← Chapters

အခန်း (၆၈၃)

Vol. 46 Ch. 683

အခန်း (၆၈၃)

Vol. 46 Ch. 683

လောချင်းမင်၏ ဦးဆောင်မှုအောက်တွင် ရှစ်ဖုန့်မှာ ဂူတစ်ခုထဲသို့ဝင်ပြီး ဧရာမတောင်တစ်လုံးအားဖြတ်သန်းခဲ့သည်။ ထို့နောက်တွင် သူက ဧရာမတောင်ကြီး၏ အခြားတစ်ဖက်ခြမ်း ဂူအား ဖြတ်သန်းထွက်လာပြီး လျှို့ဝှက်နေရာတစ်ခုထံသို့ရောက်ရှိလာသည်။

ဤနေရာတွင် လောမိသားစုဝင်ထောင်ပေါင်းများစွာက လေထဲ၌လွင့်မျောရပ်တည်နေကြသည်။ သူတို့၏လက်များအားလုံးဖြင့်ဆီးလ်

တို့ကိုပုံဖော်နေကြ၏။ သူတို့၏ဆီးလ်များမှာ ရုန်းများထွက်ပေါ်လာပြီး အောက်ဘက်ရှိ တလိပ်လိပ်ထနေသော အနက်ရောင်မြူခိုးများအတွင်း

သို့ကျဆင်းသွားသည်။

လောချင်းမင်ရောက်ရှိလာပြီးနောက် များစွာသောလူများက သူ့အားလှည့်ကာကြည့်လိုက်ကြပြီး လေးစားမှုအပြည့်ဖြင့်ခေါ်လိုက်သည်။

“ဒုတိယအကြီးအကဲ”

“ဒုတိယ အကြီးအကဲ”

ယခုအခါတွင် လောမိားစု၏ ခေါင်းဆောင် လောချင်းချွမ်နှင့် လောမိသားစု၏ ပထမအကြီးအကဲ လောယွဲ့ခွန်းတို့က ပျောက်ဆုံးနေပြီး ဒုတိယအကြီးအကဲလောချင်းမင်က မိသားစု၏ဦးဆောင်သူတစ်ယောက်

စတင်ဖြစ်လာသည်ဖြစ်သည်။

ဒုတိယအကြီးအကဲမှာ သီးသန့်ကျင့်ကြံခြင်း မှထွက်လာပြီးနောက် ဧကရာဇ်နယ်ပယ်သို့ရောက်ရှိခဲ့ပြီး မိသားစုခေါင်းဆောင်လောချင်းချွမ်နှင့် ပထမအကြီးအကဲ လောယွဲ့ခွန်းတို့ပြီးသည့်နောက် ၌ တတိယမြောက် ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်လာသူဖြစ်သည်ကို လောမိသားစုဝင်အားလုံးသိကြသည်ဖြစ်သည်။

လောယွဲ့ခွန်းက ရှစ်ဖုန့်နှင့်အတူရောက်ရှိလာသောအခါတွင် များစွာသောလူများက ရှစ်ဖုန့်ထံသို့ကြည့်လိုက်ပြီး သူ့အားအကဲခတ်ကြသည်။ သို့သော် မည်သူကမှဘာမှပြောကြားခြင်းတော့မရှိပေ။ ပြီးတော့ သူက ဒုတိယအကြီးအကဲဤနေရာသို့

ခေါ်လာခြင်းဖြစ်သည်။

“အရှင်.. လောမိသားစုရဲ့မိသားစုခေါင်းဆောင်နဲ့ ပထမအကြီးအကဲတို့က အနက်ရောင်မြူတွေထဲကိုသွားခဲ့ပြီးသူတို့နဲ့ပက်သက်တဲ့ ဘာသတင်းကိုမှ မရရှိတော့ပါဘူး”

လောချင်းမင်က ရှစ်ဖုန့်အား အခြားသူများ၏ရှေ့၌ပင် “အရှင်” ဟုခေါ်ဆိုလိုက်သည်။ သူက သိပ်သည်း ထူထပ်ကာ တလိပ်လိပ်ထနေသော အောက်ဘက်ရှိအနက်ရောင်မြူများအားထိုးညွှန်ပြပြီး ပြောလိုက်၏။

“အင်း”

