပ်အားကြည့်၍ လောမိသားစုဝင်များမှာ အဆုံးမရှိခန့်မှန်းရင်း စိတ်ပါလက်ပါဆွေးနွေးနေကြသည်။

“ဒီလူ…ဒုတိယအကြီးအကဲကတောင် သူ့ကိုအရမ်းလေးလေးစားစားဆက်ဆံရတယ်. အကယ်၍.အကယ်၍သူကသာအစောပိုင်းက ငါသူ့အပေါ်ရိုင်းပျတာကိုအမှတ်ရပြီး ဒီကိစ္စကိုဒုတိယအကြီးအကဲကိုပြောလိုက်ရင်.. “

လောမိသားစုမှ လူငယ် လောဟောက်မှာ လွန်စွာစိတ်မသက်မသာဖြစ်မှုကို

ခံစားနေရသည်။

မှုန်မှိုင်းပြီးအသက်မဲ့နေသော သေခြင်းမဲ့တောင်တန်း၏တောအုပ်ထဲတွင် လောချင်းမင်ကရှေ့မှဦးဆောင်ပြီး ရှစ်ဖုန့်အားလမ်းပြနေသည်။ဤအချိန်တွင် ရှစ်ဖုန့်ကသူ၏ပါးစပ်အားဖွင့်ဟ၍ သူ့ရှေ့ရှိလောချင်းမင်အားပြောလိုက်သည်။

“ကောင်းပြီ ရပ်တော့”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ရှေ့မှပျံသန်းနေသောလောချင်းမင်က ရုတ်တရက်ရပ်လိုက်သည်။ ထို့နောက်သူက လှည်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။

“ကြီးမြတ်သောဧကရာဇ်. ကျွန်တော်တကယ်ပဲ အရှင်ဖြစ်နေမယ်လို့မမျှော်လင့်ထားခဲ့ဘူး. ကောလဟာလတွေအရ အရှင်ကျဆုံးသွားပြီဖြစ်ပေမဲ့.. အရှင် နောက်ထပ်ပုံစံတစ်ခုနဲ့ပြန်လည်

မွေးဖွားလာလိမ့်မယ်လို့ကျွန်တော်မ

မျှော်လင့်ထားခဲ့ဘူ ဒါကတကယ်ကောင်းတာပဲ”

“ကျွန်တော်လောချင်းမင် အတိတ်တုံးက ကြီးမြတ်သောဧကရာဇ်ရဲ့ ကြင်နာစွာလမ်းညွှန်ပြသပေးမှုကို အမြဲအမှတ်ရနေဆဲပါ..ကျွန်တော်

လောချင်းမင်ရဲ့ ယနေ့အောင်မြင်မှုအားလုံးက ကြီးမြတ်သောဧကရာဇ်ရဲ့ လမ်းညွှန်ပြသပေးခဲ့တဲ့ ကျေးဇူးကြောင့်ဖြစ်ပြီး ဒါကြောင့်လည်း ကျွန်တော်လမ်းမှားကိုမရောက်ခဲ့တာပါ . . ကျေးဇူးပြုပြီုး ကျွန်တော်လောချင်းမင်ရဲ့ဦးညွှတ်ဂါဝရပြုမှုကိုလက်ခံပေးပါ”

လောချင်းမင်ကစကားပြောရင်းသူ၏လက်သီးတို့ကိုဆုပ်၍ ရှစ်ဖုန့်အားနက်ရှိုင်းစွာဂါရဝပြုလိုက်သည်။

“ကောင်းပြီ…အရမ်းယဉ်ကျေးနေဖို့မလိုဘူး.အဲ့တုံးက ဒီသခင်လေးက ချင်းချွမ်အတွက်နဲ့ အနည်းငယ်ညွှန်ပြပေးခဲ့တာပဲရှိတာ..”

ရှစ်ဖုန့်ကသူ့ရှေ့ရှိလောချင်းမင်အား လက်ကိုဝေ့ယမ်းပြလိုက်ပြီးပြောလိုက်သည်။

“ ဒီသခင်လေးကိုပြောပါ.အခုချင်းချွမ်ဘယ်လိုနေလဲ.. မင်းတို့ သေခြင်းမဲ့တောင်တန်းမှာဖိနှိပ်ထားတဲ့မကာင်းဆိုးဝါးသတ္တဝါရဲ့အခြေအနေကရော ဘယ်လိုရှိလဲ”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက်လောချင်းမင်ကသက်ပြင်းရှည်ချလိုက်ပြီး ပြောလိုက်သည်။

“ ဟူး.. မိသားစုခေါင်းဆောင်အခုဘယ်လို

နေလဲဆိုတာကိုကျွန်တော်မသိပါဘူး”