လောချင်းမင်၏ စကားများအား

ကြားပြီးနောက် တွင် ရှစ်ဖုန့်က လေးနက်သောအမူအယာတစ်ခုရှိ

နေဆဲဖြစ်သည်။ သူက ခေါင်းအားဖြည်းညှင်းစွာငုံ့လိုက်ပြီး တလိပ်လိပ်ထနေသောသိပ်သည်းသည့် အနက်ရောင်မြူများအားအာရုံခံရန် သူ၏ နာမ်ဝိညာဉ်စွမ်းအားအား ထုတ်လွှတ်လိုက်သည်။

လောမိသားစုဝင်များမှာ ဒုတိယအကြီးအကဲ၏လူငယ်အပေါ်

ခေါ်ဆိုမှုအားကြားရပြီး ဒုတိယအကြီးအကဲက ၎င်းအားဘယ်လိုလေးလေးစားစားဆက်ဆံနေသည်တို့အား တွေ့မြင်ရသောအခါတွင် သူတို့အနည်းငယ်အံ့အားသင့်သွားကြသည်။ ဒုတိယအကြီးအကဲအား သူ့ကို အရမ်းလေးလေးစားစားဆက်ဆံရ

လောက်အောင် လုပ်နိုင်သည့် ဤလူငယ်က ဘယ်သူဖြစ်သည်ကို သူတို့ သိကြခြင်းမရှိချေ။

ရှစ်ဖုန့်၏နာမ်ဝိညာဉ်စွမ်းအားက တိလိပ်လိပ်ထနေပြီးသိပ်သည်းသော အနက်ရောင်မြူများနှင့် ထိတွေ့မိသည့်အခါတွင် သူ၏ စိတ်က ရုတ်တရက်လှုပ်ခတ်သွားသည်။ အစောပိုင်းအခိုက်အတန့်ခဏလေးတွင် သူ၏ နာမ်ဝိညာဉ်စွမ်းအားမှာ ဆန်းကြယ်ပြီးရှေးကျသော စွမ်းအင်တစ်ခု၏ ရိုတ်ခတ်မှုကိုခံလိုက်ရသည်။ ကံကောင်းစွာဖြင့် သူက သူ၏နာမ်ဝိညာဉ်စွမ်းအားအား လျှင်မြန်စွာရုတ်သိမ်း နိုင်ခဲ့၏။ထိုသို့သာမဟုတ်ပါက သူပြင်းထန်သော ဒဏ်ရာရသွားလိမ့်မည်ဖြစ်သည်။

“အနက်ရောင်မြူတွေထဲမှာ တစ်ခုခုများရှိနေတာလား.. အဲ့တာက နာမ်ဝိညာဉ်အပေါ်မှာကောင်းကောင်းတိုက်ခိုက်နိုင်တဲ့ပုံပဲ”

ရှစ်ဖုန့်ကအောက်သို့ငုံ့ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။ သူကလေးနက်စွာမျက်မှောင်ကြုတ်လိုက်၏။

လောချင်းမင်မှာရှစ်ဖုန့်စဉ်းစားနေသည်ကို တွေ့ရသည်။ထို့ကြောင့် သူက ဘေး၌ရပ်နေပြီး ဘာကြားဝင်နှောက်ယှက်မှုမှပြုလုပ်ခြင်းမရှိပေ။

“လောချင်းချွမ်က အောက်မှာရှိနေသေးတယ်.

သူသေပြီလားရှင်သေးလားဆိုတာကိုငါမသိဘူး. ကြည့်ရတာ ဒီသခင်လေး ကိုယ်တိုင် အောက်ကိုဆင်းပြီးသူ့ကိုရှာရမဲ့ပုံပဲ”

ရှစ်ဖုန့်ကထပ်မံရေရွတ်ပြောလိုက်သည်။ ထို့နောက် သူက လောချင်းမင်ထံသို့ ကြည့်၍ ပြောလိုက်၏။

“ဒီအနက်ရောင်မြူတွေက ထူးဆန်းတဘ်. ဒီသခင်လေးအောက်ကိုဆင်းပြီးတော့ကိုယ်တိုင်စစ်ဆေးကြည့်မှရမယ်”

“အရှင်.. အကယ်၍ အရှင် အောက်ကိုဆင်းဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့လောကလန်က ကျင့်ကြံသူတွေကို အရှင်အလိုရှိသလိုအသုံးပြုနိုင်ပါတယ်.. ကျွန်တော်ကိုယ်တိုင်တောင် အရှင့်ရဲ့အမိန့်တွေကိုနာခံမှာပါ”

လောချင်းမင်ကရှစ်ဖုန့်အားလေးစား

မှုအပြည့်ဖြင့်ပြောလိုက်သည်။

“မလိုအပ်ဘူး”