ထိုနောက်တွင်လောချင်းမင်က ရှစ်ဖုန့်ကိုပြောသည်။

“ ကျွန်တော်က ခုဏကမှ သီးသန့်ကျင့်ကြံရာကနေထွက်လာတာပါ. .. . ခုဏကတင်ပဲ ဂျူနီယာတွေဆီကနေ ဖြစ်ပျက်ခဲ့တာတွေကကိုကြားခဲ့ရတာပါ… လွန်ခဲ့တဲ့နှစ်ဝက်လောက်တုံက ကျွန်တော်တို့သေခြင်းမဲ့တောင်တန်းမှာ ရှေးဟောင်းမကောင်းဆိုးဝါးနတ်ဆိုးကိုဆီးလ်ခတ်ထားတဲ့ လျှို့ဝှက်နေရာမှာ အားကောင်းတဲ့စွမ်းအင်အတက်အကျတစ်ခုဖြစ်လာခဲ့တယ်… မိသားစုခေါင်းဆောင်က လောမိသားစုဝင်တွေကိုဦးဆောင်ပြီး အဲ့ကိုအပြေးသွားခဲ့တယ်”

“အဲ့နောက် လျှို့ဝှက်နေရာကဆီးလ်က အချိန်တော်တော်ကြာကတည်းက ထိခိုက်ထားတာကို ကျွန်တော်တို့လောမိသားစုဝင်တွေ

အာရုံခံခဲ့မိတယ်”

“ဆီးလ်က ကျွန်တော်တို့လျှို့ဝှက်နေရာက နက်ရှိုင်းတဲ့တောင်ကြားချိုင့်ဝှမ်းထဲမှာရှိတာပါ.. အနက်ရောင်မြူတွေကအဲ့မှာနှစ်ပတ်လည်ဖုံးလွှမ်းနေတယ်.. တောင်ကြားချိုင့်ဝှမ်နက်နေရာမှာ ဆီးလ်ရှိတာလွဲပြီးတစ်ခြား

ဘာရှိသေးလဲဆိုတာကို ကျွန်တော်တို့လောမိသားစု

ဝင်တွေမသိပါဘူး. ဘာလို့ဆို ကျွန်တော်တို့ လောမိသားစုဝင်တစ်ယောက်ကမှာအဲ့အောက်ကို မသွားဖူးလို့ပါ”

“အရင်ဆုံး ကျွန်တော်တို့ လောမိသားစုဝင်တွေအတူတကွလက်တွဲပြီး ကျွန်တော်တို့ဘိုးဘေးတွေလက်ဆင့်ကမ်းခဲ့တဲ့ ရုန်းပြင်ဆင်ခြင်းပညာရပ်ကိုအသုံးပြုပြီးတော့ တောင်ကြားချိုင့်ဝှမ်းနက်ထဲက ဆီးလ်ကို ပြန်ပြင်ဖို့ဆင်းခဲ့တယ်..ဒါပေမဲ့ ….. လပေါင်းများစွာကြာပြီးတဲ့နောက် ဆီးလ်ကိုမပြင်နိုင်ရုံတင်မကဘူး. ပိုပိုပြီးတောင်ထိခိုက်လာသေးတယ်”

“ဒါကြောင့်ကျွန်တော်တို့လောကလန်က ပထမအကြီးအကဲ လော ယွဲ့ခွန်းက ကျွန်တော်တို့လောကလန်ကကျွမ်း

ကျင်သူအယောက်ငါးဆယ်ကိုခေါ်ပြီး တောင်ကြားချိုင့်ဝှမ်းနက်ထဲကို စုံစမ်းစစ်ဆေးဖို့သွားခဲ့တယ်. ဒါပေမဲ့ ပထမအကြီးအကဲနဲ့ကျွမ်းကျင်သူ ငါးဆယ်တို့ဆင်းသွားပြီးတဲ့နောက်မှာ သူတို့က နွံထဲပစ်ချလိုက်တဲ့ကျောက်တုံးတွေလိုပဲဖြစ်သွားတယ်.. ဘာလှုပ်ရှားမှုမှလုံးဝမရှိခဲ့ဘူး”

“အဲ့နော်က မိသားစုခေါင်းဆောင်ကလည်း လောမိသားစုရဲ့ကျွမ်းကျင်သူနှစ်ဆယ်

ကျော်ကိုဦးဆောင်ပြီး တောင်ကြား ချိုင့်ဝှမ်းထဲကိုဆင်းသွားခဲ့တယ်.. ဒါပေမဲ့အခုချိန်ထိအောင် မိသားစုခေါင်းဆောင်ဆီကလည်း ပထမအကြီးအကဲလိုမျိုးပဲဘာသတင်းမှကိုမကြားရဘူး”