ရှစ်ဖုန့်ကသူ၏လက်အားဝေ့ယမ်းပြလိုက်သည်။ ထို့နောက်သူကလောမိသားစုမှ

လူများထံသို့ကြည့်လိုက်၏။နောက်ဆုံးတွင် လောချင်းမင်အားကြည့်၍ မေးလိုက်၏။

“ချင်ယူဖန်းရဲ့ တပည့် ရွှယ်ဝူဟမ်က သူသေခြင်းမဲ့တောင်တန်းကိုလာမယ်လို့ ဒီသခင်လေးကိုပြောခဲ့တယ်… သူဒီမှာရှိမနေတာလား. ဒါမှမဟုတ် သူလည်းအောက်ကိုလိုက်ဆင်းသွားတာလား”

ရွှယ်ဝူဟမ်မှာ ရှစ်ဖုန့်ထက်တစ်လနီးပါး အရင်စော၍ လန်မသားစု၏ နေရာကူးပြောင်းအစီအရင်ကို အသုံးပြုဖြတ်သန်းခဲ့ပြီး သေခြင်းမဲ့တောင်တန်းသို့ အပြင်းနှင်လာခဲ့ခြင်းဖြစ်သည်။

ယုတ္တိရှိရှိပြောရလျှင် သူသေခြင်းမဲ့တောင်တန်းသို့ အချိန်တော်တော်ကြာကတည်း

ကရောက်ရှိနေသင့်သည်ဖြစ်သည်။ ယခုဤနေရာ၌ရှစ်ဖုန့်၎င်းအား

မြင်တွေ့ရခြင်းမရှိပေ။ ဖြစ်နိုင်ချေနှစ်ခုရှိသည်မှာ ပထမတစ်ခုကသူလမ်း၌ တစ်စုံတစ်ခုနှင့်ကြုံခဲ့ခြင်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ လောချင်းချွမ်နောက်သို့လိုက်၍ အောက်သို့ဆင်းသွားခြင်းဖြစ်သည်။

“ကမ္ဘာ အတော်ဆုံး ဆေးဝါးဖော်စပ်သူ ချင်ယူဖန်းရဲ့တပည့်လား”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် လောချင်းမင်က သူ၏ခေါင်းအားခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်ကသီးသန့်ကျင့်ကြံ

နေရာကနေထွက်မလာတာတော်တော်ကြာပြီဆိုတော့ ကျွန်တော်လည်းသေချာမသိဘူး. ကျွန်တော်တစ်ခြားသူတွေကိုမေးပေးပါ့မယ်”

ဤအချိန်တွင် လောမိသားစုဝင်တစ်ဦးကပြောလိုက်သည်။

“ ဒုတိယအကြီးအကဲ. အရှင်ချင်ယူဖန်းရဲ့တပည့် ရွှယ်ဝူဟမ်က အဲ့နေ့ကတုံးက ဒီတောင်ကြားချိုင့်ဝှမ်းနက်ထဲကို မိသားစု ခေါင်းဆောင်နဲ့အတူတူဆင်းသွားပြီး မိသားစုခေါင်းဆောင်နဲ့အခြား

သူတွေလိုမျိုးပဲ အခုထိ သူလည်းထွက်မလာသေးပါဘူး”

“အင်း”

လောချင်းမင်က လောမိသားစုအဖွဲ့ဝင်အား

အနည်းငယ်ခေါင်းညိမ့်ပြလိုက်သည်။

“အဲ့ကလေးလည်း အောက်ကိုပါသွားတာကိုး”

လောမိသားစုဝင်၏ စကားအား

ကြားပြီးနောက် ရှစ်ဖုန့်က သူ့ဖာသာသူတွေးလိုက်သည်။

ထို့နောက်ချက်ချင်းပဲ ရှစ်ဖုန့်က သူ၏အတွေးတစ်ချက်လှုပ်ရှားလိုက်၏။

ဤကမ္ဘာထဲတွင် သွေးနီရောင်အလင်းများက အဆက်မပြတ်ထပ်မံလင်းလက်လာသည်။ ရှစ်ဖုန့်၏အောက်ဘက်တွင်သွေးကျောက်ပြား အတွင်းထည့်သွင်းထားသော ယင်းအလောင်းကောင်အုပ်ကြီးထပ်မံ ထုတ်လွှတ်ခံရကာထွက်ပေါ်လာသည်။

“ဂါး..ဂါး.ဂါး..ဂါး.”

ရုတ်တရက် သားရဲများကဲ့သို့ အော်ဟစ်သောအသံများက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပဲ့တင်ထွက်ပေါ်လာသည်။

“ဘာ..ဒါက..ဘာတွေလဲ…ဘာလို့ဒီမွန်းစတားတွေက ရုတ်တရက်ကြီးပေါ်လာရတာလဲ.. ဒီမွန်းစတားတွေက ဆီးလ်ထဲကနေ လွတ်လာကြတာလား…”

လောမိသားစုဝင်များမှာ အောက်ဘက်မှ ယင်အလောင်းကောင်များအား

တွေ့ရသောအခါတွင် အလန့်တကြားပြောလိုက်ကြသည်။

ယင်အလောင်းကောင်များဆိုသည်မှာ ထူးဆန်းပြီး ရှားပါးသောသတ္တဝါများဖြစ်သည်။ လောမိသားစုဝင်များစွာက ယင်အလောင်းကောင်များအားယခင်က တစ်ခါမှမြင်တွေ့ဖူးခြင်းမရှိသည်က အံ့အားသင့်စရာတစ်ခုတော့မဟုတ်ပေ။

“ယင်အလောင်းကောင်တွေ.. ဒါတွေကယင်အလောင်းကောင်တွေပဲ. ယင်အလောင်းကောင်တွေအများကြီးပါလား. သေခြင်းဧကရာဇ်က ငါတို့ကို ကူညီဖို့အတွက် သေခြင်းမဲ့တောင်တန်းကိုလာ

တာများဖြစ်နိုင်မလား။.”

ယင်အလောင်းကောင်များအားမှတ်မိသော လောမိသားစုမှကျင့်ကြံသူအချို့

ကအလန့်တကြားဖြင့်စတင်ပြောဆိုကြသည်။

ထို့နောက်တွင် လောမိသားစုဝင်များမှာ နမည်ကျော် သေခြင်းဧကရာဇ်ကို တွေးမိလိုက်ကြ၏။ ယခုသေခြင်းမဲ့တောင်တန်းက အကျပ်အတည်းကာလ တစ်ခုဖြစ်နေချိန်ဖြစ်ပြီး ဤကဲ့သို့သောအချိန်တွင် သေခြင်းဧကရာဇ်လာရောက်ကူညီခြင်းက ထူးဆန်းသောအရာတစ်ခုမဟုတ်ပေ။ အားလုံးထက် သေခြင်းဧကရာဇ်လင်ယဲ့ဖုန်းက သူတို့မိသားစု ခေါင်းဆောင် လော ချင်းချွမ်၏ စီနီယာအကိုလည်းဖြစ်သည်ဖြစ်၏။

ထို့နောက်တွင် လောမိသားစုမှကျင့်ကြံသူများက ပတ်ဝန်းကျင်အားစတင်ကြည့်ရှုကြပြီး နမည်ကျော်ပုံရိပ်ကို စတင်ရှာဖွေကြ၏။

“ကောင်းပြီ.. မင်းတို့တွေဘာမှ ရုတ်ရုတ်လုပ်မနေကြနဲ့ မင်းတို့လုပ်နေတာကိုဆက်ပြီးလုပ်ကြ”

ဤအချိန်တွင် ဒုတိယအကြီးအကဲ လောချင်းမင်၏ ဩဇာညောင်းသောအသံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ရိုက်ခတ်ထွက်ပေါ်လာသည်။

လောချင်းမင်မှာ ဧကရာဇ်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းလာပြီးနောက်၌ လောမိသားစုအတွင်းသူ၏ လုပ်ပိုင်ခွင့်က ပို၍တိုးလာသည်။လောချင်းမင်၏ အိုမင်းသောအသံထွက်ပေါ်လာသောအခါတွင် လောမိသားစုဝင်များမှာ လျှင်မြန်စွာ တိတ်ကျသွားသည်။

ထို့နောက်တွင် လောချင်းမင်က ရှစ်ဖုန့်အားကြည့်လိုက်ပြီး မေးလိုက်၏။

“အရှင်. အရှင်တကယ်ပဲ အောက်ကိုတစ်ယောက်တည်းသွားမလို့လား”

“သူတို့လည်းပါနေသေးတယ်”

ရှစ်ဖုန့်က အောက်၌ရှိနေသည့် ယင်အလောင်းကောင်များထံသို့ ထိုးညွှန်ပြ၍ ပြောလိုက်သည်။ထို့နောက်သူ