“သူတို့တွေ တောင်ကြားချိုင့်ဝှမ်းထဲမှာ ဘယ်လိုအရာနဲ့ပက်ပင်းကြုံရသလဲဆိုတာကို ကျွန်တော်တကယ်မသိဘူး.. ကျွန်တော်တို့အောက်ဘက်ကိုသတင်းစကားပါးခဲ့ပေမဲ့ ဘာတုန့်ပြန်မှုမှလုံးဝမရဘူး. အခု ဆီးလ်ကလည်းအများကြီပျက်ဆီးလာတယ်.. ဒီလိုသာဆက်သွားရင် ကမ္ဘာဦး မိစ္ဆာက မကြာခင်မှာဆီးလ်ကိုချိုးဖျက်သွားဖို့များတယ်.. အဲ့အချိန်ကြရင် ကျွန်တော်တို့ထျန်းဟန်တိုက်ကြီးနဲ့ လူသားမျိုးနွယ်က ကြီးမားတဲ့ကပ်ဘေးကြီးတစ်ခု

ကိုရင်ဆိုင်ရလိမ့်မယ်”

လောချင်းမင်၏ စကားများအားကြားပြီးနောက်

ရှစ်ဖုန့်ကလေးနက်စွာမျက်မှောင်ကြုတ်

လိုက်ပြီးထပ်မံမေးလိုက်သည်။

“ဒီနေရာကနေလျှို့ဝှက်နေရာနဲ့ ဘယ်လောက်ဝေးလဲ”

“အခုအမြန်နှုန်းနဲ့ကျွန်တော်တို့ပျံသန်းသွားရင် . မိနစ်သုံးဆယ်လောက်ဆိုရောက်ပါလိမ့်မယ်”

လေချင်းမင်က လေးစားမှုအပြည့်ဖြင့်ပြန်ဖြေသည်။

“သွားစို့”

ရှစ်ဖုန့်ကလောချင်းမင်အား မကျယ်သောအသံဖြင့်ပြောလိုက်သည်။

လောချင်းမင်ထပ်မံတုန့်ဆိုင်းနေခြင်းမရှိပေ။ ချက်ချင်းပဲလှည့်လိုက်ပြီး ရှေးဟောင်းမိစ္ဆာနတ်ဆိုးအား ဆီးလ်ခတ်ထားရာ လျှို့ဝှက်နေရာသို့ ရှစ်ဖုန့်အားဦးဆောင်လမ်းပြလိုက်သည်။

“အရှင်ပြန်လာပြီ.. အရှင်ပြန်လာပြီ..သူသာဒီမှာရှိရင် သေခြင်းမဲ့တောင်တန်း

အဆင်ပြေသွားလောက်တယ်”

ရှစ်ဖုန့်အားဦးဆောင်လမ်းပြရင်း

လောချင်းမင် စိတ်ထဲမှပြောလိုက်သည်။

ဤအရှင်မှာထျန်းဟန်တိုက်ကြီး

တစ်ခုလုံးပေါ်မှလူတွေမော်ကြည့်ရသော စွမ်းအားအကြီးဆုံးတည်ရှိမှုတစ်ခုဖြစ်သည်။ သူကထျန်းဟန်တိုက်ကြီးအတွင်း

တွင်ဒဏ္ဍာရီတစ်ခုကိုချန်ရစ်ခဲ့သည်ဖြစ်၏။

“အဲ့အရာ. ငါတို့တွေ လွတ်သွားခွင့်ပေးလို့မဖြစ်ဘူး. မဟုတ်ရင် လူသားမျိုးနွယ် တကယ်ပဲကြီးမားတဲ့ ကပ်ဘေးကို ရှင်ဆိုင်ရလိမ့်မယ်”

ကောင်းကင်မီးတောက်၏ စကားများအရ လောချင်းမင်ပြောခဲ့သော ရှေးဟောင်းမိစ္ဆာနတ်ဆိုးဆိုသည်ကား သွေးပန်းခက်မျိုးနွယ်ဝင်အား ပြောခြင်းဖြစ်လောက်သည်။

လွန်ခဲသောတစ်နှစ်ခန့်က သွေးသောက်ဓား၏ လက်နက်စိတ်ဝိညာဉ်က သူ့အား ရှေးခေတ် သွေးရောင်လွှမ်းသောကမ္ဘာတစ်ခုအတွင်းသို့ ခေါ်သွားခဲ့သည်ကိုရှစ်ဖုန့်မှတ်မိသည်ဖြစ်သည်။ သွေးပန်းခက်မျိုးနွယ်ယောက်ျားက

ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်ပြီး သူ၏ လက်ထဲ၌သွေးသောက်ဓားအားကိုင်ထားသည်ကို တွေ့ခဲ့ရသည်။ ထိုမြင်ကွင်းကသူ၏စိတ်ထဲ၌ ကွက်ကွက်ကွင်းကွင်းဖြစ်ပေါ်နေဆဲဖြစ်၏။

ဤကဲ့သို့စွမ်းအားကြီးမျိုးနွယ်စုတစ်ခု

သာပြန်လည်မွေးဖွားလာခဲ့ပါက ထျန်းဟန်တိုက်ကြီး၌မည်သူကများ

၎င်းတို့ကိုတားဆီးနိုင်ပါမည်နည်း။

All Chapters