ကပြောလိုက်သည်။

“သူတို့ဒီမှာရှိနေရင်.. သူတို့က လောမိသားစုဝင်တွေထက် အများပြီးပိုပြီး အသုံးဝင်တယ်”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် လောချင်းမင်မှာ ထူးဆန်းမှုကိုခံစားရသည်။ သို့သော် ရှစ်ဖုန့်အားသူကခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်ဆဲဖြစ်သည်။

“ဒါ..ဒါကအမှန်ပဲ”

နားမလည်သည့်သူများကတော့ရှစ်ဖုန့်၏ စကားများကသူတို့အားအရှက်ခွဲခြင်းဖြစ်သည်ဟုခံစားကြရလိမ့်မည်ဖြစ်သည်။ သူကလောမိသားစုတစ်ခုလုံးအား ယင်အလောင်းကောင်တစ်အုပ်လောက်မှ အသုံးမကျဟုပြောနေခြင်းဖြစ်၏။

သို့သော် လောချင်းမင်မှာ ဤလူ၏ မြင့်မားသောအဆင့်အတန်းကိုသိနေသည်ဖြစ်၏။ ၎င်းကအလောင်းတစ်သောင်းအစီအရင်အား ခင်းကျင်းပြီး နတ်ဆိုးဧကရာဇ်မိုယန်အား

သတ်ခဲ့သည်ကိုသူမြင်ခဲ့ရသည်ဖြစ်သည်။ ဤယင်အလောင်းကောင်များက ရှစ်ဖုန့်အတွက် လောမိသားစုမှကျင့်ကြံသူများထက် တကယ်များစွာ ပိုအသုံးဝင်သည်ဖြစ်၏။

ထို့နောက်တွင် ရှစ်ဖုန့်က မည်သည့်စကားမှထပ်ပြောကာအချိန်ဖြုန်းခြင်းမရှိပေ။ အတွေးတစ်ချက်ဖြင့် သူ့အောက်မှ ယင်အလောင်းကောင် နှစ်ထောင့်ခြောက်ရာအားထိန်းချုပ်လိုက်ပြီး ဖြည်းဖြည်းချင်း အောက်ရှိ တလိပ်လိပ်ထနေသော အနက်ရောင်မြူခိုးများအတွင်

ဆင်းသက်လိုက်သည်။ရှစ်ဖုန့်၏ပုံရိပ်က ယင်အလောင်းကောင်များနှင့်အတူလိုက်ပါ၍ အောက်သို့ဖြည်းညှင်းစွာမြုပ်ဝင်သွား၏။

ဤအချိန်တွင် လောမိသားစုဝင်များမှာ ဒုတိယအကြီးအကဲနှင့်

ဤနေရာသို့လိုက်ပါလာသောလူငယ်က ယင်အလောင်းကောင်များအားထိန်းချု်ပနေခြင်းဖြစ်သည်ကို သဘောပေါက်လိုက်ကြ၏။ သူတို့ကမေးလိုက်သည်။

“ဒီ..ဒီလူငယ်က ဘယ်သူလဲ. သူကယင်အလောင်းကောင်တွေကိုတောင်ထိန်းချုပ်နိုင်တယ်.. သူက သေခြင်းဧကရာဇ်ရဲ့တပည့်များ

ဖြစ်နေနိုင်မလား”

“ဒါကအရမ်းကံကောင်းတာပဲ. ငါတို့မိသားစုခေါင်းဆောင်က သေခြင်းဧကရာဇ်ရဲ့ ဂျူနီယာညီလေးပဲ. သေခြင်းဧကရာဇ်ရဲ့တပည့်က ငါတို့လောမိသားစုကိုလာပြီးတော့ကူညီတယ်”

“အကယ်၍သေခြင်းဧကရာဇ်သာကိုယ်တိုင်လာပြီး လုပ်ဆောင်ရင် ပိုပြီးကောင်းမှာပဲ. “

“ငါတို့မိသားစုခေါင်းဆောင်နဲ့ပထမအကြီးအကဲတို့ ဆင်းသွားပြီးကတည်းကနေ ဘာသတင်းမှမရတာအချိန်

တော်တော်ကြာနေပြီ…ဒီလူငယ်ကသေခြင်းဧကရာဇ်ရဲ့တပည့်ဆိုပေမဲ့လည်း သူသာ ဒီလိုမျိုးဆင်းသွားပြီး. ငါမှန်းသလိုသာဖြစ်လာခဲ့ရင်………..”

All Chapters